← Chapters

လျှံကျနေသော ရေခွက်ကလေး။

Vol. 22 Ch. 260

လျှံကျနေသော ရေခွက်ကလေး။

Vol. 22 Ch. 260

နောက်တနေ့မနက်တွင် စုရီသည် ထင်းရှူးပင်အောက်တွင် ထင်းရှူးကြိုးကြာ ခန္ဓာကိုယ် နည်းစနစ်ကို လေ့ကျင့်နေ၏။

ဤနည်းစနစ်အပေါ် ကျွမ်းကျင်မှု တိုးလာသည်နှင့်အမျှ ကမ္ဘာပေါ်ရှိ အကောင်းဆုံး ကိုယ်ခံပညာ အခြေခံအုတ်မြစ် ဖြစ်ကြောင်း ချီးကျူးလာမိသည်။

ယခုအခါတွင် လှုပ်ရှားမှုတိုင်းသည် လျှို့ဝှက်ဆန်းကြယ်ပြီး တာအိုစည်းချက်များ ပါရှိနေခဲ့၏။

အချိန်အတော်ကြာလေ့ကျင့်ပြီးနောက် ကြိမ်ကုလားထိုင်ပေါ် သွားရောက် လှဲလျောင်း အနားယူလိုက်သည်။

အနားယူနေစဉ် ဝိညာပစ္စည်းအချို့ ထုတ်ယူပြီး အမှောင်နတ်ဓားကို စတင်ကျွေးမွေး တော့၏။

ဤဓားတွင် ဝိညာဉ်ဝါးမျိူခြင်းအမိန့် ပါရှိနေပြီး ငရဲမီးတောက် ငှက်မိစ္ဆာဝိညာဉ်ကို ချိပ်ပိတ်ထားရှိ၏။

အားလပ်ချိန်တိုင်း ခန္ဓာကိုယ်ရှိ ဝိညာဉ်ပစ္စည်းများဖြင့် ၎င်းကိုအစာကျွေးရန် ကြိုးစားနေခဲ့မိသည်။

ယခုအချိန်တွင် အမှောင်နတ်ဓား၏ အရည်အသွေးနှင့် စွမ်းအားသည် ယခင်ကထက် များစွာ အားကောင်းနေချေပြီ။

ဓားကိုယ်ထည်သည် ညကဲ့သို့ မည်းမှောင်နေပြီး ဖြာထွက်သော ရောင်ဝါသည် မူလတာအိုနယ်ပယ် ကျင့်ကြံသူများကို ထိတ်လန့်စေနိုင်၏။

ဤရတနာမျိုးသည် ထိပ်တန်းအဆင့် မူလတာအိုဝိညာဉ်ရေး လက်နက်များစွာထက် မနိမ့်ကျချေ။

“ ဒုန်း ... ဒုန် ... ဒုန်း ... ။ ”

ရုတ်တရက် တံခါးခေါက်သံနှင့်အတူ ရိုသေလေးစားသော အသံတစ်သံ ထွက်ပေါ် လာသည်။

“ ဆရာစု၊ ငါဖန်းယွမ်ပါ ဘုန်းကြီးဟုန်ကျိ အမိန့်အရ ဆရာစုကို သတင်းစကား လာပြောဖို့ ရောက်နေပါပြီ။ ”

“ ဝှစ် ... ။ ”

စုရီက ကြိမ်ကုလားထိုင်ပေါ်မှနေ၍ လက်ကိုဆန့်ကာ လေလှိုင်းတစ်ချက် တွန်းထုတ် လိုက်သည်။ ဆယ်​​ပေ​ကျော်​ အကွာအ​ဝေးရှိ ခြံတံခါး​ပွင့်​သွား​၏။

“ ဝင်လာခဲ့ ... ။ ”

တံခါးဝတွင် မီးခိုးရောင် ဝတ်စုံဝတ် အသက်ဆယ့်ခုနစ်နှစ်အရွယ် လူငယ်တစ်ဦး ရပ်နေ၏။

၎င်းက လေးလေးစားစား ဦးညွှတ်ပြီး ခြံတံခါးကို ပြန်ပိတ်ကာ စုရီထံသို့ တည့်တည့် လျှောက်လှမ်းလာသည်။

“ ဆရာစု၊ သတင်းရှိနေပြီ၊ ကျေးဇူးပြု၍ ကြည့်ပေးပါ။ ”

