နိုးရန်မဖြစ်နိုင်ခြင်း ၂
Vol. 124 Ch. 1734
“သခင်ရင်လင်း ရှီမာယူယူကို ကယ်ဖို့လာတာလား ရှီမာယူယူ အသက် ပြန်ရှင်နိုင်မှာလား သူမကို ကယ်လို့ရနိုင်သေးလား” ရှားကျောင်ထျန် မေးလိုက် သည်။
“စိတ်မပူနဲ့ အကုန်လုံးမပြီးသေးဘူး” ရင်လင်း၏ အသံသည် တည်ငြိမ် သည်။ သူ့စကားများကြောင့် အားလုံး စိတ်အေးသွားကြသည်။
ဝူလင်းယူသည် ရင်လင်းကို ကြည့်လိုက်သည် “သခင်ကြီး ဘာလုပ်နိုင် မလဲ”
“ကျုပ်မဟုတ်ဘူး” ရင်လင်း ခေါင်းခါလိုက်သည် “သခင်ဖန်”
ဖန်ရူယန်သည် ရှေ့တိုးလာပြီး ကျောက်စိမ်းပုလင်းထုတ်လိုက်သည်။ သူမသည် မြစိမ်းရောင်အရည်ကို ရှီမာယူယူ၏ ပါးစပ်ထဲသို့လောင်းထည့်လိုက် ပြီးနောက် ရှီမာယူယူ၏ ခန္ဓာကိုယ်ကိုဖက်ပြီး သူမ၏ ဝိညာဉ်စွမ်းအင်ကို သွေးကြာများမှတဆင့် ရှီမာယူယူ၏ အတွင်းအင်္ဂါများဆီသို့ လမ်းပြထည့်ပေး လိုက်သည်။
ခဏကြာပြီးနောက် ရှီမာယူယူ၏ မီးခိုးရောင်သမ်းနေသော အရောင် သည် စတင်ကြည်လင်လာသည်။ မိနစ်အနည်းငယ်ကာပြီးနောက် သူမ၏ ဖြတ်လတ်မှုရောင်ဝါကို ပြန်ပြီးခံစားမိလေသည်။
“သူမ အသက်ပြန်ရှင်လာပြီ အသက်ရှင်လာပြီ” ရှားကျောင်ထျန်နှင့် တခြားသူများ အော်လိုက်ကြသည်။ ရှီမာယူယူသည် အမှန်တကယ်ပင် အသက် ပြန်ရှင်လာချေပြီ။
ဘေးတွင်တော့ ဟိန်းသံလေးနှင့် ဟိန်းသံထောင်ချီတို့၏ ဖြတ်လတ်မှု ပျောက်ကွယ်နေခြင်းများ ရပ်တန့်သွားလေသည်။ သူတို့နှစ်ယောက်သည် ငွေရောင်အလင်းတန်း အဖြစ်ပြောင်းသွားပြီး ရှီမာယူယူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားလေသည်။
ရှီမာယူယူ၏ မျက်အိမ်များလှုပ်ရှားလာသည်။ သို့သော် သူမ မနိုးသေး ပေ။
“ယူယူ ယူယူ…”
ဖန်ရူယန်သည် မတ်တတ်ရပ်ပြီး လူများကိုပြောလိုက်သည် “မခေါ်နဲ့ တော့ သူမ နိုးမှာမဟုတ်ဘူး”
“ဘာလို့လဲ သူမ အသက်ပြန်ရှင်လာပြီ မဟုတ်ဘူးလား” ဟုန်ဝေ မေး လိုက်သည်။
“သူမ ဝိညာဉ်က ခန္ဓာကိုယ်ကနေ ထွက်သွားပြီ သူမရဲ့ ဝိညာဉ် မရှိရင် နိုးလာမှာမဟုတ်ဘူး” ဖန်ရူယန် ရှင်းပြလိုက်သည်။
