← Chapters

အခန်း (၃၆၉)

Vol. 25 Ch. 369

အခန်း (၃၆၉)

Vol. 25 Ch. 369

ထိုနေရာတွင် ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ယောက်ရှိနေခဲ့ပြီး ‌တစ်ယောက်က လက်ထဲတွင် ပြသာဒ်တစ်ခုအား ကိုင်ဆောင်ထားပြီး နောက်တစ်ယောက် လက်ထဲတွင်မူ ရှေးဟောင်းကျမ်းစာအုပ်တစ်အုပ်အား ကိုင်ဆောင်ထားလေသည်။ သူတို့နှစ်ယောက်၏နောက်တွင် ကမ္ဘာငယ်လေးတစ်ခုဆီ လွင့်မျောနေ၏။

ကောင်းကင်ဘုရင်ချီက ခရမ်းရောင်ဝတ်အမျိုးသား၏စွမ်းအားကို တွန်းဖယ်လိုက်ပြီးနောက် လှောင်ရယ်လိုက်ကာ

“ ရှန်းဝမ် မင်း ဟိုးတုန်းက ဟွမ်ဖူမိသားစုရဲ့ ဘဏ္ဍာသိုလှောင်ခန်းကို ခိုးဝင်ဖို့ကြိုးစားခဲ့တယ်… ဒါပေမယ့် ဟွမ်ဖူမိသားစုဘိုးဘေးက မင်းကို ရှာတွေ့ခဲ့တယ်… ဒါပေမယ့် သူက မင်းရဲ့ ကောင်းမွန်တဲ့ ပါရမီအရည်အချင်းကို နှမြောလို့ ချက်ချင်းမသတ်ခဲ့ဘူးလေ… ဒါတောင်မှ အနိုင်ကျင့်တယ်လို့ ပြောဝံ့သေးတာလား…”

ကောင်းကင်ဘုရင်ပိုင်ထန်က သူ၏လက်ထဲမှ ရှေးဟောင်းစာအုပ်အား လှန်လိုက်ပြီး ခရမ်းရောင်ဝတ်အမျိုးသားနောက်မှ ရှေးဟောင်းကောင်းကင်ဘုရင် (၂) ယောက်အား ကြည့်ကာ ပြုံးလိုက်သည်။

“ အော်… ခင်များတို့ နှစ်ယောက်က ကောင်းကင်ဘုရင် ဖန်ထျန်း နဲ့ ကောင်းကင်ဘုရင် ကု တို့ကိုး…”

ထို့နောက် ပိုင်ထန်၏ အကြည့်က ခရမ်းရောင်ဝတ်အမျိုးသား အနီးတွင် ရပ်နေသော အနီရောင် ဝတ်စုံဖြင့် အဘိုးကြီးထံသို့ အရင်ရောက်သွားလေသည်။

“ ခင်ဗျားက ဘာကြောင့် ဒီလောက်ထိ မောက်မာနေရတာလဲ… ဟွမ်ဖူမိသားစုက တတိယ သခင်မလေးနဲ့ လက်ထပ်ပွဲကို ခင်ဗျားကိုယ်တိုင် အတင်းအကျပ်ဖျက်သိမ်းခဲ့တယ်.. ပြီးတော့ အသက်(၈၀၀)မှာ လူသားဘုရင်အဆင့်ကို ရောက်ခဲ့ပြီး ဟွမ်ဖူမိသားစုကို ပြန်လာပြ အရင်းအမြစ်တွေ အတင်းအကြပ်တောင်းဆိုခဲ့တယ်… ဟိုဘက်က ငြင်းလိုက်တော့ ခင်ဗျားက အငြိုးထားသွားတာပဲ…”

ဖန်ထျန်း မျက်နှာအမူအရာပြောင်းလဲသွား၏။ နဂိုက ဟန်ဆောင်မျက်နှာဖုံးများ ကွာကျသွားပြီဖြစ်ရာ ဒေါသအငွေ့အသက်များ ထွက်ပေါ်လာလေသည်။

“ ခင်ဗျားကတော့ ကုထန်ဝမ် ပဲ ဟုတ်တယ်မလား… ခင်ဗျား အရင်တုန်းက ဟွမ်ဖူမိသားစုရဲ့ သိုလှောင်ခန်းကို ခိုးဝင်ခဲ့ဖူးတယ်… အဲ့တာမှာ မိသွားတော့ သိုလှောင်ခန်းကို စောင့်ရှောက်တဲ့ ဟွမ်ဖူမိသားစုဝင် (၁၃) ယောက်ကို သတ်ခဲ့တယ်မဟုတ်လား… ဒီလို သွေးချောင်းစီးတဲ့ ကိစ္စတွေလုပ်ခဲ့မှတော့ ခင်ဗျားကို ဟွမ်ဖူမိသားစု လိုက်ဖမ်းတာ မဆန်းဘူးလေ…”

