← Chapters

ဂီတသံစဉ်

Vol. 36 Ch. 536

ဂီတသံစဉ်

Vol. 36 Ch. 536

လရောင်အောက်-

အမှောင်လနယ်မြေ လိုင်ရာမြို့ဝယ် -

ဝတ်စုံဖြူဝတ်ထားသော ဆံပင်ရွှေရောင်နှင့် အမျိုးသမီးက မျက်နှာလွှားနှင့် အမျိုးသမီး တီးခတ်နေသော သာယာသည့်သံစဉ်ကို ငြိမ်သက်စွာ နားထောင်နေ၏။ ညလေညင်းလည်း တိုက်ခိုက်နေပြီး မျက်နှာလွှားနှင့် အမျိုးသမီး၏ ဝတ်ရုံကို လွင့်သွားစေကာ အတွင်းမှာ ကျက်သရေရှိသောပုံရိပ်ကို ပေါ်လွင့်သွားစေပြီး ဆံပင်ရွှေရောင်နှင့် အမျိုးသမီးအား ပြီးပြည့်စုံသွားစေကာ လှပသော ပန်းချီကားတစ်ချပ် သဖွယ် ဖြစ်သွားလေသည်။

ထိုသံစဉ်ကို တူညီသော လရောင်အောက်၌ မြို့တော်တွင်လည်း တီးခတ်နေခဲ့သည်။ သံစဉ်မှာ သွေးနှင့်မီးလျှံ ဖြစ်ပေသည်။

မြို့တော်ထဲသို့ အမြန်ပြေးဝင်သွားကြသော ငှက်တောင်ဖြူနယ်မြေ စစ်တပ်က အုပ်စုသုံးစု ခွဲလိုက်ကြသည်။ တစ်ဖွဲ့က မြို့စောင့်တပ်ကို ထိန်းချုပ်သည်။ နောက်တစ်ဖွဲ့က မြို့ဂိတ်တံခါးနှင့် အရေးကြီးသော လမ်းကြောင်းများကို ထိန်းချုပ်ပြီး ကျန်တစ်ဖွဲ့က အတွင်းမြို့သို့ အရှိန်ကုန် သွားနေကြသည်။

အတွင်းမြို့‌တော်က ဖရိုဖရဲ ဖြစ်နေ၏။ မီးစတင်နေသောအရာ အများအပြား မရှိပေ။ အဓိကနေရာ မဟုတ်သော်လည်း ပေါက်ကွဲမှုများမှာ အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ ထို့ပြင် ၎င်းက မြို့တော်၏ ဗဟိုဖြစ်သော နန်းတော်သို့ ပျံ့နှံ့လာ၏။ မီးတောက်များမှာ အလွန်ကြောက်စရာကောင်းသည်။ အင်ပါယာနန်းတော်၏ အကာအကွယ် မှော်စက်ဝိုင်းများဖြင့်ပင် ခုခံရန် ခက်ခဲလှသည်။ ထို့နောက်ချက်ချင်းပင် အုပ်ချုပ်ရေးရာခန်းမနှင့် တစ္ဆေနီဗိုလ်ခြေ၏ စစ်တပ်လျားသို့လည်း ပေါက်ကွဲမှုများ ‌ရောက်ရှိလာခဲ့သည်။

မြို့‌တော်ကို စောင့်ကြပ်နေသော ဒုတိယဗိုလ်ချုပ် ဒိုရင်းရုစ်က ဆိုးဆိုးဝါးဆိုး ထိခိုက်သွားခဲ့သည်။ သူ၏အိမ် မီးလောင်သွားသလို နန်းတော်လည်း ပေါက်ကွဲသွားသည်။ ထို့နောက် ပေါက်ကွဲမှုများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။ လမ်းကြောင်းကို ကြည့်ရလျှင် လမ်းတစ်လျှောက်၌ “ဗုံး”ပစ်နေသော အန္တရာယ်များသည့် “သူပုန်” တစ်ယောက် ရှိနေဟန်တူသည်။

ပေါက်ကွဲမှုများနှင့် မီးတောက်များ မငြိမ်သက်ခင်မှာပင် နောက်ထပ် အရေးပေါ်တစ်ခု ဖြစ်လာသည်။ အတွင်းမြို့ကို အရေအတွက်မသိရသော တပ်သား အများအပြားက ဝိုင်းရံထားပြီး မြို့ဂိတ်တံခါးက အန္တရာယ် ကျရောက်နေပြီ ဖြစ်သည်။

ဒီလောက်တပ်သားတွေ အများကြီး ဘယ်က ရောက်လာတာလဲ။ ဒိုရင်း အံ့အားသင့်သွားပြီး ရန်သူကို ဦးဆောင်ရန်အတွက် တစ္ဆေနီဗိုလ်ခြေကို သူ ချက်ချင်းပင် ဦးဆောင်လိုက်သည်။ ဂိတ်တံခါးသို့ သူ အမြန်သွားလိုက်ရာ ဂိတ်တံခါးကို ခုခံရန် တာဝန်ယူထားသော တပ်မှူး ဗာဂယ်အား လက်ထောက်တပ်မှူး ဒန်ဇယ် သတ်ပစ်လိုက်ကာ ရန်သူများကို မြို့ထဲ ပြေးဝင်လိုက်သည်ဟူသော သတင်းဆိုးတစ်ခု ကြားခဲ့သည်။

