← Chapters

အနိုင်ရသူ

Vol. 36 Ch. 531

အနိုင်ရသူ

Vol. 36 Ch. 531

မှိန်ပျပျ အလင်းရောင်များထဲတွင် ချန်လွေ့၏မျက်လုံးများ ပွင့်လာခဲ့သည်။

သူမြင်လိုက်ရသည်မှာ သပ်ရပ်သော အခန်းတစ်ခန်း ဖြစ်ပြီး ဆွဲဆောင်မှု အရှိဆုံးမှာ အိပ်ယာဘေး၌ ထိုင်နေသော ချစ်စဖွယ် အမျိုးသမီး ဖြစ်သည်။ သူက အပြာဖျော့ရောင် အသားအရေ၊ ရွှေရောင်မျက်လုံး၊ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ရှိပြီး မျက်နှာကို ပိုးဇာလွှားဖြင့် ဖုံးအုပ်ထားကာ လျို့ဝှက်ဆန်းကြယ်သော ညှို့ငင်မှုတစ်ခု ရှိနေလေသည်။

“သခင် နိုးလာပြီပဲ။”

ချန်လွေ့က ငိုက်မြည်းနေသော မျက်လုံးများကို ပွတ်သပ်လိုက်၏။ “ဂျင်းရှာ။ အဖမ်းခံထားရတဲ့သူ ဘယ်မှာလဲ။”

“အိမ်အောက်ခန်းမှာပါ။ ပိုင်နာနဲ့ ပိုင်လင်တို့ သူ့ကို စောင့်ကြည့်နေကြတယ်။”

“ငါ အိပ်နေတာ ဘယ်လောက်ကြာပြီလဲ။”

“သခင် အိပ်နေတာ နှစ်ရက်လုံးလုံး ရှိပါပြီ။”

ချန်လွေ့က သက်တောင့်သက်သာနှင့် အကြောဆန့်လိုက်သည်။ သူ မတ်တပ်ရပ်လိုက်ရာ အဝတ်အစားမရှိကြောင်း သိလိုက်ရသည်။ တိုက်ပွဲအတွင်း ထိခိုက်သွားသော သူ၏ အဝတ်အစားများအားလုံးကို ချွတ်လိုက်ပြီ ဖြစ်သည်။ ထို့နောက် သူက အလျင်အမြန်ပင် စောင်ထဲသို့ ပြန်သွားလိုက်သည်။

“သခင့်ကို ဂျင်းရှာ ပြုစုပေးရမလား။” ဂျန်းရှာက ပုံမှန်အတိုင်းမေးပြီး ပိုးဇာလွှား နောက်ကွယ်မှ ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။ မီးအိမ်တစ္ဆေများ၏ အသိစိတ်ထဲ၌ သခင်ဖြစ်သူအား ခန္ဓာကိုယ်ဖြင့် ပြုစုခြင်းမှာ သဘာဝသာ ဖြစ်သည်။

ပုံရိပ်ယောင်ထဲမှ မြင်ကွင်းတစ်ခု ချန်လွေ့၏ခေါင်းထဲ ပေါ်ထွက်လာပြီး သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုက ချက်ချင်းပင် တုံ့ပြန်လိုက်သည်။ သူက အလျင်အမြန်ပင် ခေါင်းခါပြီး ပြောသည်။ “မလိုဘူး။”

ယခုတစ်ခေါက်တွင် သူက မက်စီမိုမြို့သို့ တစ်ယောက်တည်း မလာခဲ့ပေ။ သူက မီးအိမ်တစ္ဆေများနှင့် အမှောင်နတ်ဆိုးမှလူများကို ခေါ်လာခဲ့သည်။ အချက်ပြကို လက်ခံရရှိပြီးနောက် မီးအိမ်တစ္ဆေများကို အိပ်ပျော်နေသော ချန်လွေ့ကို အမြန် ရှာတွေ့သွားသည်။ သူတို့က ချန်လွေ့နှင့် အဖမ်းခံရသူအား မြို့သစ်ရှိ ယာယီနေအိမ် တစ်ခုသို့ ရွှေ့ပြောင်းလိုက်သည်။

ချန်လွေ့ အဝတ်အစားဝတ်ပြီး တစ်ခုခုစားပြီးစဉ်မှာပင် အမှောင်နတ်ဆိုး ခေါင်းဆာင် ဘန်းနက် အလောတကြီး ဝင်လာသည်ကို မြင်လိုက်ရသည်။

“ဆာ နိုးလာပြီလား။ ကျုပ်ကလည်း ဆာ့ရဲ့ ဆုံးဖြတ်ချက် လိုအပ်နေတာနဲ့ အတော်ပဲ။ မနေ့ကတည်းက သူစိမ်းတွေအများကြီး မြို့ထဲရောက်လာပြီးတော့ လွန်ခဲ့တဲ့ နှစ်ရက်က ကျတ်တီးမြေတောင်တန်း အကြောင်းကို မေးမြန်းနေခဲ့တာ။ စုံစမ်းမှု အရတော့ ခေါင်းဆောင်က မရင်းနှီးတဲ့ ယောက်ျားတစ်ယောက်ပဲ။ ပြီးတော့ သူ့ဘေးမှာက ရုပ်ဖျက်ထားတဲ့ လော့ဒ်-စီကာလီရဲ့ ညီမ ပါလန်ဒို ရှိနေတယ်။ ဒီမြို့ကို ရောက်ပြီးကတည်းက ကျုပ်တို့ကို တစ်ဖက်က ပစ်မှတ်ထားနေတယ်။ ကျုပ်တို့ အခုပဲ ရွှေ့ပြောင်းကြမလား။”

