← Chapters

– ရှီမာယူယူ… သေပြီလား

Vol. 124 Ch. 1732

– ရှီမာယူယူ… သေပြီလား

Vol. 124 Ch. 1732

“ဥက္ကဌ”

ရှီမာယူယူ ထိတ်လန့်သွားသည်။ အားလုံးသည် မြေပေါ်တွင် လှုပ်မရဖြစ် နေသည်။ သူမသည် တုံ့ပြန်ရန်ပင်အချိန်မရှိပေ။ သူမ ရှေ့သို့ခုန်ပြီး သူ့ကို ဖမ်း လိုက်ပြီး လျင်မြန်စွာပင် ချုံးကျိ၏နောက်ဆုံးတိုက်ကွက်ကို ရှောင်လိုက်သည်။

ကြီးမြတ်သောဝူလင်းသည် ဘေးသို့ရောက်လာပြီး ချုံးကျိကို တားလိုက် သည်။ ထိုအရာသည် ချုံးကျိတိုက်ကွက်ကို မတားနိုင်ခဲ့ပေ။

“သတိထား” ရွှမ်ချုံးဟော်သည် ရှီမာယူယူ၏ အနောက်သို့ လျှပ်တပြက်  ရောက်လာပြီး သူမကို တိုက်ခိုက်လာသည့် ဝိညာဉ်စွမ်းအင်ကို ဖြေရှင်းလိုက် သည်။

“ရွှမ်ချုံးဟော် မင်းက ဘယ်ဘက်ကလဲ” ချုံးကျိသည် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

ရွှမ်ချုံးဟော်သည် ရှီမာယူယူ၏ ရှေ့တွင်ရပ်လိုက်သည် “ခင်ဗျားနဲ့ ကျုပ် အဖေတို့ ဘယ်လို သဘောတူညီချက်တွေလုပ်ထားပြီး တခြားလူတွေနဲ့ ဘယ်လိုရှင်းလဲတော့ ကျုပ်မသိဘူး ဒါပေမဲ့ ရှီမာယူယူကိုတော့ ခင်ဗျားသတ်လို့ မရဘူး”

“သူမက ငါတို့အစီအစဉ်ကို ဖျက်ဆီးတဲ့လူကွ မင်းက သူမကို ကာကွယ် ပေးချင်နေတုန်းလား” ချုံးကျိ မေးခွန်းထုတ်လိုက်သည်။

“သူမကို သတ်လို့မရဘူးလို့ ကျုပ်ပြောပြီးပြီနော်” ရွှမ်ချုံးဟော်သည် ရှီမာယူယူ၏ ရှေ့တွင်ရပ်နေဆဲဖြစ်ကာ ဖယ်မပေးပေ။

အနက်ဝတ်လူများသည် တိုက်ခိုက်သင့်သလားမသိသောကြောင့် သူ့ကို ကြည့်လိုက်သသည်။

“ဒါဆိုလည်း မင်းကိုပါ အတူသတ်ပေးရမှာပေါ့ မင်းအဖေက မင်းအတွက် နဲ့ သဘောတူထားတာကို ဖျက်မယ်လို့မထင်ဘူး သွားတော့” ချုံးကျိသည် လူသတ်ရန် စိတ်အားထက်သန်နေသည်။ သူ၏ သရုပ်မှန်ကြောင့် အပစားပေး ရန် ရည်ရွယ်ချက်မရှိဘဲ အနက်ဝတ်လူများကို အမိန့်ပေးလိုက်သည်။

“ဒါဆိုလည်း ကျုပ်ကိုသတ်ဖို့ လုပ်ကြည့်လေ” ရွှမ်ချုံးဟော်သည် လက်နက်ထုတ်ကာ အနက်ဝတ်လူများနှင့် ရင်ဆိုင်လေသည်။

အနက်ဝတ်လူများသည် တိုက်ရိုက် တိုက်ခိုက်မှုမလုပ်ပေ။ သူတို့သည် ရွှမ်ချုံးဟော်ကို ဒွိဟဖြစ်နေသေးသည်။

