တကယ်ပဲ အရှက်မရှိတာပဲ
Vol. 124 Ch. 1725
ရှီမာယူယူသည် သူမကို ဖယ်ထုတ်ပစ်ရာ ကျုံကျန်းဟန်ယွဲ့သည် ခပ်ဝေးဝေးသို့ ကျသွားလေသည်။ သူမ၏ ခေါင်းသည် နံရံနှင့် ခပ်ပြင်းပြင်းတိုက် မိသွားလေသည်။
သူမ ခေါင်းမော့လာသည်နှင့် မျက်နှာဘေးတွင် သွေးများ စီးကျလာတော့ သည်။ သူမသည်ရှီမာယူယူအား ကြောက်စရာကောင်းလောက်အောင်ကြည့်ပြီး အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် နုတ်နုတ်စဉ်းချင်နေသည့်ပုံပင်။
ရှီမာယူယူသည် သူမလက်ကိုသုတ်ပြီး အဝတ်ကို ကြမ်းပြင်ပေါ်သို့ ပစ် ပေးလိုက်သည်။ သူမသည် အထင်သေးစွာဖြင့် ပြောလိုက်သည် “ငါ့ကို အဲလိုမျိုး ကြည့်လည်းအသုံးမဝင်ဘူး မင်း ငါ့ကိုလိမ်ပြီး လုပ်ကြံခဲ့တာ ဒီလိုနေ့မျိုး ရောက် လာမယ်ဆိုတာ မင်းသိသင့်တယ်”
“ငါ့ကိုသာ သတ်လိုက်ပါတော့” ကျုံကျန်းဟန်ယွဲ့သည် သူမကို ကြည့် လိုက်သသည် “အရင်က မင်းလိုသာဆိုရင် ရန်သူကို ဒီလိုမျိုးဆက်ဆံမှာမဟုတ် ဘူး မင်းက သူတို့ကို တစ်ခါတည်းသတ်လိုက်တာပဲ ငါ့ကျမှ ဘာလို့အရှင် ထား တာလဲ”
“ဘာလို့လဲဆိုတော့ မင်းလောက်ကို ဘယ်သူ့ကိုမှ မမုန်းဖူးလို့ပဲ” ရှီမာယူယူ၏ အမူအရာမှာ မုန်းတီးသည့်မျက်နှာဖုံးကို ပြောင်းလိုက်သလိုပင် “ငါက မင်း ဒီမှာ လွတ်လပ်မှုမရှိ တစ်သက်လုံးနေပြီး နေ့တိုင်း နာကျင်တဲ့ဘဝနဲ့ နေရင်း ငါ့ ခြေလှမ်းတိုင်းက ထိပ်ကိုတက်သွားတာကို ကြည့်စေချင်တာ”
ကျုံကျန်းဟန်ယွဲ့သည် ရှီမာယူယူကို မယုံကြည်နိုင်စွာဖြင့် ကြည့်လေ သည်။
ရှီမာယူယူသည် သူမမျက်နှာမှ နာကျင်မှု ဒေါသနှင့် မျှော်လင့်ချက်မဲ့နေသည်များကို မြင်ရပြီး ပြုံးလိုက်သည်။
“မနက်ဖြန်ဆိုရင် မင်းမျက်လုံးနဲ့ ကိုယ်တိုင်မြင်စေရမယ် မင်း ကြီးလာခဲ့ တဲ့ မျိုးနွယ်ကို ငါ ချေမှုန်းလိုက်သလိုမျိုး မင်းရဲ့နောက်ဆုံး မျှော်လင့်ချက်ကို ငါ ဖျက်ဆီးပြမယ်”
ပြောပြီးနောက်တွင် သူမလှည့်ထွက်လိုက်သည်။ မနက်ဖြန် ဖြစ်ပျက်မည့် ကိစ္စများအားလုံးကို ကျုံကျန်းဟန်ယွဲ့အား ပြောပြရန် သူမ ဝိညာဉ်လေးကို ညွှန်ကြားခဲ့သည်။