ကျတ်တီးတောင်တန်း ပေါက်ကွဲမှု ဆိုသည်မှာ အမှန်တကယ်၌ စေတန်ကြောင့် မြေအောက်စခန်း ပျက်စီးသွားခြင်း ဖြစ်သည်။ စီကာလီ၏ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းက ဟဲရာဘီးကို ဖျက်ဆီးလိုက်သည်နှင့် ခန္ဓာကိုယ်အစစ်နှင့် ကိုယ်ပွားများ မသေသွားဘဲ တစ်ချိန်တည်းမှာပင် ဒဏ်ရာအပြင်းအထန် ရလိမ့်မည်ဟု ပြောခဲ့ဖူးသည်။ ထို့ကြောင့် စီကာလီ၏ ကိုယ်ပွားနှစ်ယောက်က ဟဲရာဘီးပျက်စီးသွားခြင်းကို သိလောက်ပြီ ဖြစ်သည်။ ထို့ပြင် အခြေစိုက်စခန်းက အလွန်ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်သွားကြောင်းကိုလည်း သူတို့ ခန့်မှန်းမိလောက်လေပြီ။ ထို့ကြောင့် မက်စီမိုမြို့သို့ ပါလန်ဒိုကို ခေါ်လာသော သူစိမ်းမှာ နာကျင်အောင်လုပ်၍ သာယာသော ကိုယ်ပွား ဖြစ်နိုင်ပေသည်။

ချန်လွေ့ ခဏလောက် စဉ်စားနေလိုက်ပြီး သူ၏စိတ်ထဲ၌ ဆုံးဖြတ်ချက်တစ်ခု ရှိနေပြီး ဖြစ်သည်။ သူက ကိစ္စတချို့ကို ဘန်းနက်အား ညွှန်ကြားလိုက်သည်။

ခဏအကြာ၌ လူတစ်ခုက အိမ်ခန်းမထဲ၌ ပေါ်ထွက်လာသည်။

ချန်လွေ့က မျက်နှာနှင့်လက်များ၌ ပြန်မကောင်းသေးသော ဒဏ်ရာ အနည်းငယ် နှင့်အတူ အလွန်အားနည်းနေဟန်တူကာ ကုလားထိုင်ပေါ်၌ ထိုင်နေသည်။ သူ၏ဘေးတွင် ဝတ်ရုံနှင့် အရပ်မြင့်သော အမျိုးသမီး သုံးလေးယောက် ရှိသည်။

“ထိုင်ပါဦး။ ဆာ-လော့ဒ်။”

သူစိမ်းမှာ အမှန်တကယ်ပင် စီကာလီ၏ နတ်ဆိုဧကရာဇ်အဆင့် ကနဦးပိုင်း ဖြစ်သည်။ သူက သက်ဆိုင်ရာ သတင်းများကို စုံစမ်းနေခြင်းသာ ဖြစ်သည်။ သို့သော်လည်း ဘန်းနက်လွှတ်လိုက်သော အဆက်အသွယ်နှင့် တွေ့လိမ့်မည်ဟု မထင်ထားခဲ့ဘဲ ထိုနေရာသို့ တစ်ခါတည်း ရောက်လာခဲ့သည်။

“ဆာ-ဖာကို။” စီကာလီ၏ မျက်နှာက မူလအတိုင်းသို့ ပြန်ပြောင်းသွားပြီးနောက် သူ၏မျက်နှာ အနည်းငယ် ဖြူဖျော့နေသည်။ “ကျုပ်က ခင်ဗျားကို လိုက်ရှာနေခဲ့တာ။”

“ခင်ဗျား အလုပ်အပ်ထားတာကို တစ်ဝက်ပဲ ပြီးတဲ့အတွက် ကျုပ် ရှက်မိပါတယ်။” ချန်လွေ့၏အသံ အားနည်းနေဟန်တူသည်။ “အခွံချွတ်ဘီးက တကယ် သူ့အလိုလို ပေါက်ကွဲသွားခဲ့တာ။”

စီကာလီ အသာလေး တုန်လှုပ်သွားသည်။ သို့သော်လည်း သူ၏မျက်လုံးများ အရောင်တောက်သွား၏။ တစ်ဝက်ပြီးသွားပြီလား။

“အဲဒီလူရော။”

“သူက ကျုပ်ရဲ့လက်ထဲမှာ ရှိပါတယ်။ ဒါပေမဲ့ ... ” ချန်လွေ့က ခါးသက်သက်ပြုံးပြီး မျက်နှာပေါ်မှ အမာရွတ်ကို လက်ညှိုးထိုးပြလိုက်သည်။ “ခင်ဗျား မြင်တဲ့အတိုင်းပဲ။ ဒီတစ်ခေါက်က ကျုပ်ထင်ထားတာထက် ပိုပြီး ခက်ခဲတယ်။ ဒဏ်ရာတွေ ပြန်ကောင်းဖို့ အတွက် အနည်းဆုံး ၆လလောက် အချိန်ယူရမှာ။”

သူ အောင်မြင်သွားကြောင်း ကြားသည့်အခါ စီကာလီ၏ တင်းမာနေသော နှလုံးသား နောက်ဆုံး၌ ပြေလျော့သွားကာ သူ၏မျက်လုံးထဲ၌ ပျော်ရွှင်မှု လက်ခနဲ ဖြစ်သည်။ “သူ ဘယ်မှာလဲ။”

