← Chapters

မင်းတို့တွေ အသက်ရှင်နေသေးတာ ဝမ်းသာစရာပါပဲ။

Vol. 22 Ch. 261

မင်းတို့တွေ အသက်ရှင်နေသေးတာ ဝမ်းသာစရာပါပဲ။

Vol. 22 Ch. 261

လျှံကျနေသောရေခွက်လေး မျှော်စင်၊ နဝမအထပ် ဖီးနစ်နန်းတော်ရှေ့သို့ ရောက်ချိန်၌၊

“ ဆရာစု ... အထဲမှာ စောင့်နေတယ်၊ ​​အခု ငါထွက်သွားတော့မယ်။ ”

‌မြောင်ယွီမှ ချိုသာစွာ နှုတ်ဆက်ပြီး လှည့်ထွက်သွားသည်။ စုရီမှ ခေါင်းညိတ်လျက် ဖန်းယွမ်ကို၊

“ မင်းဒီမှာ စောင့်နေ ... ။ ”

-ဟု မှာကြားကာ တံခါးတွန်းဖွင့်ပြီး ဖီးနစ်နန်းတော်ထဲသို့ လှမ်း၀င်လိုက်တော့၏။

ခမ်းနားထည်ဝါသော ဖီးနစ် နန်းတော်အတွင်းတွင် ကျောက်စိမ်းဝတ်ရုံဖြင့် ချောမောလှပသော လူငယ်တစ်ယောက် ထိုင်နေသည်။

ဤသည်မှာ ကျိုးကျစ်လီဖြစ်သည်။ ၎င်းမှစုရီကိုမြင်ပြီးနောက် မတ်တပ်ထရပ်ကာ နှုတ်ဆက်၏။

“ အစ်ကိုစု၊ လူကိုယ်တိုင်လာခိုင်းတာ စိတ်မရှိပါနဲ့ ငါ့ရဲ့အခြေအနေအရ လေထင်းရူး စံအိမ်ကို ကိုယ်တိုင်လာလို့ မရလို့ပါ ... ငါ့ကို ခွင့်လွှတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ”

“ ပြောပါ ... မင်းစာထဲမှာပါတဲ့ အရေးတကြီးကိစ္စက ဘာလဲ။ ”

အစောပိုင်းတွင် လက်ခံရရှိသောစာသည် ကျိုးကျစ်လီထံမှ ဖြစ်လေသည်။ စုရီမှ စားပွဲသို့ လျှောက်လှမ်းသွားပြီး ဝိုင်အိုးကို ဖွင့်လိုက်၏။

“ အစ်ကိုစု၊ မင်းကိုကျောက်စိမ်းမြို့တော် မလာဖို့ ငါအရင်က အကြံပေးခဲ့တယ် ဒါပေမယ့် မင်းလာနေတုန်းပဲ။ ”

ကျိုးကျစ်လီမှ သက်ပြင်းချူကာ ညည်းတွားလိုက်၏။

“ မင်းစိုးရိမ်စရာ တစ်ခုခုရှိလား ... ။ ”

ကျိုးကျစ်လီမှ လျင်မြန်စွာ ခေါင်းယမ်းပြီး၊

“ အဲဒီလို မဟုတ်ဘူး။ ”

ထို့နောက် ခဏမျှ စဉ်းစားကာ၊

“ အစ်ကိုစု၊ ငါမေးပါရစေ ... မင်းအဖေ စုဟုန်လီအတွက် ဘာလုပ်ဖို့ စဉ်းစားထားလဲ ... အဖေကို ပြန်သတ်မယ်လို့တော့ မပြောနဲ့။ ”

-ဟု မေးမြန်းလာ၏။

စုရီက ဝိုင်တစ်ခွက် ငှဲ့သောက်ပြီး ပေါ့ပေါ့ပါးပါးဖြင့်၊

“ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ”

