← Chapters

အလင်းနှင့်အမှောင် ပြောင်းလဲမှု

Vol. 36 Ch. 545

အလင်းနှင့်အမှောင် ပြောင်းလဲမှု

Vol. 36 Ch. 545

စစ်တပ်နှစ်ခုကြားမှ ခေါင်းဆောင်တပ်မှူးများ တိုက်ခိုက်ခြင်းသည် အထူးအဆန်း မဟုတ်ပေ။ သို့သော်လည်း သိကြသည့်အတိုင်းပင် အိုဆိုင်ဒန်သည် နတ်ဆိုးအရှင်သခင် အဆင့် ထိပ်သီးပိုင်းဖြစ်ပြီး ရှီရာမှာ လော့ဒ်စစ်ပွဲအတွင်း နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းသာ ရှိနေသည်။ သူတို့သည် လုံးဝ အဆင့်မတူပေ။ ထိုကဲ့သို့ အရှက်မရှိသော “စိန်ခေါ်မှု”မှာ အမှောင်လ၏ စစ်တပ် စိတ်ဓာတ်ရေးရာကို ထိခိုက်စေရန်အတွက် ကြွားလုံးထုတ်ခြင်းသာ ဖြစ်ပေသည်။

သို့သော်လည်း ယခုတစ်ခေါက်မှာ အိုဆိုင်ဒန် ကြွားလုံးထုတ်နေခြင်း မဟုတ်ပေ။ သူက ရှီရာဘက်ကို စိတ်ရှည်ရှည်နှင့် စောင့်ကြည့်နေခဲ့ပြီး ရှီရာအနီး၌ ပုန်းကွယ်နေသော အစွမ်းထက်ပုဂ္ဂိုလ်များ ရှိမနေကြောင်း သေချာသွားသည့်အခါမှသာ အကြောက်တရား မရှိဘဲ အလျင်အမြန် ရောက်ရှိလာခြင်း ဖြစ်သည်။

ငါ့ကိုဆန့်ကျင်တဲ့ တော်ဝင်မင်းသမီးကို ဖမ်းတာပဲဖြစ်ဖြစ် သတ်တာပဲဖြစ်ဖြစ် လုပ်လိုက်ရင် အမှောင်လစစ်တပ်ကို တိုက်ခိုက်စရာမလိုဘဲ အနိုင်ရသွားမှာပဲ။

အနီးအနားမှ အမှောင်လစစ်တပ်က သူတို့၏ခေါင်းဆောင် အန္တရာယ်ကျရောက် နေကြောင်း သိသည့်အတွက် အကြောက်တရားမရှိဘဲ ပြေးဝင်လာသည်။ အိုဆိုင်ဒန်က ထိုသူများ၏ ဝိုင်းရံခြင်းကိုမခံဘဲ အလင်းရောင်စီးကြောင်းတစ်ခုဖြင့် ရှီရာဆီသို့ အမြန်ပြေးလာပြီး လမ်းတစ်လျှောက်၌ သွေးများ လွင့်စင်သွားတော့သည်။

သူက ပစ်မှတ်သို့နားလာသည်နှင့် ရှေ့မှနေရာလွတ် ရုတ်တရက် ဖရိုဖရဲဖြစ်ကာ ပျက်ယွင်းသွားသည်။ ချပ်ကာအနက်ရောင် ဝတ်ဆင်ထားသော ကောင်မလေး တစ်ယောက်က အလင်းစီးကြောင်းအရှေ့တွင် ချက်ချင်း ရပ်တန့်လိုက်သည်။

“[ နဂါးနက်အမြောက် ]”

နက်ပြာရောင် ဖျက်ဆီးခြင်း စွမ်းအင်များ ရစ်ပတ်ထားသော အလွန်ကြီး‌မားသည့် အနက်ရောင်စက်လုံးက ထိုကောင်မလး၏ လက်ချောင်းထိပ်မှ အလင်းစီးကြောင်းထံ အလျင်အမြန် ပစ်လွှတ်လိုက်သည်။ အကွာအဝေး နီးကပ်လှသည့်အတွက် အလင်းစီးကြောင်းက မရှောင်တိမ်းနိုင်တော့ဘဲ အနက်ရောင် စွမ်းအင်စက်လုံးနှင့် တိုက်မိသွားတော့သည်။

ပတ်ဝန်းကျင်မြေပြင်က အပြင်းအထန် တုန်ခါသွားပြီး အလင်းစီးကြောင်းက အနက်ရောင်စက်လုံးကြောင့် နောက်သို့ တဖြည်းဖြည်း ဆုတ်သွားသည်။ လမ်းတစ်လျှောက် မြေပြင်ပေါ်၌ နက်စောက်သော တွင်းချိုင့်သဖွယ် အလွန်ကြီးမားသည့် အက်ကြောင်းတစ်ခု ပေါ်ထွက်လာသည်။ မီတာ၁၀၀အတွင်းရှိ အားနည်းသော စစ်သည်များက ကြောက်မက်ဖွယ်ရာ စွမ်းအင်ကြောင့် အငွေ့ပျံကုန်သည်။ အလင်းစီးကြောင်းက ရုတ်တရက် ရပ်တန့်သွားပြီးနောက် အရောင်မှိန်သွားကြောင်း အနီးအနားမှ လူများ ခံစားလိုက်ရသည်။ ထို့နောက် [ နဂါးနက်အမြောက် ] က အမှန်တကယ်ပင် ဗုန်းခနဲ ပျောက်ကွယ်သွားတော့သည်။

