မြို့တော်သို့ အဝင် ... ။
Vol. 22 Ch. 253
လမ်းတစ်လျှောက် ဖူချင်းယွမ်နှင့် ကူစန်းနင်တို့သည် အိပ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။
သူတို့အတွက် ဤနည်းဖြင့် မြစ်ကိုဖြတ်ကူးခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။
စုရီနှင့် စကာပြောသောအခါ နှစ်ယောက်စလုံး ယခင်ကဲ့သို့ သက်တောင့် သက်သာ မရှိတော့ဘဲ နားမလည်နိုင်သော ကြောက်ရွံ့မှုများ ခံစားနေခဲ့ရသည်။
အချိန်များ တရွေ့ရွေ့ ကုန်လွန်ပြီး နာရီဝက်အကြာတွင် ရှည်လျားလှသော မြစ်ကမ်းနဖူးကို မြင်လာရ၏။
ကမ်းစပ်အပေါ်တွင် သင်္ဘောကျင်း တစ်ခုရှိနေပြီး လှေကြီးလှေငယ်များ စိုက်ကပ် ထားသည်။
“ ဒီမှာပဲ ရပ်ရအောင်။ ”
တောင်ကြီးကဲ့သို့ ကြီးမားသော လိပ်အိုကြီး၏ အသွင်အပြင်ကြောင့် ကမ်းပေါ်ရှိ လူအများကို အနှောင့်အယှက် ဖြစ်စေမည်မှာ သေချာသည်။ ထို့ကြောင့် စုရီက ရပ်စေ လိုက်ခြင်းဖြစ်၏။
“ မင်းက ဝိညာဉ်သားရဲဖြစ်နေပြီ၊ အသွင်ပြောင်းဖို့ ခြေတစ်လှမ်းပဲ ဝေးတော့တယ် ထောင်ချင်းရှန်ကို သွားရှာပြီး အသွင်ပြောင်းခြင်း နည်းပညာကို သင်ယူပါ ...
... သုံးလအတွင်း မူလတာအို နယ်ပယ်ကို ခြေချနိုင်ရင် ငါ့ကို လာရှာပါ မင်းကို ကျင့်ကြံဖို့ ငါသင်ပေးမယ်။ ”
“ ကျေးဇူးတင်ပါတယ် ဆရာ ... ငါမင်းကို စိတ်မပျက်စေရပါဘူး။ ”
ဤသည်မှာ သုံးလအတွင်း မူလတာအို လမ်းကြောင်းကို လျှောက်လှမ်းနိုင်မှသာလျှင် စုရီ၏ စစ်မှန်သော အသိအမှတ်ပြုမှုများ ရရှိမည်ဖြစ်သည်။
“ မင်းမှာ နာမည်ရှိလား။ ”
စုရီက မေးသည်။
“ ဆရာ၊ မင်းက ငါ့ကို နာမည်ပေးဖို့ စီစဉ်နေတာလား။ ”
လိပ်အိုကြီးက စိတ်လှုပ်ရှားလာ၏။
“ ဆရာ ... ငါ့ကို အများစုက ချင်းလန်ရေဘုရင်လို့ ခေါ်ဝေါ်ခဲ့ကြပါတယ် ဖြစ်နိုင်ရင် မင်းနာမည်ပေး ပေးမယ်လို့ မျှော်လင့်ပါတယ်။ ”
စုရီက ချက်ချင်းပြုံးပြီး၊
“ မင်းက ချင်းလန်မြစ်အောက်မှာ ... နှစ်(၃၀၀)နေထိုင်ပြီးတာတောင် ကုန်းပေါ် မတတ်နိုင်သေးဘူး၊ နှစ်တွေကြာလာတာတောင် လူသားအသွင်ပြောင်ဖို့ ခက်နေတယ် ...
