← Chapters

ပြန်လည်ဆုံစည်းခြင်း အပိုင်း(၈)

Vol. 102 Ch. 1425

ပြန်လည်ဆုံစည်းခြင်း အပိုင်း(၈)

Vol. 102 Ch. 1425

ဝမ်ဝေ့က ခေါင်းကို မော့ကာ ထျန်းဝေတောင်ထိပ် သို့မဟုတ် ဂိုဏ်းချုပ်၏ ကိုယ်ပိုင်တောင်သို့ လှမ်းကြည့်လိုက်သည်။

ပုံမှန်ဆိုရင် ငါ သူ့ကိုဆက်သွယ်လိုက်တဲ့အခါမှာ သူက ချက်ချင်းပြန်ဖြေတယ်။ အခု တစ်ခုခုများ ဖြစ်နေတာလား …

သူက အဆောင်တစ်ခုအား ယွီချိုက်ထံ ပို့ဆောင်လိုက်သော်လည်း ဘာအကြောင်းပြန်ချက်မှ မရရှိခဲ့ပေ။

ငါ စောင့်ရမယ် ထင်တယ် …

ဝမ်ဝေ့က အသစ်ရှာဖွေတွေ့ရှိထားသည့် ဝါသနာကိုသာ အာရုံစိုက်ထားလိုက်သည်။ သူ့ရှည်ကြာလှသည့် ဘဝတစ်လျှောက် သူသည် ဝါသနာများစွာကို စမ်းကြည့်ခဲ့ဖူးပြီး အဖန်ရည်နှင့် သေရည်သောက်သုံးခြင်း၊ ချက်ပြုတ်ခြင်း၊ စစ်တုရင်ကစားခြင်း၊ သစ်သားရုပ် ရေးထွင်းခြင်းနှင့် တခြားအရာများလဲ ပါဝင်ပေ၏။ သို့သော်လည်း သူက အမှန်တကယ် ဘယ်အရာကိုမှ သဘောမကျခဲ့ပေ။

ငါးမျှားတာကိုတော့ ကြာရှည်ခံဖို့ မျော်လင့်နေမိ၏။

ဒါက ပျော်စရာကောင်းတယ် မြင်ကွင်းက သိပ်မကောင်းသေးဘူး …  

ဝမ်ဝေ့က တွေးလိုက်သည်။ သူက စကားထက် အပြုအမူဖြင့် သက်သေပြသည့်သူမျိုး ဖြစ်သည့်အတွက် ပြဿနာကို ရှာဖွေပြီးသည့်နောက်တွင် ချက်ချင်းရှင်းလိုက်၏။ သူက ဝမ်ချီအား လှမ်း၍ ဆက်သွယ်လိုက်သည်။

“ မင်း အလုပ်ရှုပ်နေလား”

“ နည်းနည်းလေးပါ။ ခေါင်းဆောင် ဘာများ လိုအပ်လို့လဲ” ဝမ်ချီက မေးလာသည်။

“ ကောင်းကင်ဧကရာဇ်နန်းဆောင်က ငါ့ဥယျာဉ်လိုမျိုး ပြန်လည်တည်ဆောက်ဖို့ လိုတယ်” ဝမ်ဝေ့က ပြောလိုက်သည်။ သူက ထိုဥယျာဉ်ကို အရမ်းသဘောကျပြီး ထိုနေရာ၌ အချိန်များစွာ ကုန်ဆုံးလေ့ ရှိ၏။

“ ကိစ္စမရှိပါဘူး။ ဥယျာဉ်ကို ပြန်လည်တည်ဆောက်ချင်တာလား ဒါမှမဟုတ်ဘူးဆိုရင် နန်းဆောင်ရော ပါလား” ဝမ်ချီက ခေါင်းညိတ်ကာ မေးလိုက်၏။

“ဥယျာဉ်ပဲ” နန်းဆောင်က လှပကာ အာဏာနှင့် ကြွယ်ဝချမ်းသာမှုတို့၏ ပြယုဒ်ဖြစ်သော်လည်း သူက ထူးကဲသာလွန်တောင်ထိပ်၏ ရိုးရှင်းမှုကိုသာ သဘောကျလေသည်။

“ ကောင်းပါပြီ။ အတိအကျ လိုချင်တာလား ဒါမှမဟုတ်ဘူးဆိုရင် ပြောင်းလဲ ပြင်ဆင်မှုတစ်ချို့ကိုကော လိုချင်သေးလား”