ထိုအချိန်၌ ရန်သူတပ်သား အမြောက်အမြားက အတွင်းမြို့သို့ ချီတက်လာသည်။ သူတို့ကို ဒန်ဇယ် ဦးဆောင်လာသည်ကို မြင်သည့်အခါ ဒိုရင်း ဒေါသထွက်သွားသည်။ ဒန်ဇယ်သည် ယခင်က ပထမဗိုလ်ချုပ် ဂျော့ချ်ဝေးလ်စ်၏ လက်အောက်ခံဟောင်း ဖြစ်သည်။ ရီဂျန့် အိုဆိုင်ဒန်ကို ဂျော့ချ် ပွင့်ပွင့်လင်းလင်း ဆန့်ကျင်သော အချိန်၌ ဒန်ဇယ်က မတုံ့မဆိုင်းဘဲ ဒုတိယဗိုလ်ချုပ်ဖြစ်သော သူ့ထံသို့ ပြောင်းလာခဲ့သည်။ နှစ်ပေါင်းများစွာ ကြအောင် သူက တစ္ဆေနီဗိုလ်ခြေ၏ အဓိကတပ်ရင်းသို့ မဝင်ရောက်ခဲ့သော်လည်း တန်ဖိုးရှိခဲ့သည်။ ယခုတွင် ထပ်ပြီး သစ္စာဖောက် ခံရမည်ဟု ဒိုရင်း မထင်ထားခဲ့ပေ။

ဒိုရင်းက နတ်ဆိုးမြင်းကို ညာသံပေးပြီး လက်ထဲမှ ဝိညာဉ်ကွဲကြေ မဟာဓားဖြင့် အနီရောင် မျဉ်းကွေးတစ်ခု ရေးဆွဲလိုက်သည်။ မြေပေါ်မှ အံ့အားသင့်ဖွယ်ရာ အက်ကြောင်းတစ်ခု ပေါ်ထွက်လာသည်။ အက်ကြောင်းထဲမှ မီးတောက်တစ်ခု ပေါ်ထွက်လာပြီး ဒန်ဇယ်ထံသို့ အလျင်အမြန် ရောက်ရှိလာသည်။

ဒန်ဇယ်၏စွမ်းအားမှာ မဟာနတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းသာ ရှိသည်။ သူက နတ်ဆိုးဧကရာဇ်အဆင့်၏ ဒေါသတကြီး ခုတ်ပိုင်းမှုကို မည်သို့ခံနိုင်မည်နည်း။ သူက နေရာတွင်ပင် အသတ်ခံရတော့မည့်အချိန်၌ သူ့အရှေ့တွင် ဓားတစ်လက် ရုတ်တရက် ပေါ်ထွက်လာသည်။

ဓားလက်ကာမှာ နတ်ဆိုးခြင်္သေ့တစ်ကောင် ဖြစ်သည်။ ပုံထွင်းထားသော ဓားကိုယ်ထည်က ခြင်္သေ့ပါးစပ်မှ ထွက်လာနေသည်။ ၎င်းမှ အပြာဖျော့ရောင် အလင်း လက်နေ၏။

ထိုဓားက မြေကြီးထဲသို့ စိုက်ဝင်နေပြီး အက်ကြောင်းများမှ မီးတောက်က ထိုဓားကို မထိသွားခင်မှာပင် နောက်သို့ ပြန်လှိမ့်သွားသည်။ ဒိုရင်း အံ့အားသင့်သွားပြီး သူ၏မြင်းကို အလျင်အမြန် ဇက်ကြိုးထိန်းလိုက်သည်။ သူက မဟာဓားဖြင့် ချိန်လိုက်ပြီး ဓားချီစွမ်းအင် တစ်ခုက အက်ကြောင်းမှ တက်လာသော မီးတန်းကို ကာကွယ်လိုက်သည်။ သို့သော် ပြင်းထန်သော မတည်ငြိမ်မှုများကြောင့် သူ အနောက်သို့ ဆုတ်သွားရသည်။

“ခြင်္သေ့သွားဓား...” ဒိုရင်းက ဓားအးရှေ့၌ တဖြည်းဖြည်း ထင်ရှားလာသော ရင်းနှီးသည့် ပုံရိပ်ကို ကြည့်လိုက်သည်။ သူ အလွန်အမင်း ထိတ်လန့်သွားသည်။

ထိုသူကြောင့်ပင် ရီဂျန့် အိုဆိုင်ဒန်က ယခင်နှစ်များ၌ အမှောင်လကို မသတ်ပစ်ရဲခဲ့ခြင်း ဖြစ်သည်။ ထိုသူကြောင့်ပင် သွေးရောင်အင်ပါယာနှင့် ကပ်လျက်ဖြစ်သော မှော်ဆရာခံတပ်က အမြဲခိုင်မာနေခြင်း ဖြစ်သည်။ ထိုသူကြောင့်ပင် ဒုတိယဗိုလ်ချုပ်၏ ဂုဏ်ကျက်သရေ မည်မျှပင် မြင့်မားပါစေ ဒုတိနေရာ၌ အမြဲရှိနေခြင်း ဖြစ်သည်။

ချက်ချင်းပင် ဒန်ဇယ်က မိမိအား မည်သည့်အတွက်ကြောင့် သစ္စာဖောက်ခဲ့ရခြင်းကို ဒိုရင်း သဘောပေါက်သွားသည်။ ဒန်ဇယ်က အစကတည်းက ငါ့ဘေးနာမှာ ဒီလူ ချထားတဲ့ နယ်ရုပ်တစ်ရုပ်ပဲ ဖြစ်ရမယ်။