ကောင်းကင်ဘုရင်ပိုင်ထန်က ရှေးဟောင်းကောင်းကင်ဘုရင် (၃) ယောက်အား မညှာမတာ အပြစ်တင်ပြောဆိုခဲ့သည်။

သူ၏ မျက်၀န်းများလည်း နီရဲနေခဲ့၏။ ထိုရှေးဟောင်းကောင်းကင်ဘုရင် (၃) ယောက်အား ကြည့်နေသော အကြည့်များမှာ ပြင်းထန်လှသည်။

ထို ရှေးဟောင်းကောင်းကင်ဘုရင် (၃) ယောက် ရုတ်တရက် တစ်စုံတစ်ခုအား တွေးနေပုံရပြီး နဂိုတုန်းက ရက်စက်သော အကြည့်များက ငြိမ်သက်သွားခဲ့သည်။

ထို့နောက် ကောင်းကင်ဘုရင် ရှန်းဝမ်က အေးစက်စွာ ပြုံးလိုက်ပြီး

“ မင်းတို့ လက်ထဲမှာရှိတဲ့ ရတနာတွေကို အားကိုးပြီးတော့ ငါတို့ (၃) ယောက် မင်းတို့ကို ဘာမှမလုပ်နိုင်ဘူးလို့ထင်နေတာလား…”

ပိုင်ထန်တို့အဖွဲ့ လက်ထဲမှ မှော်ရတနာများအား သူသတိပြုမိခဲ့သည်။

၎င်းတို့က အဆင့် (၇) တာအိုလက်နက်အဆင့်ကို ‌မရောက်သေးသော်လည်း အဆင့် (၆) လက်နက်တစ်ခု၏ ကန့်သတ်ချက်ကို ကျော်လွန်နေပြီဖြစ်ပြီး တာအိုလက်နက်တစ်ခုနှင့် တူညီလုနီးပါးအခြေအနေသို့ ရောက်နေချေပြီ။

အကယ်၍ ထိုရတနာတစ်ခုခြင်းဆီကို နှောင်းပိုင်းကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူ (၃) ယောက် အသုံးပြုခဲ့ပါက ၎င်းမှ ထွက်ပေါ်လာသည့် စွမ်းအင်များက ကောင်းကင်ဘုရင်အဆင့်မှ အဆင့်အမြင့်ဆုံးသူများကိုပင် နောက်ဆုတ်သွားစေနိုင်စွမ်းရှိသည်။

သူ၏ စကားကို ကြားလျှင် ကျန်ရှေးဟောင်းကောင်းကင်ဘုရင် ကျင့်ကြံသူနှစ်ယောက်လည်း ပိုင်ထန်တို့လက်ထဲမှ ထူးခြားသော စိတ်ဝိညာဉ်ရတနာများအား သတိပြုမိသွား၏။

သို့သော် သူတို့ အနည်းငယ်မျှ တုန်လှုပ်သွားခြင်းမရှိချေ။ ထိုအစား သူတို့၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားပြီး လှောင်ပြောင်လိုဟန်များဖြစ်ပေါ်လာသည်။

ထိုအခါ ပိုင်ထန်တို့ (၃) ယောက်နှလုံးသားများ ချောက်နက်ထဲပြုတ်ကျသွားသည့်အလား ခံစားလိုက်ရသည်။

“ ဂုဏ်ကျက်သရေနှင့်ပြည့်စုံတော်မူသော မြင့်မြတ် အရှင်သခင်… ကျေးဇူးပြုပြီး ကျွန်ုပ်တို့ရဲ့ ရှေးဟောင်းမဟာမိတ်စွမ်းအားကို ပြသပေးတော်မူပါ… ရှေးဟောင်းဘုရင်တွေကို လာမထိသင့်ကြောင်း ကမ္ဘာတစ်ခုလုံးကို အသိပေးတော်မူပါ…”

ရှေးဟောင်းကောင်းကင်ဘုရင် (၃) ယောက် ရုတ်တရက် နောက်သို့ လှည့်လိုက်ပြီး နောက်ကွယ်မှ နေရာလွတ်သို့ ဦးညွှတ်လိုက်ကြသည်။

