← Chapters

အခန်း (၃၇၅)

Vol. 25 Ch. 375

အခန်း (၃၇၅)

Vol. 25 Ch. 375

ရွှမ်ယီထံတွင် အင်ပါယာတစ်၀က်အဆင့်အား သတ်ဖြတ်နိုင်သည့် နည်းလမ်းမျိုးပိုင်ဆိုင်ထား၏။ ထို့အပြင် သူက ရှေးဟောင်းမဟာမိတ်အဖွဲ့၏ စွမ်းအားကိုလည်း အနည်းငယ်မျှ ဂရုမစိုက်ခဲ့ချေ။

ရှေးဟောင်းမဟာမိတ်အဖွဲ့က အလွန်စည်းလွတ်ဝါးလွတ်နိုင်ကြသော်လည်း ၎င်းတို့တွင် အပြင်ပန်း၌ ထုတ်ပြထားသော အင်အားအပြင် ကျန် ဝှက်ဖဲများမရှိပေ။

တောင်းပိုင်းတိုက်ကြီးမှလူများ ရှေးဟောင်းမဟာမိတ်အား ပူးပေါင်းမဖယ်ရှားခဲ့ခြင်းမှာ ရှေးဟောင်းစစ်မြေပြင်မှ ထွက်မလာသေးသည့် ရှေးဟောင်းမဟာမိတ်အဖွဲ့၏ အစစ်အမှန်တည်ထောင်သူကြောင့်ဖြစ်သည်။

သူက ကျင့်ကြံနေဆဲဖြစ်ပြီး မြင့်မြတ်အရှင်သခင် ဆိုသူများအား ကြိုးကိုင်ကာ ရှေးဟောင်းမဟာမိတ်အား တည်ထောင်စေခဲ့ခြင်းဖြစ်၏။

သူ ကျင့်ကြံရာမှ ထွက်လာပါက တောင်ပိုင်းတိုက်ကြီး၌ အင်ပါယာအဆင့်များအကြား ပြိုင်ဘက်ကင်းလိမ့်မည်ဟု မျှော်မှန်းထားကြသည်။

မြေအောက်နန်းတော်မှ ထွက်လာသည်နှင့် သူ၏ အချုပ်အနှောင်များအားလုံး ကျိုးပျက်သွားမည်ဖြစ်ကာ စကြာဏဠာကြီးမှ ဥပဒေသစွမ်းအားများနှင့် ပဲ့တင်ထပ်ပြီး အင်ပါယာအဆင့်သို့ ချက်ချင်း၀င်ရောက်သွားပေလိမ့်မည်။

ထိုဖြစ်စဉ် အောင်မြင်သွားပါက တောင်ပိုင်းတိုက်ကြီး၌ (၄)ယောက်မြောက် အင်ပါယာအဆင့် ကျင့်ကြံသူဖြစ်လာမည်ဖြစ်၏။

ထို့အပြင် အင်ပါယာတစ်၀က်အဆင့်၌ သူစုဆောင်းထားခဲ့သည့် အတွေ့အကြုံများအရ ကျန်အင်ပါယာ(၃)ယောက်ထက် သာလွန်သွားရန် သေချာသလောက်ရှိသည်။

ထို့ကြောင့် တောင်ပိုင်းတိုက်ကြီးမှ အင်အားစုကြီးများက ရှေးဟောင်းမဟာမိတ်အဖွဲ့၏ လုပ်ရပ်များကို မျက်စိတ်မှိတ်သည်းခံထားကြခြင်းဖြစ်၏။

သို့သော် ရွှမ်ယီ ရုတ်တရက်ထွက်ပေါ်လာပြီး ရှေးဟောင်းမဟာမိတ်အား အလွန်မျက်နှာပျက်စေခဲ့ရုံမျှမက ပျက်စီးလုနီးပါး ဆောင်ရွက်ခဲ့သည်။

“ အင်း… ဒီလို ကြီးစိုးနိုင်ပြီး အစွမ်းထက်တဲ့လူတစ်ယောက်ကို ဆုံးရှုံးရမှာ တော်တော် စိတ်မကောင်းစရာဘဲ….”