... အရည်အချင်းက နုံနည်းတယ် ... ဒါပေမယ့် မင်းငါနဲ့ ကံကြမ္မာရှိပြီမို့ မူလတာအို နယ်ပယ်ကို မင်းရောက်လာတဲ့တစ်နေ့ မင်းကို တာအိုရှာသူလို့ ခေါ်မယ်။ ”
လိပ်အိုကြီးက စိတ်လှုပ်ရှားစွာဖြင့်၊
“ မင်းရဲ့ မျှော်လင့်ချက်အတိုင်း ငါတကယ်အသက်ရှင်မှာပါ ဆရာသခင်။ ”
-ဟု ကတိပေးလိုက်တော့သည်။ သူတို့စကားဝိုင်းကို နားထောင်နေကြသော မောင်နှမနှစ်ယောက်ခမျာ စိတ်ရှုပ်ထွေး သွားကြသည်။
သူတို့သည် ကျင့်ကြံသူများ မဟုတ်သဖြင့် တာအိုရှာသူဟူသည့် အမည်၏ လေးနက်ပုံကို နားမလည်ချေ။ ထို့ကြောင့် ဤမျှ ဂုဏ်ယူစရာ မရှိဟု မြင်၏။
စုရီအတွက်မူ ဤအမည်သည် များစွာ ထူးခြားပေ၏။ ၎င်းတွင် သူ့မျှော်လင့်ချက်များ ပါ၀င်နေသည် သာမက အသိအမှတ်ပြုခြင်းနှင့် အကာအကွယ်ပေးခြင်း ပါဝင်သည်။
အထူးသဖြင့် ရှေးခေတ်ထိပ်တန်း တာအိုဂိုဏ်းများတွင် ‘တာအိုရှာဖွေသူ’-ဟု အမည်ခံယူရန် ကြီးကျယ်ခန်းနားသော ပုဂ္ဂိုလ်များထံ တောင်းခံရသည်။
တင်းကျပ်သော သတ်မှတ်ချက်များဖြင့် အခမ်းအနားတစ်ခုလိုသည်။ တပည့်တစ်ဦးကို တာအိုရှာဖွေသူဟု ပေးဆောင်ခြင်းသည် ထိုတပည့်၏ အနာဂတ် အလားအလာကို ကိုယ်စားပြုသည်။
စုရီအတွက်မူ လိပ်အိုကြီးကို တပည့်အဖြစ် စုဆောင်းခြင်းမျိုး မဟုတ်ခဲ့ဘဲ အကာအကွယ် ပေးခြင်းမျှသာဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုရသော် ဤလိပ်အိုကြီးသည် စုရွှမ်ကြွယ်၏ ကာကွယ်မှု အောက်တွင် ရှိနေကြောင်း ပြင်ပကမ္ဘာကို အသိပေးလိုက်ခြင်း ဖြစ်သည်။
“ သွားကြရအောင်။ ”
စုရီက လက်ဝှေ့ယမ်းကာ မမြင်နိုင်သော စွမ်းအားများဖြင့် ဖူချင်းယွမ်နှင့် ကူစန်းနင်ကို ဆွဲခေါ်သွားတော့သည်။
“ ဂရုစိုက်ပါ ဆရာ ... ။ ”
လိပ်အိုကြီးမှ တလေးတစား နှုတ်ဆက်စကားဆိုကာ စုရီတို့ ကမ်းစပ်သို့ မရောက်ခင် ကြီးမားလှသော ခန္ဓာကိုယ်ကြီး ရေထဲနစ်မြုပ်ပျောက်ကွယ်သွား၏။
သူ့အတွက် မက်မွန် သဘာဝဝိညာဉ် ထောင်ချင်းရှန်ကို တွေ့ဆုံရန် အလျင်လိုချေပြီ။ တာအို လမ်းညွှန်မှု ရယူလိုသော ဤ(၃)လကို ဖြုန်းတီးခြင်းငှာ မဝံ့တော့ချေ။
***
မိုးမခပင်များသည် ကမ်းစပ်၌ ယိမ်းနွဲ့နေကြသည်။ မွန်းတည့်ချိန်ဖြစ်သဖြင့် အပူရှိန်မှာ မြင့်မားနေ၏။
အဝေးရှိသင်္ဘောဆိပ်တွင် လှေများစွာ ဆိုက်ကပ်ထားပြီး ခရီးသွားများ စည်ကားစွာ အသက်ဝင်နေသည်။
စုရီက ကမ်းပေါ်ရောက်သည်နှင့် လျှပ်စီးငှက်တစ်ကောင် ပျံဝဲဆင်းသက်လာပြီး စာတစ်စောင်နှင့် အိတ်တစ်လုံး ပေးအပ်လာသည်။