ကျုံကျန်းဟန်ယွဲ့သည် ကြမ်းပေါ်တွင် လဲနေကာ သူမထွက်သွားသည်ကို ကြည့်နေခဲ့သည်။ သူမ အောင့်အီးခဲ့သော မျက်ရည်များကျလာသည်။
ရှီမာယူယူသည် ဝိညာဉ်စေတီမှထွက်လာသည်။ သူမ ခံစားချက်မှာ အလွန်ကောင်းနေသည်။ သူမ၏ မိခင်ဖြစ်သူသည် မသေခင်တွင် လက်စား မချေဘဲ ပျော်ရွှင်သည့်ဘဝနှင့်နေရန် ငိုရင်းနှင့် ပြောသွားသည်ကို သူမ ပြန်တွေး နေမိသည်။
“အမေ လက်စားချေဖို့ပဲ စိတ်ထဲမှာရှိတဲ့လူတွေက တစ်ဘဝလုံးမှာ မပျော် တာကိုသိလို့များ သမီးကိုအဲလိုပြောခဲ့တာလား”
နောက်နေ့တွင် ရှီမာယူယူသည် နန်းတော်သို့ မနက်အစောတွင် သွား လိုက်သည်။ ယနေ့တွင် သူမ ထူးထူးခြားခြားလုပ်ရန်မရှိပေ။ သူမသည် ချုံးကျိ ကိုအဖော်ပြုကာ ဘေးတွင်နေပေးရုံသာဖြစ်သည်။
သူမသည် မနေ့ညက သိလိုက်သည့်အကြောင်းကို ပြန်တွေးနေမိသည်။ သူမ ချုံးကျိကို ကြည့်လိုက်သောအခါ လူသားအင်္ကျီဝတ်ဆင်ထားသော မိစ္ဆာ တစ်ကောင်လိုခံစားရလေသည်။
“ဒီနေ့ တစ်နေလုံး ငါ့ဘေးမှာနေရမယ် နားလည်လား” ချုံးကျိသည် သူမ အပြုအမူ ပြောင်းသွားသည်ကို သတိမထားမိဘဲ သူမကိုညွှန်ကြားလေသည်။
ရှီမာယူယူသည် သူ့အသံတစ်ခုခုထူးခြားနေသည်ကို သတိထားမိပြီး မေး လိုက်သည် “တစ်ခုခုများဖြစ်လို့လား”
“မနေ့ညကမှ သိခဲ့ရတာ ရှေးဟောင်းဝိညာဉ်သားရဲတွေက ဘယ်လိုလုပ် သတင်းရလိုက်လဲမသိဘူး သူတို့အခု ဒီကိုလာနေကြတယ် ဒီနေ့ပွဲက ငါတို့ ထင် ထားသလို ချောမွေ့မှာမှာမဟုတ်ဘူး” ချုံးကျိ ပြောလိုက်သည် “ကြီးမြတ်သော ဝူလင်းက အရမ်းအားကောင်းတယ် တခြားရှေးဟောင်းဝိညာဉ်သားရဲတွေက လည်း ကိုင်တွယ်ဖို့မလွယ်ဘူး ငါ့နားမှာနေဖို့ပဲ မှတ်ထား”
“အင်း နားလည်ပါပြီ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
အချိန်ကို ခန့်မှန်းပြီးနောက် ချုံးကျိသည် အားလုံးကို ကွင်းပြင်ကျယ်တွင် စုခိုင်းလိုက်သည်။ ရှီမာယူယူသည် တိတ်တိတ်ဆိတ်ဆိတ်ပင် သူတို့နောက် လိုက်သွားလိုက်သည်။ သူတို့ ကွင်းပြင်ကျယ်သို့ မရောက်ခင်မှာပြင် အတွင်းမှ လာသည့် ဖိအားများစွာကို ခံစားရလေသည်။
ပညာရှိစံအိမ်တော်သည် အဆင့်အတန်းမြင့်ပုံပေါက်သည်။ သူတို့ တက်ရောက်ရန် ဖိတ်ကြားထားသူများသည် သာမာန်အားတော့မဟုတ်ပေ။
