← Chapters

ပြန်လည်ဆုံစည်းခြင်း အပိုင်း(၇)

Vol. 102 Ch. 1424

ပြန်လည်ဆုံစည်းခြင်း အပိုင်း(၇)

Vol. 102 Ch. 1424

ဝမ်ဝေ့က ထွက်ခွာသွားသည့် ဓားသမားများကို လှမ်းကြည့်ကာ တွေးလိုက်မိသည်။

စိတ်ဝင်စားစရာပဲ …

ဒီစစ်ဆေးမှုလေးက ငါ့မျိုးဆက်ကလူတွေ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရဲ့ ထိပ်သီးကို ရောက်လာဖို့ရာ သော့ချက်လို့ ဘယ်သူကများ ထင်မိမှာလဲ …

ထိုစမ်းသပ်ချက်က သူ့ရွယ်တူမျိုးဆက်မှ စံပြများစွာကို ဖန်တီးပေးမည် ဖြစ်၏။ သူတို့တွင် စွမ်းအားရရှိလာသည်နှင့် သူတို့က သက်ဆိုင်ရာအင်အားစုများကို စတင်ဦးဆောင်ဖို့ အချိန်တစ်ခုမျှသာ ကြာမြင့်လိမ့်မည်။ အထူးသဖြင့် ရောက်ရှိလာမည့်ကပ်ဘေးက သူတို့အတွက် အံ့မခန်းအလျှင်ဖြင့် ကြီးထွားဖို့ ဖိအားပေးလာသည့်အခါ ဖြစ်၏။

ဒါပေမဲ့ ဒါက ကိစ္စကောင်းတစ်ခုတော့ မဟုတ်သေးဘူး။

ဝမ်ဝေ့က တွေးလိုက်သည်။ သူ့မျိုးဆက်တွင် ရှိနေသည့်သူများက ငယ်ရွယ်လွန်းလှသည့်အတွက် သူတို့၏အုတ်မြစ်က မနက်နဲသေးပေ။ ဝမ်ဝေ့က ရောက်ရှိလာမည့် စံပြစမ်းသပ်ချက်အတွင်း လူတစ်ချို့ သေဆုံးမည်ဖြစ်ကြောင်း ကြိုတင်မြင်နေမိသည်။

ဒီစမ်းသပ်ချက်က ထိပ်ဖျားပဲ ရှိသေးတယ် …

ဝမ်ဝေ့က ကောင်းကင်ကို မော့ကြည့်ရင်း တွေးလိုက်သည်။

ဒါက ကောင်းကင်တာအိုက လုံလုံလောက်လောက် စွမ်းအားရှိပြီးတော့ ကပ်ဘေးအတွက် ကြိုတင်ပြင်ဆင်နေတဲ့ အရိပ်အယောင်ပဲ။ ဒါပေမဲ့ အောင်ပွဲခံနေတာ နည်းနည်း‌‌စောလွန်းမနေဘူးလား။

အန္တိမသဟဇာတက စွမ်းအားဆုံးရှုံးလိုက်ရပြီဖြစ်သည့်အတွက် သူတို့၏နောက်လှုပ်ရှားမှုကို စီစဉ်ဖို့ အချိန်ကျလာခဲ့သည်။ သို့သော်လည်း ဝမ်ဝေ့က ထိုသူသည် ဤမျှကြာရှည်စွာ စီစဉ်လာပြီး လပ်လျှော့လိမ့်မည်ဟု တစ်စက္ကန့်မျှ မယုံပေ။

ငါ ထင်ထားသလို အချိန်များများစားစား မရနိုင်တဲ့ပုံပဲ …

ဝမ်ဝေ့က သုံးသပ်ပြီးသည့်နောက်တွင် ငါးမျှားရာသို့ ပြန်သွားလိုပ်သည်။

……..