အိုဆိုင်ဒန်၏ပုံရိပ်က အလင်းစီးကြောင်းထဲမှ ထွက်လာသည်။ သူ၏ညာဘက် လက်အိတ်တွင် အငွေ့တစ်ခု ရှိနေပြီး သူ၏ပါးစပ်က သရော်ပြုံး ပြုံးလိုက်သည်။ ထင်ထားသည့်အတိုင်းပင် ထိုနဂါးနက်သာ ရှီရာအနားတွင် ကျန်နေ၏။ ထိုနဂါးနက်က နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းသို့ရောက်ရန် ခြေတစ်လှမ်းလိုနေသေးသော အလတ်ပိုင်း ဖြစ်သည်။ သို့သော်လည်း သူက နတ်ဆိုးအရှင်သခင်အဆင့် ဝါရင့် ထိပ်သီးပိုင်းဖြစ်သောသူ့ကို အနိုင်ရနိုင်ချေ လုံးဝမရှိပေ။

အိုလီဖီးရက်စ် ထိတ်လန့်သွား၏။ [ နဂါးနက်အမြောက် ] ကို ရန်သူက လက်တစ်ဖက်တည်းနဲ့ ဖျက်ဆီးခဲ့သည်။ ခွန်အားချင်းသက်သက်ဆိုရင် အိုဆိုင်ဒန်က ပါ့ဂ်လီအိုကို မီနေပြီ။

အိုလီဖီးရက်စ် ခဏတုံ့ဆိုင်းသွားပြီးနောက် ရှေ့သို့ ပျံသန်းသွားကာ အပြင်းအထန် တိုက်ခိုက်လိုက်သည်။ အိုဆိုင်ဒန်က အမြဲပင် လက်တစ်ဖက်တည်းဖြင့် တုံ့ပြန်ခဲ့သည်။

ဤလောက၌ လက်ဗလာဖြင့် တိုက်ခိုက်သော လှုပ်ရှားမှုများမှာ အဓိကအားဖြင့် ရိုးရှင်းပြီး လက်တွေ့ကျသည်။ ပုံစံအများအပြား မရှိပေ။ လက်သီးများ အသုံးများပြီး ခြေထောက်ကို အသုံးနည်းသည်။ အကြီးအကဲမိသားစုမှ နတ်ဆိုးအရှင်သခင်အဆင့် ကိုဝင်ကဲ့သို့ လက်ချောင်းတောက်သော တိုက်ခိုက်နည်းလမ်းမှာ ပို၍ပင် ရှားပါးသည်။ အိုလီဖီးရက်စ်၏ ခြေသိုင်းမှာ နှိုင်းယှဉ်ရလျှင် အလွန်ဆန်းပြားပြီး အတော်လေး မြန်လှသည်။ ရှည်လျားသော ခြေတစ်စုံက လေ‌ပွေကဲ့သို့ ဖြစ်နေသည်။ သတိတစ်ချက် လွတ်သွားကာ အိုဆိုင်ဒန်၏ ပါးရိုးကို ထိုခြေထောက်၏ဖိအားဖြင့် ရှပ်ထိသွားပြီး ပူလောင်သော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူ၏လက်က အလျင်အမြန်ပင် အိုဆိုင်ဒန်၏ ခြေတစ်ဖက်ကို ဖမ်းလိုက်ပြီးနောက် ကြောက်မက်ဖွယ်ရာ အရှိန်အဟုန် တစ်ခုဖြင့် ဖောက်ခွဲပစ်လိုက်ရာ အိုလီဖီးရက်စ် တစ်ကိုယ်လုံး လွင့်ထွက်သွား၏။ သူက စွမ်းအားကို လမ်းကြောင်းပြောင်းရန်အတွက် လေထဲ၌ နောက်ကျွမ်းထိုးလိုက်သေလည်။

အိုဆိုင်ဒန်က ဝတ်ရုံကို နောက်ဘက်သို့ စက်ဝိုင်းခြမ်းပုံစံ ဝှေ့ရမ်းသွားပြီးနောက် ကြောက်မက်ဖွယ်ရာ လေဖိအားက ဂူရာဒန်၏ ကိုယ်ပွားတစ်ယောက် အပါအဝင် အလစ်တိုက်ခိုက်သူ ၁၀၀နီးပါးကို အစအနများ ဖြစ်သွားစေသည်။ သူက အိုလီဖီးရက်စ်ကို တင်းတင်းမာမာ ပြောလိုက်သည်။ “မင်းငါ့ကို ဆက်ပြီး တားရဲမယ်ဆိုရင် တကယ် သတ်ပစ်မယ်။”

၎င်းမှာ အိုဆိုင်ဒန်က သက်ညှာတတ်၍ မဟုတ်ဘဲ ဧရာမနဂါးများမှာ ယုတ္တိတန်သောသူများ မဟုတ်သောကြောင့်ပင်။ ဒီနေ့ နဂါးကျွန်းက တစ်ယောက်ယောက် ရောက်လာခဲ့တယ်။ အဲဒီဂျူလီယာကလည်း နဂါးနက် မိသားစုကပဲ။ ဧရာမနဂါးရဲ့ အရိုးတွေအပေါ် သူ့ရဲ့ အပြုအမူကို ကြည့်ရတာ ဒီနဂါးနက်ကို ငါသတ်လိုက်ရင် ပြဿနာတွေ ပိုဖြစ်နိုင်လောက်တယ်။ ထို့ကြောင့် အိုဆိုင်ဒန်က အိုလီဖီးရက်စ်ကို နောက်ဆုတ်ရန် ပြောခဲ့ခြင်း ဖြစ်သည်။

အိုလီဖီးရက်စ်က အိုဆိုင်ဒန်နောက်ဘက်မှ သွေးပျက်ဖွယ်မြင်ကွင်းကို ကြည့်ပြီး သူ၏နှလုံးသားထဲ၌ အမုန်းတရား အငွေ့အသက်တစ်ခု ပေါ်ထွက်လာသည်။