ရှီမာယူယူသည် ဥက္ကဌရှားကို မြေပေါ်သို့ချထားလိုက်သည်။ အသင်း မဟာမိတ်မှလူများသည် အမြန်ရှေ့သို့ပြေးလာကြပြီး သူ့ကိုဝန်းရံလိုက်ကြ သည်။ သူမ လှည့်ပြီး ရွှမ်ချုံးဟော်၏ ကျောပြင်ကိုကြည့်လိုက်သည်။ သူမ မျက်လုံးထဲတွင် နွေးထွေးမှု အရိပ်အယောင် ပေါ်လာသည်။

“ကျေးဇူးတင်ပါတယ် ဟော်”

ရွှမ်ချုံးဟော်လှည့်ကြည့်ရာ ရှီမာယူယူ၏ ဖြူစင်ပြီးနွေးထွေးသည့် အပြုံး ကိုမြင်လိုက်ရသည်။

သူမသည် သူ့ကိုအပြစ်မတင်သလို မုန်းမသွားပေ။ သူမ သူ့ကိုယုံပေးခဲ့ သည်။

ထိုအခိုက်တွင် သူအကောင်းဆုံးပြန်ရလိုက်သည်ဟု ခံစားရသည်။

“သူတို့ကိုခေါ်သွားလိုက် ငါ ခဏတော့ တောင့်ခံထားမယ်” သူ ပြောလိုက် သည်။

သို့သော် ရှီမာယူယူ ခေါင်းခါလိုက်သည်။ သူမ ကြည့်လိုက်ရာ ချုံးကျိသည် အားကောင်းလာပြီး ကြီးမြတ်သောဝူလင်းသည် ခြေကုန်လက်ပန်းကျနေသည် ကိုမြင်လိုက်ရသည်။ သူမ ရေရွတ်လိုက်သည် “တခြားနည်းလမ်းမရှိတော့ဘူး”

“မင်းသွားတော့ ငါ နည်းလမ်းရှာပြီး သူ့ကိုရှင်းမယ်” ရွှမ်ချုံးဟော်သည် သူမ၏ ပြတ်သားသော မျက်လုံးများကို မြင်နေရသည်။ သူသည် ရုတ်တရက် စိတ်မအေးသလိုဖြစ်ကာ ဖြစ်နိုင်သလောက် မြန်မြန် သူမကို ထွက်သွားစေလို သည်။

“ရှင့်မှာ နည်းလမ်းရှိလား” သူမ ခေါင်းမော့ပြီးမေးလိုက်သည်။

“ရှိမှာပါ”

“ဒါဆိုရင် မရှိဘူးပဲ” ရှီမာယူယူ ပြောလိုက်သည် “ကြည့်ရတာ ကျွန်မပဲ လုပ်နိုင်မှာ”

ရွှမ်ချုံးဟော်သည် သူမကို ပြန်ဆွဲထားလိုက်သည် “မင်းဘာလုပ်မလို့လဲ”

“ရှင်တို့ရဲ့ ဘယ်အားကမှ ယုံကြည်မှုစွမ်းအားကို ခုခံနိုင်မှာမဟုတ်ဘူး ကြီးမြတ်သောဝူလင်းသာ သူ့ရဲ့ဝိညာဉ်စွမ်းအင်ကုန်သွားပြီ ဒီကလူတွေ အကုန် သေကုန်လိမ့်မယ်” ရှီမာယူယူ ထောက်ပြသည် “ဒီမှာလူတွေဘယ်လောက် များများ ဘယ်လောက်ပဲအားကောင်းကောင်း အဲဒါကိုတော့ ဘာမှမတတ်နိုင် ဘူး ကျွန်မက အသင်းခေါင်းဆောင်တွေအပေါ် ကျေးဇူးအကြွေးတင်နေတယ် ကြီးမြတ်သောဝူလင်းက ကံကောင်းလေးရဲ့အဖေပဲ သူသာမရှိရင် ကံကောင်း လေး အနာဂတ်က ခက်ခဲသွားလိမ့်မယ် သူတို့သေသွားတာကို ကျွန်မ မကြည့် နိုင်ဘူး”

