← Chapters

ရည်မှန်းချက် ပန်းတိုင်များ

Vol. 36 Ch. 532

ရည်မှန်းချက် ပန်းတိုင်များ

Vol. 36 Ch. 532

ရက်အနည်းငယ် ကြာပြီးနောက် အရိပ်နက်အင်ပါယာရှိ လိုင်ရာမြို့၌ ကုန်သည်အဖွဲ့ အမြောက်အမြား ပေါ်ထွက်လာသည်။

အမှောင်လနယ်မြေ မြောက်ပိုင်း၌ စစ်ဖြစ်နေသော်လည်း အမှောင်လမြို့နှင့် အနောက်ဘက်ပိုင်းမှာတော့ ယခုလောလောဆယ် ပို၍ အန္တရာယ်ကင်းနေသေးသည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းများမှာ ပုံမှန်အတိုင်းပင် ဖြစ်သည်။ သို့သော်လည်း စစ်ပွဲကြောင့် ကုန်သည်အများအပြား လျော့ကျသွားခဲ့သည်။ ထိုကဲ့သို့ ကုန်သည်အဖွဲ့ ပမာဏမှာ အတော်လေး ရှားပါးသည်။ အထူးသဖြင့် လိပ်ပြာနီနယ်မြေမှ ဖြစ်သည်။ လိုင်ရာမြို့ဝန် ရီမွန့်က ၎င်းကို မျက်ကွယ်ပြုထားသည်။ ကြယ်ကြွေတမန်အင်ပါယာက အခုတွင် အတွင်းရေးပြဿနာများ ဖြစ်နေပြီး အမှောင်လကို တိတ်တိတ်လေး ထောက်ပံ့နေကြောင်း သတင်းထွက်နေသော ဧကရီတွင်လည်း မရေရာသော အပြုအမူတစ်ခု ရှိနေသည်။ သူက တင်းကြပ်သော အမိန့်များကို မထုတ်ပြန်ခဲ့ပေ။ ထို့ပြင် ရီမွန့်သည် သိပ်မကြာခင်က လိပ်ပြာနီနယ်မြေမှ လက်ဆောင်အကြီးကြီးတစ်ခု ရရှိခဲ့သည်။ ထို့ကြောင့် သူက ၎င်းကို မသိဟန်ဆောင်ထားလိုက်သည်။

ဂရန့်က “ကုန်သည်အဖွဲ့များ” ထဲတွင် ရောနေသည်။ လိုင်ရာမြို့ အဖွဲ့တွင် ဦးရေ ၂၀၀၀ ရှိနေပြီ ဖြစ်သော်လည်း မလုံလောက်သေးပေ။ ယခုအချိန်အတွင်း သူက မြို့ထဲရှိ ဟိုတယ်၌သာနေပြီး စောင့်နေရမည် ဖြစ်သည်။

အများဆုံး လူဦးရေမှာ ၅၀၀၀ဖြစ်ကြောင်း ဂျို့ရှ်က ဂရန့်ကို ပြောခဲ့သည်။ အကယ်၍ လူများလွန်းလျှင် သူတို့သည် လိုင်ရာမြို့ကို ဖြတ်သွားနိုင်ကြမည် မဟုတ်ပေ။

ဂရန့်ရွေးချယ်ထားသော စစ်သည် ၅၀၀၀မှာ တဲခုလာခံတပ်မှ လက်ရွေးစင်များ ဖြစ်ကြသည်။ သူတို့သည် ချပ်ဝတ်တန်ဆာ အပြည့်အစုံနှင့်ဖြစ်ပြီး တိုက်ခိုက်ရေး စွမ်းအား မြင့်မားသည်။ စစ်သည်များ၏ အရည်အသွေးမှာ အရေအတွက်ထက် ပိုအရေးကြီးသည်။ ဂရန့်က တော်ဝင်မင်းသမီးကို အငိုက်ဖမ်းပြီး ထိုအလစ်တိုက်ခိုက်မှုကို အောင်မြင်ရန် ယုံကြည်ချက် ရှိနေသည်။

အမှန်တကယ်၌ ဒီကိုမြို့မှ ဂရန့်ထွက်သွားပြီး အနောက်ဘက်သို့ ရွှေ့ပြောင်းရခြင်းမှာ ရေပန်းစားမှုမှ ယာယီရှောင်တိမ်းရန် ဖြစ်သည်။ ဂျို့ရှ်ပြောတာ မှန်တယ်။ အရှင် ရီဂျန့်က လူမှန်တွေကို ဘယ်လိုသုံးရမလဲဆိုတာ သိတယ်။ ဒါပေမဲ့ သူက သည်းမခံနိုင်ဘူး။ ငါ အနိုင်ရဖို့ စိတ်လောနေပြီးတော့ ရီဂျန့်ကို ဒေါသထွက်အောင် မလုပ်သင့်ဘူး။ ငါ နိုင်ပွဲအသေးလေး ရခဲ့ပေမဲ့ ရီဂျန့်ရဲ့ ဒုခ်ဘွဲ့ ကတိက တကယ်ကြီး လက်ထောက်တပ်မှူးဖြစ်တဲ့ငါ့ကို ရှေ့တွန်းပို့ခဲ့ပြီးတော့ လော့ဒ်တွေနဲ့ ဗိုလ်‌ချုပ်တွေ မနာလိုအောင် ဖြစ်စေခဲ့တယ်။ တကယ်လို့ ငါက စစ်တပ်ကို အနိုင်ယူပြီးတော့ အမှာင်လကို အနိုင်ယူခဲ့မယ်ဆိုရင် သံသယတွေ ပိုဖြစ်သွားမှာ စိုးရတယ်။ တကယ်လို့ ငါက ဒုခ်ဘွဲ့ကို ရရင်တောင် အမှောင်လရဲ့လော့ဒ် မဖြစ်လောက်ဘူး။ ဒါပေမဲ့ ငါ ရှုံးနိမ့်သွားရင်တော့ သေချာပေါက် ခေါင်းခံရမှာပဲ။ ပြီးတော့ အကျိုးဆက်က ပိုပြီးတော့တောင် ဆိုးဝါးနိုင်တယ်။

