← Chapters

ကျိုးကျိတောင်သို့ ... ။

Vol. 22 Ch. 263

ကျိုးကျိတောင်သို့ ... ။

Vol. 22 Ch. 263

တပါးသူ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသူ ရောင်ဝါသည် သာမန်လူများအတွက် ခွဲခြားရန် ခက်ခဲသည်။

အဘယ့်ကြောင့် ဆိုသော် အချို့သော တန်ခိုးကြီးသူများသည် ခန္ဓာကိုယ်သိမ်းပိုက်ကာ ကောင်းစွာ ယှဉ်တွဲ​နေနိုင်သောကြောင့် ဖြစ်သည်။

စုရီအတွက်မူ အခြားသူခန္ဓာကိုယ်ကို သိမ်းပိုက်ထားသူအပေါ် ခွဲခြားသိမြင်ရန် လွယ်ကူ၏။

အရိုင်းမြေကိုးပါးတွင် ဂိုဏ်းကြီး အားလုံးနီးပါး အခြားသူများ၏ ခန္ဓာကိုယ်များကို သိမ်းပိုက်ထားသူများအပေါ် ဖော်ထုတ်ရန် လျှို့ဝှက်နည်းလမ်းနှင့် ရတနာများရှိသည်။

“ ဧကရာဇ် ဥသျှောင်တစ်ယောက် ဒီနှစ်တွေတစ်လျှောက်လုံးမှာ ဧကရာဇ်ကျိုး အနား လှည့်ပတ်သွားလာနေတာ မသိဘူးလား ဒါမှမဟုတ် သိရဲ့နဲ့လား။ ”

စုရီက ညည်းတွားလိုက်၏။ ရန်ငြိုးရန်စ မရှိသော်လည်း တစ်ဖက်လူသည် ရန်သူအဖြစ် သူ့အပေါ် မှတ်ယူဝံ့ပါက ၎င်းဝိညာဉ်အပေါ် ဖမ်းယူလေ့လာရန် တွန့်ဆုတ်နေမည် မဟုတ်ချေ။

ထိုနေ့တွင် လျှံကျနေသောရေခွက်လေး မျှော်စင်ရှေ့ ဖြစ်ပွားခဲ့သော ဆူပူအုံကြွမှုသည် ချက်ချင်း ပျံ့နှံ့သွား၏။

ဧကရာဇ်နန်းတော်တွင် ဧကရာဇ် မင်းမြတ်သည် ဟုန်ရှန့်ရှန်၏ အစီရင်ခံစာကို နားထောင်ပြီးနောက်၊

“ ဧကရာဇ်ဥသျှောင် ... ယွီတျန်းဟုန် ဘယ်လောက်အထိ သန်မာလဲ မင်းသိလား။ ”

-ဟု ပြန်လည် မေးမြန်းလိုက်သည်။

“ သူက မူလတာအိုနယ်ပယ် အတွင်းပိုင်းသန့်စင်ခြင်းကို ပြီးပြည့်စုံနေပါပြီ အလယ်အလတ်မိုးကြိုးဓား ရည်ရွယ်ချက် ကိုလည်း ကျွမ်းကျင်ပိုင်နိုင်ထားတယ် ...

... နယ်ပယ်တူအတွင်း ပြိုင်ဘက်ကင်းပါတယ် ... သူ့ရဲ့ဓားကလည်း ငွေနှင်းလို့ ခေါ်ပြီး ... ဖရိုဖရဲ ဝိညာဉ်ပင်လယ် အတွင်းကနေ ရရှိထားတဲ့ 'ရှေးဟောင်း ရတနာပဲ မရိုးရှင်းဘူး။ ”

ဧကရာဇ်ကျိုး၏ မျက်ဝန်းများ မှေးစင်းသွားကာ၊

“ လွန်ခဲ့တဲ့ ကိုးနှစ်လောက်က ... ယွီတျန်းဟုန်ဟာ ဖရိုဖရဲဝိညာဉ်ပင်လယ်ကနေ ကံကြမ္မာတစ်ခုရရှိထားတယ်ဆိုတာ လူတိုင်း သိကြတာပဲ ...