ဓားလမ်းစဉ်အဖွဲ့အစည်း၏ နေထိုင်ရာတောင်

ကျန့်ဝူရွှမ်းက သူ့အား ခေါ်ဆောင်လာသည့် အကြီးအကဲအား ကျေးဇူးတင်ပြီးသည့်နောက်တွင် သူ့ကိုယ်ပိုင်အစီအရင်ကို ချက်ချင်း ခင်းကျင်းလိုက်သည်။ သူက အဖွဲ့အစည်းကို ဆက်သွယ်ကာ အခြေအနေကို တင်ပြလိုက်၏။

“ ညှိုနှိုင်းမှုတွေနဲ့ စီစဉ်မှုတွေ အားလုံးကတော့ ပျင်းစရာကောင်းတယ်၊ ကျွန်မတို့က ဓားသမားတွေလေ … တကယ်လို့ တစ်ခုခုလိုတယ်ဆိုရင် ကျွန်မတို့ဓားကို အသုံးပြုပြီးတော့ ယူသင့်တာပေါ့” စုလီက မှတ်ချက် ပေးလိုက်သည်။

“ ငါတို့က တာအိုအခွင့်အလမ်းဂိုဏ်းနဲ့ တိုက်ခိုက်သင့်တယ်လို့ အကြံပေးချင်တာလား” ကျန့်ဝူရွှမ်းက ဆွံ့အစွာ မေးလိုက်သည်။

“ ဘာလို့မလုပ်ရမှာလဲ။ ကျွန်မတို့တွေက ရောက်ရှိလာမဲ့ ကပ်ဘေးမှာ သူတို့ကို အကြီးမားဆုံးခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ထားပြီးပြီလေ၊ တစ်ခြားသူတွေနဲ့ ပူးပေါင်းပြီးတော့ သူတို့ကို ဘာလို့ မသုတ်သင်ပစ်ရမှာလဲ”

ကျန့်ဝူရွှမ်းက သူမအား စိုက်ကြည့်လိုက်သည်။

“ အဲ့ဒါကြောင့် အဖွဲ့အစည်းခေါင်းဆောင်က မင်းကို ရာထူးလွှဲမပေးတာပဲ”

“ သူက ကျွန်မရဲ့ တိုက်ရိုက်ဆန်တဲ့ အပြုအမူတွေကို ကြောက်နေရုံပါပဲ” စုလီက ပြန်ပြောလိုက်သော်လည်း ကျန့်ဝူရွှမ်းက ခေါင်းရမ်းလိုက်သည်။

“ ကျွန်မ တစ်ခုခု မှားပြီးပြောမိလို့လား”

“ ကံကြမ္မာဓား အုပ်စိုးသူက သူ့ဘဝကို စတေးပြီးတော့ အနာဂါတ်ကို ချောင်းကြည့်ခဲ့တယ်။ သူ ပေးထားတဲ့ သတင်းအချက်အလက်တွေကနေ မင်း သုံးသပ်ထားတာ ဒီအစီအစဉ်တဲ့လား”

“ ကျွန်မအစီအစဉ်က ဘာဖြစ်နေလို့လဲ”

“ သူ့ပြောစကားအရဆိုရင် ဝမ်ဝေ့ရဲ့ အရင်အပြုအမူ‌တွေအားလုံးက တာအိုအခွင့်အလမ်းဂိုဏ်းကို ကာကွယ်ပေးမဲ့ ကံကြမ္မာစွမ်းအားအဖြစ် ပြောင်းလဲသွားလိမ့်မယ်။ ဆိုလိုတာက ငါတို့အားလုံးထဲမှာ သူတို့က အမှန်တကယ် ခြိမ်းခြောက်မှုကြီးဆိုပေမဲ့ သူတို့က အသက်ရှင်နိုင်ခြေ အရှိဆုံးသူတွေပဲ”

“ အဲ့ဒါကြောင့် သူတို့ကို သုတ်သင်ပစ်သင့်တာလေ”