“သူမ ဝိညာဉ်က ဘယ်မှာလဲ ကျွန်တော်သွားခေါ်မယ် သူမက တစ္ဆေ လောကကိုသွားတာလား” ဝူလင်းယူ ပြောလိုက်သည်။
“မဟုတ်ဘူး” ရင်လင်း ခေါင်းခါလိုက်သည် “သူမ ဝိညာဉ်ဘယ်ရောက်နေ လဲဆိုတာ အာရုံခံလို့မရဘူး သူမ တစ္ဆေလောကကို မရောက်သေးဘူးလို့ ထင် တယ်”
သူမ၏ ဝိညာဉ်မည်သည့်နေရာ ရောက်နေသည်ကို သူတို့လည်း မသိကြ ပေ။ သူတို့သာ မရှာနိုင်ပါက သူမနိုးလာမည်မဟုတ်ပေ။
“ထန်းယွမ် နတ်ဆိုးလောကကလူတွေကို လုပ်လက်စတွေချထားပြီး တစ္ဆေလောကကိုသွား ယူယူ့ရဲ့ဝိညာဉ်ကို ရှာဖို့ပြောလိုက် ငါတို့သူမကို… ရှာ တွေ့မှဖြစ်မယ်” ဝူလင်းယူ အမိန့်ပေးလိုက်သည်။
“သခင် နတ်ဆိုးလောကက လက်ရှိအခြေအနေက….” ထန်းယွမ်သည် အလိုလိုပင် သူ့ကိုတားလိုသည်။ သို့သော် ဝူလင်းယူ၏ အကြည့်သည် သူ မငြင်း နိုင်အောင်ဖြစ်စေသည်။
“မင်းစိတ်ပူစရာမလိုဘူး အကုန်လုံးမှာ သူ့ကံနဲ့သူရှိတယ်” ရင်လင်း ပြော လိုက်သည် “အခု သူမ ဘယ်ရောက်နေလဲ ကျုပ်မသိပေမဲ့ သူမက နောက်ဆိုရင် တစ္ဆေလောကကိုသွားလိမ့်မယ်၊ ဒါပေမဲ့ လူလွှတ်ပြီး သူမကိုရှာမယ်ဆိုရင် ရှာနိုင်မှာမဟုတ်ဘူး သူတို့က သူမနဲ့ကံမစပ်ဘူး”
“ကျွန်တော် သူမကိုရှာတွေ့မှဖြစ်မယ်” ဝူလင်းယူသည် ခေါင်းမာနေ သည်။
“အချိန်တန်ရင်တော့ သူမကိုအလိုလိုတွေ့လာပါလိမ့်မယ် မဟုတ်ရင် သူမ ခန္ဓာကိုယ်ကို ကယ်ဖို့ ငါတို့အတွက်အဓိပ္ပာယ်မဲ့သွားမှာပေါ့” ရင်လင်း ဖျောင်းဖျလေသည်။
“သူမ ပြန်လာမှာလား”
“ဒီနေ့ကိစ္စက သူမရဲ့ဘေးဒုက္ခဖြစ်သလို သူမရဲ့ကံကြမ္မာလည်းဟုတ် တယ် သူမက တစ္ဆေလောကကို သွားဖို့ကံပါလာတယ်၊ မင်း သူမရဲ့ခန္ဓာကိုယ်ကို ကာကွယ်ဖို့ပဲလိုတယ် သူမရဲ့ နောက်ဆုံးထွက်သက်လေး ထွက်မသွားစေနဲ့ စောင့်ရုံပဲစောင့်နေလိုက် သူမ တစ်နေ့တော့ပြန်လာမှာပါ” ရင်လင်း ပြောလိုက် သည်။
သူ ထိုသို့ပြောသည်ကို ကြားလိုက်ရာ ဝူလင်းယူ၏ စိတ်မှာ တည်ငြိမ်သွား တော့သည်။ သူသည် ဖန်ရူယန်နှင့် ရင်လင်းကို အရိုအသေပြုလိုက်သည် “ဒီ ကယ်တင်ပေးတဲ့ ကျေးဇူးကို ကျွန်တော်မမေ့ပါဘူး”
“ငါ ဘာမှမလုပ်လိုက်ရပါဘူး” ရင်လင်း ပြန်ဖြေလိုက်သည် “ဖန်ရူယန်က အဲဒီပစ္စည်းကိုရှာတွေ့တာပါ”