“ အင်း အရင်ဆုံး ပြောင်းလဲပြင်ဆင်မဲ့ ပုံစံကို အရင်ဆွဲလိုက်လေ။ ငါသဘောကျတယ်ဆိုရင်တော့ အဲအတိုင်း လုပ်ပေါ့” ဝမ်ဝေ့က ပြောလိုက်သည်။

“ ကောင်းပါပြီ”

ဝမ်ဝေ့က တစ်နှစ်ကြာ စောင့်ဆိုင်းပြီးသည့်နောက်တွင် ယွီချိုက်နှင့် တွေ့ဆုံခဲ့သည်။ ထိုအချိန်တွင် သူက ဝမ်ချီ၏ ဥယျာဉ်ပုံစံအသစ်ကို အတည်ပြုပြီးပြီ ဖြစ်သည့်အတွက် သူ့ဥယျာဉ်က ဆယ်ပုံတစ်ပုံ ပြီးဆုံးနေပြီ ဖြစ်၏။

“ တစ်ခုခုများ ဖြစ်သွားလို့လား” ဝမ်ဝေ့က သူ့ရေကန်ထဲမှ ‌ဧကရာဇ်အဆင့် ပစ္စည်းကို ဆွဲယူရင်း ပြောလိုက်သည်။

“ ခင်ဗျား ဆုံးဖြတ်ဖို့ လိုနေတဲ့ ကိစ္စရှိနေတယ်” ယွီချိုက်က အမှန်အတိုင်း ပြောလိုက်သည်။

“ ဒါပေမဲ့ ခင်ဗျားရဲ့ ကိစ္စကိုတော့ အရင်ဆုံး ဖြေရှင်းရမယ်တူတယ်”

ဝမ်ဝေ့က သူ့ကို ကြည့်လိုက်သည်။ သူက  ယွီချိုက်သည် အာလူးပူပူတစ်လုံးအား သူ့ဆီ ပစ်ပေးတော့မည်ဟု ခံစားနေမိသည်။

“ ကောင်းပြီလေ လမင်းခုနစ်စင်းရဲ့ ပထမဦးဆုံး ရှုံးနိမ့်မှုအပြီးမှ ကောင်းကင်တာအိုက မိုးမြေရဲ့ လျှို့ဝှက်ချက်တစ်ခုကို တမင်ဖွင့်ဟပေးခဲ့တယ်။  ကျုပ်တို့ဂိုဏ်းကရော အဲ့ဒီအခွင့်အရေးကို ယူခဲ့တယ်မလား” ဝမ်ဝေ့က ခေါင်းညိတ်ကာ မေးလိုက်သည်။

“ ယူခဲ့ပါတယ်။ ကြမ္မာလေ့လာစောင့်ကြည့်ရေး ခန်းမက အဲဒီအခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ပါဘူး” ယွီချိုက်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

ဝမ်ဝေ့က ကံကြမ္မာနှင့် အမှန်တရား မြူခိုးများဖြင့် လွှမ်းခြုံထားသည့် အဝေးတစ်နေရာမှ တောင်တန်းကို လှမ်းကြည့်လိုက်၏။

“ သူတို့က ဘာမြင်ခဲ့တာလဲ” သူက မေးလိုက်သည်။

“ သူတို့က ခင်ဗျားကို မြင်ခဲ့တာပါ” ယွီချိုက်က ပြန်ပြောလေသည်။

“ ကျုပ်ကိုလား”

“ ဟုတ်ပါတယ်။ သူတို့က ဂိုဏ်းရဲ့ စည်ပင်ကြွယ်ဝမှုနဲ့ ဖြစ်နိုင်ချေရှိတဲ့ ကျရှုံးမှုတွေအားလုံးက ခင်ဗျားဆီ ဦးတည်နေတယ်ဆိုတာ မြင်လိုက်ရတယ်”

“ အဲ့ဒါကြောင့် ခင်ဗျားတို့တွေက ကျုပ်ဆီ အာဏာတွေအများကြီး ပေးထားတာကို ရှင်းပြပြီးသား ဖြစ်သွားပြီပဲ” ဝမ်ဝေ့က မှတ်ချက် ပေးလိုက်စဉ် ယွီချိုက်က မလုံမလဲသာ ပြုံးလိုက်သည်။

“ တကယ်လို့ တစ်ခြားအင်အားစုတွေက မတုံးအဘူးဆိုရင် သူတို့က ဒီအခွင့်အရေးကို ယူကြလိမ့်မယ်၊ သူတို့ လှုပ်ရှားတာကို အာရုံခံဖို့ နည်းလမ်းများရှိလား” ဝမ်ဝေ့က ဆက်မေးလိုက်၏။

