← Chapters

အခန်း (၃၇၂)

Vol. 25 Ch. 372

အခန်း (၃၇၂)

Vol. 25 Ch. 372

ရွှမ်ယီ၏ ခွန်အားက သန်မာသည်မှန်သော်လည်း ဝိညာဉ်စွမ်းအင်ကမူ ကျင့်ကြံရာ၌သုံးသည့် စိတ်ဝိညာဉ်စွမ်းအားနှင့် ခြားနားသည်။

လူတစ်ယောက်၏ ဝိညာဉ်စွမ်းအင်က ကျင့်ကြံဆင့်နှင့် တိုက်ရိုက်အချိုးကျနေသည်။

ရွှမ်ယီက ကောင်းကင်ဘုရင်တစ်၀က်အဆင့်၌သာရှိသေး၏။ သူ၏ ခွန်အားမည်မျှသန်မာစေကာမူ စိတ်ဝိညာဉ်သို့ ဦးတည်တိုက်ခိုက်သည့် တိုက်ခိုက်မှုအား ခုခံရန် အလွန်ခဲယဉ်းပေလိမ့်မည်။

ထို့အပြင် ရှေးဟောင်းမဟာမိတ် အရှင်သခင်ဆိုသူက ၎င်း၏ အပြင်းထန်ဆုံးသော စိတ်ဝိညာဉ်တိုက်ခိုက်မှုအား အသုံးပြုခဲ့သည်။

သို့သော် ရွှမ်ယီက ဤအတိုင်း ငြိမ်၍ရပ်နေခြင်းသာဖြစ်ပြီး ထိုစိတ်ဝိညာဉ်တိုက်ခိုက်မှုက သူ့အပေါ်သို့ အနည်းငယ်မျှ သက်ရောက်ခြင်းမရှိပေ။

ရွှမ်ယီ အေးစက်စွာ ရယ်‌လိုက်၏။

ရွှစ်…

သူ၏ ဘယ်လက်အား မြှောက်လိုက်သည်နှင့် ရွှေရောင်အလင်းများ ထွက်ပေါ်လာပြီး ရွှေရောင် စိတ်ဝိညာဉ်ဓားငယ်လေးတစ်ချောင်း ထွက်ပေါ်လာသည်။

၎င်းက လေထုအား ထိုးခွင်းလျှင် ရှေးဟောင်းမဟာမိတ် အရှင်သခင်၏ ရင်ဘတ်သို့ ပြေး၀င်သွားလေသည်။

ရှေးဟောင်းမဟာမိတ် အရှင်သခင်၏ မျက်နှာ အမူအရာ အနည်းငယ်ပြောင်းလဲသွား၏။ ထိုဓားက သူ့အား မထိသေးသည့်တိုင်အောင် ၎င်းမှ စူးရှသော စွမ်းအားများကြောင့် နာကျင်မှု အနည်းငယ်ကို ခံစားလိုက်ရသောကြောင့်ပင်။

ဝှစ်ရှ်…

ရှေးဟောင်းမဟာမိတ် အရှင်သခင် ချက်ချင်း နောက်ဆုတ်ပြီး ထိုဓားအလင်းအား ရှောင်တိမ်းလိုက်သည်။

“ ကြည့်ရတာ ငါ မင်းကို လျှော့တွက်မိခဲ့ပုံပဲ… မင်းမှာ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ကာကွယ်နိုင်တဲ့ အကာအကွယ်ရတနာရှိမယ်လို့ မမျှော်လင့်ထားဘူး….”