“ မူလစည်းတံဆိပ်ကုန်းမြေအကြောင်း ပြောထားတဲ့ ရှေ့ပြေးနိမိတ်ကို မှတ်မိလား” ကျန့်ဝူရွှမ်းက ရှင်းပြမည့်အစား မေးလိုက်သည်။

“ ဧကရီဝူ မရှိပဲနဲ့ မူလစည်းတံဆိပ်ကုန်းမြေက ပထမဦးဆုံး ဖျက်ဆီးခံရမဲ့အကြောင်းလား” စုလီက မေးလိုက်သည်။

“ တခြား ဘာများရှိသေးလို့လဲ”

“ ဧကရီဝူက ကမ္ဘာမှာ နောက်ထပ်ထူးကဲသာလွန်တဲ့အဆင့် ဖြစ်လာဖို့ ကိုးဆယ်ရာခိုင်နှုန်း အခွင့်အရေးရှိတယ်၊ အဲ့ဒါက တာအိုအခွင့်အလမ်းဂိုဏ်းနဲ့များ ဘာတိုက်ဆိုင်နေလို့လဲ” စုလီက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

 ဒီအမျိုးသမီးရဲ့ ခေါင်းထဲမှာ ဓားနဲ့ သတ်ဖြတ်ဖို့ပဲ ရှိနေတာလား …

ကျန့်ဝူရွှမ်းက ညည်းတွားလိုက်သည်။

“ မုလစည်းတံဆိပ်ကုန်းမြေက တာအိုအခွင့်အလမ်းဂိုဏ်းနဲ့ နက်နဲတဲ့ ဆက်နွယ်မှုမျိုး ရှိတယ်။ သူတို့ရဲ့ ဆက်နွယ်မှုက လက်ထပ်ပွဲ ဖြစ်နေနိုင်တာ ၇၀ရာခိုင်နှုန်းအထက် ရှိတယ်။ ဒါပေမဲ့ အားလုံးက ဧကရီက ဘယ်သူ့ကိုမှ သဘောမကျဘူးဆိုတာ သိနေကြတာဆိုတော့ ဒါက အဓိပ္ပာယ်တော့ မရှိဘူးလေ”

ကျန့်ဝူရွှမ်းက ရှုံ့မဲ့သွားလေသည်။

“ မင်းက အစည်းအဝေးမှာ အာရုံစိုက်ရဲ့လား။ ဧကရီဝူဆီမှာ ချစ်ခြင်းမေတ္တာ ကံဆက်နွယ်မှုတစ်ခု ရှိတယ်ဆိုတာ ပြောဖူးတာကို မှတ်မိရဲ့လား။ ဝမ်ဝေ့ရဲ့ ဇနီးက သူမရဲ့ ပုံတူဆိုတဲ့အချက်ကို ထည့်ပေါင်းလိုက်ရင် သူတို့‌နှစ်ခုကို အတူတူတွဲကြည့်ဖို့က အဲ့လောက်ထိ မခက်ဘူး”

စုလီက တိတ်ဆိတ်သွားလေသည်။

“ မူလစည်းတံဆိပ်ကုန်းမြေက အားနည်းတယ်၊ ဒါပေမဲ့ တာအိုအခွင့်အလမ်းဂိုဏ်း ဒါမှမဟုတ် ဗုဒ္ဓဘာသာက သူတို့ကို ကာကွယ်ပေးနေမယ်ဆိုရင် ဧကရီဝူက အလားအလာ ကြီးထွားလာပြီးတော့ ပြန်ပြီး ကျေးဇူးဆပ်လိမ့်မယ်။ တကယ်လို့ ငါတို့က တာအိုအခွင့်အလမ်းဂိုဏ်းကို တိုက်ခိုက်မယ်ဆိုရင် မူလစည်းတံဆိပ်ကုန်းမြေက ဘေးရပ်နေမှာ မဟုတ်ဘူး၊