နန်းတော်၏ လျို့ဝှက်အလုံပိတ်ခန်း၌ ကိုဝင်နှင့် လိုလီဗာတို့က အလွန်ပင် လေးလေးနက်နက် ဖြစ်နေကြသည်။ အစပိုင်း၌ သူတို့က ကြန့်ကြာခဲ့သည့် မှတ်တမ်းတင် ကျောက်မှ ပြောခဲ့သော “မြို့တော်ရဲ့ ညစားသောက်ပွဲ”သည် ကြယ်ကြွေတမန်ဓားကို ခိုးရန်အတွက် သူတို့ကို ထွက်သွားစေမည့် လှည့်ကွက်တစ်ခုဟုသာ ထင်ခဲ့သည်။ သို့သော် အဝေးမှ ပေါက်ကွဲသံများကို ကြားရပြီးနောက် တစ်ခုခု လွဲနေကြောင်း သူတို့ တဖြည်းဖြည်း သဘောပေါက်သွားသည်။

ထို့နောက် ထိတ်လန့်ဖွယ်ရာ သတင်းများ တစ်ခုပြီးတစ်ခု ထွက်လာသည်။ ပေါက်ကွဲမှုများ နေရာအနှံ့၌ ဖြစ်နေသည်။ အနည်းဆုံး တပ်သား သောင်းချီက မြို့တော်သို့ ချီတက်လာသည်။

အိုလီဗာနှင့် ကိုဝင်တို့က ၎င်းတို့ကို မယုံကြည်နိုင်ခဲ့ပေ။ ဒီလို တပ်သားသောင်းချီက ဘယ်ကနေ ရောက်လာတာလဲ။

သွေးရောင်အင်ပါယာက မဟာမိတ်ကတိကို ချိုးဖောက်ပြီးတော့ ကြယ်ကြွေတမန် အင်ပါယာကို တိုက်ခိုက်တာလား။ မှော်ဆရာခံတပ်နဲ့ ငှက်တောင်ဖြူနယ်မြေတို့ ရှုံးနိမ့်သွားတာလား။ ဘာလို့ ဘာသတင်းမှ မကြားရတာလဲ။

သြော်။ မှတ်တမ်းကျောက်က “ညစားသောက်ပွဲ”။ မဟုတ်မှလွဲရော အမှောင်လရဲ့ စစ်တပ်များလား။

ဒါက မဖြစ်နိုင်တာပဲ။

အမှောင်လက ဘယ်လောက် အင်အားကြီးလို့လဲ။ ပြီးတော့ သူတို့က အခု ရီဂျန့် ဦးဆောင်တဲ့ ညွန့်‌ပေါင်းစစ်တပ်ကို တိုက်ခိုက်နေကြတာ။ မြို့တော်ကို ဘယ်သူမှ သတိမထားမိစေဘဲနဲ့ တပ်သားတွေ အများကြီး ရွှေ့ပြောင်းဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

နောက်ဆုံးသတင်းများအရ ရန်သူအင်အားစုများသည် အတွင်းမြို့သို့ ဖောက်ဝင်ပြီး လက်ရှိတွင် ဗိုလ်ချုပ် ဒိုရင်း၏ တစ္ဆေနီဗိုလ်ခြေနှင့် အပြင်းအထန် တိုက်ခိုက်နေကြသည်။ ယခုတွင် ကိုဝင်နှင့် အိုလီဗာတို့က ငြိမ်ငြိမ်နေ၍ မရတော့ပေ။ ငှက်သိုက်လိုက် ပြောင်းပြန်လှန်လိုက်လျှင် မည်သည့်ဥကမှ ကျန်ရှိနေနိုင်မည် မဟုတ်ပေ။ တစ္ဆေနီဗိုလ်ခြေ ရှုံးနိမ့်သွားသည်နှင့် တော်ဝင်မိသားစုနှင့် အကြီးအကဲမိသားစုတို့က သေစေနိုင်သော ထိခိုက်မှုတစ်ခု ခံစားရမည် ဖြစ်သည်။

သူတို့နှစ်ယောက်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပြီး လျို့ဝှက်အလုံပိတ်ခန်း တစ်ခုလုံးကို လုံးဝချိပ်ပိတ်ရန် အရေးပေါ် လုပ်ပိုင်ခွင့်ကို အသုံးချခဲ့သည်။ ထိုချိပ်ပိတ်ကို အစောင့်အရှောင် နှစ်ယောက်လုံးက တစ်ချိန်တည်း၌ အသက်သွင်းရသည်။ ၎င်းကို ပြန်ဖွင့်သည့်တိုင် လဝက်ပြီးမှ ဝင်၍ရနိုင်ပေသည်။

ထိုကဲ့သို့ ပိတ်ဆို့ခြင်းမှာ အခြေအနေကို အခွင့်ကောင်းယူမည့် တစ်စုံတစ်ယောက်ကို တားဆီးရန်သာမက ကျူးကျော်လာသော တပ်သားများထံမှ လွတ်လွတ်လပ်လပ် သီးခြားကာကွယ်စောင့်ရှောက်နိုင်ရန်လည်း ဖြစ်သည်။ အိုလီဗာကို နန်းတော်ကို စောင့်ကြပ်ပြီး မီးငြိမ်းရန်အတွက် အစောင့်များကို စုစည်းကာ တော်ဝင်မိသားစုများကို ကာကွယ်ရင်း နန်းတော်ခံစစ်ကို အားဖြည့်ပေးသည်။ ကိုဝင်က တစ္ဆေနီဗိုလ်ခြေကို ကူညီပြီး ရန်သူကို‌ ချေမှုန်းရန်အတွက် အကြီးအကဲမိသားစုများ၏ စွမ်းအားကို စုစည်းရန်အတွက် အတွင်းမြို့သို့ သွားသည်။