“နဂါးတစ်ကောင် ဖြစ်ရတာက ပညာရှင် ကျင့်ဝတ်လိုအပ်တယ်လို့ အမေပြောဖူးတယ်။” လူသားအလုပ်ရှင် ကတိပေးခဲ့သော မရေမတွက်နိုင်သည့် ဆုလာဒ်များကို တွေးလိုက်ပြီး မစ်-နဂါးနက်၏ စိတ်ထဲမှ သတ္တိများ တဟုန်ထိုး တက်သွားပြီး ဆက်လက်အားတက်သွားတော့သည်။ “ဇိုလာနဲ့ ပါ့ဂ်လီအို ပြန်လာတဲ့အထိ တောင့်ခံထားနိုင်ရင် အဆင်ပြေပြီ။”

ထိုသို့စဉ်းစားပြီးနောက် အိုလီဖီးရက်စ်က သတ္တိများ ပြန်လာရရှိလာပြီး သူ၏လက်ချောင်းများ စတင်တုန်လှုပ်လာတော့သည်။ သူကြောက်နေခြင်း မဟုတ်ဘဲ တိုက်ခိုက်မှုအသစ်တစ်ခုကို အလျင်အမြန် စွမ်းအား စုစည်းနေခြင်း ဖြစ်သည်။ ပါ့ဂ်လီအို သင်ပေးခဲ့သော ထိုတိုက်ကွက်မှာ လက်ငါးချောင်းထိပ်တွင် တိုက်ခိုက်ရေးစွမ်းအားကို စုစည်းပြီး အစွမ်းအထက်ဆုံး တိုက်ခိုက်မှုကို တစ်နေရာ၌ ပစ်လွှတ်ခြင်းပင်။

နောက်ဆုတ်နေရင်း ရှီရာကို စောင့်ကြပ်ပေးနေသော မျက်နှာလွှားနှင့် အမျိုးသမီး တစ်ယောက်ကို အိုဆိုင်ဒန် မြင်လိုက်သည့်အတွက် အိုလီဖီးရက်စ်ကို မတိုက်ခိုက်တော့ပေ။ သူက ရှီရာဆီသို့ အ‌လောတကြီး အမြန်နှုန်းဖြင့် ပျံသန်းသွားလိုက်သည်။

မျက်နှာလွှားနှင့် အမျိုးသမီးက ဘယ်မျက်လုံး၌ အရောင်တောက်သွားရင်း အိုဆိုင်ဒန်ကို ကြည့်လိုက်သည်။ အိုဆိုင်ဒန်က ‌ခေါင်းထဲ၌ အနည်းငယ် နာကျင်သွားပြီး စိတ်ဝိညာဉ်စွမ်းအားကို အမြန်သုံးကာ ခုခံလိုက်ရာ တစ်စက္ကန့်အတွင်းမှာပင် ပြန်ကောင်းသွားခဲ့သည်။ သို့သော်လည်း ထိုအချိန်၌ သူ၏နောက်တွင် အိုလီဖီးရက်စ်၏ ပုံရိပ် ပေါ်ထွက်လာပြီး သူ၏ကျောဘက်ကို ကန်ထည့်လိုက်သည်။

အိုဆိုင်ဒန်က မသိစိတ်ဖြင့် နောက်သို့ လက်လှမ်းလိုက်သော်လည်း ဘာကိုမှ မကိုင်မိခဲ့ပေ။ ၎င်းမှာ ဟန်ပြတိုက်ကွက်တစ်ခု ဖြစ်နေခဲ့သည်။ ထို့နောက် မစ်-နဂါးနက်က အိုဆိုင်ဒန်၏ ဘယ်ဖက်သို့ ရောက်ရှိလာသည်။ သူ၏ လက်ငါးချောင်းက အနက်ရောင် ချည်မျှင်များ ထုတ်လွှတ်နေသော လက်သည်းအဖြစ် ပြောင်းလဲသွားပြီး စက္ကန့်ပိုင်း အတွင်းမှာပင် အိုဆိုင်ဒန်၏ နှလုံးသားကို ကုတ်ခြစ်လိုက်သည်။

အိုဆိုင်ဒန်က ထူးခြားဆန်းကြယ်သော စိတ်ဝိညာဉ်ထိခိုက်မှုကို ဖြေရှင်းရန်အတွက် စိတ်ဝိညာဉ်စွမ်းအားကို သုံးပြီးကာစသာ ဖြစ်နေသည့်အတွက် လက်ကို အလျင်အမြန်ပင် ကြက်ခြေခတ်လိုက်ရာ လက်ကောက်ဝတ်၌ တရွရွ နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။ အိုလီဖီးရက်စ်၏ လက်သည်းက လက်ကောက်ဝတ်မှ သူ၏လက်အိတ်ကို ဖောက်ထွင်းလုနီးပါး ဖြစ်သွားခြင်း ဖြစ်သည်။ အိုဆိုင်ဒန် ဟိန်းဟောက်လိုက်ရာ အိုလီဖီးရက်စ်က အဝေးသို့ လွင့်ထွက်သွားခဲ့သည်။

ထိုတိုက်ကွက်ကြောင့် အိုဆိုင်ဒန် အမှန်တကယ် ဒေါသထွက်သွားခဲ့သည်။ အိုလီဖီးရက်စ်က သွေးများအန်နေပြီး မတည်မငြိမ်နှင့် လဲကျသွားသည်။ သူက သုံးလေးလှမ်း ဒယီးဒယိုင်သွားနေရင်း မြေပြင်ပေါ်၌ ထိုင်ချလိုက်သော်လည်း သူ၏ လက်ငါးချောင်းက စုတ်ပြဲသွားခဲ့သော လက်အိတ်ကို ချိတ်မိသွားခဲ့သည်။ မစ်-ကပ်စေးနဲက အလျင်အမြန်ပင် ထိုအဖိုးတန်ပစ္စည်းကို သိုလှောင်ကိရိယာထဲ၌ သိမ်းထားလိုက်သည်။