“အဒေါ်ဖန် ကျေးဇူးတင်ပါတယ်” ဖန်ရူယန်မှ ရှီမာယူယူကို မည်သည့် အရာပေးလိုက်သည်ကို ဝူလင်းယူမသိပေ။ ထိုပစ္စည်းသည် သူမအသက်ကို ပြန်ခေါ်ပေးနိုင်သည့်ပစ္စည်းဆိုသည်မှာတော့ သေချာသည်။
“အဲဒါပြင်ထားဖို့ ရင်လင်း ငါ့ကိုပြောတာပါ” ဖန်ရူယန်သည် တိုးညင်းစွာ ပြောလိုက်သည် “မင်းလိုတာရှိရင် ဖန်မျိုးနွယ်ကိုသာ တိုက်ရိုက်ပြောလိုက်ပါ”
“ဟုတ်ကဲ့ပါ” ဝူလင်းယူသည် မငြင်းဆန်ပေ။ ရှီမာယူယူ မသေရေး အတွက် နောက်ပိုင်းတွင် ဆေးပစ္စည်းအများအပြားလိုလာမည်မှာ သေချာပေါက်ပင်ဖြစ်ကာ ကုန်ကျစရိတ်မှာ ဒုတိယလိုက်လာမည်ဖြစ်သည်။ အရေးအကြီးဆုံးမှာ အရည်အချင်းရှိသူများ ရှာရမည်ဖြစ်သည်။ ဖန်မျိုးနွယ်နှင့် ဆိုလျှင် အရာအားလုံးသည် လွယ်ကူသွားမည်။
ရွှမ်ချုံးဟော်သည် ဝူလင်းယူပေါ်လာကတည်းကပင် တိတ်ဆိတ်နေ သည်။ မျှော်လင့်ချက်မှ စိတ်ပျက်ခြင်း… အခုချိန်တွင်တော့ မျှော်လင့်ချက်ရှိ လာချေပြီ။ သူသည် တစ်နာရီပင်မပြည့်သည့်အချိန်တွင် အရာအားလုံးကို ကြုံတွေ့လိုက်ရသည်။ သူသည် မိုးကောင်းကင်နှင့် ငရဲအကြားတွင် အကြိမ် ပေါင်းများစွာ သွားလာခဲ့ရသည်။
အားလုံး ပျော်နေချိန် သတိလွတ်နေချိန်တွင် အပြင်၌ လူတစ်ယောက် လှုပ်ရှားနေသည်ကို သူ မြင်လိုက်သည်။
“ဘယ်ကိုပြေးချင်တာလဲ” သူ ပေါ်လာပြီး ချုံးကျိ၏ လမ်းကိုပိတ်လိုက် သည်။
“ရွှမ်ချုံးဟော် မင်းအသက်မသေချင်ရင် ပြဿနာမရှာနဲ့” ချုံးကျိသည် ရွှမ်ချုံးဟော်ကို သတိပေးလိုက်သည်။ အားလုံးသာ ဤနေရာသို့ အာရုံစိုက်လာ လျှင် သူထွက်ပြေးရန် ခက်ခဲသွားတော့မည်။
“ဒီနေ့ ခင်ဗျားကို အရှင်မထားနဲ့လို့ ရှီမာယူယူ ပြောခဲ့တယ် သူမက ဒီ အတွက် ဒီလောက်တောင် ပေးဆပ်ခဲ့မှတော့ ကျုပ် ခင်ဗျားအသက်ကိုယူရမယ်” ရွှမ်ချုံးဟော်သည် တိုက်ရိုက်ပင် တိုက်ခိုက်ရာ ထိုလှုပ်ရှားမှုသည် အားလုံး၏ အာရုံကို ဆွဲဆောင်သွားလေသည်။
“အဖေ သူ့ကို အလွတ်မပေးဖို့ ယူယူ ပြောထားတယ်” ကံကောင်းလေး သည် ကြီးမြတ်သောဝူလင်းပေါ်သို့ ခုန်တက်ပြီး သူ့ဆံပင်ကိုဆွဲလေသည် “သူ့ ကြောင့်မို့လို့ ယူယူသေရတာ သူ့ကိုသတ် သူ့ကိုသတ်”