နန်းတော်မှ ထွက်သွားပြီးနောက် ကိုဝင်က အရှိန်ကုန် ပြေးသွားလိုက်သည်။ ကောင်းကင်ထက်သို့ ပျံသန်းနေသော မီးတောက်နှင့် လမ်းတစ်လျှောက် အဆက်မပြတ် ပေါက်ကွဲမှုများကို မြင်ရသည့်အခါ သူ မျက်မှောင်ကြုတ်မိသွားပြီး အရှိန်တင်လိုက်ပြန်၏။

သူ၏အမြင်၌ ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး သူ့အရှေ့တွင် ရပ်တန့် လိုက်သည်။ ထိုသူက ဝတ်ရုံဝတ်ထားပြီး ဦးခေါင်းနှင့် ခန္ဓာကိုယ်ကို ဖုံးကွယ်ထားသည်။ ခရမ်းရောင်လအောက်၌ ထိုသူမှာ ထူးဆန်းနေလေသည်။

ထိုပုံရိပ်က မဟာနတ်ဆိုးဘုရင်အဆင့် စွမ်းအားသာရှိကြောင်း ခံစားမိသော်လည်း ကိုဝင်၏ အမြန်နှုန်း လျော့မသွားခဲ့ပေ။ သူက တိတ်တိတ်လေး လက်ခလယ်ကို ကွေးလိုက်သောအခါ လေထဲသို့ ပြင်းထန်သော ထက်မြက်သည့် ချီစွမ်းအင်သုံးခု ပေါက်ကွဲထွက်သွားကာ ထိုဝတ်ရုံနှင့်လူထံသို့ တြိဂံပုံစံဖြင့် အရှိန်ဖြင့် ရောက်လာသည်။

ထိုတိုက်ခိုက်မှုက ရန်သူကို သတ်ပစ်နိုင်ကြောင်း ထင်သည့်အတွက် ထိုကဲ့သို့ နိမ့်ကျသောသူကို လုံးဝ အာရုံမစိုက်ခဲ့ပေ။ သူ၏ပုံရိပ်က ဝတ်ရုံနှင့်လူကို လေသဖွယ် ဖြတ်သန်းသွားသည်။ ဝတ်ရုံနှင့်လူနားသို့ သူဖြတ်သွားသောအခါ ရုတ်တရက် အားကောင်းသော သတိပေးချက်တစ်ခု ခံစားလိုက်ရသည်။ သူ့နောက်မှ အရှိန်မြန်စွာ ပြေးသွားနေသည့် ထက်မြက်သော စွမ်းအားကို ခံစားမိသည့်အခါ အလောတကြီး ရှောင်တိမ်းလိုက်သည်။ ထိုထက်မြက်သော စွမ်းအားကြောင့် သူ၏ နံရိုးအောက်တွင် ဒဏ်ရာတစ်ခု ရသွားပြီး သွေးများ ထွက်လာတော့သည်။

နားကွဲလုမတတ် အသံတစ်သံ ချက်ချင်း ထွက်ပေါ်လာ၏။ နောက်မှ ဝတ်ရုံနှင့်လူက ကိုဝင်အရှေ့သို့ ရောက်ရှိလာသည်။ ပျံသန်းသွားသည်မှာ အလွန်မြန်လှပြီး နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းဖြစ်သော ကိုဝင်ပင် ရှက်မိသွားသည်။

ကိုဝင်က အလွန်အမင်း လျင်မြန်စွာ တုံ့ပြန်သည်။ ရန်သူ အခြေမချနိုင်ခင်မှာပင် သူက လက်နှစ်ချာင်းကို တောက်လိုက်ရာ မြောက်မြားလှစွာသော ထက်မြက်သည့် ချီစွမ်းအင်များက ဝတ်ရုံနှင့်လူကို ဝိုင်းရံလိုက်သည်။ ထိုသူ၏လက်ထဲ၌ အလင်းရောင် ဖျော့ဖျော့တောက်ပသွားပြီး လေထဲ၌ ရေကဲ့သို့လမ်းကြောင်းတစ်ခု ရေးဆွဲလိုက်သည်။ ကောင်းကင်ကို ဖုံးလွှမ်းနေသော ထက်မြက်သည့် ချီစွမ်းအင်က အလွန်အမင်း မြန်ဆန်သည်။ သို့သော်လည်း ထို “နှေးကွေးသော”အားနှင့် ထိသောအခါ ထူးဆန်းစွာပင် နှေးသွားခဲ့သည်။ ထို့နောက် ရုတ်တရက် အရှိန်မြန်လာပြီး ပတ်ပတ်လည်သို့ ပစ်လွှတ်လိုက်သည်။ အနီးအနားရှိ အိမ်များနှင့် မြေပြင်များ အမှုန့်ဖြစ်ကုန်သည်။ ပေါက်ကွဲသံများ ဆက်လက်ထွက်ပေါ်လာ၏။ မြောက်မြားလှစွာသော တွင်းအသေးများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး တွင်းပေါက်များက ပင့်ကူအိမ်ကဲ့သို့ပင် အက်ကွဲသွားခဲ့သည်။

ထိုကဲ့သို့ ရင်းနှီးသော လျို့ဝှက်ဆန်းကြယ်သည့် ပညာရပ်က ကိုဝင်ကို သိမ့်သိမ့်တုန်သွားစေပြီး ဒေါသဖြင့် အော်ပြောလိုက်သည်။ “မင်းကိုး။ မင်းက တကယ် ဘာလုပ်ချင်တာလဲ။ အဲဒီတပ်သားတွေ ဘယ်က ရောက်လာတာလဲ။”

