← Chapters

အခန်း (၃၆၁)

Vol. 25 Ch. 361

အခန်း (၃၆၁)

Vol. 25 Ch. 361

ထို့ကြောင့် ကျန်တပည့်များနှင့် နှိုင်းစာပါက စစ်ထူချင်၏ ရွှမ်ယီအပေါ်ထားရှိသည့် ကျေးဇူးတင်မှုများက ပိုမိုများပြားသည်။

ထို့အပြင် သူမက မာနရှိသူလည်းဖြစ်ရာ ရွှမ်ယီအပေါ် အတတ်နိုင်ဆုံး ပြန်ပေးဆပ်လိုခဲ့၏။

သို့သော် သူမတို့အကြား ကွာဟချက်ကြီးများလွန်းလှသည်ဖြစ်ရာ ရွှမ်ယီအတွက် ၀န်ထုပ်၀န်ပိုးလျှော့ချရန်သာ တွေးနိုင်တော့သည်။

ဤသို့ဖြင့် စစ်ထူချင်က မူလဒေသသို့ တစ်ကိုယ်တောင်စွန့်စား ၀င်ရောက်ခဲ့ခြင်းဖြစ်၏။

( Note- အရင်းအမြစ်ဒေသကို မူလဒေသလို့ ပြောင်းရေးပါမယ် အရင်းအမြစ်‌တွေများလွန်းနေလို့ပါ )

….

“ ပြောရမယ်ဆိုရင် အရင်အမြစ်ဒေသရဲ့ အဓိက ထွက်ကုန်က စိတ်ဝိညာဉ်အရင်းအမြစ်ဆိုပေမယ့် လူသိအများဆုံးကတော့ စိတ်ဝိညာဉ်နတ်ဆိုး ဒီရေလှိုင်းပဲ…”

အစိမ်းရောင် မြက်ခင်းပြင်များရှိရာ ကောင်းကင်ထက်၌ အစိမ်းရောင်၀တ် အဘိုးကြီးတစ်ဦးက မုတ်ဆိတ်အား လက်ဖြင့်သပ်ရင်း သူ့နောက်မှ တပည့်များအား ရှင်းပြနေ၏။

သူတို့ အောက်ဘက်တွင် အလင်းတိုင်လုံးများဖြစ်ပေါ်လာပြီး တစ်ခုချင်းစီမှနေ၍ သားရဲလိုလို နတ်ဆိုးလိုလို အကောင်းများ ထွက်ပေါ်လာသည်။

ဂရား…

ဂီး…

၎င်းတို့က စိတ်ဝိညာဉ်နတ်ဆိုးဟုခေါ်သော မျိုးစိတ်ဖြစ်၏။

စိတ်ဝိညာဉ်အရင်းအမြစ်ဆိုသည်မှာ မူလဒေသ၏ အဓိကထွက်ကုန်ဖြစ်ပြီး အရွယ်မရောက်သေးသော နတ်ဘုရားအရင်းအမြစ်ကို ရည်ညွှန်းခြင်းဖြစ်သည်။

၎င်းက နတ်ဘုရားအရင်းအမြစ်ကဲ့သိင့ အဖိုးတန်ခြင်းမရှိသော်လည်း ကျန် ဥပဒေသစွမ်းအား ပါ၀င်သည့် ရတနာများထက်မူ သာလွန်၏။

ထို့ကြောင့် ၎င်းက စိတ်ဝိညာဉ်အရင်းအမြစ်ဟု အမည်တွင်ခဲ့သည်။

စိတ်ဝိညာဉ် နတ်ဆိုးများက မူလဒေသမှ အလွန်ထူးဆန်းသော သက်ရှိတစ်မျိုးဖြစ်၏။

စိတ်ဝိညာဉ်နတ်ဆိုး တစ်ကောင်ချင်းစီ၏ ခန္ဓာကိုယ်၌ လက်မအရွယ်အစားခန့် စိတ်ဝိညာဉ် အရင်းအမြစ်တစ်ခုစီ ရှိသည်။