... ဒါ ဘာလဲဆိုတာ ... ကျိုးကျိတောင် တိုက်ပွဲမှာ သဲလွန်စတွေ ... ရှာတွေ့နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ”

“ ဧကရာဇ်ကျိုး သွားကြည့်ချင်လား။ ”

“ ဒီလိုလုပ်ချင်ပေမယ့် ... ငါအဆင့်အတန်းနဲ့ အဆင်မပြေဘူး။ ”

“ ကောင်းပြီ ... ဒီအဘိုးကြီး ကိုယ်တိုင် သွားလိုက်မယ်။ ”

ဧကရာဇ်ကျိုးမှ ခေါင်းညိတ်ကာ၊

“ ကောင်းတယ် ... မင်းအဲဒီမှာရှိနေလို့ စိတ်သက်သာရာရမိပါတယ် ငါ့အဆင့်အတန်း ကြောင့်သာ မဟုတ်ရင် စုရီရဲ့ အရည်အချင်းကို ငါကိုယ်တိုင် ကြည့်မိမယ်။ ”

-ဟု သက်ပြင်းချလိုက်တော့သည်။

“ အရှင်မင်းကြီး၊ ဆဋ္ဌမမင်းသားကို သတိပေးသင့်တယ်လို့ ထင်လား။ ”

ထိုမေးခွန်းကြောင့် ဧကရာဇ်ကျိုးခမျာ အနည်းငယ် တိတ်ဆိတ်ပြီး များမကြာခင်၊

“ သူ့ကို စိတ်ထဲမထားနဲ့ ... ။ ”

-ဟု ပြောကြားလိုက်၏။

***

စုမိသားစုစံအိမ်။ အစိမ်းရောင် စက္ကူထီးကလေး ခြံဝင်းတွင် စုဟုန်လီသည် ဖြစ်ပျက်ခဲ့သည်များကို ကြားပြီးသည့်တိုင် တုန်လှုပ်ခြင်းမရှိဘဲ ယခင်အတိုင်း တည်ငြိမ်နေခဲ့သည်။

“ ယွီတျန်းဟုန်ဟာ ကံကောင်းခြင်းတွေနဲ့ ရဲစွမ်းသတ္တိရှိတဲ့လူလို့ ငါထင်ခဲ့တယ် ဒါပေမယ့် အခုတော့ ငါ ပိုတွက်မိသွားပုံရတယ်။ ”

စုဟုန်လီ မျက်ဝန်းများသည် အထင်အမြင်သေးစွာဖြင့် တောက်ပလာ၏။ ကျင့်ကြံသူတစ်ဦးအနေဖြင့် ဝိညာဉ်နှင့်ချီသည် ပေါင်းစပ်ပြီးနောက် မည်သည့်အရာမဆို ဖြေရှင်းနိုင်သင့်ထားသည်။

သို့သော် ၎င်းသည် သားဆိုး၏ ဝှက်ဖဲတစ်ချပ်ကိုပင် မဖော်ထုတ်နိုင်ခဲ့ချေ။ အမှန်တကယ် သူရဲဘောကြောင်လှ၏။

ဘေးနားရှိ တာအိုဝတ်ရုံဝတ် အဖိုးအိုက သက်ပြင်းချလိုက်ပြီး၊

“ သားဆိုးက နတ်အာရုံကို ... ကျွမ်းကျင် နေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ မကြုံစဖူးပါပဲ မှတ်တမ်းတွေမှာတောင် မဟာသခင်တစ်ပါးက ဒီလိုလုပ်နိုင်တယ်လို့ မပါရှိထားပါဘူး။ ”

“ မှန်တယ် ... သေမျိုးအဆင့် ကိုယ်ခံပညာရှင် တစ်ယောက်က ဘယ်လိုများ အစွမ်းထက်တဲ့ စိတ်ဝိညာဉ်ကို မွေးမြူနိုင်မှာလဲ၊ ဒါက မယုံနိုင်စရာပါပဲ ... ။ ”

ထို့‌နောက် တာအိုဝတ်ရုံဝတ်အဖိုးအိုက အနည်းငယ်စဉ်းစားပြီး၊

“ ကျိုးကျိတောင်မှာ သုံးရက်နေရင် ဖြစ်ပွားမဲ့တိုက်ပွဲကို ငါသွားကြည့်ပြီး ဒီကလေးရဲ့ လျှို့ဝှက်ချက်တွေကို ရှာကြည့်ရအောင်။ ”

-ဟု ပြောကြားလိုက်သည်။

စုဟုန်လီမှ တည်ငြိမ်စွာဖြင့်၊

“ တာအိုအစ်ကို၊ မင်း မပါဝင်မိပါစေနဲ့။ ”

-ဟု ပြန်၍သတိပေးလိုက်၏။

တာအိုဝတ်ရုံဝတ် အဖိုးအိုတစ်ယောက် မျက်ဝန်းများ အနည်းငယ် မှေးစင်းသွားခဲ့ပြီး ခေါင်းညိတ်လိုက်လေသည်။