ဖန်းယွမ်က အလုံပိတ် ကျောက်စိမ်း သေတ္တာကို ထုတ်ယူလိုက်ကာ လက်နှစ်ဖက်ဖြင့် ပေးအပ်လာ၏။

စုရီမှ သေတ္တာကို ဖွင့်ကြည့်ပြီး ကျောက်စိမ်းတုံးနှိုက်ယူကာ အချက်အလက် များကို ဖတ်ရှုလိုက်သည်။

“ လွန်ခဲ့သောရက် အနည်းငယ်က၊ ရှန့်လင်ဘုံကျောင်း၏ မဟာအကြီးအကဲကျိဟဲ ဦးဆောင်သော မဟာချင်ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိနေပြီ ဖြစ်သည်။

၎င်းနှင့်အတူ လူတစ်ရာကျော်ပါရှိ၏။ သတိထားရမည်မှာ ထင်ရှားကျော်ကြားသော ဘုန်းကြီးကိုးပါးပေပင်။

နောက်ထပ်သတိပေးချက်သည် ယွီတျန်းဟုန်ဖြစ်သည်။ ဤလူသည် မဟာချင်၏ ပထမတန်းစား မျိုးနွယ်စုမှ ဆင်းသက်လာပြီး ယွီမျိုးနွယ်ခေါင်းဆောင်၏ ညီဖြစ်၏။

စုဟုန်လီ စတုတ္ထဇနီး၏ ဒုတိယမြောက် အစ်ကိုလည်းဖြစ်သည်။ လီချန်နင်သည် ၎င်းနှင့် ဆရာတူတပည့်ဖြစ်၏။

စုရီသတ်ခဲ့သော ယွီရှင်းလင်သည် သူ့တူပေပင်။ ယင်းကြောင့် လက်စားချေရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်၏။

သူသည် လွန်ခဲ့သော(၁၈)နှစ်က မူလတာအိုနယ်ပယ်သို့ ရောက်ရှိထားခဲ့သည်။ ဓားပညာတွင် ထူးချွန်ထက်မြက်သောကြောင့် သူ့ကို ဓားဘုရင်တျန်းဟုန်ဟု ခေါ်ကြ၏။

လွန်ခဲ့သည့်ကိုးနှစ်က ဓားတစ်လက်ဖြင့် မဟာချင်၏ အန္တရာယ် အရှိဆုံးနေရာဖြစ်သော ဖရိုဖရဲဝိညာဉ်ပင်လယ်သို့ ဝင်ရောက်ခဲ့သည်။

၎င်းအတွင်းမှ ကြီးစွာသော ကံကြမ္မာတစ်ခုရရှိကာ ပြန်လာပြီးနောက်တွင် ရှစ်နှစ်ကြာ တံခါးပိတ်ကျင့်ကြံနေခဲ့ဖူး၏။

ထို့ကြောင့် ဘုန်းကြီးဟု​န်ကျိမှ ဤလူအပေါ်သတိထားရန် အထူးသတိပေး လာသည်။

သတင်းဖတ်ရှုပြီးနောက် စုရီသည် ကြောက်ရွံ့ခြင်းမရှိဘဲ ယွီတျန်ဟောင် ရရှိသော မဟာကံကြမ္မာကို အလွန်စိတ်ဝင်စား လာတော့၏။

မဟာကျိုး နတ်ဆိုးတောင်ရှစ်လုံးကဲ့သို့ မဟာဝေတွင် လျှို့ဝှက် တားမြစ်နယ်မြေဒေသ လေးရပ်ရှိကာ၊ မဟာချင်၌ ဖရိုဖရဲဝိညာည် ပင်လယ်တစ်ခုရှိသည်။

တစ်ချိန်က တာအိုဂိုဏ်းများသည် ကမ္ဘာကြီး၏ ပြောင်းလဲမှုအချို့ကြောင့် မိုးပြာ တိုက်ကြီးမှ ပျောက်ကွယ်သွားခြင်းဖြစ်၏။

ထို့ကြောင့် ဖရိုဖရဲဝိညာဉ်ပင်လယ် အပါအဝင်တွင် ထူးဆန်သော ထိုဒေသများ၌ တာအိုအမွေအနှစ်များ ရှိနိုင်ပေမည်။

ယွီတျန်းဟုန် ရရှိသော ကံကြမ္မာသည် ထိုတာအိုဂိုဏ်းအမွေများနှင့် ဆက်စပ်နေမည်မှာ သေချာချေပြီ။