ဟွမ်ဖူမိသားစုဘက်မှ ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူ (၃) ယောက်၏အမူအယာများ ပြောင်းလဲသွားခဲ့ရသည်။

ရုတ်တရက် လေထဲ၌ ရေဝဲတစ်ခုပေါ်လာပြီး ၎င်းအတွင်းမှ အနက်ရောင်ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ လမ်းလျောက်ထွက်လာခဲ့သည်။

တစ်လှမ်း… နှစ်လှမ်း… သုံးလှမ်း…

ထိုထွက်ပေါ်လာသော အနက်ရောင်ပုံရိပ်က အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်းက ခြေလှမ်း (၃) လှမ်းမျှသာ လှမ်းခဲ့သော်လည်း ပတ်ဝန်းကျင်သို့ သမုဒ္ဒရာကြီးကဲ့သို့ ဖိနှိပ်နိုင်စွမ်းများ ပျံ့နှံ့သွားခဲ့သည်။

ထိုအနက်ရောင်နှင့်လူဆီမှ အရှိန်အဝါအား ခံစားမိလိုက်လျှင် ဟွမ်ဖူမိသားစုဘက်မှ ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူ (၃) ယောက် နှလုံးသားများ တုန်ခါသွားခဲ့ရသည်။

ကောင်းကင်ကိုပင် ပြိုလဲလုမတတ်ဖြစ်ပေါ်နေသည့် ဖိအားက အဖြေတစ်ခုတည်းကို ရည်ညွှန်းနေ၏။

“ တစ်ဝက်… အင်ပါယာတစ်ဝက်အဆင့်ကျင့်ကြံသူ…”

“ အိုး… မင်းကမဆိုးဘူးပဲ…”

ခန္ဓာကိုယ်တစ်ခုလုံး တောက်ပသော အရှိန်အဝါများဖြာထွက်နေသည့် အနက်ရောင်ပုံရိပ်က နောက်ဆုံးတွင် စကားစပြောလိုက်သည်။

၎င်းက မိန်းမဆန်သော( အနည်းငယ်ဂေးနေတာကိုပြောချင်တာနေမယ် ) လူငယ်တစ်ယောက်ဖြစ်သည်။ ၎င်း၏ ပုံစံအရဆိုလျှင် အသက် (၂၀) ကျော်ဝန်းကျင်သာ ရှိသေးပုံရ၏။

သို့သော် ဤနေရာမှ လူတိုင်း ထိုလူ၏ အသက်အစစ်အမှန် ထိုမျှ ဖြစ်မည်ဟု မထင်ကြပေ။

အင်ပါယာတစ်ဝက်အဆင့်…

“ စီနီယာ… စီနီယာ ဒီကို ဘာကိစ္စများရှိလို့ ရောက်လာလည်းမေးပါရစေ… စီနီယာရဲ့ ဂုဏ်ယူဖွယ်ကောင်းတဲ့ စွမ်းအားနဲ့ ဒီလို ဟွမ်ဖူမိသားစုငယ်လေးကို ခက်ခဲတဲ့အရာတွေ မလုပ်သင့်ပါဘူး…”

ကောင်းကင်ဘုရင် ပိုင်ထန် အံတင်းတင်းကြိတ်လျှက်ပြောလိုက်သည်။ သူ၏လက်ထဲ၌ ကိုင်ထားသော ကျမ်းစာအုပ်မှ နေ၍ အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ သူ့အတွက် အကာအကွယ်တစ်ခုသဖွယ်ပြောင်းလဲသွားပြီး အင်ပါယာတစ်ဝက်အဆင့်ထံမှ ထွက်ပေါ်နေသည့် ဖိအားများကို တွန်းလှန်ပေးခဲ့သည်။

“ ပြောတာကောင်းတယ်… ဒါပေမယ့် ဟွမ်ဖူမိသားစုက ကံမကောင်းဘူးလို့ပဲ ငါပြောပါရစေ…”

မိန်းမဆန်သော အမျိုးသားက ‌ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် မကြာမီ ထိုလူထံမှ ကောင်းကင်တစ်ခွင်လုံးသို့ ဟိန်းထွက်သွားစေသည့် စကားသံတစ်ခု ထွက်ပေါ်လာသည်။

“ ကျုပ်တို့ ရှေးဟောင်းမဟာမိတ်အဖွဲ့မှာ ရှေးဟောင်းဘုရင် (၁၂၇) ယောက် ၊ ရှေးဟောင်းကောင်းကင်ဘုရင် (၄၆) ယောက် နဲ့ မြင့်မြတ်တဲ့ အရှင်သခင် (၇) ယောက်ပါဝင်တယ်…”