လျှောက်ဝင်ပြီးနောက် ကွင်းတစ်ခုလုံး ငြိမ်ကျသွားလေသည်။ ချုံးကျိ သည် ပင်မထိုင်ခုံသို့လျှောက်သွားပြီး ထိုင်လိုက်သည်။ ရှီမာယူယူသည် သူ့ဘေး သို့လာပြီး သူ့ဘေးတွင်ပင်ထိုင်လိုက်သည်။ ပညာရှိစံအိမ်တော်တွင် သူမ၏ ရာထူးသည် စံအိမ်တော်ဒုသခင်ထက်ပင် မြင့်နေသည်။
“ဧည့်သည်တော်တို့ ဒီနေ့ ကျုပ်တို့ညီလာခံကို လာတဲ့အတွက် ကြိုဆိုပါ တယ် ကျုပ်တို့ ဒီရက်ပိုင်းတွေမှာ အလုပ်များနေလို့ ဧည့်ဝတ်မကျေဘူးဖြစ်သွား ပါတယ် ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ” ချုံးကျိသည် အောက်မှလူများကို ယဉ်ကျေး စွာပြောရာ ကိစ္စမရှိပါဘူး အဖြေပြန်ရလေသည်။
“အခုအချိန်မရတော့ဘူးဆိုတော့ အပိုစကားတွေမပြောတော့ဘူး အဓိက အချက်ကိုပဲပြောပြီး ဒီနေ့ညီလာခံရဲ့ အဓိကရည်ရွယ်ချက်ကိုပဲ ဆွေးနွေးသွား မယ် အဲဒီရှေးဟောင်းဝိညာဉ်သားရဲ မျိုးနွယ်က နောက်ပိုင်းမှာ ရိုင်းစိုင်းလာတာကို ဒီကအားလုံးလည်းသိကြမှာပါ သူတို့က လူသားတွေကို သတ်ပြီး ကျုပ်လို့ မြေကိုလုပြီး ဒီနေရာမှာ အစကတည်းကနေလာတဲ့ ဝိညာဉ်သားရဲတွေကို နှင်ထုတ်ချင်နေတာ သူတို့က အရိုင်းအစိုင်းတွေပါ လူသားနဲ့ ဝိညာဉ်သားရဲတွေ ကို ကြီးမားတဲ့ခြိမ်းခြောက်မှုကြီးဖြစ်နိုင်တယ် အဲဒါကြောင့် ဒီနေ့ သူတို့ကို အနိုင် ယူဖို့ နည်းလမ်းစဉ်းစားရမယ်”
“စံအိမ်တော်ချုံး ကောင်းကင်ခွဲနတ်ဆိုးဓားအကြောင်း ဆွေးနွေးဖို့ ကျုပ် တို့ကို ဒီကိုဖိတ်တာလို့မပြောဘူးလား” အောက်မှ လူများမေးကြလေသည်။
“အမှန်ပါပဲ ကောင်းကင်ခွဲနတ်ဆိုးဓားကလည်း ဆွေးနွေးမယ့်အထဲမှာပါ ပါတယ် ဒါပေမဲ့ ဒီအကြောင်းကိုတော့ နောက်မှဆွေးနွေးပါမယ် အရင်ဆုံး ရှေးဟောင်းဝိညာဉ်သားရဲတွေအကြောင်း ဆွေးနွေးကြတာပေါ့” ချုံးကျိ ပြော လိုက်သည် “ဒီကိစ္စကို မဖြေရှင်းရင် ရှေးဟောင်းဝိညာဉ်သားရဲတွေရဲ့ ခြိမ်းခြောက်မှုကို ကျုပ်တို့တွေ မရေတွက်နိုင်အောင် ရင်ဆိုင်ရလိမ့်မယ်”