“ ဆရာစု ... ။ ”

စာဖတ်ပြီးသည်နှင့် ဖန်းယွမ်မှ လေးလေးစားစားဖြင့်၊

“ ဘုန်းကြီးဟုန်ကျိက မင်းအတွက် အစေခံ မရှိရင် မင်းအနားမှာနေပြီး ... မင်းကို အစေခံခွင့် ပြုပေးထားပါတယ်။ ”

-ဟု ပြောကြားလာ၏။

“ ငါ့ကျင့်ကြံမှုက သာမန်ဆိုပေမယ့် ကျောက်စိမ်းမြို့မှာ ... နှစ်အတော်ကြာအောင် နေခဲ့တာပါ မင်းဘာပဲလုပ်လုပ် ဘာပဲသိချင်ချင် ငါပြောပြနိုင်ပါတယ်။ ”

စုရီက လူငယ်ကို မော့ကြည့်လိုက်ပြီး၊

“ ငါနဲ့နေဖို့က အရမ်းအန္တရာယ်များတယ် တခြားသူတွေက ငါ့နဲ့ဝေးဝေးကို သွားချင်တယ် မင်းဘာလို့ ဒီလိုလုပ်ချင်တာလဲ ... ဘုန်းကြီး ဟုန်ကျိက ခိုင်းတာလား။ ”

ဖန်းယွမ်မှ ခေါင်းအမြန်ခါပြကာ၊

“ ဆရာစု နားလည်မှုလွဲနေပါပြီ မင်းကိုအစေခံဖို့ ငါကိုယ်တိုင် အချိန်အတော် ကြာအောင် တောင်းဆိုခဲ့ရတာပါ ... ။ ”

ထိုစကားပြောစဉ်တွင် မျက်ဝန်းများ၌ မျှော်လင့်ချက်များဖြင့် စုရီဆီသို့ လှမ်းကြည့် လိုက်လေသည်။

“ အကြောင်းပြချက်ကို ပြောပါ။ ”

စုရီမှ စိတ်ဝင်စားသွား၏။ ဖန်းယွမ်တစ်ယောက် အသက်ပြင်းပြင်းရှူကာ ဦးညွှတ်လိုက်ပြီး၊

“ ငါက မိဘမဲ့ပါ ဆရာစု၊ သေမှာကို မကြောက်ပါဘူး ဒါပေမယ့် ငါ့ကံကြမ္မာအပေါ် ပြောင်းလဲဖို့ အခွင့်မသာမှာ ကြောက်တယ် ...

... တခြားသူတွေအတွက်တော့ အန္တရာယ်တွေ ပြည့်နှက်နေနိုင်ကြပေမယ့် ငါ့အတွက်ကတော့ မင်းရဲ့အလေးထားမှုကို ရနိုင်ရင် ... ကံကြမ္မာကို ပြောင်းလဲဖို့ လုံလောက်ပါလိမ့်မယ်။ ”

ထိုအဖြေကြောင့် စုရီမှ ပြုံးသည်။

“ အရမ်း ဉာဏ်ကောင်းတယ် ... ငါနားလည်ပြီ ဒါပေမယ့် မင်းကိုကတိတော့ မပေးနိုင်ဘူး ... နားလည်လား။ ”

ထိုမျှသည်ပင် ဖန်းယွမ်အပေါ် စိတ်လှုပ်ရှားမှုများ ပေါက်ပွားလာစေတော့၏။ ၎င်းမှပြုံးလျက်၊

“ ရိုးသားစွာ ပြောရရင် ... ငါမင်းကို တာဝန်ထမ်းဆောင်နိုင်သရွေ့ ငါရဲ့ကံကြမ္မာက ပြောင်းလဲသွားပါပြီ ... အနည်းဆုံးတော့ ဘုန်းကြီးဟုန်ကျိက ငါ့ကို တရား၀င် နေရာပေးမှာ သေချာပါတယ်။ ”

“ ကောင်းပြီ ... ဒီနေ့ကစပြီး မင်းဒီမှာနေရမယ် တစ်နေ့သုံးနပ်နဲ့ အသေးအဖွဲ ကိစ္စတွေအားလုံး မင်းတာဝန်ယူပါ။ ”