ဗိုလ်ချုပ် ဂရန့်က ကိုယ့်ကိုယ်ကိုယ် စစ်သည်တစ်ယောက်အဖြစ်သာ သတ်မှတ်ထားသည်။ သူ၏စိတ်ထဲ၌ နိုင်ငံရေး “ရဲဘော်ရဲဘက်” နှင့် နေရခြင်းထက် အမှောင်လစစ်တပ်ကိုသာ ရင်ဆိုင်လိုက်ပေမည်။ ယုတ်စွအဆုံး သူက စစ်မြေပြင်မှ ရန်သူကို သိပေသည်။

ဟိုတယ်အရှေ့သို့ ရောက်လာသောအခါ ဂရန့်က ထိုကိစ္စများကို မတွေးတော့ပေ။ သူက ရုပ်ဖျက်ထားသော စစ်သည်များအား နေခိုင်းလိုက်ပြီး နောက်မှရောက်လာမည့် အဖော်များကို သွားကြိုရန် လူလွှတ်လိုက်သည်။

အမှောင်လ အနောက်ဘက်မှ လရိပ်ဗိုလ်ခြေသည် ဝါလန်ခံတပ်မှ ထွက်သွားလောက်ပြီ ဖြစ်သည်။ သို့သော်လည်း ခံစစ်မှာ သေချာပေါက် တင်းကျပ်ပေမည်။ ထို့ကြောင့် သူတို့က အင်အားစုစည်းပြီး တစ်ခါတည်း အကောင်းဆုံး ပြုလုပ်ရမည် ဖြစ်သည်။ အမှောင်လမြို့ အရှေ့ဘက်သို့ ချီတက်ရန် အင်အားအများအပြား ကုန်ဆုံးသွားသည့်တိုင် သူတို့သည် အမှောင်လကို ဖိအားကြီးကြီးပေးနိုင်ပြီး လက်ရှိ လိုင်ရာမြို့တွင် စုစည်းနေကြသော အမှောင်လစစ်တပ်၏ စိတ်ဓာတ်ကို ကြီးကြီးမားမား ထိခိုက်စေနိုင်လိမ့်မည်။ ထို့ကြောင့် ထိုတိုက်ပွဲ၏ ပန်းတိုင်မှာ ရနိုင်သမျှနည်းလမ်းအကုန် အသုံးပြုကာ ဝါလန်ခံတပ်ကို သိမ်းယူရန် ဖြစ်သည်။

ဒီကိုမြို့တွင် အိုဆိုင်ဒန် ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိဖြစ်သူ ဂျို့တွင်လည်း တူညီသော ရှင်းလင်းသည့် ရည်မှန်းချက်ပန်းတိုင်တစ်ခု ရှိသည်။ ၎င်းမှာ သူလျှိုများကို ရှင်းပစ်ရန်ပင် ဖြစ်သည်။

လက်ရှိတွင် မြို့တော်ညွန့်ပေါင်းစစ်တပ်က စစ်ပွဲကို ကြိုဆိုရန်အတွက် ဓားများကို သွေးနေသည်။ ထိုစဉ် ဓားတစ်မျိုးကို ကိုင်ထားသော ဂျို့ရှ်က ပထမဆုံးအကြိမ်အဖြစ် “သူ့လူများ”ကို ခုတ်ပိုင်းလိုက်သည်။

ညွန့်ပေါင်းစစ်တပ် အထက်မှလူများ အလုပ်ထုတ်ခံလိုက်ရသည်။ ၎င်းတွင် “သူပုန်” ဂရန့်နှင့် အတော်လေး နီးကပ်သော ဗိုလ်ချုပ် တီရန်နှင့် အမှောင်လနှင့် တိတ်တဆိတ် အဆက်အသွယ်ပြုလုပ်ခဲ့သော လော့ဒ် သုံးဦးလည်း ပါဝင်သည်။ ဒေါသထွက်နေသော ရီဂျန့်က သူတို့အားလုံးကို အကျဉ်းချခဲ့သည်။ ရုတ်တရက် အားလုံး စိုးရိမ်သွားကြသည်။ “အတွင်းသူလျှိုများ”ကို ရှင်းပစ်ပြီးနောက် အိုဆိုင်ဒန်က စစ်တပ်ကို‌ ကျေပန်စေရန်အတွက် ကုန်ကြမ်းများ ဖြန့်ဝေပေးပြီး မိန့်ခွန်းပြောကာ ယခင်ရှုံးနိမ့်မှုများကို ထိုသူလျှိုများအပေါ် တာဝန်ခံခိုင်းလိုက်သည်။ အတော်ကြာသည်အထိ အမှန်တရားကို မသိသော စစ်သည်များ စိတ်အားတက်ကြွသွားကြသည်။