“ ဒါနဲ့ ... ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မင်းတကယ်ပဲ ဒီလိုမျိုး လျစ်လျူရှု နေတော့မှာလား။ ”

တာအိုဝတ်လုံနှင့် အဖိုးအိုမှ မေး၏။ ယွီချင်းဇီနှင့်သူ့သားသည် စုဟန်လီ၏ တရားဝင် မိသားစုဝင်ဖြစ်သည်။

ဤသို့ အရှက်ခွဲခံရခြင်းဖြင့် ဟာသတစ်ပုဒ် ဖြစ်သွားကြပေလိမ့်မည်။

“ ခဏလောက် ထားလိုက်ပါ။ ”

စုဟုန်လီမှ ငြိမ်သက်လွန်းသော အမူအရာမျိုးဖြင့် ပြန်ဖြေလိုက်၏။ နှလုံးသား၏ အေးစက်မှုကို မြင်သူမျှ မမြင်နိုင်ချေ။

တစ်စုံတစ်ယောက်သည် ဇနီးနှင့်သားကို လူပုံအလယ် အရှက်ခွဲသည့်အပေါ် လျစ်လျူမရှု နိုင်သည်မှာ သဘာဝပေပင်။

***

သုံးရက်သည် တဖျပ်ဖျပ် ကုန်လွန်သွား၏။ ကျောက်စိမ်းမြို့တော်နှင့် မိုင်သုံးဆယ် အကွာရှိ ကျိုးကျိတောင်ထိပ်တွင် မက်စောက်သော ချောက်ကမ်းပါးတစ်ခုရှိသည်။

၎င်းတွင်ရပ်လျက် ကြည့်သော် ကျယ်ပြောလှသော တိမ်ပင်လယ်ကြီးကို မြင်နိုင်ချေပြီ။ ကဗျာဆရာများအတွက် အနှစ်သက်ဆုံး မြင်ကွင်းမျိုးဖြစ်၏။

သို့သော် ယနေ့တွင် လူအများဖြင့် ပြည့်နှက်နေ၏။ နှစ်ပေါင်းများစွာ အထီးကျန်စွာ နေထိုင်လာသည့် စီနီယာများပင် ပါရှိနေသည်။

မဟာသခင်အဆင့်အောက် မည်သူမဆို ဤပွဲကိုကြည့်ရှုရန် အရည်အချင်းမပြည့်မီဘဲ တောင်ခြေရင်းတွင်သာ ကြည်ရှုရ၏။

“ ကြည့်စမ်း ... အဲဒါ စီနီယာ ရှစ်ဖုန်းလျူဦးဆောင်တဲ့ လျှို့ဝှက်နဂါးဓားဂိုဏ်း အဖွဲ့ဝင်တွေ မဟုတ်လား။ ”

ရှစ်ဖုန်းလျူ ပေါ်လာသောအခါတွင် မရေမတွက်နိုင်သည့် မျက်လုံးများနှင့်ကြည့်ခြင်း ခံလိုက်ရသည်။

သို့သော် နောက်ထပ် စိတ်ဝင်စားဖွယ် ပုံရိပ်များ ထပ်မံရောက်ရှိလာသဖြင့် ထိုမျှသာ ဖြစ်၏။

“ အိုး ... ဒါငှက်မွှေးဘုရင် မဟုတ်လား ... သူမလို ဒဏ္ဍာရီက ဒီအတွက်လာတာလား။ ”

မြင်ကွင်းသည် စိတ်လှုပ်ရှားစွာဖြင့် ဆူပွက်ကုန်ပြီး ကောင်းကင်မှ နတ်သမီးကဲ့သို့ လှပချောမောသော အမျိုးသမီးထံ ငေးကြည့် လိုက်ကြသည်။

ငှက်မွှေးဘုရင် ယွီရှစ်ချန်က ချောက်ကမ်းပါး အနားရှိ ထင်းရှူးပင်အောက်တွင် တိတ်ဆိတ်စွာ ရပ်နေတော့၏။

“ ဟားဟားဟား ... အစ်ကိုဟုန်လည်း ဒီမှာရှိနေဖို့ မမျှော်လင့်ထားဘူး ... ငါ့အတွက် အံ့သြစရာပါပဲ။ ”

ကျယ်လောင်သော ရယ်မောသံနှင့်မတူ လူတစ်စု ထွက်ပေါ်လာ၏။ ဦးဆောင်နေသူမှာ ဆံပင်ဖြူဖြူနှင့် အနီရောင်၀တ်စုံဝတ် အဘိုးအို တစ်ဦး ဖြစ်သည်။

