မွေးစားအဖေ နေဦး
Vol. 124 Ch. 1728
“အာ…”
မြေပေါ်တွင်လဲနေသော ဂူချင်းသည် နေရမသက်သာစွာဖြင် စတင် လူးလှိမ့်တော့သည်။ သူမသည် ချုပ်တည်းနေရသလိုပင် ဖြစ်နေသည်။
“စံအိမ်တော်ခွဲသခင်ဂူ ခင်ဗျားကို ခင်ဗျားရဲ့အိမ်တော်ကို ပြန်ပို့မယ်လို့ ကျုပ်တို့ ကတိတည်ပြီနော် အခု ခင်ဗျားအမှန်တရားကို ပြောပြလိုက်တော့” ရှန်းယန်သည် သူမဆီသို့ လျှောက်သွားပြီး ပြောလိုက်သည်။
ဂူချင်းသည် မျက်လုံးဖွင့်လာပြီး သူ့ကို ကြည့်လိုက်သည် “ဘာတွေပြော နေတာလဲ”
“ပညာရှိစံအိမ်တော်က အနက်ဝတ်လူတွေနဲ့ ပတ်သက်နေတာမဟုတ်ဘူး လား” ရှန်းယန် မေးလိုက်သည်။
“ဟုတ်တယ်” ဂူချင်း ပြန်ဖြေလိုက်သည်။
“သူတို့ ဘာလုပ်ကြတာလဲ”
“ကျွန်မလည်း သေချာမသိဘူး”
“ဒါဆိုရင် ခင်ဗျားသိတာပြောပြပါ”
“အမဲလိုက်အစီအစဉ်ပဲ ကျွန်မက အမဲလိုက်အစီအစဉ်ကိုပဲသိတယ်”
“အမဲလိုက်အစီအစဉ်ဆိုတာဘာလဲ”
“ကျွန်မတို့က တိုင်းပြည်ရဲ့ အပိုင်းတိုင်းကိုသွားပြီး မိန်းကလေးတွေကို ရွေးတယ် ပြီးတော့ အဲဒီမိန်းကလေးတွေကို အနက်ဝတ်လူတွေ ဆုံးဖြတ်တဲ့ နေရာကို ခေါ်သွားပေးလိုက်တာနဲ့ သူတို့ကိုခေါ်သွားတာပဲ” ဂူချင်း၏ စကား များကြောင့် ဆူညံသံများထွက်လာသည်။ အများစုမှာ အခြေအနေကြောင့် မှင်တက်နေကြသည်။
“ပြီးတော့ရော”
“ဒီတစ်ခါ အမဲလိုက်အစီအစဉ်ကျရှုံးသွားတယ် မိန်းကလေးတွေအကုန် လုံးကို ကယ်သွားကြတယ် မြင့်မြတ်သောသမီးတော်က ဒေါသထွက်လို့ နောက်ကွယ်ကလူကို စုံစမ်းခိုင်းလိုက်တာ ဒီကိစ္စကိုတော့ မြင့်မြတ်သော သမီးတော်က အသိဆုံးပါ”
“စံအိမ်တော်သခင်ချုံး သူမ ပြောတာအမှန်ပဲလား ပညာရှိစံအိမ်တော်က တကယ်ပဲ အနက်ဝတ်လူတွေနဲ့ ပတ်သက်နေတာလား” လူတစ်ယောက်သည် ခုန်ထွက်လာပြီး မေးခွန်းမေးလေသည်။ သူ အလောတကြီး ပြောလာပုံကို ကြည့်ရာသည်မှာ သူသည် အနက်ဝတ်လူများနှင့် ပတ်သက်ပြီး ကြီးမားသော ဆုံးရှုံးမှုဖြစ်ထားသည့်ပုံပင်။
“သူမက စံအိမ်တော်ခွဲသခင်သာသာပဲ သူမစကားတွေက သက်သေမဖြစ် နိုင်ဘူး အသင်းမဟာမိတ်အဖွဲ့က သူမကို တစ်ခုခုလုပ်ထားမလား ဘယ်သူသိ မှာလဲ” ထန်းယွမ် ထရပ်ပြီး ပြောလိုက်သည် “အဲဒီစကားတွေကို ကျုပ်တို့က ဘယ်လိုယုံရမှာလဲ”
