← Chapters

အခန်း (၃၆၈)

Vol. 25 Ch. 368

အခန်း (၃၆၈)

Vol. 25 Ch. 368

အလွန်ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခု ကောင်းကင်ထက်ရှိ တိမ်မဲများဆီမှ ပျံ့နှံ့လာ‌လေသည်။

“ ဒါက… ဘယ်ကောင်းကင်ဘုရင်များ‌ ရောက်လာတာလဲမသိဘူး…”

မြေပြင်မှ ကျင့်ကြံသူ တစ်ချို့က မိမိကိုယ်ကိုယ်မိမိ မထိန်းနိုင်ပဲ ရေရွတ်လိုက်မိကြသည်။

သူတို့ စိတ်ထဲတွင် လက်ရှိရောက်လာသူမှာ ဟွမ်ဖူကလန်၏ မဟာမိတ်များထဲမှ ကောင်းကင်ဘုရင်တစ်ယောက်ဖြစ်သည်ဟု ယုံကြည်နေကြ၏။

ထို့ကြောင့် အားလုံး စိတ်အေးလက်အေးဖြင့် ရှိနေကြကာ တစ်ယောက်တစ်ပေါက်စီ ခန့်မှန်းနေကြ၏။

သူတို့ ဤနေရာသို့ လာရောက်ရခြင်းရည်ရွယ်ချက်မှာ လက်ရှိမျိုးဆက်မှ ပါရမီရှင်များအား ကြည့်ရှုရန်အတွက်သာ ဖြစ်သည်။ သို့သော် ဤမျှ များပြားသော ကောင်းကင်ဘုရင်များအား မြင်တွေ့ရန် လုံးဝမမျှော်လင့်ထားခဲ့ချေ။

ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူ ဆိုသည်မှာ အင်အားစုကြီးများအတွက်ပင် အရေးပါဆုံး အဖွဲ့ဝင်များဖြစ်ကြောင်း သိထားရန် လိုအပ်သည်။

တစ်ချို့ အဆင့်နိမ့်ကျင့်ကြံသူများအနေဖြင့် တစ်ဘဝလုံး ကောင်းကင်ဘုရင်တစ်ယောက်အား မတွေ့ခဲ့ဖူးကြချေ။

သို့သော် ယနေ့တွင် ကောင်းကင်ဘုရင် (၃) ယောက် ကိုမြင်တွေ့ခဲ့ရပြီး မကြာခင် ထိုထက်များသော ကောင်းကင်ဘုရင်များကို တွေ့မြင်နိုင်ချေရှိသည်။

ဤမြင်ကွင်းတစ်ခုတည်းဖြင့်ပင် နှစ်ပေါင်းများစွာတိုင်အောင် ထုတ်ကြွားသွားရန် လုံလောက်၏။

သို့သော် ထို စိတ်ကူးနှင့် သဘောထားများမှာ အဆင့်နိမ့်ကျင့်ကြံသူများအတွက်သာ ဖြစ်သည်။

အဇူရာနဂါးမြို့မှ မြို့အရှင် ၊ ကောင်းကင်ဘုရင်ချီ နှင့် ကောင်းကင်ဘုရင် ပိုင်ထန် တို့ကမူ ထိုသို့မဟုတ်ပေ။

ကောင်းကင်ထက်မှ တိမ်မဲများထံမှ အငွေ့အသက်များကို ခံစားမိလိုက်ပြီးနောက် သူတို့အမူအယာများ ပြောင်းလဲသွားခဲ့ကြသည်။

လေ့ကျင့်ရေးကွင်းပြင်၌ လှုပ်ရှားမှုများအား စောင့်ကြည့်နေသည့် ရွှမ်ယီလည်း တိမ်မဲများထံမှ အငွေ့အသက်တစ်ချို့ကို ချက်ချင်းခံစားမိခဲ့၏။

သို့သော် သူက စတင်တိုက်ခိုက်ခဲ့ခြင်းမရှိချေ။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ဤနေရာတွင် ရှိနေသည်ဖြစ်ရာ ဆက်စောင့်ကြည့်နေ၍လည်း ကိစ္စမရှိချေ။

