← Chapters

ပျင်းလို့မင်းကိုနည်းနည်းလောက်စမယ်

Vol. 124 Ch. 1724

ပျင်းလို့မင်းကိုနည်းနည်းလောက်စမယ်

Vol. 124 Ch. 1724

ရှီမာယူယူသည် ချုံးကျိနောက်သို့ လိုက်လာသည်။ သူထွက်မသွားခင် တွင် သူသည် သူမပခုံးကိုဆုပ်ကိုင်ကာ ပြောလေသည် “ဒါပြီးသွားတာနဲ့ အကုန် လုံးအဆင်ပြေသွားလိမ့်မယ်”

ထိုသို့ပြောပြီးနောက် သူ ထွက်သွားလေသည်။ ရှီမာယူယူသည် သူ ထွက် သွားသည်ကိုကြည့်ပြီးနောက် ထူးဆန်းသည်ဟု ခံစားရသည်။ ချိပ်စည်းပိတ်ခံ ထားရသော ကျုံကျန်းဟန်ယွဲ့၏ မှတ်ဉာဏ်ကို သူမမသိရပေ။

“မြင့်မြတ်သောသမီးတော်” ဂူရှီသည် သူမနောက်မှပေါ်လာပြီး တလေး တစားခေါ်လေသည်။

“ပြန်ရအောင်” ရှီမာယူယူသည် သူမကိုလာကြိုသည်မှန်းသိသည်။ သူမ လှည့်လိုက်သည်နှင့် ဂူရှီသည် ချုံးကျိကို တခြားသူများနှင့် မတူသောအကြည့် ဖြင့်ကြည့်နေသည်ကို သူမ သတိထားမိသည်။

သူမ ကျုံကျန်းဟန်ယွဲ့နေထိုင်သည့်နေရာသို့ရောက်သောအခါ ရှီမာယူယူ သည် အားလုံးကို နှင်ထုတ်လိုက်ပြီး ဂူရှီကိုချန်ထားလိုက်သည်။

“မြင့်မြတ်သောသမီးတော် ညီလာခံကြီးက မနက်ဖြန်ဆိုစပြီ ကောင်းကောင်းလေး နားလိုက်ချင်လား” ဂူရှီ မေးလိုက်သည်။

“ဂူရှီ မင်းက ငါ စံအိမ်တော်ကိုရောက်လာပြီးမှ ငါ့ကိုယ်ပိုင်အစေခံ မိန်းကလေးဖြစ်လာတာမလား” ရှီမာယူယူ ပြောလိုက်သည် “ဒါဆိုရင် ငါ မတိုင် ခင်က ဘယ်သူ့ကိုပြုစုပေးခဲ့တာလဲ”

“ဒီအစေခံက စံအိမ်တော်သခင်ရဲ့ နန်းတော်မှာ ခစားခဲ့တာပါ” ဂူရှီ ပြန် ဖြေလိုက်သည်။

“ဒါဆိုရင် ငါ့ရဲ့ပျောက်နေတဲ့မှတ်ဉာဏ်ကို မင်းသိမှာပေါ့”

“ဘာ” ဂူရှီသည် သူမကို ကြည့်လိုက်သည်။ ထိုမေးခွန်းမေးရသည့် အကြောင်းအရင်းကိုနားမလည်ပေ။

“ငါ့ရဲ့မှတ်ဉာဏ် အပိုင်းတစ်ခုက ချိပ်ပိတ်ခံထားရတယ် မင်းသိလောက် မယ်ထင်တယ်” ရှီမာယူယူ ပြောလိုက်သည် “စံအိမ်တော်သခင်က ငါ့နားမှာ ဆိုရင် နည်းနည်းထူးဆန်းတယ် အဲဒါက ငါ့ရဲ့ အရင်မှတ်ဉာဏ်နဲ့ပတ်သက်မယ် လို့ထင်တယ်၊ မင်းက စံအိမ်တော်သခင်ချုံးက ငါ့ကိုဂရုစိုက်ပေးဖို့ လွှတ်လိုက်တဲ့ လူဆိုတော့ ဒီမတိုင်ခင်က ဘာတွေဖြစ်ခဲ့လဲ မင်းသိမှာပေါ့”

