အစ်ကိုချီ ... သူက စုရီ။
Vol. 22 Ch. 254
အစောင့်တပ်သား လက်ထဲတွင်ရှိသော ကြေးမုံမှန်ကို မဟာကျိုး၏ စစ်ဘက်ရေးရာ စခန်းရှိ မဟာသခင်တစ်ယောက်မှ သွန်းလုပ်ထားခြင်း ဖြစ်သည်။
၎င်းကို အမှန်တရားကြည့် ကြေးမုံ- ဟုခေါ်တွင်ပြီး မူလတာအိုနယ်ပယ်အောက် နတ်ဆိုးများ အသွင်အပြင် ပြောင်းလဲမှုများကို ထုတ်ဖော်နိုင်သည်။
အစောင့်တပ်သားက အံ့အားသင့်သွားကာ မျက်နှာပြောင်းသွားပြီး၊
“ တစ်ခုခု ဖြစ်နေပြီ။ ”
- ဟု အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။
နဂါးဂိတ်တံခါးတွင် တပ်စွဲထားသော စစ်သားများသည် လက်နက်များ ကိုင်ဆောင်ပြီး စုရီထံ ဝိုင်းရံလာကြ၏။
အေစက်သော လေထုသည် မုန်တိုင်းတစ်စင်းလို ရုတ်တရက် ငြိမ်သက်ကုန် တော့သည်။ တန်းစီနေသော ခရီးသွားများ အားလုံး ထိတ်လန့်သွားကြပြီး စုရီနှင့် ဝေးရာသို့ ဆုတ်ခွာသွားကုန်၏။
စုရီတစ်ယောက်တည်းသည်သာ မျက်ဝန်းများမှေးစင်လျက် ယခင်အတိုင်း ငြိမ်သက်စွာ ရပ်နေခဲ့သည်။
ဤကြေးမုံသည် အားနည်းလွန်းချေပြီ။ သူ့စိတ်ဝိညာဉ်ရောင်ဝါ အနည်းငယ်မျှ ထိမှန် ရုံဖြင့် ကွဲအက်သွား၏။
“ မင်းဘယ်သူလဲ ... မင်းနာမည်ကို ချက်ချင်းပြောပါ ... မဟုတ်ရင် မင်းကို သတ်ရ လိမ့်မယ်။ ”
အစောင့်တပ်သားက စူးစူးရဲရဲ စိုက်ကြည့်ကာပြောကြားလာသည်။ အနီးနားရှိ အစောင့်များစွာသည်လည်း လက်နက်များ ကိုင်ဆောင်လျက် လှမ်းတက်လာ၏။
“ ဘာဖြစ်နေတာလဲ။ ”
စုရီ စကားမပြောမီ ဂိတ်တံခါးပေါ်တွင် ရပ်နေသည့် အစောင့်တစ်ဦး၏ အေးစက်သော မေးမြန်းသံတစ်သံ ထွက်ပေါ်လာသည်။
၎င်းကျောတွင် ဓားရှည်တစ်လက် လွယ်ထားပြီး မီးခိုးရောင်အင်္ကျီဝတ်ဆင်ထား၏။ လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ဦး ဖြစ်ချေပြီ။
“ ခေါင်းဆောင်ဝေ သတင်းပို့ပါတယ် ... ဒီလူရဲ့ အထောက်အထားကို ဖော်ထုတ်ဖို့ အမှန်တရားကြည့် ကြေးမုံနဲ့ ကြိုးစားရာမှ ရုတ်တရက် ကွဲသွားပါတယ် ... ။ ”
အစောင့်တပ်သားက ပြန်ဖြေသည်။ ဓားကိုင်ဆောင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်လုံးများ ရုတ်တရက် စူးရှသွား၏။
“ ဘာရပ်လုပ်နေတာလဲ ... သူ့ကို အမြန်ဖမ်းပြီး သူ့အထောက်အထားကို ရှာကြည့် လိုက်စမ်း ... ခုခံဝံ့ရင် ချက်ချင်း သတ်ပစ်။ ”
“ ဟုတ်ကဲ့ ... ။ ”
စစ်သည်နှစ်ယောက်က အမိန့်နာခံလျက် ရှေ့တိုးလာကြသည်။ စုရီမှ အံ့အားသင့်သွားပြီး၊
