နိုးရန်မဖြစ်နိုင်ခြင်း ၁
Vol. 124 Ch. 1733
အားလုံးသည် ထိုမြင်ကွင်းကြောင့် ကြက်သေသေသွားကြသည်။ အဖြစ် အပျက်မှာ မြန်ဆန်လွန်းလှသဖြင့် တုံ့ပြန်ရန်ပင် အချိန်မရှိလိုက်ပေ။
ရှီမာယူယူက ဘယ်လိုဖြစ်ပြီး… ဒီအတိုင်း သေသွားတာလဲ။
သူမ ခန္ဓာကိုယ် ပေါက်ကွဲသွားသည်နှင့် ထိုစွမ်းအား၏ တွန်းဖယ်ခြင်းခံရ သည်ကို ကြည့်ပြီး ထိုအမှန်တရားကို သူတို့ယုံရတော့သည်။
ရှီမာယူယူသည် သူမခန္ဓာကိုယ် မည်သို့ဖြစ်သွားသည်ကို မသိပေ။ သူမ၏ အသိစိတ်အနည်းအကျဉ်းသည် အစိတ်စိတ်အမွှာမွှာဖြစ်သွားသည်။ သူမသည် ပြာလဲ့သော ကောင်းကင်ကို ငေးငိုင်စွာကြည့်မိသည်။ ထိုအရာသည် သူမ နောက်ဆုံးမြင်လိုက်သည့် အရောင်ပင် ဖြစ်နိုင်သည်။
မကြာမီတွင် သူမသည် နာကျင်မှုကို မခံစားရပေ။ သူမအပါအဝင် အရာ အားလုံးမှာ ထင်ယောင်ထင်မှားဖြစ်လာသည်။
သူမသည် သေတော့မည်။ ထိုခံစားချက်သည် အရင် သူမ သေခဲ့စဉ်က ခံစားချက်နှင့်အတူတူပင်…. အေးစိမ့်ခြင်း၊ ကြောက်ရွံမှုနှင့် အဆုံးမရှိသော အမှောင်ထု….
ဒါက ရင်လင်းပြောခဲ့တဲ့ ဘေးဒုက္ခများလား။ ရပြီလေ အခုဖြစ်လာပြီ။
သူမ အိမ်ကထွက်လာစဉ်က စိတ်ပူပန်မှုနှင့် တွန့်ဆုတ်မှုကို စဉ်းစားကြည့် လျှင် ထိုစဉ်က နောင်တစ်ချိန်တွင် ဆွေမျိုးများကို မမြင်နိုင်တော့ဟု စိတ်ထင်ခဲ့ သည်။
ဒါက သူမရဲ့ ဘေးဒုက္ခဖြစ်နေတာကိုး…
သူမသည် ရုတ်တရက် ဝိညာဉ်စေတီအတွင်းတွင် ရှိနေသေးသော သူမ၏ ဖခင်ဖြစ်သူကို တွေးမိသွားသည်။ အစကတော့ သူ အနည်းငယ်စိတ်ပူနေသည် ကို သူမ အာရုံခံမိသည်။ သူသည် ကြိုသတိပေးခဲ့သေးသည်။ သူသည် ဝိညာဉ် စေတီအတွင်းပိတ်မိနေကာ သူမသေ သေဆုံးသွားလေပြီ။ သူ ဘယ်လိုထွက် တော့မလဲ။
ပြီးတော့ လောကအသေးထဲက လူတွေရော။ သူတို့ရော ဘယ်လိုလုပ်ကြ မလဲ။
သူမ အစိုးရိမ်ဆုံးမှာ… ဝူလင်းယူပင်။ သူမ သေသွားပြီလို့ သူသိရင် ဘယ်လိုဖြစ်သွားမလဲ။
“လင်းယူ တောင်းပန်ပါတယ်….”