“ ဒါက နည်းနည်း လှည့်စားနိုင်တဲ့ မေးခွန်းမျိုးပဲ။ ကျုပ်တို့ဆီမှာ သူတို့ရဲ့ အဖွဲ့ထဲမှာ သူလျှိုတစ်ချို့ ထည့်ထားပေမဲ့ သူတို့ကို စတေးမယ်ဆိုရင်တော့ သတင်းအချက်အလက်တစ်ချို့ ရနိုင်ပါတယ်၊ အဲ့ဒီသတင်းအတွက် သူတို့ကို စတေးဖို့ ထိုက်တန်သလား မထိုက်တန်လားဆိုတာပဲ ဆုံးဖြတ်ရမှာ” ယွီချိုက်က ပြောလိုက်သည်။ 

“ ဒါက တကယ်ကို မေးခွန်းကောင်းပဲ” ဝမ်ဝေ့က သဘောတူလိုက်၏။ သူက ဓားလမ်းစဉ်အဖွဲ့အစည်း ဖုံးကွယ်ထားသည့် ကိစ္စကို စိတ်ဝင်စားနေမိသည်။ သို့သော်လည်း ထိုသို့သော အရာများအတွက် လူများကို စတေးဖို့ ထိုက်တန်ရဲ့လားဟု တုံ့ဆိုင်းနေမိ၏။ ထိုသူလျှိုများက ကပ်ဘေးအတွင်း ပိုမိုကောင်းမွန်သည့် ကဏ္ဌ၌ ပါဝင်ပက်သက်လာနိုင်သည်။ ထို့ကြောင့် ယခု သူတို့ကို စတေးလိုက်ခြင်းမှာ မထိုက်တန်ပေ။

“ ကိစ္စတွေကို ဖြည်းဖြည်းချင်း လုပ်ကြတာပေါ့” ဝမ်ဝေ့က ဆုံးဖြတ်လိုက်သည်။ အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်က အ‌သုံးဝင်ကောင်း အသုံးဝင်‌နိုင်သလို သူတို့အတွက်သာ အရေးကြီးသည့် တစ်ခု ဖြစ်နေနိုင်သည်။ ထို့ကြောင့် ဝမ်ဝေ့က စောင့်ဆိုင်းဖို့ ရွေးချယ်လိုက်၏။ နောက်ပိုင်းတွင် အမှန်တရားကို ရှာဖွေတွေ့ရှိဖို့ အခွင့်အရေး ရှိလာနိုင်သည်။

“ ကောင်းပြီလေ။ ဒါနဲ့ ဘာပြဿနာ ရင်ဆိုင်နေရတာလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“ ခင်ဗျား သိတဲ့အတိုင်း မျိုးနွယ်အားလုံးက ပင်မအဖွဲ့နဲ့ အဖွဲ့ခွဲတွေဆိုပြီးတော့ ရှိတယ် ကံဆိုးတာက ယန်းမျိုးနွယ်နဲ့ ပက်သက်ပြီးတော့ ပြဿနာတစ်ချို့ ကြုံတွေ့နေရတယ်။ ခင်ဗျား ဒါကို သိပါ့မလားလို့ မသိပေမဲ့ သူတို့မျိုးနွယ်ခွဲတစ်ခုက ဓားမျိုးနွယ်ခွဲလေ။ သူတို့က ဘိုးဘေးရဲ့ ဓားပါရမီကို အမွေဆက်ခံ ရရှိထားတာဆိုတော့ မျိုးနွယ်ထဲမှာ အတော်လေး အာဏာရှိတယ်။ သူတို့က ပင်မအဖွဲ့ဖြစ်မလာရတဲ့ တစ်ခုတည်းသော အကြောင်းအရင်းက အရေအတွက်ကြောင့်ပဲ”

“ သူတို့အကြောင်း ကြားဖူးပါတယ်။ ဒါနဲ့ ပြဿနာက ဘာများလဲ” ဝမ်ဝေ့က ခေါင်းညိတ်ကာ မေးလိုက်သည်။ ယခင်နှစ်ပိုင်းအတွင်း အနီရောင်မျက်နှာဖုံးက ပျင်းရိနေဟန်ပေါ်၏။

