အတူတကွလာခြင်း
Vol. 124 Ch. 1726
ရှီမာယူယူ ထိုသို့ပြောလိုက်ချိန်တွင် တစ်ကွင်းလုံးသည် စက္ကန့်အနည်း ငယ်မျှ တိတ်ဆိတ်သွားလေသည်။ သူမ ရုတ်တရက် ဘာကြောင့် ထိုကဲ့သို့ ပြောလိုက်သည်ကို အားလုံး နားမလည်နိုင်ဖြစ်နေကြသည်။
“မြင့်မြတ်သောသမီးတော် ဒါဘာအဓိပ္ပာယ်လဲ” သူမဆီမှ ငေါက်ငမ်း ခံလိုက်ရသော ခေါင်းဆောင်ချင်းသည် ဒေါသတကြီးမေးလေသည်။
“ကျွန်မပြောသိလိုပဲလေ” ရှီမာယူယူ ပခုံးတွန့်လိုက်သည် “ခေါင်းဆောင် ချင်း ရှင်ကိုယ်တိုင်ပဲပြောတာလေ အားလုံးက သူတို့ရတဲ့ နည်းလမ်းကို မျှဝေ သင့်တယ်ဆို ဒီလိုဆိုရင် ရှင့်ရဲ့သိုင်းပညာက ဒီလောက်ကောင်းတာ ဘာလို့ သူတို့ကို မသင်ခိုင်းရမှာလြ ဟန်ယွဲ့က ဒီအကြောင်းကို အရမ်းသိချင်နေလို့ပါ”
“မင်း”
“မဟုတ်ရင် ရှင်ပြောတာက ခေါင်းဆောင်ချင်း ရှီမာမျိုးနွယ်က နည်းလမ်းကပဲ မျှဝေရမှာဖြစ်ပြီး တခြားသူတွေကကျ မရဘူးလား ဒါဆိုရင် ရှင် ဒီဆင်ခြေ ကို မသုံးသင့်ဘူး ရှင်က လူတိုင်းကိုပြောနေတာဆိုတော့ ဒီကလူတွေရဲ့ ဂုဏ် သိက္ခာကိုတောင် ပစ်အောင်လုပ်လိုက်တာပဲ” ရှီမာယူယူသည် အငြိုးကြီးစွာ ပြောလိုက်သည်။
သိပ်မဝေးသောနေရာတွင် ထိုင်နေသော ရွှမ်ချုံးဟော်သည် ရှီမာယူယူ၏ စကားများကို ကြားသောအခါ ခေါင်းမော့ပြီးကြည့်လေသည်။ သူမသည် သူ မသိသည့်လူဖြစ်နေသည်ကို မြင်သောအခါ မျက်ခုံးကို အသာအယာကြုတ်မိ သည်။
ခေါင်းဆောင်ချင်းသည် သူမ စကားများကြောင့် ရှက်သွားလေသည်။ သူသည် နည်းလမ်းကို လုယက်ရန် ဆင်ခြေသုံးလိုက်ရုံသာဖြစ်သည်။ ရှီမာယူယူ သည် သူ့ကို ဖော်ထုတ်ကာ အရှက်ခွဲလိမ့်မည်ဟု ထင်မထားပေ။
“စံအိမ်တော်သခင်ချုံး ဒါဘာအဓိပ္ပာယ်လဲ” ခေါင်းဆောင်ချင်းသည် အရှက်ရကာ ဒေါတကြီးထရပ်ကာ သင့်တင့်သော ရှင်းပြချက်မပေးလျှင် ချက်ချင်းပင် ထထွက်သွားတော့မည့်ပုံဖြစ်နေသည်။
“ဟန်ယွဲ့ ခေါင်းဆောင်ချင်းကို တောင်းပန်လိုက်” ချုံးကျိ သူမကို ညွှန်ကြားလိုက်သည်။
ရှီမာယူယူသည် ထပြီး ခေါင်းဆောင်ချင်းကို ဦးညွှတ်ကာ ပြောလိုက်သည် “ခေါင်းဆောင်ချင်း စိတ်လျှော့ပါ ကျွန်မ ပြောတဲ့စကားတွေက နားထောင်ရ ခက်ပေမဲ့ ရှင့်အတွက်ပြောတာပါ”