အဲဒါဆိုတော့ ငါတို့က ရှေးဦးစံပြခြောက်ယောက်ကို ရင်ဆိုင်ရလိမ့်မယ်။ တစ်ယောက်က အားလုံးအနေနဲ့ တစ်ယောက်ချင်းတိုက်ခိုက်ပွဲမှာ နာမည်ကျော်တယ်လို့သိတဲ့ ဧကရီဝူ … နောက်တစ်ယောက်က အကြီးမားဆုံး တိုက်ခိုက်ရေးစွမ်းအားရှိထားတဲ့ ဓားဧကရီ။ ကဲ အဲဒါက နည်းဗျူဟာကောင်း ဟုတ်ရဲ့လား”

စုလီ၏ မျက်နှာထားက တည်ငြိမ်လာပြီး သူမက ပြန်‌ဖြေလိုက်သည်။

“ ဘာပဲဖြစ်ဖြစ် အဲ့ဒါတွေအကုန်လုံး အဓိပ္ပာယ်မရှိတဲ့ အစီအစဉ်တွေပဲလေ၊ အကြောင်းအရင်းက ကျွန်မတို့တွေက အရမ်းကို အားနည်းလွန်းလို့ပဲ”

“ မင်းက ဒီထက်မှန်တဲ့ စကားတွေကို မပြောနိုင်တော့ဘူး” ကျန့်ဝူရွှမ်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ ဒါပေမဲ့ မင်းအနေနဲ့ အရာအားလုံးကို မင်းစွမ်းအားနဲ့ လွှမ်းမိုးနိုင်တဲ့ အနေအထားတစ်ခုထိ မရောက်ခင် အဲဒီတုံးအအ အရာတွေကို ထပ်မလုပ်မိစေနဲ့”

စုလီက သူ့အား စိုက်ကြည့်ပြီးသည့်နောက်တွင် အခန်းတစ်ခုအတွင်း ဝင်ရောက်သွားလေသည်။ ထိုစဉ် ကျန့်ဝူရွှမ်းက နားထင်ကြောများကို ဖိနှိပ်လိုက်ပြီး သူ့ခေါင်းကိုက်မှုကို ဖော်ပြနေလေ၏။

ဂိုဏ်းနှင့် အဖွဲ့အစည်းသို့ ပြန်ရောက်လာပြီးနောက်တွင် သူ့ပါရမီ၊ အရည်အချင်း၊ ရည်မှန်းချက်နှင့် တားမြစ်ခံစစ်ဆေးမှု ဖြတ်ကျော်ဖို့ရာ အသက်ရှင်ခဲ့သည့် အချက်အရ သူ့အား အာရုံစူးစိုက်မှု၊ အရင်းမြစ်နှင့် အာဏာပိုင်းဘက်အထိ ရောက်အောင် တွန်းပို့ခဲ့လေသည်။

သို့သော်လည်း ကျန့်ဝူရွှမ်းက သူ့ဘိုးဘေး၏ အမွေအနှစ်ကြောင့် လွှမ်းမိုးခံလိုကိရ၏။ မှတ်တမ်းများအရ ဓားရေးဧကရာဇ်သည် သူ့ကျင့်ကြံရေး ခရီးလမ်းတစ်လျှောက်တွင် ချောမွေ့ခဲ့ပြီး တိုက်ပွဲရူးဧကရာဇ်နှင့် တွေ့ဆုံပြီးသည့်နောက်မှသာ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

ထိုရှုံးနိမ့်မှုအပြီးတွင် သူ့ကံကောင်းမှုအားလုံးက ဆုံးရှုံးသွားဟန်ပေါ်ပြီး သူသည် စမ်းသပ်ချက်များကို တစ်ခုပြီးတစ်ခု ကျော်ဖြတ်ကာ ဖြည်းဖြည်းချင်းဖြင့် သူ့အကျင့်စရိုက်က ပြောင်းလဲသွားလေသည်။ ဓားရေးဧကရာဇ်က ဓားရေးစံပြ ဖြစ်လာသော်လည်း သူ့ပါရမီနှငိ့ ကြမ္မာကန့်သတ်ချက်သို့ ရောက်ရှိသွားလေသည်။

