စစ်ပွဲစပြီ ၃
Vol. 124 Ch. 1731
ရှီမာယူယူသည် ဟုန်ဝေကို စိတ်အေးအေးထားရန် ဆုပ်ကိုင်လိုက်သည် “အသုံးမဝင်ဘူး မင်း ဝိညာဉ်စွမ်းအင် အလကားသုံးနေတာပဲ”
“ဘယ်လိုလုပ်ရမလဲ ဒီဝိညာဉ်အတားအဆီးက မပျက်ဘူး” ဟုန်ဝေသည် တုန်ယင်နေသည်။ သူမသည် တည်ငြိမ်ရန်ကြိုးစားလိုက်သည်။ “ပွင့်သွား အောင် ဖျက်မှရမယ် သူတို့ ကြာကြာမခံနိုင်တော့ဘူး”
“ငါဝင်သွားပြီးကြည့်မယ်” ရှီမာယူယူ အကြံပေးလိုက်သည်။
“ရှင် ဖွင့်နိုင်လား” ဟုန်ဝေသည် သူမလက်ကို ကိုင်လိုက်သည် “ရှင် ဖွင့် နိုင်လား”
“ငါက ဝိညာဉ်အတားအဆီးကို ဖြတ်နိုင်တယ်” ရှီမာယူယူ အခိုင်အမာ ပြောလေသည်။ သူမသည် ဟုန်ဝေကို ဖန်မင်ဘေးသို့ ခေါ်သွားလိုက်သည် “ဥက္ကဌဖန် သူမကို ဂရုစိုက်ပေးပါဦး”
“မင်း ဝင်နိုင်လို့လား” ဖန်မင် မေးလိုက်သည်။
“ကျွန်မ ဝိညာဉ်သားရဲနဲ့ ပေါင်းပြီး ဝိညာဉ်အတားအဆီးကို ဖြတ်နိုင်တယ် အထဲက အခြေအနေကို ကျွန်မသွားကြည့်လိုက်မယ်”
“ဒါပေမဲ့ အထဲက….”
“ကျွန်မ ကိုယ့်ဘာသာကာကွယ်နိုင်ပါတယ်” ရှီမာယူယူသည် ပြောပြီး နောက် ဝိညာဉ်အတားအဆီးဆီသို့ ပျံသန်းသွားသည်။
“မင်း…” ဖန်မင် စကားမဆုံးခင်တွင် ရှီမာယူယူ၏ ပုံရိပ်သည် ဝိညာဉ် အတားအဆီးကို ဖြတ်ပြီး အထဲသို့ တည့်တည့်ဝင်သွားသည်ကို သူ မြင်လိုက်ရ သည်။
မထင်မှတ်စွာပင် သူမသည် အမှန်တကယ်ဝင်သွားနိုင်သည်။
ရှီမာယူယူ အတားအဆီးကို ဖြတ်လိုက်သည်နှင့် အထဲမှ အခြေအနေကို ရှင်းလင်းစွာ မြင်နေရသည်။ ချုံးကျိနှင့် ကြီးမြတ်သောဝူလင်းတို့သည် လေထဲ တွင် မျက်နှာချင်းဆိုင်တွေ့နေကြသည်။ ကျန်လူများသည် မြေပေါတွင်လဲကာ တချို့မှာ ဒဏ်ရာအပြင်းအထန်ရလျက်ရှိသည်။
သူမ ဝင်လာသည်ကို မြင်သောအခါ အားလုံး၏ မျက်နှာအမူအရာများ ပြောင်းသွားကြသည်။ ရှားကျောင်ထျန်နှင့် ဟော်ချန်းဒုန်တို့သည် တောက်ပ လာသည်။ ပညာရှိစံအိမ်တော်မှလူများသည် သက်ရောက်မှုမရှိပေ။ သူမ ပေါ် လာခြင်းသည် ကွာခြားချက်ရှိသည်ဟု မခံစားရပေ။