“ငါ့အတွက် မှန်တယ်ဆိုရင် ဒီစကားကို ငါ ကြားချင်ပါ့မလား” ခေါင်းဆောင်ချင်းသည် အေးစက်စွာ နှာမှုတ်လေသည်။
“ဟုတ်ပြီလေ ဒါဆိုရှင် ကျွန်မ ရှင့်ကိုရှင်းပြမယ် ခေါင်းဆောင်ချင်း” ရှီမာယူယူ ပြောလိုက်သည် “ရှင်ပြောချင်သလိုဆိုရင် ရှင်က ရှီမာမျိုးနွယ်ကို ဖိအားပေးပြီး သူတို့ရဲ့ သားရဲထိန်းကျောင်းမှုနည်းလမ်းကို ထုတ်လာစေချင်တာ မလား မငြင်းပါနဲ့ဦး ဒီမှာရှိနေတာ သုံးနှစ်ကလေးတွေမဟုတ်ဘူး ကျွန်မတို့ အားလုံးနားလည်ကြတယ်”
ခေါင်းဆောင်ချင်းသည် ပြန်ချေပချင်သော်လည်း သူမသည် ပြန်တား လိုက်သည်။ ထို့ကြောင့် သူ၏ မျက်နှာမှာပို၍ပင် မည်းနက်လာသည်။
“ရှီမာမျိုးနွယ်က အရမ်းကြီးအားမကောင်းပေမဲ့ အဲဒါကိုပဲ ကြည့်လို့မရဘူး သူတို့အနောက်မှာ တခြားအင်အားတွေ ရှိနေတာကို စဉ်းစားရမယ် ထိပ်တန်း တောင်ကြားနဲ့ ကောင်းကင်ဂိုဏ်းလို အင်အားငယ်တွေက သူတို့နဲ့ ထဲထဲဝင်ဝင် ပတ်သက်နေကြတယ် ဖန်မျိုးနွယ်ကိုရော စဉ်းစားမိရဲ့လား၊ ရှင်က ဖန်မျိုးနွယ် ကို နိုင်မယ်လို့ထင်လား ငှက်မျိုးနွယ်တစ်ခုလုံးလည်းရှိသေးတယ် သူတို့ရဲ့ ပင်ကိုယ်အားက အဲလောက်အားမကောင်းပေမဲ့ ငှက်မျိုးနွယ်တစ်ခုလုံးကို ထပ် ပေါင်းလိုက်ရင် နိုင်မယ်ဆိုတာ အာမခံနိုင်လား…. ခရမ်းရောင်ရေနဂါးမျိုးနွယ် ကလည်း ကြယ်ကိုးပွင့်သမုဒ္ဒရာတစ်ခုလုံးကို ပြန်စုစည်းလိုက်ပြီလို့ကြားတယ် သမုဒ္ဒရာထဲက ဝိညာဉ်သားရဲတွေနဲ့ ရှင် ဆန့်ကျင်နိုင်လား”
ရှီမာယူယူ ပြောလိုက်သည်နှင့် ရှေးဟောင်းဝိညာဉ်သားရဲများကို နှိမ်နှင်း ချင်သည်နှင့် ဇောကပ်နေသော ထိုလူများ သတိပြန်ကပ်လာသည်။
“အဲတော့ မင်းပြောချင်တာက ရှီမာမျိုးနွယ်ကို ထိလို့မရဘူးပေါ့” နောက် တစ်ယောက်သည် ထပြောလေသည်။
“သူတို့ကို မထိလို့မရတာမဟုတ်ဘူး အစီအစဉ်ပြောင်းရမယ် သူတို့ကို ပေါ်တင်ကြီးဖိအားပေးတာက ကျွန်မတို့ မျှော်မှန်းထားတဲ့ရလဒ်ရမှာမဟုတ်ဘူး ဒါပေမဲ့ အလဲအလှယ်တော့ရှိရမယ် သူတို့ကို အကျိုးအမြတ် လုံလုံလောက်လောက်ပေးရင်တော့ သူတို့မငြင်းနိုင်ပါဘူး” ရှီမာယူယူ ပြော လိုက်သည် “ခင်မင်မှုကို ဖျက်မှာလား ဒါမှမဟုတ်ရင် အကျိုးအမြတ်ရှိတဲ့ အလဲအလှယ်လုပ်မှာလား ဘယ်ဟာက ပိုကောင်းတယ်လို့ ရှင်ထင်လဲ”