“ စစ်ဆေးမှုနဲ့ ပက်သက်ပြီးတော့ နေရာဝင်ခွင့်အတွက်ပါ။ ပင်မအဖွဲ့က သူတို့ရဲ့ လူကို ရွေးချယ်ပြီးသွားပြီ။  ဒါပေမဲ့ ဓားအဖွဲ့က အဲဒီရွေးချယ်မှုကို ငြင်းဆန်ပြီးတော့ သူတို့အဖွဲ့က လူတစ်ယောက်အတွက် ဝင်ခွင့်နေရာ လိုချင်နေကြတာ” ယွီချိုက်က ရှင်းပြလိုက်သည်။

“ ကျုပ်တို့ဂိုဏ်းရဲ့ ဆောင်ပုဒ်က စွမ်းအားကြီးသူ နိုင်စတမ်း မဟုတ်ဘူးလား၊ သူတို့ရဲ့ ပြိုင်ပွဲဝင်တွေကို ရင်ဆိုင်ခိုင်းလိုက်လေ။ အားအကြီးဆုံးသူက နေရာ ရမှာပဲပေါ့” ဝမ်ဝေ့က ပုံမှန်အတိုင်း တုံ့ပြန်လိုက်သည်။

“ သူတို့က အဲ့လိုလုပ်ခဲ့ကြပါတယ်။ ပြီးတော့ ဓားအဖွဲ့ခွဲက အနိုင်ရသွားတယ်” ယွီချိုက်က ပြောလိုက်စဉ် သူ့လေသံထဲ၌ သတိထားမှုတို့ ပါဝင်နေသည်။

“ ဒါပေမဲ့ ခေါင်းဆောင်ယန်းတုယီက မျိုးနွယ်နဲ့ ဂိုဏ်းစည်းမျဉ်းတချို့ကို အသုံးပြုပြီးတော့ သူ့အဖွဲ့က လူကို နေရာရဖို့ လုပ်ခဲ့တာ။ အခု ဓားအဖွဲ့ခွဲက ဒီကိစ္စနဲ့ ပက်သက်ပြီး ကျုပ်ကို ဖိအားလာပေးနေတယ်။ ကျုပ်လဲ ဘာလုပ်ရမှန်း မသိတော့ဘူး”

“ မဟာအကြီးအကဲက ဘာပြောလဲ”

“ သူမက ဒီပြဿနာနဲ့ အရမ်းရင်းနှီးနေတယ်ဆိုတော့ ကျုပ်ကိုပဲ ဖြေရှင်းခိုင်းလိုက်တာ”

“ သူမက ခင်ဗျား ကျုပ်ဆီ လာမယ်ဆိုတာ သိနေတော့ ကျုပ်ဘယ်လိုဖြေရှင်းမလဲဆိုတာ သိချင်လို့ ဖြစ်မယ်”

ယွီချိုက်က ထိုစကားကို ကြားကာ မလုံမလဲဖြစ်ကာ ပြုံးလိုက်သည်။ သူကလဲ တူညီစွာ တွေးမိသော်လည်း မဟာအကြီးအကဲနှင့် ပက်သတ်ပြီး ထိုသို့ မပြောရဲခဲ့ပေ။

“ ကောင်းပြီလေ။ ကျုပ် ဘာလုပ်သင့်တယ်လို့ထင်လဲ”

“ ယန်းတုယီက စည်းမျဉ်းတချို့ ဖောက်ခဲ့လား” ဝမ်ဝေ့က မေးလိုက်သည်။

“ သူ့အပြုအမူတွေက မျက်နှာပူစရာဖြစ်တယ်ဆိုပေမဲ့ စည်းမျဉ်းအတွင်းမှာတော့ ရှိနေတုန်းပါပဲ” ယွီချိုက်က ပြောလိုက်သည်။ ထို့ကြောင့် သူသည် ဘာမှမလုပ်နိုင်ခြင်း ဖြစ်၏။

“ ဒီလိုဆိုရင်တော့ အဲ့ဒီဝင်ခွင့်က သူ့ဆုံးဖြတ်ချက်အတိုင်းပဲ ရှိလိမ့်မယ်”

“ အဲဆိုရင် ဓားအဖွဲ့ခွဲအတွက်ကရော”