“ ဟဟ… အရမ်း စိတ်၀င်စားဖို့ကောင်းတယ်…”

ရွှမ်ယီ၏ လုပ်ရပ်များအပေါ် လူအများအပြား စိတ်၀င်စားခဲ့ကြပြီး တချို့ ကောင်းကင်ဘုရင်များက ရွမ်ယီနှင့်အတူ ပူးပေါင်းလုပ်ဆောင် လိုနေကြ၏။

ရှေးဟောင်းမဟာမိတ်၏ လုပ်ရပ်များက အလွန်ရက်စက်လွန်းလှသည်။ တစ်လအတွင်း အင်အားစုပေါင်းများစွာကို သွေးချောင်းစီးစေခဲ့၏။

ထို ရှေးဟောင်းကျင့်ကြံသူများက ရှေးဟောင်းစစ်မြေပြင်မှ အမွေအနှစ်များရခဲ့ကြပြီး ပြင်ပမှလူများအား ‌သိုးများ ၊ ၀က်များသဖွယ် သဘောထားခဲ့ကြသည်။

သို့သော် ရှေးဟောင်းမဟာမိတ်၌ အင်ပါယာအဆင့်သို့ ရောက်တော့မည့် ခေါင်းဆောင်ရှိနေခြင်းက ရှေးဟောင်းမဟာမိတ်ကို ဝိုင်း၀န်းမဖျက်ဆီးရဲစေရန် တားဆီးထားခဲ့၏။

ဤသို့ဖြင့် ရွှမ်ယီ၏ လုပ်ရပ်နှင့် ပတ်သက်ပြီး ဝေဖန်သံများ ထွက်ပေါ်လာခဲ့သည်။

“ လူငယ်တွေက စိတ်မရှည်တတ်ဘူးပဲ… ရှေးဟောင်းမဟာမိတ် ခေါင်းဆောင်သာ ဒေါသထွက်သွားရင် သူ့အတွက်တော့ မတွေးရဲစရာပဲ…”

ထိုအမြင်အား သဘောတူသူများစွာရှိခဲ့ပြီး တချို့ ရွှမ်ယီအပေါ် မျက်မုန်းကျိုးနေသူများက လောင်းကြေးများပင် ဖွင့်ခဲ့ကြသည်။

ထိုလောင်းကြေးများက ရွှမ်ယီ မည်မျှ ဆက်လက်မောက်မာနိုင်မည်နည်း ဆိုသည့်အပေါ် အခြေခံထား၏။

သို့သော် မကြာခင်မှာပဲ ထိုလောင်းကြေးကိစ္စများအားလုံး နေရောင်နှင့် ထိတွေ့သည်နှင်းများအလား အငွေ့ပျံပျောက်ကွယ်သွားတော့သည်။

ထိုသို့ဖြစ်ရခြင်းမှာ မိုးတိမ်ဒေသ ၊ ရှေးဟောင်းမဟာမိတ် နောက်ဆုံးဌာနခွဲ၌ ရွှမ်ယီနှင့် နောက်ဆုံးလက်ကျန် မြင့်မြတ် အရှင်သခင်တို့ တိုက်ပွဲကြောင့်ဖြစ်၏။

ထိုတိုက်ပွဲကြီးက ကီလိုမီတာ တစ်သောင်းတိုင်တိုင် ပျက်စီးသွားစေခဲ့ပြီး မိုးတိမ်ဒေသတစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။

နောက်ဆုံးတွင် တိုက်ပွဲရလဒ်အနေဖြင့် ရွှမ်ယီက ထိုမြင့်မြတ်အရှင်သခင်၏ ခေါင်းပြတ် အလောင်းအား ချန်ထားပြီး ထွက်သွားခဲ့လေသည်။

တောင်ပိုင်းတိုက်ကြီးတစ်ခုလုံး ထူးဆန်းစွာ အလွန်တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ ထောက်ခံသူများဖြစ်စေ ၊ မုန်းတီးသူများဖြစ်စေ မည်သည့် မှတ်ချက်မှ မပေးဝံ့ကြတော့ချေ။

ရှေးဟောင်းစစ်မြေပြင် အပြင်မှ ရှေးဟောင်းကျင့်ကြံသူ အားလုံးနီးပါးကို ရွှမ်ယီ ရှင်းလင်းခဲ့၏။

လူတစ်ယောက် ဓားတစ်လက်အား တားဆီးနိုင်သူ မည်သူမှ မရှိချေ။

အင်ပါယာတစ်၀က်အဆင့် ကျင့်ကြံသူပင် တတ်နိုင်ခြင်းမရှိခဲ့ပေ။

၎င်းက ရှေးဟောင်းကျင့်ကြံသူများ၏သွေးဖြင့် သက်သေပြုခဲ့သည့် ခွန်အားဖြစ်ပေသည်။

လူတိုင်း ရွှမ်ယီ၏ ဇာတ်လမ်း မည်သို့ အဆုံးသတ်သွားမည်ကို သိချင်နေခဲ့ကြ၏။

ဤတောအတွင်း ရွှမ်ယီ တစ်ဖန်ပြန်လည်ငြိမ်သက်သွားပြီး မည်သည့်လှုပ်ရှားမှုမှ မလုပ်ခဲ့ချေ။