မသေမျိုးစစ်တပ်၏ ရှုံးနိမ့်မှုအသေးလေး ပြီးနောက်တွင် လိုင်ရာမြို့မှ အမှောင်လ စစ်တပ်က အလောတကြီး လူစုပြီး ပြန်လည်ဖွဲ့စည်းနေကြသည်။ တော်ဝင်မင်းသမီး ရှီရာလည်း လိုင်ရာမြို့သို့ ကိုယ်တိုင် ရောက်လာသည်။ နှစ်ဖက်အကြားမှ ထိပ်တိုက် အဆုံးသတ်တိုက်ပွဲ စတင်တော့မည် ဖြစ်သည်။

ဂရန့်နှင့် ဂျို့ရှ်တို့နှင့်ယှဉ်လျှင် ထိုအချိန်၌ ချန်လွေ့က ဦးတည်ရာမဲ့နေခဲ့သည်။ သူက မြို့တော်လမ်းပေါ်၌ အေးအေးဆေးဆေး လျှောက်သွားပြီး ဆိုင်ထိုင်နေသည်။ သူက ဆိုင်ခန်းများတွင် စျေးဝယ်ထွက်ပြီး အရက်ဆိုင်ဝင်‌ပေါက်ရှိ ကဝေမနှင့် အီစီကလီလုပ်ကာ အတော်လေး စိတ်အေးလက်အေး ဖြစ်နေပုံရသည်။

ငှက်တောင်ဖြူနယ်မြေ ပြဿနာကို ဖြေရှင်းပြီးသွားပြီ ဖြစ်သည်။ စီကာလီ၏ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်း ကိုယ်ပွားက ချန်လွေ့၏ အစေခံ ဖြစ်သွားခဲ့သည်။ တကယ့်ခန္ဓာကိုယ်၏ ဝိညာဉ်ကို ဝါးမျိုပြီးနောက် သူ၏စွမ်းအားက နတ်ဆိုးအရှင်သခင် အဆင့် ကနဦးပိုင်းသို့ ရောက်ရှိသွားခဲ့သည်။ သူက ငှက်တောင်ဖြူနယ်မြေ၏ အစစ်မှန်ဆုံးနှင့် တစ်ဦးတည်းသော လော့ဒ်-စီကာလီ ဖြစ်သွားခဲ့လေပြီ။

လက်ရှိ စီကာလီ၏ နက်ရှိုင်းသော လျို့ဝှက်ကြံစည်မှု၊ ရည်ရွယ်ချက်နှင့် နည်းလမ်းတို့မှာ လိပ်ပြာနီလော့ဒ်-ဂျို့ရှ်ထက် များစွာ သာလွန်သည်။ သို့သော်လည်း သူ၏အမြင်၌ ချန်လွေ့သည် မြေအောက်စခန်းသို့သွားပြီး အကြောက်တရားကင်းမဲ့သော စစ်သည် အများအပြား အကာအကွယ်ရှိသော ဟဲရာဘီးကို ဖျက်ဆီးခဲ့ကာ နတ်ဆိုးအရှင်သခင် အဆင့် တကယ့်ခန္ဓာကိုယ်ကို ဖမ်းဆီးခဲ့သည်။ စခန်းတစ်ခုလုံးကို လုံးဝဖျက်ဆီးခဲ့သည်။ ကိုယ်ပွားနှစ်ယောက်နှင့် ပါလန်ဒိုတို့ကို ငါးစာချပြီး ထောင်ခြောက်တစ်ခုထဲ ဆွဲခေါ်ခဲ့ကာ နောက်ဆုံး၌ အားလုံးကို ဖမ်းနိုင်ခဲ့သည်။ သူ မည်မျှပင် အစွမ်းထက်ပါစေ၊ လျို့ဝှက်ကြံစည်ပါစေ၊ အားနည်းနေဆဲ ဖြစ်ပေသည်။

ချန်လွေ့က ၎င်းကို ကောင်းကောင်း သဘောပေါက်သည်။ ဂျို့ရှ်နှင့် စီကာလီကဲ့သို့ သူများကို ထိန်းချုပ်ရန်အတွက် ကျွန်-သခင် စာချုပ်ကို အမှီပြုရန် မလုံလောက်ပေ။ စွမ်းအားနှင့် မှော်ပညာကိုလည်း လိုအပ်ပေသည်။ သူ၏စွမ်းအား ပိုမိုကြီးမားလာသည် နှင့်အမျှ မည်သို့ပင် စိတ်မချရဘဲ ပုန်ကန်တတ်စေကာမူ ဦးညွှတ်ကြရမည် ဖြစ်သည်။