အိုဆိုင်ဒန်က လက်ကောက်ဝတ်မှ အနီရောင်ဖျော့ဖျော့ အမှတ်များကို ကြည့်လိုက်ပြီး သူ၏မျက်နှာတွင် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်သွားခဲ့သည်။ သူ၏ လက်သီးမှ အနက်ရောင်မီးတောက်များ အရောင်တောက်လာပြီး သူ့ကိုဗဟိုပြု၍ ပြင်းထန်သော ဖျက်ဆီးခြင်း အငွေ့အသက်တစ်ခု ဖြာထွက်သွားသည်။

အိုလီဖီးရက်စ် ထိတ်လန့်သွားသည်။ သူ၏ခန္ဓာကိုယ် ဖျပ်ခနဲပျောက်သွားပြီး နဂါးနက် ခန္ဓာကိုယ်သို့ ပြောင်းလဲသွားကာ ပျံသန်းသွားရင်း အိုဆိုင်ဒန်ကို နဂါးအာငွေ့ မှုတ်ထုတ်လိုက်သည်။ အိုဆိုင်ဒန်က နဂါးအာငွေ့ကို ရှောင်တိမ်းပြီးနောက် [ မီးတောက်နက် ] ဖြင့် အုပ်မိုးထားသော လက်သီးက နဂါးနက်ကို အပြင်းအထန် ထိသွားသည်။ အခြားသူများက နဂါးနက်၏နောက်ဘက်သို့ အနက်ရောင် အရိပ်တစ်ခု လက်ခနဲ ဖြစ်သွားသည်ကိုသာ မြင်လိုက်ရပြီး “ဖုန်းဖုန်း”ဟူသော မြန်နှုန်းမြှင့် ထိုးနှက်သံများ ထွက်လာခဲ့သည်။ အနက်ရောင်နဂါး အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ ကြေးခွံအများအပြားက ကြောက်မက်ဖွယ်ရာ [ မီးတောက်နက် ] ကြောင့် အရည်ပျော်ကျ သွားခဲ့သည်။

ကြီးမားသော ခန္ဓာကိုယ်ကြောင့် တိုက်ခိုက်မှုများ ပိုခံရမည်ကို သိသည့်အတွက် နဂါးနက်က လူသားအသွင်ပြောင်းပြီး ထွက်ပြေးရန် ပြင်လိုက်သည်။ သို့သော် အိုဆိုင်ဒန်က သူ၏နောက်ကျောကို လက်သီးဖြင့် ထိုးလိုက်ပြန်သည်။ အိုလီဖီးရက်စ်က မြေပေါ်သို့ လဲကျသွားပြီး မထနိုင်တော့ပေ။

အိုဆိုင်ဒန်၏ပုံရိပ် တဖြည်းဖြည်း ဆင်းသက်လာသည်။ သူက သတ်ဖြတ်ရန် ပြင်လိုက်စဉ် ယခင် စိတ်ဝိညာဉ်လှိုင်းဒဏ်က ရုတ်တရက် သူ၏စိတ်ထဲသို့ ရောက်လာသည်။ ယခုတစ်ခေါက်၌ အိုဆိုင်ဒန် ပြင်ဆင်ထားသည့်အတွက် သက်ရောက်မှု မရှိခဲ့ပေ။ သူက လေထဲမှ မျက်နှာလွှားနှင့် အမျိုးသမီး ပစ်လွှတ်လိုက်သော ဓားမြောင်ကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူ သရော်လိုက်သည်။ “မင်းက သတ္တိတာပဲ။ မင်း တကယ်.....”

သူ စကားပြောမပြီးခင်မှာပင် လက်ထဲမှ ‌ဓားမြောင် ရုတ်တရက် ပေါက်ကွဲသွားပြီး နေရာတစ်ခုလုံးကို အစိမ်းရောင်အငွေ့များ အမြန်ပြည့်နှက်သွားသည်။ အိုဆိုင်ဒန်က အငွေ့ထဲ၌ ပါဝင်သော အန္တရာယ်ကို ခံစားမိလိုက်ပြီး အလျင်အမြန်ပင် အကာအကွယ် အားတစ်ခုသုံးလိုက်ကာ နောက်သို့ ပြန်ဆုတ်သွားလိုက်သည်။

“မြန်မြန်ပြေးတော့။”

ထိုအမျိုးသမီး အော်ဟစ်လိုက်ပြီးနောက် ရှီရာက အိုလီဖီးရက်စ်ကို ပွေ့ဖက်သွားလိုက်သည်။

အိုလီဖီးရက်စ်၏ အသိစိတ်က ပြင်းထန်သော ဒဏ်ရာကြောင့် ဝေဝါးနေခဲ့သည်။ ထိုအသံက သူ၏မှတ်ဉာဏ် နက်နက်ရှိုင်းရှိုင်းထဲမှ “မြန်မြန်‌ပြေးတော့” ဟူသော စကားတစ်ခွန်း ပါဝင်သို့ အဖြစ်အပျက်တစ်ခုသို့ ပြန်ရောက်သွားစေဟန်တူသည်။

သူက ထိုကဲ့သို့ အိပ်မက်ဆိုးမျိုးကို ခဏခဏ မက်နေခဲ့သည်။

“ကောင်မစုတ်...” ဓားမြောင်ကို ဆုပ်ကိုင်ထားခဲ့သော အိုဆိုင်ဒန်၏ ဘယ်လက်က စတင်တုန်ခါလာသည်။ ၎င်းပေါ်၌ မရေမတွက်နိုင်သော ဒဏ်ရာအသေးလေးများ ရှိနေပြီး စတင်တိုက်စားလာတော့သည်။ ဒါက အဆိပ်နဂါးရဲ့ အဆိပ်ဖြစ်မယ်။