ရွှမ်ချံဒးဟော်သည် သူမကို မြင်လိုက်ရသောအခါ အံ့ဩသွားသည်။ သူ ပူပန်စွာ ပြောလိုက်သည် “ဘာလို့ ဒီကိုလာတာလဲ”
ရွှမ်ချုံးဟော်မှ သူမကို ဘာကြောင့် မှတ်မိသည်ကို ရှီမာယူယူ မသိပေ။ ညီလာခံလုပ်စဉ်က သူသည် သူမကို ထူးဆန်းစွာ ကြည့်ခဲ့သည်။ အခု သူမ ပို သေချာသွားလေပြီ။ သူသည် သူမကို မှတ်မိသည်မှာ ကြာပြီဖြစ်သည်။
သူမသည် သူ့ကိုခေါင်းညိတ်ပြပြီး ထန်းယွမ်နှင့် သွေးအဆက်မပြတ် အန် နေသော ဝူလင်းယူအစားထိုးလူတို့ဆီသွားလိုက်သည်။ သူမသည် ထန်းယွမ်ကို ဆေးတစ်လုံးပေးလိုက်သည်။
“ဒါက မိုရှား ကျွန်မဆီမှာထားသွားပေးတဲ့ဟာပဲ” ရှီမာယူယူသည် ထန်းယွမ်ကို ပြောလိုက်သည်။
ဝူလင်းယူ အစားထိုးလူ၏ သွေးသည် သာမာန်အနီရောင်မဟုတ်ပေ။ ဆိုလိုသည်မှာ သူသည် နတ်ဆိုးမျိုးနွယ်ဖြစ်သည်ကို ညွှန်ပြနေသည်။ ထို့ကြောင့် လူသားဆေးများသည် သူ့အတွက် အသုံးမဝင်ပေ။
ထန်းယွမ်သည် ဆေးယူပြီး သူမကိုကျေးဇူးတင်စကားပြောကာ သူ့ကို ပေးလိုက်သည်။
“မြင့်မြတ်သောသမီးတော် သူတို့က ပညာရှိစံအိမ်တော်ရဲ့ သစ္စာဖောက် တွေပါ” ပညာရှိစံအိမ်တော်မှလူများသည် သူမကို သတိပေးလေသည်။
“ကျွန်မသိတယ်” ရှီမာယူယူ ပြန်ချေပလိုက်သည်။
“ဒါဆို ဘာလို့… သူတို့ကိုကယ်တာလဲ…”
သူတို့ စကားမဆုံးခင်မှာပင် သူတို့ ရင်းနှီးသောလူသည် တိုင်းပြည်တစ်ခု လုံးကို မွှေနှောက်ခဲ့သော တခြားလူအသွင်ပြောင်းသွားသည်ကို မြင်လိုက်ရ၏။
“ရှီမာယူယူ မင်းက ဘယ်လိုလုပ် ရှီမာယူယူ ဖြစ်နေတာလဲ” ပညာရှိစံအိမ် တော်မှလူများ အံ့ဩသွားကြသည် “မင်းက မြင့်မြတ်သောသမီးတော်မဟုတ် ဘူးပဲ”
ချုံးကျိနှင့် ကြီးမြတ်သောဝူလင်းတို့ ရပ်သွားကြသည်။ ချုံးကျိ၏ မျက်နှာ မှာ တင်းမာသွားတော့သည် “ဟန်ယွဲ့ ဘယ်မှာလဲ”
“ကျွန်မ သူမကို ဖမ်းထားတယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ချုံးကျိ ပညာရှိစံအိမ်တော်က အဆုံးသတ်သွားပြီ ဘာလို့အခုထိ ခုခံနေသေးတာလဲ”
“ထန်းယွမ်ကို အဆိပ်ပေးလိုက်တာ မင်းလား” ချုံးကျိ မေးလိုက်သည်။