-ဟု ပြန်လည်ပြောကြားသည်။

ကျိုးကျစ်လီတစ်ယောက် ကူကယ်ရာမဲ့စွာ ပြုံးလျက်၊

“ အဲ့ဒါကို မင်းမလုပ်ရဘူး ... ဒါပေမယ့် အစ်ကိုစု ... မင်းမှာ ဒီလိုအခွင့်အရေးမျိုး လုံးဝ မရှိနိုင်ပါဘူး။ ”

-ဟု မှတ်ချက်ပေးလိုက်သည်။

စုရီမှ မျက်ခုံးပင့်ကာ၊

“ မင်း ... ဘာကို ဆိုလိုတာလဲ။ ”

“ အခုတော့ ဒီအထိ ဖြစ်လာပြီဆိုမှတော့ ငါမင်းကိုဖုံးကွယ်မှာ မဟုတ်ဘူး ... ငါ့အဖေရော ဧကရာဇ်ဥသျှောင်ရော ဒီလိုအဖြစ်မျိုးကို လက်မခံတာ သဘာဝပါပဲ ...

... ဆိုလိုတာက အစ်ကိုစု၊ မင်းမှာ မင်းရဲအဖေစုဟုန်လီကို အနိုင်ယူဖို့ အခွင့်အရေး ရှိရင်တောင် ... မင်းတစ်ယောက်ယောက်ကို သတ်ချင်ရင် ငါ့အဖေ၊ ဧကရာဇ်ဥသျှောင်က မင်းကိုတားဆီးမှာပဲ။ ”

ကျိုးကျစ်လီမှ သက်ပြင်းချကာ ပြန်ဖြေ၏။

“ သူတို့ တားနိုင်မယ် မင်းထင်လား။ ”

ကျိုးကျစ်လီမှ ခေါင်းယမ်းလိုက်ပြီး၊

“ အစ်ကိုစု၊ ငါတို့ရဲ့ မဟာကျိုးအတွက် နယ်နိမိတ်ကို ကာကွယ်နိုင်ရတဲ့ အကြောင်းရင်း နောက်ကွယ်မှာ ရှိတယ် ...

... မဟုတ်ရင် လျှို့ဝှက်နဂါးဓားဂိုဏ်းလို အင်အားစုတွေကို ငါတို့က ဘယ်လိုများ နှိမ်နင်း နိုင်မှာလဲ။ ”

“ ရှင်းပြပါ ... ။ ”

ဤတစ်ကြိမ်၌ စုရီက စိတ်ဝင်စားသွား၏။ ကျိုးကျစ်လီတစ်ယောက် ခဏမျှတုံ့ဆိုင်းသွားပြီး

“ ငါတို့ တော်ဝင်မိသားစုမှာ ရှေးယခင် တည်းက အမည်မဲ့နဂါး-လို့ခေါ်တဲ့ အင်အားစု တစ်ခု ရှိတယ် ... နဂါးတစ်ကောင်ချင်းစီက သေမျိုးနယ်ပယ်ကို ကျော်လွန်ပြီး သန်မာကြတယ် ...

... လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အဖေ့ကို သူတို့အားလုံးက အသိအမှတ်ပြုလာတဲ့အတွက် နန်းတက်နိုင်ခဲ့တာ ... သူတို့က လောကီရေးရာ တွေကို ဂရုမစိုက်ဘူး ...

... သူတို့ထဲက ဘယ်သူမဆို လျှို့ဝှက်နဂါးဓားဂိုဏ်းကို ကောင်းကောင်း ခြိမ်းခြောက်နိုင်တယ် ...

