← Chapters

စစ်ပွဲစပြီ ၁

Vol. 124 Ch. 1729

စစ်ပွဲစပြီ ၁

Vol. 124 Ch. 1729

ရှီမာယူယူသည် ဟိန်းသံလေး၏ အသံကိုကြားလိုက်သောအခါ မသိမသာ လက်တုန်သွားသည်။

မွေးစားအဖေ ဟုတ်လား။ ဒီကောင်က ဘယ်တုန်းကများ ကြီးမြတ်သော ဝူလင်းကို မွေးစားအဖေတော်လိုက်တာလဲ။

ကြီးမြတ်သောဝူလင်းသည် ဟိန်းသံလေးကို မျက်နှာလိုက်ဟန်ရှိကာ ဒေါသမထွက်ပေ။

“ဘာလဲ” သူသည် ဟိန်းသံလေးဆီသို့ ပျံလာကာ သူ့ကိုဖမ်းပြီး ပခုံးပေါ် တင်လိုက်သည်။

“ဒီလူတွေက အလိမ်ခံရတယ်လို့ ကျွန်တော့်ယူယူကပြောတယ် ရှေးဟောင်းဝိညာဉ်သားရဲတွေကို ရှင်းဖို့ရည်ရွယ်ချက်နဲ့ ညီလာခံလုပ်တာကို သူတို့ မသိခဲ့ကြဘူး သူတို့သာ လှုံ့ဆော်တဲ့သူဆိုရင်တော့ သေဖို့တန်ပါတယ် ချစ်ခင်ရင်းနှီးစွာနဲ့ ဖြေရှင်းတာပိုကောင်းပါတယ် အဲဒါကြောင့် သူတို့ကို သက်ညှာပေးပါ သူတို့ နောက်ဆိုရင် ဒီလိုမျိုး တုံးအတဲ့အလုပ်တွေမလုပ်ဘူးလို့ ကျွန်တော်ယုံတယ်”

ကြီးမြတ်သောဝူလင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ ဟိန်းသံလေး ဆက်ပြောလေသည် “ရှေးဟောင်းဝိညာဉ်သားရဲတွေက သွေးဆာတဲ့ မျိုးနွယ် တွေမဟုတ်ကြဘူးလို့ ကျွန်တော့်ယူယူပြောတယ် သူတို့က မွေးစားအဖေကို အထင်မလွဲသွားစေချင်ဘူး”

သူပြောရင်းနှင့် ကလေးလိုပြုမူကာ သူ၏ အဝတ်ကိုဆုပ်ကိုင်လေသည်။

ကြီးမြတ်သောဝူလင်းသည် နှုတ်ဆိတ်စွာြဖင့် ရှီမာယူယူကို ကြည့်လိုက် သည်။ ရှီမာယူယူသည် အသာအယာခေါင်းညိတ်ပြကာ ဆိုလိုချင်သည့်အရာကို ပြောလိုက်သည်။

ပညာရှိစံအိမ်တော်မှလူများကို ထိန်းချုပ်သွားနိုင်သော်လည်း ချုံးကျိ လက်အောက်မှ အနက်ဝတ်လူများရှိသေးသည်။ ထိုလူများသည် အသေခံ တိုက်ပွဲဝင်မည့်သူများဖြစ်သည်။ ယနေ့အုပ်စုသည် ပထမနှင့် ဒုတိယအဆင့်ရှိ လူထောင်ချီပါသောအဖွဲ့ဖြစ်သည်။ ထိုလူများသာ ကြီးမြတ်သောဝူလင်း၏ သတ်ခြင်းကိုခံလိုက်ရပါက ကျိုးပြတ်နေသော မဟာမိတ်သည် နောက်ပုံစံတစ် ခုဖြင့် ဖွဲ့စည်းလိုက်မည်ကို စိုးရိမ်ရသည်။ ရှေးဟောင်းဝိညာဉ်သားရဲများ သီးသန့်နေပြီး အကူအညီမဲ့စဉ်တွင် တိုင်းပြည်တစ်ခုလုံးသည် ပိတ်ပင်တားစီးခဲ့ သည်။ ရှေးဟောင်းဝိညာဉ်သားရဲများသည် ကြီးမားသော အကျဉ်းအကြပ်ထဲ ရောက်နေသည်။

