← Chapters

ပြန်လည်ဆုံစည်းခြင်း အပိုင်း(၉)

Vol. 102 Ch. 1426

ပြန်လည်ဆုံစည်းခြင်း အပိုင်း(၉)

Vol. 102 Ch. 1426

ယန်းတုယီက မျိုးနွယ်ခေါင်းဆောင်အပြုံးကို ပန်ဆင်ရင်းဖြင့် ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။ သူ့ကို ကောင်းကောင်းမသိသည့်သူများကမူ သူသည် ချဉ်းကပ်ရလွယ်ကူသည်ဟု ထင်ကြမည်ဖြစ်ကာ သူ့ကို ကောင်းကောင်းသိထားသည့်သူများကမူ သူ့အပြုံးသည် စီးပွားရေးဆန်ဆန်အပြုံးမျိုးဖြစ်ကြောင်း သိကြလိမ့်မည်။

“လာပြီး ကံစမ်းလှည့်လေ” ဝမ်ဝေ့က ပြောလိုက်သည်။

ယန်းတုယီက ထိုထူးဆန်းသည့် တောင်းဆိုချက်ကြောင့် စိတ်ရှုပ်ထွေးသွားသော်လည်း နာခံလိုက်သည်။ သူက ရေကန်ထဲ ကြိုးကို ပစ်လွှတ်လိုက်၏။ စက္ကန့်ပိုင်းခန့်ကြာမြင့်ပြီးသည့်နောက်တွင် သူက တစ်စုံတစ်ခုကို ခံစားမိပြီး ဆွဲယူလိုက်သည်။

“စိတ်ကို လေ့ကျင့်ပေးနိုင်တဲ့ သံသရာအဆောင်ပဲ။ ကြည့်ရတာ ကံကြမ္မာက ခင်ဗျားကို တစ်ခုခုပြောနေတဲ့ပုံပဲ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်၏။

“သခင်လေးက ကျုပ်အပြုအမူနဲ့ ပတ်သက်ပြီးတော့ မကျေနပ်ဘူးလား” ယန်းတုယီက မေးလိုက်သည်။

“အဲ့လိုမဟုတ်ပါဘူး။ အဲဒါက ခင်ဗျားကို စည်းမျဉ်းတွေ မချိုးဖောက်အောင် ကူညီပေးနိုင်တယ်လေ” ဝမ်ဝေ့က ပုံမှန်အတိုင်းသာ ပြန်ဖြေလိုက်သည်။ ယန်းတုယီက သူ့မျိုးနွယ်ခေါင်းဆောင်၏ အထွတ်အထိပ်အာဏာကို အသုံးပြုကာ ဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်၏။ စည်းမျဉ်းထဲတွင် ဂိုဏ်းချုပ်အပါအဝင် မည်သူကမှ ထိုအာဏာကို မလွန်ဆန်နိုင်ကြောင်း ရေးသားထားလေသည်။ သူက သူ့မျိုးနွယ်မှ နေရာကို ရဖို့အတွက် ဂိုဏ်းအကျိုးပြုအမှတ်များစွာကိုပင် ပေးခဲ့ရသည်။

“ကျုပ် မလုပ်သင့်ဘူးလို့ ထင်နေတာလား” ယန်းတုယီက မေးလာသည်။

“ခင်ဗျားက ဘာလို့ ဒီကို ရောက်လာတာလဲ” ဝမ်ဝေ့က ပြန်ဖြေမည့်အစား မေးလိုက်၏။

“စည်းမျဉ်းတွေကို ထိန်းသိမ်းတဲ့အတွက် လာပြီး ကျေးဇူးတင်တာပါ”

“ကွေ့ပတ်ပြောမနေပါနဲ့။ ခင်ဗျား လိုချင်တာကို ပြော”

ယန်းတုယီက ခေတ္တမျှ တိတ်ဆိတ်သွားလေသည်။

“ခင်ဗျားက ဉာဏ်ကြီးမားတယ်ဆိုတာကို ကြားမိတယ်”

“အိုး ခင်ဗျားရဲ့ စိတ်ထဲမှာ ဘာတွေရှိနေတာလဲ” ဝမ်ဝေ့က ယန်းတုယီသည် အမှန်အတိုင်းပြောနေခြင်းလား သို့မဟုတ် သူ့ကို စမ်းသပ်ရန်ရောက်လာခြင်းလား ဂရုမစိုက်ပေ။ သို့သော်လည်း သူက ဂိုဏ်းအတွင်းမှ သူ့အာဏာကို ထိန်းသိမ်းဖို့ရာအတွက် အာဏာပိုင်းဆိုင်ရာ ကစားပွဲများကို ကစားဖို့ စိတ်ထဲမထားပေ။