ပြောပြီဂနောက်တွင် သူမသည် အားလုံးကို ဦးညွှတ်ပြီး သူမနေရာသို့ ပြန်သွားလိုက်သည်။
အားလုံးသည် တိတ်ဆိတ်သွားကာ တွက်ချက်နေသည်။ သူတို့သည် အင်ပါယာသားရဲကျမ်းကို ရနိုင်သော်လည်း နောက်ဆုံးတွင် အရှုံးထွက်နိုင် သည်။ ထို့အပြင် နောက်ပိုင်းတွင် အကျိုးအမြတ်ကိုပါ ဆုံးရှုံးစေနိုင်ပြီး ခေါင်းကိုက်စရာပါ ဖြစ်လာနိုင်သည်။
ရှီမာယူယူသည် သူတို့မျက်နှာထားများ တဖြည်းဖြည်း ပြောင်းလဲနေသည် ကို ကြည့်ပြီး စိတ်ထဲမှ နှာခေါင်းရှုတ်မိသည်။ သူတို့က ရှီမာမျိုးနွယ်ကို အကွက် ဆင်ချင်နေတာလား။ အဲဒါကတော့ သူတို့ သွေးကို ဘယ်လောက် အဆုံးရှုံးခံနိုင် တဲ့အပေါ်မှာ မူတည်သေးတယ်။
“ရှီမာမျိုးနွယ်က သဘောတူပါ့မလား” တချို့လူများသည် သူမစကားတွင် ပါလာပုံရသည်။
“ဖန်မျိုးနွယ်နဲ့ ငှက်မျိုးနွယ်က ကြားမဝင်သရွေ့ ရှီမာမျိုးနွယ်က ရွေးစရာ မရှိဘူးလေ” ရှီမာယူယူသည် ထိုစကားနှစ်ခွန်းကိုသာ ပြောလိုက်သည်။
တကယ်တော့ ဉာဏ်ကောင်းသူဆိုလျှင် သူမ စကားများသည် ယုံနိုင်စရာ မရှိသည်ကို သိသင့်သည်။ သူတို့က ဖန်မျိုးနွယ်နဲ့ ငှက်မျိုးနွယ်တို့ကို ကြားမဝင် စေချင်ဘူးလား။ ဒါကဖြစ်နိုင်လို့လား။ ဒါကဖြစ်နိုင်ချေတွေအားလုံးရဲ့ အပြင် ဘက်ရောက်နေပြီ။
သို့သော် ထိုလူများသည် ဉာဏ်ရည်နိမ့်ပါးသဖြင့် သားရဲထိန်းကျောင်း သည့် နည်းလမ်းကိုသာ လုံးဝအာရုံစိုက်ထားလေသည်။ သူတို့သည် ထိုအရာကို မစဉ်းစားမိကြပေ။
“ဒါပေမဲ့ ရှီမာမျိုးနွယ်က သွားထိဖို့မလွယ်ဘူး ကျုပ်တို့သာ ရှေးဟောင်း ဝိညာဉ်သားရဲတွေကို မဖမ်းနိုင်ရင် သားရဲထိန်းကျောင်းမှုနည်းလမ်းကလည်း ကျုပ်တို့အတွက် အသုံးမဝင်ဘူး အဲမတိုင်ခင်ကို အဲဒီရှေးဟောင်းဝိညာဉ်သားရဲ တွေရဖို့လိုသေးတယ်” ချုံးကျိ ပြောလိုက်သည် “မဟုတ်ရင် မျိုးနွယ်တစ်ခုကို သွားစော်ကားလိုက်တာ မတန်ဘူးဖြစ်နေမယ်”
သည်လိုနှင့် သူသည် အကြောင်းအရာကို ပြန်ဆွဲခေါ်လိုက်သည်။