“ သူတို့ရဲ့ ပြိုင်ပွဲဝင်ကို လေလွင့်ကျင့်ကြံသူအဖြစ် ရုပ်ဖျက်ပြီးတော့ ဝင်ရောက်ဖို့ ပြောလိုက်ပါ။ အခုစဉ်းစားကြည့်တော့မှ ကျုပ်အတွက် နောက်ကြောင်းမရှင်းတဲ့ အလုပ်တွေကို ရှင်းပေးဖို့ လူလိုတယ်၊ ယန်းကောဝေနဲ့ ရှောင်စုန့်ရှီ ရှိတယ်ဆိုပေမဲ့ သူတို့အင်အားနဲ့ ပက်သတ်ပြီး စိုးရိမ်ရတုန်းပဲ။ သူတို့ရဲ့ ပြိုင်ပွဲဝင်က ကျုပ်အတွက် အလုပ်လုပ်ပေးမယ်လို့ သဘောတူမယ်ဆိုရင် ဓားအဖွဲ့ခွဲဆီ ကျုပ်က သူတို့ကို လျော်ကြေးပေးမယ်လို့ ပြောလိုက်ပါ”

“ အဲ့ဒီစကားကို ပြန်ပြောလိုက်ပါမယ်” ယွီချိုက်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ထိုပြဿနာက ဖြေရှင်းပြီးသား ဖြစ်သွားသည့်အတွက် ဓားအဖွဲ့ခွဲက ထိုဆုံးဖြတ်ချက်နှင့် ပက်သတ်ပြီး သဘောမတူလျှင် ပြဿနာက သူ့တာဝန် မဟုတ်တော့ပေ။ 

“ သူတို့သဘောတူတယ်ဆိုရင်တော့ သူတို့ကို အကောင်းဆုံး ရုပ်ဖျက်နည်း ပေးလိုက်ပါ။ ပြီးတော့ ဂမ္မီရတွက်ချက်မှုကနေ လွတ်မြောက်ဖို့ အကောင်းဆုံး ကာကွယ်ရေးနည်းလမ်းလဲ ပေးလိုက်ပါ။ ကျုပ်ရဲ့ လူနှစ်ယောက်အတွက်လဲ အတူတူပဲ”

“ ကိစ္စမရှိပါဘူး” ယွီချိုက်က တုန့်ဆိုင်းခြင်းမရှိ ပြောလိုက်သည်။ ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် ဂိုဏ်း၏ အရင်းအမြစ်များကို ထိန်းချုပ်ရခြင်းက သူ့အာဏာ ဖြစ်ပေသည်။ ထို့ကြောင့် သူ့အတွက် ထိုအရာများကို ရယူဖို့ လွယ်ကူပေ၏။ ထို့အပြင် ရှေးဦးမျိုးစေ့က ဂိုဏ်း၏ အရင်းအမြစ်များကို အကန့်အသန်မဲ့ ရယူနိုင်သည်ဟု စည်းမျဉ်းထဲ ပြောထားသည် မဟုတ်ပါလော။

“ ကျုပ် ဖြေရှင်းရမဲ့ ပြဿနာတချို့ ရှိတယ်လို့ ပြောတယ်မလား။ အဲဒါက ဘာတွေလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“ အဲဒါက အံ့ဖွယ်ယုံကြည်မှု ကောင်းကင်ဘုံပါ” ယွီချိုက်က ပြောလိုက်သည်။

“ ကျုပ်တို့က သူတို့ကို တားမြစ်ထားတာနဲ့ ပက်သတ်ပြီး မ‌ပျော်ရွှင်ကြဘူးလေ။ သူတို့က အဲ့ကိစ္စနဲ့ ပက်သတ်ပြီး ဆွေးနွေးခွင့်တောင်းနေတယ်”

“ အိုး”

“ သူတို့နဲ့ တွေ့ချင်လား”

“ ကောင်းပြီ အထဲလွှတ်လိုက်လေ” ဝမ်ဝေ့က တည်ငြိမ်စွာ ခေါင်းညိတ်စဉ် ယွီချိုက်က ဧည့်သည်များဆီ အကြောင်းကြားဖို့ ပြေးလွှားသွားလေသည်။ သိပ်မကြာခင် မီးခိုးရောင်ဆံပင်ရှည်နှင့် မုတ်ဆိတ်ဖြူက ဒူးခေါင်း‌လောက်ရှိနေသည့် အသက်ခပ်ကြီးကြီး အမျိုးသားတစ်ဦးက ဝင်ရောက်လာလေသည်။ သူ့နောက်တွင် နတ်ဘုရားကျူး လိုက်ပါလာလေ၏။

“ ရှေးဦးမျိုးစေ့ ဝမ်ဝေ့ကို ဂါရဝပြုပါတယ်၊ ကျုပ်နာမည်က နတ်ဘုရားလိန်ပါ”

