← Chapters

အခန်း (၃၆၂)

Vol. 25 Ch. 362

အခန်း (၃၆၂)

Vol. 25 Ch. 362

မူလဒေသတွင် အကြီးဆုံး အင်ပါယာတစ်ခုအနေဖြင့် ရွှမ်ယွမ်အင်ပါယာ၌ စိတ်ဝိညာဉ်မိုင်းတွင်း (၇) ခုအားပိုင်ဆိုင်ထားသည်။

၎င်းတို့အထဲမှ အကျော်ကြားဆုံးမှာ နက်နဲခြင်းမူလမိုင်းတွင်းဖြစ်သည်။

သို့သော် လွန်ခဲ့သော နှစ်တစ်ရာခန့်က မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီး နက်နဲခြင်းမူလမိုင်းတွင်းအား ပိတ်ဆို့ထားခဲ့ရာ စိတ်ဝိညာဉ်နတ်ဆိုးများ မွေးဖွားလာခဲ့၏။

ထိုစိတ်ဝိညာဉ်နတ်ဆိုးများက သာမန်နှင့်မတူပေ။

၎င်းတို့က ထိုနေရာ၌ အဖွဲ့များဖွဲ့ထားပြီး နက်နဲခြင်းမူလစိတ်ဝိညာဥ်မိုင်းတွင်းသို့ လူသားများဝင်ရောက်ခြင်းကို တားဆီးထားသည်။

ထို့အပြင်ထိုနေရာတွင် ကန့်သတ်ချက်များရှိ‌နေခဲ့ပြီး ဘုရင်အဆင့် ကျင့်ကြံသူများဝင်ရောက်သွားလျှင်ပင် အခြေတည်ဝိညာဉ်အဆင့်သို့ ဖိနှိပ်ခံရပေလိမ့်မည်။

ဤသို့ဖြင့် ရွှမ်ယွမ်အင်ပါယာမှလူများက ထိုနက်နဲခြင်းမူလစိတ်ဝိညာဉ်မိုင်းတွင်းအား တစ်ခဏမျှလျစ်လျူရှုထားခဲ့ကြ၏။

သို့သော် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ရွှမ်ယွမ်အင်ပါယာနှင့် အနီးပတ်ဝန်းကျင်မှ ကျန်အင်ပါယာများ အကြိမ်ပေါင်းများစွာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ရွှမ်ယွမ်အင်ပါယာအနေဖြင့် ကြီးမားသော ဆုံးရှုံးမှုများခံစားခဲ့ရသည်။

သို့ဖြစ်ရာ သူတို့အနေဖြင့် နက်နဲခြင်းမူလစိတ်ဝိညာဉ်မိုင်းတွင်းအား ပြန်လည်အာရုံစိုက်ရန်မှတစ်ပါး ရွေးချယ်စရာမရှိခဲ့ပေ။

သူတို့က ထိုနေရာတွင် စိတ်ဝိညာဉ်နတ်ဆိုးများနှင့် တိုက်ပွဲဆင်နွှဲရန်ထက် အဆင့်ကျော်တိုက်ခိုက်နိုင်သည့် ပါရမီရှင်များအားစုဆောင်းခဲ့သည်။

သို့သော် ကံဆိုးစွာဖြင့် ထို‌ဆင့်ခေါ်မှုအား စိတ်ဝင်စားသူသိပ်မရှိလှပေ။

အကြောင်းပြချက်မှာ အလွန်ရိုးရှင်းလှသည်။ ထိုနေရာ၌ ကြုံတွေ့နိုင်သော အန္တရာယ်က အလွန်ကြီးမားသောကြောင့်ဖြစ်၏။

ထိုနေရာ၌ ကောင်းကင်စိတ်ဝိညာဉ်နတ်ဆိုး (၅) ကောင် ဦးဆောင်သည့်အဖွဲ့က နှစ် (၁၀၀) နီးပါး အမြစ်တွယ်နေခဲ့သည်။ ၎င်းတို့က ကျင့်ကြံရန်အတွက်နက်နဲခြင်းမူလမိုင်းတွင်းမှ စိတ်ဝိညာဉ်အရင်းအမြစ်များအား အသုံးပြုခဲ့ကြ၏။