“စိတ်မပူပါနဲ့။ ဆာ-လော့ဒ်။” ချန်လွေ့ ခေါင်းခါသည်။ “ပူးပေါင်းမှုနဲ့ ပတ်သက်တဲ့ ကိစ္စတချို့အကြောင်း ကျုပ်တို့ အရင်ပြောကြမလား။”

“ကိစ္စမရှိပါဘူး။ ဆာ-ဖာကိုက တာဝန်ကို လုံးဝ မပြီးခဲ့ပေမဲ့ ပြဿနာကြီးကို ဖြေရှင်းပြီးပြီလို့ ယူဆလို့ ရပါတယ်။” စီကာလီက စိတ်လှုပ်ရှားနေမှုကို ချုပ်ထိန်းရန် ပင့်သက်ရှိုက်လိုက်သည်။ သို့သော်လည်း ထိုကဲ့သို့ စိတ်သက်သာရာရမှုကို ချန်လွေ့၏ စိတ်ဝိညာဉ်စွမ်းအားမှ မဖုံးကွယ်နိုင်ခဲ့ပေ။

မူလက တကယ့်ခန္ဓာကိုယ်၏ ဝါးမျိုခြင်း ခံရတော့မည့် ထိုကိုယ်ပွားသည် ကြံရာမရ အခြေအနေ၌ ချန်လွေ့နှင့် ဆုံတွေ့ခဲ့သည်။ သူက လုံးဝ လောင်းကြေးထပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အခြေအနေက အံ့သြဖွယ်ကောင်းလောက်အောင် ပြောင်းပြန် ဖြစ်သွားမည်ဟု မထင်ထားခဲ့ပေ။ မည်သည့်အတွက်ကြောင့် သူ မပျော်ဘဲ နေမည်နည်း။

ချန်လွေ့က စကားပြောရန် ပြင်လိုက်စဉ် စီကာလီဘေးတွင် ရပ်နေသော အမျိုးသမီး တစ်ယောက်က စကားပြောလာသည်။ “ခဏနေပါဦ။ တစ်ဝက်ပဲ ပြီးသေးတဲ့ အလုပ်ကိစ္စ အကြောင်းကို မပြောနဲ့ဦး။ အနည်းဆုံးတော့ သူ့ကို ဖမ်းမိထားတယ်ဆိုတာ သက်သေပြရမယ်။ မဟုတ်ရင် ရှင့်မှာ ညှိနှိုင်းဖို့ ဘာအရည်အချင်း ရှိလို့လဲ။”

ချန်လွေ့ မျက်မှောင်ကြုတ်လိုက်ပြီး စီကာလီက ခပ်မြန်မြန် ရှင်းပြသည်။ “ဒါက ကျုပ်ရဲ့ညီမ ပါလန်ဒိုပါ။ သူက ငယ်ရွယ်ပြီးတော့ ဘာမှမသိသေးပါဘူး။ သူ ခင်ဗျားကို အာခံမိခဲ့ရင် ခွင့်လွှတ်ပေးပါ။”

“လက်စသတ်တော့ မစ်-ပါလန်ဒို ဖြစ်နေတာကိုး။ မိန်းကလေးပြောတာက အဓိပ္ပာယ်ရှိပါတယ်။ ဒါဆို....” ချန်လွေ့က ဘေးဖက်မှ မီးအိမ်တစ္ဆေများကို လက်အမူအရာ ပြသလိုက်သည်။ မီးအိမ်တစ္ဆေများ သဘောပေါက်လိုက်ပြီး လမ်းလျှာက်သွားကြသည်။ ခဏအကြာတွင် စီကာလီက ခန်းမထဲသို့ ရောက်လာသည်။ သူ၏ အသွင်အပြင်က အတော်လေး ဆိုးဝါးနေပြီး လက်နှင့်ခြေထောက်တို့ကို မှော်အချုပ်အနှောင်ဖြင့် ချုပ်နှောင်ခြင်း ခံထားရကာ သတိလစ်နေ၏။

စီကာလီ၏ကိုယ်ပွား စိတ်လှုပ်ရှားသွားပြန်သည်။ သူနှင့် တကယ့်ခန္ဓာကိုယ်အကြား အထူးဝိညာဉ်အဆက်အသွယ်တစ်ခု ရှိသည်။ သူက အရှေ့မှ သတိလစ်နေသူသည် စီကာလီ “အစစ်” ဖြစ်ကြောင်း သေချာသိနေသည်။

ပါလန်ဒို၏ ခရမ်းရောင်မျက်လုံးထဲ၌ ထူးဆန်းသော အမူအရာတစ်ခု လက်ခနဲ ဖြစ်နေရင်း အနည်းငယ် ခံစားချက် ပြင်းထန်နေခဲ့သည်။

“ဆာ-လော့ဒ်။ ဒီလူ ဟုတ်တယ် မလား။” ချန်လွေ့ ပြုံးပြီး ပြောသည်။ “ဒီလူက ဘယ်သူလဲ။ ပြီးတော့ သူ့မှာ ဘယ်လို ထူးခြားတဲ့ အသွင်ပြောင်းစွမ်းရည် ရှိလဲ ကျုပ် ဂရုမစိုက်ဘူး။ ကျုပ်ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဆာ-လော့ဒ်ကိုပဲ ကျုပ် သိတယ်။ ဒါက ကျုပ်ရဲ့စိတ်ရင်းကို ဖော်ပြလို့ လုံလောက်တယ် မဟုတ်လား။”

