← Chapters

အခန်း (၃၆၇)

Vol. 25 Ch. 367

အခန်း (၃၆၇)

Vol. 25 Ch. 367

“ ဒါပေမယ့် သူတို့မှာ ဂိုဏ်းတစ်ခုရှိနေတာ နှမျောစရာပဲ… ပါရမီရှင် ရွေးချယ်ခြင်း အခမ်းအနားအတွက် ပထမရည်ရွယ်ချက်က လေ့ကျင့်ဖို့ဖြစ်ပြီး ဒုတိယရည်ရွယ်ချက်က စိတ်ဝိညာဉ်အရင်းအမြစ်တွေ ရရှိဖို့ဘဲ… ဟွမ်ဖူမိသားစုကို ပူးပေါင်းဖို့က အဓိကမဟုတ်ဘူး…”

ပထမဆုံး မေးခွန်းမေးခဲ့သော ကျင့်ကြံသူ အံ့အားသင့်သွားပြီး

“ ဒါပေမယ့် ပါရမီရှင် စုဝေးပွဲမှာ အနိုင်ရခဲ့ပြီး သူတို့က ဟွမ်ဖူမိသားစုထဲကို မ၀င်ဘူးဆိုရင် ဟွမ်ဖူ မိသားစုအနေနဲ့ စိတ်ဝိညာဉ်အရင်းအမြစ် ဂျင်(၁)သန်း အလကား ဆုံးသွားမယ်မဟုတ်ဘူးလား…”

“ အဲ့လိုတော့ မဟုတ်ဘူး…”

ရှင်းပြပေးနေသော ကတုံးပြောင်ဖြင့်လူက ပြုံးလိုက်ပြီး

“ အနိုင်ရသွားတဲ့လူတိုင်း ဟွမ်ဖူမိသားစုကို ၀င်မယ်လို့ မင်းထင်နေတာလား… အဲ့ထဲက တစ်ယောက် နှစ်ယောက် ၀င်ရင်တောင် တော်တော်လေး ကောင်းနေပြီလို့ဆိုရမယ်…”

“ ဒါဆို ကျန်တဲ့လူတွေအတွက် ပေးလိုက်ရတာတွေက အကုန်ဆုံးရှုံးသွားမှာပေါ့….”

“ မင်း မှားနေပြီ…”

ခေါင်းပြောင်က ခေါင်းယမ်းလိုက်ပြီး

“ ဒီစုဝေးပွဲမှာ အနိုင်ရတဲ့လူတွေက အနာဂါတ်မှာ အနိမ့်ဆုံး လူသားဘုရင်အဆင့်ကို ရောက်မှာ သေချာတယ်… ပြီးတော့ သူတို့က ဟွမ်ဖူမိသားစုဆီက မျက်နှာသာပေးမှုကိုရခဲ့တယ်လေ.. ဒီတော့ ဟွမ်ဖူ မိသားစုကို မ၀င်ခဲ့ရင်တောင်မှ ဟွမ်ဖူမိသားစုမှာ ပြသနာတစ်ခုခုကြုံလာတဲ့အခါ ကူညီပေးဖို့ လှမ်းတောင်းဆိုရင် ငြင်းမှာမဟုတ်ဘူး…”

“ ဒါက ကြီးကျယ်တဲ့ အင်အားစုကြီးတွေရဲ့ အထာပဲ…”

ကိုခေါင်းပြောင် သက်ပြင်းချလိုက်၏။

ဟွမ်ဖူမိသားစု၏ ရက်ရောမှုအပေါ် အလွန်မနာလိုဖြစ်နေမိသည်။

လူအုပ်ထဲတွင် ရော၀င်နေခဲ့သည့် ရွှမ်ယီလည်း ထို ကိုခေါင်းပြောင်စကားအား ခေါင်းညိတ် ထောက်ခံလိုက်မိသည်။

ဟွမ်ဖူမိသားစုက မူလဒေသ၌ နှစ်ပေါင်း တစ်သိန်းကျော်ကြာ အခိုင်အခန့်ရပ်တည်နေခဲ့သော မိသားစုကြီးတစ်ခုဖြစ်ထိုက်၏။

သို့သော် ကံမကောင်းစွာနှင့် ထိုအချိတ်အဆက်များက မကြာမီလာမည့် အကျပ်အတည်းတွင် အသုံးမ၀င်ချေ။

ထို့နောက် ရွှမ်ယီ ခေါင်းမော့ပြီး ကောင်းကင်ပြာကြီးအား မော့ကြည့်လိုက်သည်။ သူ၏ အကြည့်များက ကီလိုမီတာ (၁၀၀၀)ကျော်သို့ ရောက်ရှိသွား‌ပြီးနောက် ရွှမ်ယီတစ်ယောက် အတွေးထဲ၌ နစ်မြုပ်သွားတော့သည်။