ထို့ကြောင့် စိတ်ဝိညာဉ် နတ်ဆိုး ဒီရေလှိုင်းပေါ်လာသည့်နှင့် ဂိုဏ်းများက ၎င်းတို့တပည့်များအား စေလွှတ်ပြီး စိတ်ဝိညာဉ် အရင်းအမြစ်များ စုဆောင်းစေလေ့ရှိသည်။

အချိန်များကြာညောင်းလာသည်နှင့်အမျှ ၎င်းက မူလဒေသမှ ဓလေ့ထုံးတမ်းတစ်ခုအလား ဖြစ်လာခဲ့၏။

ဂိုဏ်းကြီးများအနေဖြင့် ထိုအချိန်ရောက်တိုင်း မိမိတို့ ဂိုဏ်းမှ ပါရမီရှင်များနှင့် ကျန်ဂိုဏ်းများမှ ပါရမီရှင်များအား စိတ်ဝိညာဉ်နတ်ဆိုးများ သတ်ဖြတ်စေခြင်းဖြင့် ယှဉ်ပြိုင်လေ့ရှိကြသည်။

ဝှစ်ရှ်…

တည်ကြည်ပြတ်သားသော မျက်နှာထားနှင့် အနက်ရောင်၀တ် လူငယ်လေးတစ်ဦး ၎င်း၏ စိတ်ဝိညာဉ်ယာဉ်ပျံပေါ်မှ ခုန်ဆင်းလာသည်။ ထို့နောက် ပြင်းထန်သော တိုက်ခိုက်မှုတစ်ခု ပြုလုပ်လိုက်၏။

ရွှပ်…

ဓားတစ်ချက်ဖြင့် စိတ်ဝိညာဉ် နတ်ဆိုး တစ်ကောင်အား နှစ်ပိုင်းဖြတ်လိုက်သည်။

(၁၅) မိနစ်အတွင်း စိတ်ဝိညာဉ်နတ်ဆိုး (၁၀၀)နီးပါး သတ်ဖြတ်ခဲ့ပြီး အားလုံးက အခြေတည်ဝိညာဉ်အဆင့် (၃) သို့မဟုတ် အခြေတည်ဝိညာဉ်အဆင့်(၃) နှင့် နီးကပ်နေသည့် အကောင်များဖြစ်၏။

သို့သော် အနက်၀တ်လူငယ်လေး၏ ကျင့်ကြံမှုကမူ အခြေတည်ဝိညာဉ် အဆင့်(၂)သာရှိသေးသည်။

“ ဒါက ယွမ်ရှန်ဂိုဏ်းရဲ့ ဒီမျိုးဆက်အတွက် အထူးချွန်ဆုံး တပည့်လေ… သူက အခြေတည်ဝိညာဉ်အဆင့်(၂) နဲ့ အခြေတည်ဝိညာဉ်အဆင့်(၇) အကြီးအကဲတွေကိုတောင် ယှဉ်တိုက်နိုင်တယ်…. ပြီးတော့ တိုက်ပွဲပေါင်း ရာနှင့်ချီ ရှုံးပွဲမရှိ တိုက်နိုင်ခဲ့တယ်လေ.. အနာဂါတ်မှာ မူလဘုရင်အဆင့် တစ်ယောက်ဖြစ်လာနိုင်ပြီး လူသားဘုရင်အဆင့်ကိုတောင် ရောက်နိုင်ချေရှိတယ်….”

သူ့ဂိုဏ်းမှ တပည့်အား ချီးကျူးသံများကို နားထောင်ရင်း လေထဲမှ ယွမ်ရှန်ဂိုဏ်း အကြီးအကဲမှာ မုတ်ဆိတ်‌အား ပွတ်သပ်ရင်း ပြုံးရလွန်း၍ ပါးစပ်ပင် မစိနိုင်တော့ချေ။

ထို စကားများကြောင့် အစိမ်းရောင်၀တ် အဘိုးကြီးနောက်မှ မီးခိုးရောင်၀တ်လူငယ်က အနည်းငယ်ကျွဲမြီးတိုသွားခဲ့၏။