ကြီးမြတ်သောဝူလင်းသည် အမှန်တရားကို နားမလည်သည်မဟုတ်။ သို့သော် ယနေ့ကိစ္စသည် ရှေးဟောင်းဝိညာဉ်သားရဲများကို ဆန့်ကျင်တိုက်ခိုက် ရန် ပြုလုပ်ခြင်းဖြစ်သည်။ သူသည် အစက သူတို့အားလုံးကို သတ်ရန် စဉ်းစား ထားသည်။ သို့သော် ရှီမာယူယူမှ ထိုသိုပြောသဖြင့် သူမကို မျက်နှာသာပေး လိုက်မည်။ သည်လိုဆိုလျှင် ယနေ့ဤလူများသည် ရှီမာယူယူအပေါ်တွင် ကျေးဇူးရှိသွားပြီဖြစ်သည်။

“ရှီမာယူယူက ဒီလိုပြောမှတော့ မင်းတို့ကိုအရှင်ထားလိုက်မယ် နောက် တစ်ခါဆိုရင်တော့ မင်းတို့ကိုသတ်ပစ်မယ်”

ထိုလူများသည် သူ့စကားကိုကြားသောအခါ တစ်ယောက်ပြီးတစ် ယောက် လျှောက်ထွက်သွားကြလေသည်။ သူတို့သည် ဂိတ်တံခါးဝတွင် စောင့်နေသော အသင်းမဟာမိတ်မှလူများနှင့်တွေ့လေသည်။ သူတို့သည် ရှားကျောင်ထျန်ကို ကြည့်လိုက်ကြသည်။

“ခင်ဗျားတို့က ရှီမာမျိုးနွယ်ကို ဖိအားပေးကြမလို့ဆို ယူယူက ခင်ဗျားတို့ အားလုံးကို ကယ်လိုက်မယ်လို့ ထင်မထားဘူးပဲ” ရှားကျောင်ထျန်သည် အထင် သေးအမြင်သေးစွာပြောပြီး အစောင့်များကို ဝေ့ယမ်းပြလိုက်သည်။ “ကျုပ်တို့ က ဒီနေ့ ချုံးကျိနဲ့ စာရင်းရှင်းဖို့လာရှာတာ ကြီးမြတ်သောဝူလင်းက ဒီကိစ္စကို ဗွေမယူဘူးပဲ ဘာလုပ်နေကြတာလဲ သူတို့ကိုလွှတ်ပေးလိုက်တော့”

အစောင့်များသည် ဘေးသို့ရှောင်ပေးလိုက်ကြသည်။ ထိုလူများသည် ရှက်ရွံ့စွာဖြင့် ထွက်သွားကြသည်။ သို့သော် သူတို့သည် ဝေးဝေးမသွားပေ။ ထိုအစား သူတို့သည် ဘေးကင်းသည့် အဝေးတစ်နေရာမှ အခြေအနေကို စောင့် ကြည့်နေလိုက်ကြသည်။

သူတို့ အားလုံးတွင် တူညီသောအတွေးဝင်သွားကြလေပြီ… ပညာရှိ စံအိမ်တော်က အဆုံးသတ်တော့မယ်…

မကြာမှီတွင် ပညာရှိစံအိမ်တော်နှင့် ရွှမ်ချုံးမျိုးနွယ်မှ လူများသာ ကွင်းထဲ တွင်ကျန်ခဲ့တော့သည်။ ရှားကျောင်ထျန်သည် ကြားဝင်ပြောလိုက်သည် “အနက်ဝတ်လူတွေ ဘယ်မှာလဲ သူတို့ကိုမခေါ်ရင် အခွင့်အရေးမရှိတော့မှာ စိုးရတယ်”

ချုံးကျိသည် ဟန်မဆောင်နိုင်တော့ဘဲ အချက်ပြမီးတောက် ထုတ်ကာ လွှတ်တင်လိုက်သည်။ မကြာမီတွင် အနက်ရောင်ဝတ်ထားသော လူများသည် ရှေးဟောင်းဝိညာဉ်သားရဲများကို ဝိုင်းလိုက်ကြသည်။ တစ်ယောက်ချင်းစီသည် အလွန်အားကောင်းကြသည်။

“မင်းတို့က သေချင်မှတော့ မင်းတို့ဆန္ဒကိုဖြည့်ဆည်းပေးရမှာပေါ့” ချုံးကျိ နှာမှုတ်လိုက်သည်။

“မင်းတို့ ပညာရှိစံအိမ်တော်မှာ ယုံကြည်မှုစွမ်းအားကို သုံးနိုင်တဲ့ အထူး ဝိညာဉ်သိုင်းရှိတယ်လို့ ကြားတယ် ငါ မင်းကိုတိုက်ခိုက်ပေးရမှာပေါ့” ကြီးမြတ် သောဝူလင်းသည် အပိုပြောရသည်ကို မကြိုက်သဖြင့် ချုံးကျိကို တိုက်ရိုက်ပင် တိုက်ခိုက်လေသည်။