တချို့လူများက ဓားတစ်လက် ကျော၌ လွယ်ထားပြီး ရှေးဟောင်းစစ်မြေပြင်သို့ ၀င်သွားကို မြင်လိုက်သည်ဟု ဆိုကြပြီး ထိုနေ့မှစ၍ ရွှမ်ယီ သတင်းမကြားရတော့ပေ။

“ ရွှမ်ယီ ရှေးဟောင်းမဟာမိတ် ခေါင်းဆောင်ကိုကြောက်လို့ ရှေးဟောင်းစစ်မြေပြင်ကို ထွက်ပြေးပြီး ခြေရာဖျောက်သွားပြီ…”

ရွှမ်ယီအား မုန်းတီးနေသူတစ်ချို့က လှောင်ပြောင် မှတ်ချက်ပြုလိုက်ကြသည်။

ရှေးဟောင်းကျင့်ကြံသူများကို ရွှမ်ယီ သတ်ဖြတ်ခဲ့ခြင်းက အများစုအတွက် ၀မ်းမြောက်စရာဖြစ်သော်လည်း ချွင်းချက်ရှိသေး၏။

တချို့သော အင်အားစုများက မိမိတို့အင်အားစုမှ ရှေးဟောင်းဘုရင်များ ပြန်ရောက်လာခြင်းအပေါ် ၀မ်းပန်းတသာ ကြိုဆိုခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့လုပ်ရပ်များက အလွန်ရက်စက်သည့်တိုင်အောင် မိမိတို့အင်အားစုအတွက် အလွန်အကျိုးရှိသောကြောင့်ပင်။

၎င်းတို့က ထိုအခွင့်အရေးကို အသုံးချကာ မကြာမီ မြင့်တက်လာတော့မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ရွှမ်ယီက ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့မျှော်လင့်ချက်များအား တစ်စစီ ရိုက်ချိုးခဲ့၏။

ထိုအချင်းအရာက ၎င်းတို့အား အဆုံးမဲ့ စိတ်ပျက်မှုများနှင့် မကျေနပ်မှုများအား ယူဆောင်လာခဲ့သည်။

ယခု ရွှမ်ယီမရှိတော့သည်ဖြစ်ရာ သူတို့၏ မကျေနပ်မှုများ ပေါက်ကွဲလာတော့၏။ ဤသို့ဖြင့် ရွှမ်မိသားစုအား တိုက်ခိုက်ရန် စိတ်ကူးရလာခဲ့ကြသည်။

“ ရွှမ်ယီ မရှိတော့ပေမယ့် ကောင်းကင်ဒေသမှာ ရွှမ်မိသားစု ရှိနေတုံးပဲ…”

သို့သော် မမျှော်လင့်ထားသော တစ်စုံတစ်ရာဖြစ်ပျက်လာပြီး ရွှမ်ယီပြန်ရောက်လာမည်ကို စိုးရိမ်သဖြင့် ရွှမ်မိသားစုကိုတော့ တိုက်ရိုက် မထိပါးရဲကြချေ။

သို့သော် ရွှမ်မိသားစုနှင့် မဟာမိတ်ဖြစ်သော ကိုင်မိသားစု၌မူ အလွန်ခေါင်းကိုက်နေရချေပြီ။

လွန်ခဲ့သော ရက်များအတွင်း တခြားသော ဒေသများမှ လူစိမ်းကျင့်ကြံသူများ ကိုင်မိသားစုပိုင်နက်သို့ ချိုးဖောက် ၀င်ရောက်လာခဲ့ကြသည်။

“ ကျုပ်တို့ ရွှမ်မိသားစုကို အကူအညီတောင်းသင့်တယ်…”

ထိုစကားအားကြားလျှင် ကိုင်ဘိုးဘေး သက်ပြင်းချလိုက်၏။

သူက လူသားဘုရင်အထွတ်အထိပ်၌ ရှိနေခဲ့ပြီး ကောင်းကင်ဘုရင်အဆင့်သို့ ခြေလှမ်းတစ်၀က်မျှသာ လှမ်းနိုင်ခဲ့သည်။ ထို့အပြင် သူ၏ အလားအလာက ကုန်ဆုံးသွားပြီဖြစ်ပြီး ကောင်းကင်ဘုရင်အဆင့်သို့ ဘယ်တော့မှ ချိုးဖျက်နိုင်တော့မည်မဟုတ်ပေ။