“ဒါပေမဲ့ မင်း သူ့ကိုမနိုင်နိုင်ဘူး” ရွှမ်ချုံးဟော် မျက်မှောင်ကြုတ်လိုက် သည်။

“ကျွန်မမှာ နည်းလမ်းရှိတယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ကျွန်မ သူ့ရဲ့ကာကွယ်ရေးကို ဖြိုခွဲလိုက်ရင် ရှင်တို့ သူ့ကိုအလွတ်မပေးနဲ့”

“မင်း…”

“ဟော် ရှင့်ကိုတွေ့ရတာ ဝမ်းသာပါတယ်” ရှီမာယူယူ သူ့ကိုပြုံးပြလိုက် သည်။ သူမသည် သူကိုင်ထားသည်မှ သူမလက်ကိုရုန်းထွက်လိုက်သည်။

“ယူယူ…”

ရွှမ်ချုံးဟော်၏ စိတ်ပူပန်မှုမှာ မြင့်တက်လာသည်။ သို့သော် ရှီမာယူယူ သည် လေပေါ်သို့တက်သွားပြီဖြစ်သည်။ သူမ ခန္ဓာကိုယ်မှ သန့်စင်သော အလင်းတန်းဖြာထွက်လာသည်။

“ဒါက…” ချုံးကျိ၏ မျက်လုံးများ ပြူးကျယ်လာသည်။ သူ၏ မျက်နှာမှာ မယုံနိုင်ခြင်းများစွာနှင့်… “ဘယ်လို ဘယ်လိုဖြစ်ပြီး…”

ကွင်းထဲမှလူများသည် ရှီမာယူယူကိုမြင်သောအခါ ကြက်သေသေသွား ကြသည်။ အလင်းတန်းမှာ သူတို့၏ ဒေါသ၊ စိတ်ပူပန်ခြင်းများနှင့် စိတ်မသက် မသာမှုများကို သန့်စင်သေးလိုက်သည်။ သူတို့၏ ဝိညာဉ်များ သန့်စင်သွားသည် ကို ခံစားမိသည်။

“ဒါက… သန့်စင်မှုစွမ်းအား” ရှားကျောင်ထျန်နှင့် တခြားသူများသည် ရှီမာယူယူကို မှင်တက်စွာကြည့်နေကြသည် “သူမမှာ အဲလိုစွမ်းအားရှိလိမ့်မယ် လို့ထင်မထားဘူး”

ရှီမာယူယူသည် လက်ထဲတွင် ယုံကြည်မှုစွမ်းအားများကို စုစည်းလိုက် သည်။ သူမသည် ချုံးကျိကို ရွှင်လန်းစွာ ပြုံးပြလိုက်ပြီးနောက် ဝိညာဉ် အတားအဆီးဆီသို့ ဦးတည်လိုက်သည်။

ချုံးကျိ စီစဉ်ထားသော ယုံကြည်မှုစွမ်းအားနှင့် ဝိညာဉ်အတားအဆီးမှာ ကောင်းကင်ဥပဒေပါဝင်သော တခြားယုံကြည်မှုစွမ်းအားတစ်ခုနှင့် တွေ့ချေပြီ။ လုံးဝကို ငြိမ်သက်သွားလေသည်။ ပေါက်ကွဲမှုတစ်ချက်တည်းနှင့် အားလုံး ဘာမှမတတ်နိုင်သည့် ဝိညာဉ်အတားအဆီးမှာ ပြိုကွဲသွားလေသည်။

ထိုအခိုက်တွင် အပြင်မှလူများသည် အထဲမှအခြေအနေကို မြင်နေရ သည်။

“အဲဒီစွမ်းအားက…”