သူ၏ အမြင်တွင် ထိုလူငယ်အနေဖြင့် ထိုတိုက်ခိုက်မှုအား လုံး၀ ခုခံနိုင်စွမ်းမရှိချေ။

စိတ်ဝိညာဉ် အကာအကွယ် ရတနာတစ်ခုရှိနေသောကြောင့်သာ ကာကွယ်နိုင်ခဲ့ခြင်းဖြစ်ရမည်။

ရွှမ်ယီ လှောင်ပြုံးလိုက်၏။

“ ခင်ဗျား အဲ့လိုထင်တယ်ဆိုရင် ဘာလို့ နောက်တစ်ကြိမ် ထပ်မစမ်းကြည့်တာလဲ… ကျုပ်ရဲ့ လျှို့ဝှက်ရတနာက တစ်ကြိမ်ပဲ အသုံးနိုင်တာ…”

ရှေးဟောင်းမဟာမိတ် အရှင်သခင် မျက်မှောင်ကြုတ်လိုက်မိသည်။

အစစ်အမှန် တိုက်ခိုက်နိုင်စွမ်းအရဆိုလျှင် သူ့ရှေ့မှ လူငယ်က သူ့ထက် များစွာနိမ့်ကျမည်မဟုတ်ကြောင်း သူခန့်မှန်းမိ၏။

အဘယ်ကြောင့်ဆိုသော် ထိုလူငယ်၏ စိတ်ဝိညာဉ်ဒြပ်စင် (၂၄)ခု အတွင်းမှ စွမ်းအားများက သူပိုင်ထားသည့် စွမ်းအားများနှင့် အနည်းငယ်သာ ခြားနားမှုရှိသောကြောင့်ဖြစ်သည်။

ထို့အပြင် ထိုလူငယ်က အလွန်လျှို့ဝှက်ဆန်းကျယ်လှ၏။

ထိုလူငယ်အား သူဖောက်မမြင်နိုင်ချေ။

သို့ဖြစ်ရာ သူ၏ ကျင့်ကြံမှုက ထိုလူငယ်ထက် သာလွန်နေသော်လည်း ရှေးဟောင်းမဟာမိတ် အရှင်သခင်အနေဖြင့် အနည်းငယ်မျှ စိတ်မအေးနိုင်ဖြစ်နေခဲ့၏။

မတော်တဆ ပြသနာများဖြစ်လာမည်ကို စိုးရိမ်သဖြင့် ရှေးဟောင်းမဟာမိတ် အရှင်သခင်က သူ၏ လက်များအား ရင်ဘတ်ရှေ့၌ထားကာ ဆန်းကျယ်သည့် လက်ဟန်များ ပြုလုပ်လိုက်သည်။

ဒုန်း…

တံဆိပ်တစ်ခုဖြစ်ပေါ်လာခဲ့ပြီး နက်ပြာရောင် အလင်းတန်းများ ထွက်ပေါ်လာကာ ထိုအလင်းများအောက်၌ ရှေးဟောင်းမဟာမိတ် အရှင်သခင်၏ အမျိုးသမီးဆန်သော မျက်နှာက သာမန်ထက် ပိုပြီး ထူးဆန်းသွားလေသည်။

အခြေအနေက အနည်းငယ် ကြောက်စရာကောင်းလာဟန်ရ၏။

သူ၏ ဆံပင်များက လေထဲ၌ လွင့်မျောနေပြီး မျက်၀န်းက သတ်ဖြတ်လိုစိတ်များဖြင့် ကြမ်းတမ်းခက်ထန်လာခဲ့သည်။

သူ၏ အစွမ်းထက်ဆုံး သတ်ကွက်အား အသုံးပြုလိုက်ဟန်ရသည်။

နောက်ဆုံးတွင် သူ၏ ရင်ဘတ်ရှေ့ လက်နှစ်ဖက်ကြားမှ တံဆိပ်က ရှေးဟောင်း အက္ခရာများအဖြစ် ပြောင်းလဲသွား၏။

ဘုန်း…

ထိုအချိန်တွင် ကောင်းကင်နှင့် မြေပြက်က တုန်ခါလာခဲ့သည်။ ဟွမ်ဖူမိသားစုဘက်မှ ကောင်းကင်ဘုရင်(၃) ယောက် အလွန်ထိတ်လန့်သွားကြ၏။

ရှေးဟောင်း ကောင်းကင်ဘုရင်(၃)ယောက်ပင် တိုက်ပွဲအား အနီးကပ်မကြည့်ဝံ့တော့ပေ။

အလျင်အမြန် လှုပ်ရှားလိုက်ကြပြီး အကွာအဝေးတစ်ခုခြားကာ မြေပြင်သို့ ဆင်းလိုက်ကြသည်။

“ ဒါ.. ဒါက တာအိုရုန်းလား…”