တစ်ဖက်တွင်မူ ကိုခေါင်းပြောင်က ဤရက်များအတွင်း သူသိခဲ့သမျှ အကြောင်းအရာများကို ပြန်လည် ဝေမျှနေ၏။

“ ဒါပေမယ့် မင်းတို့ မသိတာက အဲ့ဒီ(၃)ယောက်ကို စိတ်၀င်စားနေတာ ဟွမ်ဖူမိသားစု တစ်ခုတည်းမဟုတ်ဘူး.. ပြင်ပဒေသက ရောက်လာတဲ့ ကောင်းကင်ဘုရင်တွေတောင် သူတို့(၃)ယောက်ကို စိတ်၀င်စားနေကြပြီး တပည့်အဖြစ် ခေါ်သွားချင်နေကြတယ်…”

“ ဟမ်…?”

“ ကောင်းကင်ဘုရင်…? ဒါဆို ကောင်းကင်ဘုရင်တွေလည်း ဟွမ်ဖူ မိသားစုကို ရောက်နေတယ်ပေါ့…”

ထိုစကားကြောင့် ပတ်၀န်းကျင်မှ ကျင်ကြံသူများ ထိတ်လန့်သွားပြီး ကိုခေါင်းပြောင်အား တစ်ယောက်တစ်ပေါက် မေးလိုက်ကြသည်။

ရွှမ်ယီ၏ မျက်၀န်းများ မှေးကျဉ်းသွား၏။

ဤကိစ္စအား သူအခုမှ ပထမဆုံး ကြားသိရခြင်းပင်။

ကိုခေါင်းပြောင်ကမူ အာရုံစိုက်မှုအများအပြား ရရှိထားသောကြောင့် အလွန်ကျေနပ်နေလေသည်။

အချိန်အတန်ကြာအောင် ငြိမ်သက်နေလိုက်ပြီးမှ

“ အဆုံးမဲ့ပင်လယ် စစ်ပွဲမှာ ဟွမ်ဖူပေါင် ကျဆုံးသွားပြီးနောက်ပိုင်း သူ့မိတ်ဆွေအများအပြား ဟွမ်ဖူမိသားစုကို ဖေးမဂရုစိုက်ခဲ့ကြတယ်… ဒီတစ်ကြိမ်မှာတော့ ဟွမ်ဖူ မိသားစုကို ထောက်ပံ့ဖို့အတွက် ကောင်းကင်ဘုရင်(၃)ယောက်တောင် ရောက်လာခဲ့တယ်…”

“ ကောင်းကင်ဘုရင် မြူခိုး ၊ ကောင်းကင်ဘုရင် ချီ နဲ့ ကောင်းကင်ဘုရင် ပိုင်ထန်တို့ပဲ…ပြီးတော့ သူတို့(၃)ယောက်လုံး အဆုံးမဲ့ပင်လယ်စစ်ပွဲတုန်းက အများကြီး အကျိုးပြုခဲ့ကြတယ်.. သူတို့ စွမ်းအား ၊ အသိအမြင်တွေနဲ့တောင်မှ ဟို(၃)ယောက်ကို မြင်တုန်းက တော်တော်လေး အံ့ဩသွားခဲ့ကြတာ.. မင်းပြောကြည့်.. အဲ့(၃)ယောက်က အရမ်းထူးချွန်တယ်မဟုတ်ဘူးလား…”

“ ဒါဆို အဲ့(၃)ယောက်က ဘယ်လို တုံ့ပြန်ခဲ့ကြလဲ…”

တစ်ချို့က မေးလိုက်လျှင်၏။ သို့သော် ကိုခေါင်းပြောင် မ‌ဖြေမီ လူတစ်ယောက်က ၀င်ရောက်ပြီး

“ မေးနေစရာလိုသေးလို့လား… သူတို့ သဘောတူမှာ သေချာတယ်.. ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူဆိုတာ ကောင်းကင်ကြီးကို ပက်လက် မှောက်ခုံ လုပ်နိုင်တဲ့ တည်ရှိမှုမျိုးတွေလေ.. သူတို့က တပည့်အဖြစ်ခေါ်ယူချင်တာကို ဘယ်သူက ငြင်းမှာလဲ…”

အနီးပတ်၀န်းကျင်မှ လူတိုင်း ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။