“ မင်းတို့ ငါ့ကို စကားပြောခွင့်တောင် မပေးဘူးလား။ ”
-ဟု ပြန်မေးလိုက်သည်။
“ မင်းအဖမ်းခံရင် ငါတို့ကို မင်းရှင်းပြဖို့ အခွင့်အရေးပေးမယ် ... သွား သူ့ကို ဖမ်းလာခဲ့။ ”
အချင်းအရာများသည် ခက်ခဲသော အခြေအနေသို့ ဆိုက်ရောက်လာ၏။ စုရီသည် ရုတ်ရုတ်သဲသဲ မဖြစ်လိုသောကြောင့် နဂါးဂိတ် တံခါးမှ ဝင်ရန် တန်းစီခဲ့ခြင်းဖြစ်သည်။
“ ဒူးထောက်ပါ ... ။ ”
“ ဝုန်း ... ။ ”
အစောင့်စစ်သည်နှစ်ယောက်က လက်နက်များဖြင့် ထိုးချိန်လျက် ပြေးတက်လာ သောကြောင့် စုရီမှ လက်ဝှေ့ရမ်းလိုက်ရသည်။
အစောင့်စစ်သည်နှစ်ဦးခမျာ နောက်ပြန် လွင့်စဉ်သွားပြီး မြေပြင်ပေါ်လဲကျကာ ဒွါရခုနစ်ပါးမှ သွေးများစီးထွက်လာသည်။
“ အတူတူ သွားရအောင်။ ”
ထိုမြင်ကွင်းကြောင့် ကျန်ရှိနေသော အစောင့်စစ်သည်များက တပြိုက်နက်တည်း ပြေးတက်လာကြတော့သည်။
“ ဘန်း ... ။ ”
ထုံးစံအတိုင်း စုရီမှ လက်လှိုင်းဖြင့်သာ တုန့်ပြန်၏။ ထို့ကြောင့် အစောင့်စစ်သည်များ အားလုံး တစ်ယောက်ပြီး တစ်ယောက် လွင့်စဉ် ကုန်တော့သည်။
“ အား ... ။ ”
ကြောက်လန့်တကြား အော်သံများ ဆူညံကုန်သည်။ ထို့နောက်တွင် လူအုပ်ကြီး၏ မယုံနိုင်ဖွယ် အကြည့်များအောက်၌ လူငယ် တစ်ဦးသာ တစ်ယောက်တည်းရပ်လျက် ကျန်ရှိနေခဲ့၏။
လက်လှိုင်းဖြင့် လူတစ်ရာကို ဒဏ်ရာ ရစေသည်လော။ ဤလူငယ်သည် မည်သို့သော နတ်ဆိုး ဖြစ်မည်နည်း။
“ မင်း ဘယ်သူလဲ၊ အကျိုးဆက်ကိုသိလား။ ”
မြို့ရိုးပေါ်ရှိ လူလတ်ပိုင်းအရွယ် အမျိုးသားက ကျယ်လောင်စွာ အော်ဟစ်လိုက် တော့၏။
သူ့အမြင်၌ ဆယ်ကျော်သက် တစ်ယောက်သည် သန်မာလျှင်ပင် ခုခံဝံ့မည် မဟုတ်ဟု ယူဆထားသည်။
ဤသည်မှာ နဂါးဂိတ်တံခါး ဖြစ်သဖြင့် ရှန်ရှင်းသိုင်းသမားများသည်ပင် ရူးရူးမိုက်မိုက် ပြုမူဝံ့မည် မဟုတ်ချေ။
မဟုတ်သော် မဟာကျိုးမင်းဆက်ကို ရန်စခြင်းနှင့် ညီမျှပေလိမ့်မည်။ ရှန်ရှင်းအဆင့် ကျွမ်းကျင်ပညာရှင် တစ်ယောက်ပင် ထိုအကျိုးဆက်ကို မခံယူနိုင်ချေ။
“ ဝှစ် ... ။ ”
စုရီမှ ပြန်မဖြေဘဲ လူလတ်ပိုင်းအရွယ် အမျိုးသားကို လက်ဖြင့် လှမ်းဆွဲချလိုက်သည်။ စုပ်ဝဲတစ်ခုက မြို့ရိုးပေါ်ရှိ ထိုလူ၏ ဦးခေါင်းထံ ဦးတည်သွား၏။
“ မင်းဘယ်လိုသတ္တိရှိလဲ။ ”
အမျိုးသားက ဒေါသတကြီးနှင့် ဓားတွဲထုတ်ကာ ခုတ်ပိုင်းလိုက်သည်။ သူသည် ပဉ္စမအဆင့် မဟာသခင်ဖြစ်၏။
