← Chapters

နှုတ်ပိတ်ဖို့ သူမကိုသတ်ချင်တာလား

Vol. 124 Ch. 1727

နှုတ်ပိတ်ဖို့ သူမကိုသတ်ချင်တာလား

Vol. 124 Ch. 1727

“ဥက္ကဌရှား အကုန်လုံး ဘာလို့ဒီကိုရောက်လာကြတာလဲ” ချုံးကျိသည် သူ့ကို ယဉ်ကျေးစွာမေးလေသည်။

“ကျုပ် ကိစ္စတချို့သိလို့ အမြန်လာလိုက်တာ ဘာလို့လဲ စံအိမ်တော်သခင် ချုံးက ကျုပ်တို့ကိုမကြိုဆိုဘူးလား” ဥက္ကဌရှားသည် ရှေ့ကိုတိုးကာ သူ့ဘေးနား မှလူများကို ကြည့်လိုက်သည်။ သူသည် သူတို့ကို ရင်းနှီးသလို နှုတ်ဆက်လေ သည်။

တခြားအသင်းမှ လူများလည်း လာကြသည်ကို ကျန်လူများမြင်သည့်အခါ အမူအရာမျိုးစုံဖြစ်သွားကြလေသည်။ တချို့မှာ အံ့ဩသွားကြပြီး တချို့မှာ နားမလည်နိုင်သလိုဖြစ်ကာ တချို့မှာစပ်စုချင်ကြသလို တချို့မှာပူပန်ကြသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ကျုပ်ကသိချင်ရုံတင်ပါ ဖိတ်စာမရှိဘဲနဲ့ ဘယ်လိုလုပ် သူတော်စင်မြို့တော်ကို ဝင်နိုင်တာလဲ” ချုံးကျိသည် အဓိပ္ပာယ် ပါပါဖြင့် ပြောလိုက်သည်။

သူတို့တွင် ဖိတ်စာမရှိကာ ရှေးဟောင်းဝိညာဉ်သားရဲများနှင့်အတူ ပေါ် လာသည်။ သူဆိုလိုချင်သည်ကို အားလုံးသတိကြသည်။

“လောင်ရှား ဒီမှာ စကားအပိုတွေပြောဖို့မလိုပါဘူး ကျုပ်တို့ ဒီနေ့လာတာ က ပညာရှိစံအိမ်တော်နဲ့ ရွှမ်ချုံးမျိုးနွယ်တို့ရဲ့ ရှင်းပြချက်ကိုလိုချင်လို့ပဲ” ဟော်ချန်းဒုန်သည် ရှေ့တိုးကာ ချုံးကျိနှင့် ရွှမ်ချုံးမျိုးနွယ်မှလူများကို ကြည့် လိုက်သည်။

ထိုအချိန် သူမ၏ ဆက်ခံခြင်းအခမ်းအနားတွင် ကြိုတင်ပြင်ဆင်မှုများ ကြောင့်သာမဟုတ်လျှင် လက်နက်အသင်းသည် ထင်မထားသည့် ဘေးဒုက္ခ များနှင့် တွေ့မည်ဖြစ်သည်။

ရှီမာယူယူသည် ရွှမ်ချုံးဟော်ကို ကြည့်လိုက်သည်။ သူသည် သံသယများ ဖြင့် မျက်မှောင်ကြုတ်ပြီး ဟော်ချန်းဒုန်ကို နားမလည်သလိုကြည့်လိုက်သည်ကို သူမ မြင်လိုက်သည်။ သူသည် ထိုစကားများ၏ အဓိပ္ပာယ်ကို နားမလည်ပေ။

“ဥက္ကဌဟော် ဒါဘာအဓိပ္ပာယ်လဲ” ချုံးကျိ မေးလိုက်သည် “ကျုပ်တို့ ပညာရှိစံအိမ်တော်က ခင်ဗျားတို့ကို မဖိတ်ဘူးဆိတုာက ဒီတစ်ခေါက်က အတွင်းဒေသက ဂိုဏ်းတွေကိုပဲဖိတ်ထားတာ ခင်ဗျားတို့ကို မလေးစားလို့ မဟုတ်ဘူး ဒီအကြောင်းပြောတာနဲ့ ဒီလောက်ဒေါသထွက်ဖို့မလိုပါဘူး”

“ဟုတ်တယ် ဥက္ကဌဟော် ဒီလိုမျိုးကိစ္စသေးသေးလေးကို ဒီလောက် အာရုံ စိုက်ဖို့မလိုပါဘူး” လူတစ်ယောက် သဘောတူလေသည်။