ကျွန်-သခင်စာချုပ် ချုပ်ပြီးနောက် ချန်လွေ့၏ ပထမဆုံးအိမ့်မှာ အီဇ်တာမြို့ မြောက်ဘက်မှ တပ်ဖွဲ့များအားလုံးကို ချက်ချင်း ရုတ်သိမ်းပြီး တောင်ဘက်သို့ ရွှေ့ပြောင်းရန် ဖြစ်သည်။ စုစည်းသောနေရာမှာ တောင်ဘက်ရှိ ခီဒွန်နိုမြို့ဖြစ်ပြီး မြို့တော်နှင့် အနီးဆုံး ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူက မှော်ဆရာခံတပ် လိုအပ်သော ရိက္ခာများကို အပြည့်အဝ ထောက်ပံ့ပေးပြီး ပုံကြမ်းတစ်ခုအတိုင်း စစ်လက်နက်များ တည်ဆောက်ရန်အတွက် ပညာရှင်များ ထောက်ပံ့ပေးရမည် ဖြစ်သည်။

နောက်ဆုံး၌ စီကာလီ သဘောပေါက်သွားသည်။ လက်စသတ်တော့ ငါက တစ်ချိန်လုံး မှားနေတာကိုး။ “ဖာကို”နောက်မှာ ရှိနေတာ သွေးမြေကျ မဟုတ်ဘူး။ အမှောင်လပဲ။

တကယ့် အမှောင်လ။

တကယ့် စစ်တုရင် ကစားပွဲကြီးပဲ။

မြို့တော်ထဲသို့ ချန်လွေ့ လျှောက်သွားနေသည်မှာ အေးအေးဆေးဆေး ဖြစ်နေဟန် တူသည်။ အမှန်တကယ်၌ သူက မြို့တော်၏ ခံစစ်နှင့် အခြားအခြေအနေများ၏ မြင်ကွင်းကျယ်ကို အမှောင်နတ်ဆိုးမှ ရရှိထားသော အချက်အလက်နှင့် နှိုင်းယှဉ်နေခြင်း ဖြစ်သည်။ သူက မကြာခင် ပြုလုပ်တော့မည့် အကြံအစည်ကို အဆက်မပြတ် ချိန်ညှိပြင်ဆင်နေခဲ့သည်။

အမှောင်လမြို့ကို အနောက်ဘက်မှ ဂရန့် အလစ်တိုက်ခိုက်ချင်သလိုမျိုးပင် ချန်လွေ့၏ အကြံအစည်မှာ အိုဆိုင်ဒန်၏ အသိုက်ဖြစ်သော မြို့တော်ကို အလစ် တိုက်ခိုက်ရန် ဖြစ်ပေသည်။

အမှောင်လမှ ထွက်လာခဲ့စဉ်က သူ၏လက်ထဲတွင် စစ်သည်တစ်ယောက်မျှ မရှိခဲ့ပေ။ သို့သော်လည်း ယခုတွင် ငှက်တောင်ဖြူနယ်မြေ စစ်တပ်တစ်ခုလုံးနှင့် ဗိုလ်ချုပ် ဂျော့ချ် စေလွှတ်လိုက်သော လက်ရွေးစင် ဗိုလ်ခြေတစ်တပ် ရှိနေပြီ ဖြစ်သည်။ ခီဒွန်နိုမြို့မှ မြို့တော်ကို အမြန်ဆုံး အလစ်တိုက်ခိုက်ရန်အတွက် သူက အမိန့်ကိုသာ စောင့်ဆိုင်းနေခဲ့သည်။

မြို့တော်၏ စစ်တပ်အများစုကို အမှောင် စစ်မြေပြင်သို့ ရွှေ့ပြောင်းခဲ့ပြီ ဖြစ်သော်လည်း ဒုတိယဗိုလ်ချုပ် ဒိုရင်းရုစ် နှင့် သူ့လက်အောက်မှ တစ္ဆေနီဗိုလ်ခြေ တို့ကို လျှော့တွက်၍ မရနိုင်ပေ။ မြို့တော်တွင် အကြီးအကဲမိသားစုများနှင့် အဓိကမိသားစုများ၏ အင်အားများအပါအဝင် ခိုင်မာသောတံတိုင်းများနှင့် ခံစစ်များလည်း ရှိသည်။ အားကုန် တိုက်ခိုက်ပြီး မြို့တော်ကို သူတို့ သိမ်းယူနိုင်သည့်တိုင် တပ်သားနှင့် အချိန် ဆုံးရှုံးမှုများလည်း အလွန်ကြီးမားပေလိမ့်မည်။

ခံတပ်ကို ရင်ဆိုင်ရန် အကောင်းဆုံး နည်းလမ်းမှာ အတွင်းမှ တိုက်ခိုက်ရန် ဖြစ်သည်။ လက်ရှိတွင် မြို့တော်မှ အမှောင်နတ်ဆိုးများက အပြည့်အဝ ပြင်ဆင်ထား ကြသည်။ သူတို့က ရန်သူများကို ရှင်းရှင်းလင်းလင်း မြင်နေရ‌သောလည်း ရန်သူများက သူတို့ကို မမြင်နိုင်ပေ။ ၎င်းမှာ အတွင်းထဲမှ ဖျက်ဆီးခြင်း၏ အကြီးမားဆုံး အားသာချက် ဖြစ်သည်။