“ဒီအစေခံက ဘာမှမသိပါဘူး” ဂူရှီသည် ခေါင်းငုံ့သွားသည်။

“ဂူရှီ မင်း ငါ့နောက်ကို ဒီလောက်ကြာအောင် လိုက်လာတာ ငါက စိတ်ရှည်တဲ့လူမဟုတ်ဘူးဆိုတာ မင်းသိသင့်နေပြီ မင်းက စံအိမ်တော်သခင်ရဲ့ ဘေးကနေလာတယ်ဆိုပေမဲ့…” ရှီမာယူယူသည် ကျုံကျန်းဟန်ယွဲ့၏ ခြိမ်းခြောက်သည့်လေသံအတိုင်း လိုက်ပြောသည်။

“မြင့်မြတ်သောသမီးတော် ကျွန်မတကယ်မသိပါဘူး” ဂူရှီ ခေါင်းငုံ့သွား ကာ သူမမျက်လုံးထဲမှ အမူအရာကို ရှီမာယူယူကိုမြင်ခွင့်မပေးပေ။

“မဟုတ်ဘူး မင်းသိတယ် ငါ့ကိုပြောမလား မပြောဘူးလား မင်းရွေးချယ် နိုင်တယ်၊ ဒါပေမဲ့ အစေခံမိန်းကလေး တစ်ယောက်ကို သတ်လိုက်တာနဲ့ စံအိမ်တော်သခင်က အပြစ်တင်မှာတော့မဟုတ်ဘူး မင်းက ဉာဏ်ကောင်းတာ ကို ငါသိပါတယ် မင်းအတွက်အကောင်းဆုံးဖြစ်မယ့်ဟာကို မင်းသိသင့်ပါတယ်” ရှီမာယူယူ ပြောလိုက်သည်။

ဂူရှီသည် တုန်ယင်သွားကာ ချက်ချင်းပင် ဒူးထောက်လိုက်သည်။ သူမ၏ တစ်ကိုယ်လုံးသည် တုန်ယင်ကာ ပြောလေသည် “မြင့်မြတ်သောသမီးတော် ဘာတွေဖြစ်ခဲ့လဲဆိုတာ ဒီအစေခံမိန်းကလေးက တကယ်မသိပါဘူး”

“မင်း ဆုံးဖြတ်ချက်ချဖို့ ငါ အချိန် ၂ မိနစ်ပေးမယ်” ရှီမာယူယူသည် ထိုင်ခုံ တွင်ထိုင်ကာ လက်ဖက်ရည်တစ်ခွက်ကောက်ယူပြီး သောက်လိုက်သည်။

၂ မိနစ်ကုန်ဆုံးသွားသောအခါ သူမသည် လက်ဖက်ရည်ခွက်ကို ပြန်ချပြီး ဂူရှီ၏ ခေါင်းထိပ်ကိုစိုက်ကြည့်လိုက်သည်။

ဂူရှီသည် ခေါင်းမော့လာပြီး သူမကိုကြည့်ကာ ပြောလေသည် “ဘာတွေဖြစ်ခဲ့လဲဆိုတာ သခင်မလေးရဲ့ အစေခံမသိပါဘူး အဲဒီတစ်ယောက်က စံအိမ် တော်သခင်ရဲ့ နန်းတော်မှာ တစ်ညနေခဲ့တာကိုပဲသိပါတယ် ပြီးတော့ သခင်မ လေးရဲ့ အစေခံမိန်းကလေးက သခင်မလေးကို ခစားရတာပါပဲ ဘာတွေဖြစ်ခဲ့ တာလဲဆိုတာတော့ အစေခံမလေးက တကယ်ပဲမသိပါဘူး”