“ဟုတ်တယ်”
“ငါတို့ ပညာရှိစံအိမ်တော်က မင်းနဲ့ဘာရန်ငြိုးမှမရှိဘူး ဘာလို့ ငါတို့ကို ဒီလိုလုပ်တာလဲ”
“ရန်ငြိုးမရှိဘူးဟုတ်လား ချုံးကျိ ဒီစကားပြောဖို့ အရှက်တောင်ရှိရဲ့လား” ရှီမာယူယူ နှာရှုတ်လိုက်သည် “ရှင်က မြင့်မြတ်တယ်ဆိုတဲ့အရေခြုံပြီးတော့ ဒီလို မဖြောင့်မတ်တာတွေလုပ်နေတာလေ ရှင့်ကိုယ်ရှင် ဖြောင့်မတ်တယ်လို့ ထင်နေတုန်းလား၊ လာနောက်မနေပါနဲ့ အကုန်လုံးက ငတုံးဟုတ်ဘူး ရှီမန် မျိုးနွယ်ကို ချေမှုန်းတာ ရှီမာမျိုးနွယ်ကိုတိုက်ခိုက်တာ ဒီကိစ္စနှစ်ခုနဲ့တင် ကျွန်မ ပညာရှိစံအိမ်တော်ကို ရန်ငြိုးထားဖို့ လုံလောက်နေပြီ”
“ရန်ငြိုးထားတယ်… မင်းက ဂူချင်းကို တမင်တကာ အဲလူတွေနောက် လိုက်ခိုင်းပြီး ပေါ်အောင်လုပ်လိုက်တာပဲ အဲကတည်းက မင်း ဟန်ယွဲ့ကို ဖမ်းပြီး သွားပြီ” ချုံးကျိ ချင့်ချိန်လိုက်သည်။
“ဟုတ်တယ် ကျွန်မ အဲဒီမိန်းကလေးတွေကို လွှတ်လိုက်တုန်းက ကျုံကျန်းဟန်ယွဲ့ကို မိထားပြီးပြီ သူမရဲ့ မှတ်ဉာဏ်တွေအရ ပညာရှိစံအိမ်တော် က အနက်ဝတ်လူတွေနဲ့ ပတ်သက်နေတယ်ဆိုတာကို သိခဲ့ရတယ် ပြီးတော့ ဂူချင်းကိုတွေ့ပြီးတာနဲ့ ပညာရှိစံအိမ်တော်ကို ပြန်လာတာပဲ၊ ကျွန်မ အသင်း မဟာမိတ်နဲ့ ရှေးဟောင်းဝိညာဉ်သားရဲတွေကို သတင်းပို့ခဲ့တယ်၊ ဒီလောက် ကြီးတဲ့ညီလာခံကို တခြားအဖွဲ့တွေမပါလို့ဘယ်ဖြစ်မလဲ”
“အဲတော့ အကုန်လုံးမင်းကြောင့်ပဲပေါ့ မင်းက ဒီကိစ္စတစ်ခုလုံးကို ခြယ်လှယ်နေတဲ့သူပေါ့ ငါ့ပညာရှိစံအိမ်တော်ကို ဖျက်ဆီးတဲ့သူပဲ” ချုံးကျိ ပြော လိုက်သည်။ ထို့နောက် သူသည် တစ်စုံတစ်ရာကို ရုတ်တရက်တွေးမိသွားပြီး သူမကို စိုက်ကြည့်လိုက်သည် “မင်းက ဟောကိန်းထုတ်ထားတဲ့ မိန်းကလေးပဲ အဘက်ဘက်ကပြည့်စုံတဲ့ ဝိညာဉ်သခင်”
ရှီမာယူယူ မငြင်းပေ။ အချိန်ကြာမြင့်စွာ ဖုံးကွယ်ခဲ့ပြီးနောက်တွင် ဖုံးကွယ် စရာမလိုတော့ပေ။
“ဝူလင်းယူက မင်းရဲ့အသွင်မှန်ကို သိပြီးတာ ကြာပြီမလား” ချုံးကျိ ထပ် မေးပြန်သည်။