လွန်ခဲ့သော မိနစ်အနည်းငယ်ကဆိုလျှင် ဓားမြောင်ပေါက်ကွဲသွားသည့်တိုင် အိုဆိုင်ဒန်ကို ထိခိုက်စေမည် မဟုတ်ပေ။ သို့ရာတွင် အကာအကွယ်နှင့် တိုးမြှင့် လက်အိပ်ကို အိုလီဖီးရက်စ်က ချွတ်လိုက်သည့်အတွက် ဒဏ်ရာရသွားခဲ့လေသည်။

အိုဆိုင်ဒန်က သူ၏ဘယ်လက်၌ အဆိပ်ပျံ့မည်ကို ဖိနှိပ်ရန် အကောင်းဆုံး ကြိုးစားသည်။ သူက သူ့ကိုလှည့်စားခဲ့သော မျက်နှာလွှားနှင့် အမျိုးသမီးကို မုန်းတီးသွား ခဲ့သည်။ သူက ထိုအမျိုးသမီးဆီသို့ လေထဲမှတစ်ဆင့် လက်သီးဖြင့် ထိုးလိုက်သည်။ ထိုအမျိုးသမီးက အဓိကအခင်းအကျင်းသို့ ထွက်ပြေးသွားခဲ့သည်။ ထိုနောက်ကျသော လက်သီးက သူ့နောက်သို့ အလျင်အမြန်လိုက်လာ၏။ [ မီးတောက်နက် ] ၏ စွမ်းအားကို အဝေးမှ မထုတ်နိုင်သော်လည်း ၎င်းတွင်ပါဝင်သော နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်စွမ်းအားမှာမူ ကြောက်မက်ဖွယ်ရာ ကောင်းနေဆဲ ဖြစ်သည်။ ထိုအမျိုးသမီး၏ နောက်ကျောကို ထိသွားသောအခါ ချက်ချင်းပင် သွေးတစ်လုပ်အန်သွားပြီး မျက်နှာလွှားက အနီရောင်ပြောင်းသွား၏။ သို့သော်လည်း သူက ထိုလက်သီးချက်၏ စွမ်းအားကို အသုံးချကာ အံ့အားသင့်ဖွယ်ရာ အမြန်နှုန်းဖြင့် ထွက်ပြေးသွားတော့သည်။

အိုဆိုင်ဒန်က ထိုမိန်းမနောက်သို့ မလိုက်ဘဲ အိုလီဖီးရက်စ်ကို ပွေ့ဖက်ကာ ထွက်ပြေးနေသော ရှီရာကို ကြည့်လိုက်သည်။ သူ၏ပုံရိပ် ဖျပ်ခနဲ ပျောက်သွားပြီး ရှီရာ ရှိနေသော လူအုပ်ကြီးထဲသို့ ပျံသန်းသွားသည်။

အလွန်ကြီးမားသည့် အရည်လဲ့သော ဒိုင်းကာတစ်ခု ပေါ်ထွက်လာပြီး ရှီရာကို ကာကွယ်လိုက်သည်။ ရှီရာက မွန်ရိုးလက်အောက်ရှိ မှော်ပညာရှင်ဗိုလ်ခြေအနားသို့ ရောက်သွားခြင်း ဖြစ်သည်။ ကျန်ရှိသော မှော်ပညာရှင် ၉၀၀ခန့်က ထိုမှော်ဒိုင်းကာကို ပူးပေါင်းပြီး ဖန်တီးခဲ့ကြသည်။ အိုဆိုင်ဒန် အလောတကြီး ဖြစ်နေစေကာမူ အချိန်တိုအတွင်း ဖောက်ဝင်နိုင်မည် မဟုတ်ပေ။

အိုဆိုင်ဒန်က သူ့ကို နှောင့်နှေးစေခဲ့သော နဂါးနက်ကို မုန်းတီးသွားခဲ့သည်။ အဲဒီ နဂါးနက်ကြောင့်သာ မဟုတ်ရင် ငါ ရှီရာကို ချက်ချင်း ဖမ်းမိသွားပြီ။ ဒါမှမဟုတ် သတ်လိုက်ပြီ။ ဘယ်လိုလုပ် ဒီလို အလှည့်အပြောင်းတွေ အများကြီး ဖြစ်ရမှာလဲ။

အခု ရှီရာကို ဘယ်လိုပဲဖြစ်ဖြစ် ငါ သတ်ရမယ်။ မဟုတ်လို့ရှိရင် အဆိပ်နဂါးနှင့် ပိုပြီးကြောက်စရာကောင်းတဲ့ အမျိုးသမီး ပေါ်ထွက်လာရင် ငါ့မှာ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။ မျက်နှာတင်းမာနေလျက် အိုဆိုင်ဒန်၏ နောက်ဘက်တွင် [ အထွတ်အမြတ်တောင်ပံ ] သုံးစုံ ပေါ်ထွက်လာကာ ဒိုင်းကာဆီသို့ လေထဲမှ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

လက်သီးတစ်ချက် ထိုးလိုက်တိုင်း ဒိုင်းကာ တုန်ခါသွားပြီး အနီးအနား ပတ်ဝန်းကျင်၌ အက်ကြောင်းများ ပိုမိုဖြစ်လာသည်။ လေထဲမှ ရိုမန်က အန္တရာယ်ကို ရှာတွေ့သွားပြီးနောက် ဝိုင်ဗန်ဗိုလ်ခြေကို ဦးဆောင်ကာ ကယ်တင်ရန် ချက်ချင်းသွား၏။ သို့သော်လည်း နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း၏ စွမ်းအားများမှာ အလွန်ပင် အားကောင်းလွန်းလှသည်။ ဝိုင်ဗန်တစ်ကောင်ပြီးတစ်ကောင် ပြုတ်ကျသွားကုန်သည်။ ရိုမန်က မိစ္ဆာမျက်လုံးဘုရင်၏ စွမ်းအားဖြင့် စိတ်ဝိညာဉ်ရောင်ခြည် ထုတ်လွှတ်သည်။ သို့သော်လည်း [ အထွတ်အမြတ်တောင်ပံ ] ကို အသက်သွင်းထားသော အိုဆိုင်ဒန်ကို လုံးဝ မသက်ရောက်ခဲ့ပေ။ အခြားတစ်ဖက်တွင် မိစ္ဆာမျက်လုံးစွမ်းအားက [ အလင်းအမှောင် နှလုံးသား ] ကြောင့်နှစ်ဆဖြင့် တန်ပြန်လာခဲ့သည်။ ရိုမန်နှင့် ဝိုင်ဗန်ဘုရင်တို့လည်း ကြက်သေသေသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