ယခုတွင် ၎င်းတို့ထဲ၌ ဘုရင်အဆင့်ကို ဖြတ်ကျော်ဝင်ရောက်သွားပြီးဖြစ်သည့် စိတ်ဝိညာဉ်နတ်ဆိုးများပင် ရှိနေနိုင်သည်။

ပါရမီရှင်များက အဆင့်ကျော်တိုက်ခိုက်နိုင်စွမ်းရှိကြသော်လည်း ထိုနတ်ဆိုးများက ၎င်းတို့ကိုင်တွယ်နိုင်သည့်အရာမဟုတ်ပေ။

မူလဒေသမှ ပါရမီရှင်များအမြင်တွင် ထိုတာဝန်က လုံးဝမဖြစ်နိုင်သော တာဝန်တစ်ရပ်ဖြစ်၏။

ဤသို့ဖြင့် ရွှမ်ယွမ်အင်ပါယာမှ ထုတ်ပေးသည့်ဆုလဒ်ကလည်း တစ်ဖြည်းဖြည်းဖြင့် မြင့်တက်လာကာ ၎င်းတို့၏အခက်အခဲအား ဖြေရှင်းပေးနိုင်သူအတွက် နက်နဲခြင်းမူလမိုင်းတွင်းအား ဖွင့်လှစ်ပေးမည်ဖြစ်သည်။

ထို့အပြင် နက်နဲခြင်းမူလမိုင်းတွင်းမှ ရရှိသော အမြတ်အစွန်းများကိုပင် ခွဲဝေပေးရန် ဆန္ဒရှိခဲ့သည်။

ရွှမ်ယွမ်အင်ပါယာသို့ စစ်ထူချင်လာရခြင်းမှာ ထိုသတင်းကြောင့်ဖြစ်၏။

ထိုနေရာမှထွက်သော စိတ်ဝိညာဉ်အရင်းအမြစ်များ၏တန်ဖိုးက တစ်နှစ်လျှင် နတ်ဘုရားအရင်းအမြစ် ဂျင် (၁)ထောင် တန်ဖိုးခန့်ရှိ၏။

စစ်ထူချင်က ရွှမ်ယီပေးအပ်ခဲ့သော အင်ပါယာအဆင့်ကျင့်စဉ်အားလေ့ကျင့်ထားခြင်းဖြစ်သည်။ ထို့ကြောင့်သူမအတွက် ဘုရင်အဆင့်သို့ ဖြတ်ကျော်ရန် လိုအပ်သည့်အရင်းအမြစ်မှာ အလွန်များပြားလှ၏။

စိတ်ဝိညာဉ်အရင်းအမြစ် ဂျင် (၁)သောင်းဝန်ကျင်ခန့်လိုအပ်လိမ့်မည်ဟု သူမခန့်မှန်းထား၏။

…

“ အခြေတည်ဝိညာဉ်အဆင့် (၄)…”

ရွှမ်ယွမ်အင်ပါယာမှ တာ၀န်အတွက် လိုအပ်ချက်များ စစ်ဆေးရာနေရာရှိ တာဝန်ခံက စစ်ထူချင်အား သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။

“ ကလေးမ… နက်နဲခြင်းမူလမိုင်းတွင်းက နေရာကောင်းတစ်ခုမဟုတ်ဘူနော်… မစွန့်စားချင်စမ်းပါနဲ့…”

ထိုတာဝန်ခံက စစ်ထူချင်အားဆွဲဆောင်ရန်ကြိုးစားလိုက်သည်။

သူက လေသံအား နှိမ့်ချလိုက်ပြီး ပြောနေခဲ့သည့်တိုင် စစ်ထူချင်၏ အမူအယာက အနည်းငယ်မျှ ထူးခြားသွားခြင်းမရှိချေ။

“ ရှင်တို့အင်ပါယာက ဒီတာဝန်ကို ထုတ်ပေးခဲ့တုန်းက ကျင့်ကြံမှုအခြေခံကိုမကန့်သတ်ထားဘူးမို့လား…”