သို့သော်လည်း မစတင်ခင်၌ ချန်လွေ့တွင် အလွန်အရေးကြီးသော ပန်းတိုင်တစ်ခု ရှိသည်။

ညပိုင်း -

အတွင်းမြို့၊ နန်းတော် လျို့ဝှက်အလုံပိတ်ခန်း၌ -

“ဆာ-တီမို...” လျို့ဝှက်အလုံပိတ်ခန်းအရှေ့မှ အစောင့်တစ်ယောက်က မျက်နှာ တင်းမာနေသော မဟာနတ်ဆိုးတစ်ယောက်ကို အရိုအသေ ပြုလိုက်သည်။

မဟာနတ်ဆိုး ခေါင်းညိတ်လိုက်ပြီး ဘာမှမပြောဘဲ တည့်တည့် ဝင်သွားသည်။

ဆာ-တပ်မှူး တီမို၏ စိတ်နေသ‌ဘောထားကို အားလုံးသိကြသည့်အတွက် အစောင့်များက အနည်းငယ်မျှ မေးခွန်းမထုတ်ခဲ့ပေ။ သို့သော်လည်း သူတို့ မသိသည်မှာ အေးစက်သော မျက်နှာဖြင့် တံခါးထဲသို့ ဆာ-တပ်မှူး ဝင်သွားပြီးသောအခါ မျက်နှာအမူအရာ တင်းမာနေဆဲ ဖြစ်သော်လည်း မျက်လုံးများက စိတ်ထဲတွင် ရရှိထားသော အချက်အလက်များနှင့် နှိုင်းယှဉ်ပြီး ပတ်ဝန်းကျင်ကို အလျင်အမြန် အကဲဖြတ်နေခြင်းပင် ဖြစ်သည်။

“တီမို”မှာ ချန်လွေ့ပင် ဖြစ်သည်။ ကြယ်ကြွေတမန်အင်ပါယာ၏ နန်းတော် လျို့ဝှက်အလုံပိတ်သို့ ချန်လွေ့ ယခုမှ ရောက်ဖူးခြင်း မဟုတ်ပေ။ အိုဆိုင်ဒန်က သူ့ကို ထိုနေရာသို့‌ ခေါ်သွားခဲ့ဖူးသည်။ ယနေ့တွင် သူက ထိုနေရာသို့ တစ်ယောက်တည်း ခိုးဝင်လာခဲ့သည်။

နန်းတော်၏ လျို့ဝှက်အလုံပိတ်ခန်းတွင် ထောင်ခြောက်များရှိပြီး ခုခံမှု အလွန်အမင်း တင်းကြပ်သည်။ [ ရုပ်ဖျက်ခြင်း ] ကဲ့သို့ အသွင်ပြောင်း ပညာရပ်များဖြင့် ဝင်ရောက်ရန် မဖြစ်နိုင်ပေ။ သို့သော်လည်း ချန်လွေ့က ထိုအခိုက်အတန့်အတွက် အချိန်အတော်ကြာ ပြင်ဆင်ထားခဲ့သည်။ ထိုနေရာသို့ သူ ပထမဆုံး ရောက်လာခဲ့စဉ်က အစီအစဉ်တစ်ခု စတင်ထားသည်။ နောက်ပိုင်းအချိန်များတွင် အမှောင်လ၏ လျိူ့ဝှက်သတင်းအချက်အလက်ဌနာက သက်ဆုင်ရာ ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ အထူးသဖြင့် အမှောင်နတ်ဆိုးကို အစ်ဇဘယ်လာ အုပ်ချုပ်လိုက်သည့်အခါ လျို့ဝှက် အလုံပိတ်ခန်းက အဓိကသုတေသနပန်းတိုင် ဖြစ်သွားခဲ့သည်။ နောက်ဆုံး၌ ထိုနေရာသို့ ဖောက်ဝင်ရန် သော့ချက်ကို ထိုဆာ-တပ်မှူးထံ ထားလိုက်သည်။

အကာအကွယ်မဲ့သောသူကို လျို့ဝှက်ကြံစည်ပြီးနောက် ချန်လွေ့က တီမိုအား ‌အောင်အောင်မြင်မြင်နဲ့ “အစားထိုး”နိုင်ခဲ့ပြီးနောက် လျို့ဝှက်အလုံပိတ်ခန်းသို့ ချောချောမွေ့မွေ့ ဝင်ရောက်နိုင်ခဲ့သည်။

ချန်လွေ့၏ အရှေ့မှ ပေါ်ထွက်လာသည်မှာ တောင်ကြားလမ်းတစ်ခုနှင့် ညီမျှသော လမ်းကြောင်းတစ်ခု ဖြစ်သည်။ ထိုလမ်းကို ကျော်သွားလျှင် ထိပ်တန်း လျို့ဝှက်ချက် တည်ရှိမှုဖြစ်သော အလျို့ဝှက်ဆုံး အတွင်းအလုံပိတ်ခန်းသို့ ရောက်မည် ဖြစ်သည်။ အစောင့်များ၏ အမြင့်ဆုံးတပ်မှူးဖြစ်သော တီမို၌ပင် ထိုတောင်ကြားလမ်းကို ဖြတ်သွားခွင့် မရှိပေ။ တူညီစွာပင် အမှောင်နတ်ဆိုး၌လည်း အတွင်းအလုံပိတ်ခန်း အကြောင်း သတင်းအနည်းငယ်သာ ရှိသည်။ ထိုနေရာတွင် ပိုမိုအင်အားကြီးသော အစောင့်များနှင့် ထောင်ခြောက်များ ရှိနိုင်သည်ကိုသာ သူတို့ သိကြသည်။