“တော်ဝင်မင်းသမီးနှင့် အိုဆိုင်ဒန်ကြားက တိုက်ပွဲက အမှောင်လနဲ့ပဲ မဟုတ်ဘူး။” ချန်လွေ့က အသာလေး ပြန်ဖြေသည်။ “မြို့တော်ရဲ့ အလေးချိန်နဲ့ဆိုရင် စစ်ပွဲ အတိုင်းအတာက အင်ပါယာရဲ့ တကယ့်အုပ်စိုးသူလက်ထဲကို ကျရောက်မှာပဲ။”

ကိုဝင်၏မျက်လုံးထဲ၌ အရောင်လက်သွား၏။ “အင်ပါယာရဲ့ တကယ့်အုပ်စိုးသူက မြို့တော်တစ်ခုလုံးကို ဖျက်ဆီးမှာ မဟုတ်ဘူး။”

“အဟောင်းကို ဖျက်ဆီးတာက အသစ်စတင်ခြင်းပဲ။ တကယ်လို့ ယိုယွင်းနေတဲ့ ပုံစံအဟောင်းကို ဖျက်ဆီးချင်ရင် တစ်ခုခုကို ဖျက်ဆီးရမှာ မလွဲမသွေပဲ။ လျို့ဝှက်အလုံပိတ်ခန်းမှာ ကျုပ်ပြောခဲ့တဲ့ ဆန္ဒကို မှတ်မိသေးလား။ အကြီးအကဲ မိသားစုတွေက ဒီကိစ္စနဲ့ ဝေးဝေးနေပြီးတော့ တကယ့်ဧကရီနဲ့ အင်ပါယာတစ်ခုလုံး အတွက် အသက်ဓာတ်ကို ချန်ထားဖို့လေ။ ဒီလိုမျိုး အတွင်းရေးပြဿနာတွေမှာ အလကား စတေးမခံပါနဲ့။”

“အစကတော့ အိုလီဗာနဲ့ငါက မင်းအပေါ်မှာ တော်တော်လေး အမြင်ကောင်းခဲ့တယ်။ ဒါပေမဲ့ အခုတော့ ဒါတွေကို နားမထောင်ချင်တော့ဘူး။ ဒီနေ့ ငါတို့ထဲက တစ်ယောက်ပဲ အသက်ရှင်လျက် ထွက်သွားလို့ရမယ်။ မင်းရဲ့ တကယ့်စွမ်းအားကို ကြည့်ရသေးတာပေါ့။” ကိုဝင်ထံမှ ကြောက်မက်ဖွယ်ရာကောင်းသော သတ်ဖြတ်ချင်စိတ်တစ်ခု ထွက်လာပြီး ကျယ်ပြန့်လာသော မုန်တိုင်းကဲ့သို့ စွမ်းအားကို အသုံးပြုတော့မည် ဖြစ်သည်။ လက်ရှိနဲ့ယှဉ်လျှင် လျို့ဝှက်အလုံပိတ်ခန်း၌ သူပြသခဲ့သော စွမ်းအားမှာ လေညင်းလေးသာ ဖြစ်ပေသည်။

“ဒါဆို နောက်ဆုံးတစ်ခုမေးမယ်။ ကျုပ်တို့ကြားက လောင်းကြေးထပ်ထားတာကို မှတ်မိသေးလား။

“မှတ်မိတာ‌‌ပေါ့။” ကိုဝင် သရော်ပြုံးပြုံးလိုက်သည်။ “ဒါပေမဲ့ မင်း မရ....”

စကားပြော မပြီးသေးခင်မှာပင် ဝတ်ရုံနှင့်လူက နောက်မှ အထုတ်ရှည်ကြီးကို ထုတ်လိုက်ရာ ကိုဝင်၏မျက်နှာပေါ်မှ သရော်ပြုံးက တန့်သွားခဲ့သည်။ ထို့နောက်သူက လက်ထဲမှ သွေးပုလင်းကို လောင်းချပြီး အထုတ်ထဲမှ ဓားတစ်လက်ကို ထုတ်လိုက်သည်။ သူက မြင့်မြင့်ကိုင်ထားပြီး ၎င်းက လရောင်အောက်တွင် တဝီဝီ အသံထွက်နေလေသည်။ ၎င်းသည် အဝေးမှ ပေါက်ကွဲသံများနှင့် တိုက်ခိုက်သံများကိုပင် အမှန်ကတယ် လွှမ်းမိုးသွားခဲ့သည်။

ကိုဝင်၏မျက်နှာပေါ်၌ မယုံကြည်နိုင်သော အကြည့်တစ်ခု ရှိနေသည်။ ထိုဓားကို နှစ်ရာပေါင်းများစွာ စောင့်ကြည့်ခဲ့သူ ဖြစ်သည့်အလျောက် တစ်ချက်ကြည့်ရုံဖြင့် ခံစားမိနိုင်လေသည်။ ဒါက တကယ့် ကြယ်ကြွေတမန်ဓားဆိုတာ သေချာတယ်။