“ ကျုပ်ဘဝမှာ မြင်ဖူးသမျှထဲမှာ ခင်ဗျားက အယဉ်ကျေးဆုံးနတ်ဘုရား ဖြစ်လောက်တယ်” ဝမ်ဝေ့က ဧည့်သည်များဘက် မျက်နှာလှည့်ခြင်း မရှိသလို သူတို့ကို ငါးမျှားဖို့ ဖိတ်ကြားခြင်း မရှိပဲ ပြောလိုက်သည်။

“ ကျုပ်ရဲ့ တပည့်လေးက အရင်က ရိုင်းပျဖူးတယ်ဆိုတာ နားလည်ပါတယ်။ ဒါကြောင့် တောင်းပန်ဖို့ ရောက်လာတာပါ” နတ်ဘုရားလိန်က နတ်ဘုရားကျူးထံ လက်ဟန်ပြကာ ရှေ့တိုးလာစေလိုက်သည်။

“ ကျုပ်တို့ရဲ့ ပထမဦးဆုံး တွေ့ဆုံမှုမှာ ဒီလိုဖြစ်သွားရတဲ့အတွက် တောင်းပန်ပါတယ်၊ ကျုပ်က စိတ်လှုပ်ရှားမိပြီးတော့ ပြုမူမိသွားတာပါ”

“ ခင်ဗျား ရိုင်းပြရုံနဲ့ ကျုပ်ခံစားချက်တွေက နာကျင်သွားမယ်လို့ ခင်ဗျား ထင်နေလား၊ ခင်ဗျားက နတ်ဘုရားလေ … ဒီလိုမောက်မာမှုမျိုးကို မျှော်လင့်ထားပြီးသားပါ”

ထို့နောက် တင်းကျပ်မှုက ကြီးစိုးသလို ပြင်းထန်လာလေသည်။

“ ပြဿနာက ခင်ဗျားကျုပ်ဆီကနေ ခိုးယူသွားတယ်ဆိုတဲ့ ကိစ္စပဲ” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။

“ ရှေးဦးမျိုးစေ့ ကျုပ်တို့ကလေ …..”

“ ဘာမှငြင်းဆန်နေဖို့ မလိုဘူး။ ခင်ဗျား ဘယ်လိုလုပ်တယ်ဆိုတာ ကျုပ် သိတယ်” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်စဉ် နတ်ဘုရားလိန်က သက်ပြင်းချလိုက်သည်။

“ ခင်ဗျားဘယ်လို ခံစားနေရတယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ အဲ့ဒီလူမှုအဖွဲ့အစည်းက ကျုပ်တို့နတ်ဘုရားတွေအတွက် ဘယ်လိုအဓိပ္ပာယ်မျိုးဆိုတာကိုလဲ နားလည်ထားသင့်တယ်” နတ်ဘုရားလိန်က တီးတိုးပြောလိုက်သည်။

“ အဲ့ဒါဆိုရင် ဘာလို့ ကိုယ့်ဘာသာကို မတည်ဆောက်လဲ” ဝမ်ဝေ့က ငြင်းခုန်လာ၏။

“ ခင်ဗျား သူတို့ကို မြင်လိုက်တာနဲ့ ကျုပ်အကြံဉာဏ်ကို ခင်ဗျားတို့ မြင်တယ်။ ခင်ဗျားတို့ရဲ့ လူမှုအဖွဲ့အစည်းကို ကိုယ်တိုင် တည်ဆောက်ထားလို့ရတာပဲ၊ ဒါပေမဲ့ ခင်ဗျားက ကျုပ်လူတွေကို ဖမ်းဆီးပြီးတော့ ကျုပ်အတွေးအခေါ်ကို ခိုးယူခဲ့တာ”

နတ်ဘုရားလိန်က ရှုံ့မဲ့သွားလေသည်။ လူများအား ဖမ်းယူနိုင်သည့် တိုက်ရိုက်ချဉ်းကပ်သော အပြုအမူရှိနေသည့်အခါ အဘယ့်ကြောင့် ပြဿနာမျိုးစုံကို ကျော်ဖြတ်နေမည်နည်း။

“ ကောင်းပြီလေ ကျုပ်တို့ဘက်က တောင်းပန်ပါတယ်။ ပြီး‌တော့ ဆုံးရှုံးမှုအတွက်လဲ ပြန်ပြီး ကာမိစေရပါမယ်”