ကောင်းကင်ဘုရင် ချီနှင့် ကောင်းကင်ဘုရင်မြူခိုးတို့ ဆက်လက် မတည်ငြိမ်နိုင်တော့ပေ။ သူတို့ မျက်၀န်းများထဲ၌ ကြောက်ရွံ့မှုများ ပြည့်နှက်လာ၏။

“ ဒီ ရှေးဟောင်းကျင့်ကြံသူတွေ.. သူတို့ ရှေးဟောင်းစစ်မြေပြင်မှာ ဘယ်ဘိုအမွေအနှစ်တွေ ရခဲ့တာလဲ… သူက အင်ပါယာအဆင့်တောင်မရောက်သေးဘူးလေ.. ဒါပေမယ့် တာအိုပညာရပ်တွေရဲ့ စွမ်းအားကိုတောင် အသုံးပြုနေနိုင်ပြီလား…”

တာအိုရုန်း…

၎င်းက တာအိုအရှင်သခင်အဆင့် ကျင့်ကြံသူသာ အသုံးပြုနိုင်သော စွမ်းအားဖြစ်ပြီး ၎င်းတွင် ကြီးမြတ်သော တာအိုပါ၀င်သည်။

ဒဏ္ဍာရီများအရဆိုလျှင် တာအိုအရှင်သခင်များ၏ စကားများတွင် ကောင်းကင် စည်းမျဉ်းများ ပါ၀င်သည်ဟု ဆိုကြ၏။

စကားတစ်ခွန်းဖြင့် အင်ပါယာအဆင့်ကျင့်ကြံသူများအား သတ်ဖြတ်နိုင်သလို ဒေသကြီးတစ်ခုကိုလည်း ပျောက်ကွယ်သွားစေနိုင်စွမ်းရှိသည်။

ထိုမှတစ်ဆင့် တာအိုရုန်းများ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း မြင်တွေ့နိုင်သည်။

ထိုနှစ်ယောက်နှင့်ယှဉ်လျှင် ကောင်းကင်ဘုရင် ပိုင်ထန်က ပို၍ တည်ငြိမ်နေသေး၏။

ကောင်းကင်ဘုရင် ချီ နှင့် ကောင်းကင်ဘုရင် မြူခိုးတို့ အလွန်ထိတ်လန့်သွားသည်ကိုမြင်လျှင်

“ အဲ့တာ အစစ်အမှန် တာအိုရုန်းမဟုတ်သေးဘူး…တာအိုရုန်းကို ပုံတူပွားထားတာဘဲ….”

ဤအရာက ကမ္ဘာကြီးအား တုန်ခါသွားစေနိုင်သော ဖြစ်ရပ်တစ်ခုဖြစ်သည်။ ရှေးဟောင်းမဟာမိတ်မှ အရှင်သခင်က ရှေးဟောင်းစစ်မြေပြင်မှ အလွန်ကြောက်မက်ဖွယ်ကောင်းသော အမွေတစ်ခုအား ရရှိခဲ့သည်။

ကြောက်မက်ဖွယ် လျှို့ဝှက်ပညာရပ်တစ်ခုဖြစ်၏။

၎င်း ပုံတူတစ်ခုမျှသာ ဖြစ်သော်လည်း တုပထားသောအရာက တာအိုရုန်းဖြစ်သည်။

၎င်းက တောင်ပိုင်းတစ်ခုလုံးအား လှုပ်ခါရန် လုံလောက်နေပြီဖြစ်ပြီး အင်ပါယာအဆင့်အောက်မှ ကျင့်ကြံသူတိုင်းအား အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိ၏။

ကောင်းကင်ဘုရင် ပိုင်ထန်၏ နှုတ်ခမ်းများ တုန်ခါသွားသည်။

ထိုလျှို့ဝှက်နည်းစနစ်အား ကျော်ဖြတ်နိုင်ရန် အလွန်ခက်ခဲသည်မဟုတ်ချေ။ ၎င်းက တခြားသူများအား ဖိနှိပ်ချုပ်ချယ်နိုင်စွမ်းရှိသည့် သန့်စင်သော စွမ်းအားတစ်ခုမျှသာဖြစ်သည်။