လက်တစ်ဖက်တွင် တာအိုတံဆိပ်ကို ကိုင်ဆောင်ထားပြီး အခြားတစ်ဖက်၌ မြင်းမြီး ယပ်တစ်ချောင်း ကိုင်ဆောင်ထား၏။

ဤသည်မှာ မဟာဝေမင်းဆက် လစက်ဝန်းဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲ ယွင်ကျောက်ချုံး ဖြစ်သည်။

၎င်းနှုတ်ဆက်လိုက်သူသည် အခြားတစ်ဖက်မှ တောင်ပေါ်တက်လာသော ဧကရာဇ် ဥသျှောင် ဟုန်ရှန့်ရှန်ပေပင်။

ယွင်ကျောက်ချုံးသည် လွန်ခဲ့သော ဆယ်စုနှစ်များစွာက မူလတာအိုနယ်ပယ်သို့ ဖြတ်ကျော်ထားနိုင်သူတစ်ဦးဖြစ်၏။

လစက်ဝန်းဂိုဏ်း၏ ​အမွေဖြစ်သော တောင်နှိမ်နင်းခြင်း မြင်းမြီးယပ်ကို ဤခရီးစဉ် အတွက် ကိုင်ဆောင်ခွင့်ရထားသည်။

မဟာဝေ၏ သံတမန်အဖွဲ့ ခေါင်းဆောင်အဖြစ်လည်း တာဝန်ထားရ၏။ ဟုန်ရှန့်ရှန်မှ ယွင်ကျောက်ချုံးနှင့်အတူ ချောက်ကမ်းပါးအနား လျှောက်လှမ်းကာ ခေါင်းညိတ်လျက်၊

“ ဒီလိုကြီးကျယ်ခမ်းနားတဲ့ ပွဲမျိုးကို ငါအလွတ်မခံပါဘူး။ ”

-ဟု တုန့်ပြန်လိုက်တော့၏။

၎င်းတို့နှစ်ဦး စကားပြောနေစဉ် ယွီတျန်းဟုန်ရောက်ရှိလာသည်။ ရုတ်ချည်းပင် လူတိုင်း၏ အာရုံများ စိုက်ရောက်ကုန်၏။

ဤသည်မှာ ယနေ့ပွဲ၏ ဇာတ်ကောင် ဖြစ်သည်။ သူ့ဘေးတွင် သင်္ကန်းဝတ်ထားသော ဘုန်းကြီးတစ်ပါး လိုက်ပါလာ၏။ မဟာချင် မင်းဆက် ရှန့်လင်ဘုံကျောင်း နဂါးသူတော်စင် ခန်းမသခင်ကျင်းဟဲ ဖြစ်သည်။

၎င်းတို့နောက်တွင် မဟာချင်နှင့် မဟာဝေတို့၏ အထူးသံတမန် အဖွဲ့ဝင်ပေါင်း ရာဂဏန်းခန့် လိုက်ပါလာကြတော့၏။

ယွီတျန်းဟုန် ရောက်ရှိလာပြီးနောက် ကျောက်တုံးတစ်ခုပေါ်၌ တင်ပျဉ်ခွေထိုင်လျက် တရားမှတ်နေခဲ့သည်။

အချိန်များ တရွေ့ရွေ့ ကုန်လွန်သွား၏။ လူတိုင်း စိတ်မရှည်တော့သည့်အချိန်၌ အဝေးမှ ပုံရိပ်တစ်ရိပ် လှမ်းတက်လာသည်ကို မြင်လိုက်ရသည်။

ကျောက်စိမ်းရောင် ဝတ်ရုံစများ တဖျပ်ဖျပ်ခတ်ကာ လက်နှစ်ဖက်နောက်ပို့လျက် တည်ငြိမ်စွာ လျှောက်လှမ်းလာ၏။

“ စုရီ လာပြီ ... ။ ”

နဂိုက တင်းကျပ်ပြီး သိမ်မွေ့သော လေထုသည် ရုတ်တရက် ပေါက်ကွဲသွားသည်။ ရှစ်ဖုန်းလျူမှ မျက်ဝန်းများမှေးစင်းသွား၏။

လွန်ခဲ့သည့်ရက်အနည်းငယ်က ချင်းလန်မြစ်တိုက်ပွဲတွင် ဤလူငယ်လက်၌ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရသည်။

ဟုန်ချန့်ချန်၊ ကျင်းဟဲနှင့် ယွင်ကျန့်ချုံး ကဲ့သို့သော သန်မာသူများပင် ဖြည်းညှင်းစွာ ချဉ်းကပ်လာသော စုရီထံ စူးစိုက်ကြည့်၏။