သူက ချက်ချင်း ကျော၌ လွယ်ထားသည့် လေးအား ဖြုတ်ယူလိုက်ပြီး မြှားတပ်လိုက်ကာ လေထုအား ထိုးခွင်းလျက် မီးမြှားတစ်ချောင်း ပစ်လွှတ်လိုက်သည်။

ဝုန်း…

ထို မြှားတစ်ချက်တွင် စိတ်ဝိညာဉ် နတ်ဆိုး(၁၀)ကောင် ပြာအဖြစ်ပြောင်းလဲသွားပြီး ကြွင်းကျန်ခဲ့သည့် စိတ်ဝိညာဉ်အရင်းအမြစ်များက ထိုလူငယ်ထံသို့ ရောက်သွား၏။

ထိုအခါ မီးခိုးရောင် လူငယ်နှင့် ယှဉ်ပြိုင်ရန် အနက်ရောင် လူငယ်က သူ၏ သတ်ဖြတ်မှု အရှိန်အဟုန်အား တိုးမြှင့်လိုက်သည်။

ထိုသို့သော မြင်းကွင်းများက ကောင်းကင်အောက်၌ အဆက်မပြတ်ဖြစ်ပွားနေခဲ့၏။

မူလဒေသမှ လူငယ်မျိုးဆက်များ အချင်းအချင်း အပြင်းအထန် ယှဉ်ပြိုင်နေကြစဉ် ပြင်ပဒေသများမှ ပါရမီရှင်များလည်း ထွက်ပေါ်လာပြီး လူတိုင်းအား အဆက်မပြတ် အံ့အားသင့်စေသည်။

ဤသည်မှာ မူလဒေသ၌ (၁၀)နှစ်ကြာမှ တစ်ခါမြင်ရသော မြင်ကွင်းမျိုးဖြစ်ပြီး ဘုရင်အဆင့်သို့ ကျော်ဖြတ်လိုသည့် အခြေတည်ဝိညာဉ်အဆင့် လူငယ်များနှင့် စည်ကားနေတော့သည်။

ထို စည်ကားသိုက်မြိုက်လှသော ပြိုင်ပွဲကြီးအတွင်း သာမန်ဆန်ဆန်ရှိနေခဲ့သော်လည်း လူအများ၏ အာရုံများကို ဆွဲဆောင်နိုင်သော မိန်းကလေးတစ်ဦးရှိနေ၏။

“ အခြေတည်ဝိညာဉ်အဆင့်ကို အခုမှရောက်ပြီး ပြိုင်ပွဲမှာ ၀င်ပါနေတာလား… သူမက ဘယ်သူများလဲ….”

တစ်စုံတစ်ယောက်က သူမ၏ စွမ်းအားကို သတိထားမိပြီး မေးခွန်းထုတ်လိုက်သည်။

“ အဲ့လိုမဟုတ်ဘူး… သူမစွမ်းအားက အခြေတည်ဝိညာဉ်အဆင့်ကို ရောက်နေပေမယ့် ကျင့်ကြံဆင့်က စိတ်ဝိညာဉ်‌ငွေ့ရည်ဖွဲ့ခြင်း အထွတ်အထိပ်ပဲရှိသေးတယ်…”

မူလဒေသမှ အကြီးအကဲတစ်ဦးက ထိုမိန်းကလေး၏ ကျင့်ကြံဆင့်ကို သိလိုက်ရပြီးနောက် အသက်ရှုကြပ်သွားသလို ခံစားလိုက်ရ၏။

အဘယ်ကြောင့်ဆိုသော် လူအုပ်ထဲ၌ သာမန်အတိုင်းရှိနေသော ထိုမိန်းကလေးက တခြားသူများနှင့် ခြားနားစွာ လက်ထဲမှ ဓားအား အသာအယာဝှေ့ယမ်းနေသောကြောင့်ပင်။

ဓားချက်၀င်ရောက်သွားသည့် နေရာတိုင်းက စိတ်ဝိညာဉ် နတ်ဆိုး၏ အားနည်းချက်နေရာများသို့ဖြစ်သည်။

ဓားတစ်ချက် ခုတ်လိုက်တိုင်း စိတ်ဝိညာဉ် နတ်ဆိုးတစ်ကောင် သေသွားခဲ့၏။

ဒီ မိန်ကလေးရဲ့ ဇစ်မြစ်က ဘာများလဲ…?