... ဒီနှစ်တွေထဲမှာ ငါ့အဖေရသမျှ အရင်းအမြစ်တွေနဲ့ ... ရတနာတွေအားလုံးဟာ အဲဒီအမည်မဲ့နဂါးတွေဆီမှာ အဆုံးသတ် သွားကြတယ်။ ”

ထိုနောက် ကျိုးကျစ်လီမှ လက်ဖက်ရည် တစ်ခွက်ငှဲ့ချကာ ကိုင်လျက် ပြန်ငုံ့ကြည့်ပြီး သက်ပြင်းချ၏။

“ အစ်ကိုစု၊ ဘာကြောင့် ဒီလိုလုပ်ဖို့ ငါတားမြစ်ခဲ့တာလဲဆိုတာ မင်းနားလည်သွားပြီ မဟုတ်လား၊ ငါ့အဖေက အဲဒီနဂါးတွေကို လှုပ်ရှားပေးဖို့ တောင်းဆိုလိုက်ရင် ... ။ ”

“ မင်းပြောတဲ့ အဲဒီနဂါးတွေက ဘယ်နှစ်ယောက်ရှိလဲ။ ”

စုရီမှ စကားဖြတ်မေးသည်။

“ ဆယ်ယောက်ထက် မနည်းရှိသင့်တယ်။ ”

“ ဒါဆို ဒီနဂါးတွေ သေသွားရင် ... မင်းရဲ့တော်ဝင်မိသားစုအတွက် အကျိုးဆက် ဘာဖြစ်နိုင်မလဲ။ ”

ထိုမေးခွန်းကို မမျှော်လင့်ထားသဖြင့် ကျိုးကျစ်လီခမျာ အံ့ဩမှင်သပ်သွားတော့သည်။ သူ့၌ အဖြေမရှိသေးချေ။

“ မင်းရဲ့စိုးရိမ်မှုကို ငါနားလည်ပါတယ် ... ထက်ပြီး ပြောနေစရာ မလိုပါဘူး မင်းအဖေက ဒီလိုအကျိုးဆက်တွေကို ခံယူဝံ့တယ်ဆိုရင် လွှတ်လိုက်ပါစေ။ ”

ထိုသို့ပြောပြီးနောက် မတ်တပ်ထရပ်ကာ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ ကျိုးကျစ်လီမှ အမြန်ထရပ်လိုက်ကာ၊

“ အစ်ကိုစု ... မင်းအဖေကို တကယ် သတ်မှာလား။ ”

“ သူ့ကိုသတ်ရတာ ပျင်းစရာကောင်းတယ်။ ”

စကားဆုံးသည်နှင့် ဖီးနစ်နန်းတော်မှ လှမ်းထွက်သွားတော့၏။ သေခြင်းတရားသည် စုဟုန်လီအတွက် လွယ်လွန်းသည်။

ထိုစဉ်က စုဟုန်လီကြောင့် သူ့အမေ ရီယုဖေးကို ရေခဲနန်းတော်တွင် အကျဉ်းချခဲ့ပြီး အဆုံး၌ အသက်ပေးခဲ့ရ၏။

လောကတွင် သေခြင်းထက် ပို၍ဆိုးရွားသောဘဝသည် အရက်စက်ဆုံးသော အပြစ်ဒဏ်ဖြစ်လေသည်။

***

“ ဒုတိယအစ်ကို ... ရှင်းလင်သေဆုံးတာ ငါ့အမှားပါ ... မင်းဆီကို ငါအကူအညီတောင်းဖို့ မကြိုးစားသင့်ဘူး ... အဲဒီခွေးကောင် စုရီက တကယ်သတ်ပစ်တယ်။ ”

ယွီချင်းဇီတစ်ယောက် မျက်ရည်ကျကာ အလွန်ဝမ်းနည်းသွားသည်။ မျက်နှာချင်းဆိုင် ထိုင်ခုံတွင် အရပ်မြင့်မြင့်၊ ပိန်ပိန်ပါးပါးနှင့် အမျိုးသားတစ်ဦး ထိုင်နေ၏။

သူ့မျက်လုံးများသည် ဓားသွားကဲ့သို့ အေးစက်ပြီး ထက်မြက်သည်။ ဒဏ္ဍာရီဆန်ဆန် ဓားသမားတစ်ဦးဖြစ်၏။

“ ဒီကိစ္စအတွက် မင်းအပေါ် ဘယ်လိုများ အပြစ်တင်ရမှာလဲ ... အဲဒါက စုရီလို မဟာသခင် တစ်ယောက်က ...