ရှီမာယူယူသည် အရင်တစ်ခေါက်နှင့် လုံးဝမတူကြောင်းကို အားလုံး ခံစားမိကြသည်။ သို့သော် သူတို့သည် မကြာမီတွင် တုံ့ပြန်လာကြသည်။

“အစ်ကို” ဟုန်ဝေသည် ထန်းယွမ်နှင့် တခြားသူများဆီသို့ ပြေးလာသည် “အဆင်ပြေရဲ့လား”

“ငါ အဆင်ပြေတယ် မင်းရော” ထန်းယွမ်သည် သူမခန္ဓာကိုယ်ပေါ်မှ သွေး များကိုမြင်သောအခါ သူမ ထိခိုက်ထားသည်ဟု ထင်လိုက်သည်။

“ညီမလည်း အဆင်ပြေတယ် ဒါ သူများရဲ့သွေးတွေ” ဟုန်ဝေ ပြောလိုက် သည် “ဝိညာဉ်အတားအဆီးက ဘယ်လိုပွင့်သွားတာလဲ”

“ယူယူ ဖွင့်လိုက်တာ” ထန်းယွမ်သည် ရှီမာယူယူကို ကြည့်လိုက်သည်။ သူသည် တခြားသူများကဲ့သို့ စိတ်မအေးနိုင်ပေ။

“ယူယူ ဖွင့်လိုက်တာလား” ဟုန်ဝေသည် အနည်းငယ် အံ့ဩနေသည်။ သူမက ဝိညာဉ်အတားအဆီးဖွင့်နိုင်တယ်ဆိုရင် ခုနကဘာလို့မဖွင့်တာလဲ။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မင်းမှာ ဘယ်လိုလုပ် ယုံကြည်မှုစွမ်းအားရှိနေ တာလဲ” ချုံးကျိ အံ့ဩသွားသည်။

သူမ၏ ယုံကြည်မှုစွမ်းအားသည် သဘာဝမှ မွေးဖွားလာခြင်းဖြစ်သည်။ ထိုစွမ်းအားတွင် ကောင်းကင်ဥပဒေပါဝင်ပြီး တစ်ကမ္ဘာလုံးတွင် သူ့ကို ဆန့်ကျင် နိုင်မည့် တစ်ခုတည်းသော စွမ်းအားဖြစ်သည်။

“ရှင့်ရဲ့ ရည်ရွယ်ချက်ရှိတဲ့ လှုပ်ရှားမှုတွေကနေ ယုံကြည်မှုစွမ်းအား အစစ်အမှန်ကို မရနိုင်ဘူး” ရှီမာယူယူ မှတ်ချက်ပေးလိုက်သည် “ရှင် ဒီလောက် လုပ်လာတာ တခြားသူတွေ အသိအမှတ်ပြုတာ ဘယ်လောက်ရခဲ့လဲ ရှင် လူတွေကို ရှုပ်အောင်လုပ်လို့ရတယ် ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒီလိုဖြစ်သွား တယ် အာ့….”

သွေးနီနီများမှာ သူမပါးစပ်ထောင့်မှ စီးကျလာသည်။ သူမ၏ ခန္ဓာကိုယ် မှာ မတည်ငြိမ်တော့သည်ကို သူမ ခံစားရသည်။ သူမသည် ရှုပ်ထွေးနေသော စွမ်းအားများကို ဖိနှိပ်ရန် ကြိုးစားကာ ခဏတော့ တောင့်ခံလိုသည်။

“ယူယူ” ရွှမ်ချုံးဟော်သည် သူမကို အာရုံစိုက်ထားသည်။ သူမ နေလို့ မကောင်းသည်ကို သူ ပြောနိုင်သည်။ သူမ၏ ဖြူဖျော့နေသော မျက်နှာ တွန့်ရှုတ်နေသော မျက်ခုံးများနှင့် သူမပါးစပ်ထောင့်မှ သွေးများသည် သူ့ကို တုန်လှုပ်စေသည်။