ချန်လွေ့ ရောက်လာပြီ ဖြစ်သည့်အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတစ်ခု ပြုလုပ်ထားခဲ့သည်။ လမ်းကြောင်းအခြေအနေမကို ခဏလောက် သေသေချာချာ အာရုံခံပြီးနောက်တွင် “တီမို”က ပြတ်ပြတ်သားသားနှင့် လမ်းလျှောက်သွားလိုက်သည်။

အတွင်းအလုံပိတ်ခန်းမှာ အစောင့်များမရှိဘဲ ကွက်လပ်ဖြစ်နေသည်။ သို့သော်လည်း နေရာအနှံ့မှ မှော်စက်ဝိုင်းများမှာလည်း အပြင်ထက် ပိုမိုရှုပ်ထွေးပြီး ပိုမို အစွမ်းထက်သည်။ သို့သော်လည်း ၎င်းမှာ ချန်လွေ့အတွက် အတော်လေး လွယ်ကူသည်။

ချန်လွေ့က မှော်စက်ဝိုင်းများ၌ ပညာရှင်တစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ အဂ္ဂိရတ် သက်ရှိအဖွဲ့အစည်း အမွေအနှစ်နှင့် [ အထူးစိစစ်မှု ] တို့မှ ရရှိသော မှတ်ဉာဏ်များနှင့် ပေါင်းလိုက်သောအခါ နေရာတစ်ခုခု၌ သူ၏အောင်မြင်မှုများမှာ မယုံနိုင်စရာအဆင့်အထိ ‌ရောက်ရှိသွားခဲ့သည်။ သူက မှော်စက်ဝိုင်းအချို့ကို ဖျက်ရန်ပင် မလိုတော့ဘဲ အထူးနည်းလမ်းတစ်ခုကို အသုံးပြုပြီး သူ့ကိုယ်သူ ဖုံးကွယ်ကာ မှော်စက်ဝိုင်းကို အသက်မဝင်စေဘဲ ဖြတ်သွားနိုင်နေလေပြီ။ ၎င်းမှာ ယခင်တစ်ခေါက် မက်စီမိုမြို့ မြေအောက်စခန်းသို့ ခိုးဝင်ရာ၌ အသုံးပြုခဲ့သော နည်းလမ်း ဖြစ်သည်။

ချန်လွေ့က မှတ်ဉာဏ်အတိုင်း လိုက်သွားပြီး နောက်ဆုံး၌ လျို့ဝှက်အလုံပိတ်ခန်း အရှေ့သို့ ရောက်ရှိလာသည်။ ဟုတ်တယ်။ ဒီ အနီရောင် လျို့ဝှက်အလုံပိတ်ခန်း ဖြစ်မယ်။ လျို့ဝှက်အလုံးပိတ်ခန်းတံခါးမှ မှော်စက်ဝိုင်းကို စိတ်ရှည်ရှည်နှင့် ဖွင့်ပြီးနောက် သူက တံခါးကို‌ ချောချောမွေ့မွေ့ ဖွင့်လိုက်သည်။

တံခါးနောက်ဘက်တွင် မှော်ထောင်ခြောက်များ မရှိသလို အပိုရတနာများလည်း မရှိပေ။ ကျောက်စင်မြင့်တစ်ခုသာရှိပြီး အပေါ်တွင် ဓားတစ်လက် လွင့်ပျံနေလေ၏။

အနုစိတ်သော ဓားရိုးနောက်တွင် ခမ်းနားကြီးကျယ်သော နီလာခရမ်းကို မြှုပ်သွင်းထား၏။ ဓားလက်ဝါးကာတွင် ကျောချင်းကပ်ထားသော ရွှေအိုရောင် တမန်တော် နှစ်ပါးရှိနေသည်။ အဖြူရောင် ဓားကိုယ်ထည်၌ ထူးဆန်းသော အမှတ်အသားနှစ်ခု ထွင်းထားပြီး ရှေးကျကာ လျို့ဝှက်ဆန်းကြယ်သော အငွေ့အသက်မျိုး ထုတ်လွှတ်နေ၏။

၎င်းမှာ နတ်ဆိုးဘုံရှိ အဆောင်ပစ္စည်း(၇)မျိုးထဲမှ တစ်မျိုးဖြစ်သော လူစီဖာ တော်ဝင်မိသားစု၏ အမြင့်မားဆုံး အဆောက်ပစ္စည်းဖြစ်သည့် ကြယ်ကြွေတမန်ဓားပင် ဖြစ်လေသည်။

၎င်းမှာ ယခုတစ်ခေါက် လျို့ဝှက်အလုံပိတ်ခန်းသို့ ခိုးဝင်လာရသည့် ချန်လွေ့၏ ပန်းတိုင်ပင် ဖြစ်သည်။