မှော်စက်ဝိုင်းအကာအကွယ် တဖြည်းဖြည်း သေးငယ်လာသည်။ အမှောင်လ၏ ဦးရေ တစ်ထောင်ရှိသော မှော်ပညာရှင်ဗိုလ်ခြေမှာ မူလက အရိပ်နက်အင်ပါယာမှ တတိယဗိုလ်ချုပ် ခရောဖို့ဒ်လက်အောက်မှ လက်ရွေးစင်များ ဖြစ်ကြသည်။ အကောင်းဆုံး အခြေအနေ၌ဆိုလျှင် လျို့ဝှက်နည်းလမ်းဖြင့် ပူးပေါင်းဖန်တီးထားသော အကာအကွယ်က အိုဆိုင်ဒန်၌ [ အထွတ်အမြတ်တောင်ပံ ] နှင့် [ မီးတောက်နက် ] ရှိသည့်တိုင် ကွဲကြေသွားမည် မဟုတ်ပေ။ သို့ရာတွင် မှော်ပညာရှင်များ၏ စိတ်ဝိညာဉ်စွမ်းအားများ ကုန်ခမ်းလုနီးပါးဖြစ်နေပြီး အားဖြည့်တိုးမြှင့်‌ဆေးရည်များ၏ အာနိသင်များမှာလည်း ယခုတွင် အားနည်းသွားပြီ ဖြစ်သည်။ အကာအကွယ် ဒိုင်းကာ ဖော်ပြ၍မရအောင် တုန်လှုပ်လာတော့သည်။

“ဝုန်း....” အကာကွယ်ဒိုင်းကာတစ်ခုလုံးက အိုဆိုင်ဒန်၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်၌ ပျက်စီးသွားတော့သည်။ စိတ်ဝိညာဉ်စွမ်းအား ကုန်ခမ်းသွားသော မှော်ပညာရှင်များက မြေပြင်ပေါ်သို့ ပြိုလဲကျသွားပြီး အစွန်အဖျားနားရှိ မှော်ပညာရှင် ဒါဇင်ခန့်က လက်သီးချက်၏ နောက်ဆက်တွဲကြောင့် အပိုင်းပိုင်း ဖြစ်သွားခဲ့သည်။

အကယ်၍ ဇိုလာသာ ယခုတွင် ရှီရာနှင့်အတူ ရှိနေလျှင် အခြေအနေမှာ နောက်တစ်မျိုး ဖြစ်သွားပေလိမ့်မည်။ နဂါးကျွန်းမှ ဧရာမနဂါးနှစ်ကောင် ပေါ်ထွက်လာခြင်းကို မခန့်မှန်းထားနိုင်ခဲ့မိသည်မှာ ဝမ်းနည်းစရာပင် ဖြစ်သည်။ အထူးသဖြင့် မှော်ပညာကို လုံးဝပြီးသော နဂါးနက်တစ်ကောင် ပေါ်ထွက်လာခြင်းပင် ဖြစ်လေသည်။ နဂိုက ဝှက်ဖဲတစ်ခုဖြစ်သော ဇိုလာက ယခုအချိန်တွင် “ဖယ်ထုတ်” ခံလိုက်ရသည်။ စစ်မြေပြင်မှ အပြောင်းအလဲများကို အစီအစဉ်များဖြင့် အပြည့်အဝ ထိန်းချုပ်ရန်မှာ အမှန်ပင် ခက်ခဲလှသည်။

အိုဆိုင်ဒန် အလယ်တွင် အိုလီဖီးရက်စ်ကို ထောက်ပံ့ပေးနေသော ရှီရာကို အနီးကပ် စိုက်ကြည့်လိုက်သည်။ ပိုင်နက်စွမ်းအားပါဝင်သော ဆုပ်ကိုင်မသည့် ဖိအားတစ်ခုက လူတိုင်းကို လွှမ်းမိုးသွားပြီး မလှုပ်နိုင် ဖြစ်သွားစေသည်။

“ငါမင်းကို ငါ့ရဲ့မိန်းမနဲ့ ကျေးကျွန်လုပ်ဖို့ နောက်ဆုံး အခွင့်အရေးပေးမယ်။ မင်းကို ဘုရင်မနေရာ ပေးဖို့တောင် ငါစဉ်းစားပေးလို့ရတယ်။”

“ဒီဘဝမှာ ကျွန်မကို ယောက်ျားတစ်ယောက်ကပဲ ပိုဆိုင်တယ်။” ရှီရာက သရော်ပြုံးပြုံးပြီး အိုလီဖီးရက်စ်ကို အောက်ချထားလိုက်သည်။ “ဒီနေ့ တိုက်ပွဲမှာ သေမယ့် ရှီရာ ဆိုတာပဲ ရှိမယ်။ အရှက်မဲ့ အသက်ရှင်မယ့် ဘုရင်မဆိုတာ မရှိဘူး။”

သူ၏ခန္ဓာကိုယ်၌ အနက်ရောင် မီး‌တောက်တစ်ခု စတင်တောက်လောင်လာ၏။ သူ၏ခရမ်းရောင်မျက်လုံးများက တစ်လုံးအဖြူ တစ်လုံးအမည်း ဖြစ်သွားပြီး သူ၏ နောက်ဘက်၌ အလင်းရောင်တောင်ပံနှစ်စုံ ပေါ်ထွက်လာသည်။