“ယုံဖို့မလိုပါဘူး အမှန်ဟုတ်မဟုတ်ကို ခင်ဗျားတို့ မြင့်မြတ်သော သမီး တော်ကိုမေးကြည့်လိုက်ပါ” ဖန်းမင် ပြောလိုက်သည်။
“တကယ်တော့ အဲလောက်ကြီး အခက်တွေ့နေဖို့မလိုပါဘူး” ဟိန်းသံလေးသည် ရှားကျေင်ထျန်၏ နားထဲသို့ ဘေးမှရေရွတ်လိုက်သည်။ ရှားကျောင်ထျန်သည် ပြုံးပြီးပြောလိုက်သည် “စံအိမ်တော်သခင်ချုံး ခင်ဗျားတို့ က အနက်တတ်လူတွေနဲ့ မပတ်သက်ဘူးဆိုတာကို ကျိန်နေမှတော့ ပညာရှိ စံအိမ်တော်က သူတို့ကိုဘာမှလုပ်ဖို့မလိုပါဘူး ကျုပ်တို့ပဲ ဒီကိစ္စကိုရှင်းလိုက်ပါ မယ်”
“ရဲတင်းလိုက်တာ ကျုပ်တို့စံအိမ်တော်သခင်က ဒီလောက်မြင့်မြတ်တာ ဘယ်လိုလုပ် အဲလိုလုပ်ရပ်လုပ်မှာလဲ”
“ဒါဆိုရင် ခင်ဗျားတို့မြင့်မြတ်သောသမီးတော်ကို ကျိန်ခိုင်းလိုက်ပါ သူမ က အနက်ဝတ်လူတွေအကြောင်းဘာမှမသိလို ဒီလူတွေကို လိုက်ခိုင်းဖို့ ဂူချင်း ကိုမခိုင်းခဲ့ဘူးဆိုတာကို ကျိန်ခိုင်းလိုက်ပါ” ရှားကျောင်ထျန်သည် ရှီမာယူယူကို ကြည့်လိုက်သည်။ “ဒီတောင်းဆိုမှုက မလွန်ဘူးထင်ပါတယ် ကျုပ်တို့ ညှိပြီးပြီ အဲဒါကို ခေါင်းရှောင်နေဦးမယ်ဆိုရင်တော့…”
အားလုံး၏ အကြည့်များသည် ရှီမာယူယူအပေါ်သို့ ရောက်လာပြီး သူမကို ဖိအားများထပ်ပေးလေသည်။ သူမသည် ခေါင်းမော့လာပြီး သူတို့ကိုကြည့်ပြီး နောက်ဆုံးတွင် ချုံးကျိကို ကြည့်လိုက်သည်။
“မြင့်မြတ်သောသမီးတော် ကျိန်ပါ” အသင်းမဟာမိတ်သသည် ဆက်ပြီး တိုက်တွန်းလေသည်။
“ကျွန်မ… ကျွန်မမလုပ်နိုင်ဘူး” သူမသည် အံကိုကြိတ်ထားကာ ခေါင်းကို အဆက်မပြတ်ယမ်းနေသည် “ကျွန်မ မကျိန်နိုင်ဘူး ကျွန်မငရဲကိုမသွားနိုင်ဘူး”
“ဘာ…”
သူမ ပြောလိုက်သည့်စကားကို အားလုံးကြားသောအခါ တစ်နေရာလုံး သည် ဆူဆူညံညံဖြစ်သွားကြသည်။ အားလုံးသည် တစ်ယောက်နှင့်တစ် ယောက် တီးတိုးပြောနေကြသည်။
ပညာရှိစံအိမ်တော်က တကယ်ပဲ အနက်တတ်လူတွေနဲ့ ပတ်သက်နေတာ လား။