“ချုံးကျိ ခင်ဗျား ဟန်ဆောင်နေတာ ဟုတ်သည်ဖြစ်စေ မဟုတ်သည် ဖြစ်စေ ကျုပ်တို့ ရောက်လာတာ ဒီအကြောင်းကြောင့် မဟုတ်ဘူးဆိုတာ ခင်ဗျားသိပါတယ်” ဖန်းမင်လည်း ပြောလေသည် “ကျုပ်တို့က တခြား အကြောင်းကြောင့် လာခဲ့တာပဲ”

“တခြားအကြောင်းကြောင့်ဟုတ်လား ဘယ်အရေးကြီးကိစ္စကများ အသင်းမဟာမိတ်က အကြီးအကဲတွေကို ကိုယ်တိုင်ရောက်လာစေတာပါလိမ့် ပညာရှိစံအိမ်တော်ကများ ပြစ်မှားမိတာရှိလို့လား”

“ချုံးကျိ ကျုပ်တို့ ခင်ဗျားနဲ့ စကားနိုင်လုဖို့အချိန်မရှိဘူး ကျုပ်တို့မေးချင် တာက ခင်ဗျားက ဘာလို့အနက်ဝတ်လူတွေကိုလွှတ်ပြီး ကျုပ်တို့အသင်းတွေ ကိုတိုက်ခိုက် ကျုပ်တို့ကမ္ဘာကြီးကို ဂယက်ထအောင်လုပ်နေတာလဲ ခင်ဗျား ဘာလုပ်ဖို့ ကြိုးစားနေတာလဲ” ရှန်းယွန်သည် တိုက်ရိုက်ပင် သူတို့ကိုအပြစ်တင် လေသည် “ခင်ဗျားက ဖြူစင်သန့်စင်သလို ဖြောင့်မတ်သလိုဟန်လုပ်ပြီး ခင်ဗျား လုပ်သမျှတွေက ညစ်ပတ်နေပါ့လား နတ်တွေက ခင်ဗျားကိုမတားဘူးလို့ ယုံကြည်ချက်များရှိနေသလား”

“ဘာ”

“အနက်ဝတ်လူတွေက ပညာရှိစံအိမ်တော်ကလား”

“ဥက္ကဌရှန်း ခင်ဗျားမှားနေတာဖြစ်မယ်”

“အမှန်ပဲ ပညာရှိစံအိမ်တော်က ဘယ်လိုလုပ် ဒီလိုကိစ္စမျိုးလုပ်မှာလဲ”

ချုံးကျိ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားကာ သူ့အသံမှာလည်း လေးစားသမှုမရှိတော့ဘဲ ပြောလေသည် “ဥက္ကဌရှန်း ခင်ဗျား သူများကို ဒီလိုမျိုး သွားပုပ်လေလွင့်မပြောလို့မရဘူးလား”

ရှန်းယန် နှာမှုတ်လိုက်သည် “သွားပုပ်လေလွင့်ပြောတယ်ဟုတ်လား ကျုပ်က အဲလိုမျိုးတစ်ခါမှမလုပ်ဖူးဘူး တိကျတဲ့သက်သေကြောင့်မဟုတ်ရင် ကျုပ်က ဘယ်လိုလုပ် ခင်ဗျားကိုလာရှာပြီး ဖြေရှင်းချက်တောင်းမှာလဲ”

“ချုံးကျိ လျှို့လျှို့ဝှက်ဝှက်လုပ်တာနဲ့ပဲ ခင်ဗျားလုပ်တာတွေကို ဘယ်သူမှ မသိဘူးလို့ ထင်နေတာလား” ရှားကျောင်ထျန်သည် အထင်သေးစွာပြောလေ သည် “တခြားသူတွေကို မသိစေချင်ရင် ခင်ဗျားလုပ်ကိုမလုပ်သင့်တာ လုပ်ပြီး ပြီဆိုမှတော့ လူတွေသိလာမယ့်တစ်နေ့ရှိလာမယ်ဆိုတာကို သိသင့်တယ်”

“ဥက္ကဌရှား မဟုတ်တာတွေမပြောနဲ့ ပညာရှိစံအိမ်တော်က ဘယ်လိုလုပ် အဲလိုမျိုးတွေလုပ်မှာလဲ ခင်ဗျားမဟုတ်တာတွေ ဆက်ပြောနေရင် ကျုပ် မယဉ် ကျေးတာကို အပြစ်မတင်နဲ့တော့”

