← Chapters

ခန္ဓာကိုယ်နှင့် ဝိညာဉ်သေဆုံးခြင်း၊ ရင်လင်း၏ စောစီးစွာသေဆုံးမှု

Vol. 124 Ch. 1735

ခန္ဓာကိုယ်နှင့် ဝိညာဉ်သေဆုံးခြင်း၊ ရင်လင်း၏ စောစီးစွာသေဆုံးမှု

Vol. 124 Ch. 1735

ဝူလင်းယူသည် ရှီမာယူယူကို အနောက်ဘက်တောင်များဆီသို့ ခေါ်သွား လိုက်သည်။ ရှီမာချင်း မေးလိုက်သည် “ငါတို့ဘာလုပ်နိုင်မလဲ”

“ဝိညာဉ်စွမ်းအင်ကောင်းတွေ စီးနေတဲ့ ကျောက်အခန်းကျယ်တစ်ခန်းကို ပြင်ပေးပါ ကျန်တဲ့ကိစ္စကိုတော့ ကျွန်တော် နောက်မှပြောပါ့မယ်” ဝူလင်းယူ ပြောလိုက်သည်။

“ငါ တံခါးပိတ်ကျင့်ကြံတဲ့ ကျောက်အခန်းကိသုံးလိုက် အဲဒီမှာ ဝိညာဉ် စွမ်းအင်ပြည့်ဝတယ်” ရှီမာချင်း ပြောလိုက်သည်။

ဝူလင်းယူသည် သူ၏ ကျောက်အခန်းကိုသိသည်။ ရှီမာမျိုးနွယ်တွင် အကောင်းဆုံးနေရာပင်ဖြစ်သည်။ သူသည် ရှီမာယူယူကို ချီရင်း တောင်ထိပ်သို့ ပျံတက်သွားလိုက်သည်။

ရှီမာကျိယွင်နှင့် ရှီမာရှုံ့ချီတို့ ရောက်လာချိန်တွင် ရှီမာယူယူ ကျောက်စိမ်း အိပ်ရာပေါ်တွင် လဲလျောင်းနေသည်ကို မြင်လိုက်ရသည်။ ဝူလင်းယူသည် ရင်လင်းနှင့် ဖန်ရူယန်တို့၏ ညွှန်ကြားမှုနှင့်အတူ ကျောက်စိမ်းအိပ်ရာအောက် တွင် တစ်စုံတစ်ခုကို စီမံလိုက်သည်။

“သခင်ဖန် သခင်ရင်လင်း ယူယူဘယ်လိုနေလဲ” ဟွမ်ရင်ရင် မေးလိုက် သည်။

“သူမ တည်ငြိမ်နေပါပြီ” ရင်လင်း ပြောလိုက်သည်။ “ဒါပေမဲ့ နောက်ကို ဒီကနေ ထွက်မသွားနဲ့ဦး”

“ကျုပ် ကိုယ်တိုင်ကြီးကြပ်ပါ့မယ်” ရှီမာချင်း အကြုံလိုက်သည်။ မည်သို့ ပင်ဖြစ်စေကာမူ ဤနေရာသည် သူ၏ ကျင့်ကြံသည့်နေရာဖြစ်သည်။ သူ စောင့်ကြပ်ရမှပင် စိတ်အေးရမည်။

“ယူယူက ဘာလို့ ဒီလောက် ဒဏ်ရာအပြင်းအထန်ရတာလဲ” ရှီမာဟော်ရွှမ်း မေးလိုက်သည်။

“အတိအကျကိုတော့ ကျုပ်တို့လည်းမသိဘူး နောက်ကျရင် တစ်ယောက် ယောက်တော့ ရှင်းပြပါလိမ့်မယ်” ရင်လင်း ပြန်ဖြေလိုက်သည်။

“ယူယူ ပြန်ကောင်းလာနိုင်လား သူမ ဘယ်တော့နိုးလာမှာလဲ”