အိုဆိုင်ဒန် ခေါင်းခါသည်။ “[ မီးတောက်နက် ] ၊ [ အလင်းအမှောင်နှလုံးသား ] ၊ [ အထွတ်အမြတ်တောင်ပံ ] ။ မင်းက အဓိကပါရမီသုံးခုကို သ‌ဘောပေါက်နေပေမဲ့ ဒါတွေက သာမန်ပါရမီတွေပဲ။ မင်းမှာ သန္ဓေပြောင်း သွေးမျိုးဆက်တောင် မရှိဘူး။ မင်းက ဂါရမ်းရဲ့ စွမ်းအားကိုပဲ ဆက်ခံထားတာ။ လော့ဒ်တိုက်ပွဲပြီးတော့ မင်းက နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းကို ရောက်သွားတာ ငါမျှော်မှန်းထားတာထက် ကျော်လွန်နေတယ်။ ဒါပေမဲ့ ဒီစွမ်းအားနဲ့ဆိုရင် မင်းအသက်ကို လောင်ကျွမ်းရင်တောင် ဘာလုပ်နိုင်လို့လဲ။”

အိုဆိုင်ဒန် စကားပြောနေရင်း သူ၏ခန္ဓာကိုယ် ထုတ်လွှတ်နေသော ဖိအားက ချက်ချင်းပင် အဆုံးစွန်အထိ ထိုးတက်သွားသည်။ “ဒူးထောက်စမ်း။ မင်းရဲ့ စစ်တပ်ကို အညံ့ခံဖို့ ပြောလိုက်။”

အမှောင်လ၏စွမ်းအားကို သူတိုင်းသိနေကြပြီ ဖြစ်သည်။ အကယ်၍ ရှီရာက အညံ့ခံခဲ့လျှင် အမှောင်လ၏ ကြွယ်ဝမှုအကုန်နှင့် လက်ကျန်စစ်အင်အားအကုန် သူ၏ အိတ်ကပ်ထဲ‌ ရောက်သွားပေမည်။ ထို့အပြင် ရှီရာကို အသက်ရှင်လျက် ထားထားခြင်းက ကြယ်ကြွေတမန်ဓား၏ အသိအမှတ်ပြုခြင်းကို ရစေနိုင်သည်။

အခြားနည်းလမ်း အမှန်တကယ် မရှိတော့လျှင် လက်ရှိအခြေအနေ၌ သူ့ကို သတ်ခြင်းက လွယ်ကူပေလိမ့်မည်။

အဆင့်ခြားနားခြင်း၏ ကြီးမားသော ဖိအားအောက်တွင် ရှီရာ၏ဒူးခေါင်းက စတင်တုန်လှုပ်လာသည်။ သို့သော်လည်း သူက ဓားကို မြေပြင်ပေါ် အသည်းအသန် ထောက်ထားရန် ခေါင်းမာလျက် နေနေခဲ့သည်။

သူ၏အသက်ကို လောင်ကျွမ်းနေသော [ မီးတောက်နက် ] က ပိုပို၍ နီရဲလာသည်။ သူ၏ရွှေရောင်ဆံပင်များ တလွင့်လွင့်ဖြစ်နေရင်း သူ၏မျက်လုံးများမှ ထူးဆန်းသော အလင်းရောင်တစ်ခု စတင်ထုတ်လွှတ်လာသည်။ [ မီးတောက်နက် ] ရုတ်တရက်ပင် ဝှစ်ခနဲ စက်လုံးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရှီရာကို ရစ်ပတ်သွား၏။ လောင်ကျွမ်းနေသော စည်းချက်က ပို၍ပင် ထူးခြားဆန်းကြယ်လာပြီး အနီးအနားရှိ နေရာလွတ်အား လောကသဘာဝနှင့် တစ်သားတည်း ဖြစ်နေသလိုမျိုးပင် လျို့ဝှက်ဆန်းကြယ်သော စည်းချက်တစ်မျိုးဖြင့် စိမ့်ဝင်လာတော့သည်။

အိုဆိုင်ဒန်၏မျက်နှာ ပြောင်းလဲသွား၏။ “ချီးပဲ။ မင်းက တကယ်ကြီး အဆင့်တက်နေတယ်။”

သူ၏ “အကူအညီ”ကြောင့် ရှီရာ အမှန်တကယ် အဆင့်တက်တော့မည်လား။

“ဝုန်း....” အိုဆိုင်ဒန်က [ မီးတောက်နက် ] စက်လုံးကို လက်သီးဖြင့် ထိုးလိုက်‌ သော်လည်း မီးစက်လုံး မလှုပ်ရှားသွားဘဲ သူ၏လက်သီးက အလွန်ကြီးမားသော အားတစ်ခုကြောင့် တန်ပြန်သွားကာ သူ့တစ်ကိုယ်လုံး နောက်သို့ သုံးလေးလှမ်း ဆုတ်ခွာသွားရသည်။ စက်လုံးက ရုတ်တရက် အဖြူနှင့်အမည်းသို့ ပြောင်းလဲသွားပြီး ရှေးကျကာ ကျယ်ပြောသော အငွေ့အသက်တစ်ခုကို ပြသလိုက်သည်။

ထိုအငွေ့အသက်က အိုဆိုင်ဒန်၏ နှလုံးသားကို လက်သီးဖြင့် ခပ်ပြင်းပြင်း ထိုးလိုက်သည်။ သူက အကြောက်ဆုံးအရာကို မြင်လိုက်ရသကဲ့သို့ပင် တစ်ကိုယ်လုံး တုန်ခါသွားသွားတော့သည်။

[ အလင်းအမှောင်နှလုံးသား ] ရဲ့ ဒီတမူထူးခြားတဲ့အငွေ့အသက်က အတော်လေး ရင်းနှီးနေတယ်။ လော့ဒ်-သန်းခေါင်နေ။