နောက်ဆုံးသော အားစိုက်ထုတ်မှုအနေဖြင့် သူသည် သူ့ဂုဏ်ပုဒ်ကို ‌အာရုံစိုက်ကာ ဓားရေးများကို ချမှတ်ခဲ့သည်။ သူ့ပါရမီက လက်နက်သန့်စင်ရေး ကျွမ်းကျင်မှု အတတ်ပညာအတွက် နိမ့်ကျနေလေ၏။ သို့သော်လည်း ဓားရေးဧကရာဇ်က တစ်နည်းနည်းဖြင့် သူ့ကံကြမ္မာကို သွေဖယ်ကာ သူ့ခေတ်ကာလ၌ အကြီးကျယ်ဆုံး လက်နက်သန့်စင်သူတစ်ယောက် ဖြစ်လာခဲ့သည်။ ထိုစွမ်းရည်ဖြင့် သူသည် ဓားရေးစံအိမ်ကို ဓားလမ်းစဉ်အဖွဲ့အစည်း၏ ပင်မအင်အားစုအဖြစ် သတ်မှတ်နိုင်ခဲ့၏။ သို့သော်လည်း သူတို့တွင် ရှေးဦးစံပြ သို့မဟုတ် ထိပ်တန်းစံပြမျိုး မရှိခဲ့ပေ။

ကံဆိုးစွာဖြင့် ဓားရေးဧကရာဇ်၏ အကျင့်စရိုက်က ဆိုးရွားနေသည့်အတွက် သူ့မျိုးဆက်များက လမင်းခုနစ်စင်းခေတ်ကာလထဲတွင် အခြေအနေ ဆိုးရွားခဲ့ရသည်။ ထို့ကြောင့် ကျန့်ဝူရွှမ်းသည် အဖွဲ့အစည်းအတွင်း အာဏာမြင့်တက်ဖို့အတွက် ကြိုးစားလာသည့်အခါ သူသည် သူ့‌ဘိုးဘေး၏ အမွေအနှစ်ကြောင့် ခုခံသူများစွာဖြင့် ရင်ဆိုင်ခဲ့ရ၏။ နောက်ဆုံးသော ရလဒ်အနေဖြင့် သူ့အင်အားစုသည် သူ့အား တစ်ခြားသောအင်အားစုများနှင့် ဟာကွက်ကို ကာမိစေဖို့အတွက် မဟာမိတ်လက်ထပ်ပွဲကို အဆိုပြုခဲ့လေသည်။

ကျန့်ဝူရွှမ်းက ထိုတောင်းဆိုချက်ကို ငြင်းဆန်ခဲ့၏။ တာ့ကျိနှင့် ဖြစ်ပျက်ခဲ့သမျှအပြီးတွင် သူက အမျိုးသမီးနှင့် ချစ်ခြင်းမေတ္တာကို အာရုံမစိုက်တော့ပေ။ ကံဆိုးစွာပင် တစ်ချို့အရာများက သူ့ထိန်းချုပ်မှုထက် ကျော်လွန်နေလေ၏။ သူ့အကြီးအကဲများက အဖွဲ့အစည်းခေါင်းဆောင်ဆီ ခေါ်လာပြီး သူ့ကို အသိပေးခြင်းမရှိပဲ စီစဉ်လိုက်လေရာ ကျန့်ဝူရွှမ်းက စုလီနှငိ့ ငြိတွယ်သွားလေသည်။