သို့သော် ကောင်းကင်ဘုရင် (၃) ယောက်ကမူ ရွှမ်ယီကဲ့သို့ ငြိမ်သက်ခြင်းမရှိချေ။

သူတို့အားလုံး ကောင်းကင်ဘုရင် ကျောင်းကျီထံမှ သတင်းစကားကို လက်ခံရရှိခဲ့ကြသောကြောင့် ဤနေရာသို့ အပြေးရောက်လာခဲ့ကြခြင်းဖြစ်သည်။

ဟွမ်ဖူမိသားစုနှင့် ရန်ဘက်ဖြစ်ခဲ့ကြသော ရှေးဟောင်းဘုရင်များ မြေအောက်နန်းတော်မှ လွတ်မြောက်လာပြီဖြစ်ရာ သူတို့အနေဖြင့် အချိန်မရွေး ဟွမ်ဖူမိသားစုထံသို့ ရောက်လာနိုင်သည်။

ဟွမ်ဖူမိသားစုအနေဖြင့် နှစ်ပေါင်းများစွာ တည်တံ့လာရာ မိတ်ဆွေများစွာ ရှိရုံသာမက ရန်သူအများအပြားလဲရှိသည်။

သို့သော် ဟွမ်ဖူမိသားစု ဤတစ်ကြိမ်တွင် ကံမကောင်းတော့ပေ။

မြေအောက်နန်းတော်မှ ရှေးဟောင်း ကောင်းကင်ဘုရင် (၃) ယောက် ဟွမ်ဖူ မိသားစုထံသို့ ရောက်လာချေပြီ။

“ ဟွမ်ဖူ မိသားစုကို ငါတို့ ဒီနေ့ ဖျက်ဆီးမှာ… ဟွမ်ဖူ မိသားစုနဲ့ မဆိုင်တဲ့သူတွေ ချက်ချင်းထွက်သွားကြစမ်း… မဟုတ်ရင် အားလုံး အသတ်ခံရမယ်…”

ကောင်းကင်ထက်ရှိ တိမ်မဲများ ကြားမှ ‌မိုးခြိမ်းသံကဲ့သို့ စကားသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ ဘာတွေဖြစ်နေတာလဲ… ဟွမ်ဖူမိသားစုရဲ့ ရန်သူရောက်လာတာလား… ဟွမ်ဖူမိသားစုမှာ ကောင်းကင်ဘုရင်အဆင့်က ရန်သူတွေ ရှိတယ်ပေါ့…”

အဆင့်နိမ့်ကျင့်ကြံသူများအားလုံး တုန်လှုပ်သွားကြပြီး အုတ်အော်သောင်းတင်း ဖြစ်သွားလေသည်။ သို့သော် ထိုအထဲမှ တစ်စုံ‌တစ်ယောက်က လျှင်မြန်စွာဖြေကြားလိုက်၏။

“ ဒါက ဒီဘက်ခေတ်ရဲ့ ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူမဟုတ်ဘူး ရှေးဟောင်း ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူပဲ… သူတို့က ဟွမ်ဖူမိသားစုကို လက်စားချေဖို့ ရှေးဟောင်းစစ်မြေပြင်က လာကြတာ…”

ဝုန်း….

အဇူရာနဂါးမြို့တော်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွား၏။

“ရှေးဟောင်းကောင်းကင်ဘုရင်…”

မူလဒေသအနေဖြင့် မည်မျှပင် သတင်းအဆက်အသွယ်နည်းပါးသည်ဖြစ်စေကာမူ ယခုတွင် ပြင်ပမှ ကျင့်ကြံသူများ အစီအရီ ဝင်ရောက်လာကြသည်ဖြစ်ရာ လက်ရှိ ပြင်ပကမ္ဘာမှ အခြေအနေများကို သိရှိခဲ့ကြပြီး ဖြစ်၏။

ရှေးဟောင်းစစ်မြေပြင်မှ ကန့်သတ်မှုများ ပျက်ပြယ်သွားပြီး မြေအောက်နန်း‌တော်များ ထွက်ပေါ်လာကာ ၎င်းတို့အတွင်း ချုပ်နှောင်ခံထားရသည့် ရှေးဟောင်းဘုရင်များ ပြန်လည်လွတ်မြောက်လာခဲ့ကြသည်။