“အဖေ အမေ သမီးတောင်းပန်ပါတယ်…”
လင်းယူ… ကျွန်မ တကယ်ပဲ… ရှင့်ကို တစ်ခါလောက်ထပ်ပြီး တွေ့ချင် တယ်…
မသေဆုံးခင်တွင် ထောင်ချီသော မှတ်ဉာဏ်များ ဖြတ်ခနဲပေါ်လာသည်။ သို့သော် တခြားသူများ၏ အမြင်တွင်တော့ ထိုအရာသည် တစ်ခဏမျှသာ ဖြစ် သည်။ သူတို့သည် သူမ၏ အခြေအနေကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။
သူမက… အရိုးတောင်… မကျန်ခဲ့တော့ဘူးလား…
နတ်ဆိုးလောကတွင် ဝူလင်းယူသည် လက်အောက်ငယ်သားများနှင့် စခန်းတွင် ကိစ္စများကို ဆွေးနွေးလျက်ရှိသည်။ ရုတ်တရက် သူ့နှလုံးသားထဲမှ နာကျင်မှုကို ခံစားရသည်။ သူသည် တစ်စုံတစ်ခုကို အာရုံခံမိပြီး မျက်နှာမှာ ဖြူဖျော့လာသည်။
“ငါ့ကိုခေါ်သွားပေး”
လေဟာပြင်တွင် ပေါက်ပြဲရာတစ်ခုပေါ်လာသည်။ သူသည် အားလုံးကို ပြောချိန်ပင်မရှိတော့ပေ။ သူ၏ ခြေလှမ်းများမှာ လေးလံလှသည်။ သူသည် လေဟာပြင်ဆီသို့ တွားသွားသည်ဟုပင် ပြောရသည်။
ရှီမာယူယူ၏ အသိစိတ်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားလေပြီ။ သူမ အသိစိတ်မပျောက်ခင် နောက်ဆုံးအတွေးမှာ မတွေ့လိုက်ရသောလူပင်ဖြစ်၏။
လင်းယူ ကျွန်မ… ရှင့်ကို တစ်ခါလောက်တွေ့ခွင့်ရမလား…
ရှင်လာရင်… ကျွန်မ ကျေနပ်ပါပြီ…
နောက်တွင် အဆုံးမရှိသော အမှောင်ထုကြီး ကျလာတော့သည်။
ဝူလင်းယူ လေဟာပြင်မှ ထွက်လာချိန်တွင် ရှီမာယူယူ၏ အစိတ်စိတ် အမွှာမွှာဖြစ်နေသော ခန္ဓာကိုယ်ကိုသာ မြင်လိုက်ရသည်။ သူ၏ မျက်လုံးများ ပြူးကျယ်လာကာ နီရဲသွားတော့သည်။ သူသည် ရူးသွပ်တော့မလိုပင်။
“သူမကို ဘာလို့မကယ်တာလဲ မင်းရဲ့တာဝန်ကဘာလဲဆိုတာ မေ့သွားပြီ လား” သူ အော်လိုက်သည်။
“အဲဒါက အပြင်ကဖိအားကြောင့်မဟုတ်ဘူး သူမ ခန္ဓာကိုယ်က ထိန်းမရ ဖြစ်သွားတာ” အသံတစ်သံသည် လေထဲမှ ထွက်လာသည်။ ရှီမာယူယူကို တစ်စုံတစ်ယောက်မှ ကာကွယ်ထားသည်ကို အားလုံးသိကြသည်။
အပြင်လူသာ သူမကိုသတ်ချင်ပါက သူတို့သည် သူမကိုကယ်နိုင်သည်။ သို့သော် သူမခန္ဓာကိုယ်ပြဿနာကိုတော့ သူတို့ ဘာမှမတတ်နိုင်ပေ။
“မဟုတ်ဘူး နောက်မကျသေးဘူး မင်းကိုသေခွင့်မပေးနိုင်ဘူး” ဝူလင်းယူ သည် ထိတ်ထိတ်ပျာပျာ အော်လေသည်။ သူသည် လက်နှင့် သင်္ကေတများ လုပ်သည်။ သူ့ခန္ဓာကိုယ်မှ မြင့်မြတ်သောစွမ်းအား ထွက်လာပြီး ရှီမာယူယူ၏ တစ်စစီဖြစ်နေသော ခန္ဓာကိုယ်ကို ဝန်းပတ်လိုက်သည်။ ထို့နောက်တွင် စက်ဝိုင်းသဖွယ်ပတ်ကာ အပြင်မှတခြားလူများနှင့် ခွဲလိုက်သည်။
“အချိန် နောက်ပြန်လှည့်ခြင်း…”
သူ ရေရွတ်လိုက်သည်နှင့် စက်ဝိုင်းထဲမှ ပုံရိပ်သည် ဝေဝါးလာသည်။ အားလုံးသည် အထဲကအရာကိုမမြင်ရပေ။ သို့သော် ကြောက်မက်ဖွယ်ကောင်း သော စွမ်းအားကို ခံစားမိကြသည်။