ချုံးကျိသည် အောက်မှလူများကို ကြည့်လိုက်သည်။ ဆေးအဖွဲ့အစည်းမှ လူများရောက်လာချိန်တွင် ထိုအရာကို ဖုံးကွယ်ထား၍မရနိုင်ကြောင်း သူသိ သည်။ သာမာန်အားသာဆိုလျှင် သူသည် တိုက်ရိုက်ပင် ကိုင်တွယ်နိုင်သည်။ သို့သော် ဆေးအဖွဲ့အစည်းသည် ထိုဂိုဏ်းများနှင့် ဆက်ဆံရေးတစ်ခုရှိသဖြင့် သူတို့ကိုမတားနိုင်ပေ။
ဆေးအဖွဲ့အစည်းကလူတွေက သတင်းမကြားဘာမကြားနဲ့ ဘယ်လိုလုပ် ဒီရောက်လာတာလဲ။ သူတို့က ဘယ်လိုလုပ် အနက်ဝတ်လူတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေသိနေပြီး ပညာရှိစံအိမ်တော်က လူတွေကိုတောင်ခေါ်လာနိုင်ရတာ လဲ။
တစ်ဆင့်ပြီးတစ်ဆင့်တက်ပြီး သူတို့သည် လက်များကိုပါ ဝင်ဆွဲလေပြီ။
“ဥက္ကဌရှား ခင်ဗျား ခုနကပြောတာ ကျုပ်တို့ရွှမ်ချုံးမျိုးနွယ်က ရှင်းလင်း ချက်လိုချင်တယ်လို့ပြောတာ အဲဒါဘာအဓိပ္ပာယ်လဲ”
“ဘာအဓိပ္ပာယ်ဖြစ်ဦးမှာလဲ သေချာတာပေါ့ ရွှမ်ချုံးမျိုးနွယ်ကလည်း အနက်ဝတ်လူတွေနဲ့ ပတ်သက်တဲ့ကိစ္စမှာ ပါနေတယ်” ရှားကျောင်ထျန် ပြော လိုက်သည် “သခင်လေးရွှမ်ချုံး နောက်ဆုံးတစ်ခေါက် ကျုပ်တို့တွေ့တုန်းက ခင်ဗျားက လမ်းမလျှောက်နိုင်သလို အမြင်အာရုံလည်းမရှိဘူး ခင်ဗျားရဲ့ ခန္ဓာကိုယ်က နောက်ပိုင်းတော်တော်ကောင်းလာတာပဲ”
အာ… သူက အရင်တုန်းကအချိန်တွေကို ပြန်တမ်းတနေတာလား။
“ယူယူက ခင်ဗျားခန္ဓာကိုယ်ကို ကုပေးခဲ့တာ ဒါပေမဲ့ ခင်ဗျားတို့က သူမရဲ့ ဘိုးဘိုးကြီးမွေးနေ့မှာ အနက်ဝတ်လူတွေလွှတ်ပြီး သတ်ဖို့လုပ်တယ် ခင်ဗျားက ယူယူ့ရဲ့ သူငယ်ချင်းလို့ပြောတယ် ဒါပေမဲ့ ခင်ဗျားက သူမကို ဒီလိုမျိုးပြန်ပေး ဆပ်တာလား”
ရွှမ်ချုံးသည် မသိစိတ်မှ ရှီမာယူယူကိုကြည့်လိုက်သည်။ သူသည် သူမ၏ ရုပ်ရည်ကိုမရင်းနှီးသော်လည်း သူမ၏ မေးခွန်းထုတ်သော အကြည့်ကိုမြင် သောအခါ ပြန်ဖြေလိုက်သည် “ကျွန်တော် မလုပ်ခဲ့ဘူး ဒီအကြောင်းကို လုံးဝ မသိဘူး”
“ဘာကိုမသိတာလဲ အနက်ဝတ်လူတွေကိစ္စကိုမသိတာလား မဟုတ်ရင် ယူယူတို့ကို သတ်ဖို့လုပ်တာကိုမသိတာလား”
“ရွှမ်ချုံးမျိုးနွယ်က အနက်ဝတ်လူကိစ္စမှာ လုံးဝကိုမပါဘူး” ရွှမ်ချုံးဟော် သည် ယုံကြည်ချက်ရှိရှိပြောလိုက်သည် “ကျွန်တော်ပြောတာမယုံရင် ကျိန်နိုင် ပါတယ် ကျွန်တော့်ရွှမ်ချုံးမျိုးနွယ်က…”