“သူမ ခဏလောက်တော့ မနိုးနိုင်သေးဘူး” သူမ၏ ဝိညာဉ်သည် ကွဲသွား ပြီးနောက် ပြန်ပေါင်းစပ်ခြင်းဖြစ်ကြောင်း ရင်လင်း တစ်ခါကပြောဖူးသည်။ “ခင်ဗျားတို့လုပ်ရမှာက သူမခန္ဓာကိုယ်ကို ကာကွယ်ပြီး သူမ ဝိညာဉ်ပြန်လာတဲ့ အထိ သူမခန္ဓာကိုယ်ကို ဒီအတိုင်းပဲရှိနေအောင် လုပ်ပေးဖို့ပဲ ပိုဆိုးမလာစေနဲ့”

“ကျွန်တော်တို့ ဘာလုပ်ရမလဲ” ရှီမာဟော်ရွှမ်း မေးလိုက်သည်။

“ဒီကျောက်စိမ်းအိပ်ရာက ရေခဲပြင်တွေအောက်က တူးယူထားတာ ဒီလို အိပ်ရာလုပ်ဖို့ နှစ်သောင်းချီကြာတယ် ဒီအထဲက ‌လေအေးနဲ့ ဝိညာဉ်စွမ်းအားက သူမခန္ဓာကိုယ်ကို ကာကွယ်လိမ့်မယ် ဝူလင်းယူရဲ့ လက်ရှိတည်ဆောက်မှုက ပတ်ပတ်လည်က ဝိညာဉ်တွေကိုထိန်းချုပ်နိုင်ပြီး သူမအတွက် ဝိညာဉ်စွမ်းအင် တွေ ဆွဲယူပေးလိမ့်မယ် ပြီးတော့ ၁၅ ရက်တစ်ခါ သူမကို တိုက်ဖို့ဆေးတွေလို လိမ့်မယ်” ရင်လင်းသည် ရှီမာဟော်ရွှမ်းကို ဆေးနည်းပေးလိုက်သည်။

ရှီမာဟော်ရွှမ်းသည် ဆေးပစ္စည်းများကို ဖတ်ကြည့်လိုက်သည်။ ထိုဆေး ပင်များသည် ဈေးမကြီးသော်လည်း ရှားပါးသည်။ သို့သော် အချိန်ကြာမြင့်နေပြီ ဖြစ်၍ ရှာရန်ခက်နိုင်သည်။

“ဆေးပင်တွေအတွက်ကတော့ စိတ်မပူပါနဲ့ ခင်ဗျားပြောလိုက်တာနဲ့ ဆေးပင်တွေကို ပို့တဲ့လူရှိလာပါလိမ့်မယ်” ရင်လင်း ပြောလိုက်သည် “ဒီကိစ္စ အတွက်မပူနဲ့”

“ဟုတ်ကဲ့ပါ”

“ဆေးပင်တွေကို ကျွန်တော်ပို့ခိုင်းပါမယ်” ဝူလင်းယူ ကမ်းလှမ်းလေ သည်။ အားလုံးဆုံပြီးနောက် သူ ပထမဆုံးပြောလိုက်သည့်စကားဖြစ်သည်။

“မင်းက ဘယ်သွားမလို့လဲ” ဖန်ရူယန် မေးလိုက်သည်။

“နတ်ဆိုးလောကကိုပြန်ပြီး အရေးကြီးကိစ္စတွေ စီစဉ်ဖို့ပြန်ရဦးမယ် ပြီးတာနဲ့ တစ္ဆေလောကကိုသွားပြီး သူမကိုရှာမယ်” ဝူလင်းယူ ပြန်ဖြေလိုက် သည်။

“မင်း ဒီအတိုင်းပဲ တစ္ဆေလောကကိုသွားရင် သူမကိုရှာမတွေ့နိုင်ဘူး” ရင်လင်း ပြောလိုက်သည်။

“ဒါဆို ဘာလုပ်ရမလဲ”

ရင်လင်းသည် မျက်လုံးမှိတ်ပြီး အနာဂတ်ကိုဖတ်လိုက်သည်။ ခဏအကြာတွင် မျက်လုံးဖွင့်လာသည် “မင်းတို့ မေ့လျော့ခြင်းမြစ်ဘေးမှာတွေ့ လိမ့်မယ် ဒါပေမဲ့ အဲဒီကိုဝိညာဉ်တွေပဲ သွားလို့ရတာသိတယ်မလား မင်း တစ္ဆေ လောကကိုသွားချင်ရင် မင်းရဲ့ဝိညာဉ်ပဲသွားလို့ရမယ် ဒါပေမဲ့ မင်းခန္ဓာကိုယ်က နေ ဝိညာဉ်ကို အတင်းဆွဲခွာမယ်ဆိုရင် မင်းရဲ့အားကိုပျက်စီးနိုင်တယ်”