ထိုသို့ဖြစ်ပျက်ပြီးနောက် အားလုံးသည် ပြန်ပြီးသက်ဝင်လှုပ်ရှားလာကြ သည်။ သူတို့သည် ရှေးဟောင်းဝိညာဉ်သားရဲများကို ရပြီး သားရဲထိန်းကျောင်းမှု နည်းလမ်းကိုပါ ရလိုက်ပါက တစ်ဆင့်ပြီးတစ်ဆင့် တက်နိုင်သွားမည်ဖြစ်သည်။
“ဒီရှေးဟောင်းဝိညာဉ်သားရဲတွေက အစုလိုက်အပြုံလိုက်သတ်တာများ နေပြီ သူတို့ကိုမရှင်းရင်တော့ ငြိမ်းချမ်းတဲ့နေ့ကို ဘယ်တော့မှရမှာမဟုတ်ဘူး အဲဒီရှေးဟောင်းဝိညာဉ်သားရဲတွေကို ရှင်းဖို့ မဟာမိတ်ဖွဲ့မယ်ဆိုတာကို ကျုပ် ထောက်ခံတယ်”
“ကျုပ် သဘောတူပါတယ်”
“ကျုပ်တို့လည်း သဘောတူတယ်”
ချုံးကျိ၏ ပါးစပ်မှာ အပြုံးသဲ့သဲ့ဖြစ်ပေါ်သွားသည် “အကုန်လုံးက သဘောတူကြမှတော့ မဟာမိတ်လုပ်လို့ရတာပဲ အကုန်လုံးက နောက်ဆိုရင် တစ်ဖွဲ့တည်းဖြစ်သွားကြပြီ နောက်ဆိုရင်…”
“ဘုန်း”
ပုံရိပ်တစ်ခုကျလာကာ ချုံးကျိ၏ စကားများကို ပြတ်တောက်သွားစေ သည်။ အားလုံးသည် ကွင်းအလယ်ကို ကြည့်လိုက်ကြသည်။ သူက ပညာရှိ စံအိမ်တော်ကလူမဟုတ်ဘူးမလား။
“အဲဒါ ဘယ်သူလဲ”
အားလုံး ထိတ်လန့်သွားကြသည်။ ထိုလူ မည်သို့ပေါ်လာကြောင်းကို သူတို့မသိကြတော့ပေ။ ထိုအရာကပင် သူတို့၏ စိတ်ထဲမှ အကြောက်တရား များကို မြင့်တက်စေသည်။
တစ်ဖက်လူမှ ထိုသို့ပြုလုပ်လိုက်ခြင်းသည် အားလုံးကို နှလုံးခုန်ရပ်တန့် သွားစေသည်။ သူသည် ဤမျှတိတ်ဆိတ်သော နည်းလမ်းဖြင့် ပေါ်လာသည်။ ဆိုလိုသည်မှာ ထိုလူသည် သူတို့ထက် အားကောင်းသည်ဟု ပြောနေခြင်း မဟုတ်ပါလား။ တစ်ဖက်လူသာ တစ်စုံတစ်ခုလုပ်ချင်ပါက သူတို့တွေ တောင့်ခံ နိုင်ပါ့မည်လား။
“မင်းတို့က ငါ့ရှေးဟောင်းသားရဲမျိုးနွယ်ကို ကိုင်တယ်ဖို့ ဆွေးနွေးနေကြ တာပဲ ဒါပေမဲ့ ငါတို့သဘောတူညီချက်ကိုရော မေးပြီးပြီလား” ကြီးမြတ်သော ဝူလင်း၏ လှပပြီးရှင်းလင်းသော ပုံရိပ်သည် လေထဲတွင် တဖြည်းဖြည်းပေါ်လာ သည်။ သူသည် လူစုကို အေးစက်စွာကြည့်လိုက်ရာ သူတို့သည် အေးစိမ့်မှုများ ပြည့်နှက်သွားလေသည်။
“ကြီးမြတ်… ကြီးမြတ်သောဝူလင်း” အားလုံးအော်လိုက်ကြသည်။ သူ ဤနေရာတွင် ပေါ်လာလိမ့်မည်ဟု သူတို့ထင်မထားကြပေ။
ချုံးကျိ၏ မျက်နှာမျာ မကောင်းလှပေ။ သို့သော် သူ မအံ့ဩပေ။