“ကျုပ်လုပ်တာ မှန်ကန်တယ်ဆိုတာကို သိတယ်။ ဒါပေမဲ့ တခြားသူအားလုံးက ကျုပ်က တစ်ခုခု အမှားလုပ်ခဲ့တယ်လို့ ဆိုပြီးတော့ အပြစ်တင်စွပ်စွဲနေကြတယ်။ ကျုပ်က အကြောင်းအရင်းကို နားမလည်နိုင်ဘူး” ယန်းတုယီက ရှင်းပြလိုက်သည်။

“ခင်ဗျားက အကြောင်းအရင်းကို နားလည်ပါတယ်။ ဝန်မခံချင်ရုံလေးပါ”

“အဲဒါက ဘာကိုပြောတာလဲ”

ဝမ်ဝေ့က သူ့သိုလှောင်လက်စွပ်ထဲ ဖမ်းယူမိသည့် အမှိုက်များကို ထည့်ကာ ဆက်လက်လုပ်ဆောင်လိုက်သည်။

“ခင်ဗျားကို မေးမယ်။ ဘိုးဘေးယန်းအိုက်က ယန်းမျိုးနွယ်ကို ဓားမျိုးနွယ်အဖြစ် ပြောင်းလဲချင်တယ်လို့ ထင်လား”

“အဲဒါက နှစ်များစွာထိ သူမရဲ့ အိပ်မက်ဖြစ်ခဲ့တာ။ သူမက အဲ့လိုလုပ်ချင်တယ်ဆိုတာကို မှတ်တမ်းတွေလည်း အများကြီး ရှိခဲ့တယ်။ အဲဒါက သူမအတွက်တင် မကဘဲနဲ့ ဓားလမ်းစဉ်အဖွဲ့အစည်းကို ပြသဖို့ရာအတွက်လည်း ဟုတ်တယ်။ ကံဆိုးတာက ကံကြမ္မာက သူမရဲ့ ဆန္ဒကို ငြင်းဆန်ခဲ့တဲ့ပုံပဲ”

“အမှန်ပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ ယန်းမျိုးနွယ်၏ ဓားရေးပါရမီကို အမွေဆက်ခံမည့်အစား ဒိုင်မေးရှင်းအနိမ့်တွင် ယန်းမျိုးနွယ်က အထွေထွေသောင်းပြောင်းအရှင်၏ ကျွမ်းကျင်အတတ်ပညာပါရမီကို အမွေဆက်ခံရရှိခဲ့သည်။ ယန်းမျိုးနွယ်၏ တိုးတက်မှုကို မြင်တွေ့ပြီးသည့်နောက်တွင် ဝမ်ဝေ့က ယန်းလီလင်းသည် မူမမှန်မှုတစ်ခုမဟုတ်ဘဲ ဒိုင်မေးရှင်းအမြင့်ရှိ ယန်းမျိုးနွယ်၏ ပါရမီ သဏ္ဌာန်ပြမှုတစ်ခုသာ ဖြစ်ကြောင်း နားလည်သွား၏။

“ဒါပေမဲ့ အဲဒါက ထာဝရအတိုင်း ကျန်ရှိနေမယ်လို့ ထင်လား” ဝမ်ဝေ့က မေးလိုက်သည်။

“အဲဒါက ဘာကိုပြောတာလဲ” ယန်းတုယီက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“လူသားမကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်က ဘိုးဘေးရဲ့ အိပ်မက်အပေါ်မှာ ထားရှိခဲ့တဲ့ အတားအဆီးအပေါ် အက်ကြောင်းဖြစ်လာစေခဲ့ပြီ” ဝမ်ဝေ့က တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

“သူမက တခြားမျိုးနွယ်ခွဲတွေမှာလည်း အကန့်အသတ်မဲ့ ဖြစ်နိုင်ခြေတွေရှိအောင် သွေးမျိုးဆက်ရဲ့ ပင်မကို “မူလ” အဖြစ် ရွေးချယ်ခဲ့ပေမဲ့ လူသားမကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်က ဓားရေးပါရမီရှိတဲ့ လူအရေအတွက်ကို သိသိသာသာ တိုးမြှင့်ပေးလိမ့်မယ်”