“သိပါပြီ ကျွန်တော့်ကိုပြောပြလို့ကျေးဇူးတင်ပါတယ်” ဝူလင်းယူသည် ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။

“ဟားဟား မင်း ကျုပ်ကိုကျေးဇူးတင်ဖို့မလိုပါဘူး ငါ့ရဲ့နောက်ဆုံး အဖြေ က မင်းနဲ့သူမအတွက် ဖြစ်တာကိုပဲ ဝမ်းသာနေပြီ” ရင်လင်း ပြုံးလိုက်သည်။

“နောက်ဆုံးအဖြေ ဟုတ်လား”

“ကျုပ်ခန္ဓာကိုယ်က ခုနက ယူယူ့အတွက် ဖတ်ပေးတာ နောက်ဆုံးပဲ အခု ဆီကကုန်ပြီး မီးစာသေသွားပြီ ကျုပ်အချိန်တွေက တိုလွန်းပါတယ် ထပ်ပြီး အနာဂတ်မဖတ်နိုင်တော့ဘူး ဒါကကျုပ်ရဲ့နောက်ဆုံး ဟောချက်ပဲ”

ရင်လင်း၏ စကားလုံးများသည် ကျောက်ခန်း၏လေထုကို အနည်းငယ် လေးလံသွားသလိုဖြစ်စေသည်။ သူကိုယ်တိုင်ပင်လျှင် ထူးခြားမှုကိုခံစားရ သည်။

“လူဆိုတာ တစ်နေ့တော့သေရမှာပဲ ဘာမှဝမ်းနည်းစရာမရှိဘူး” ရင်လင်း ပြောလိုက်သည်။

“ဆရာ…” လက်ထောက်လေးသည် နှုတ်ခမ်းကွေးတွန့်လာသည်။

“ကျွန်တော် တစ္ဆေလောကကို သွားပြီးဆရာ့ကိုရှာမယ်”

“သူတော်စင်တွေ သေသွားရင် ဘာဝိညာဉ်မှမကျန်ခဲ့ဘူး အဲဒါကြောင့် တစ္ဆေလောကကိုမရောက်နိုင်ဘူး ခန္ဓာကိုယ်သေသွားတာနဲ့ ဝိညာဉ်က ပျက်စီး သွားမှာပဲ ငါ့ကိုစိတ်မပူပါနဲ့” ရင်လင်း ပြုံးလိုက်သည် “သခင်ဖန် ကျုပ်တို့ အခုပြန်ကြတာပေါ့”

သူတော်စင်ဂိုဏ်း၏ ဂိုဏ်းသခင်သည် ဂိုဏ်းထဲတွင်သာ သေဆုံးကြ သည်။ သူနှင့် လက်ထောက်လေးသည် အချိန်မှီပြန်မရောက်နိုင်ပေ။

ဖန်ရူယန် ခေါင်းညိတ်လိုက်သည်။ ကိစ္စတစ်စုံတစ်ရာ ရှိလာပါက ဖန်မျိုးနွယ်ကို လာရှာရန် ရှီမာကျိယွမ်နနှင့် တခြားသူများကိုပြောပြီးနောက် သူမသည် ရင်လင်းနှင့် လက်ထောက်လေးကို ခေါ်သွားလိုက်သည်။

“နောက်ဆိုရင် သူတော်စင်ဂိုဏ်းနဲ့လက်ထောက်လေးကို စောင့်ရှောက် ပေးဖို့ ရှီမာမျိုးနွယ်ကိုပဲ ပြောရတော့မှာပဲ….”

ရင်လင်း၏ အသံသည် သူ၏ ပုံရိပ်နှင့်အတူပျောက်ကွယ်သွားလေသည်။ ထိုစကားများသည် သူ အပြင်လူများကို နောက်ဆုံးပြောသွားသည့်စကားများ ဖြစ်သည်။

“ထင်မထားဘူး သခင်ကြီးရင်လင်းက… ဟူး….”