ချုံးကျိသည် သူ့ကိုနှုတ်ဆက်ကာ နှစ်ယောက်လုံးသည် လေထဲတွင် တိုက်ခိုက်ကြလေသည်။ ထိုအသံသည် တိုက်ပွဲကို ဖိတ်ခေါ်လိုက်သလိုပင်။ အသင်းမဟာမိတ်များ အနက်ဝတ်လူများနှင့် ရှေးဟောင်းဝိညာဉ်သားရဲများ သည် စတင်တိုက်ခိုက်တော့သည်။ သူတော်စင်မြို့တော်တစ်ခုလုံးသည် စစ်ပွဲ ဖြစ်သွားကြသည်။

ထန်းယွမ်သည် တိုက်ပွဲတွင် ဝင်မပါဘဲ ရှီမာယူယူကို ဆွဲကာ တိုက်ပွဲ နေရာမှ အမြန်ပင် ထွက်ခဲ့လိုက်သည်။

“အဲလူတွေ တိုက်ခိုက်နေတာကို ဝင်မပါနဲ့” ထန်းယွမ် ပြောလေသည် “ဒီကနေပဲကြည့်နေ ဟုန်ဝေ ဒီမှာနေပြီး သူမကိုကာကွယ်လိုက်”

ဟုန်ဝေသည် ရုတ်တရက် ပေါ်လာသည်။ သူမသည် ရှီမာယူယူကို ကသိကအောက်ဖြင့် ကြည့်လိုက်သည်။

“အစ်ကို သွားတိုက်မလို့လား”

“ငါလုပ်စရာတွေရှိတယ်” ထန်းယွမ် ပြန်ဖြေလိုက်သည် “မှတ်ထား ယူယူ့ ဘေးကနေ မသွားနဲ့ နားလည်လား”

ရှီမာယူယူသည် သူ့ကိုဆွဲထားလိုက်သည် “ဘယ်သွားမလို့လဲ”

“ငါ ဒီကိုခိုးဝင်လာတာက လုပ်စရာရှိလို့ပဲ” ထန်းယွမ် ပြောလိုက်သည် “ဒီမှာဆိုရင် ဘေးကင်းတယ် ဒီမှာပဲနေပြီး ဘယ်မှထွက်မသွားနဲ့ နားလည်လား”

သူသည် သူလက်သူပြန်ဆွဲပြီး သူတို့မြင်ကွင်းမှ ပျောက်ကွယ်သွားလေ သည်။

သူတို့နှစ်ယောက်လုံးသည် ခေတ္တမျှတိတ်ဆိတ်သွားကြသည်။

“ဟို…” နောက်ဆုံးတွင် ဟုန်ဝေစပြောလေသည်။ “အရင်တစ်ခေါက်က ကိစ္စ ကျွန်မတောင်းပန်ပါတယ် ရှင်က သခင့်ရဲ့မိန်းကလေးဆိုတာကို ကျွန်မ မသိလိုက်ဘူး ရှင့်ကိုပြစ်မှားမိတာကို ဗွေမယူဖို့ မျှော်လင့်ပါတယ်”

“ဒါနဲ့ ဘာလဲ မြင့်မြတ်သောသားတော်အတုက ကျွန်မကိုစိတ်ဝင်စားနေ တာလား” ရှီမာယူယူသည် သူမကို နားလည်သည်။ သူမသည် သဝန်တိုသဖြင့် လာ ပတ်သက်ခြင်းပင်ဖြစ်သည်။

“အဲတုန်းကတော့ မသိလို့ပါ သခင့်ကိုမပြောပါနဲ့ ကျွန်မ ညစ်ပတ်နံစော် တဲ့မြောင်းထဲ မသွားချင်တော့ဘူး” ဟုန်ဝေ‌ ရေရွတ်လိုက်သည်။

“ညစ်ပတ်တဲ့ မြောင်းထဲပစ်တယ်ဟုတ်လား”

“ကျွန်မ နတ်ဆိုးလောကမှာတုန်းက သူက သခင်ဆိုတာကို မသိဘဲနဲ့ သူ့ ကိုသွားပြီး အီစီကလီလုပ်တာ နောက်ဆုံးတော့ ညစ်ပတ်တဲ့မြောင်းထဲ ပစ်ချခံ လိုက်ရတယ်၊ ကျွန်မအစ်ကိုကြောင့်သာမဟုတ်ရင် ကျွန်မသေနေလောက်ပြီ” သူမသည် လက်နှင့်လည်ပင်းကို ပွတ်လိုက်သည်။