“စံအိမ်တော်သခင်ချုံး ပြောတာမှန်တယ် ရှေးဟောင်းဝိညာဉ်သားရဲတွေ က နောက်ပိုင်းမှာ အရမ်းကိုမတရားကျူးကျော်လာကြတယ် ကျုပ်တို့ ပို့လိုက် တဲ့လူတွေလည်း အသတ်ခံလိုက်ရတယ်” ချုံးကျိ စကားဆုံးချိန်တွင် လူတစ်ယောက်သည် ချက်ချင်းပင် သဘောတူလေသည်။ ရှီမာယူယူ ကြည့်လိုက် သည်။ သူက ချုံးကျိရဲ့ အရင်းနှီးဆုံးသူငယ်ချင်းမလား။
သူမ နှုတ်ခမ်းတွန့်လိုက်သည်။ ဤကဲ့သို့အချိန်တွင် ထိုစကားထွက်လာ သည်မှာ မည်သို့ပင် မြင်စေကာမူ အားလုံး၏ ခံစားချက်ကို လွှမ်းမိုးစေနိုင်မည်။ သူမ ကြည့်လိုက်သည်နှင့် ချုံးကျိစီစဉ်ထားခြင်းဖြစ်ကြောင်း ပြောနိုင်သည်။
သို့သော် သူ့လိုလူသည် တစ်ယောက်တည်းကို စီစဉ်ထားမည်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေကာမူ လူအနည်းစုကိုတော့ စီစဉ်ထားနိုင်သည်။ ထိုအခါမှပင် တခြားသူများ သဘောတူရန် လွှမ်းမိုးနိုင်မည်ဖြစ်သည်။
ထင်ထားသည့်အတိုင်းပင် ထိုလူပြောပြီးသည်နှင့် လူတချို့လည်း သဘောတူကြလေသည်။ သူတို့သည် ရှေးဟာင်းဝိညာဉ်သားရဲများကို ရယ်စရာ အဖြစ်မြင်ကြကာ တခြားသူများကို အတူတကွတိုက်ခိုက်ရန် လှုံ့ဆော်လေ သည်။
ထိုလူများ ပြောသည်ကိုနားထောင်ပြီးနောက် တခြားလူများလည်းလည်း ဒေါသထွက်လာကြသည်။ ရှေးဟောင်းဝိညာဉ်သားရဲများသည် ဤကမ္ဘာမှ ပျောက်ကွယ်သွားသင့်သည်ဟု ခံစားမိပြီး သူတို့ကိုရှင်းပစ်ချင်လာကြသည်။
“စံအိမ်တော်သခင် စဉ်းထားတာ တစ်ခုခုများရှိလို့လား” နောက်ဆုံးတွင် လူတစ်ယောက်သည် အဓိကမေးခွန်းကို ထောက်ပြလေသည်။
“ရှေးဟောင်းဝိညာဉ်သားရဲတွေက အရမ်းအားကောင်းကြတယ် သူတို့ကို တစ်ယောက်တည်း ဖြေရှင်းဖို့ဆိုရင် ကျုပ်တို့မှာ အောင်နိုင်ချေ သိပ်မရှိဘူး အဲဒါကြောင့်် သူတို့ကို ကိုင်တွယ်ဖို့ဆိုရင် မဟာမိတ်ဖွဲ့၊ နည်းလမ်းရှာပြီးမှ တိုက်ခိုက်ရမှာပဲ” ချုံးကျိ ပြောလိုက်သည်။
“ဟုတ်တယ် ကြီးမြတ်သောဝူလင်းက အရမ်းအားကောင်းတယ်လို့ ကြားတယ် အဲဒီရှေးဟောင်းဝိညာဉ်သားရဲတွေလည်း အတူတူပဲ၊ ကျုပ်တို့ကို တစ်ယောက်ယောက်သာ လမ်းပြနိုင်ရင် သူတို့ကိုကြောက်မနေတော့ဘူး”
“အဲဒါတင်မဟုတ်ဘူး အဲဒီရှေးဟောင်းဝိညာဉ်သားရဲတွေကို ကျုပ်တို့ ဖမ်းနိုင်ပြီး စာချုပ်တည်ထောင်နိုင်ရင် ကျုပ်တို့ သန်မာလာမှာမဟုတ်ဘူးလား”