ဖန်ရူယန်သည် ရင်လင်းနှင့် လက်ထောက်လေးကို သူတော်စင်ဂိုဏ်းသို့ ပို့ပြီးနောက် ပြန်သွားလေသည်။ လက်ထော်ကလေးသည် ရင်လင်း၏ ပိန်လှီနေ သော ရင်လင်း၏ ခန္ဓာကိုယ်ကို ကြည့်လိုက်သည် “ဆရာ ဆရာ့မှာ သက်တမ်း နှစ်တစ်ရာလောက် ကျန်သေးတာကို ဘယ်လိုဖြစ်ပြီး ဆရာက…”

ရင်လင်း၏ သက်တမ်းမှာ လျော့လျော့လာသည်ကို သူလည်း သတိထား မိသည်။ နှစ်တစ်ရာသက်တမ်းသည် နှစ်အနည်းငယ်သာကျန်တော့သည်။

“ဆရာနဲ့လိုက်ခဲ့”

ရင်လင်းသည် လက်ထောက်လေးကို သူတော်စင်ဂိုဏ်း၏ တားမြစ် ဧရိယာကို ခေါ်သွားလိုက်သည်။ လမ်းကြားကျဉ်းလေး အဆုံးတွင် ဂိုဏ်းအဖွဲ့ဝင် တွေ၏ အောက်မေ့ဖွယ်ကဗ္ဗည်းတိုင်များထားရှိရာ ကြီးမားသော ကျောက် အခန်းသို့ ရောက်လေသည်။

ရင်လင်းသည် ကဗ္ဗည်းတိုင်များရှေ့သို့ လာလိုက်သည်။ “လက်ထောက် လေး ဒူးထောက် အရင်မျိုးဆက်က ဆရာတွေကို ကန်တော့လိုက်”

လက်ထောက်လေးသည် အခင်းဆီသို့လာပြီး ဒူးထောက်လိုက်သည်။ သူ သုံးကြိမ် သုံးခါ ကန်တော့လိုက်သည်။

“လက်ထောက်လေး မင်းရဲ့ အရည်အချင်းက ဆရာ့ထက်တောင် သာလွန် တယ် နောက်ဆိုရင် မင်းရဲ့အောင်မြင်မှုတွေက ဆရာ့ကိုတောင် ကျော်သွား တော့မှာ၊ မင်းငယ်တုန်းက ရှီမာယူယူနဲ့တွေ့ခဲ့တယ် မင်းရဲ့ကံကြမ္မာလည်း ပြောင်းသွားတယ် နောက်ဆိုရင် မင်း ဆရာနဲ့အရင်ဂိုဏ်းဆရာတွေရဲ့ ခြေရာ နောက်ကိုမလိုက်နဲ့ မင်းက ကောင်းကင်က အဖိုးတန်လက်ဆောင်ဖြစ်ပြီး လူတွေအတွက် ကောင်းချီးတွေကိုပိုပြီး လုပ်နိုင်မှာ”

“ဆရာ့တပည့်က ဆရာ့ရဲ့ အဆုံးအမတွေကို မှတ်ထားပါမယ်” လက်ထောက်လေး ပြန်ဖြေလိုက်သည်။

“ဒီနေ့ မင်းကို ဂိုဏ်းသခင် ရာထူးကိုပေးမယ် မင်း သူတော်စင်ဂိုဏ်းရဲ့ တာဝန်တွေကိုယူရမယ် ဂိုဏ်းအဖွဲ့ဝင်တွေကိုကာကွယ်ပြီး လေးလံတဲ့ ဝန်ထုတ် ဝန်ပိုးတွေကို ပခုံးထမ်းပါ တာဝန်ရှောင်လို့မရဘူး နားလည်လား”

“ဆရာ” လက်ထောက်လေးသည် ရင်လင်းမှ ဂိုဏ်းသခင်ရာထူးကို လက်လွှဲပေးလိမ့်မည်ဟု ထင်မထားပေ။ သူသည် အရည်အချင်းမပြည့်ဝသေး ပေ။ ဘယ်လိုလုပ် အကုန်လုံးကို ယုံစေမှာလဲ။

