← Chapters

အခန်း (၃၆၄)

Vol. 25 Ch. 364

အခန်း (၃၆၄)

Vol. 25 Ch. 364

အဖြူ၀တ် လူငယ်၏ နှုတ်ခမ်းထောင့်စွန်းများ တုန်ခါသွားပြီး နောက်သို့လှည့်ပြီး စစ်ထူချင်အား ကျိန်ဆဲရန် ပြင်လိုက်သည်။

လက်ရှိအခြေအနေအရ ထိုလူစိမ်းနှစ်ယောက်က မိုင်းတွင်းအား ရှင်းလင်းပြီးပြီဖြစ်ကြောင်း သိသာနေ၏။

သို့သော် အဖြူ၀တ်လူငယ်၏ နှုတ်ဖျားမှ မည်သည့်စကားမှ ထွက်မလာခဲ့ချေ။

သူ့အနေဖြင့် စစ်ထူချင်နှင့် ထိတ်တိုင်ရင်ဆိုင်ရဲခြင်းမရှိချေ။

စစ်ထူချင် မည်မျှအစွမ်းထက်ကြောင်း သူနားလည်ထား၏။

သူ့အနေဖြင့် သူမနှင့် နှစ်ကွက် သုံးကွက်မျှ ယှဉ်တိုက်နိုင်လျှင်တောင် တော်တော်လေး ကံကောင်းနေပြီဟု ဆိုရမည်။

နောက်ဆုံးတွင် ထိုမိန်းကလေးက အစိမ်းရောင်ရုပ်သေးကိုပင် တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်သေည တည်ရှိမှုဖြစ်၏။

ကံကောင်းစွာဖြင့် ထိုအချိန်တွင် ရွှမ်ယွမ်အင်ပါယာမှာ မိုင်းတွင်း အုပ်ချုပ်သူများ ရောက်လာလေသည်။

ထိုအဖွဲ့တွင် လူ(၄)ယောက်ပါ၀င်ပြီး အလယ်အလတ် မူလဘုရင်အဆင့် ကျင့်ကြံသူက ဦးဆောင်လာခြင်းဖြစ်၏။

သူတို့ရောက်လာပြီးနောက် လျှို့ဝှက်ဆန်းကျယ်ဟန်ရသည့် လူစိမ်း (၂)ယောက်အား ကြည့်ရှု အကဲခတ်လိုက်ကြသည်။

“ ဘာတွေဖြစ်နေကြတာလဲ…”

ရှောင်ဟောင်တို့ မောင်နှစ်မက မူလဘုရင်ထံမှ မေးခွန်းထုတ်ခံရခြင်းအား အနည်းငယ်မျှ ကြောက်ရွံ့ဟန်မပြဘဲ ရှောင်ဟောင်က ရှေ့တိုးလိုက်ပြီး

“ ဒီ မိုင်းတွင်းက စွန့်ပစ်ခံထားရတယ်လို့ ကျုပ်တို့ကြားမိခဲ့လို့… အဲ့တာကြောင့် စိတ်ဝိညာဉ်အရင်းအမြစ် စုဆောင်းဖို့ ရောက်လာတာပါ…”

“ မင်း လာနောက်နေတာလား… ဒီတိုင်း စွန့်ပစ်ထားတယ်ဆိုတိုင်း သူများကို ပေးလိုက်တာမှ မဟုတ်တာ… ဒီနေရာကို ရွှမ်ယွမ်အင်ပါယာ ပိုင်နေတုန်းပဲ… အခု မင်းတို့က ခိုးယူနေတဲ့သဘော သက်ရောက်နေပြီ.. ဒီတော့ ရွှမ်ယွမ်အင်ပါယာကို တောင်းပန်ရမယ်…”

မိုင်းတွင်း အုပ်ထိန်းသူများ ရောက်လာပြီးနောက် အဖြူ၀တ်လူငယ် အစောပိုင်းကကဲ့သို့ တုန်လှုပ်မနေတော့ဘဲ ရှေ့သို့ ခုန်ထွက်ကာပြောလိုက်၏။

“ တိတ်စမ်း…”