“ ကောင်းပြီလေ… မင်းအရမ်းသွားချင်နေတယ်ဆိုလဲ ငါမင်းကိုမတားတော့ဘူး… မင်းအနေနဲ့ မဖြစ်မနေဖြတ်ကျော်ရမယ့် စာမေးပွဲရှိသေးတယ်…”

တာဝန်ခံက ပုခုံးတွန့်လိုက်ပြီးနောက် သူ၏နောက်ဘက်သို့ ညွှန်ပြလိုက်သည်။

ထိုနေရာတွင် ငြိမ်သက်စွာရပ်နေသည့် အစိမ်းရောင် ရုပ်သေးရုပ်ကြီးရှိနေခဲ့၏။

စစ်ထူချင်၏မျက်လုံးများအနည်းငယ်ကျဉ်းမြောင်းသွားလေသည်။ ထိုရုပ်သေးရုပ်မှနေ၍ အစောပိုင်းတွင် သူမသတ်ခဲ့သည့် စိတ်ဝိညာဉ်နတ်ဆိုးများထံမှ အရှိန်အဝါမျိုးခံစားမိနေ၏။

“ ဒီရုပ်သေးရုပ်ရဲ့ စွမ်းအားက ဘုရင်အဆင့်တစ်ဝက်ရဲ့ စွမ်းအားနဲ့တူညီတယ်… မင်းသူ့ကိုအနိုင်ယူနိုင်သရွေ့ မင်းအောင်မြင်လိမ့်မယ်…”

“ ဟ ဟ… သူက အခြေတည်ဝိညာဉ်အဆင့် (၄) မှာပဲရှိသေးတယ်… လူအိုကြီးထန်က ဒီကလေးမကို ရှုံးနိမ့်အောင်ကြိုးစားနေတာပဲ…”

တာဝန်ခံထန်နှင့်မလှမ်းမကမ်းတွင်ရှိသော ရွှမ်ယွမ်အင်ပါယာမှ နှစ်ယောက်ကလည်း ဤအခြေအနေအား သတိပြုမိခဲ့သည်။

သူတို့မနေနိုင်ပဲ ခပ်တိုးတိုးရယ်မောလိုက်ကြ၏။

“ လူအိုကြီးထန်က စိတ်ကောင်းရှိတယ်… အဲ့ကလေးမကြည့်ရတာ အသက် (၂၀) တောင်ရှိသေးပုံမရဘူး… ဒါပေမယ့် ဒီအဆင့်ထိရောက်အောင် ကျင့်ကြံနေနိုင်ပြီ… အရည်အချင်းကတော်တော်လေးကောင်းတယ်… အကြောင်းပြချက်မရှိပဲ မိုင်းတွင်းထဲမှာသေသွားမယ်ဆိုရင် အရမ်းနှမျောစရာကောင်းမှာ…”

ထိုနှစ်ယောက်က တိုးတိုးတိုးတိုးဖြင့် ပြောနေခဲ့ကြသော်လည်း စစ်ထူချင်က ထိုစကားများအားလုံးရှင်းရှင်းလင်းလင်းကြားနေဆဲပင်။

သို့သော် သူမက စကားအများကြီးပြောရသည်ထက် ဓါးဆွဲထုတ်ကာ ဖြေရှင်းရသည်အား ပိုနှစ်သက်သူဖြစ်၏။

ထို့နောက် အစိမ်းရောင်ရုပ်သေးအား အသက်သွင်းလိုက်ပြီး စစ်ထူချင်နှင့်ရင်ဆိုင်တော့မည့်အချိန်တွင် ထိုရုပ်သေးက အလွန်ကြောက်မက်ဖွယ်အန္တရာယ်တစ်ခုအား ခံစားမိလိုက်ပုံရ၏။

၎င်း၏ စိတ်ဝိညာဉ်အမြုတွေက ရုတ်တရက်တောက်ပလာပြီး လက်နှစ်ဖက်အား ရှေ့သို့ယှက်ကာ ခုခံသည့်အနေအထား ချက်ချင်းပြောင်းလိုက်သည်။