တစ်ဖက်တွင် စုရီမှ ထိုအကြည့်များကို လျစ်လျူရှုလျက် လမ်းတလျှောက် အသိများထံ တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက် နေတော့သည်။

၎င်းတို့မှာ မုရှီ၊ ပုရီ၊ ကျန့်တျန်းယွင်၊ လုချန်ဖုန်နှင့် ထင်ရှူးပင်အောက်ရပ်နေသော ငှက်မွှေးဘုရင်တို့ဖြစ်၏။

နင်စစ်ဟွာသည် မြေကြီးအဆင့်သို့ ရောက်ရှိသွားနိုင်ပြီဖြစ်ရာ ကောင်းကင်မူလ အကယ်ဒမီကို စောင့်ကျန်ရစ်ခဲ့သည်။

“ တာအိုမိတ်ဆွေ ... ဒီယွီတျန်းဟုန်မှာ ရှေးခေတ်တာအိုဂိုဏ်းရဲ့ အမွေကိုဆက်ခံခဲ့ပြီး အလွန်ကြောက်စရာကောင်းတဲ့ အခြေခံ အုတ်မြစ် ရထားတယ် ...

... မူလစံအိမ်ကို ဝင်ရောက်နိုင်ဖို့ ခြေတစ်လှမ်းပဲလိုတယ် ... ဒါကြောင့်တိုက်ပွဲမှာ အချိန်မရွေး အဆင့်ဖြတ်ကျော်သွားနိုင်တယ် ...

... ဒါ့အပြင် သူ့လက်ထဲက ငွေနှင်းဓားကလည်း သမိုင်းကြောင်းကြီးတယ်၊ ဒါကြောင့် သတိထားပါ။ ”

ငှက်မွေးဘုရင် ယွီရှစ်ချန်မှ သတိပေးသည်။

“ မင်းရဲ့ အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ် ဒါပေမယ့် ယွီတျန်းဟုန်ကို မင်းလောက်တောင် ငါအလေးအနက် မထားဘူးဆိုရင် မင်းယုံမှာလား။ ”

စုရီက ကျေးဇူးတင်ကြောင်း ခေါင်းညိတ်ပြကာ ပြုံးလျက် ပြန်၍ပြောကြား လိုက်လေသည်။

“ ..... ။ ”

ထိုအချိန်တွင် တိမ်ပင်လယ်ကြီး အက်ကွဲလျက် ရွှေရောင်အလင်းတန်းများသည် ကမ္ဘာကြီးတစ်ခုလုံးကို လင်းလက် တောက်ပသွားစေခဲ့၏။

“ နေထွက်လာပြီ။ ”

ကျိုးကျိတောင်ထိပ်တစ်ခုလုံး နေရောင်ခြည်များ ဖုံးလွှမ်းသွားတော့သည်။ ယနေ့တိုက်ပွဲသည် မဟာကျိုးသမိုင်းတွင် မှတ်တမ်းတင်ထားရမည့် အဆင့်ဖြစ်၏။

အဝေးတစ်နေရာ၌ တာအိုဝတ်ရုံဝတ် အဘိုးကြီးတစ်ဦးသည် လူအုပ်ကြားတွင်ရပ်ကာ တိတ်တဆိတ် သက်ပြင်းချလေသည်။

မျက်နှာပြင်ပေါ်တွင် အရေးအကြောင်းများ ပျံ့ကျဲနေကာ မျက်ဝန်းများ၌ ရေကန်ကြီးကဲ့သို့ တည်ငြိမ်နက်ရှိုင်းလှ၏။

ဤအဖိုးအိုသည် စုဟုန်လီအနားတွင် အတူရှိနေသည့် ဆန်းကြယ်လှသော အဘိုးအို ဖြစ်သည်။ ၎င်းကို စုရီမှသတိပြုမိပြီး ပြုံး၏။

“ ဟမ့် ... ဒီနေ့လူတိုင်းရဲ့ အာရုံစိုက်မှုကို ခံစားရတဲ့အတွက် ... ဒီမှာ အရှုံးပေးရရင်တောင် မင်းဂုဏ်ယူသင့်တယ် စုရီ။ ”

ထိုစဉ် ယွီတျန်းဟုန်က မျက်ဝန်းများ ဖွင့်လျက် စူးရှသောအကြည့်တစ်စုံဖြင့် စုရီထံ လှမ်းကြည့်ကာ ထရပ်လာတော့သည်။

***

All Chapters