အတွင်းဇာတ်လမ်းများကို တစ်ဖက်လူ သတိထားမိသွားကြောင်း စီကာလီ၏ ကိုယ်ပွား သိလိုက်သည်။ ဟဲရာဘီး ပျက်စီးသွားခြင်းမှာ နှမြောစရာ ဖြစ်သော်လည်း တကယ့်ခန္ဓာကိုယ်၏ ဝိညာဉ်စွမ်းအားကို သူ ဝါးမျိုလိုက်သည်နှင့် ကိုယ်ပွားကံကြမ္မာကို ဖယ်ရှားနိုင်ပြီး တကယ့်စီကာလီ ဖြစ်လာပေမည်။ ထိုအချိန်၌ သူက “ဖာကို”၏ စွမ်းအားကို အသုံးချပြီး ကိုယ်ပွားများကို တစ်ယောက်ပြီးတစ်ယောက် ဖျက်ဆီးနိုင်ပေသည်။

“ကျွန်မကို ခွင့်လွှတ်ပေးပါ။ အန္တရာယ်ကင်းဖို့အတွက် စစ်ဆေးတာ ပိုကောင်းမယ် ထင်တယ်။” ပါလန်ဒို ရှေ့တက်လာသည်။ မီးအိမ်တစ္ဆေများက ချန်လွေ့ထံမှ အချက်ပြကို ရလိုက်သည့်အတွက် သူ့ကို မတားဆီးခဲ့ပေ။ ပါလန်ဒိုက တကယ့်ခန္ဓာကိုယ်အရှေ့တွင် သေသေချာချာ လေ့လာကြည့်နေပြီး လက်ဖြင့်ထိပြီး ဆံပင်ကိုနှုတ်၊ မီးရှို့ ပြီး အနံ့ခံကြည့်သည်။ အချိန်အတော်ကြာပြီး နောက်ဆုံး၌ သူက ခေါင်းညိတ်လိုက်သည်။

၎င်းတွင် တစ်ခုခု မှားယွင်းနေသည်ဟု စီကာလီ၏ကိုယ်ပွား မထင်ခဲ့ပေ။ သို့သော်လည်း သူသည် အလောတကြီး လုပ်ရှား၍မရကြောင်း သူသိသည်။ ပါလန်ဒို၏ မာယာက အမှန်တကယ်၌ ကြားခံအဖြစ် သတိပြုစရာတစ်ခု ဖြစ်သည်။ သူက စိတ်ကို အေးအေးထားပြီး ပြောလိုက်သည်။ “ဆာ-ဖာကို။ ကျုပ်တို့ပူးပေါင်းမှုက အတော်လေး ကောင်းမွန်တဲ့ အစတစ်ခု ဖြစ်ခဲ့တဲ့ပုံပဲ။ ခင်ဗျားက ခက်ခဲတဲ့ ပြဿနာတစ်ခုကို ကူညီပေးခဲ့တယ်ဆိုတော့ ပေးဆပ်ရမှာနဲ့ပတ်သက်ပြီး ကျုပ် တွန့်တိုနေမှာမဟုတ်ဘူး။ ကျုပ်ကို ပြောပါ။ ခင်ဗျား ဘာလိုချင်တာလဲ။”

“ဆာ-စီကာလီက တကယ့်ကို တည့်တည့်ပြောတတ်တဲ့သူပဲ။” ချန်လွေ့ ခေါင်းညိတ်ပြီး ပြောသည်။ “ကျုပ်ရဲ့ သတ်မှတ်ချက်က ဆာ-လော့ဒ်နဲ့ စာချုပ်တစ်ခု ချုပ်ပြီးတော့ ကျုပ်ရဲ့နောက်ကွယ်က အင်အားစုအတွက် ငှက်တောင်ဖြူနယ်မြေ တစ်ခုလုံးရဲ့ အင်အားကို အသုံးပြုဖို့ လိုအပ်တဲ့ အရေးကြီးကိစ္စတစ်ခုကို ပြီးစီးအောင် ကူညီပေးဖို့ပါ.....”

စီကာလီ၏ ကိုယ်ပွားက ချန်လွေ့က သွေးမြေကျမှလူအဖြစ် ထင်ထားခဲ့ပြီး ၎င်းမှာ ညီတူမျှတူ စာချုပ်ဟုသာ သူ ပြောခဲ့သည်။ “နယ်မြေတစ်ခုလုံး၏အင်အားကိုလိုအပ်သော” အရေးကြီးကိစ္စမှာ သွေးမြေကျ၏ ရူးမိုက်သောရည်ရွယ်ချက်နှင့် သက်ဆိုင်နေရပေမည်။ သို့သော်လည်း ၎င်းကို ပါလန်ဒိုနှင့် အစောင့်များအရှေ့တွင် ရှင်းပြ၍ မသင့်တော်ပေ။ သူက ချက်ချင်း ခေါင်းညိတ်လိုက်သည်။ “ဒါက ညှိနှိုင်းလို့ ရပါတယ်။ အသေးစိတ် အချက်အလက်တွေကို သီးသန့်ပြောကြတာပေါ့။”