ရှီမာယူယူသည် သူမစကားများ အမှန် ဟုတ်မဟုတ်ကို သိချင်သဖြင့် သူမကို ကြည့်နေခဲ့သည်။ အတန်ကြာပြီးနောက် သူမ ထပြီးထွက်သွားသည်။ သူမ ဂူရှီကို ဖြတ်လျှောက်ပြီးသောအခါ ခေတ္တမျှ ရပ်လိုက်သည် “ငါ အဲဒါကို သိ ပါတယ် ငါ့ကိုဂရုစိုက်ဖို့အပြင် မင်းက ငါ့ကိုစောင့်ကြည့်ဖို့ လာခဲ့တာပဲ၊ နောက် ဖြစ်လာမယ့် အကျိုးဆက်ကို မင်းခံနိုင်မယ်ဆိုရင်တော့ ဘာတွေဖြစ်ခဲ့လဲဆိုတာ စံအိမ်တော်သခင်ကို ပြောလို့ရပါတယ်”

သူမ ထွက်သွားသောအခါ ဂူရှီသည် ကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပြတ်ထိုင် ချလိုက်သည်။ ထို့နောက် သူမသည် ဝိညာဉ်စေတီအတွင်းဝင်ကာ ကျုံကျန်းဟန်ယွဲ့ကို ချုပ်ထားသည့်နေရာသို့ သွားလိုက်သည်။

ကျုံကျန်းဟန်ယွဲ့သည် သူမ၏ သားရဲများ၏ တိုက်ခိုက်ခြင်းကိုခံရကာ သူမတွင် ဒေါသမရှိတော့ပေ။ သူမကို မြင်သောအခါ ဘာမှမပြောဘဲ ကြည့်ရုံ သာ ကြည့်နေခဲ့သသည်။

ရှီမာယူယူသည် သူမကို စကားအပိုမပြောချင်တော့ပေ။ သူမသည် ကျုံကျန်းဟန်ယွဲ့၏ ခန္ဓာကိုယ်ကို စမ်းသပ်ပြီးနောက် တစ်ခုခုကို ထင်ထား သည့်အတိုင်း ခေါင်းညိတ်လေသည်။

“မင်း ဒီလောက်ပျော်သွားတာ ငါ့ခန္ဓာကိုယ်မှာ ဘာတွေ့လိုက်လို့လဲ”

“မင်းရဲ့ ချိပ်စည်းပိတ်ထားတဲ့ မှတ်ဉာဏ်က ဘာလဲဆိုတာ ငါ သိပြီ” ရှီမာယူယူ ပြောလိုက်သည် “မင်းသိချင်လား”

“မသိချင်ဘူး မင်း ပြောပုံအရ ကောင်းတဲ့ကိစ္စမဖြစ်နိုင်ဘူး” ကျုံကျန်းဟန်ယွဲ့ နှာမှုတ်ကာ ရှီမာယူယူကို ငြင်းဆန်သည့်အကြည့်ဖြင့် ကြည့် လေသည်။

အရှုံးသမားများသည် အမြဲတစေ မှားယွင်းခဲ့သည်။ သူမသည် အခုချိန်တွင် အကျဉ်းသားဖြစ်နေရာ မည်သည့်အရာကို လုပ်နိုင်ဦးမည်နည်း။

“အဲဒါက ဘာလို့ ကိစ္စကောင်းမဟုတ်ရမှာလဲ မင်းအတွက် သတင်း ကောင်းတောင်ဖြစ်နိုင်သေးတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ အဲဒီ ပညာရှိစံအိမ်တော်က မြင့်မြတ်သောသမီးတော်တွေက အပျိုဖြစ်ရမယ်လို့ ငါ ကြားဖူးတယ် ချုံးကျိက မင်းကို ဒီလိုသရုပ်မှန်ကို ဘယ်လိုပေးလဲလို့ ငါသိချင်နေ ခဲ့တာ”