….

မူလဒေသ ၊ တောင်ပိုင်းတိုက်ကြီးမှ အထူးဒေသတစ်ခု

၎င်းဒေသက (၁၀)နှစ်မှ တစ်ကြိမ် ပြင်ပလောက၌ ပွင့်လာတတ်သည်။

ပွင့်လာတိုင်းလည်း ပြင်ပဒေသမှ ကျင့်ကြံသူများ အဆင့်ချိုးဖျက်ရန်အတွက် အခွင့်အလမ်းရှာရန် လာရောက်လေ့ရှိကြ၏။။

သို့ဖြစ်ရာ မူလဒေသမှ လူများအတွက် ပြင်ပဒေသနှင့် ဆက်သွယ်ရန် အချိန်ကောင်းတစ်ခုလည်းဖြစ်သည်။

ထို့ကြောင့် စစ်ထူချင်၏ သတင်းက အနီးပတ်၀န်းကျင်မှ ဂိုဏ်းများသို့ ပျံ့နှံ့သွားခဲ့သည်။

ထိုအထဲတွင် သစ်ရွက်နက်ဂိုဏ်းလည်း အပါအ၀င်ဖြစ်၏။

သူတို့က စစ်ထူချင်အား ဖိတ်ခေါ်ရန် ကမ်းလှမ်းခဲ့ကြသည်။

ဤမတိုင်ခင် သူတို့ဂိုဏ်းမှ တပည့်များနှင့် စစ်ထူချင် ပြောခဲ့ကြသည့် စကားများကလည်း ဂိုဏ်းထံသို့ ရောက်သွားခဲ့၏။

ဖြစ်နိုင်လျှင် စစ်ထူချင်အား သူတို့ဂိုဏ်းထံသို့ ၀င်ရောက်စေလိုကြသည်။

သို့သော် စစ်ထူချင်က သူမ၏ဂိုဏ်း အားမနည်းကြောင်း ပြောခဲ့သည့်ဖြစ်ရာ အတင်းအကြပ်တော့ မတိုက်တွန်းကြတော့ပေ။

ကျားသားရေ အင်္ကျီတစ်ထည် လိုချင်သည့်အတွက် ကျားသတ်ရန်သွားခြင်းက နည်းငယ်ညာဏ်မဲ့လှသည်။

စစ်ထူချင်က သာမန်အတိုင်းသာပြုမူနေထိုင်သော်‌လည်း သူမ၏ နောက်ခံအား ဂရုစိုက်ရန်လိုအပ်သည်။

“ ရွှမ်ယီ ဟုတ်လား…?”

ထိုအမည်အား ရေရွတ်နေစဉ် သစ်ရွက်နက်ဂိုဏ်းခေါင်းဆောင်က နံဘေးမှ အကြီးအကဲများအား ပဟေဠိဖြစ်စွာကြည့်လိုက်၏။

မူလဒေသက တော်တော်လေး ထူးရှားသောဒေသတစ်ခုဖြစ်သည်။ အဆုံးမဲ့ပင်လယ် တိုက်ပွဲအပြီး တောင်းပိုင်းတိုက်ကြီးတစ်ခုလုံးသို့ ရလဒ်ကြေညာခဲ့သော်လည်း မူလဒေသက သီးခြားဖြစ်တည်နေသလိုဖြစ်နေရာ မည်သည့်သတင်းမှမရရှိခဲ့ပေ။