လွန်ခဲ့သည့်နှစ်များတွင် ပညာရှိစံအိမ်တော်သည် ဟောကိန်းမှ မိန်းကလေးကို ရှာရန် အားများစွာစိုက်ထုတ်ခဲ့သည်။ လူမည်မျှသတ်ခဲ့သည်ကို ပင် သူ မသိတော့ပေ။ မထင်မှတ်စွာပင် သူတို့သည် သူမ ကြီးပြင်းလာခွင့်ပြုခဲ့မိ သည်။ ဝူလင်းယူ၏ အကာအကွယ်ပေးမှုကြောင့်သာမဟုတ်လျှင် ပညာရှိစံအိမ် တော်သည် မသိစရာအကြောင်းမရှိပေ။
“ရှင်က ဟောကိန်းကိုသိမှတော့ ဒါကပြောင်းလဲလိုက်လို့ မရတဲ့ဟာလေ ရှင် အပြစ်မရှိတဲ့မိန်းကလေးတွေကို မရေမတွက်နိုင်အောင် သတ်လိုက်လည်း ရလဒ်ကတော့အတူတူပဲ” ရှီမာယူယူ ပြောလိုက်သည်။
ပညာရှိစံအိမ်တော်သည် ပြီးပြည့်စုံသည်ဝိညာဉ်သခင် လက်ထဲတွင် ဖျက်ဆီးခံရမည်ဟု ဟော်ကိန်းထုတ်ခဲ့သည်။ ထိုအကြောင်းအရင်းကြောင့် ပညာရှိစံအိမ်တော်သည် မိန်းကလေးများကိုရှာကာ သံသယရှိသူများကို သတ်ခဲ့ သည်။ သို့သော် ရှီမာယူယူကိုတော့ ရှာမတွေ့ခဲ့ပေ။
ယနေ့ ချုံးကျိမသေလျှင်တောင် ပညာရှိစံအိမ်တော်ကို ပြန်တည်ထောင် နိုင်မည်မဟုတ်တော့ပေ။ ထိုယောက်ရက်ခတ်သောအချိန်များတွင် စံအိမ်တော် သခင်မရှိဘဲ စံအိမ်တော်ခွဲများသည် ကြာကြာမခံဘဲ အတိတ်မှ ဂုဏ်သရေသာ ကျန်ခဲ့တော့မည်။
ထို့ကြောင့် ဟောကိန်းသည် ဟောကိန်းသာဖြစ်သည်။ ပြောင်းလဲမှုမရှိ ပေ။
“ဟားဟားဟား” ချုံးကျိသည် ဒေါသကိုထိန်းချုပ်ကာ ရယ်မောလိုက် သည် “မင်း ငါ့ကိုတကယ်သတ်နိုင်မယ်လို့ ထင်နေလား မင်းက ဟန်ယွဲ့လို ဟန်ဆောင်ထားကတည်းက မင်းတိုက်ခိုက်ချက်တွေက ငါ့အပေါ်သက်ရောက် မှုမရှိတာကို မင်းသိသင့်တယ် အဲတော့ ရှေးဟောင်းဝိညာဉ်သားရဲတွေရှိတော့ ရော ဘာဖြစ်လဲ ငါ့အတားအဆီးကိုမှ မဖျက်နိုင်ကြတာ”ဩ
ကြီးမြတ်သောဝူလင်း၏ မျက်နှာမှာ မည်းနက်လာသည်။ သူ၏ စွမ်းအား သည် ချုံးကျိထက် မြင့်သည်မှာသေချာသည်။ သို့သော် တိုက်ခိုက်မှုအားလုံးကို ချုံးကျိ၏ ဒိုင်းကာမှစုပ်ယူသွားခဲ့သည်။ ချုံးကျိသည် ထိခိုက်မှုမရှိဘဲ သူ၏ ဝိညာဉ်စွမ်းအားသာ အများအပြားကုန်သွားခဲ့သည်။