ကြီးမြတ်သောဝူလင်းသည် မတ်တတ်ရပ်လိုက်သည်။ ရှီမာယူယူ သေဆုံး သော မြင်ကွင်းသည် သူ၏မှတ်ဉာဏ်အတွင်းတွင် အဖန်ဖန်ပြန်ပေါ်နေသည်။
“သူမကို ထိခိုက်အောင်လုပ်တဲ့သူက သေသင့်တယ်” သူသည် ကံကောင်း လေးကို ဆုပ်ကိုင်ကာ အဝေးသို့ပစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် သားရဲ အသွင်ပြောင်းလိုက်သည်။ သူသည် ဆက်ဆက်ပြီးကြီးလာကာ ရောင်ဝါသည် လည်း အဆက်မပြတ် တိုးလာသည်။
“ထိန်းမနိုင်တဲ့အသွင်ပြောင်းမှု” ထိုနေရာရှိ လူအားလုံးသည် ဘာတွေဖြစ် နေသည်ကို မသိကြသော်လည်း ထိုအရာကိုတော့ မည်သို့ခေါ်သည်ကိုသိသည်။
“ဒါက ဝိညာဉ်သားရဲတွေရဲ့ သိုင်းပဲ သူတို့ ဒေါသထွက်လာရင် ထိန်းမနိုင် တဲ့ အသွင်ပြောင်းမှုဖြစ်သွားတယ် သူတို့ရဲ့ တိုက်ခိုက်မှုစွမ်းအားက အများကြီး တိုးလာပြီး ပုံမှန်ထက်နှစ်ဆလောက်များလာတယ်” သားရဲထိန်းကျောင်းမှု သခင် အသင်း၏ဥက္ကဌ ရှင်းပြလေသည် “သူ့အားနဲ့ဆိုရင် ထိန်းမနိုင်အသွင် ပြောင်းမှုကိုလုပ်လိုက်တာနဲ့ ချုံးကျိတော့ ဒီနေ့မလွတ်နိုင်တော့ဘူး”
တိုက်ပွဲရလဒ်ကို သံသယဝင်စရာမလိုပေ။ ချုံးကျိသည် ကြီးမြတ်သော ဝူလင်း၏ သုံးချက်မြောက်တိုက်ကွက်တွင် သေပွဲဝင်သွားရသည်။
ဝူလင်းယူသည် သူ၏ဝိညာဉ် တစ္ဆေလောကသို့မသွားခင် စုပ်ယူလိုက်ပြီး အမှောင်မီးတောက်စုစည်းကာ သူ၏ဝိညာဉ်နှင့် ပေါင်းစပ်လိုက်သည်။
နောက်ဆုံးတွင်တော့ သူသည် ပျောက်ကွယ်သွားရန် အခွင့်အရေးပင် မရှိ လိုက်ပေ။
ဝူလင်းယူသည် ရှီမာယူယူကိုချီပြီး ဖန်ရူယန်ကို ပြောလိုက်သည် “ကျွန်တော် သူမကို သွားပို့လိုက်ဦးမယ် အခုရှီမာမျိုးနွယ်က ရှုပ်ယှက်ခတ်နေ မှာ”
“ငါ မင်းနဲ့အတူလိုက်မယ် တချို့ကိစ္စတွေက သူတို့ကိုရှင်းပြပေးဖို့လိုတယ်” ဖန်ရူယန် အကြံပြုလိုက်သည်။
“ဟုတ်ကဲ့ပါ”
ဝူလင်းယူသည် ရှီမာယူယူကို ချီလာပြီး ဖန်ရူယန်၊ ရင်လင်းနှင့် လက်ထောက်လေးတို့သည် ရှိနေရာမှ အတူတကွ ပျောက်ကွယ်သွားတော့ သည်။ ကျန်လူများသည် မည်သည့်အတက်အကျကိုမှ မခံစားရပေ။
“အားကောင်းလိုက်တာ….”