သို့သော် ကိုခေါင်းပြောင်ကမူ ဆန်းကျယ်ဟန်ရသော အပြုံးတစ်ခု ပြုံးလိုက်၏။

“ အဲ့လိုထင်နေရင်.. မင်းမှားသွားပြီ… အဲ့ဒီ ပါရမီရှင်(၃)ယောက်က လက်မခံခဲ့ကြဘူး… သူတို့အားလုံး ကောင်းကင်ဘုရင် မြူခိုးရဲ့ ‌ဖိတ်ခေါ်မှုကို ငြင်းခဲ့ကြတယ်… အဲ့တုံးက ဖြစ်သွားတဲ့ ကောင်းကင်ဘုရင် မြူခိုးရဲ့ အမူအရာကို မင်းတို့ မမြင်လိုက်ကြလို့…”

ထိုစကားအားကြားလျှင် လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။

ထိုအချိန်တွင်

ဟွမ်ဖူမိသားစုမှ အထူးဖိတ်ကြားထားသော ကောင်းကင်ဘုရင်မြူခိုး ဤစုဝေးပွဲအား ကြီးကြပ်ရန် စင်မြင့်ထက်သို့ တက်လာလေသည်။

သူမ စင်မြင့်ထက်သို့ရောက်လျှင် စစ်ထူချင်တို့ အဖွဲ့အား နှမျောတသဖြစ်ဟန်ဖြင့် ကြည့်လိုက်၏။

သူမ၏ အကြည့်များက စစ်ထူချင်အပေါ်၌ ပို၌ အာရုံစိုက်ထားသည်။

အဘယ်ကြောင့်ဆိုသော် သူမ ပိုင်ဆိုင်ထားသည့် ကျင့်စဉ်က စစ်ထူချင်နှင့် အလွန် သင့်လျော်နေသောကြောင့်ပင်။

အမှန်တွင် ကောင်းကင်ဘုရင် မြူခိုး၌ မည်သည့် ဂိုဏ်း သို့မဟုတ် မိသားစုမျှ မရှိချေ။ သူမက တစ်ကိုယ်တော်ကျင့်ကြံသူဖြစ်၏။

လက်ရှိအချိန်တွင် ဂိုဏ်းကြီးတစ်ခု၌ ဂုဏ်ထူးဆောင်အကြီးအကဲရာထူး လက်ခံထားပေသည်။

မည်သို့ပင်ဖြစ်စေ ထိုဂိုဏ်း၌ သူမက (၁)ယောက်အောက် (၁)သောင်းအထက်ဟု ဆိုနိုင်သည်။ သူမက အထက်၌ ဂိုဏ်းချုပ်တစ်ယောက်တည်းသာရှိ၏။ ဤသို့ဖြင့် သူမ မည်မျှ မာနကြီးနိုင်သည်ကို တွေးကြည့်၍ရသည်။

သို့သော် ထို မာနများအားလုံး စစ်ထူချင်နှင့် တွေ့စဉ် အကုန်အရည်ပျော်သွားပြီး ချက်ချင်း ကမ်းလှမ်းခဲ့၏။

စစ်ထူချင်ထံမှ ငြင်းပယ်ခံရသည့်တိုင် လက်လျှော့လိုခြင်းမရှိသေးချေ။ လူပေါင်းများစွာရှေ့၌ ပြောကြားရန်ပင် တွန့်ဆုတ်မနေတော့ပေ။

သူမက စစ်ထူချင်နှင့် ရှောင်ဟောင်တို့အား ကမ်းလှမ်းခဲ့၏။

၎င်းတို့က ယဉ်ကျေးစွာ ငြင်းပယ်ခဲ့သည့်တိုင် ကောင်းကင်ဘုရင်မြူခိုး လက်လျော့ရန် ဆန္ဒမရှိသေးပေ။

သူမ၏ သက်တမ်းက ကုန်ဆုံးရန် အဝေးကြီးလိုသေးသော်လည်း သူမ ကျင့်စဉ်ကမူ အကန့်အသတ်သို့ရောက်နေချေပြီ။

သူမ၏ ပါရမီဖြင့်ဆိုလျှင် နတ်ဘုရားမြူမိုးကျင့်စဉ်အား အဆင့်မြင့်ဘုရင် အဆင့်သို့ မြှင့်တင်နိုင်ပေလိမ့်မည်။

သို့သော် ၎င်းထက် ပို၍ အဆင့်မြှင့်ချင်ပါက သူမ၏ ပါရမီတစ်ခုတည်းဖြင့် မအောင်မြင်နိုင်ပေ။

စစ်ထူချင်ထံတွင် ၎င်းအား ဆက်လက်ဆောင်ရွက်နိုင်သည့် အရည်အချင်းများ မြင်ခဲ့ရသောကြောင့် ထိုမျှ အလေးအနက်ထားနေရခြင်းဖြစ်သည်။