“အဲ့လိုဖြစ်လာတာနဲ့ ဓားအဖွဲ့ခွဲက ယန်းမျိုးနွယ်ရဲ့ ပင်မအဖွဲ့ဖြစ်လာဖို့ဆိုတာ အချိန်တစ်ခုပဲ ကြာလိမ့်မယ်။ ခင်ဗျားက ရှုံးနိမ့်နေတဲ့ တိုက်ပွဲကို တိုက်ခိုက်နေတာပဲ။ ခင်ဗျားလည်း အဲဒါကို သိပါတယ်”

ဝမ်ဝေ့က သူ့ကို ကြည့်ပြီး မျက်နှာမှ မလိုလားသည့် အမူအရာကို မြင်တွေ့လိုက်ရ၍ ခေါင်းယမ်းလိုက်မိသည်။ လူသားမကောင်းဆိုးဝါး နတ်ဘုရားသွေးမျိုးဆက်က ထိုဖြစ်စဉ်၏ ပထမကဏ္ဍ၌သာ ရှိလေသည်။ ယန်းအိုက်က ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ဖြစ်လာသည်နှင့် ယန်းမျိုးနွယ်သည် ဓားတာအိုမျိုးနွယ်ဖြစ်လာသည်က သိသာပြီးသား ကောက်ချက်ချမှုတစ်ခုသာဖြစ်၏။

“မမျှတဘူးလို့ ထင်လား” ဝမ်ဝေ့က မေးလိုက်သည်။

“ကျုပ်က အဲ့လို တုံးအအ အရာတွေကို မပြောပါဘူး” ယန်းတုယီက ပြန်ဖြေလိုက်၏။

“အဲ့လိုဆိုရင် ခင်ဗျားက ကျုပ် ထင်ထားတာထက် ပိုပြီးဉာဏ်ကောင်းတာပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“ခင်ဗျားရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျုပ် ကြာကြာမနေတော့ဘူး” ယန်းတုယီက သူ့အား ဦးညွှတ်ပြီးသည့်နောက်တွင် အလျင်အမြန် ထွက်ခွာသွားလေသည်။ သူက ကိစ္စများစွာ စဉ်းစားစရာ ရှိနေလေ၏။ ဝမ်ဝေ့က သူ့ကို မတားဆီးခဲ့ပေ။ အကြောင်းအရင်းကမူ နောက်ထပ်ဧည့်သည်တစ်ယောက် ပေါ်ထွက်လာတော့မည်ဖြစ်ကြောင်း သိနေ၍ ဖြစ်၏။ ထင်ထားသည့်အတိုင်း ခဲဖြူရောင်ဆံပင်၊ မုတ်ဆိတ်ဖြူရှိထားပြီး အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့ဘယ်ဖက်မျက်လုံးထက် ဓားအမှတ်အသားတစ်ခု ရေးထွင်းထားသည့်သူက ရောက်ရှိလာလေသည်။

“ခင်ဗျားက ယန်းချီမလား။ ခင်ဗျားရဲ့ ကံကောင်းမှုက ခင်ဗျားတို့ မျိုးနွယ်ခေါင်းဆောင်ထက် ကံကောင်းလားဆိုတာ လာပြီးစမ်းသပ်ကြည့်ပါဦး”

ယန်းချီက တိတ်ဆိတ်သူတစ်ဦး ဖြစ်၏။ သူက ဝမ်ဝေ့၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာလိုက်သည်။

“တောက်ပသဲမှုန်တစ်အိတ်လား။ တကယ်လို့ ကျုပ်မှတ်မိတာသာ မှန်တယ်ဆိုရင် ဒါက ခင်ဗျားရဲ့ တာအိုသက်သေပြပစ္စည်းကို အဆင့်မြင့်တင်ဖို့ ပစ္စည်းကောင်းပဲ။ အထူးသဖြင့် စံပြအသုံးအဆောင်ပစ္စည်းအဖြစ် အသွင်ပြောင်းတဲ့အခါမျိုးပေါ့။ ကြည့်ရတာ ခင်ဗျားက ကံကောင်းတဲ့ပုံပဲ”

