← Chapters

အခန်း (၃၇၃)

Vol. 25 Ch. 373

အခန်း (၃၇၃)

Vol. 25 Ch. 373

သူ၏ လျှို့ဝှက်နည်းစနစ်ဖြစ်သော တာအိုရုန်း ပုံတူစွမ်းအားများက ရွှမ်ယီ၏ ပတ်ဝန်းကျင် (၃) ကီလိုမီတာ အတွင်းသို့ ဆက်လက်ဝင်ရောက်နိုင်စွမ်းမရှိချေ။

ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…?

ရှေးဟောင်းမဟာမိတ်အရှင်သခင်၏ မျက်ဝန်းများထဲ၌ ထိတ်လန့်ဟန်များထွက်ပေါ်လာလေသည်။ သူမြင်နေရသော အရာအား လုံးဝ လက်ခံနိုင်ခြင်းမရှိချေ။

ထို ဓါးအား ရုတ်တရက်ကြည့်လိုက်လျှင် အလွန်အစွမ်းထက်မည်ဟု မထင်ရပေ။ သာမန် မီးတောက်ဓါးတစ်ချောင်းဟုသာ ထင်မှတ်ရ၏။

သို့သော် ၎င်းက ကမ္ဘာကြီးနှင့် တစ်သားတည်း ဖြစ်နေဟန်ပေါ်သည်။

ဓါးထွက်ပေါ်လာသည်နှင့် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး တိတ်ဆိတ်သွားပြီး လောကကြီးထဲ၌ ထိုဓားတစ်ချောင်းတည်းသာ ရှိနေသည့်အလားပင်။

ထိုအရာက မည်သို့နည်း။

ရှေးဟောင်းမဟာမိတ်အရှင်သခင် စိတ်ထဲမှ ကျယ်လောင်စွာအော်ဟစ်လိုက်၏။ တစ်ခဏအကြာတွင် ဖြစ်နိုင်ချေတစ်ခုအား ရုတ်တရက်တွေးမိလိုက်သည်။

ထို ဓါးအား ကြည့်နေသော သူ၏ မျက်ဝန်းများထဲ၌ အံ့ဩမှုများမရှိတော့ပဲ ကြောက်လန့်မှုများ အစားထိုးဝင်ရောက်လာသည်။

ရှေးဟောင်းကောင်းကင်ဘုရင် (၃) ယောက်လည်း နောက်ဆုံးတွင် ထိုဓါးချက်က မည်သို့ဖြစ်သည်ကို နားလည်သွားကြ၏။

“ဓါးရည်ရွယ်ချက်… ပြီးတော့ အဲ့တာက အဆင့် (၅) ကိုတောင်ရောက်နေပြီ…”

“ ငါတို့ ဘယ်လိုတည်ရှိမှုမျိုးကို သွားပြီး ရန်စမိတာလဲ…”

“ ကျုပ်ဆီက ဓါးချက်ကို ခံယူပြီးရင် ဆက်ပြီးမောက်မာနိုင်ဦးမလား ကြည့်မယ်လို့ ကျုပ်ပြောခဲ့ပါတယ်…”

ဓါးအလင်းတန်းတစ်ခုက မိုးကုတ်စက်ဝိုင်းကြီးတစ်ခုလုံးအား ခွဲခြမ်းလိုက်သကဲ့သို့ ထွက်ပေါ်လာသည်။ ထိုဓါးအလင်းက အရှိန်အဟုန်ပြင်းစွာ တောက်လောက်နေသော နေရောင်အလားပင်။

ဝုန်း…

အနီရောင် ဓါးလင်းတန်းတစ်ခုက ကောင်းကင်အားဖြတ်သန်းသွားခဲ့သည်။

ထိုဓါးချက်ဦးတည်ရာက ရှေးဟောင်းမဟာမိတ်အရှင်သခင်နှင့် ရှေးဟောင်း ‌ကောင်းကင်ဘုရင် (၃) ယောက်တို့ထံဖြစ်၏။

သူတို့ အစွမ်းကုန်ခုခံကာကွယ်လိုက်ကြသည့်တိုင် ထိုဓါးချက်အား တားဆီးနိုင်ခဲ့ခြင်းမရှိချေ။