... လီချန်နင်လို မြေကြီးအဆင့် ကျွမ်းကျင်သူကို သတ်ပစ်နိုင်မယ်ဆိုတာမျိုး ငါတောင်မစဉ်းစားမိပါဘူး ...

... ဒါပေမယ့် ငါရောက်လာမှတော့ ဒီကောင်လေးရဲ့ဦးခေါင်းကို ဖြတ်ပြီး ရှင်းလင်ရဲ့ ဝိညာဉ်ကို နှစ်သိမ့်ပေးလိုက်မယ်။ ”

သူ့စကားများသည် ဓားသွားကဲ့သို့ ထက်မြက်ကာ လူသတ်လိုသော ရည်ရွယ်ချက် ပါဝင်နေ၏။ ထိုအချိန်တွင် တချိန်လုံး နှုတ်ဆိတ်နေသော စုပိုင်နင်က၊

“ ဦးလေး ... ငါ့အဖေက စုရီကို မေလ(၅)ရက်နေ့မှာ ကိုယ်တိုင်သင်ခန်းစာ ပေးမယ်လို့ ပြောနေတယ်။ ”

-ဟု ဝင်ပြောလာသည်။

ယွီတျန်းဟုန်မှ လှောင်ပြုံးဖြင့်၊

“ စုဟုန်လီဟာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က လောကကိုပစ်ပယ်ပြီး သွေးမရှိတဲ့ လိပ်တစ်ကောင်လို နေခဲ့တယ် မှန်ပါတယ် ... စုရီက သူ့သားပါ၊ သူကိုယ်တိုင် သတ်ဖို့ဝန်လေးနေတာ သဘာဝပါပဲ။ ”

-ဟု ပြန်လည်တုန့်ပြန်တော့၏။

“ ဒုတိယအစ်ကို ... မင်းနားလည်မှု လွဲနေပါပြီ ... ငါ့ခင်ပွန်းစုဟုန်လီက သူ့စကားကို အမြဲလိုက်နာပြီး ဘယ်တော့မှ ဖောက်ဖျက်မှာ မဟုတ်ဘူး ...

... ပြီးတော့ စုရီက သူ့သား ... ဆိုပေမယ့်လည်း သူအမုန်းဆုံးပါ သူသတ်မယ် ဆိုရင် သေချာပေါက် သတ်လိမ့်မယ်။ ”

“ ဟား ဟား ဟား ... ။ ”

ယွီတျန်းဟုန်မှ သူညီမကို မကြည့်ဘဲ ရယ်သည်။

“ ကျားတစ်ကောင်တောင်မှ ... သူ့သားငယ်ကို ပြန်မစားဘူး သူက လူသားပဲ စုရီကိုသတ်ဖို့ သတ္တိမရှိပါဘူး။ ”

“ ဒါက သတ္တိနဲ့ ဘာမှမဆိုင်ပါဘူး ဒုတိယအစ်ကို ... အဲဒီတိရိစ္ဆာန်လေးရဲ့အမေ ... ရီယုဖေးနဲ့ပဲ သက်ဆိုင်ပါတယ်။ ”

ယွီတျန်းဟုန်မှ မျက်မှောင်ကြုတ်လျက်၊

“ မင်းဘာကိုဆိုလိုတာလဲ။ ”

-ဟု ပြန်မေးလိုက်သည်။

“ ဘာလဲ‌တော့ ငါမသိဘူး ... ဒါပေမယ့် ရီယုဖေးရဲ့နောက်ခံက တစ်ခုခုတော့ လွဲနေတာ ကိုတော့ ငါခန့်မှန်းလို့ရတယ်။ ”

ထို့နောက် သုံးယောက်သား အနည်းငယ် တိတ်ဆိတ်သွားသည်။ အဆုံးတွင် ရီပိုင်နင်မှ၊

“ ဦးလေး၊ ဘယ်အချိန် စမလဲ။ ”