“ဒါပေမဲ့ သူတို့ကိုဖမ်းလိုက်ရင်တောင် သူတို့နဲ့စာချုပ်တည်ထောင်လို့မရ ဘူး သူတို့က သခင်အဖြစ် ဘယ်တော့မှသတ်မှတ်မှာမဟုတ်ဘူး ပြီးတော့ သူတို့ကို ထိန်းကျောင်းဖို့ နည်းလမ်းမရှိလို့ စာချုပ်တည်ထောင်ဖို့ နည်းလမ်းမရှိ ဘူး”
“ကျုပ်တို့ သူတို့နဲ့ စာချုပ်မတည်ထောင်နိုင်ဘူးလို့ ဘယ်သူပြောလိုက် သူတို့တွေအများကြီးကို စာချုပ်တည်ထောင်နိုင်တဲ့သူ ရှိတာ ခင်ဗျားတို့ မေ့နေ ကြသလား”
“ခင်ဗျားပြောတာ ပြည်နယ် ၆၄ ကရှီမာမျိုးနွယ်လား”
“ဟုတ်တယ် သူတို့က ရှေးဟောင်းဝိညာဉ်သားရဲ အများကြီးနဲ့ စာချုပ် တည်ထောင်နိုင်တယ် ဆိုလိုတာက သူတို့မှာ ထိန်းကျောင်းဖို့နည်းလမ်း သေချာ ပေါက်ရှိမှာပဲ၊ သူတို့ကို စိတ်ရင်းနဲ့သိမ်းသွင်းပြီး သူတို့ရဲ့ သားရဲထိန်းကျောင်းမှု နည်းလမ်းရရင်တော့ ရှေးဟောင်းဝိညာဉ်သားရဲဆိုရင်တောင် သုံးလို့ရသေး တယ်”
ရှီမာယူယူသည် အစက သူတို့ဆွေးနွေးမှုများကို စိတ်မဝင်စားပေ။ သို့သော် သူတို့ ရှီမာမျိုးနွယ်ဟု ပြောလိုက်သည်နှင့် ခေါင်းထောင်ကာ ထိုလူများ ကို ကြည့်လိုက်သည်။
တော်လိုက်ကြတာ… သူတို့က အရမ်းကို ရဲတင်းကြလွန်းလို့ ဒီလိုတောင် ချီးကျူးပေးရမယ်။ အချိန်ကျလျှင် သူတို့ကို အသက်ရှင်လျက်ထားမထားကို သူမ အခုလေးတင်တွေးလိုက်မိပြီဖြစ်သည်။
“ရှီမာမျိုးနွယ်ကို သွားမရှုပ်ရဲဘူး သူတို့က အခု အဲလောက်အားမကောင်း သေးပေမဲ့ အဲဒီရှီမာယူယူက ကျုပ်တို့ကိုခေါင်းကိုက်စေတယ်”
“သူမ ဘယ်လောက်ပဲ အားကောင်းကောင်း တိုင်းပြည်တစ်ခုလုံးကိုတော့ ရန်သူမလုပ်နိုင်ပါဘူး ဟုတ်တယ်မလား၊ ကျုပ်တို့ အဖွဲ့ဖွဲ့လိုက်ရင် ပြဿနာ မဖြစ်နိုင်တော့ဘူး သားရဲထိန်းကျောင်းနည်းလမ်းကောင်းဆိုရင် အစကတည်း က အကုန်လုံးနဲ့မျှဝေရမှာလေ အားလုံးပဲ မဟုတ်ဘူးလား”
ရှီမာယူယူ ပြုံးလိုက်သည်။ ဒီလူတွေက တကယ်ပဲအရှက်မရှိကြဘူးပဲ။
“စံအိမ်တော်ခွဲသခင် ရှင်က ဒီလိုမျိုး တရားမျှတနေတာ ဒီလိုဆိုရင် ရှင့် ဂိုဏ်းက သိုင်းပညာကို အားလုံးကို မျှပေးချင်မလား” သူမ ဝင်ပြောလိုက်သည်။
****