ထို့နောက် မိန်းမဆန်သော အမျိုးသားက ကောင်းကင်ဘုရင်ပိုင်ထန်အား နက်ရှိုင်းစွာကြည့်လိုက်ပြီး အေးစက်သော အပြုံးတစ်ခုဖြင့်

“ နတ်ဘုရား အင်ပါယာတစ်ယောက်က တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးကလူတွေ သိရှိဖို့အတွက် ကောင်းကင်ဘုရင်တွေရဲ့ ဦးခေါင်း ၊ ဟွမ်ဖူမိသားစုတစ်ခုလုံးနဲ့ အဇူရာနဂါးမြို့က သန်းပေါင်းများစွာသော လူတွေရဲ့ အသက်သွေးနဲ့ ကြေငြာမယ်…”

“ ပထမ အချက်… ရှေးဟောင်းမဟာမိတ်အဖွဲ့ကို ဒီနေ့ တည်ထောင်လိုက်ပြီ…”

“ ဒုတိယအချက်… ရှေးဟောင်းဘုရင်တွေရဲ့ ဂုဏ်သိက္ခာနဲ့ပတ်သက်ပြီး လုံးဝမစော်ကားရ…”

စကားဆုံးသည်နှင့် ပိုင်ထန်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။

ရုတ်တရက် သူ၏ ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ်စွမ်းအင်များအပါအဝင် လေဟာနယ်တစ်ခုလုံး ကြပ်ခဲသွားသလို ခံစားလိုက်ရသောကြောင့်ဖြစ်၏။

သူအနည်းငယ်မျှ လှုပ်ရှား၍မရချေ။ ထိုမိန်းမဆန်သော အမျိုးသားက သူ၏နှလုံးသားအား လက်ဖြင့် လှမ်း၍ ကုတ်ဆွဲလိုက်သည်ကိုသာ အကူအညီမဲ့စွာဖြင့် စောင့်ကြည့်နေရုံသာ တတ်နိုင်သည်။

“ မလုပ်နဲ့…”

ကောင်းကင်ဘုရင်ချီ နှင့် ကောင်းကင်ဘုရင်မြူခိုးတို့ ထိုမြင်ကွင်းအား မြင်လိုက်လျှင် အပြေးအလွှား ကယ်တင်ရန် ကြိုးစားလိုက်ကြ၏။ သို့သော် သူတို့အား အင်ပါယာတစ်ဝက်အဆင့် စွမ်းအားများဖြင့် ကြားဖြတ်တားဆီးခြင်းကို ခံလိုက်ရသည်။

သူတို့တွင် ကယ်တင်ရန် အချိန်မရှိတော့ချေ။

ထိုအချိန်တွင် ကောင်းကင်ဘုရင် ပိုင်ထန်၏ လက်ထဲမှ ကျမ်းစာအုပ်က သူ၏ ပိုင်ရှင်အား ကာကွယ်ရန်အလို့ငှာ ငွေရောင်အလင်းတန်းများ ထွက်ပေါ်လာလေသည်။

သို့သော် မိန်းမဆန်သော အမျိုးသားက အသာအယာရယ်လိုက်ပြီး လက်ညိုးညွှန်လိုက်လျှင် အနက်ရောင်အလင်းတန်းတစ်ခု ပြေးထွက်သွား၏။

မျက်စိတစ်မှိတ်အတွင်း အနက်ရောင်စွမ်းအင်ကြောင့် ငွေရောင်အကာအကွယ်အလင်းတန်းများ ပျက်ဆီးသွားပြီး ၎င်း၏စွမ်းအားများကို ထုတ်ဖော်ပြသနိုင်ခြင်းမရှိတော့ချေ။ ထိုအစား မြေပေါ်သို့ တစ်စစီ ကြေမွကာ ကျသွားခဲ့၏။

ထိုမြင်ကွင်းအား မြင်လိုက်လျှင် ပိုင်ထန် စိတ်ဓာတ်ကျစွာဖြင့် သေဆုံးတော့မည့်အချိန်အား စောင့်ဆိုင်းရင်း မျက်လုံး မှိတ်ထားလိုက်တော့သည်။

သို့သော် ထိုအချိန်တွင် နဂါးဟိန်းသံကဲ့သို့ ဓါးသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာ၏။

All Chapters