ချန်လွေ့က ၎င်းကို သေသေချာချာ ကြည့်နေလိုက်သည်။ ထို့နောက် ရှေ့တက်ရန် ပြင်လိုက်စဉ် မျက်လုံးထဲ၌ အလင်းရောင် လက်ခနဲ ဖြစ်သွား၏။ သူ စိတ်ပြောင်းသွားပြီး ပင့်သက်ရှိုက်ကာ အသာလေး ပြောလိုက်သည်။ “တကယ်ကောင်းတဲ့ဓားပဲ။ နှမြောစရာ ကောင်းလိုက်တာ။”

“မဟုတ်ဘူးလား။”

သူ၏အသံက တစ်စုံတစ်ယောက်ကို မေးနေဟန်တူသည်။

“ဘာက နှမြောစရာ ကောင်းတာလဲ။”

နောက်ဆုံး၌ အခန်းထဲတွင် အသက်ကြီးကြီး အသံတစ်သံ ထွက်ပေါ်လာပြီး ထိုအသံက နေရာအနှံ့သို့ ပဲ့တင်ထပ်သွားပုံရသည်။ အသေးစိတ်ရင် အရင်းအမြစ်ကိုမူ မသိရပေ။

“ဓားကောင်းတစ်လက်က ပိုင်ရှင် အစစ်အမှန်နဲ့ မတွေ့ရမှာကို အကြောက်ဆုံးပဲ။” ချန်လွေ့က ဖြည်းဖြည်းချင်း ခေါင်းလှည့်လိုက်သည်။ ထိုလုပ်ရပ်မှာ ဓားအိမ်ထဲ၌ ဓားဝှက်ထားသကဲ့သို့ဖြစ်ပြီး အလွန်အမင်း တည်ငြိမ်မှုကို အမြဲ ထိန်းသိမ်းထားနေသည်။ “အင်ပါယာလည်း ဒီလိုပါပဲ။ ဟုတ်တယ်မလား။ ဆာနှစ်ယောက်။”

တူညီသော မေးခွန်းနှစ်ခုက နောက်မှ နေရာလွတ်ကို ခဏတာ ပျက်ယွင်း သွားစေပြီး ဖောက်ထွင်းမြင်ရသော နိမိတ်ပုံရိပ်နှစ်ခုက တဖြည်းဖြည်း ထင်ရှားလာ၏။

မျိုးနွယ် - မဟာနတ်ဆိုး (သန္ဓေ‌ပြောင်း)

စွမ်းအားအကဲဖြတ်မှု - S+

[ စိစစ်ချက် ] - မီးဂုဏ်သတ္တိ (အလွန်အန္တရာယ်ရှိ)

မျိုးနွယ် - မာနတော်ဝင်မိသားစု။

စွမ်းအားအကဲဖြတ်မှု - S+

[ စိစစ်ချက် ] - အမှောင်ဂုဏ်သတ္တိ (အလွန်အန္တရာယ်ရှိ)

ချန်လွေ့၏မျက်နှာ တည်ငြိမ်လျက်ပင် ဖြစ်နေသည်။ သို့သော်လည်း သူ၏ နှလုံးက အပြင်းအထန် တုန်ခါနေ၏။ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း နှစ်ယောက်တောင်။ ဒီနေ့က မင်္ဂလာရှိတဲ့ နေ့လေးတစ်ခုပဲ။ ကံကောင်းလိုက်တာ။

ဒါကြောင့် အထဲကို ဝင်ပြီးကတည်းက ဘာအစောင့်မှ မတွေ့တာကိုး။ လက်စသတ်တော့ ဒီလိုမျိုး မစွမ်းထက်ပုဂ္ဂိုလ်တွေ စောင့်ကြပ်နေတာပဲ။

အတွင်း အလုံတိုက်ခန်းထဲသို့ တီမိုအဖြစ် ဝင်လာကတည်းက သူ့ကို ထိုသူများ သတိထားမိသွားခြင်း ဖြစ်နိုင်ပေသည်။

အင်ပါယာတစ်ခု၏ နောက်ခံမှာ အတော်လေး အားကောင်းလှသည်။ ကြယ်ကြွေတမန်အင်ပါယာက လက်ရှိတွင် အင်ပါယာ ၃ခု၌ နောက်ဆုံးဖြစ်သော်လည်း တော်ဝင်မိသားစု ၇ခု ခွဲထွက်သွားသည့်တိုင် ဆက်လက်တည်ရှိနေနိုင်သေးသည်မှာ ကံကောင်း၍ မဟုတ်ပေ။ အပေါ်ယံ၌ အင်ပါယာအသီးသီးနှင့် အမြင့်လွှာ ပုဂ္ဂိုလ်များ အများအပြား မရှိဘဲ ဗိုလ်ချုပ်သုံးဦးမှာလည်း နတ်ဆိုးဧကရာဇ်အဆင့်များသာ ဖြစ်သည်။ အင်ပါယာဗိုလ်ချုပ်၏ ထိပ်တန်းဦးစားပေးမှာ တစ်ဦးချင်း တိုက်ခိုက်ရေးစွမ်းအားထက် အမိန့်ပေးစွမ်းရည် ဖြစ်သော်လည်း အင်ပါယာထဲ၌ ကြောက်စရာကောင်းသည်မှာ ထိုအစွမ်းထက်ပုဂ္ဂိုလ်များကို အများပြည်သူထံ မချပြခြင်း ဖြစ်သည်။ သာဓကအားဖြင့် အကြီးအကဲမိသားစုများမှ အကြီးအကဲများ၊ တော်ဝင်မိသားစုမှ လျို့ဝှက်ပုဂ္ဂိုလ်များ စသည်တို့ ဖြစ်သည်။ ဥပမာပြောရလျှင် ချန်လွေ့အရှေ့မှ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း နှစ်ယောက်လည်း ပါဝင်သည်။