ရွှမ်ယွမ်အင်ပါယာမှ တာဝန်ခံ (၃) ဦး၏အမူအယာများပြောင်းလဲသွားလေသည်။

ထို အစိမ်းရောင်ရုပ်သေးက ရွှမ်ယွမ်အင်ပါယာမှ ဘိုးဘေးတို့ထားရစ်ခဲ့သည့် မှော်ရတနာတစ်ခုဖြစ်သည်။

၎င်း၏ ညာဏ်ရည်ကလည်းအတိုင်းအတာတစ်ခုအထိရှိပြီး အလွန်လေးနက်သော သိုင်းပညာတစ်ချို့ကိုပင် အသုံးပြုနိုင်၏။

၎င်း၏ အစွမ်းထက်သော တိုက်ခိုက်နိုင်စွမ်းကြောင့် ဘုရင်တစ်ဝက်အဆင့်ကျင့်ကြံသူပင် ပေါ့ပေါ့လျော့လျော့ တိုက်ခိုက်ပါက ရှုံးနိမ့်သွားပေလိမ့်မည်။

သူတို့တာဝန်ထုတ်ထားသည်မှာ ကြပြီဖြစ်သော်လည်း ပါရမီရှင်လူငယ်များ၏ တုန့်ပြန်မှုမှာ သိပ်မကောင်းခဲ့ချေ။ သို့သော် အထွတ်အထိပ်အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူ တစ်ဒါဇင်ကျော်လောက် လာရောက်စာရင်းသွင်းခဲ့ကြသေး၏။

သို့သော် ၎င်းတို့အားလုံး အစိမ်းရောင်ရုပ်သေးအား ရှုံးနိမ့်သွားခဲ့သည်။

ထို အစိမ်းရောင်ရုပ်သေးက ရန်သူကြီးတစ်ဦးအား ရင်ဆိုင်ရသကဲ့သို့ ခုခံကာကွယ်သည့်ပုံစံပြောင်းလိုက်ခြင်းအား မဆိုထားနှင့် ၎င်းထံမှ တိုက်ကွက် (၁၀) ကွက်လောက်ကိုခံနိုင်လျှင်ပင် အလွန်ရှားပါးသည့် ဖြစ်ရပ်ဖြစ်သည်။

သို့သော် ထိုမိန်းကလေးက သူမ၏ဓါးအား ဆွဲထုတ်လိုက်ရုံမျှသာ ဖြစ်သေးသော်လည်း အစိမ်းရောင်ရုပ်သေးအား ထိုမျှ ကြောက်ရွံ့သွားစေ၏။

တာဝန်ခံ (၃) ယောက် ဆက်ပြီးမတွေးတောနိုင်သေးခင်မှာပဲ စစ်ထူချင်၏ပုံရိပ်က နေရာမှပျောက်ကွယ်သွား၏။

သူမ၏ လှုပ်ရှားမှုက သရဲတစ်ကောင်ကဲ့သို့ပင်။

သူမပြန်ပေါ်လာသည့်အချိန်တွင် အစိမ်းရောင်ရုပ်သေး၏ စိတ်ဝိညာဉ်အမြုတေအား ဓါးက ထိုးဖောက်သွားချေပြီ။

ရုပ်သေး၏ မျက်လုံး၌ တောက်ပနေသည့် ကြက်သွေးရောင်အလင်းက မှိန်ဖျော့သွားလေသည်။

“ တာဝန်ခံကြီး… ဒီမိုင်းတွင်းတာဝန်မှာ ကျွန်မပါလို့ရပြီလား…”

တာဝန်ခံထန် စကားပင်မပြောနိုင်လောက်အောင်ဆွံ့အသွားခဲ့ကာ တစ်ခဏအကြာမှ သတိဝင်လာပြီး စစ်ထူချင်၏အမည်အား စာရင်းသွင်းပေးလိုက်သည်။

စစ်ထူချင်၏ ဓါးချက်က ရွှမ်ယွမ်အင်ပါယာမှ တာဝန်ခံများအား ထိတ်လန့်သွားစေသည့်အချိန်တွင် ရွှမ်ယီ၏ပုံရိုပ်က လေဟာနယ်အားခွဲလိုက်ပြီး မူလဒေသ အထက်ကောင်းကင်ယံ၌ပေါ်လာသည်။