အနီရောင် ဓါးအလင်းက သူတို့၏ ခုခံကာကွယ်မှုများ အားလုံးကို ချိုးဖျက်သွားပြီး ခန္ဓာကိုယ်များအား ပိုင်းဖြတ်သွားလေသည်။

ဓါးတစ်ချက်…

ရှေးဟောင်းကောင်းကင်ဘုရင် (၃) ယောက်…

အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူတစ်ယောက်…

မူလဒေသမှ တိုက်ပွဲသတင်း ပြင်ပဒေသများသို့ ပျံ့နှံ့သွားသောအခါ တောင်ပိုင်းတိုက်ကြီးတစ်ခုလုံး တုန်လှုပ်သွားခဲ့ရသည်။

ရှေးဟောင်းမဟာမိတ်…!

ထိုအဖွဲ့က ရှေးဟောင်းကောင်းကင်ဘုရင်များ၏ တစ်ဝက်ကျော်ကို စုစည်းခဲ့ပြီး တိုတောင်းသောအချိန်လေးအတွင််း ဒေသကြီးများအား ပြာပြားဝပ်စေခဲ့သည်။

၎င်းတို့က အင်အားစုအများအပြားကို သုတ်သင်ရှင်းလင်းခဲ့ပြီး အလောင်းများအား တောင်တစ်လုံးကဲ့သို့ စုပုံထားကာ ရှေးဟောင်းမဟာမိတ်ဟူသည့် အမည်အား တောင်ပိုင်းတိုက်ကြီးသို့ ပဲ့တင်ထပ်သွားစေခဲ့သည်။

အနာဂတ်တွင် တောင်ပိုင်းတိုက်ကြီးက ထိုရှေးဟောင်းဘုရင်များ ကြီးစိုးသော နေရာဖြစ်လာမည်ဟု လူတိုင်းခန့်မှန်းခဲ့ကြ၏။

အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းမဟာမိတ်အဖွဲ့တွင် ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူများသာမက အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူများပင် ပါဝင်သောကြောင့်ဖြစ်၏။ ထိုအင်ပါယာတစ်ဝက်အဆင့်ကျင့်ကြံသူများအား ရှေးဟောင်းမဟာမိတ်၌ မြငိ့မြတ်သော အရှင်သခင်များဟု ခေါ်ဆိုကြသည်။

ပို၍ ကြောက်စရာကောင်းသည်မှာ ရှေးဟောင်းမဟာမိတ်အဖွဲ့၌ ရှေးဟောင်းအင်ပါယာတစ်ယောက်ပင် ပါရှိနေခြင်းဖြစ်သည်။

ထိုသတင်းမှန်သည်မှားသည် တိတိကျကျ သိရှိရခြင်းမရှိသေးသော်လည်း အင်ပါယာတစ်ဝက်အဆင့် ကျင့်ကဲ့သူ (၃) ယောက်ပါဝင်နေခြင်းကမူ အမှန်တရားဖြစ်၏။

အကယ်၍ တောင်ပိုင်းတိုက်ကြီးမှ အင်ပါယာအဆင့်ကျင့်ကြံသူတစ်ယောက်သာ မလှုပ်ရှားပါက တောင်ပိုင်းတိုက်ကြီး၌ ရှေးဟောင်းမဟာမိတ်အဖွဲ့အား ခုခံနိုင်မည့်လူမရှိပေ။

သို့သော် တုန်လှုပ်ဖွယ်သတင်းတစ်ခုက မုန်တိုင်းတစ်ခုအလား ပျံ့နှံ့လာခဲ့သည်။

လျှို့ဝှက်ဆန်းကျယ်သော ကျင့်ကြံသူတစ်ယောက်က ရှေးဟောင်းကောင်းကင်ဘုရင် (၃) ယောက်နှင့် ရှေးဟောင်းမဟာမိတ်အရှင်သခင်တစ်ယောက်အား သတ်ဖြတ်ခဲ့သည်။

သတင်းပျံ့နှံ့လာပြီး အကြာခင်မှာပဲ ရှေးဟောင်းမဟာမိတ်၏ ဂုဏ်သိက္ခာကျဆင်းသွားခဲ့သည်။

ထို လျှို့ဝှက်ဆန်းကျယ်သောလူက ကောင်းကင်ဘုရင်တစ်ဝက်အဆင့်၌သာ ရှိသေး၏။

သို့သော် ၎င်းအား လုံလောက်သော အချိန်တစ်ခုပေးပါက အင်ပါယာအဆင့်သို့ ရောက်ရှိရန် ပြသနာမရှိလောက်ပေ။