ထိုရှေးဟောင်းဘုရင်များ၏ စွမ်းအားက အဆင့်တူတွင် ပြိုင်ဘက်ကင်းသည့်အပြင် အဆင့်ကျော်တိုက်ခိုက်နိုင်စွမ်းပင် ရှိကြသည်။

၎င်းတို့အထဲမှ တစ်ယောက်စီတိုင်းက ဒေသတစ်ခုလုံးအား တုန်ခါသွားစေနိုင်စွမ်းရှိ၏။

ရှေးဟောင်းစစ်မြေပြင် အဓိကရုန်းများဖြစ်နေသည်မှာ နှစ်ဝက်ကျော်ကြာမြင့်ခဲ့ချေပြီ။

ထိုအချိန်အတောအတွင်း တောင်ပိုင်းတိုက်ကြီးမှ ဒေသအသီးသီးရှိ ဂိုဏ်းပေါင်း (၁၀၀) ကျော်နှင့် မိသားစုပေါင်းများစွာ ဖျက်ဆီးခံခဲ့ရသည်။ သို့သော် ပြင်ပကမ္ဘာနှင့် သိပ်ပြီး အဆက်အစပ်မရှိပဲ ကင်းကွာနေသော မူလဒေသမှ ဟွမ်ဖူမိသားစု၌လည်း ထိုရှေးဟောင်းဘုရင်များနှင့် ရန်ကြွေးများရှိမည်ဟု မမျှော်လင့်ထားခဲ့ကြချေ။

“ ဒါပေမယ့်… ဒီနေရာမှာ ကျုပ်တို့ဘက်က ကောင်းကင်ဘုရင် (၃) ယောက်ရှိတယ်မဟုတ်လား… သူတို့ကို ခုခံနိုင်လောက်ပါတယ်…”

တစ်ချို့သော ကျင့်ကြံသူများက ၎င်းတို့ အမြင်များအား ထုတ်ပြောလိုက်ကြသည်။

သူတို့၏ စိတ်ခံစားချက်များက ရှေးဟောင်းကောင်းကင်ဘုရင်များထက်စာလျှင် ယနေ့ခေတ် ကောင်းကင်ဘုရင်များနှင့် ပို၍ နီးစပ်၏။

အဘယ်ကြောင့်ဆိုသော် ထိုရှေးဟောင်းကောင်းကင်ဘုရင်များ၏ လုပ်ရပ်များက အလွန်ရက်စက်ကြမ်းကြုတ်ကာ တရားမျှတမှု ကင်းကွာနေသောကြောင့်ဖြစ်သည်။

၎င်းတို့အား အရူးများဟုခေါ်ဆိုလျှင် ပိုမှန်ပေလိမ့်မည်။

အသေးအဖွဲ့ပြသနာများ ရှိလျှင်ပင် အင်အားစုများအား ဖျက်ဆီးလေ့ရှိပြီး မကြာခဏ ‌သွေးချောင်းစီးစေခဲ့ကြသည်။

ထို့အပြင် ဟွမ်ဖူမိသားစုမှ ကောင်းကင်ဘုရင် ဟွမ်ဖူပေါင်က အဆုံးမဲ့ပင်လယ် တိုက်ပွဲ၌ စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

နောက်ဆုံးတွင် သူက တောင်ပိုင်းတိုက်ကြီးမှ လူသားမျိုးနွယ်အတွက် ၎င်း၏အသက်ကို ပေးဆပ်ခဲ့သည်။

ထို့ကြောင့် ၎င်းတို့အားလုံး ဟွမ်ဖူမိသားစုဘက်မှသာ ရပ်တည်လိုကြ၏။

ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ်အရှိန်အဝါများဖြာထွက်နေသည့် ရှေးဟောင်းကောင်းကင်ဘုရင် (၃) ယောက်က အဇူရာနဂါးမြို့မှ လူသန်းပေါင်းများစွာအား ပုရွတ်ဆိတ်လေးများအလား ငုံ့ကြည့်နေကြသည်။