မယုံနိုင်စရာပဲ။ နန်းတော်ကနေ ငါ မထွက်လာခင်တုန်းက အိုလီဗာနဲ့ အတူတူ လျို့ဝှက်အလုံပိတ်ခန်းကို ချိပ်ပိတ်ခဲ့ပြီးတော့ အရေးပေါ်ယန္တရားတစ်ခုကို အသက်သွင်း ခဲ့တယ်။ နတ်ဆိုးအရှင်သခင်အဆင့် ၁၀ယောက် ပေါင်းပြီးတိုက်ခိုက်ရင်တောင် ချိပ်ပိတ်ထားတဲ့ လျို့ဝှက်အလုံပိတ်ခန်းကို လုံးဝ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။ ဘယ်လိုလုပ် ဒီ“အက်ဂ်ယော”က ကြယ်ကြွေတမန်ဓားကို ရသွားတာလဲ။

ချန်လွေ့က ကိုဝင် အံ့အားသင့်နေသည်ကို မြင်လိုက်ပြီး သက်ပြင်းချလိုက်သည်။ “ခင်ဗျား နားမလည်သေးဘူးလား။ ဒါက အဆောင်ပစ္စည်းရဲ့ ဆန္ဒပဲ။”

ကိုဝင် ထိတ်လန့်သွားသည်။ အဆောင်ပစ္စည်းက အသိအမှတ်ပြုထားတဲ့ ပိုင်ရှင်ကို ရွေးချယ်နိုင်တယ်။ အဲဒါ အမှန်ပဲ။ ဒါပေမဲ့ အဆောင်ပစ္စည်းက လျို့ဝှက်အလုံပိတ်ခန်းကို အလိုလို ဖြတ်သွားတာကတော့ ..... မယုံနိုင်စရာပဲ။ ဒါပေမဲ့ အခုလက်ရှိမှာ ဒီလိုမျိူး ဖြေရှင်းချက်ကိုပဲ ယုံကြည်လို့ရတယ်။ မဟုတ်ရင် အက်ဂ်ယောက ၁၀မိနစ်တည်းနဲ့ အိုလီဗာ စောင့်ကြပ်နေတဲ့ နန်းတော်ထဲက ချိပ်ပိတ်ထားတဲ့ လျို့ဝှက်အလုံပိတ်ခန်းထဲကို ဖောက်ဝင်ပြီးတော့ အဆောင်ပစ္စည်းကို ခိုးယူခဲ့တာလား။ ဒါက အဓိပ္ပာယ်မရှိဘူး။

“အစောင့်အရှောက် တစ်ယောက်အနေနဲ့ ခင်ဗျားက အဆောင်ပစ္စည်းနဲ့ အင်ပါယာရဲ့ ဆန္ဒကို တကယ်ဖောက်ဖျက်တော့မှာလား။” ချန်လွေ့ ခေါင်းခါသည်။ “ဒါမှမဟုတ် ခင်ဗျားက အဆောင်ပစ္စည်းရဲ့ဆန္ဒကြောင့် ချေမှုန်းခံရထားတော့မယ့် အာဏာလုယက်ထားတဲ့ အင်ပါယာနဲ့ အကြီးအကဲမိသားစုရဲ့ အနာဂတ်ကို လောင်းကြေးထပ်ချင်လို့လား။ မြို့တော်ညွန့်ပေါင်းစစ်တပ်က အမှောင်လမှာ ရှုံးနိမ့်မှုတွေ ခဏခဏဖြစ်နေတယ်ဆိုတာကို ဆာ ကြားလောက်မှာပါ။ အဲဒါကြောင့် အမှောင်လက ဘယ်လိုမျိုး အံ့သြဖွယ်ရာတွေ လုပ်မလဲဆိုတာ ဆက်ပြီးတော့ စောင့်ကြည့်ပေးပါ။ အင်ပါယာရဲ့ အုပ်စိုးသူအသစ်က သစ္စာဖောက်နဲ့သွေးနဲ့ ပလ္လင်ပေါ်တက်လိမ့်မယ်။”

ကိုဝင်၏ သတ်ဖြတ်ချင်စိတ်များ တဖြည်းဖြည်း လျော့ပါးသွားပြီး ချန်လွေ့က အခွင့်အရေးကို အသုံးချကာ ဆက်ပြောသည်။ “တစ္ဆေနီဗိုလ်ခြေကို တိုက်ခိုက်ဖို့အတွက် အကြီးအကဲမိသားစုကို ကျုပ် မတောင်းဆိုပါဘူး။ ဒီကိစ္စကနေပဲ ဝေးဝေး နေစေချင်တာပါ။ ဒီည အကြီးအကဲမိသားစုတွေ တိတ်တိတ်လေး နေတာနဲ့ အကြီးအကဲမိသားစုက ဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်ဘူးလို့ ကျုပ် အာမခံတယ်။”

ကိုဝင်၏မျက်နှာ မရေမရာ ဖြစ်နေသည်။ သူ တုံ့ဆိုင်းနေသည်မှာ သေချာ၏။ လောင်းကြေးထပ်ခြင်းမှာ ဆင်ခြေတစ်ခုသာ ဖြစ်သော်လည်း လက်ရှိအခြေအနေက သူ့ကို ဆုံးဖြတ်ချက်ချရန် ခက်ခဲနေစေသည်။