ရှားကျောင်ထျန်နှင့် အဖွဲ့သည် ဝူလင်းယူ အချိန်စွမ်းအားသုံးသည်ကို အရင်က မြင်ဖူးသည်။ ထိုစဉ်က အရှေ့မျှတမှုမြို့တွင် ရှီမာယူယူ မိုးကြိုးဒဏ်ကို မခံနိုင်တော့သည့်အချိန်ကဖြစ်သည်။ သူသည် အချိန်ကိုအေးခဲပြီး သူမ အားနှင့် တောင့်ခံအောင် လုပ်ပေးခဲ့သည်။
မထင်မှတ်စွာပင် သူ့ကို မမြင်ရသည်မှာ နှစ်ဆယ်ချီသာရှိသော်လည်း ဤအဆင့်ထိ တက်သွားလိမ့်မည်ဟု ထင်မထားပေ။
စက်ဝိုင်းထဲမှ အဖြူရောင်အလင်းတန်း ထွက်လာကာ ကောင်းကင်နှင့် မြေကြီးကိုထိုးဖောက်ပြီး ပြန်ဝင်စားခြင်းစက်ဝန်းကို ချိုးဖောက်လေသည်။
“ဒါက ရှီမာယူယူပေါက်ကွဲသွားတဲ့အလင်းပဲ” ရှားကျောင်ထျန် အော်လေ သည်။ တခြားသူများလည်း သတိဝင်လာကာ ဝူလင်းယူအား တလေးတစား ကြည့်လိုက်ကြသည်။
သူက တကယ်ပဲ အချိန်ကိုနောက်ပြန်ဆုတ်နိုင်တာပဲ။
သူပြုလုပ်လိုက်သည်မှာ နေရာလေးတစ်ခုသာဖြစ်သော်လည်း ချိုးဖောက် မှုပင်ဖြစ်သည်။
စက်ဝိုင်းထဲတွင် ရှီမာယူယူသည် ခြေလက်များကျိုးကာ အသားများပြဲပြီး သွေးများနှင့် လေထဲတွင် မြှောက်နေသည်။ အခု သူမသည် လေထဲတွင် ပေါလောပေါ်နေသည်။
ဝူလင်းယူသည် သူ၏ဝိညာဉ်စွမ်းအား ပင်ပန်းသွားသော်လည်း ရှီမာယူယူ အရင်ပုံစံပြန်ရသည်ကိုမြင်သောအခါ နှုတ်ခမ်းတွင် အပြုံးသဲ့သဲ့ဖြစ်လာသည်။ သို့သော် ထိုအပြုံးသည် စက္ကန့်အနည်းငယ်ပင်မခံလိုက်ရဘဲ ပျောက်ကွယ်သွား လေသည်။
“ဘာလို့ ဒီလိုဖြစ်တာလဲ”
သူသည် ရှီမာယူယူကို ဖမ်းလိုက်သည်။ သူမမျက်လုံးများသည် ပိတ်နေ ကာ မျက်နှာမှာဖြူဖျော့နေသည်။ အသက်ရှင်သည့် လက္ခဏာတော့မရှိပေ။
သူမသည် အသက်ပြန်မရှင်လာသေးပေ။
“ဘာလို့လဲ ငါ သေချာပေါက် အချိန်ပြန်လှည့်ပါတယ် သူမ ဘာလို့ ပြန်ရှင် မလာတာလဲ” သူသည် ပျာယာခတ်သွားသည်။ ဒါသာမဖြစ်နိုင်ဘူးဆိုရင် သူမ ဘယ်လိုနိုးလာနိုင်တော့မှာလဲ။
“ဖူး…”
သူ စိတ်ပူပန်နေခြင်းကြောင့်ပင် သွေးများလိမ့်တက်လာကာ ပါးစပ် အပြည့် သွေးများအန်ထွက်လိုက်ပြီး ရှီမာယူယူကိုကိုင်ရင်းနှင့် မိုးပေါ်မှကျလာ တော့သည်။
“သခင်” ထန်းယွမ်နှင့် ဟုန်ဝေတို့ အတူပျံလာကြပြီး သူ့ကို ဝိညာဉ် စွမ်းအင်ဖြင့်ဆွဲလိုက်ရာ သူသည် တည်ငြိမ်စွာပင် ဆင်းသက်သွားလေသည်။
“လင်းယူ အဆင်ပြေလား” ရှားကျောင်ထျန်တို့သည် သူနှင့် ရှီမာယူယူတို့ ၏ ဆက်ဆံရေးကိုသိသည်။ သူတို့သည် သူ၏ ပုံစံကိုမြင်သောအခါ စိုးရိမ်လာ ကြသည်။
ရှီမာယူယူ သေသွားလေပြီ။ သူတင်မဟုတ်ဘဲ သူတို့ပါ လက်မခံနိုင်ပေ။