ထိုအဆင့်ကျွမ်းကျင်သူများသည် ဤမဟာကျိုးတွင် ထိပ်တန်းပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ခံရသည်။ သို့သော် သူ့ပြိုင်သည် စုရီဖြစ်နေ၏။
မြေကြီးအဆင့် အင်မော်တယ်ကိုပင် သတ်ပစ်နိုင်သူဖြစ်ရာ မဟာသခင်၏ ဓားသည် ရယ်စရာပေပင်။
ယင်းသည် သစ်ပင်ကို လှုပ်ခါရန် ကြိုးစားနေသည့် ပုရွက်ဆိတ်တစ်ကောင်နှင့် တူသည်။ လက်ဖဝါးကြီးဖြင့် ဖမ်းဆုပ်ခြင်း ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
“ ခရစ် ... ။ ”
“ ဘုတ် ... ။ ”
အရိုးများ ကျိုးကြေနေသံကြားရပြီး လူလတ်ပိုင်းအရွယ် အမျိုးသားခမျာ ဓားတခြား လူတခြား စုရီရှေ့ မြေပြင်ပေါ် ပြုတ်ကျသွား တော့သည်။
ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ စီးကျလျက် မျက်လုံးများရှေ့တွင် ကြယ်များစွာ ပွင့်ကုန်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် သွားသည်။ လေထဲ ပေါ့ပေါ့ပါးပါး ဖမ်းဆုပ်လိုက် ခြင်းဖြင့် မဟာသခင်တစ်ပါးခမျာ မြေပြင်ပေါ် ခွေးကျ ကျလာသည်။
“ မင်း မဟာကျိုးရဲ့ ရန်သူဖြစ်ချင်တာလား။ ”
အမျိုးသားက အံကြိတ်လျက် ထရပ်ကာ မေးသည်။
“ မင်းလို တံခါးအစောင့်က မဟာကျိုးကို ကိုယ်စားပြုနိုင်လား ရယ်စရာ ကောင်းလိုက်တာ။ ”
စုရီမှ စကားပြောရန် ပျင်းသွားပြီး ဂိတ်တံခါးအတွင်း လှမ်းဝင်လိုက်တော့သည်။ အတွေးထဲ ဝိုင်ကောင်းကောင်း သောက်ပြီး အစားအစာ ကောင်းကောင်းစားကာ အနားယူလိုနေ၏။
“ ဟမ့် ... ဘယ်သူ၊ ငါ့နယ်မြေကို လာပြီး ပြဿနာရှာဝံ့တာလဲ။ ”
စုရီတစ်ယောက် ခြေလှမ်း အနည်းငယ်မျှ လှမ်းပြီးနောက် အဝေးဆီမှ ကျယ်လောင်သော ဒေါသသံကို ကြားလိုက်ရသည်။
လူတစ်စု လျှောက်လှမ်းလာနေ၏။ အဖွဲ့ကိုဦးဆောင်နေသူသည် ယူနီဖောင်းဝတ် လူသန်ကြီးတစ်ဦးဖြစ်သည်။
၎င်းလမ်းလျှောက်နေဟန်သည် နဂါးနှင့် ကျားတစ်ကောင်ကဲ့သို့ အားမန်အပြည့်ပါရှိကာ မျက်လုံးများသည် ကြီးစိုးမှု ရှိ၏။
“ တပ်မှူးချီ ... ။ ”
လူအုပ်ကြီးက အံ့သြတကြီးဖြင့် အော်ဟစ်လိုက်ကြသည်။ မဟာကျိုးမင်းဆက် အတွင်း ကျော်ကြားသော စစ်သူကြီးငါးဦးရှိ၏။ ဤလူသန်ကြီးသည် ထိုငါးဦးအနက်မှ တစ်ဦး ဖြစ်သည့် ချီလျန်ကြွယ်ပေပင်။
ကျင့်ကြံမှုအရ ရှန်ရှင်းအဆင့် ဖြစ်သည်။ နဂါးဂိတ်တံခါးတွင် နှစ်ပေါင်း (၂၀)တိုင်အောင် စောင့်ကြပ်နေသူ ဖြစ်၏။
စုရီမှ ခေတ္တရပ်ပြီး လှည့်ကြည့်လိုက်သည်။ ထို့နောက် အထင်အမြင်သေးသည့် အမူအရာမျိုး ပြသကာ၊