အချိန်အများစု၌ ထိုမိန်းကလေးနှင့် အဆင်ပြေခဲ့၏။ သူမက မာနကြီးကာ အားကောင်းသည့် ဓားသမားတစ်ဦး ဖြစ်၏။ ထိုယေဘုယျအချက်ကို အသုံးပြုက သူတို့နှစ်ယောက်က တစ်ဦးနှင့်တစ်ဦး ဓားရေးလေ့ကျင့်ကာ ဆွေးနွေးကြလေ့ရှိသညိ။ ကျန့်ဝူရွှမ်း၏ ပြဿနာကမူ သူတို့၌ တခြားသော ခေါင်းစဉ်များ ပြောလာသည့်အခါတွင် ဖြစိသည်။

စုလီ၏ အကျင့်စရိုက်က တစ်ဖက်ဓားသွား ဖြစ်၏။ သူမက ဓားရေးနှင့် စွမ်းအားကိုသာ အာရုံစိုက်လေ့ရှိသညိ။ ထိုအကျင့်စရိုက်က သူမ၏ဘဝထဲ နက်နက်နဲနဲ ရောစပ်နေသည့်အတွက် ဓားရေးနှင့် ကျင့်ကြံရေးကလွဲလျှင် တစ်ခြားသောကိစ္စများနှင့် ပက်သက်လာသည့်အခါ စကားဝိုင်းက မခံမရပ်နိုင် ဖြစ်လာစေသည်။

ဒီလိုအခြေအနေမျိးဆိုရင် ငါ စပြီးတော့ သေရည်သောက်သုံးလိမ့်မယ်……

ကျန့်ဝူရွှမ်းက ငြီးတွားလိုက်မိသည်။ ယခု ဓားသမားအများစုက သေရည်သောက်သုံးရသည်ကို နှစ်သက်ရခြင်း အကြောင်းရင်းအား နားလည်သွားလေ၏။ ဓားဖြင့် မဖြေရှင်းနိုင်သည့် ပြဿနာများစွာအား သေရည်တစ်ပုလင်းနှင့် ကုစားနိုင်လေသည်။

တကယ်လို့ ငါသာ ကျိလန်ဖန်းလိုမျိုး လွယ်ကူနေခဲ့မယ်ဆိုရင် …

ကျန့်ဝူရွှမ်းနှင့် ကျိလန်ဖန်းတို့က ဓားလမ်းစဉ်အဖွဲ့အစည်း၏ ချီလင်အဖြစ် သိကြလေသည်။ ပုံမှန်အားဖြင့် တတိယမြောက်လူလည်း ရှိလေ၏။ သို့သော်လည်း ရွှေရောင်ဓားဧကရာဇ်က သူ့ကိုယ်ပိုင်အင်အားစုတွင်ပင် အပြင်လူလို့ သတ်မှတ်ခံရပေသည်။

ကျန့်ဝူရွှမ်းက အာဏာပိုင်ဆိုင်ရာနောက်ကို လိုက်ကာ ရည်မှန်းချက်ကြီးနေစဉ် ကျိလန်ဖန်းကမူ သန့်စင်သည့် ဓားသမားလမ်းစဉ်ကို လျှောက်လှမ်းခဲ့ပြီး သူ့အရည်အချင်းကိုသာ အာရုံစိုက်ကာ တာအိုလမ်းစဉ်နောက် လျှောက်လှမ်းခဲ့သည်။ ထို့ကြောင့် အဖွဲ့အစည်းက သူ့အား ပိုမိုအားကောင်းသည့် အင်အားစု သို့မဟုတ် တခြားသော မျိုးနွယ်များဖြင့် လက်ထပ်ဖို့ အကြံပြုလာသည့်အခါ ကျိလန်ဖန်းက တိုက်ရိုက်ငြင်းဆန်ခဲ့လေသည်။