“ ချင်အာ.. မင်း တကယ်ပဲ ငါ့တပည့် မဖြစ်ချင်ဘူးလား…”

စစ်ထူချင် ၊ ရှောင်ဟောင် နှင့် ရှောင်ဖန်တို့က အင်အားစုတစ်ခုတည်းမှ လာကြောင်း သူမ သိထားပြီးဖြစ်သော်လည်း ၎င်းတို့ဆရာက ရွှမ်ယီဖြစ်ကြောင်းကိုမူ မသိရှိသေးပေ။

ထို့နောက် သူမက ဆက်လက်ပြီး

“ မင်းတို့ ဂိုဏ်းမှာဆိုရင် တပည့်တွေအများကြီး ရှိမှာအသေအချာပဲ… မင်းအနေနဲ့ ဘယ်လောက်ပဲ အရည်အချင်းရှိရှိ ရနိုင်တဲ့ အရင်းအမြစ်ကတော့ အကန့်အသတ်ရှိနေမှာပဲလေ… မင်းသာ ငါ့တပည့်အဖြစ်လက်ခံမယ်ဆိုရင် မင်း နတ်ဘုရားအရင်းအမြစ် ဘယ်လောက်ပဲ လိုချင်လိုချင် ငါ လိုက်ရှာပေးဖို့ အဆင်သင့်ပဲ….”

သို့သော် စစ်ထူချင်၏ အမူအရာကမူ ပြောင်းလဲသွားခြင်းအလျဉ်းမရှိပေ။

“ စီနီယာ ကောင်းကင်ဘုရင် မြူခိုးရဲ့ ကောင်းမွန်တဲ့ရည်ရွယ်ချက်ကို ချင်အာ နားလည်သလို ကျေးဇူးလည်း အများကြီးတင်ပါတယ်… ဒါပေမယ့် ချင်အာမှာ ဆရာတစ်ယောက် ရှိပြီးပါပြီ… ပြီးတော့ နတ်ဘုရားအရင်းအမြစ်အတွက်ကတော့ စီနီယာ ကောင်းကင်ဘုရင် မြူခိုးကို ဒုက္ခမပေးချင်ပါဘူး… ဒါကြောင့် ယဉ်ကျေးစွာ ငြင်းပယ်ပါရစေ…”

စစ်ထူချင်၏ စိတ်ပိုင်းဖြတ်ထားသော အမူအရာကိုမြင်လျှင် ကောင်းကင်ဘုရင် မြူခိုးတစ်ယောက် သက်ပြင်းချရုံသာ တတ်နိုင်တော့၏။

သို့သော် စိတ်ထဲတွင်မူ စစ်ထူချင် ဆရာဆိုသူအား တိတ်တဆိတ် ကျိန်ဆဲမိလိုက်သည်။

ထို့နောက် သူမ လက်ဝှေ့ယမ်းလိုက်ပြီး ပါရမီရှင်များ စုရုံးခြင်းအတွက် ပါ၀င်မည့်လူများအား ဟွမ်ဖူမိသားစုမှ အထူးပြုလုပ်ထားသည့် တိုက်ခိုက်ရေး လျှို့ဝှက်နယ်မြေငယ်လေးအတွင်းသို့ စေလွှတ်ရန် ပြင်လိုက်၏။

ထို့အပြင် စစ်ထူချင်နှင့် ကောင်းကင်ဘုရင် မြူခိုးအကြားမှ စကားဝိုင်းမှာ တစ်ခဏသာ ကြာခဲ့သည်ဖြစ်ရာ ပတ်၀န်းကျင်မှ လူများ သတိမထားမိလိုက်ကြချေ။

ထိုအချိန်တွင် နေအလင်းရောင် မှန်ဖျော့သွားသလို ခံစားလိုက်ရသဖြင့် လူတိုင်း ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြသည်။

မူလက ကြည်လင်နေသည့် ကောင်းကင်ပြာကြီးက ယခုတွင် မှိန်ဖျော့ကာ အုံ့မှိုင်းနေပြီဖြစ်၏။

အစပိုင်းတွင် ဖြည်းညှင်းစွာ အုံ့မှိုင်းလာခဲ့ခြင်းဖြစ်ပြီး တဖြည်းဖြည်း ပို၍ လျှင်မြန်လာလေသည်။

စစ်ထူချင်နှင့် စကားပြောပြီး ကောင်းကင်ဘုရင် မြူခိုး ခေါင်းပြန်မော့လိုက်ချိန် ကောင်းကင်တစ်ခွင်အား ကီလိုမီတာ (၅)ထောင် ရှည်လျား ကျယ်ပြန့်သော တိမ်မည်းကြီးများ ဖုံးလွှမ်းနေပြီဖြစ်၏။

All Chapters