စုရီက လူငယ်ကို သဘောကျသွား၏။ အရွယ်ငယ်သော်လည်း ရည်မှန်းချက်ကြီးမားပြီး သူ့ကန့်သတ်ချက်ကို သူ သိချေပြီ။

“ ဟုတ်ကဲ့ ... ။ ”

ဖန်းယွမ်မှ ပျော်ရွှင်မှုအပြည့်ဖြင့် ပြုံး၏။

“ ဒေါက် ... ဒေါက် ... ။ ”

ထိုအချိန်တွင် နောက်ထပ် တံခါးခေါက်သံ ထွက်ပေါ်လာသည်။ စုရီမှ မျက်မှောင်ကြုတ်၏။ လေထင်းရှူးစံအိမ်သို့ သူ ရောက်လာသည်မှာ နှစ်ရက်သာရှိသည်။

သို့သော် ဧည့်သည်များ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာ၏။ အနှောက်အယှက် ဖြစ်စရာပေပင်။

“ မင်းတာဝန်ယူလိုက်။ ”

ဖန်းယွမ်မှ စုရီဆိုလိုသည်ကို နားလည်ပြီး ပြန်လှည့်ကာ တံခါးဖွင့်ရန် လျှောက်လှမ်းသွား တော့၏။ များမကြာခင် ပြန်ရောက်လာကာ၊

“ ဆရာစု ... သာမန်အစေခံ တစ်ယောက်ပါ ကျင့်ကြံမှုမရှိဘူး။ ”

-ဟု ဆိုလျက် စာတစ်စောင်ကမ်းပေး၏။

စုရီက စာကို ဖွင့်ကြည့်လိုက်ပြီးနောက် မျက်ခုံးပင့်သွားကာ ‘လျှံကျနေသောရေတစ်ခွက် ဆိုတာ ဘာလဲ’ -ဟု မေးမြန်း၏။

“ ကျောက်စိမ်းမြို့တော်မှာ ထိပ်တန်း စားသောက်ဆိုင်လေးခု ရှိပါတယ်၊ ကြွယ်ဝတဲ့ လူတွေအတွက် ငွေဖြုန်းတီးတဲ့ အရပ်ပါ ...

... လျှံကျနေသော ရေခွက်လေးက အဲဒီစားသောက်ဆိုင် လေးခုထဲက တစ်ခုပါ သူ့နောက်ကွယ်မှာ ရွှေကျောက်တုံးခန်းမ ရှိတယ်လို့ ပြောကြပါတယ်။ ”

ဖန်းယွမ်မှ ရှင်းပြလာ၏။ စုရီတစ်ယောက် ခေါင်းညိတ်လိုက်သည်။ ရှစ်ဖန်းခန်းမ ကဲ့သို့ပင် ရွှေကျောက်တုံးခန်းမသည် လူသိများသော ကုန်သွယ်ရေးအဖွဲ့အစည်း ဖြစ်၏။

မဟာချင်၊ မဟာဝေနှင့်၊ မဟာကျိုးတို့ ကဲ့သို့သော သုံးနိုင်ငံကို ဖြန့်ကျက်ထားနိုင်သည့် အဖွဲ့အစည်းတစ်ခုပေပင်။

“ ရထားလုံး သွားပြင်ပါ၊ လျှံကျနေသော ရေခွက်ကလေးဆီ သွားကြမယ်။ ”

“ ဟုတ်ကဲ့ ... ။ ”

***

လျှံကျနေသော ရေခွက်ကလေးသည် အထပ်ကိုးထပ်ပါရှိသော မျှော်စင်တစ်ခုဖြစ်၏။ ရှေးဟောင်းပုံစံ ဆောက်လုပ်ထားသည်။

စုရီနှင့် ဖန်းယွမ် ရောက်ရှိလာသောအခါ ပထမထပ်တွင် စောင့်ဆိုင်းနေသော အမျိုးသမီး တစ်ဦးကို တွေ့လိုက်ရ၏။

ထိုအမျိုးသမီးသည် အပြာနုရောင်ကို ဝတ်ဆင်ထားပြီး အသက်နှစ်ဆယ်ခန့် ရှိသည်။ တင်းကြပ်သော၀တ်စုံသည် သူမခန္ဓာကိုယ်ကို လှပစွာ ပုံဖော်ပေးထား၏။

“ မင်းလား ... ။ ”