ငါ ရွေးချယ်ထားတဲ့ လမ်းကြောင်းဆိုတော့ ငြီးတွားနေလို့ အကျိုးမရှိဘူး။

ကျန့်ဝူရွှမ်းက သက်ပြင်းချလိုက်၏။ သူက စုလီနှင့် ဘာလုပ်ရမှန်းမသိတော့ပေ။ တစ်ဖက်တွင် သူက သူ့ကိုယ်သူ အခြေကျဖို့အတွက် သူမ၏ အကူအညီကို အမှန်တကယ် လိုအပ်နေ၏။ သို့သော်လည်း တခြားတစ်ဖက်တွင်မူ သူတို့က ဓားရေးအကြောင်း မပြောသရွေ့ သူမကို သည်းမခံနိုင်ပေ။

ငါသာ စံပြဖြစ်လာခဲ့ရင် ကိစ္စတွေက ကွဲပြားသွားမှာလား …

ကျန့်ဝူရွှမ်းက စဉ်းစားမိလိုက်သည်။ စုလီ၏ ဘိုးဘေးက ဓားဝိဇ္ဇာတစ်ဦး ဖြစ်သည့်အတွက် သူကိုယ်တိုင်က ရှေးဦးစံပြတစ်ယောက် မဖြစ်လာသရွေ့ ထိုလက်ထပ်ပွဲကို ဖယ်ရှားနိုင်မည် မဟုတ်ပေ။

ငါနောက်ထပ် လက်တွဲဖော်တစ်ယောက်ကို ရွေးချယ်လိုက်ရမလား …

သူက ထိုအကြောင်းကို တွေးတောပြီး ငြီးတွားလိုက်မိသည်။ ပထမဦးစွာ သူသည် လက်တွဲဖော် မလိုချင်ပေ။ ဒုတိယအနေဖြင့်သူသည် တခြားသော လက်‌တွဲဖော်ကို ရွေးချယ်လိုက်ခြင်းက အဖွဲ့အစည်းအတွက် ပြဿနာဖြစ်လာစေပြီး သူ့အခွင့်အရေးကို တိုးမြှင့်မည့်အစား ပျက်စီးသွားစေလိမ့်မည်။

ငါက ဒီအရာနဲ့ပဲ ဆက်လုပ်ရဦးမှာပဲ …

ကျန့်ဝူရွှမ်းက ကျင့်ကြံရေးအခန်းဆီ ဦးတည်သွားလိုက်သည်။

ကြည့်ရတာ အရမ်းကြီးတော့ မဆိုးရွားပါဘူး။ ငါသူမကို ချစ်ဖို့ သင်ယူလို့ရတာပဲ။ ပိုကောင်းတာက ငါသူမကို ပြောင်းလဲနိုင်လောက်တယ်။

သူက ခေါင်းအသာယမ်းပြီး သက်ပြင်းချလိုက်၏။

အခုတော့ ဒီအကြောင်း မစဉ်းစားပဲ နေရအောင် …

သူက ဓားကိုဆင့်ခေါ်ပြီးသည့်နောက်တွင် စတင်ကျင့်ကြံလိုက်သည်။ သူက သူ့ကျင့်ကြံဆင့်ကို မမြှင့်တင်နိုင်သေးသော်လည်း ကြီးထွားဖို့ရာ အခွင့်အရေးရှိနေဆဲ ဖြစ်၏။ ထို့ကြောင့် သူ့တာအိုသက်သေပြပစ္စည်းနှင့် သဟဇာတဖြစ်အောင် တိုးမြှင့်ဖို့ အာရုံစိုက်လိုက်သည်။

ကျန့်ဝူရွှမ်းက အာဏာပိုင်းဆိုင်ရာလမ်းစဉ်ကို ရွေးချယ်ထားခဲ့သော်လည်း သူက ဓားတာအိုကို စွန့်ပစ်ထားသည်ဟု ဆိုလိုနေခြင်း မဟုတ်ပေ။ အနှစ်ချုပ်အားဖြင့် သူသည် စွမ်းအားလိုအပ်ချက်ကို အရာအားလုံးထက် ပိုမိုနားလည်ပေ၏။

All Chapters