“သူတို့အားလုံး နားလည်ကြတယ်” ရင်လင်းသည် ပူပန်ခြင်းမရှိပေ။ ဂမ္ဘီရ ပညာရှင်အနေနှင့် သူတို့သည် ဂိုဏ်းသခင်ဖြစ်ရန် ကံမပါသည်ကို သိကြသည်။

“ဆရာ အချိန်ရှိပါသေးတယ် အခုလုပ်ဖို့မလိုသေးပါဘူး…”

“ဆရာ ဘာပဲပြောပြော မင်း လိုက်နာရမယ်” ရငလင်း၏ အသံသည် လေးနက်လာသည်။

“ဟုတ်ကဲ့ပါ ဆရာ ကျွန်တော်သူတော်စင်ဂိုဏ်းရဲ့ ဂိုဏ်းသခင်ဖြစ်ဖို့ ဆန္ဒ ရှိပါတယ် ဂိုဏ်းအဖွဲ့ဝင်တွေကို ကာကွယ်ပြီး သဘောထားပြည့်စွာနဲ့ ကူညီသွား ပါမယ်” လက်ထောက်လေး၏ စိတ်ထဲတွင် မကောင်းသော နိမိတ်များလှိမ့် တက်လာသည်။ မျက်ရည်များသည် အဆက်မပြတ်ကျလာသည်။

ရင်လင်းသည် ဂိုဏ်းသခင်သင်္ကေတဖြစ်သည့် လက်စွပ်ချွတ်ပြီး လက်ထောက်လေးကို ပေးလိုက်သည်။ ထို့နောက် သူသည် ကျောက်အခန်း အလယ်တွင်ရှိသော ကျောက်ခုံမြင့်ဆီသို့သွားပြီး ထိုင်ချလိုက်သည်။

“ဆရာ” လက်ထောက်လေးသည် ဒူးထောက်ပြီး ကျောက်ခုံမြင့်ကို ကိုင် ပြီး ကျယ်လောင်စွာငိုလိုက်သည်။

သူသည် ထိုကျောက်ခုံမြင့် အကြောင်းကိုသိသည်။ ထိုနေရာသည် ဂိုဏ်း သခင်များ နောက်ဆုံးထွက်သက်ကုန်ဆုံးသည့် နေရာပင်ဖြစ်သည်။ ရင်လင်း သည် အခုချိန်တွင် ထိုနေရာတွင်ရောက်နေပြီဖြစ်သည်။ ဆိုလိုသည်မှာ သူက…

ရင်လင်းသည် သူ့ကိုကြည့်ပြီး သက်ပြင်းချလိုက်သည် “မင်း ဒီလိုဖြစ်နေ ရင် ဆရာက ဘယ်လိုလုပ်စိတ်ချမှာလဲ”

“ဆရာ ဆရာ့ရဲ့သက်တမ်းရှိသေးတယ် ဒီလိုမျိုး မြန်မြန်ကြီးသွားဖို့မလို သေးပါဘူး”

“မင်း နောက်ဆိုရင် နားလည်လာမှာပါ အခုကစပြီး မင်းကောင်းကောင်း အသက်ရှင်ရမယ်” ရင်လင်းသည် လက်ကိုဆန့်ထုတ်ပြီး လက်ထောက်လေး၏ လက်ကိုပုတ်ပေးလိုက်သည် ထို့နောက် သူသည် လက်ပြန်ရုတ်ကာ လက်များ ကို ဒူးပေါ်တင်ပြီး တဖြည်းဖြည်းမျက်လုံးပိတ်သွားပြီး အသက်ရှုရပ်သွားလေ တော့သည်။

“ဆရာ” လက်ထောက်လေးသည် ကျောက်ခုံပေါ်သို့ မှီပြီး ရင်လင်း၏ ခန္ဓာကိုယ်ကို ဖက်ပြီး ကျယ်လောင်စွာငိုလိုက်သည်။

သူ ရင်လင်း၏ ခန္ဓာကိုယ်ကိုဖက်လိုက်သည်နှင့် အဖြူရောင် အလင်းတန်း သည် ရင်လင်း၏ခန္ဓာကိုယ်မှထွက်လာပြီး လက်ထောက်လေး၏ ခန္ဓာကိုယ် အတွင်းသို့ ဝင်သွားလေတော့သည်။

***

All Chapters