“ လူမှုအဖွဲ့အစည်းက ခင်ဗျားတို့နတ်ဘုရားတွေ မလုပ်နိုင်လောက်အောင် ကမ္ဘာပေါ်မှာ သက်ရောက်မှုရှိတယ်။ ခင်ဗျားရဲ့ လျော်ကြေးက ထိုက်တန်ပါ့မလားဆိုတာပဲ”

နတ်ဘုရားလိန်နှင့် နတ်ဘုရားကျူးတို့၏ အမူအရာက ပျက်ယွင်းသွားကြသည်။

“ ကောင်းပြီလေ။ ခင်ဗျားတို့ရဲ့လျော်ကြေးကို လက်ခံလိုက်မယ်။  ဒါပေမဲ့ လိုတာနဲ့တော့ အလှမ်းဝေးနေသေးတယ်” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

နတ်ဘုရားလိန်က အံကြိတ်ကာ အသက်ပြင်းပြင်းရှူပြီး စိတ်ငြိမ်အောင် ထိန်းလိုက်ရသည်။

“ ခင်ဗျား ဘာလိုချင်တာလဲ။ ကျုပ်တို့က ဒီစစ်ဆေးမှုထဲ ဝင်ရောက်ဖို့ ဘာများလုပ်ရမှာလဲ”

“ ခင်ဗျားတို့ကို ဒီစစ်ဆေးမှုထဲ မပါဝင်နိုင်အောင် တားဆီးလိုက်ရင် ဖြစ်လာမဲ့ အကျိုးဆက်ကို နားလည်တယ်၊ ဒါပေမဲ့ ကျုပ် ဒါကိုလုပ်မှာ မဟုတ်ဘူး” ဝမ်ဝေ့က ရေရွတ်လိုက်စဉ် ထိုနှစ်ဦးသားက စိတ်သက်သာရာရသွားသဖြင့် သက်ပြင်းချလိုက်ကြသည်။

“ ဒါပေမဲ့ ခင်ဗျားတို့ အင်အားစုရဲ့ ဝင်ကြေးက တခြားသူတွေထက် သုံးဆ ဖြစ်လိမ့်မယ်”

“ ဘာ …  ဒါက လုံးဝ လွန်ကဲတာပဲ”

“ ပြစ်ချက်ရှိတယ်ဆိုပေမဲ့ ယုံကြည်မှုစွမ်းအားက ခင်ဗျားတို့တွေ ကန့်သတ်ချက်အထိ သန့်စင်နိုင်တဲ့ အရာမျိုးပဲ။ အဲ့ဒါက တည်ရှိမှုကို ကုစားဖို့အတွက် လျှို့ဝှက်ဆန်းကျယ်မှု တစ်ခုပဲ။  ခင်ဗျားတို့တွေက အရင်းအမြစ် လိုအပ်နေတာမလား” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။

“ အဲဒါဆိုတော့ အပေးအယူကို လက်ခံရင် လက်ခံ၊ လက်မခံရင် ထွက်သွားလိုက်တော့”

“ မင်း ” နတ်ဘုရားကျူးက ရှေ့တစ်လှမ်း တိုးလာစဉ် နတ်ဘုရားလိန်က တားဆီးလိုက်သည်။

“ ကျုပ်တို့ ဝယ်ပါ့မယ်”

“ ပျော်ရွှင်စရာ ပူးပေါင်းမှုလေး ဖြစ်ပါစေ”

နတ်ဘုရားလိန်က ဝမ်ဝေ့၏ ကျောဘက်ကို ကြည့်လိုက်သည်။

“ ဒီနေ့ရဲ့ ဆုံးဖြတ်ချက်ကို နောက်တမရဖို့ မျှော်လင့်တယ်” 

သို့သော်လည်း ဝမ်ဝေ့က ပြန်မဖြေပေ။ သူက ဗလာကျင်းနေသကဲ့သို့ ဖြစ်၏။ နတ်ဘုရားလိန်က အေးစက်စက် သရော်ပြီးသည့်နောက်တွင် သူ့တပည့်နှင့်အတူ ထွက်ခွာသွားလေသည်။