အုပ်ထိန်းသူခေါင်းဆောင်ဖြစ်သော အန်ဖေးက ပြောလိုက်သည်။

သူ မျက်မှောင်အနည်းငယ်ကြုတ်လိုက်မိ၏။

ထိုအဖြူ၀တ်လူငယ်က သူနှင့် တူညီသော ဂိုဏ်းမှ ဆင်းသက်လာခြင်းဖြစ်သည်။

သို့သော် သူက မူလဒေသ နယ်ခံတစ်ယောက်ဖြစ်၏။

ပြင်ပဒေသ၌ ဘုရင်အဆင့်ချိုးဖျက်ပြီးနောက် ဆယ်စုနှစ် အနည်းငယ်နေခဲ့သေးသည်။

ထို့နောက်မှ မူလဒေသသို့ပြန်လာပြီး ရွှမ်ယွမ် အင်ပါယာ၌ အမှုထမ်းနေခြင်းဖြစ်၏။

မောက်မာနေသော အဖြူ၀တ်လူငယ်နှင့် ခြားနားစွာ သူ၏ သဘောထားက ထိုသို့မဟုတ်ပေ။

ထို လူစိမ်းနှစ်ယောက်က သာမန်မဟုတ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်သည်။

သူက ဖြည်းညှင်းစွာဖြင့်

“ အသေအချာပြောရမယ်ဆိုရင် မင်းတို့ နှစ်ယောက်က သူခိုးတွေတော့မဟုတ်ဘူး… ဒါပေမယ့် ရီယု( အဖြူ၀တ်လူငယ်) ပြောခဲ့တာတွေကလည်း မှားတော့မမှားဘူး… ဒီ နက်နဲခြင်း မူလ မိုင်းတွင်းက နှစ်ပေါင်းများစွာ စွန့်ပစ်ထားတာမှန်ပေမယ့် ပိုင်ရှင်ရှိနေတုံးပဲလေ…”

ရှောင်ဟောင်နှင့် ရှောင်ဖန်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။

ထို့နောက် ရှောင်ဖန်က ခေါင်းမော့လိုက်ပြီး

“ ဒါဆို ရှင်က ဘယ်လိုလုပ်ချင်လို့လဲ… ကျွန်မတို့ မောင်နှစ်မက ဒီမိုင်းတွင်းထဲမှ အစွမ်းကုန်ကြိုးစားပြီး စိတ်ဝိညာဉ် နတ်ဆိုးတွေကို ရှင်းလင်းခဲ့ကြတယ်… ရှင့် စကားတစ်ခွန်းတည်းနဲ့ လက်ဗလာ လှည့်ပြန်သွားဖို့က သိပ်ပြီး အဆင်မပြေဘူးလေ…”

အန်ဖေး ပြုံးလိုက်ပြီး ယုံကြည်မှု အပြည့်ဖြင့်

“ ဒီမတိုင်ခင် ငါတို့ ထုတ်ထားခဲ့တဲ့ ဆုကြေးအရဆိုရင် မိုင်းတွင်း ရှင်းလင်းပေးနိုင်တဲ့လူကို အကျိုးအမြတ် (၅၀)% ခွဲပေးမယ်လို့ပြောခဲ့တယ်… ဒါပေမယ့်…”

“ ဒါပေမယ့် ဘာဖြစ်လဲ…”

ရှောင်ဟောင်က မေးလိုက်၏။

ထိုအခါ ရီယုက၀င်ပြီး

“ မင်းတို့မရှိရင်တောင်မှ မိန်းကလေး စစ်ထူနဲ့ဆိုရင် မိုင်းတွင်းကို ရှင်းလင်းနိုင်ဦးမှာပဲ… ဒီတော့ မင်းတို့ အကျိုးအမြတ်လိုချင်ရင် မိန်းကလေး စစ်ထူနဲ့ ခွဲယူလို့ရတယ်…”

ရီယု၏ စကားများက စစ်ထူချင်အတွက် တွေးပေးနေဟန်ရသော်လည်း အမှန်တွင် ကောက်ကျစ်သော အစီအစဉ်တစ်ခုရှိနေ၏။

သူက စစ်ထူချင်‌အပေါ် တော်တော်လေး မကျေမနပ်ဖြစ်နေခဲ့သည်။ သို့သော် သူက အမြောက်စာ သာသာဖြစ်လေရာ ဘာမှမတတ်နိုင်ဘဲ ပြင်ပသို့ ပြန်ရောက်မှ သူမအား လက်စားချေနိုင်လိမ့်မည်။