နတ်ဆိုးဘုံမှာ ပြိုင်ဘက်မရှိတဲ့ ထိပ်တန်းအစွမ်းထက်ပုဂ္ဂိုလ်ဖြစ်တဲ့ ငါအကြောက်ဆုံး အစ်ကိုတော်။

ရှီရာရဲ့ ခန္ဓာကိုယ်မှာ ဘယ်လိုလုပ် သန်းခေါင်နေရဲ့ တမူထူးခြားတဲ့ [ အလင်းအမှောင်နှလုံးသား ] အငွေ့အသက် ရှိနေတာလဲ။ ဒါက သေချာပေါက် ဂါရမ်းရဲ့ အမွေအနှစ် မဟုတ်ဘူး။ မဟုတ်မှလွဲရော.....သန်းခေါင်နေက မသေသေးဘူးလား။

အိုဆိုင်ဒန် ချက်ချင်းပင် သိမ့်သိမ့်တုန်သွား၏။ မဟုတ်ဘူး။ သန်းခေါင်နေ ကျရှုံးသွားတာကို ငါ ကိုယ်တိုင် မတွေ့ခဲ့ရပေမဲ့ အလောင်းကို ငါ့မျက်လုံးတဲ့ မြင်ခဲ့ရတာ။ အဲဒါ လုံးဝ သေချာတယ်။ အဲဒီအချိန်က တစ်ဦးတည်းသော အသက်ရှင်ကျန်တဲ့ ဆာမီရယ် တော်ဝင်မိသားစုရဲ့ ခေါင်းဆောင် မယ်လိုလစ်‌ ပြောတဲ့အတိုင်းဆိုရင် လော့ဒ်-သန်းခေါင်နေက လူသား အစွမ်းထက်ပုဂ္ဂိုလ်ကြောင့် အသတ်ခံလိုက်ရတာ။ အခင်းဖြစ်တဲ့နေရာက လူတိုင်း သေသွားခဲ့တယ်။ မယ်လိုလစ်ကိုယ်တိုင်က နတ်ဆိုးဘုံကို ပြန်လာပြီးတော့ သိပ်မကြာခင်မှာပဲ ပြင်းထန်တဲ့ဒဏ်ရာကြောင့် သေသွားခဲ့တယ်။

လော့ဒ်-သန်းခေါင်နေ သေဆုံးသွားတာ အမှန်ပဲ ဖြစ်ရမယ်။ မဟုတ်ရန် နတ်ဆိုဘုံ စစ်တပ်က ဘယ်လိုလုပ် ရှုံးနိမ့်မှာလဲ။ ဒါပေမဲ့ သန်းခေါင်နေ သေဆုံးသွားတာကြာပြီ။ သူ့ရဲ့ အလင်းအမှောင်စွမ်းအားက နှစ်သုံးလေးရာကြာပြီးတော့ ရှီရာရဲ့ ခန္ဓာကိုယ်ပေါ်မှ ပေါ်ထွက်လာခဲ့တယ်။ ဒါကို ဘယ်လို ရှင်းပြလို့ရမှာလဲ။

ယခု ရှီရာ ထုတ်လွှတ်နေသော အလင်းအမှောင်စွမ်းအားမှာ ဂလော်ဖင်း၏ စွမ်းအားမှာ မြေဒြပ်စင်ဘုရင်က သြဇာယွမ်မြေဖြင့် အစိုင်အခဲ ပြုလုပ်ထားခြင်း ဖြစ်ကြောင်း အိုဆိုင်ဒန် မသိခဲ့ပေ။ ထိုစဉ်က ဂလော်ဖင်းသည် [အလင်းအမှောင်နှလုံးသား] စွမ်းအားဖြင့် အပြင်းအထန် ဒဏ်ရာရခဲ့သည်။ မူလဇစ်မြစ်မှာ အမှန်တကယ်ပင် လော့ဒ်- သန်းခေါင်နေ ဖြစ်သည်။

[ မီးတောက်နက် ] တဖြည်းဖြည်း ကွယ်ပျောက်သွားပြီး အလယ်မှ ရှီရာ၏ပုံရိပ်ကို ပြသလိုက်သည်။ သူ၏အနောက်ဘက်မှ [ အထွတ်အမြတ်တောင်ပံ ] လည်း သုံးစုံဖြစ်သွားပြီး အဖြူအမည်း မျက်လုံး၏ ရှေးကျပြီး ကျယ်ပြောသော အငွေ့အသက် ပျောက်ကွယ်သွား၏။ သူ၏ခန္ဓာကိုယ်တစ်ဝိုက်ရှိ စွမ်းအားတွင် လျို့ဝှက်ဆန်းကြယ်သော ပြောင်းလဲမှုတစ်ခု ရှိနေသည်။ အပေါ်ယံ အငွေ့အသက်ကို ကြည့်ရမည်ဆိုလျှင် ယခင်ကထက် အရည်အသွေးအရ ရုတ်တရက် ခုန်တက်သွားခြင်း ဖြစ်ပေသည်။

“နတ်ဆိုးအရှင်သခင်အဆင့်ပဲ။” အိုဆိုင်ဒန်က သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်သွားသည်။ ရှီရာက အသက်၂၀မှာပဲ နတ်ဆိုးအရှင်သခင်အဆင့် ရောက်သွားပြီ။ သူ့ရဲ့အလားအလာက အဆုံးမဲ့လုနီးပါးပဲ။ ပြီးတော့ လော့ဒ်-သန်းခေါင်နေဆီက ဖြစ်နိုင်တယ်လို့ သံသယရှိတဲ့ စွမ်းအားအငွေ့အသက်နဲ့ ဒီမိန်းမ ငါ့ကိုပေးတဲ့ အန္တရာယ် ခံစားချက်က များလွန်းတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါသူ့ကို အသက်ရှင်လျက် ထားထားလို့ မဖြစ်ဘူး။

All Chapters