“ရှင့်လိုမျိုး အမှိုက်သရိုက်တွေများလို့ ဒီကမ္ဘာကြီးက ယောက်ရက်ခတ် နေတာ အဲဒါရှင် စလိုက်တာပဲ” သူမသည် အားအကုန်သုးကာ ယုံကြည်မှု စွမ်းအားကို ဝေးသထက်ဝေးအောင် ထုတ်လွှတ်လိုက်သည်။ ထိုစွမ်းအားသည် သူတော်စင်မြို့တော်တစ်ခုလုံးကို ငြိမ်ကျသွားစေကာ အပြင်ဘက်ရောက်သော အခါ ပျောက်ကွယ်သွားလေသည်။ ပျော်ရွှင်စွာစောင့်ကြည့်နေသူများလည်း သူတို့၏ ဝိညာဉ်များ သန့်စင်သွားသည်ကို ခံစားမိကြသည်။

အဲဒါ ရှင် စလိုက်တာပဲ။

သူမ၏ အသံသည် အားလုံး၏ စိတ်ထဲတွင် ယုံကြည်မှုစွမ်းအားနှင့်အတူ ပဲ့တင်ထပ်ကာ ယုံကြည်မှုများကို လှုပ်ခတ်လိုက်သည်။

“ဘုန်း…”

ချုံးကျိ ကာထားသော အကာအကွယ်မှာ ရှီမာယူယူ၏ ယုံကြည်မှု စွမ်းအားကြောင့် ပြိုကွဲသွားလေသည်။ အကာအကွယ်သည် အလင်းဖျော့ဖျော့ ဖြစ်သွားကာ လေထဲတွင် ပျောက်ကွယ်သွားလေသည်။

“ကြီးမြတ်သောဝူလင်း ကျန်တာကိုရှင့်ကိုပဲ အပ်လိုက်တော့မယ် ဖူး…”

ရှီမာယူယူသည် ပါးစပ်အပြည့်သွေးအန်ထုတ်လိုက်သည်။ ဟိန်းသံထောင် ချီနှင့် ဟိန်းသံလေးတို့သည် ခုန်ထွက်လာသည်။ သူမသည် အားကုန်သွားကာ အရုပ်ကြိုးပြတ်ဖြစ်သွားသလိုပင်။ သူမ ခန္ဓာကိုယ်မှ ထွက်လာသော အလင်း တန်းသည် အားလုံးကို အမြင်စူးရှသွားစေသည်။

ထိုအဖြစ်အပျက်ကြောင့် အားလုံးမှင်တက်သွားကြသည်။ အစောပိုင်း လေးကပင် သူမသည် အားလုံးရှေ့တွင် သန့်စင်မြင့်မြတ်စွာ တောက်ပနေခဲ့ သည်။ အခု သူမသည် မျက်စိတစ်မှိတ်အတွင်း ယခုလိုဖြစ်သွားခဲ့သည်။ သူမ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်မှ ထိန်းချုပ်နိုင်ခြင်း မရှိတော့သည်ကို ကျင့်ကြံသူများအနေနှင့် သူတို့အားလုံး နားလည်ကြသည်။ သူမ ခန္ဓာကိုယ် သည် ပေါက်ကွဲတော့မည်။

“အမှောင်ရောင်ဝါ အလင်းရောင်ဝါ သူမ ခန္ဓာကိုယ်ထဲမှာ အမှောင်နဲ့ အလင်းရှိနေတယ် သူမ အဲဒီစွမ်းအားကို မထိန်းနိုင်ဘူး”

ရွှမ်ချုံးဟော် ရှေ့သို့ပျံတက်လာကာ ရှီမာယူယူကို ဖမ်းရန်ကြိုးစားလိုက် သည်။ သူ အနားသို့မရောက်နိုင်ခင်တွင် ရှီမာယူယူ၏ ပေါက်ကွဲမှုအားကြောင့် လွှင့်သွားလေသည်။

“ယူယူ….”

“တောင်ကြားဒုသခင်….”

***

All Chapters