‌သွေးနံ့များပျောက်ကွယ်ခြင်းမရှိသေးသည့် ခမ်းနားထည်ဝါသော ခန်းမကြီးတစ်ခုအတွင်း၌…

ခရမ်းရောင်မျက်လုံးပိုင်ရှင် အဘိုးအို တစ်ယောက်က အေးစက်သော မျက်ဝန်းများဖြင့် သူ့ရှေ့၌ ဒူးထောက်နေသည့် ကောင်းကင်ဘုရင်တစ်ယောက်အား ကြည့်နေခဲ့သည်။

သူ့နှုတ်ဖျားမှ ထွက်ပေါ်လာသည့် စကားသံက ငရဲမှ ထွက်ပေါ်လာသည့်အလား အနှိုင်းမဲ့ အေးစက်နေလေသည်။

“ ဒီလို ရယ်စရာကောင်းတဲ့သတင်းကို ငါ့ဆီလာပို့တာလား… မင်းရော သူတို့နဲ့ လိုက်သွားချင်လို့လား…”

အလင်းဒေသမှ ဤ‌နန်းတော်ကြီးအား လွန်ခဲ့သော လဝက်တွင် ‌မီးတောက်နန်းတော်ဟူသည့် အင်အားစုတစ်စုပိုင်ဆိုင်ခဲ့သည်။

ယခုတွင်မူ ၎င်းတို့က ရှေးဟောင်းမဟာမိတ်အဖွဲ့ထံ ဖျက်ဆီးခြင်းခံခဲ့ရပြီး ဤနေရာက ရှေးဟောင်းမဟာမိတ်အဖွဲ့၏ ဌာနချုပ်ဖြစ်လာခဲ့သည်။ ထိုသို့ ပြုလုပ်ခဲ့သူက ခန်းမအတွင်း၌ ထိုင်နေသည့် ခရမ်းရောင်မျက်လုံး ပိုင်ရှင် အဘိုးအိုဖြစ်ပေသည်။

သူက ရှေးဟောင်းမဟာမိတ်အရှင်သခင် (၃) ယောက်ထဲမှ တစ်ယောက်ဖြစ်သော ကောင်းကင်ဘုရင် ဟဲဘတ် ဖြစ်၏။

သူက အင်ပါယာအဆင့်သို့ မချိုးဖျက်နိုင်သေး သော်လည်း သူ၏ စိတ်ဝိညာဉ်ဒြပ်စင်များက အလွန်ခိုင်မာနေပြီဖြစ်ကာ ရွှမ်ယီသတ်ဖြတ်ခဲ့သော အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူထက်ပင် ပို၍ မိန်းမဆန်သော ပုံစံရှိနေ၏။

ဒူးထောက်နေသော ကောင်းကင်ဘုရင်၏ နှလုံးသားများ တင်းကျပ်သွားခဲ့သည်။

သူ့ထံသို့ ကျရောက်နေသော ဖိအားများက အလွန်ကြောက်စရာ ကောင်းလှ၏။ ယခင်တုံးက အထွတ်အထိပ်ကောင်းကင်ဘုရင်တစ်ယောက်ပင်လျှင် သူ့အား ဒူးထောက်စေနိုင်ခြင်းမရှိချေ။

ယခုတွင်မူ ခေါင်းပင်မမော့ရဲဘဲ

“ အရှင်သခင်… ဒီသတင်းက အတိအကျ မှန်ကန်ပါတယ်… လုံးဝ လိမ်ညာတာမဟုတ်ပါဘူး… အဇူရာနဂါးမြို့မှာရှိတဲ့ ကျင့်ကြံသူအားလုံး အဲ့တာကို မြင်ခဲ့ကြပါတယ်…”

“ ပြီးတော့ ရွှမ်ယီ…”

“ သူက ဓါးကျင့်ကြံသူတစ်ယောက်ပဲ… ပြီးတော့ အဆင့် (၅) ဓါးရည်ရွယ်ချက်ကိုလည်း နားလည်ထားသေးတယ်…”

“ အဆင့် (၅) ဓါးရည်ရွယ်ချက်လား…”