မူလဒေသသို့ရောက်လာသည်နှင့်တစ်ပြိုင်နက် ရွှမ်ယီ၏စိတ်ထဲတွင် ရင်းနှီးမှုတစ်ခုအား ခံစားမိလိုက်၏။

သူ ဤနေရာသို့ ယခင်တစ်ကြိမ်မှ မရောက်ဖူးသည့်တိုင်အောင် ရင်းနှီးမှုတစ်ချိုးကို ခံစားမိနေ၏။ အသေချာကြည့်လိုက်လျှင် လေထုထဲ၌လွင့်ပျံနေသည့် သဘာဝဥပဒေသများက သူ့ကို ရှေးဟောင်းစစ်မြေပြင်အား ချက်ချင်းတွေးတောမိသွားစေသည်။

သို့သော် ရှေးဟောင်းစစ်မြေပြင်နှင့်နှိုင်းယှဉ်ပါက ဤနေရာမှ ဥပဒေသများက ပို၍ထင်ထင်ရှားရှားရှိနေသေး၏။

ကံမကောင်းစွာနှင့်ပဲ ထိုထင်ရှားသောအရာက အပေါ်ယံလွှာမျှသာဖြစ်၏။

သို့သော် တွေးကြည့်လိုက်လျှင် အဓိပ္ပါယ်ရှိပေသည်။

မူလဒေသက ပိုမိုလေးနက်ပြီး စွမ်းအားပြည့်ဝသည့် ဥပဒေသစွမ်းအားများရှိနေခဲ့ပါက ၎င်းအနေဖြင့် ရှေးဟောင်းစစ်မြေပြင်ကဲ့သို့ သန့်စင်သောကျင့်ကြံခြင်းနယ်မြေဖြစ်မလာရင်တောင် ၎င်း၏အဆင့်သတ်မှတ်ချက်က အောက်ဆုံးနား၌ရှိနေမည်မဟုတ်ပေ။

ရွှမ်ယီက မျက်လုံးများမှိတ်လိုက်ပြီး စိတ်ထဲ၌မှတ်လာသည့် မူလဒေသမြေပုံအား ပြန်စဉ်းစားကာ သူယခုလက်ရှိရောက်နေသောနေရာအား အတည်ပြုလိုက်သည်။

ယခုအချိန်တွင် ရှောင်ဟောင်တို့မောင်နှမလည်း မူလဒေသသို့ ရောက်ရှိနေလောက်ပြီဖြစ်၏။

သူတို့ မသွားခင်ပြောခဲ့သော စကားများအရ ရွှမ်ယွမ်အင်ပါယာသို့ ဦးတည်သွားခြင်းဖြစ်ရမည်။

ထိုအင်ပါယာတွင် နက်နဲခြင်းမူလမိုင်းတွင်းဟုခေါ်သော မူလဒေသ၌ ထိပ်တန်း(၁၀)ခုဝင် မိုင်းတွင်းကြီးရှိသည်။

၎င်းတို့က ထိုရွှမ်ယွမ်အင်ပါယာမှ စွန့်ပစ်ထားခဲ့သော စိတ်ဝိညာဉ်မိုင်းတွင်းထံမှ အကျိုးအမြတ်များရနိုင်မည်လားဟု၍ စူးစမ်းလိုနေခဲ့ကြ၏။

ရွှမ်ယီအနေဖြင့် သူတို့အစီအစဉ်များအား တားဆီးခဲ့ခြင်းမရှိပေ။ သူက ၎င်းတို့အား ကျောက်စိမ်းမှော်အဆောင် တစ်ခုစီပေးလိုက်၏။ သေရေးရှင်ရေးကြုံတွေ့လာချိန်၌ ထိုကျောက်စိမ်းအဆောင်အား ချိုးဖျက်လိုက်သည်နှင့် သူတို့အား တစ်ခဏမျှ ကာကွယ်ပေးသည့် အကာအကွယ်လွှာတစ်ခုဖြစ်ပေါ်လာမည်ဖြစ်ကာ သူတို့ရှိနေသည့် တည်နေရာကလည်း ရွှမ်ယီထံသို့ရောက်လာမည်ဖြစ်သည်။