ထိုအင်အားစုများ၏ တည်ရှိမှုကြောင့်ပင် နတ်ဆိုးအရှင်သခင်အဆင့် အများအပြားရှိသည့် သွေးမြေကျကဲ့သို့သော ရည်မှန်းချက် ကြီးမားပြီး ကျယ်ပြန့်သော အဖွဲ့အစည်းတစ်ခုက အမှောင်ထဲတွင်သာ လည်ပတ်ရပြီး ပြောင်ပြောင်းတင်းတင်း မလှုပ်ရှားရဲခြင်း ဖြစ်သည်။

နတ်ဆိုးဘုံသို့ ချန်လွေ့ ပြန်လည်မွေးဖွားလာသောအခါ အလယ်ဆင့်နတ်ဆိုးကပင် သူ့ကို အကယ်တကူ သတ်ပစ်နိုင်သည်။ နောက်ပိုင်း၌ သူ၏အမြင် တဖြည်းဖြည်း ကျယ်သွားခဲ့သည်။ အမြင့်ဆင့်နတ်ဆိုး၊ နတ်ဆိုဘုရင်၊ မဟာနတ်ဆိုးဘုရင်အဆင့်...

ထိုအချိန်၌ အမှောင်လနယ်မြေ၏ နှစ်၄၀၀ ကျဆင်းမှုကြောင့် ချန်လွေ့သည် နတ်ဆိုးဧကရာဇ်ကိုပင် မြင်ရရန် ခဲယဉ်းနေခဲ့သည်။ သို့သော် သူ၏စွမ်းအားနှင့် အတွေ့အကြုံ တိုးပွားလာသည်နှင့်အမျှ အင်ပါယာ ၃ခုသို့ ခရီးသွားနေရင်း သူသည် နတ်ဆိုးဧကရာဇ်အဆင့်နှင့် နတ်ဆိုးအရှင်သခင်အဆင့်များကို တွေ့ဆုံရရုံသာမက ဒဏ္ဍာရီလာ နတ်ဘုရား-တစ်ပိုင်းအဆင့်နှင့်ပင် အဆက်အသွယ်ပင် ရှိခဲ့သည်။

အစပိုင်း၌ မော့ကြည့်ရုံသာ တတ်နိုင်သော နတ်ဆိုးဧကရာဇ်အဆင့်က ယခုတွင် ချန်လွေ့အတွက် အနင်းခံကျောက် ဖြစ်သွားလေပြီ။ ချန်လွေ့က နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်းနှင့် အလတ်ပိုင်းတို့ကိုပင် [တော်ဝင်ကြယ်အသွင်ပြောင်းခြင်း] ကဲ့သို့ အမျိုးမျိုးသော နည်းလမ်းများနှင့် စွမ်းအားများကို အသုံးချရင်း အနိုင်ယူရန် ယုံကြည်ချက်ရှိသည်။ သို့သော်လည်း သူသည် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းကို မယှဉ်နိုင်သေးပေ။

နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းဆိုသည်မှာ သာမန်အမျိုးအစားကိုသာ ပြောခြင်း ဖြစ်သည်။ အကယ်၍ သူက ရိုင်ဇန်၊ ကတ်သရင်းနှင့် ဇိုလာကဲ့သို့ အထူး တိုက်ခိုက်ရေးစွမ်းအားများနှင့် တွေ့ရပြီး [ နတ်ဆိုးယင်ကောင်အသွင်ပြောင်းခြင်း ] နှင့် [ကြယ်လမ်းလွှဲ] အစွမ်းတို့ကို မသုံးရလျှင် မျက်စိတစ်မှိတ်အတွင်း အသတ်ခံလိုက်ရမည် ဖြစ်ပေသည်။

ချန်လွေ့သည် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း အစောင့်အရှောက် နှစ်ယောက်မှ တစ်ယောက်ကိုပင် အနိုင်မယူနိုင်ပေ။ တစ်ယောက်ထပ်ပိုလာသောအခါ သူ့တွင် ရလာဒ်အတွက် မျှော်လင့်ချက် မရှိတော့ပေ။ [ ကြယ်ဂိတ် ] ကဲ့သို့ ထွက်ပြေး အစွမ်းဖြင့်ပင် သူ သေချာပေါက် လွတ်မြောက်နိုင်မည်ဟု အာမ မခံနိုင်ပေ။

ယခုတစ်ခေါက် ကြယ်ကြွေတမန်ဓားကို သူလာခိုးရာ ပြင်းထန်သော တိုက်ပွဲတစ်ခု အတွက် စိတ်ပြင်ဆင်ထားသော်လည်း ခက်ခဲမှုမှာ ထင်ထားသည်ထက် လွန်ကဲနေမည်ဟု မထင်ထားခဲ့ပေ။

All Chapters