သို့သော် ၎င်းမှ ဖောက်ထွက်လိုပါက စိတ်ဝိညာဉ်စွမ်းအား အများအပြား သုံးစွဲရန် လိုအပ်မည်ဖြစ်သည်။

သို့သော် စိတ်ဝိညာဉ်ဒြပ်စင် (၂၄) ခုသာ ရှိသော ရွှမ်ယီအနေဖြင့် ခုခံနိုင်စွမ်းရှိသော အရာမဟုတ်ပေ။

“ ဒါက နောက်ဆုံး ကောက်ရိုးတစ်မျှင်ပဲလား…”

ကောင်းကင်ဘုရင်ချီ နှင့် ကောင်းကင်ဘုရင် မြူခိုးတို့ အလွန်စိတ်ဓာတ်ကျသွားခဲ့ကြ၏။

သို့သော် ထိုအချိန်တွင် ရွှမ်ယီက အနည်းငယ်ရယ်မောလိုက်သည်။ သူက ရှေ့သို့ တစ်လှမ်းတိုးလိုက်၏။

ထို့နောက် သူ၏ တစ်ကိုယ်လုံးမှ စွမ်းအားများတွန်းကန် ထွက်ပေါ်လာ၏။ ပတ်ဝန်းကျင်မှ လေဟာနယ်များပင် ပြိုကျပျက်စီးသွားလေသည်။

ထိုအချိန်တွင် ပတ်၀န်းကျင်တစ်ခုလုံးမှ စိတ်ဝိညာဉ်စွမ်းအင်များက ၎င်းတို့အိမ်အား တွေ့ရှိသွားသည့်အလားပင်။

ရွှမ်ယီ၏ ခန္ဓာကိုယ်ရှိရာသို့ တဟုန်ထိုးပြေးဝင်လာလေသည်။

ဟင်းလင်းပြင်ဓါးနယ်မြေနှင့် မိစ္ဆာမီးတောက်နယ်မြေတို့ကလည်း ဘေးပတ်ပတ်လည်သို့ တစ်ပြိုင်နက်တည်း ပျံ့နှံ့သွား၏။

ထို့အပြင် စိတ်ဝိညာဉ်စွမ်းအင်များက ရွှမ်ယီ၏ အနီးတစ်ဝိုက်တွင် သီးခြားလေဟာနယ်တစ်ခု ဖန်တီးပေးခဲ့၏။

“ ခင်များက သူများတွေကို အားသုံးပြီး ဖိနှိပ်ရတာကို နှစ်သက်တာလား… အရမ်းတိုက်ဆိုင်တာပဲ… ကျုပ်လဲအဲ့တာမျိုး အရမ်းကြိုက်တယ်…”

နယ်မြေစွမ်းအား နှစ်ခုအတွင်းမှ ရွှမ်ယီ၏ အေးစက်သော စကားသံ ထွက်ပေါ်လာသည်။

သူက ဖန်ဂျီဓါးအား ဆွဲထုတ်လိုက်၏။

ဓားထွက်ပေါ်လာသည်နှင့် ကမ္ဘာကြီးတစ်ခုလုံး အေးခဲသွားဟန်ရသည်။

အဇူရာနဂါးမြို့မှ ကျင့်ကြံသူများ အနေဖြင့် ထိုဓားထွက်ပေါ်လာသည်နှင့် နဂိုက တင်းကျပ်နေသော လေထုက ပြေလျော့သွားသည်ဟု ခံစားမိလိုက်ကြ၏။

သို့သော် ရှေးဟောင်းမဟာမိတ်အဖွဲ့မှ လူများကမူ ၎င်းတို့ကျောရိုးတစ်လျောက်အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

၎င်းတို့ ဦးရေပြားများပင် ထုံကျဉ်သွားခဲ့ရ၏။

ရှေးဟောင်းမဟာမိတ်် အရှင်သခင်လည်း ခြွင်းချက်မဟုတ်ပေ။

All Chapters