စီကာလီက “ပူပေါင်းသည့်”အတွက် ချန်လွေ့က သိပ်ပြီး စကားမပြောရတော့ပေ။ သူ စကားပြောရင် ပြောလိုက်စဉ် ပါလန်ဒိုက တင်းတင်းမာမာနှင့် ပြောသည်။ “ဟုတ်လား။ ကျွန်မ နားထောင်လို့ရအောင် ရှင်တို့နှစ်ယောက် အခု ဆွေးနွေးတာ ကောင်းမယ်။”

စီကာလီ၏ကိုယ်ပွားက အံ့အားသင့်သွားသည်။ ပါလန်ဒို၏ ထူးဆန်းသော အမူအရာကို ကြည့်ရင်း သူ၏နှလုံးသား လှုပ်ရှားသွားခဲ့သည်။ သူက အစောင့်ကို အော်ပြောသည်။ “မစ်က နည်းနည်း ပင်ပန်းနေပြီ။ သူ့ကို အနားပေးဖို့ အရင် ခေါ်သွားလိုက်။”

အစောင့်များ တုံ့ပြန်လိုက်သော်လည်း သူတို့က ပါလန်ဒိုကို မထိခဲ့ဘဲ စီကာလီ၏ ကိုယ်ပွားဆီသို့ ပြေးဝင်သွားကြသည်။ အချို့က သတိလစ်နေသော တကယ့်ခန္ဓာကိုယ်ဆီ တည့်တည့်သွားလိုက်ကြသည်။

စီကာလီ၏ကိုယ်ပွားက ချန်လွေ့နှင့်ပတ်သက်၍ လုံးဝ သတိမလွတ်ခဲ့ပေ။ သို့သော်လည်း ပြဿနာမှာ သူ့ဘက်မှ ဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။

ကိုယ်ပွားက သူတို့ကိုတားရန် ပြင်လိုက်စဉ် သူ၏နောက်ဘက်မှ ရုတ်တရက် နာကျင်သွားသည်။ သွေးစွန်းနေသော ဓားတစ်လက် သူ၏ဝမ်းဗိုက်မှ ဖောက်ထွက် လာသည်။ ထို့နောက် သူက မယုံကြည်နိုင်စွာဖြင့် နောက်ကို လှည့်ကြည့်လိုက်သည်။ ပါလန်ဒိုက သွေးစွန်းနေသော ဓားပြာဖြင့် နောက်သို့ အလျင်အမြန် ခုန်လွှားလိုက်သည်ကို သူ မြင်လိုက်ရသည်။ အခြားတစ်ဖက်၌ ချန်လွေ့နှင့် မီးအိမ်တစ္ဆေများက ထူးဆန်းသော အခြေအနေတစ်ခု ဖြစ်နေဟန်တူသည်။ သူတို့က အစောင့်များ တကယ့်ခန္ဓာကိုယ်အား ယူသွားသည်ကို ကြည့်ရုံသာ တတ်နိုင်ကြသည်။

စီကာလီ၏ကိုယ်ပွားက သွေးထွက်နေသော ဝမ်းဗိုက်ကို အုပ်ထားရင် ယိမ်းထိုးလျက် တစ်လှမ်းနှစ်လှမ်း လျှောက်လိုက်သည်။ ထို့နောက် ဒေါသတကြီးနှင့် အော်ပြောသည်။ “မင်း ဘာလို့ ဒီလို လုပ်တာလဲ။”

“ဘာလို့ မလုပ်ရမှာလဲ။” ပါလန်ဒို၏ လှပသောမျက်နှာက ရွံရှာမှုများ အပြည့် ဖြစ်နေသည်။ “ကျွန်မ ရှင့်ကို လျို့ဝှက်ချက်တွေ အများကြီး ပြောပြတာက ရှင့်ဆီမှာ အညံ့ခံလိုက်တာလို့ ထင်တာလား။ ကစားပွဲတစ်ခုမှာ ရှင်က ကျွန်မကို သာယာမှု ပေးနိုင်ကောင်း ပေးနိုင်လိမ့်မယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ ရှင်က အစစ်အမှန် မဟုတ်ဘူး။ ဒီတစ်ခေါက် ကျွန်မက သူ့ကို စတေးခံတစ်ခုခု ပေးချင်ခဲ့တာ။ ဒါပေမဲ့ သူက ဒီလို အန္တရာယ်မျိုး ကျရောက်သွားမယ်လို့ မထင်ထားခဲ့ဘူး။ ရှင်တို့အားလုံး ပေးဆပ်ရမယ်။ အခု အပြင်ဘက်မှာ အကြောက်တရားကင်းမဲ့တဲ့ စစ်သည်တွေ ရှိနေတယ်။ ဒီနေရာကို လုံးဝ ထိန်းချုပ်ထားလိုက်ပြီ။ ရုန်းကန်ဖို့ မကြိုးစားနဲ့။ ဒါဆိုရင် လွယ်လွယ်နဲ့ သေခွင့်ပြုမယ်။”

“မင်း....” စီကာလီ၏ကိုယ်ပွား ဒေါသထွက်သွား၏။ အချိန်အတော်ကြာသည်အထိ သူသည် နာကျင်မှုကြောင့် သာယာသော ထိုမိန်းမအား ထိန်းချုပ်နိုင်ပြီဟု ထင်ခဲ့သည်။ သို့သော်လည်း သူက တစ်ဖက်လူ၏ ထိန်းချုပ်ခြင်း ခံနေခဲ့ရကြောင်းကို ယခုမှ သူသိလိုက်ရသည်။