ထို့ကြောင့် သူတို့အတွက် ရွှမ်ယီဆိုသည့် နာမည်အား ပထမဆုံး ကြားဖူးခြင်းဖြစ်၏။

၎င်းတို့က ထိုအမည်အား နှလုံးသားထဲ၌ စွဲမြဲစွာ မှတ်ထားလိုက်ကြပြီး စစ်ထူချင်အား လိုအပ်သမျှ ဖြည့်ဆည်းပေးရန် ကမ်းလှမ်းခဲ့ကြသည်။

သူတို့အနေဖြင့် စစ်ထူချင်၏ နောက်ကွယ်မှ အင်အားစုမှ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်နိုင်ရန် မျှော်လင့်နေကြ၏။

“ ဟိုကလေးမ ထွက်သွားပြီလား…”

အကြီးအကဲတစ်ယောက် တင်ပြသည်ကို နားထောင်ရင်း သစ်ရွက်နက်ဂိုဏ်းခေါင်းဆောင် အနည်းငယ် အံ့အားသင့်သွား၏။

ထိုအကြီးအကဲက ခေါင်းညိတ်လိုက်ရင်း

“ သူမက ကျုပ်တို့ဆီက အကူအညီအများကြီး မယူလိုဘူးနဲ့တူတယ်… သူမရဲ့ လုပ်ဆောင်ချက်တွေကို ပြန်ကြည့်လိုက်ရင် သူမ ရည်ရွယ်ချက်က စိတ်ဝိညာဉ်အရင်းအမြစ် ရှာဖွေချင်ရုံတစ်ခုတည်း မဟုတ်လောက်ဘူး… သူမကိုယ်သူမ စမ်းသပ်ချင်တာဖြစ်မယ်….”

သစ်ရွက်နက်ဂိုဏ်းချုပ် တိတ်ဆိတ်သွား၏။ သူက သစ်ရွက်နက်ဂိုဏ်းအား ဦးဆောင်ကာ ပါရမီရှင် အများအပြား မွေးထုတ်ခဲ့သော်လည်း ထို စစ်ထူချင်ဆိုသည့် ကလေးမနှင့် ယှဉ်ပါက မိုးနဲ့မြေအလားပင်။

…

ထိုအချိန်တွင် စစ်ထူချင်တစ်ယောက် သူမ ခရီးစဉ်အား သစ်ရွက်နက်ဂိုဏ်းမှ ငှားလာခဲ့သည့် မြေပုံအားအသုံးပြုလျက် မူလဒေသ၏ အလယ်ပိုင်းမှ ရွှမ်ယွမ်အင်ပါယာသို့ ဦးတည်လိုက်သည်။

သူမ ခြေလှမ်းတိုင်းတွင် ဘုရင်အဆင့်သို့ ရောက်ရှိနိုင်ရန်သာမက ရွှမ်ယီအား ကျေးဇူးဆပ်လိုစိတ်များဖြင့် ပြည့်နှက်နေခဲ့၏။

[ Note- ဒီအပိုင်းမှာ စစ်ထူချင်က စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်ဆိုတာ မဟုတ်ဘူးနော်.. စိတ်ဝိညာဉ် နတ်ဆိုးတွေက အားနည်းလို့ သူမ ကျင့်ကြံဆင့်ကို ဖိနှိပ်ပြီး လျှော့ချထားတာပါ ။

Ch-360 မှာ စစ်ထူချင်ရဲ့ ကျင့်ကြံမှုက အခြေတည်ဝိညာဉ်အထွတ်အထိပ်ဆိုပေမယ့် နောက်လာမယ့် အပိုင်းမှာ အခြေတည်ဝိညာဉ်အဆင့်(၄)လို့ ရေးထားပါတယ်။

ကျွန်တော့် အနေနဲ့ ကွကိုညှိချင်‌ပေမယ့် ပြင်မရတဲ့ နေရာတွေမှာ ဖြစ်နေတာမို့ ဒီတိုင်းပဲ ဘာသာပြန်လိုက်ပါမယ်။ စိတ်အဆင်မပြေဖြစ်သွားမှာကို နားလည်ပေမယ့် သည်းခံပြီး ဖတ်လိုက်ပါခင်ဗျာ ]

All Chapters