ဝူလင်းယူသည် ဘေးပတ်ပတ်လည်မှ လူများ၏ စိုးရိမ်နေမှုကို လျစ်လျူရှု ပြီး ရှီမာယူယူ၏ မျက်နှာကိုကြည့်လိုက်သည်။ သူတို့ ပြောနေသည့်စကားများ ကိုလည်း သူမကြားနိုင်ပေ။ သူသည် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်နေမိ တော့သည်။ သူသည် လုပ်ရမည့်အရာများကို စဉ်းစားနေလိုက်သည်။
“မင်းကို ကယ်ဖို့နည်းလမ်းရှိမှာပါ နည်းလမ်းရှိရမယ်” သူသည် သူမ ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်စွမ်းအင်ထည့်လိုက်သည်။ သို့သော် ထိုဝိညာဉ်စွမ်းအား မှာ အတွင်းထဲထိဝင်သွားပုံမရဘဲ သက်ရောက်မှုလုံးဝမရှိပေ။
“သခင် ဒီလိုမလုပ်ပါနဲ့ ဒီနည်းလမ်းက အသုံးမဝင်ဘူး” ထန်းယွမ်သည် ဝူလင်းယူ၏ ရူးသွပ်နေသော ပုံစံကိုမြင်ပြီး ဖျောင်းဖျရန် ကြိုးစားလေသည်။
သို့သော် ဝူလင်းယူသည် သူ့ကို ကြည့်ပင်မကြည့်ပေ။ သူသည် ရှီမာယူယူ ကိုဆက်ကြည့်နေပြီး သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်စွမ်းအင်ထည့်လိုက်သည်။
“ဟိန်းသံလေး ဟိန်းသံထောင်ချီ” ကံကောင်းလေးသည် ဟိန်းသံလေးနှင့် ဟိန်းသံထောင်ချီတို့၏ ဖြတ်လတ်မှုများ ပျောက်ကွယ်သွားသည်ကို ခံစားမိပြီး အမြန်ပြေးလာသည်။
စာချုပ်သားရဲများသည် သခင်သေသည်နှင့် သေရမည်ဖြစ်သည်။
“ဟိန်းသံလေး ဟိန်းသံထောင်ချီ မသေပါနဲ့” ထိုသတင်းများမှာ သူတို့ကို ရိုက်ခတ်သွားသည်။ သူသည် ကြီးမြတ်သောဝူလင်းကို အော်လိုက်သည် “အဖေ ယူယူ့ကိုကယ်ပါ ဟိန်းသံလေးတို့ကိုကယ်ပါ”
ကြီးမြတ်သော ဝူလင်းသည် ဟိန်းသံလေးနှင့် ဟိန်းသံထောင်ချီတို့ဘေး သို့လာလိုက်သည်။ သူသည် လက်ထဲသို့ ဝိညာဉ်စွမ်းအင်များထည့်ပေးလိုက် သည်။
သူမ မသေလျှင် သူမ၏ ဝိညာဉ်သားရဲများလည်း မသေနိုင်ပေ။
သူ ခွင့်မပြုနိုင်ပေ။
လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက သူ ဘာမှမလုပ်နိုင်ခဲ့ပေ။ နှစ်ပေါင်း သန်းချီကြာပြီးသွားတော့ သူ ဒီလိုထပ်ပြီးကြုံတွေ့ရပြန်ပြီလား။
“အဖေ ယူယူ အမေ…” ကံကောင်းလေး ငိုေလေသည်။ သူ့မျက်လုံးများ မှာ မျှော်လင့်ချက်မဲ့နေသည်။
“သူမ မသေဘူး” ကြီးမြတ်သောဝူလင်း ပြောလိုက်သည် “သူမကို ကယ်ဖို့ ငါတို့နည်းလမ်းရှာမယ်”
ဝူလင်းသည် ဝိညာဉ်စွမ်းအင် ကုန်ခမ်းနေပြီဖြစ်သည်။ ရှီမာယူယူသည် တုံ့ပြန်ချက်မရှိသေးပေ။ ဟိန်းသံလေးနှင့် ဟိန်းသံထောင်ချီတို့၏ အသက် စွမ်းအားမျာလည်း ပျောက်ကွယ်လုနီးပါးပင်။ ကြီးမြတ်သောဝူလင်းပင် မတား တိုင်ပေ။
“ဟုတ်တယ် နောက်မကျသေးဘူး…”
အသံတစ်သံသည် လေထဲမှထွက်လာပြီး လေဟာပြင်ဝင်ပေါက် ပွင့်သွား သည်။ အားလုံးသည် ရင်လင်း၊ လက်ထောက်လေးနှင့် ဖန်ရူယန်တို့ ထွက်လာ သည်ကို မြင်လိုက်ကြသည်။ အစောက ပြောသောစကားများမှာ ရင်လင်းပြော လိုက်ခြင်းဖြစ်သည်။
***