စာပါအကြောင်းအရာများသည် မြို့အနောက်ဘက်တွင် မက်မွန်လမ်းကြား၌ လေထင်းရှူစံအိမ်တည်ရှိကြောင်း ပြောပြထားသည်။
ထိုစံအိမ်၏ တတိယ တတိယမြောက် အခန်းတွင် ခေတ္တတည်းခိုနိုင်မည်။ ကျောက်စိမ်း မြို့တော်သည် မဟာကျိုးမင်းဆက်၏ အရေးပါသော မြို့တော်ဖြစ်၏။
ထို့ကြောင့် မြို့တော်အတွင်း၌ ကြယ်မျှော်စင်ပေါင်း (၁၀၈)လုံးရှိပြီး ၎င်းတို့ကို အရိပ်နဂါးအစောင့် တပ်သားများမှ ကွပ်ကဲကာ မြို့တွင်းလှုပ်ရှားမှုများကို စောင့်ကြည့်သည်။
ယင်းသည် ကျောက်စိမ်းမြို့တော်၌ လျှပ်စီးငှက်များဖြင့် ဆက်သွယ်ရန် အခက်တွေ့ စေသည်။ ပြဿနာ တစ်စုံတစ်ခု ကြုံသော် ရွှေတံတား အစီရင်ကို အသက်သွင်းပါ။
ဤနည်းဖြင့် ရှစ်ဖန်းခန်းမမှ တစ်စုံတစ်ဦးကူညီရန် ပေးပို့နိုင်မည်။ အထက်ပါ အကြောင်းအရာများကို ရေးသားသူသည် ဘုန်းကြီးဟုန်ကျိဖြစ်၏။
စုရီက စာကိုဖတ်ပြီးနောက် ပြာအဖြစ် ပြောင်းလဲကာ အိတ်ကို ဖွင့်ကြည့်လိုက်သည်။ အထဲတွင် ရွှေပြားဆယ်ချပ်ပါရှိ၏။
ဤသည်ကို ‘ရွှေတံတားအစီရင်’ဟု ခေါ်ဆိုသည်။ စုရီမှ ခဏမျှ စဉ်းစားပြီးနောက် ရွှေတံတားအစီရင်နှစ်ခုကို ထုတ်ယူကာ ဖူချင်းယွမ်ထံ အပ်လိုက်သည်။
“ မင်းတို့နှစ်ယောက် ကျောက်စိမ်း မြို့တော်ထဲရောက်လို့ ငါ့ကိစ္စကြောင့် ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာရင် ... အကူအညီ တောင်းဖို့ ဒီအစီရင်ပြားကို အသက်သွင်းပါ။ ”
“ ကျေးဇူးတင်ပါတယ် သခင်လေးစု။ ”
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်ကာ လေးလေးနက်နက် ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။
ယခုအချိန်တွင် စုရီကဲ့သို့သော တစ်စုံတစ်ယောက်သည် သူတို့၏ လုံခြုံရေးကို ထည့်သွင်း စဉ်းစားနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြချေ။
“ လမ်းခွဲရအောင် ... ။ ”
စုရီက ပြုံးပြီး လှည့်ထွက်လာခဲ့၏။ ရွှေတံတားအစီရင် နှစ်ခုကို အခြားလူများထံ ပေးအပ်ခဲ့မှန်း သိသွားရှိသော် ဘုန်းကြီးဟုန်ကျိ တစ်ယောက် မည်သို့ တုန့်ပြန်မည်ကို သိချင်လာသည်။
ဖူချင်းယွန်တို့သည် စုရီပုံရိပ် ပျောက်ကွယ်သွားသည်အထိ နှစ်ယောက်သား ငေးကြည့်နေမိ၏။
ပြီးနောက် ရွှေပြားနှစ်ချပ်ကို သိမ်းဆည်းလိုက်ကာ သင်္ဘောဆိပ်ထံ ဦးတည် လျှောက်လှမ်းသွားတော့သည်။
“ ချင်ယွမ်နဲ့ စန်းနင် ... ငါတို့ဒီမှာ ။ ”
အဝေးမှ လူတစ်စုနှင့် အော်ဟစ်လျက် ချဉ်းကပ်လာသည်။ အဖွဲ့ကို ဦးဆောင်သူသည် ဆံပင်ဖြူဖြူနှင့် ခံ့ညားထည်ဝါသော အမျိုးသားတစ်ဦးဖြစ်၏။