“ကျွတ် ခင်ဗျားတို့ငတုံးတွေက ပညာရှိစံအိမ်တော်ရဲ့အပေါ်ယံ ဟန်ဆောင်မှုတွေနဲ့ လိမ်တာခံနေရတာ၊ ပညာရှိစံအိမ်တော်က အဲလောက် ကောင်းတယ်လို့ထင်‌နေတာလား သူတို့က ရှေးဟောင်းဝိညာဉ်သားရဲတွေကို ရှင်းဖို့အတွက် ခင်ဗျားတို့ကိုလာခိုင်းတာပဲ၊ သူတို့က ခင်ဗျားတို့ကို အသေခံ တပ်သားအဖြစ်သုံးနေတာ” ရှားကျောင်ထျန်သည် နှုတ်ခမ်းတွန့်လိုက်သည် “မယုံဘူးလား ခင်ဗျားတို့ကို ကောင်းကင်ခွဲနတ်ဆိုးဓားကြောင့်ပါဆိုပြီး လာခိုင်း တာမလား၊ ဒါဆိုရင် နတ်ဆိုးဓားက ပညာရှိစံအိမ်တော်မှာရှိတာကိုရော သိပြီး ပြီလား အဲလိုဆိုမှတော့ ဘာဖြစ်လို့ ကောင်းကင်ခွဲနတ်ဆိုးဓားအကြောင်းကို ဆွေးနွေးဖို့လိုဦးမှာလဲ”

ကောင်းကင်ခွဲနတ်ဆိုးဓားက ပညာရှိစံအိမ်တော်မှာရှိတာလား။ အားလုံး သည် ထိုသတင်းကြောင့် ထိတ်လန့်သွားကြသည်။ ရှီမာယူယူသည်ပင်လျှင် ချုံးကျိကို နားမလည်စွာနှင့်ကြည့်ပြီး ထိုသတင်းအမှန်ဟုတ်မဟုတ်ကို သိချင် နေသည်။

“ရှားကျောင်ထျန် ခင်ဗျား ဒီကိုလာတာ ပြဿနာရှာဖို့ဆိုရင်တော့ ပညာရှိ စံအိမ်တော်က ထပ်ပြီးသည်းမခံနိုင်တော့ဘူး” ချုံးကျိသည် ဒေါသထွက်ပုံမပြ သော်လည်း သူ၏ အပြုံးသည် အေးစက်နေကာ ဒေါသအထွတ်အထိပ် ရောက် နေသည်ကို ပညာရှိစံအိမ်တော်နှင့် ရင်းနှီးသူများသိကြသည်။

“အဲလောက်ကြီးမြန်မြန် နှင်မထုတ်ပါနဲ့ ခင်ဗျားသာ သေချာရှင်းပြနိုင်ရင် ကျုပ်တို့က အလိုလိုပြန်သွားမှာပါ” ရှားကျောင်ထျန် ပြောလိုက်သည် “အခု လေးတင် ခင်ဗျား သက်သေလိုချင်တယ်လို့ ပြောနေတာနော် လူတွေခေါ်လာခဲ့”

ရှီမာယူယူ ကြည့်လိုက်ရာ လူသုံးလေးယောက်ကို ခေါ်ဝင်လာသည်ကို မြင်လိုက်ရသည်။ ထိုလူများသည် အနက်ရောင်များဝတ်ဆင်ထားကာ တခြား သော အနက်ဝတ်လူများနှင့် မတူညီသည်ကို ပြောနိုင်သည်။

“ရှားကျောင်ထျန် အဲလူတွေက အနက်ဝတ်လူတွေမဟုတ်ဘူးလေ ခင်ဗျားက ပညာရှိစံအိမ်တော်ကို ယိုးစွပ်ချင်တာလား ဒါကမဖြစ်နိုင်လွန်းဘူး လား” ခေါင်းဆောင်ချင်း ပြောလေသည်။

“သူတို့က အနက်ဝတ်လူတွေပါလို့ ဘယ်သူပြောလို့လဲ ခင်ဗျား ကောင်း ကောင်းလေး မကြည့်တတ်ဘူးလား” ရှားကျောင်ထျန်သည် သူတို့ကို မျက်လုံး လှိမ့်ပြလိုက်သည် “သူတို့တွေက ပညာရှိစံအိမ်တော်ကလူတွေပဲ”

“ရှားကျောင်ထျန် ဘာပြောချင်နေတာလဲ”

“အခြေအနေက ဒီလိုပဲ အချိန်တော့လိုတယ် စိတ်တော့ရှည်ရမယ်…”

ရှားကျောင်ထျန်သည် သူတို့ကို အမဲလိုက်အစီအစဉ်ကိုပြောပြပြီး ရှီမာယူယူတို့မှ တခြားသူများကို ကယ်ခဲ့ပုံကိုပြောပြလိုက်သည်။ ဂူချင်းသည် ထိုလူများကိုလိုက်ရန် လူလွှတ်လိုက်သော်လည်း ထိုလူများကို အသင်းမဟာ မိတ်မှဖမ်းမိထားရာမှ ပညာရှိစံအိမ်တော်နှင့် အနက်ဝတ်လူများကြားမှ ဆက်ဆံရေးကို သိခဲ့ရလေသည်။