“ရှေးဦးမျိုးစေ့ …ကျုပ်တို့အဖွဲ့ခွဲရဲ့ ချီလင်သားတော်က ဘယ်လိုတာဝန်မျိုးကို ထမ်းဆောင်ရမလဲဆိုတာ သိချင်ပါတယ်။”

“ဒီစစ်ဆေးမှုမှာ လူအများကြီး ပါဝင်ဆင်နွှဲကြမှာ။ အများစုက ကျုပ်တို့ရဲ့ ရန်သူတွေ” ဝမ်ဝေ့က အမှန်အတိုင်း ပြန်ပြောလိုက်သည်။

“ကျုပ်အနေနဲ့ စံပြစမ်းသပ်ချက်က သူတို့အများစုကို ပယ်ချပစ်မယ်ဆိုတာကို ယုံကြည်ချက်ရှိတယ်ဆိုပေမဲ့လည်း သေချာတဲ့ ပစ်မှတ်တွေနဲ့ ပတ်သက်ပြီးတော့ အခွင့်အရေးကို ချန်မထားနိုင်ဘူး။ အဲဒါကြောင့် ခင်ဗျားရဲ့ ချီလင်သားတော်က ပတ်သက်နေရတာပဲ”

ယန်းချီက အကောင်းအဆိုးကို ချင့်ချိန်နေသည်။

“ယွီချိုက်ပေးမဲ့ ကာကွယ်ရေးနည်းလမ်းတွေ အားလုံးကို သိတယ်မလား”

“သိပါတယ်”

“အဲဒါဆိုရင် ဘာလို့များ တုံ့ဆိုင်းနေရတာလဲ”

“ယန်းကျဲက ကျုပ်တို့များစွာ အားစိုက်ထုတ်ထားရတဲ့ ထိပ်တန်းမျိုးစေ့တစ်ခုပါ။ သူ့ကိုယ်သူ သတ်သေဖို့အတွက် တာဝန်မစေလွှတ်နိုင်ဘူး”

ဝမ်ဝေ့က သူ့ကို ကြည့်ကာ ပြောလိုက်သည်။

“ခင်ဗျားက အနာဂတ် ထိပ်တန်းမျိုးစေ့ကို ပြုစုပျိုးထောင်ပေးနေတယ်ဆိုတာ သေချာရဲ့လား”

“စောင်းပြောနေတာလား”

“ယန်းကျဲက စစ်မှန်တဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲတွေကို ဘယ်လောက်ကြုံဖူးလဲ။ သူ အန္တရာယ်ကျတာနဲ့ ကယ်မယ်ဆိုပြီး အာမခံထားတဲ့ စစ်ဆေးမှုတွေအကြောင်း ပြောတာ  မဟုတ်ဘူး။ ဘေးကင်းမှုဆိုတာ မရှိပဲနဲ့ တကယ့်အစစ်အမှန်ကို ပြောနေတာ။ တစ်ချက်မှားတာနဲ့ သူ သေပြီပဲ”

ယန်းချီက ပြန်လည်မပြောတော့ပေ။ တာအိုအခွင့်အလမ်းဂိုဏ်းက လမင်းခုနစ်စင်းခေတ်ကာလတစ်လျှောက်လုံးကို ပိတ်ဆို့ခံထားရသည့်အတွက် ပါရမီထူးကဲသည့် တပည့်များက ဂိုဏ်းအတွင်း၌ ပြီးပြည့်စုံစွာ စစ်ဆေးမှုများဖြင့် လေ့ကျင့်ပေးခံထားရသည်။ ထို့အပြင် ခေတ်ကာလ၏ အခြေအနေအရ ဂိုဏ်းအနေဖြင့် ထိုပါရမီများကို ဆုံးရှုံးဖို့ရာ မတတ်နိုင်ပေ။

ထို့ကြောင့် သူသည် ဝန်မခံလိုသော်လည်း ဝမ်ဝေ့ ပြောစကားအရ မှန်ကန်နေလေ၏။ ယန်းကျဲက အတုအယောင် ထိပ်သီးမျိုးစေ့သာ ဖြစ်ပေသည်။