ရှီမာယူယူသည် သူမ အပြုအမူကြောင့် အံ့ဩသွားသည်။ ဒီမိန်းကလေး ကပွင့်လင်းတဲ့ပုံပဲ။ ဝူလင်းယူကို ထိုကဲ့သို့ပြုမူလိမ့်မည်ဟု ထင်မထားပေ။

ဝူလင်းယူကို တွေးမိသည်နှင့် သူမသည် ရုတ်တရက် ပညာရှိစံအိမ်တော်၏ အံ့ဖွယ်ဆေးကို စဉ်းစားမိသွားကာ ဟုန်ဝေကို ပြောလိုက်သည် “ဒီမှာနေခဲ့ ငါ ခဏနေပြန်လာမယ်”

“ဘယ်သွားမလို့လဲ”

“ငါ ပစ္စည်းတစ်ခုသွားရှာမလို့”

“ကျွန်မလည်းလိုက်မယ် ရှင့်ဘေးကမခွာနဲ့လို့ အစ်ကိုမှာသွားတယ်” ဟုန်ဝေသည် အမြန်ပင်နောက်မှလိုက်ကာ သူမနှင့်အတူထွက်သွားလိုက်သည်။

ပညာရှိစံအိမ်တော်၏ ဆေးအဆောင်ကို ကျုံကျန်းဟန်ယွဲ့တစ်ခါမှ မသွား ဖူးသော်လည်း အကြမ်ပေါင်းများစွာ ဖြတ်သွားဖူးသည်။ ရှီမာယူယူသည် သူမ၏ မှတ်ဉာဏ်အတွင်းမှ ဆေးအဆောင်ကို ရှာတွေ့လေသည်။

ဆေးဆောင်ထဲမှလူများကို လဲကျနေသည်။ ထန်းယွန် မည်သို့လုပ်သွား သည်ကို သူမ မသိပေ။ ထိုနည်းလမ်းသည် ပညာရှိစံအိမ်တော်တစ်ခုလုံးကို အဆိပ်သင့်စေသည်။

သူတို့နှစ်ယောက်လုံး လမ်းတလျှောက် လျှောက်သွားလိုက်သည်။ လမ်း တစ်လျှောက်တွင် လူများလဲကျနေကြသည်ကို တွေ့ရသည်။ အများစုမှာ ဆေးပင်များကို လက်ထဲတွင် ဆုပ်ကိုင်ထားကြသည်။ သို့သော် သူတို့၏ အံ့ဖွယ် အာရုံမှာ ငြိမ်နေဆဲပင်ဖြစ်သည်။ သူတို့သည် ရှီမာယူယူတို့ကို မြင်သောအခါ မျက်လုံးများ ပြူးကျယ်သွားသည်။

ရှီမာယူယူ လျှောက်သွားပြီး ဆေးအကူကောင်လေးကို ကိုင်ကာ “ဖီးနစ် နိဗ္ဗာန် ဘယ်မှာလဲ”

“မင်းပဲ…” ဆေးအကူသည် ရှီမာယူယူကို ခါးသက်စွာ စိုက်ကြည့်လိုက် သည် “မြင့်မြတ်သောသမီးတော် ဘာလို့..”

သူ စကားမဆုံးခင်မှာပင် ဘေးမှဓားရှည်တစ်ချောင်းမှ သူ၏ နှလုံးသား တည့်တည့်ကိုထိုးစိုက်လိုက်သည်။

ရှီမာယူယူ လှည့်ကြည့်လိုက်ရာ ဓားကိုဆွဲထုတ်လိုက်သည်မှာ ဟုန်ဝေပင် ဖြစ်သည် “သူ့လက်ထဲမှာ တစ်ခုခုရှိနေတယ်”

ရှီမာယူယူ စစ်ကြည့်ရာ သူ့လက်ထဲတွင် ပစ္စည်းငယ်တစ်ခုရှိလေသည်။ သူသည် သတင်းပို့ရန်ကြိုးစားနေသလား သူမကို သတ်ရန်ကြိုးစားနေသလား မသိရပေ။

“ကျေးဇူးပဲ” သူမ ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူမ သည် ဆေးအကူကောင်လေး၏ အသိစိတ်ထဲသို့ အံ့ဖွယ်အာရုံထည့်လိုက်သည် နှင့် အံ့ဖွယ်ဆေးတည်နေရာကိုသိလိုက်ရသည်။

***

All Chapters