သို့သော် ဘယ်ကမှန်းမသိသည့် လူစိမ်းနှစ်ဦးပေါ်လာရာ ရေကန်အသင့် ကြာအသင့်ဖြစ်သွား၏။

ရီယုအနေဖြင့် စစ်ထူချင်၏ နောက်ခံက သူမပြောခဲ့သလောက် ကြီးကျယ်မည်ဟု မယုံပေ။

ထိုသို့တွေးသူမှာ ရီယုသာမက ရွှမ်ယွမ် အင်ပါယာမှ လူများလည်း အတူတူဖြစ်၏။

သို့သော် သူတို့ အတွေးများကမူ ရီယုနှင့် ခြားနားသည်။ သူတို့က စစ်ထူချင်အား တစ်ကြိမ် နှစ်ကြိမ် ဖိတ်ခေါ်ခဲ့ပြီး ငြင်းခံလိုက်ရသည့်တိုင် စိတ်ထဲ အနည်းငယ် မကျေမနပ်ဖြစ်ပြီး ကျိန်ဆဲမိရုံသာ။

ရီယု၏ စကားအားကြားလျှင် ရှောင်ဟောင်တို့ မောင်နှစ်မ အကြည့်များက အန်ဖေးနောက်၌ တည်ငြိမ်စွာ ရပ်နေသည့် မိန်းကလေးထံသို့ ရောက်သွား၏။

ရှောင်ဟောင်က မျက်ခုံးပင့်ကာ ရှေ့တိုးလိုက်ပြီး

“ ဆိုလိုချင်တာက ငါတို့ သူမကို အနိုင်ယူနိုင်ရင် (၅၀) ရာခိုင်နှုန်း ရမယ်ပေါ့…”

“ မဟုတ်ဘူး… (၃၀)ရာခိုင်နှုန်းပဲရမှာ.. ကျန်တဲ့ (၂၀)ရာခိုင်းနှုန်းက မိန်းကလေးစစ်ထူကို ဆုကြေးအနေနဲ့ ပေးရမယ်… အဲ့လိုပဲ မင်းတို့ရှုံးရင်လည်း (၂၀)ရာခိုင်နှုန်းရမယ်…”

အန်ဖေး ပြုံးရင်း ပြောလိုက်သည်။

အဖြူ၀တ်လူငယ် လုပ်နေသည့် အရာများကို သူနားလည်သော်လည်း တားရန် စိတ်ကူးတော့မရှိချေ။

စစ်ထူချင်က သူတို့ဂိုဏ်းမှ ဖိတ်ခေါ်ချက်ကို အကြိမ်ကြိမ်ငြင်းပယ်ခဲ့သည်။ မည်မျှ သဘောကောင်းသည်ဖြစ်စေ အနည်းငယ်တော့ စိတ်အဆင်မပြေဖြစ်ဆဲပင်။

စစ်ထူချင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

သူမက အန်ဖေးအား ကြည့်ပြီးနောက် ရှောင်ဟောင် ကြည့်လိုက်သည်။

ထို့နောက် အေးစက်သော လေသံဖြင့်

“ မလိုဘူး.. ငါရှုံးရင် နင့်ကို(၅၀)ရာခိုင်နှုန်း အကုန်ပေးမယ်…”

“ ဟမ်…”

ထိုစကားကြောင့် ရှောင်ဟောင်ဒေါသထွက်သွားပြီး

“ ကောင်းပြီလေ.. ငါလည်း ရှုံးရင် အဲ့ဒီ(၂၀)ရာခိုင်နှုန်းမယူဘူး.. မင်းကို အကုန်ပေးမယ်…”

“ ဒါဆိုလည်း ဒီလိုလုပ်ကြတာပေါ့…”

အန်ဖေးက သဘောတူညီချက် အတည်ပြုပေးလိုက်၏။

ရား..