“ကျုပ် ဘာလုပ်ရမယ်ဆိုတာ သိပါပြီ” ယန်းချီက ပြောလိုက်သည်။

သူက ယန်းကျဲသည် စစ်ဆေးမှု၌ ပါဝင်ဆင်နွှဲပြီး ရှေးဦးမျိုးစေ့၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ဖို့ လိုအပ်နေကြောင်း သိလိုက်ရသည်။ ဤသည်က သူ့အနာဂတ်အတွက်ကြောင့်မျှသာ မကဘဲ ယန်းတုယီထံမှ တိုက်ခိုက်ခြင်းကို ကာကွယ်ဖို့ရာ ဖြစ်၏။ ယန်းချီက ယန်းတုယီသည် ပင်မအဖွဲ့ကို ထိန်းသိမ်းဖို့ ဘာမဆိုလုပ်ဖို့ရာ ရည်ရွယ်ထားကြောင်း မြင်တွေ့နေသည်။ ထို့ကြောင့် သူတို့၏ ဓားအဖွဲ့ခွဲအား ဖိနှိပ်ထားဖို့အတွက် မည်သည့်အကြောင်းပြချက်မှ မပေးလိုပေ။

ဝမ်ဝေ့က ယန်းချီ ထွက်သွားသည်ကို တည်တည်ငြိမ်ငြိမ် ကြည့်နေလိုက်၏။

“ငါ့အနာဂတ်ဇနီးလောင်းရဲ့ အင်အားစုနဲ့ ချင်သူတော်စင်ခုံရုံးအပြင် တာအိုအခွင့်အလမ်းဂိုဏ်းက မဟာချင်တွေကြားမှ အစည်းလုံးဆုံး အင်အားစုအဖြစ် သတ်မှတ်ခံထားရတာ။ တကယ်လို့ စည်းလုံးတယ်ဆိုရင်တောင် ဒီအင်အားစုတွေရဲ့ အခြေအနေက ဘာလို့ အဲ့လောက်တောင် ရှုပ်ထွေးနေရတာလဲ။ အထူးသဖြင့် အသင်္ချေဂိုဏ်းမဟာမိတ်က ကြားထဲ ဝင်မမွှေသေးဘူးလေ”

ဝမ်ဝေ့က ခေါင်းအသာယမ်းပြီး ထိုကိစ္စကို အာရုံမစိုက်ဖို့ရာသာ ဆုံးဖြတ်လိုက်သည်။ သူက ငါးမျှားရာမှ ခေတ္တနားပြီး ဥယျာဉ် တည်ဆောက်သည်ကို ကူညီပေးလိုက်၏။ ဥယျာဉ်တည်ဆောက်မှု ပြီးဆုံးသွားသည်နှင့် သူသည် နောက်ဧည့်သည်ရောက်မလာခင် သူ၏ စိမ်းစိုနေသည့် ဥယျာဉ်ထဲ အေးအေးချမ်းချမ်း ဘဝကို ခံစားနေလေသည်။

“ရှင့်ရဲ့ ဥယျာဉ်က အရင်ကထက်ပိုပြီး လှလာတာပဲ” အသံတစ်သံက ပြောလာခဲ့သည်။

“ဒါက ချစ်စရာကောင်းပြီးတော့ နတ်မိမယ်ဆန်တဲ့ ရှစ်ချီအန်းမှ မဟုတ်ရင် ဘယ်သူများလဲ။ မတွေ့ရတာ ကြာပြီ။ မင်းရဲ့ မိဘတွေရော ဘယ်လိုနေလဲ” ဝမ်ဝေ့က ပြုံးကာ ပြောလိုက်သည်။

“သူတို့တွေ အားလုံး အဆင်ပြေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က အရင်ကထက်တော့ ပျော်ရွှင်နေကြတယ်” ရှစ်ချီအန်းက ပြန်ပြောလိုက်၏။ ဝမ်ဝေ့က သူမအား ငါးမျှားဖို့ မဖိတ်ခေါ်ဘဲ ဥယျာဉ်ငယ်လေးမှ မျှော်နန်းဆောင်ငယ်လေးဆီ ဖိတ်ကြားကာ အဖန်ရည် တည်ခင်းလိုက်သည်။

“မင်းနဲ့ တွေ့ရလိမ့်မယ်လို့ ထင်မထားမိဘူး” ဝမ်ဝေ့က ပြောလိုက်၏။ အလင်းမျိုးနွယ်က သူတို့ကိုယ်သူတို့ အဆင်ပြေနေလေသည်။ သူတို့မျိုးနွယ်က စံပြတချို့ရှိသော်လည်း သူတို့က ထူးကဲသည့်အရာမျိုးကို လုပ်ဆောင်မထားသည့်အတွက် ထိပ်တန်းမျိုးနွယ်ဟု မှတ်ယူ၍ မရပေ။ သူတို့က ထိုသတင်းကို ကြားသည့်အခါ မျိုးနွယ်ဝင်တချို့ကို စေလွှတ်လာနိုင်၏။ သို့သော်လည်း ဝမ်ဝေ့က ရောက်လာမည့်သူသည် ရှစ်ချီအန်း ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။