“ အံ့ဖွယ်ယုံကြည်မှု ကောင်းကင်ဘုံတဲ့လား” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူက သေမျိုးလူမှုအဖွဲ့အစည်းအပေါ် ဖြစ်ခဲ့သည့်ကိစ္စကြောင့် ထိုသူများကို ပစ်မှတ်ထားနေခြင်း မဟုတ်ပေ။ ဝမ်ဝေ့က ရန်ငြိုးကို ကိုင်ဆောင်ထားသော်လည်း သူ့ကိုယ်ပိုင်ခံစားချက်ကို ဂိုဏ်း၏ ကောင်းကျိုးအတွက် မည်သည့်အချိန် ထိန်းထားရမည်ကို ကောင်းစွာသိလေ၏။ သူက သူတို့ကို ပစ်မှတ်ထားသည်ကား နောက်ထပ် ကွဲပြားသည့် အကြောင်းအရင်းများကြောင့် ဖြစ်ပေသည်။ ဤသည်က သူ့အနာဂါတ်ဇနီးလောင်းနှင့် ပါဝင်ပက်သတ်နေလေ၏။

သူ့တွက်ဆထားမှုအရ မူလစည်းတံဆိပ်ကုန်းမြေသည် ရောက်ရှိလာမည့် ကပ်ဘေးကို ပထမဦးဆုံး တောင့်ခံမည့်သူ ဖြစ်လာပေမည်။ ဝူဟုန်က အကြီးမားဆုံးအလားအလာ ရှိနေသည့်အတွက် ပထမဦးဆုံး စမ်းသပ်ခံရမည် ဖြစ်သည်။ သူမ၏ အင်အားစုက အားအနည်းဆုံး အုတ်မြစ် ရှိနေသည်။ ထို့ကြောင့် ဝမ်ဝေ့က သူ့အနာဂါတ်ဇနီးလောင်း သို့မဟုတ် သူမ၏ အင်အားစုကို တစ်စုံတစ်ခု ဖြစ်သွားမည်ကို မလိုချင်သည့်အတွက် ကံကြမ္မာအား ပိုမိုအားနည်းသည့် အာဏာရှင်ထံ ပစ်မှတ်ထားဖို့ ညွန်ပြထားခြင်း ဖြစ်သည်။ ထိုဆုံးဖြတ်ချက်က အကန့်အသတ်မဲ့ လဲလှယ်ရေးခန်းမနှင့် အံ့ဖွယ်ယုံကြည်မှု ကောင်းကင်ဘုံကြားတွင် ရှိနေလေ၏။ ကံဆိုးစွာဖြင့် ထိုသူတို့က သူ့အား ရန်စခဲ့သည့်အတွက် သူတို့ကို‌ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

“ မင်းတို့အတွက် ကံဆိုးသွားတာက ဘယ်သူက မင်းတို့ကို အားနည်းအောင် လုပ်ပြီးတော့ ငါ့ကိုရန်စခိုင်းလို့လဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။သူက အံ့ဖွယ်ယုံကြည်မှု ကောင်းကင်ဘုံကို မည်သို့ထိုးကျွေးရမည်ကို စဉ်းစားနေရင်း သူ့အနာဂါတ်ဇနီးလောင်း၏ အင်အားစုအုတ်မြစ်ကို မည်သို့တိုးမြှင့်ရမည်ကို စဉ်းစားနေသည်။

ငါ့ကိုယ်ငါ ထိန်းချုပ်သင့်တယ် …

ဝမ်ဝေ့က သူ့ကိုယ်သူ သတိပေးလိုက်သည်။ မည်သို့ဖြစ်စေကာမူ အံ့ဖွယ်ယုံကြည်မှု ကောင်းကင်ဘုံက အာဏာရှင်တစ်ယောက် ဖြစ်သည့်အတွက် သူတို့ပျက်သုဉ်းမှုက ရိုးရှင်းမည် မဟုတ်ပေ။ တစ်ခြားနည်းဖြင့် ပြောရလျှင် ကြိုတင်အောင်ပွဲခံခြင်းက ဉာဏ်ရှိရာ မကျပေ။

ဝမ်ဝေ့က အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။

အာဏာရှင်အများစုက ငါ့ကို ဆက်သွယ်ပြီးသွားပြီ။ ဗုဒ္ဓဘာသာ၊ တာအိုဘာသာ၊ အသင်္ချေမျိုးနွယ်အဖွဲ့အစည်းနဲ့ အကန့်သတ်မဲ့ လဲလှယ်ရေးခန်းမတို့ပဲ ကျန်တော့တယ်။

ငါက ခန်းမနဲ့ ဆက်နွယ်မှု မရှိဘူးဆိုတော့ သူတို့တွေက ငါ့ကို ဘယ်လိုဆက်သွယ်မလဲဆိုတာကို သိချင်မိသား …

All Chapters