ကွင်းထဲမှလူများ ထိုစကားကိုကြားသောအခါ အများစုသည် မယုံကြပေ။ ပညာရှိစံအိမ်တော်က ဘယ်လိုလုပ် ဒီလိုမျိုးလုပ်မှာလဲ။ ဒါက မယုံနိုင်လောက် စရာပဲ။

“ချုံးကျိ ခင်ဗျားတို့စံအိမ်တော်ခွဲသခင်က ဒီမှာရှိသေးတယ် ခေါင်းရှောင် မလို့လုပ်နေတာ မဟုတ်ဘူးမလား” ဟော်ချန်းဒုံပြောလိုက်သည် “ကျုပ် ဆက်ခံသူ အခမ်းအနားလုပ်တုန်းက ခင်ဗျားက လက်ဆောင်ကြီးပို့ပေးလိုက် တယ်လေ”

“ခင်ဗျားက အနက်ဝတ်လူတွေကို မုန်းတီးနေတာကို ကျုပ်သိပါတယ် ဒါပေမဲ့ ကျုပ်တို့စံအိမ်တော်က လူနည်းနည်းလောက ဖမ်းမိတာနဲ့ သူတို့က ကျုပ်တို့နဲ့ပတ်သက်နေပါတယ်လို့ ပြောချင်တာလား” ချုံးကျိသည် မပြုံးနိုင် တော့ပေ။ သူသည် ရှီမာယူယူအား လှည့်ကြည့်လိုက်သည်။ သူသည် ကိစ္စသေး တစ်ခုကဲ့သို့ ပြုမူလိုက်သောကိစ္စသည် ယနေ့လို ပြဿနာကြီးဖြစ်စေလိမ့်မည် ဟု ထင်မထားပေ။

ရှီမာယူယူသည် တောင်းပန်သကဲ့သို့ ခေါင်းငုံ့ထားသည်။ သို့သော် သူမ၏ မျက်လုံးတွင်တော့ အပြစ်ခံစားရသည့် အရိပ်အယောင်မရှိပေ။ သူမ ဂူချင်းကို သွားရှာစဉ်က ဤရည်ရွယ်ချက်နှင့်ပင်ဖြစ်သည်။

ထိုကဲ့သို့ သက်သေကို သူမကပင် အသင်းမဟာမိတ်ကိုပို့ပေးခဲ့ခြင်းဖြစ် သည်။

“ရှင်းပါတယ် ခင်ဗျားတို့ အမှန်တရားဆေးကို သိတယ်မလား သူမကို တစ်လုံးတိုက်လိုက် မဖြစ်ဘူးလား” ရှားကျောင်ထျန်သည် ဆေးပုလင်းတစ်လုံး ကို ဆွဲထုတ်လိုက်သည် “အကုန်လုံး ဒါကိုသိကြမှာပါ အခုတော့ သူမကို အမှန် ပြောခိုင်းတာပေါ့”

ပြောပြီးနောက် သူသည် သူမကို ဆေးကျွေးပြီး မြေပေါ်သို့ပစ်လိုက် သည်။

“ရှားကျောင်ထျန် ဒါက ကျုပ်တို့ပညာရှိစံအိမ်တော်က စံအိမ်တော်ခွဲ သခင်နော် ခင်ဗျား ဒီလိုမျိုးပြုမူရဲတယ်” စံအိမ်တော်ဒုသခင်သည် အမြန်ပျံလာ ပြီး ဂူချင်းကို ပြန်ခေါ်သွားချင်နေသည်။

သို့သော် သူ ဂူချင်းကို မထိလိုက်ရခင်မှာပင် တစ်ကိုယ်လုံး လွှင့်သွားလေ သည်။ သူသည် လေထဲတွင် အကြိမ်အနည်းငယ် လှိမ့်နေပြီးမှ ငြိမ်သွားလေ သည်။

“ကာကွယ်ရေးအတားအဆီး”

“သူကို ဘာလို့ဒီလောက် အလောတကြီးသတ်ချင်နေတာလဲ” ရှားကျောင်ထျန်သည် လှောင်ပြောင်သလိုပြောလိုက်သည် “ကျုပ် ခင်ဗျားလက် ကိုမြင်လိုက်တယ် သူမကိုတိုက်ခိုက်တော့မလိုပဲ”

“ကျုပ်တို့ ကြိုပြင်ဆင်လိုက်လို့တော်သေးတယ် ဒီလိုမျိုးအရှက်မရှိတဲ့ လူတွေနဲ့ ရှင်းရတာ ကြိုပြီးပြင်ဆင်ဖို့အပြင်ရွေးစရာမရှိဘူးပဲ” ဖန်းမင် သံယောင်လိုက်ပြောလိုက်သည်။

“ဟုတ်တယ် ကျုပ်တို့ အတားအဆီးလုပ်လိုက်တာ တော်သေးတယ်”

***

All Chapters