“ကျွန်မက အလင်းမျိုးနွယ်ကို ကိုယ်စားပြုဖို့ရာ ရောက်လာတာ မဟုတ်ပါဘူး” ရှစ်ချီအန်းက သူ့စကား၏ နောက်ကွယ်မှ အကြောင်းအရာကို နားလည်ကာ ပြောလိုက်သည်။

“အိုး”

“အကန့်အသတ်မဲ့ လဲလှယ်ရေးခန်းမပါ” သူမက ရှင်းပြလိုက်သည်။

“စိတ်ဝင်စားစရာပဲ။ မင်းတို့တွေအကြောင်း စဉ်းစားနေတာ။ သူတို့နဲ့ ဆက်နွယ်ဖို့ ဘာမှ အသိမိတ်ဆွေ မရှိဘူးလို့ တွေးနေတာလား” ဝမ်ဝေ့က ပြုံးကာ ပြောလိုက်သည်။

ရှစ်ချီအန်းက သက်ပြင်းချလိုက်၏။ ခန်းမအတွင်း သူက သာမန်မျှသာ မဟုတ်သော်လည်း ထူးချွန်နေခြင်း မရှိပေ။ သူမ မိဘများနှင့် ပြန်လည်ဆုံတွေ့ပြီးသည့်နောက် သူမသည် သူမဘဝအပေါ် ကျေနပ်ပျော်ရွှင်နေပြီး ကျင့်ကြံရေးအပေါ် ဦးစားပေးခြင်း မရှိတော့ပေ။ အကယ်၍ ကျင့်ကြံရေးလောက၏ ဆက်တိုက် အန္တရာယ်များမှုကြောင့်သာမဟုတ်လျှင် ရှစ်ချီအန်းက ကမ္ဘာကြီးဆီမှ စွန့်ခွာပြီး သူမ မိဘများနှင့်အတူသာ နေထိုင်လိုသည်။

“ကျွန်မက ရှင့်ကို သိလို့ ရောက်လာရတာပါ” သူမက ဝန်ခံလိုက်သည်။

“ကိစ္စက ဘာများလဲ”

“ခန်းမက ရှင့်အနေနဲ့ တန်ကြေးကို လျှော့ပေးနိုင်လားဆိုတာ သိချင်လို့ပါ” ရှစ်ချီအန်းက ပြောလိုက်သည်။

“ရှင် သိတဲ့အတိုင်း ကျွန်မတို့ဆီမှာ လူအများကြီး ရှိတယ်လေ။ ဒါပေမဲ့ အရင်းအမြစ်တွေကတော့ ရှားပါးတယ်။ ကျွန်မတို့အဖွဲ့ဝင်တွေက ဒီအခွင့်အရေးကို လိုချင်ပေမဲ့ ကျွန်မတို့က လက်မှတ်ဝယ်ဖို့ရာက သိပ်မတတ်နိုင်ဘူး”

“အရှင်းဆုံးပြောရရင် မင်းတို့တွေ အရေအတွက်များလို့ တန်ကြေးကို မြင့်မြင့်သတ်မှတ်ထားတာ။ ငါတို့တွေက မင်းတို့တွေက ဒီလောက်စံပြအများကြီး ပြုစုပျိုးထောင်ခွင့်မပေးနိုင်တာကို မင်းလဲ နားလည်မှာပါ” ဝမ်ဝေ့က ဝန်ခံလိုက်သည်။

ရှစ်ချီအန်းက ပြောလိုက်၏။

“အဲ့လိုဖြစ်လာမယ်ဆိုတာကိုလည်း သိပါတယ်။ ကျွန်မ သူတို့ကို အဲဒါ ပြောထားပါတယ်။ ကျွန်မတို့တွေ တခြားတစ်ခုခု အပေးအယူများ လုပ်လို့ရမလား” သူမက ခေါင်းယမ်းကာ ပြောလိုက်သည်။

All Chapters