၎င်းတို့အထဲမှ ခရမ်းရောင်ဝတ်စုံအား ဝတ်ထားသည့် အမျိုးသားက

“ သူတို့ကို ဘာကြောင့် ထွက်သွားစေချင်နေတာလဲ… သူတို့က ဟွမ်ဖူမိသားစုရဲ့ ပါရမီရှင်စုဆောင်းခြင်းအခမ်းအနားကို လာရောက်ရဲတဲ့အတွက် ဟွမ်ဖူမိသားစုနဲ့ တစ်သားတည်းလို့ပြောလို့ရတယ်… သူတို့အားလုံး တစ်ခါတည်းသတ်ပစ်လိုက်တာမကောင်းဘူးလား… ဒါဆို ကျုပ်ရဲ့ စိတ်ဝိညာဉ် ရတနာ သန့်စင်ခြင်းမှာလည်း ပြီးပြည့်စုံစေလိမ့်မယ်…”

ထို ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသားရှေ့တွင် သွေးနီရောင်သန်းနေသည့် ကျောက်စိမ်းအိုးကြီးတစ်လုံးက အထက်အောက် ဖြည်းညှင်းစွာ စုန်ဆန်ရွေ့လျားနေပြီး ပတ်ဝန်းကျင်သို့ အုံ့မှိုင်းသော အရှိန်အဝါတစ်ခု ထုတ်လွှတ်ထားကာ ၎င်းမှနေ၍ မကျေမချမ်းသော စိတ်ဝိညာဉ်များ၏ ဒေါသတကြီး အော်သံများကို ခံစားမိနိုင်သည်။

“ စီနီယာ… ရှင့်ရဲ့လုပ်ရပ်တွေက အရမ်းလွန်နေတယ်လို့မထင်ဘူးလား…”

ထိုစကားများအား ကြားလျှင် ကောင်းကင်ဘုရင်မြူခိုး ဆက်လက်နှုတ်ဆိတ်မနေနိုင်တော့ဘဲ ကောင်းကင်ထက်သို့ ပျံတက်လိုက်ပြီး ထို (၃) ယောက်နှင့် မျက်နှာချင်းဆိုင်ရပ်လိုက်သည်။

“ အရမ်းလွန်တယ် ဟုတ်လား… အဲ့ဒီနှစ်တွေတုန်းက ငါ့ကို ဟွမ်ဖူမိသားစုအနိုင်ကျင့်တုန်းကကျတော့ ဘာလို့ ဘယ်သူမှ ဝင်မပြောခဲ့ကြတာလဲ…”

ခရမ်းရောင်ဝတ်အမျိုးသား ဟားတိုက်ရယ်မောလိုက်သည်။

ထို့နောက် သွေးနီရောင်ကျောက်စိမ်းအိုးအတွင်းမှ မီတာ (၃၀၀) ခန့်မြင့်မားသော တစ်ကောင်ထွက်ပေါ်လာပြီး သူ့ရှေ့၌ ရပ်လိုက်သည်။

“ကောင်းကင်ဘုရင်လေးတစ်ယောက်က ငါတို့ လက်စားချေမယ့်ဟာကို တားဆီးချင်နေတာလား… မင်းကိုယ်မင်း မောက်မာလွန်းတယ်လို့မထင်ဘူးလား…”

ခရမ်းဝတ်စုံဖြင့် အမျိုးသား ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ ထိုအခါ သွေးနီရောင် ကျောက်စိမ်းအိုးက အနည်းငယ်လှုပ်ယမ်းသွားပြီး ၎င်းမှ ငရဲချီစွမ်းအင်ကြိုးများထွက်ပေါ်လာကာ ကောင်းကင်ဘုရင်မြူခိုးအား ရစ်ပတ်လိုက်သည်။

“မင်းလာနောက်နေတာလား…”

ခရမ်းရောင်ဝတ်အမျိုးသား တိုက်ခိုက်တော့မည့်အချိန်တွင် အောက်ဘက်မှ အမျိုးသားတစ်ယောက်၏ လှောင်ပြောင်သံထွက်ပေါ်လာသည်။

All Chapters