ပါလန်ဒို၏ သရော်ပြုံးတွင် မကျေနပ်မှု ပိုများနေသည်။ “ရှင်က အတုအယောင် ကစားစရာတစ်ရုပ်ပဲ။ ကျွန်မရှင့်ကို စိတ်ကုန်နေပြီ။ ရှင့်ကို လွှင့်ပစ်ဖို့ အချိန်ပဲ။ ကျွန်မ ပြောပြမယ်။ ခုနက ကျွန်မ ‘စစ်ဆေး’နေတုန်းက အဆိပ်တစ်ခု လွှတ်ခဲ့တယ်။ ၂နာရီအတွင်း ရှင့်ရဲ့စွမ်းအားက အနိမ့်ဆုံးအထိကို ရောက်သွားလိမ့်မယ်။ ရှင့်ကို သနားစရာ ကစားစရာလေးအတွက် ကစားနေတုန်း ရှင့်ကို ကျွန်မ နာတာရှည် အဆိပ်တစ်ခု ပေးခဲ့တာ။ ခုနက ဓားချက်က အဆိပ်ကို လုံးဝ ထစေခဲ့ပြီ။ ဖြေဆေးမရှိရင် ခန္ဓာကိုယ် တစ်ခုလုံး ပုပ်ဆွေးပြီး သေသွားမှာ။”

အစောင့်များက စီကာလီ၏ ကိုယ်ပွားနှင့် ချန်လွေ့တို့ကို ပစ်ထိုးကြသည်။ ထို အစောင့်များမှာ တကယ့်ခန္ဓာကိုယ်၏ အကြောက်တရားကင်းမဲ့သော စစ်သည်များ ဖြစ်ကြသည်။ သူတို့က အားကောင်းသော တိုက်ခိုက်ရေးစွမ်းအားရှိပြီး အတော်လေး ဖြေရှင်းရ ခက်ခဲသည်။ စီကာလီ၏ကိုယ်ပွားက အပြင်းအထန် အဆိပ်မိထားသည့်အတွက် စွမ်းအားမထုတ်နိုင်ခဲ့ပေ။ အကြောက်တရားကင်းမဲ့သော စစ်သည်များ၏ ဝိုင်းရံမှုမှ လွတ်မြောက်နိုင်ရန် ခက်ခဲပေသည်။ “ဒဏ်ရာအပြင်းအထန်ရထားသော” ချန်လွေ့တွင် တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိပေ။ သူက မီးအိမ်တစ္ဆေအချို့ကို အကာအကွယ်ကိုသာ မှီခိုပြီး တိုက်ခိုက်မှုကို ခုခံနေရသည်။ သို့သော် မီးအိမ်တစ္ဆေများလည်း အဆိပ်မိသွားခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ အားနည်းချက်များ ပိုပိုထင်ရှားလာခဲ့သည်။ ချန်လွေ့၏ ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာအသစ်များ ဖြစ်လာသည်။

ပါလန်ဒိုက အသိလစ်နေသော တကယ့်ခန္ဓာကိုယ်ဆီ ရောက်လာပြီး အချုပ်အနှောင်များ ဖြည်ပေးချင်ခဲ့သည်။ သို့သော်လည်း ၎င်းကို ဇိုလာ ပြုလုပ်ထားခြင်း ဖြစ်သည်။ အထူးပညာရပ်တစ်ခု မရှိဘဲနှင့် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းပင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ပါလန်ဒို အချိန်အကြာကြီး စမ်းကြည့်သော်လည်း မအောင်မြင်သေးပေ။

ထိုအချိန်၌ ခေါင်မိုး ရုတ်တရက် ပေါက်ထွက်သွားပြီး နောက်တစ်ယောက်က သတိလစ်နေသော တကယ့်ခန္ဓာကိုယ်ဘေးတွင် ပေါ်ထွက်လာသည်။ ၎င်းမှာ နောက်ထပ် စီကာလီတစ်ယောက် ဖြစ်သည်။

နောက်ဆုံးတွင် စီကာလီ၏ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်း ကိုယ်ပွား ပေါ်ထွက်လာလေပြီ။

ပါလန်ဒို ထိတ်လန့်သွားသည်။ သူ အဆိပ်သုံးရန် ပြင်လိုက်စဉ် သံညှပ်ကဲ့သို့ လက်က သူ၏လည်ပင်းကို ညှစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် အခြားသူများ ဝိုင်းရံလာသကဲ့သို့ပင် အပြင်ဘက်မှ တိုက်ခိုက်သံများ ထွက်ပေါ်လာသည်။

ကိုယ်ပွားက သတိလစ်နေသော တကယ့်ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက အခန်းထဲသို့ လှည့်ပတ်ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။ “ကောင်းတယ်။ အားလုံး ဒီမှာ ရှိနေတာပဲ။”

ပါလန်ဒိုက သူ၏နောက်တွင် ပိုကြီးမားသော အမဲလိုက်မုဆိုးတစ်ယောက် ရှိနေမည်ဟု မထင်မှတ်ထားခဲ့ပေ။ သူက အသည်းအသန် ရုန်းကန်နေစဉ် ကိုယ်ပွားက အသာလေး ပြောသည်။ “မင်းရဲ့ အကြောက်တရားကင်းမဲ့တဲ့ စစ်သည်တွေ ကုန်တော့မယ်။ ပြီးတော့ မင်းကလည်း အသုံးမဝင်တော့ဘူး။”