“သခင်လေး မရဘူး” ဘေးတွင်ရပ်နေသော ရွှမ်ချုံးချီသည် သူ့ကို ကျိန်ဆို ခွင့်မပြုပေ။
“အကြီးအကဲချီ…” ရွှမ်ချုံးဟော်သည် ရွှမ်ချုံးချီကို မယုံနိုင်စွာဖြင့် ကြည့် လိုက်သည် “မဟုတ်မှလွဲရော…”
“သခင်လေး ကျိန်လို့မရဘူး” ရွှမ်ချုံးချီသည် သူ့လက်ကိုဆွဲလေသည်။ သူ၏ မေးခွန်းထုတ်သော အကြည့်ကိုမြင်သောအခါ မျက်နှာမှာ အနည်းငယ် ဝမ်းနည်းပူဆွေးသွားသည် “သခင်လေး မရဘူး…”
ရွှမ်ချုံးဟော် ဘာလို့နားမလည်တာလဲ။ သူသည် သူ့လက်ကို ညင်သာစွာ ပုတ်ချပြီး ရှီမာယူယူကို ကြည့်လိုက်သည်။ သူသည် ပါးစပ်ဟလိုက်သော်လည်း ပြောစရာစကားရှာမတွေ့ပေ။
မျိုးနွယ်က နက်ဝတ်လူတွေနဲ့ ပတ်သက်နေတာကိုး။ သူတို့က တကယ့်ကို ရက်စက်တာတွေလုပ်ခဲ့တာ သူတို့က တကယ်ပဲ…. ရှီမာမျိုးနွယ်တစ်ခုလုံးကို သတ်ဖို့ကြိုးစားခဲ့တာ။
သူမ မျက်လုံးထဲတွင် အံ့ဩမှုတစ်စုံတစ်ရာမရှိပေ။ အံ့ဩစရာလည်း မလို ပေ။ သူမ… သိသည်မှာ ကြာပြီဖြစ်သည်။
ဒါဆိုရင် သူ သူမကို ဘာပြောနိုင်ဦးမှာလဲ။ အဲဒါကို သူ လုံးဝမသိဘူးလား။ သူ မသိရင်တောင် ရွှမ်ချုံးမျိုးနွယ်လုပ်ခဲ့တာာက ပြောင်းလဲလို့မရတဲ့ အမှန်တရားပဲ။
ရှီမာယူယူသည် သူ့မျက်လုံးထဲမှ နာကျင်မှုနှင့် အပြစ်တင်သော အကြည့် များကို မြင်ရသောအခါ သူမပျော်သည်ဟု ပြောချင်သည်။ အနည်းဆုံးတော့ သူမသည် လူအကဲခတ်မမှားပေ။ သူမ သူ့ကို ယုံကြည်ထားသည်မှာလည်း မမှားပေ။ သို့သော် အခြေအနေသည် သူမ သံသယဝင်အောင် ပြုမူ၍မရပေ။ မဟုတ်လျှင် ချုံးကျိသည် သူမကိုတစ်ခုခုလုပ်လိုက်ပါက ခုခံနိုင်လိုက်မည် မဟုတ်ပေ။
“ဟုတ်ပြီ အမှန်တရားထွက်လာပြီ” ရှားကျောင်ထျန် ပြောလိုက်သည် “ချုံးကျိ အခုတော့ ကျုပ်တို့ အကြွေးယူရတော့မှာပေါ့”
“ခင်ဗျားတို့က သေချင်နေမှတော့ ဘာလို့ဆန္ဒမဖြည့်ဆည်းပေးနိုင်ရမှာလဲ” ချုံးကျိသည် ချက်ချင်းပင် ကြင်နာမှုပုံစံကို ပစ်ချကာ မျက်နှာမှအပြုံးကို ရုတ်သိမ်းလိုက်ကာ အေးစက်သွားလေသည်။ သူ့ဘေးတွင်ရပ်နေသော ရှီမာယူယူသည် အနားမှ အပူချိန်များ လျော့ကျသွားသည်ကို ချက်ချင်းပင် ခံစား မိလိုက်သည်။