“ဘာအဓိပ္ပာယ်လဲ” ကျုံကျန်းဟန်ယွဲ့သည် သူမကို စိုက်ကြည့်လေသည်။

“ငါပြောတဲ့အတိုင်းပဲလေ မင်းမသိချင်ဘူးလား မင်းက အပျိုမဟုတ်တာ သေချာနေတာပဲ အဲတော့ ဘယ်လိုလုပ် မြင့်မြတ်သောသမီးတော်ဖြစ်လာတာ လဲ” ရှီမာယူယူ မေးလိုက်သည်။

“မဖြစ်နိုင်တာ ငါ အဲလိုတစ်ခါမှမလုပ်ဖူးဘူး အဲတော့ ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ” ကျုံကျန်းဟန်ယွဲ့သည် သူမကို မယုံပေ “မင်းငါ့ကို နိုင်ချင်တာ ငါသိ တယ် မင်းက ငါ့ကိုလဲကျစေချင်တာ ဒါပေမဲ့ ဒီလိုမျိုး လုပ်ကြံပြောလိုက်တာက အသုံးမဝင်ဘူး”

“ဟုတ်လား ငါ လုပ်ကြံပြောတယ်ဆိုတာ မင်းဘယ်လိုသိမှာလဲ မင်းရဲ့ ခန္ဓာကိုယ်ထဲက ပြောင်းလဲမှုတွေကိုတောင် မင်းမသိဘူးလား” ရှီမာယူယူသည် ပျော်ရွှင်စွာ ပြုံးလိုက်သည် “ငါ မင်းကို စမ်းသပ်ကြည့်ပြီးပြီ ပြီးတော့ မင်းခန္ဓာ ကိုယ်ကိုလည်း မြင်ပြီးပြီ၊ မင်းက အကောင်းဆုံး ကျင့်စဉ်ဖိုဖြစ်နေလိမ့်မယ်လို့ ငါလုံးဝ မသိခဲ့ဘူး”

ကျုံကျန်းဟန်ယွဲ့၏ မျက်နှာထားမှာ ပြောင်းလဲသွားသည်။ ရှီမာယူယူ ပြောသည်မှာ မှန်သည်။ သူမသည် သူမ၏ ခန္ဓာကိုယ်အ‌ကြောင်း အရှင်းလင်း ဆုံး သိသူဖြစ်သည်။ သူမက အသေးစိတ်ကိုဘယ်လိုလုပ် လွတ်သွားတာလဲ။ သို့သော် ရှီမာယူယူ ယနေ့တူးဆွသည့် ပြဿနာမှာ ဤကိစ္စဖြစ်လိမ့်မည်ဟု သူမ ထင်မထားပေ။

“မဖြစ်နိုင်တာ မင်း ငါ့ကိုလိမ်နေတာ” သူမ ခေါင်းခါပြီး ယုံရန်ငြင်းဆန် လိုက်သည်။

“မင်းလုပ်နေတာကို ကြည့်ပါဦး မင်းကြည့်ရတာ အရမ်းပျော်ပုံမပေါက်ဘူး အမှန်ဆိုရင် မင်းခန္ဓာကိုယ်က မင်းအတွက် အရေးအကြီးဆုံးပဲ၊ မင်းက ဘယ်သူ့ အတွက်ကိုမှ အခြေမချသလို မင်းနဲ့လိုက်တဲ့ ယောက်ျားမရှိဘူးလို့ ထင်နေတာ၊ အခု မင်းရဲ့ခန္ဓာကိုယ်က အကြောင်းအရင်းမရှိ ချိုးဖဲ့ခံလိုက်ရပြီ ပြီးတော့ မှတ်ဉာဏ်ကိုတောင် ချိပ်စည်းပိတ်ခံလိုက်ရတာ မပျော်တာဖြစ်သင့်ပါတယ်လေ” ရှီမာယူယူ ခွဲခြမ်းစိတ်ဖြာလိုက်သည် “ဒါပေမဲ့ နားလည်ဖို့အခက်ဆုံးက သူက မင်းကိုလိုချင်ရဲ့သားနဲ့ ဘာလို့များ မင်းရဲ့မှတ်ဉာဏ်ကို ချိပ်ပိတ်ထားတာ လဲ၊ သူက မင်းကိုကစားချင်နေသလိုပဲ”