“ဆာ-ကိုဝင် စိတ်ချပါ။ အဆောင်ပစ္စည်းအရှေ့မှာ ကျုပ် သစ္စာဆိုနိုင်ပါတယ်။ တကယ်လို့ အကြီးအကဲမိသားစုက အဆောင်ပစ္စည်းကို ကာကွယ်တာနဲ့ အင်ပါယာကို စောင့်ကြပ်တဲ့နေရာမှာ ကြံ့ကြံ့ခံနိုင်တယ်ဆိုရင် သူတို့ရဲ့ အဆင့်အတန်းတွေနဲ့ အကျိုးအမြတ်တွေက ဖွဲ့စည်းပုံဥပဒေအသစ် တည်ဆောက်ပြီးရင်တောင် ဒီအတိုင်း ဆက်လက် တည်တံ့နေမှာပါ။ ဒီစကားလုံးတွေက အလကားပြောတာ မဟုတ်ပါဘူး။ ဒါက မင်းသမီးရှီရာ..... ဒါမှမဟုတ် သိပ်မကြာခင် ဖြစ်လာတော့မယ့် ဧကရီ ရှီရာရဲ့ ကတိပဲ။”

ကိုဝင်က ပင့်သက်ရှိုက်ပြီး နောက်ဆုံး၌ စိတ်ဆုံးဖြတ်ကာ ပြောသည်။ “ဒါဆိုလည်း ကောင်းပြီ။ အစောင့်အရှောက်အနေနဲ့ ငါက အဆောင်ပစ္စည်းရဲ့ဆန္ဒကို ဖောက်ဖျက်လို့ မရဘူး။ ဒီကနေ ဝေးဝေးနေဖို့အတွက် အကြီးအကဲ မိသားစုအားလုံးကို ငါ ချက်ချင်း အရေးပေါ် ဆင့်ခေါ်လိုက်မယ်။ နန်းတော်ကို စောင့်ကြပ်နေတဲ့ ငါ့ရဲ့မိတ်ဆွေကိုတောင် ဖျောင်းဖျပေးနိုင်တယ်။ ဒါပေမဲ့ မင်းသမီးရှီရာက အဆောင်ပစ္စည်းအရှေ့မှာ ပေးခဲ့တဲ့ ကတိကို မှတ်မိရမယ်။”

ချန်လွေ့၏မျက်လုံးများ အရောင်တောက်သွားပြီး လေးလေးနက်နက်နှင့် ခေါင်းညိတ်လိုက်သည်။ ကိုဝင်က ဝေးဝေးနေရန်သာမက အိုလီဗာကိုပါ ဖျောင်းဖျရန် ကတိပေးခဲ့သည်။ ၎င်းမှာ လုံးဝ မမျှော်လင့်ထားသောအရာ ဖြစ်သည်။ အဆောင်ပစ္စည်း၏ ဆန္ဒမှာမှူ ...... ချန်လွေ့သည် အမှန်တကယ်ပင် အားနာသွားလေသည်။

အမှန်တကယ်၌ ၎င်းမှာ ရိုးရှင်း၏။ [ ကြယ်ဂိတ် ] ၏ ကြယ်အမှတ်နှစ်ခုကို ကြယ်ကြွေတမန်ဓား၏ လျို့ဝှက်အလုံပိတ်ခန်းနှင့် အတွင်းမြို့တော်မှ လျို့ဝှက်နေရာ တစ်ခုတွင် ထားထားခြင်း ဖြစ်သည်။ အစောင့်အရှောက် နှစ်ယောက်ကို မျှားထုတ်ပြီးနောက် သူက တံခါးကိုဖွင့်ပြီး ကြယ်ကြွေတမန်ဓားကိုယူလိုက်သည်။ ထို့နောက်ကို တံခါးကို ဖွင့်လိုက်ရာ အတွင်းမြို့မှ လျို့ဝှက်နေရာတစ်ခုသို့ ပြန်သွားသည်။

ငှက်တောင်ဖြူနယ်မြေနှင့် အမှောင်လမှ ကြယ်အမှတ်များကို ပယ်ဖျက်လိုက်ပြီ ဖြစ်သည်။ စီကာလီ၏ အမိန့်ကြောင့် နယ်မြေ‌မြောက်ဘက်ရှိ အီဇ််တာမြို့မှ စစ်တပ်က တောင်ဘက်ရှီ ခီဒွန်နိုမြို့သို့ အလျင်အမြန် ပြောင်းရွှေ့သွားကြသည်။ တစ်ချိန်တည်းမှာပင် ဗိုလ်ချုပ်ဂျော့ချ် စေလွှတ်လိုက်သော မှော်ဆရာခံတပ်မှ လက်ရွေးစင်တပ်ဖွဲ့ တစ်ဖွဲ့ကလည်း တောင်ပိုင်းသို့ ရောက်လာခဲ့သည်။

လုယက်ခြင်းကြောင့် ဖြစ်ခဲ့သော ပြဿနာများ ပြေလည်သွားလေပြီ။ စီကာလီက စစ်တပ်ကို ဦးဆောင်ပြီး ခီဒွန်မြို့သို့ သွားပြီး မြို့တော်သို့ ချီတက်နေစဉ် လော့ဒ်စံအိမ်က စီကာလီ လက်မှတ်ထားသော ကြေညာစာတစ်ခုကို မြို့ငယ်များထံ ထုတ်ပြန်ခဲ့သည်။ စုံစမ်းမှုများ ပြီးနောက်တွင် အီဇ်တာမြို့မှ မြို့ငယ်လေးသုံးခု ထိခိုက်ပျက်စီးရခြင်းမှာ ဗိုလ်ချုပ်ဂျော့ခ်ျ၏ မှော်ဆရာခံတပ်ကြောင့် မဟုတ်ကြောင့် ရှာတွေ့သွားခဲ့သည်။ ၎င်းမှာ မြို့တော်၏ ရီဂျန့်အိုဆိုင်ဒန်က မှော်ဆရာခံတပ်နှင့် ငှက်တောင်ဖြူနယ်မြေကို ပဋိပက္ခ ဖြစ်စေရန် ပြုလုပ်ခဲ့ခြင်း ဖြစ်နေသည်။