ပါလန်ဒို၏မျက်လုံးထဲ၌ ကြောက်လန့်သော အမူအရာတစ်ခု ရှိနေသည်။ သူ၏ခန္ဓာကိုယ်က အနက်ရောင်မီးတောက်က လွှမ်းခြုံသွားပြီးနောက် သူ၏လည်မျိုမှ အာခေါင်ခြစ်သံတစ်သံ ထွက်ပေါ်လာသည်။ သိပ်မကြာခင် သူ၏တစ်ကိုယ်လုံး ပြာကျသွား တော့သည်။

အကြောက်တရားကင်းမဲ့သော စစ်သည်များအားလုံး တစ်ဟုန်ထိုး ပြေးဝင်လာကြသည်။ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်း ပုံရိပ်က မြန်လှသည်။ သူ သွားသောနေရာတိုင်း [ မီးတောက်နက် ] ကြောင့် အသတ်ခံလိုက်ရသော အလောင်းများ ရှိနေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အခန်းထဲမှ အကြောက်တရားကင်းမဲ့သော စစ်သည်များအားလုံး သေဆုံးသွားခဲ့ကြသည်။

နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်း၏ အဆိပ်ထလာပြီး ဒယီးဒယိုင် ဖြစ်နေကာ မတည်မငြိမ်နှင့် မတ်တပ်ရပ်နေသည်။ သူ၏ အခြားကိုယ်ပွား ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်ကိုကြည့်ရင်း မျက်လုံးများက တောင်းပန်သော အမူအရာ ပြသသည်။ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်း ကိုယ်ပွားကို သူ့ကို တစ်ချက်ကြည့်ပြီး မရပ်တန့်ခဲ့ဘဲ ချန်လွေ့ထံသို့ လမ်းလျှောက်သွားသည်။ နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းက အနည်းငယ် စိတ်သက်သာရာ ရသွားပြီး ရုတ်တရက် နောက်လှည့် လိုက်သောအခါ အခန်းတစ်ခုလုံး တုန်ခါသွား၏။

နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်း ကိုယ်ပွားက ရင်ဘတ်မှ အပေါက်ကြီးကို ကြောင်ကြည့်နေပြီး ဘုန်းခနဲ မြေပေါ်သို့ လဲကျသွားသည်။ အသက်လုံးဝ မရှိတော့ပေ။ သူ၏နောက်ဘက်တွင် ပြိုလဲနေသောနံရံနှင့် အင်အားကြီး လှိုင်းဒဏ်ကြောင့် ပျက်စီးနေသော အပိုင်းအစကြီးတစ်ခု ရှိနေသည်။

“အသုံးမကျတဲ့ သူတွေက တန်ဖိုးမရှိဘူး။ ဟုတ်တယ်မလား။ ဆာ-ဖာကို။” နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်း ကိုယ်ပွားက ချန်လွေ့အား မိတ်ဆွေဟောင်း တစ်ယောက်ကဲ့သို့ပင် ပြတ်ပြတ်သားသား ပြုံးပြသည်။ “ကျုပ် ရှင်းပြမယ်။ ကျုပ်က ကျုပ်ရဲ့ အငွေ့အသက်ကို ဖုံးကွယ်ထားဖို့အတွက် ဒဏ္ဍာရီလာအဆင့် ပစ္စည်းကိုသုံးပြီး သူတို့နောက်ကို လိုက်လာခဲ့တာ။ ဆာ ဒဏ်ရာမရထားရင်တောင် ကျုပ်ကို ရှာတွေ့ဖို့ ခက်ခဲမှာပဲ။ ကျုပ် အချိန်အကြာကြီး စောင့်ကြည့်နေခဲ့တာ။ ဆာာ တကယ် တိုက်ခိုက်လို့ မနိုင်တော့ဘူးဆိုတာ သေချာမှ ကျုပ် ထွက်လာရဲခဲ့တယ်။ အဲဒီ တကယ့်ခန္ဓာကိုယ်ကို ဖြေရှင်းဖို့ ဆာ့အတွက် အလုပ်လုပ်ရတာ တကယ် ခက်ခဲတယ်။”

“ခင်ဗျားက နောက်ဆုံးအနိုင်ရသူ ဖြစ်လာမယ် မထင်ထားခဲ့ဘူး...” ချန်လွေ့က နောင်တရလျက် ခေါင်းခါပြီး မေးသည်။ “ဒီတော့ ဆာ-လော့ဒ်ရဲ့ မျက်လုံးထဲမှာ ကျုပ်က တန်ဖိုးရှိလား။”

“အဲဒါကတော့ ဆာ့ရဲ့ စွမ်းဆောင်ရည် အပေါ်မှာ မူတည်တာပေါ့။” နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းက ပြုံးပြီး ပြောသည်။ “ကျုပ်တို့က ပူးပေါင်းမှုကို ကျုပ် အကောင်းမြင်နေတုန်းပဲ။ ဒါပေမဲ့ ပတ်သက်မှုကတော့ ပြောင်းလဲရလိမ့်မယ်။ ဆာ သဘောတူတယ်ဆိုရင် ကျုပ်တို့ရဲ့ လက်ရှိအခြေအနေနဲ့ ပိုသင့်တော်တဲ့ စာချုပ်တစ်ခုကို ချုပ်ဆိုဖို့ မျှော်လင့်ပါတယ်။”