“ပါးစပ်ပိတ်ထား” ကျုံကျန်းဟန်ယွဲ့သည် နားများကိုပိတ်ကာထားပြီး အော်ဟစ်လိုက်သည် “ရှီမာယူယူ မင်းပြောနေတဲ့ စကားတွေအတွက် သက်သေ မရှိဘူးမလား ငါ့ကိုတိုက်ခိုက်ဖို့ ဒီစကားတွေကို သုံးဖို့မစဉ်းစားလိုက်နဲ့ ငါ ယုံမှာ မဟုတ်ဘူး”

“ငါက ဘယ်တုန်းက မင်းကိုတိုက်ခိုက်ချင်လို့လဲ မင်းကို အမှန်တရား ပြောပြရုံတင်ပဲ မင်းမကြားချင်ရင်တော့ ထပ်မပြောရုံပဲပေါ့” ရှီမာယူယူ ပခုံးတွန့် လိုက်သည်။ သူမ ခံစားနေရသည်ကိုမြင်သောအခါ ရှီမာယူယူ မဲ့ပြုံးပြုံးလိုက်သည် “တကယ်တော့ မင်းရဲ့ခန္ဓာကိုယ်အရဆိုရင် ပညာရှိစံအိမ်တော်ကို လာ မယ့်အစား တုနန်မျိုးနွယ်ကိုသွားလိုက်တာက အနာဂတ်ပိုတောက်ပဦးမယ် သူတို့ကျင့်စဉ်နည်းလမ်းက မင်းနဲ့လိုက်မှာ သူတို့တွေပျက်သုဉ်းသွားတာတော့ နှမြောစရာပဲ”

“ပါးစပ်ပိတ်ထားစမ်း အပျက်မ ဒီလိုနည်းလမ်းနဲ့ ငါ့ကို ကိုင်တွယ်ဖို့ကလွဲ ပြီး မင်းဘာလုပ်နိုင်သေးလဲ မင်းမှာသတ္တိရှိရင် ငါ့ကိုလာသတ်လိုက်လေ” ကျုံကျန်းဟန်ယွဲ့သည် အော်လိုက်သည်။

“မင်းက အဲလောက်တောင် သေချင်နေတာပဲ” ရှီမာယူယူသည် သူမရှေ့ သို့ပြေးသွားပြီး နှာမှုတ်လိုက်သည် “အရင်ကတော့ မင်းကို အရမ်းသတ်ချင်နေ ခဲ့တာ ဒါပေမဲ့ အခုတော့ နားလည်သွားခဲပြီ မင်းကိုအသက်ရှင်လျက်ထားလိုက် တာက ပိုပြီးခံစားစေမှာပဲ မင်းငါ့ကိုပေးတဲ့ နာကျင်မှုကို မင်းကို တစ်ခုချင်းစီ ပြန်ပေးမယ် ဒီမှာဆိုရင် သေတာက ဘယ်လောက်တောင် ဇိမ်ကလိုက်မလဲလို့ တောင် တွေးမိသွားစေရမယ်”

“ရှီမာယူယူ အပျက်မ မိန်းမပျက် ငါ မင်းကိုသတ်မယ်” ကျုံကျန်းဟန်ယွဲ့သည် ရှီမာယူယူကို တိုက်ခိုက်လေသည်။ သို့သော် ရှီမာယူယူသည် သူမ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။

***

All Chapters