“ ငါ ရှင်းပြရတာတွေကို မုန်းတယ် ... မင်းကိုသတိပေးပါရစေ မင်းက အရည်အချင်း မပြည့်မီသေးဘူး။ ”
-ဟု ပြန်လည် ပြောကြားလိုက်၏။
“ ဟား ဟား ဟား ... ။ ”
ချီလျန်ကြွယ်မျက်နှာသည် အဝေးမှမြင်နိုင်သည်အထိ မည်းမှောင်သွားပြီး ဒေါသတကြီး ရယ်မော၏။
“ အရူးပဲ၊ ဒီနေ့ နဂါးဂိတ်တံခါးကို မင်းဖြတ်ကျော်နိုင်ရင် စစ်သူကြီးရာထူးကနေ ချက်ချင်းနှုတ်ထွက်ပြီး ကျေးလက်ကို ငါ ပြန်သွားမယ်။ ”
“ အစ်ကိုချီ ... ခဏနေပါဦး ... သူ စုရီပဲ။ ”
သို့သော် ထိုအခိုက်တွင် ရင်သပ်ရှုမောဖွယ် အလှနှင့် အစိမ်းရောင်ဝတ် အမျိုးသမီးတစ်ဦး ချီလျန်ကြွယ်ဘေး၌ ပေါ်လာတော့၏။
“ ဘာဖြစ်လဲ ... ငါဂရုစိုက်စရာလား၊ ဟမ် ... နေဦး ... ဘယ်သူ ... သူက စုရီဟုတ်လား။ ”
ချီလျန်ကြွယ် တစ်ယောက် မျက်နှာ အမူအရာ အမျိုးမျိုးပြောင်းလာ၏။ သည့်နောက် အအေးဓာတ်က သူ့ကျောရိုးကို ထိုးဖောက် ဝင်ရောက်လာတော့သည်။
ထိုအချိန်တွင် ချီလျန်ကြွယ်ဘေးရှိ အမျိုးသားတစ်ဦးသည်လည်း လျင်မြန်စွာ လှမ်းတက်လာပြီး စုရီကို ဦးညွတ်၏။
“ ဆရာစု ... စစ်သူကြီးချီက ငါ့ရဲ့ စီနီယာအစ်ကိုပါ ... သူ မင်းကိုမသိတဲ့အတွက် နားလည်မှုလွဲသွားတာပါ ... ဒါကို ခွင့်လွှတ်ပေး လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ”
ဤသည်မှာ လျှို့ဝှက်နဂါးဓားဂိုဏ်းမှ ချန်ကွာခယ် ဖြစ်၏။ အမျိုးသမီးသည် ချင်ကျင်း ပေပင်။ ချင်ကျင်း၏ အကြည့်များမှာမူ ရှုပ်ထွေးနေဆဲဖြစ်၏။
“ ဒီကောင်လေးက ... မဟာချင်ရဲ့ မြေကြီးအဆင့် အင်မော်တယ်ကို သတ်ခဲ့တဲ့ စုရီလား။ ”
ထိုအချိန်တွင် အဝေးရှိ လူအုပ်ကြီးနှင့် စစ်သည်တော်အများအပြားသည် တုန်လှုပ်ကုန် ကြသည်။
ဤအမည်သည် လူတိုင်းအတွက် ဒဏ္ဍာရီဖြစ်၏။ မဟာကျိုးမင်းဆက်၏ ဘုရင် များနှင့် သူရဲကောင်းများစွာကို သတ်ကာ ဖခင်အပေါ် စိန်ခေါ်ထားသူ ပေပင်။
“ ကောင်းပြီ ... ဒီကိစ္စကို ဒီမှာဘဲ အဆုံးသတ်လိုက်ရအောင်။ ”
စုရီမှ ထိုသို့ပြောလိုက်မှသာလျှင် ချန်ကွာခယ်တစ်ယောက် နဖူးမှ ချွေးများကို သုတ်နိုင်ခဲ့သည်။ ချီလျန်ကြွယ်သည်လည်း တိတ်တဆိတ် သက်ပြင်းချမိ၏။
သို့သော် တစ်ဖက်လူသည် ဤနဂါးဂိတ်တံခါးမှ ဖြတ်ကျော်သွားနိုင်ပါက ရာထူးမှနှုတ်ထွက်ပြီး ကျေးလက်ပြန်မည်ဟု ကြေငြာခဲ့ဖူးသည်။
မျက်စိတစ်မှိတ်အတွင်း ထိုစကားသည် လက်တွေ့ဖြစ်လာသဖြင့် မျက်နှာကို ရိုက်နှက် လိုက်သကဲ့သို့ နီရဲလာမိ၏။ ရှက်စရာ ကောင်းလှချေပြီ။
***