-ဟု မေးမြန်းလိုက်၏။

ယွီတျန်းဟုန်က သူ့လက်ထဲရှိ ဝိုင်ခွက်ကို လှုပ်ခါကစားကာ၊

“ ဒီမြို့က မဟာကျိုးရဲ့တော်ဝင်မြို့တော်ပဲ ငါလှုပ်ရှားရင် ဧကရာဇ်ကျိုး ပျော်မယ်မထင်ဘူး ဒီကောင်လေးကို မြို့ပြင်တောင်ကုန်းပေါ်မှာ သုံးရက်အတွင်း စိန်ခေါ်ဖို့ ... စီစဉ်ထားတယ် အခုတော့ သွားကြရအောင်။ ”

ထို့နောက် သုံးယောက်သား ထရပ်ကာ နန်းတော်ထဲမှ လှမ်းထွက်လိုက်သည်။ ယွီချင်းဇီ တစ်ယောက် အပြုံးဖြင့် လိုက်ပါလာခဲ့၏။

ယွီရှင်းလင် သေဆုံးမှုသည် သူမကို အလွန်ဒေါသထွက်စေခဲ့သည်။ သူမကိုယ်သူမ အချိန်အတော်ကြာ အပြစ်တင်ခဲ့ပြီး သားဆိုးကို မြန်မြန်သေစေရန် ဆန္ဒရှိသည်။

ယခုတွင် ဒုတိယအစ်ကိုကိုယ်တိုင် ရောက်ရှိလာသဖြင့် သဘာဝအတိုင်း ဆန္ဒပြည့်ဝ ပေတော့မည်။

“ ဟမ့် ... စုရီလား။ ”

ထိုစဉ် ကျောက်စိမ်းရောင် အင်္ကျီနှင့် လူငယ်တစ်ယောက် ကျောပေးလျက် တံခါးကို ဖွင့်ထွက်သွားသည်ကို မြင်လိုက်ရ၏။

“ ဒီကောင် ... ဒီကိုဘာလာလုပ်တာလဲ။ ”

တစ်ချိန်တည်းမှာပင် ယွီချင်းဇီ၏ လှပသောမျက်နှာသည်လည်း ပြောင်းလဲသွား တော့၏။ ဒေါသများဖြင့် ပြည့်နှက်နေပြီး အံကြိတ်လျက်၊

“ တိရစ္ဆာန်လေး ... ။ ”

-ဟု ကျိန်ဆဲလိုက်တော့သည်။

“ မတွေ့ရတာ နှစ်အတော်ကြာပြီ ... မင်းတို့နှစ်ယောက် အသက်ရှင်နေသေးတာကို တွေ့ရလို့ ဝမ်းသာပါတယ်။ ”

စုရီက သူတို့၏ ကျိန်ဆဲသံကို ကြားသည့်အလား ရုတ်တရက် လှည့်ကြည့်ပြီး ပြုံးကာ နှုတ်ဆက်လာလေသည်။ သို့သော် သူ့အပြုံးတွင် ခံစားချက် မရှိချေ။

သူ့အတွက် စုဟုန်လီပြီးနောက် ဤအမေနှင့်ဤသားကို သူအမုန်းဆုံးပေပင်။ သူ လေးနှစ်သား အရွယ်တည်းက ကြုံတွေ့ရသည့် အရှက်ရမှုများအားလုံးသည် သည်လူ နှစ်ယောက်ကြောင့် ဖြစ်၏။

စုရီအပြုံးကြောင့် သားအမိနှစ်ယောက်မှာ ထိတ်လန့်သွားသည်။ တစ်ဖက်လူသည် သူတို့၏ အနိုင်ကျင့်ခြင်းကို ခံရသော ထိုစဉ်ကဲ့သို့သော တစ်စုံတစ်ယောက် မဟုတ်တော့ချေ။

မြေကြီးအဆင့် ကျွမ်းကျင်သူကိုပင် သတ်နိုင်သော ကျွမ်းကျင်သူ ဖြစ်နေချေပြီ။ ကျောရိုးတစ်လျှောက် အအေးဓါတ်များ စိမ့်တက်လာတော့သည်။

***

All Chapters