ခရမ်းရောင်မျက်လုံး အဘိုးအို အနည်းငယ်ထိတ်လန့်သွားဟန်ရပြီး သူ၏ မျက်၀န်းများအတွင်း၌ အလင်းတန်းတစ်ခုက လျှပ်စီးတန်းတစ်ခုအလား ဖြတ်ပြေးသွားလေသည်။

ထို့နောက် ‌ဒူးထောက်နေသော ကောင်းကင်ဘုရင်ထံသို့ ကြယ်မြစ်ကြီးတစ်စင်းအလား လေးလံသော ဖိအားတစ်ခု ကျရောက်လာခဲ့သည်။ ထိုအခါ ဒူးထောက်နေသော ကောင်းကင်ဘုရင်က အနည်းငယ်မျှ နှောင့်နှေးမနေတော့ပဲ သူသိသမျှ အရာအားလုံးကို ပြောပြလိုက်သည်။

ရွှမ်မိသားစုမှ လူငယ်ခေါင်းဆောင် ၊ ဗဟို သူတော်စင်အကယ်ဒမီမှ လက်ထောက်ဌာနမှူး…

ထိုအထောက်အထားအချက်အလက်များအားလုံး ခရမ်းရောင်မျက်လုံးပိုင်ရှင် အဘိုးအိုအပေါ်အနည်းငယ်မျှ သက်ရောက်မှုမရှိချေ။ သို့သော် ရွှမ်ယီ၏ တိုက်ပွဲ၌ အောင်မြင်မှုများက သူ့အား အနည်းငယ်တုန်လှုပ်သွားစေခဲ့သည်။

ရွှမ်ယီ၏ ကျင့်ကြံမှုလမ်းကြောင်းတွင် ကြုံတွေ့ခဲ့သော ရန်သူများအားလုံးမှာ ၎င်းတို့နယ်ပယ်အသီးသီးတွင် အစွမ်းထက်ကြသူများဖြစ်ကြ၏။

သို့သော် ချို့ယွင်းချက်မဲ့စွာ တိုက်ပွဲတိုင်း၌ အံ့ဖွယ်ရလဒ်များရှိခဲ့၏။

သူက အဆုံးမဲ့ ပင်လယ်စစ်ပွဲ၌ တောင်ဝင်ပင်လယ်သားရဲမျိုးနွယ်မှ ပါရီရှင်များအား အနိုင်ယူခဲ့သည်။ ထို့နောက် ရှေးဟောင်းကျင့်ကြံသူများထွက်ပေါ်လာသည့်အချိန်တွင်လည်း ၎င်းတို့အား အပြတ်အသတ်အနိုင်ယူခဲ့၏။

ထို့အပြင် သူက ရှေးဟောင်းဘုရင်အများအပြား သတ်ဖြတ်ခဲ့ပြီး ရှေးဟောင်းဘုရင်များကို တုန်လှုပ်သွားစေခဲ့သည်။

ယခုမှ ထိုရွှမ်ယီဆိုသည့် နာမည်အား အဘယ်ကြောင့် ရင်းနှီးသလိုခံစားနေရကြောင်း ခရမ်းရောင်မျက်လုံး အဘိုးအို နားလည်သွားတော့၏။

ရှေးဟောင်းမဟာမိတ်အတွင်း၌ ရွှမ်ယီထံ အသတ်ခံရမည်ကို ကြောက်ရွံ့သဖြင့် ၀င်ရောက်လာသည့် ရှေးဟောင်း ကောင်းကင်ဘုရင်များရှိသည်။

၎င်းတို့က ရှေးဟောင်းမဟာမိတ်၏ အကာကွယ်အောက်၌ လာရောက် ခိုလှုံကြခြင်းဖြစ်၏။

‌ခရမ်းမျက်လုံး အဘိုးအိုအား အဓိက အံ့ဩသွားစေသည့် အရာမှာ ရွှမ်ယီ၏ အသက်အရွယ်ဖြစ်သည်။

ထိုလူငယ်က အသက်(၃၀)ပင် မပြည့်သေးသော်လည်း ယခုကဲ့သို့ တိုက်ခိုက်နိုင်စွမ်း ရှိနေပြီဖြစ်၏။

မူလဒေသမှ သတင်းသာ မမှားလျှင် ထိုခွန်အားက ဩချလောက်စရာပင်။

All Chapters