“ သိုင်းဦးလေး ... ။ ”
ဤသည်မှာ ကြယ်အလင်း အကယ်ဒမီ မဟာအကြီးအကဲပုရီ ဖြစ်သည်။ ဖူချင်းယွန်နှင့် ကူစန်းနင်တို့မှာ ချက်ချင်း ရွှင်မြူးသွားတော့၏။
***
နဂါးတံခါးဂိတ်သည် ကျောက်စိမ်း မြို့တော်သို့ ဦးတည်သော အဓိကလမ်းမကြီး လေးခုအနက်မှ တစ်ခုဖြစ်သည်။
ကျောက်စိမ်းမြို့တော်သို့ ဝင်ရန် တံခါးကြီးလေးချပ်ရှိ၏။ ဂိတ်တံခါးတိုင်းသည် ပေတစ်ရာခန့် မြင့်မားပြီး ထူထဲလှသည်။
၎င်းအပေါ်တွင် မြေကြီးအဆင့် အင်မော်တယ်များကိုပင် ခြိမ်းခြောက်နိုင်သော အလွန်ကြောက်စရာ ကောင်းသည့် သတ်ဖြတ်ခြင်း ဝင်္ကပါတစ်ခု ရေးထွင်းထားသည်။
နဂါးတံခါးဂိတ်ရှေ့တွင် မြို့အတွင်းသို့ ဝင်လိုသော လူအုပ်ကြီးနှင့် စည်ကားနေ၏။ ၎င်းတို့ကို မြို့စောင့် စစ်သည်တော်တစ်စုမှ တင်းကြပ်စွာ စစ်ဆေးနေသည်။
အညိုရောင် ၀တ်စုံဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ပြီး တံခါးပေါ် ရပ်နေ၏။ ၎င်း၏မျက်ဝန်းများက အနီးနားရှိ လမ်းသွားလမ်းလာများကို အေးစက်စွာ စိုက်ကြည့်နေသည်။
လွန်ခဲ့သော ဆယ်ရက်က မြို့တော်သို့ ဝင်ရောက်မည့် ခရီးသွားများကို တင်းကြပ်စွာ စစ်ဆေးရန် ဧကရာဇ်ထံမှ အမိန့်ရခဲ့၏။
မဟာဝေနှင့် မဟာချင်မှ သူလျှိုများ ကျောက်စိမ်းမြို့တော်ထဲ ခိုးဝင်ရန် ကြိုးစားလာ ကြသည်ဟု သတင်းရထားသည်။
“ နောက်တစ်ယောက် ... ။ ”
များမကြာမီမှာပင် စုရီ၏ အလှည့် ရောက်ရှိလာသည်။ ထို့နောက် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော စစ်သားတစ်ယောက် ရှေ့သို့ လှမ်းထွက်လာပြီး ပုံတူပန်းချီကားများဖြင့် စုရီကို တိုက်ကြည့်စစ်ဆေး၏။
ပုံတူပန်းချီကားများမှာ များပြားလှပြီး ယောက်ျား၊ မိန်းမများ စသည့် ပုံများ ဖြစ်ချေပြီ။
“ မင်းမှာ အထောက်အထားရှိလား။ ”
ခဏအကြာတွင် အစောင့်တပ်သားသည် ပုံတူပန်းချီကားများကို ဖယ်ပြီး မေးမြန်းလာ၏။ စုရီမှ ခေါင်းခါယမ်းလိုက်သည်။
“ လက်မှတ်မရှိရင်၊ ငါတို့က မင်းရဲ့အထောက်အထားကို ထပ်ပြီး အတည်ပြု ရလိမ့်မယ်။ ”
အစောင့်စစ်သားက အနည်းငယ် မျက်မှောင်ကြုတ်ကာ ကြေးမှန်တစ်ချပ်ကို ထုတ်ယူပြီး ‘အဲဒီမှာရပ်နေ’-ဟု တင်းမာသော လေသံဖြင့် အမိန့်ပေး၏။
များမကြာခင် ရတနာကြေးမုံမှ အခိုးအငွေ့များ ထွက်ပေါ်လာပြီး စုရီရုပ်သွင်ကို ရစ်သိုင်းလျက် ဖော်ပြရန် ကြိုးစားလေသည်။
“ ဟမ့် ... ။ ”
သို့သော် အခိုးအငွေ့များသည် ထိတ်လန့်သွားဟန် ဆုတ်ခွာလျက် ‘ခွမ်းခနဲ’ ပေါက်ကွဲသွားတော့သည်။
***