“သူတို့ကိုခေါ်လည်း အသုံးမဝင်ဘူး ခင်ဗျားတို့ ပညာရှိစံအိမ်တော်ကလူ တွေ အကုန်အဆိပ်မိနေပြီ ဒီကလူတွေကလွဲပြီး တပ်ကူမရနိုင်ဘူး” ဖန်မင် ပြောလိုက်သည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မျာလဲ ပညာရှိစံအိမ်တော်က လူတွေက သူတို့ကို မယုံဘူး ပညာရှိစံအိမ်တော်မှာ ဒီလောက်လူတွေများတာ ဘယ်လိုလုပ် အလိမ် ရမှာလဲ”
“ပညာရှိစံအိမ်တော်က လတိုင်းမှာ ဆေးတစ်မျိုးကိုစားကြတယ်မလား…” ဖန်မင် စကားဆုံးအောင် ပြောရန်ပင်မလိုလိုက် အားလုံး နားလည်သွားကြ၏။
အသင်းမဟာမိတ်မှလူများသည် ဆေးတွင် ကျွမ်းကျင်လှသည်။ သူတို့ ဆေးစားပြီးနောက်တွင် တိုက်ခိုက်မှုစွမ်းအားမှာ ပျောက်ဆုံးသွားလေသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဒီဆေးတွေက အတွင်းထဲမှာပဲ ဖြန့်ပေးတာ ဘယ်လို… ငါတို့ထဲမှာ သူလျှိုရှိနေတာလား”
“အဲဒါတင်မဟုတ်ဘူး အဲလူက ရာထူးလည်းမြင့်တယ်”
ချုံးကျိ၏ အကြည့်များသည် ရှီမာယူယူအပေါ်ရောက်လာသည်။ သူမသည် တောင်ကမ်းပါးတွင် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်နေခဲ့သည်ကို စဉ်းစားမိပြီး ချက်ချင်းပင် သူမကို သံသယကင်းသွားသည်။
“ပြောလို့ပြီးပြီလား” ဘေးတွင် ပွဲကြည့်နေသော ကြီးမြတ်သောဝူလင်း သည် လေထဲမှပျံထွက်လာပြီး ပြောလိုက်သည် “ဒါဆို ငါ့အလှည့်လား”
ပြောပြီးနောက်တွင် သူသည် ကွင်းထဲမှလူများကို ကြည့်လိုက်ရာ သူ့ မျက်လုံးမှ လူသတ်မည့်အကြည့်များသည် သိသာလွန်းသည်။
ထိုလူများသည် သူတို့ကို ချေမှုန်းရန် ဆွေးနွေးရဲသည်။ သည်လိုဆိုရင် တော့ သူတို့ကို ဒီမှာအခု အစုလိုက်အပြုံလိုက်သတ်တာကို အပြစ်မတင်နဲ့။
ထိုလူများသည် နောင်တများဖြင့် သေသွားကြသည်။ ဒီညီလာခံကို တက်ဖို့ သူတို့ ဘာလို့ကတိပေးတာလဲ။ သူတို့ လှည့်ပတ်ခံရတာပဲဖြစ်မယ်။
“မွေးစားအဖေ နေဦး” ဟိန်းသံလေးသည် ရုတ်တရက်ပြောပြီး လှုပ်ရှား တော့မည့် ကြီးမြတ်သောဝူလင်းကို တားလိုက်သည်။