“ဒါပေါ့ သူတို့က အားကောင်းကြတယ် အဲဒါက အံ့ဖွယ်မျိုးနွယ်က ဆက်ခံ သူ သခင်ပဲ” ရှားကျောင်ထျန် ချီးကျူးလိုက်သည် “အင်း အရင်ဆုံး ဒီကိစ္စကို ဖြေရှင်းတာပေါ့ ပြီးရင် ရှီမာမျိုးနွယ်ကိုသွားပြီး ကျုပ်တို့ကူညီနိုင်တာရှိမလားလို့ ကြည့်မယ်”
ဝူလင်းယူ ပြောသလိုပင် ရှီမာယူယူ၏ အသက်ကျောက်စိမ်းကွဲသွားသည် နှင့် ရှီမာမျိုးနွယ်တစ်ခုလုံးသည် ထိတ်လန့်သွားကြသည်။
သူမ ဘယ်လိုလုပ်သေသွားတာလဲ။ သူမက ဘယ်လိုလုပ်သေတာလဲ။
အားလုံးသည် ထိုင်မနေနိုင်တော့ပေ။ သူတို့သည် သူမကို ရှာရန် အားလုံး ကိုပြောလိုက်ကြသည်။ သို့သော် သိပ်မကြာခင်တွင် သူတော်စင်မြို့တော်သို့ ရောက်သွားသည်။ သူတို့အလောတကြီးသွားလိုက်သော်လည်း နောက်ကျသွား ပြီဖြစ်သည်။
မိသားစုတစ်ခုလုံး ပျာယာခတ်ပြီး စိတ်ဒုက္ခရောက်နေချိန်တွင် ဝူလင်းယူ သည် ရှီမာယူယူကိုချီပြီး ပြန်လာသည်။
သူ့လက်ထဲမှ သူမ အသက်မဲ့ခန္ဓာကိုယ်ကို မြင်လိုက်သောအခါ ရှီမာမိသားစုဝင်များ၏ မျက်လုံးများမှာ နီရဲလာသည်။ သူတို့သည် ပါးစပ်ကို ပိတ်ထားကြပြီး မငိုရဲကြပေ။
“လင်းယူ ယူယူ သူမက…”
“သူမ အသက်ရှင်နေတုန်းပဲ” ဝူလင်းယူ၏ စကားများသည် ရှီမာမိသားစု ဝင်များကို စိတ်အေးသွားစေသည်။ သူမ အသက်ရှင်နေသရွေ့ အရာအားလုံး အတွက် မျှော်လင့်ချက်ရှိသေးသည်။
“ဘာတွေဖြစ်ကုန်တာလဲ” ရှီမာကျိယွမ် ထိတ်လန့်နေသည် “ယူယူ့ရဲ့ အသက်ကျောက်စိမ်းက ဘယ်လိုလုပ်ကွဲသွားတာလဲ”
“အဲအကြောင်းကို နောက်မှပြောမယ် အခုတော့လုပ်စရာတွေရှိသေး တယ်” ဝူလင်းယူ ပြောလိုက်သည်။ သူသည် ရှီမာယူယူကိုချီပြီး ရှီမာမျိုးနွယ်၏ အနောက်ဘက်တောင်များဆီသို့ပျံသွားလိုက်သည်။
***