“ယုံကြည်မှုစွမ်းအားလေးပဲမလား အဲဒါကိုဖျက်နိုင်ရင် ရှင် အသက်ရှင် လျက်ထွက်သွားနိုင်လား” ရှီမာယူယူ နှာမှုတ်လိုက်သည်။
“မင်းက ယုံကြည်မှုစွမ်းအားကို သိတာပဲ အဲဒါကို ဒီလိုအရူးစကားတွေ ပြောနေသေးတယ်၊ ကြီးမြတ်သောဝူလင်းတောင် ငါ့ကိုဘာမှမလုပ်နိုင်ဘူး မင်း ဂိုဏ်းတွေပူးပေါင်းလိုက်ရင်တောင် အသုံးမဝင်ဘူး မင်းဘာလုပ်နိုင်လို့လဲ ဟား ဟား ဟား….” ချုံးကျိသည် ကြမ်းရမ်းစွာ ရယ်မောလိုက်သည်။ သူသည် မြေပေါ်မှလူများကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်လေသည်။
“သူပြောတာ အမှန်ပဲလား” ရှီမာယူယူသည် ထန်းယွမ်ကို မေးလိုက် သည်။
သူ ခေါင်းညိတ်လိုက်သည် “ငါတို့တိုက်ခိုက်မှုတွေ ပူးပေါင်းလိုက်တာ တောင် သူ့ကိုလှုပ်အောင်မလုပ်နိုင်ဘူး ကြီးမြတ်သောဝူလင်းရဲ့ တိုက်ချက်တွေ က သူ့ကိုနည်းနည်းပဲထိခိုက်အောင်လုပ်နိုင်တယ် သူ့ရဲ့ကာကွယ်ရေးဒိုင်းကာ က ငါတို့တိုက်ချက်တွေကို ပျောက်သွားစေတဲ့ပုံပဲ”
“ယုံကြည်မှုစွမ်းအားက တိုက်ခိုက်မှုကို ဖြေရှင်းနိုင်တယ်လို့ သူပြောတယ် အဲဒါက အဲလောက်အားကောင်းမယ်လို့ ထင်မထားဘူး” ရှီမာယူယူသည် အနည်းငယ် အံ့ဩသွားသည် “ဒါပေမဲ့ အဲဒါကို ချုပ်ထိန်းဖို့ နည်းလမ်းမရှိတာ မဟုတ်ဘူးလို့ သူကိုယ်တိုင်ပဲပြောခဲ့တယ်”
“မင်းမှာနည်းလမ်းရှိလား” ထန်းယွမ်သည် သူမကို မျှော်လင့်တစား ကြည့် လိုက်သည်။
ချုံးကျိကို ယနေ့မဖယ်ရှားနိုင်ပါက နောက်တွင် ပြဿနာပိုကြီးနိုင်သည်။ ရှီမာယူယူသာ သူ၏ ကာကွယ်ရေးကိုဖျက်နိုင်ပါက သူတို့သည် ဒီနေ့တွင် သူ့ အသက်ကိုယူနိုင်သည်။
ရှီမာယူယူသည် တွေဝေသွားသည်။ သူမ မလိုလားသောကြောင့်မဟုတ် ဘဲမသေချာသောကြောင့်ဖြစ်သည်။ သူမ ထိုသို့လုပ်လိုက်လျှင် ထိန်းနိုင်တော့ မည်မဟုတ်ပေ။
“ဥက္ကဌ” စူးရှသော အသံသည် သူမအာရုံကို ဆွဲဆောင်သွားသည်။ သူမ ကြည့်လိုက်ရာ ရှားကျောင်ထျန်သည် လေထဲတွင်မြောက်နေသည်ကို တွေ့ လိုက်ရသည်။ ချုံးကျိသည် သူနှင့် အနီးကပ်တွင်ရှိနေသည်….
***