ကိုင်မိသားစုအား တိုက်ခိုက်လာသူများက သူတို့နှင့် အင်အားအဆင့်တူသူများဖြစ်ကြသည်။ အင်အားစုတစ်ခုတည်းဆိုပါက ကိစ္စမရှိချေ။ သို့သော် ရန်သူက တစ်ဖွဲ့တည်းမဟုတ်သည်ဖြစ်ရာ ကိုင်မိသားစုအား တော်တော်လေး ဒုက္ခပေးနိုင်စွမ်းရှိ၏။

‌ကံကောင်းစွာနှင့် ရွှမ်မိသားစုက အလျင်အမြန်တုံ့ပြန်ခဲ့သည်။

ပင်းယုက ကောင်းကင်အကယ်ဒမီ၌ အကာအကွယ်ဖြစ်ရှိနေသည်ဖြစ်ရာ အလျင်အမြန်တုံ့ပြန်နိုင်ခြင်းမရှိချေ။

သို့သော် ရွှမ်မိသားစု၌ ကာကွယ်သူအဖြစ် တာ၀န်‌ယူထားသော ကောင်းကင်ဘုရင်တစ်ယောက်ရှိနေဆဲပင်။

သူက ကောင်းကင်ဒေသသို့ ကျူးကျော်လာသည့် ရန်သူများအား တိုက်ရိုက်ရှင်းလင်းပစ်ခဲ့သည်။

ထို့အပြင် ၎င်းက အစသာရှိသေး၏။

(၂)ရက်ခန့်ကြာပြီးနောက် ကောင်းကင်ဒေသတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။

ရွှမ်မိသားစု၌ တိမ်များအထက်သို့ ဖြတ်သန်းပြီး ကောင်းကင်သို့ ထိုးဖောက်ကာတက်သွားသော စိတ်ဝိညာဉ်စွမ်းအင်တိုင် တစ်ခုပေါ်လာသောကြောင့်ဖြစ်၏။

ရွှမ်ဘိုးဘေး (၁၁)က ယခင် ရန်သူများထံမှ ရရှိခဲ့သည့် နတ်ဘုရားအရင်းအမြစ် ဂျင်(၃)ထောင်ကို အသုံးပြုပြီး ကောင်းကင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်သွားခဲ့သည်။

ဤသို့ဖြင့် ရွှမ်မိသားစု၌ ရွှမ်ယီမရှိလျှင်တောင် ကောင်းကင်ဘုရင်(၃)ယောက် ရှိနေဆဲပင်။

ကောင်းကင်ဘုရင်အဆင့်များထဲတွင်ပင် ၎င်းတို့အား အနိုင်ယူအနည်းငယ်သာရှိ၏။ ထို့အပြင် ပင်းယုနှင့် ပတ်သက်၍မူ သူမ၏ စွမ်းအားကိုပင် အတိအကျမသိကြပေ။

သို့သော် ရွှမ်မိသားစုက မည်သည့် ရုန်းရင်းဆန်ခတ်မှုမှ မပြုလုပ်ဘဲ သာမန်အတိုင်း တိတ်တဆိတ်နေခဲ့သည်။

မမျှော်လင့်ထားစွာနှင့် ရှေးဟောင်းစစ်မြေပြင်သို့ ၀င်ရောက်သွားပြီးနောက် ရွှမ်ယီ၏ သတင်းတစ်စွန်းတစ်စမှ မကြားရတော့ချေ။

ပင်လယ်ထဲသို့ ခဲတစ်လုံးကျသွားသည့်အလား ပျောက်ကွယ်သွားခဲ့၏။

ရှေးဟောင်းမဟာမိတ် ခေါင်းဆောင် ထွက်ပေါ်လာသည်နှင့် ၎င်း၏ လက်စားချေမှု နံပါတ်(၁) ပစ်မှတ်က ရွှမ်မိသားစု သို့မဟုတ် ဗဟိုသူတော်စင် အကယ်ဒမီ ဖြစ်သွားပေလိမ့်မည်။

အစုလိုက်အပြုံလိုက် သွေးချောင်းစီးသတ်ဖြတ်ခံရရန် သေချာ၏။

ရွှမ်မိသားစုအနေဖြင့် ဤကပ်ဘေးကြီးမှ လွတ်မြောက်လိုပါက ရှေးဟောင်းမဟာမိတ်ခေါင်းဆောင် အဆင့်ချိုးဖျက်ရာ၌ မအောင်မြင်ရန်သာ ဆုတောင်းရန်ရှိတော့၏။

သို့သော် ကောင်းကင်ဘုံက ရွှမ်မိသားစုဘက်၌ ရှိမနေဟန်ရသည်။

ရက်အနည်းငယ်ကြာပြီးနောက် ရှေးဟောင်းစစ်မြေပြင် ကောင်းကင်ယံတွင် လေပြင်းများတိုက်ခတ်ပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာခဲ့၏။

All Chapters