ထိုကျောက်စိမ်းမှော်အဆောင်ဖြင့်ဆိုပါက ရွှမ်ယီအနေဖြင့် ရှောင်ဟောင်တို့မောင်နှမအား စိတ်ပူစရာမလိုပေ။

သူ၏ နတ်အသိအား ပတ်ဝန်းကျင်သို့ ဖြန့်ကျက်လိုက်လျှင် စစ်ထူချင် ကျွင်းကျန်ခဲ့သော အရှိန်အဝါအား အာရုံခံလိုက်သည်။ သူတို့နှစ်ယောက်လုံးက ကျင့်စဉ်တစ်ခုတည်းကျင့်ကြံထားသည်ဖြစ်ရာ သူတို့နှစ်ယောက်ကြား၌ ထူးခြားသော ဆက်နွယ်မှုတစ်ခုရှိနေ၏။

တစ်ခဏမျှ အာရုံခံလိုက်ပြီးနောက် ရွှမ်ယီက လေဟာနယ်အား အကြိမ်ပေါင်းများစွာ ကျော်ဖြတ်လိုက်၏။

တစ်ခဏအတွင်း ကီလိုမီတာ ထောင်ပေါင်းများစွာ ကျော်ဖြတ်ခဲ့ပြီးနောက် သစ်ရွက်နက်ဂိုဏ်းအထက် ကောင်းကင်ပေါ်သို့ ရောက်လာခဲ့သည်။

“ဒါက စီနီယာရွှမ်ယီလား…”

ရွှမ်ယီက မည်သည့်စကားမျှမပြောရသေးမီ သစ်ရွက်နက်ဂိုဏ်းအတွင်း၌ အုတ်အော်သောင်းတင်းဖြစ်သွားခဲ့၏။ တစ်ခဏမကြာတွင် သစ်ရွက်နက်ဂိုဏ်းမှ အကြီးအကဲများ လေ‌ပေါ်သို့တက်လာပြီး ရွှမ်ယီထံသို့သွားကာ ဦးညွှတ်လိုက်ကြ၏။

ရွှမ်ယီအလွန်အံ့အားသင့်သွား၏။

မူလဒေသအနေဖြင့် ပြင်ပကမ္ဘာနှင့်ပတ်သက်ပြီး အလွန်သတင်းအချက်အလက်နည်းပါးသည်ကို သူမမေ့သေးပေ။

သို့သော် ဤနေရာ၌ သူကအဘယ်ကြောင့်နာမည်ကြီးနေရသနည်း။

“ ဘာ… ဆရာကြီးရွှမ် ဒီကိုရောက်လာပြီတဲ့လား…”

ရွှမ်ယီ မည်သည့်စကားမှမပြောရသေးမီ ဂိုဏ်းအတွင်းမှ ပုံရိပ်တစ်ခုထွက်ပေါ်လာ၏။

အချိန်တစ်ခဏလေးအတွင်း၌ သစ်ရွက်နက်ဂိုဏ်းချုပ်အပါအဝင် အကြီးအကဲများအားလုံး သစ်ရွက်နက်ဂိုဏ်းအထက်ကောင်းကင်ယံ၌ စုရုံးရောက်ရှိလာကြ၏။ သူတို့အားလုံး ရွှမ်ယီအား လေးစားစွာ ဝန်းရံအရိုအသေပြုနေခဲ့ကြပြီး သူတို့ဂိုဏ်းထဲ၌ အချိန်အနည်းငယ်ခန့်နေရန် မျှော်လင့်နေကြ၏။

သူတို့အား တစ်ခုနှစ်ခုမျှ သင်ပြခဲ့လျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။

သို့သော် ရွှမ်ယီအနေဖြင့် ဤနေရာ၌အချိန်ဖြုန်းနေရန် စိတ်မဝင်စားချေ။ သူ၏ဦးတည်ချက်မှာ စစ်ထူချင်ထံသို့သာဖြစ်၏။

All Chapters