ရှောင်ဟောင်၏ စွမ်းအားများ ခန္ဓာကိုယ်အတွင်း ပျံ့နှံ့သွားပြီး ဟိန်းဟောက်သံသဲ့သဲ့ ထွက်ပေါ်လာသည်။

ရှောင်ဟောင် လေထံသို့ ပျံတက်သွားပြီးနောက် အနက်ရောင် အလံတစ်ချောင်း သူ့လက်တွင်းရောက်လာ၏။ လေထဲ၌ အလံ တဖျပ်ဖျပ်လွင့်နေသံနှင့်အတူ ငါးရောင်ချယ် စွမ်းအင် စက်၀န်းတစ်ခု ပေါ်လာသည်။

‘ အဆင့်(၅) မှော်ရတနာလား…’

အန်ဖေး၏ အမူအရာပြောင်းလဲသွားလေသည်။ သို့သော် သူ၏ စိတ်များ ပြန်လည်မတည်ငြိမ်နိုင်သေးမီ စစ်ထူချင်က သူမခါးမှ ဓားရှည်အား ဆွဲထုတ်လိုက်၏။

ရွှစ်…

ဓားမှ‌ စူးရှသော အသံများထွက်ပေါ်လာပြီး ၎င်းမျက်နှာပြင်၌ နတ်ဘုရားအမှတ်အသားများ ထွက်ပေါ်လာသည်။

“ နောက်ထပ် အဆင့်(၅) မှော်ရတနာ…”

ရွှမ်ယွမ် အင်ပါယာမှလူတိုင်း မယုံကြည်နိုင်လောက်အောင် အံ့ဩသွားကြသည်။

ဤမတိုင်ခင် စစ်ထူချင်က အဆင့်(၄) မှော်ရတနာကိုသာ အသုံးပြုခဲ့ခြင်းဖြစ်၏။

အဆင့်(၅) မှော်ရတနာတွေ ဘယ်တုန်းက ဒီလောက်အထိ ဈေးပေါသွားတာလဲ….?

မူလဘုရင်အဆင့် ကျင့်ကြံသူများအတွက်ပင် အဆင့်(၅) မှော်ရတနာတစ်ခု ပိုင်ဆိုင်ရန် မလွယ်ကူပေ။ ဝယ်ရန် မတတ်နိုင်သောကြောင့်မဟုတ်ဘဲ ရောင်းလိုအား အလွန်နည်းသောကြောင့်ဖြစ်၏။

သို့သော် သူတို့ရှေ့မှ စစ်ထူချင်နှင့် ဆန်းကျယ်သော လူငယ်လေးတို့ အခြေတည်ဝိညာဉ်အဆင့်မျှနှင့် အဆင့်(၅) မှော်ရတနာများ ပိုင်ဆိုင်ထားသည်လော…?

စစ်ထူချင်အပေါ် အစာမကြေဖြစ်နေခဲ့သော ရီယု မျက်လုံးများ ပြူးကျယ်နေခဲ့သည်။

သို့သော် ရီယုအပါအ၀င် ဤနေရာမှ လူတိုင်း လူသတ်ပြီး ရတနာကိုလုရန် အနည်းငယ်မျှ စိတ်မကူးဝံ့ကြချေ။

အကြောင်းပြချက်က အလွန်ရိုးရှင်းသည်။

အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများအတွက် အဆင့်(၅) မှော်ရတနာဆိုသည်မှာ ကံကောင်းရုံသက်သက်ဖြင့် ရနိုင်သောအရာမဟုတ်ပေ။

အဆင့်(၅) မှော်ရတနာအား ပိုင်ဆိုင်ရန် အကြောင်းအရင်းတစ်ခုတည်းသာရှိ၏။

၎င်းတို့ဂိုဏ်းမှ ပေးအပ်ထားခြင်း…!

ထိုကိစ္စက အဓိက အရင်းအမြစ်ဖြစ်သည်။ မည်သို့သော ဂိုဏ်းမျိုးက အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူထံသို့ အဆင့်(၅)မှော်ရတနာ ပေးအပ်ထားမည်နည်း။

မည်သို့‌ပင်တွေးတွေး ကောင်းကင်ဘုရင်အဆင့် အင်အားစုသာဖြစ်ရမည်။

လက်ရှိအချိန်တွင် လူတိုင်း စစ်ထူချင်နှင့် ရှောင်ဟောင်တို့အား ထိတ်လန့်နေသော မျက်၀န်းများဖြင့် ကြည့်နေကြ၏။

All Chapters