အမျိုးသမီးကိုမြင်ချိန်၌ စုရီတစ်ယောက် အံ့သြသွားသည်။ အင်ပါယာမြို့ ရွှေကျောက်တုံး ခန်းမတွင် ဤအမျိုးသမီးကို မြင်ခဲ့ဖူး၏။ ဟွာယန်ဖြစ်သည်။

အမျိုးသမီးက မျက်ဝန်းများ မှေးစင်းလျက် မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး၊

“ ဆရာစု၊ ငါ့ကို မှတ်မိလား။ ”

-ဟု ပြန်လည် မေးမြန်းလာ၏။

စုရီက အနည်းငယ်မျှ အံ့အားသင့်သွားကာ အမျိုးသမီးထံ ပြန်ကြည့်လျက်၊

“ ငါနားလည်ပြီ၊ မင်းနာမည်က မြောင်ယွီပဲ။ ”

-ဟု ပြန်လည် ပြောကြားလိုက်သည်။

“ ခစ်ခစ်ခစ် ... အစ်မပြောတာ မှန်တယ် ဆရာစုရဲ့အမြင်ကို ဘယ်အရာကမှ ဖုံးကွယ်လို့ မရပါဘူး ... ဆရာစု၊ ငါနဲ့ အစ်မကြားမှာ ကွာခြားချက် ရှိနေတယ်လို့ ထင်လား။ ”

စုရီမှ ပြုံးသည်။

“ ယောက်ျားတွေရဲ့ အမြင်မှာ အမြွှာညီအစ်မတွေက အတူတူပဲ ဆိုတော့ ... သူတို့ရဲ့ ကွဲပြားမှုတွေအကြောင်း ဘာလို့ ပြောနေရမှာလဲ။ ”

ထိုအဖြေကြောင့် အမျိုးသမီးက ခဏမျှ အံ့အားသင့်သွားပြီး ရုတ်တရက် လှည့်စားနေမိ သကဲ့သို့ ခံစားလာရကာ၊

“ ကျေးဇူးပြုပြီး ဒီလမ်း ... ဆရာစု။ ”

-ဟု ဖိတ်ခေါ်လိုက်တော့သည်။

စုရီနှင့် ဖန်းယွမ်က သူမနောက်မှ လိုက်ပါသွားတော့၏။

များမကြာခင်မှာပင် ရထားလုံး တစ်စင်း လျှံကျနေသော ရေခွက်လေးရှေ့တွင် ရပ်လာပြီး သားအမိနှစ်ယောက် ဆင်းလာသည်။

“ မေမေ၊ ငါတို့ လျှံကျနေသော ရေခွက်ကလေးကို ရောက်ပြီ။ ”

ချောမောလှပသော လူငယ်က ရထားလုံးပေါ်မှ ဦးစွာဆင်းသက်ပြီး လက်ကို အညောင်းဖြေရန် ဆန့်တန်းကာ မျှော်စင်ထံ မော့ကြည့်သည်။

“ မင်းဦးလေး ရောက်ပြီလား။ ”

အမျိုးသမီးက ၎င်းနောက်မှ လိုက်ပါ ဆင်းသက်ပြီး မေးသည်။ ချောမောလှပသော လူငယ်က ခေါင်းညိတ်လျက်၊

“ အစေခံရဲ့ စကားအရ ... ငါတို့ဦးလေးက ကိုးထပ်မှာ စောင့်နေပါတယ်။ ”

-ဟု ပြန်လည်ဖြေကြားလိုက်၏။

“ ကောင်းတယ် ... မင်းအဖေနဲ့ လက်ထပ်ပြီးကတည်းက မင်းဦးလေးကို မတွေ့ရတာ နှစ်အတော်ကြာနေပြီ ... ။ ”

ဤသို့ပြောပြီးနောက် သူမဘေးနားရှိ လူငယ်ထံ ပြန်ကြည့်ကာ၊

“ ပိုင်နင်၊ မင်းဦးလေးနဲ့ တွေ့တဲ့အခါ ... မင်းကို စိတ်မပျက်စေအောင်နေပါ။ ”

-ဟု မှာကြားတော့၏။

“ စိတ်မပူပါနဲ့ အမေ ... ။ ”

စကားဆုံးသည်နှင့် ချက်ခြင်းပင် နှစ်ယောက်သား လျှံကျနေသောရေခွက်လေး ထံသို့ လျှောက်လှမ်းသွားကြတော့သည်။

***

All Chapters