“ကြီးမြတ်သောဝူလင်း ဒီကိုဘာလာလုပ်တာလဲ ကျုပ်တို့ သူတော်စင် မြို့တော်က ခင်ဗျားကိုဖိတ်မထားဘူး” မြင့်မြတ်သောသားတော်အတု ပြောလေ သည်။
“ဒီစီနီယာက ကိုယ်သွားချင်တဲ့နေရာသွားမှာပဲ မင်းတို့ ကျုပ်တို့ မေးခွန်း ထုတ်ပိုင်ခွင့်မရှိဘူး” ကြီးမြတ်သောဝူလင်းသည် အေးစက်စွာနှာမှုတ်ကာ သူ့ကို ဝိညာဉ်စွမ်းအင်ဖြင့် တိုက်ခိုက်လေသည်။ မြင့်မြတ်သောသားတော်အတုသည် လွှင့်သွားကာ ပါးစပ်အပြည့်သွေးအန်လေသည်။
“ကြီးမြတ်သောဝူလင်း ခင်ဗျားလွန်မလာနဲ့” ချုံးကျိ အော်လိုက်သည်။
“ဒီစီနီယာကြီးကလွန်တာလား အခု မင်းတို့က ကျုပ်ကိုရှင်းဖို့ ဆွေးနွေးနေ ကြတာလေ ဘယ်လိုလုပ် အပြုံးနဲ့ နှုတ်ဆက်နိုင်မှာလဲ” ကြီးမြတ်သောဝူလင်း သည် အေးစက်စွာ နှာရှုတ်လိုက်သည် “ပြောပါဦး မင်း ဘယ်လိုသေချင်တယ် ဆိုတာ တွေးဖူးလား”
“ကြီးမြတ်သောဝူလင်း ခင်ဗျားက ကျုပ်တို့ကို ကိုယ်တိုင်သတ်ချင်တာ လား ခင်ဗျားမှာ အဲလောက်အရည်အချင်းရှိလား ကြည့်တာပေါ့” အားလုံးသည် ကြောက်ရွံ့နေသော်လည်း သူတို့အားလုံးကို သူတစ်ယောက်တည်း နိုင်လိမ့် မည်ဟု မယုံကြပေ။
“ကျုပ် တစ်ယောက်တည်းလို့ ဘယ်သူပြောလဲ” ကြီးမြတ်သောဝူလင်း ပြောလိုက်သည်နှင့် များစွာသော ရှေးဟောင်းဝိညာဉ်သားရဲများသည် သူတော်စင်မြို့တော်၏ ကောင်းကင်အထက်တွင် ပေါ်လာလေသည်။ သူတို့ အရေအတွက်မှာ ညီလာခံလာတက်သော လူများထက်ပင် များနေသည်။
“ဟေးဟေး ကြီးမြတ်သောဝူလင်း နေပါဦး” ရှီမာယူယူ ရင်းနှီးသော အသံ သည် တစ်နေရာမှထွက်လာသည်။ သူသည် တံခါးဖွင့်လိုက်ပြီး ရှားကျောင်ထျန် ဟော်ချန်းဒုန်၊ ဖန်မင်နှင့် တခြားသူများနှင့်အတူ လျှောက်လာကြသည်။ ဟိန်းသံလေးသည် သူ၏ ပခုံးပေါ်တွင် လှဲလျက်သားပါလာသည်။ အခြေအနေ တင်းမာနေသည်ကို မြင်သောအခါ သူ၏ မျက်လုံးများပျော်ရွှင်စွာဖြင့် တောက်ပ လာသည်။
ရှီမာယူယူ သူတို့ကိုကြည့်လိုက်ရာ အသင်းများ၏ ဥက္ကဌများအားလုံး လာကြသည်ကိုတွေ့လိုက်ရသည်။ အဖွဲ့မှာတောင့်လှသည်။
ချုံးကျိသည် အသင်းမှလူများကိုမြင်သောအခါ မျက်မှောင်ကြုတ်လိုက် သည်။ ဒီလူတွေလာတာကို သူ ဘယ်လိုလုပ် မသိနိုင်ရတာလဲ။
***