“လက်ရှိအခြေအနေ ဟုတ်လား။” ချန်လွေ့က အကြောက်တရားကင်းမဲ့သော စစ်သည်များကြောင့် ဖြစ်ခဲ့သည့် ခန္ဓာကိုယ်မှ ဒဏ်ရာများနှင့် ယိမ်းတိမ်းနေသော မီးအိမ်တစ္ဆေများကို ကြည့်ရင်း ဘာမှမပြောခဲ့ပေ။

ကိုယ်ပွား၏ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် အရိပ်အယောင်တစ်ခု ရှိနေသည်။ “လက်ရှိအခြေအနေအရတော့ ဆာ့မှာ နောက်ထပ် ရွေးချယ်စရာတစ်ခု ရှိနေတဲ့ပုံပဲ။ ကျုပ်က နောင်တရစရာတွေ မဖြစ်ချင်ဘူး။ ဒါပေမဲ့ နောက်ထပ် ခြိမ်းခြောက်မှုတွေကို ကျုပ် ပိုပြီးတော့ မခံရချင်တာ။”

“ရွေးချယ်စရာ....ဟုတ်လား။” ချန်လွေ့ သက်ပြင်းချလိုက်ပြီး ခေါင်းခါကာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်း အံ့အားသင့်သွားခဲ့သည်။ သူ ခေါင်းမော့လိုက်ရာ ခေါင်မိုးမှ အလွန်ကြီးမားသော အပေါက်အပြင်ဘက်၌ ကြယ်ရောင်များ တောက်ပနေသည်ကို မြင်လိုက်ရသည်။ သူ၏စိတ်ထဲ၌ မကောင်းသော နိမိတ်တစ်ခု ရုတ်တရက် လှိမ့်တက်လာသည်။

သူက အလျင်အမြန်ပင် စီကာလီ၏ တကယ့်ခန္ဓာကိုယ်ဆီသို့ ရောက်လာပြီး တကယ့် ခန္ဓာကိုယ်နှင့်အတူ ထွက်ပြေးရန် ပြင်လိုက်စဉ် အမြန်နှုန်း ရုတ်တရက် နှေးကွေးသွားကြောင်း ခံစားလိုက်ရသည်။ “ဖာကို” နောက်မှ ဝတ်ရုံနှင့် အစေခံများ ကြားထဲရှိ ရွှေရောင်မျက်လုံးနှင့် အမျိုးသမီးတစ်ယောက်က သူ့ကို အဆက်မပြတ် လက်ဝှေ့ရမ်းနေသည်ကို မြင်လိုက်သည်။ အလင်းရောင် လက်သွားသည်နှင့် နှေးကွေးခြင်း၊ အားနည်းခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အစရှိသော အားလျှော့မှု အမျိုးမျိုးက သူ့ဆီသို့ လှိမ့်တက်လာသည်။ ထိုအမျိုးသမီးက မှော်ပညာများကို အလွန်လျင်မြန်စွာ ပြောင်းလဲပြီး မန်းမှုန်နိုင်ပေသည်။ ထို့ပြင် သက်ရောက်မှုများမှာလည်း ပြင်းထန်လှသည်။ နတ်ဆိုး အရှင်သခင်အဆင့် မှော်ပညာရှင်သည်ပင် ၎င်းကို ယှဉ်နိုင်မည် မဟုတ်ပေ။

နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်း ကိုယ်ပွား မတုံ့ပြန်နိုင်ခင်မှာပင် အခန်းထဲ၌ ကြယ်ပွင့်များ ပြည့်လျှံသွားပြီး ဘေးဖက်တွင် တောက်ပနေသော ပုံရိပ်တစ်ခု ပေါ်ထွက်လာကာ ကြောက်မက်ဖွယ်ရာ ထက်မြက်လှသော ချီစွမ်းအင်ရှိသည့်ဓားကို ကိုင်ထားရင်း လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် သူ၏လည်ပင်းကို ချိန်ထားလိုက်သည်။ အလွန်ကြီးမားလှသော အငွေ့အသက်အရ တစ်ချက်ယမ်းလိုက်ရုံဖြင့် သူ၏ခေါင်း ပြုတ်ထွက်သွားမည် ဖြစ်သည်။

ထိုအချိန်၌ ကိုယ်ပွားက ကိစ္စအတော်များများကို သဘောပေါက်သွားသည်။ “ဖာကို” သည် စိတ်အရှည်ဆုံးသူ ဖြစ်သည်။ သူ့ကို မျှားခေါ်ရန်အတွက် ဖာကိုက သူ့ထက် အားနည်းသော အကြောက်တရားကင်းမဲ့သည့် စစ်သည်များ၏ တိုက်ခိုက်ခြင်းကို တမင်ခံခဲ့သည်။ တစ်နည်းအားဖြင့် ပြောရလျှင် အစကတည်းက သူ့ကို တစ်ဖက်လူက သတိထားမိသွားပြီ ဖြစ်သည်။

“အခုက ရွေးစရာကိစ္စတစ်ခု ဖြစ်နေတုန်းပဲ။” ဖာကို၏အသံ ထွက်ပေါ်လာသည်။ “ငှက်တောင်ဖြူနယ်မြေမှာ တကယ့်လော့ဒ် တစ်ယောက်ပဲ ရှိတယ်။ အဲဒါက ခင်ဗျားလား။ သူလား။”

နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းကိုယ်ပွားက စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်သည်။ ငါ့မှာ ရွေးစရာ ရှိသေးလို့လား။

All Chapters