အိုဆိုင်ဒန်ကို ဆန့်ကျင်ကြောင်း ပြောဆိုပြီးနောက် စီကာလီ၏ ယခုတွင် ငှက်တောင်ဖြူနယ်မြေသည် တော်ဝင်မင်းသမီးရှီရာ၏ အမိန့်ကိုနာခံပြီး အိုဆိုင်ဒန် ဦးဆောင်သော ဆိုးယုတ်သည့်အင်အားစုများအား လုံးဝ တော်လှန်ရန် ထုတ်ပြခဲ့သည်။ နောက်ထပ်နယ်မြေတစ်ခုသာဆိုလျှင် အမှောင်လသည်ပင် မြို့တော်ကို ကြေညာစာ တစ်ခုတည်းဖြင့် ဖြေရှင်းနိုင်ရန် မလိုပေ။ စစ်သည်များစုဆောင်းပြီး ရွှေ့ပြောင်းရန်အတွက် အတော်လေး ကြိုးစားအားထုတ်ရပေမည်။ သို့သော် ငှက်တောင်ဖြူနယ်မြေမှာ ထိုသို့ မဟုတ်ပေ။ ဟဲရာဘီးမှတစ်ဆင့် ယုံကြည်မှုစွမ်းအားကို ရရှိရန်အတွက် “ဆက်ခံသူ” စီကာလီသည် ပြည်သူများ၏ ယုံကြည်မှု လိမ်လည်ရရှိရန်အတွက် နည်းလမ်းမျိုးစုံ အသုံးပြုကာ ကြိုးစားခဲ့လေသည်။ သူက ငှက်တောင်ဖြူနယ်မြေ ပြည်သူ/သားများကို အရူးအမူးများ ဖြစ်လာစေရန် ပြောင်းလဲခဲ့သည်။ စီကာလီ စကားတစ်ခွန်း ပြောလိုက်သည်နှင့် မြို့တော်သည်ပင် ပြည်သူများ၏ ရှုပ်ချခြင်း ခံရပေလိမ့်မည်။

စီကာလီသည် ချန်လွေ့အား အရှေ့ပိုင်း ဟန်မင်းဆက် အစပိုင်း၌ ဗောင်းထုပ်ဝါသူပုန်များကို ဦးဆောင်ခဲ့သော ကောင်းကင်ဗိုလ်ချုပ်ကို သတိရသွားစေသည်။ သို့သော်လည်း ချန်လွေ့သည် ထို‌လောက၏ ကြီးမြတ်သော ဆရာထံမှ အလုပ်သစ်သီးများကို လုယူခဲ့လေသည်။ အစက အိုဆိုင်ဒန်၏ လက်အောက်ခံများ ဖြစ်ခဲ့ကြသော ငှက်တောင်ဖြူနယ်မြေသည်လည်း သခင်ဟောင်းကို နောက်ကျောမှ ဓားထိုးမည့် သေစေနိုင်သော ဓားတစ်လက် ဖြစ်သွားလေပြီ။

“ဗိုလ်ချုပ်။ ရန်သူတွေ အများကြီးပဲ။ စစ်သည်တွေ ကျတော့မယ်။”

“ဗိုလ်ချုပ် ဒိုင်းလ် သေသွားပြီ။”

“ဗိုလ်ချုပ် ရှီဝင် သေသွားပြီ။”

ထိုသတင်းဆိုးများက ဒိုရင်းအား သွေးတစ်လုပ်အန်သွားစေပြီး သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော ဒဏ်ရာများ နာကျင်လာသည်။ သူက ဝိညာဉ်ကွဲကြေ မဟာဓားဖြင့် ထောက်ထား၍သာ မတ်တပ်ရပ်နိုင်နေသည်။ သူ၏အစောင့်များက မကယ်တင်ခဲ့ပါက သူသည် ဂျော့ချ်၏ ခြင်္သေ့သွားဓားအောက်၌ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

သိပ်မကြာခင်က ငါ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းကို ရောက်သွားတော့ ငါ့အထက်မှာ အမြဲတမ်းရှိနေတဲ့ ပထမဗိုလ်ချုပ်ကို ယှဉ်နိုင်တော့မယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ ‌ဂျော့ချ်ဝေးလ်စ်က ..... နတ်ဆိုးအရှင်သခင်အဆင့်ကို ရောက်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

ငါက သူ့ထက် နိမ့်ကျနေသေးတာပဲ.... ။ ဒိုရင်းက စိတ်ပျက်လျက် ပြုံးလိုက်သည်။ သူ့ကို ပို၍ ကြံရာမရ ဖြစ်စေသည်မှာ အင်ပါယာအစောင့်များနှင့် အဓိကမိသားစုများကို အကူအညီတောင်းရန် စစ်သည်ဒါဇင်ခန့် စေလွှတ်ခဲ့သော်လည်း ‌တော်ဝင်မိသားစုနှင့် အကြီးအကဲမိသားစုတို့က လေထဲသို့ ပျောက်ကွယ်သွားကြဟန်တူသည်။ ဘာမှ မဖြစ်သေးဘူး။ မဟုတ်မှလွဲရော .....

“သေတဲ့အထိ တိုက်ခိုက်ကြ။” ဒိုရင်းက ဝိညာဉ်ကွဲကြေ မဟာဓားကို ကိုင်ထားကာ အော်ပြောလိုက်သည်။ အကြီးအကဲ မိသားစုများကဲ့သို့ မဟုတ်ဘဲ ထိုစဉ်က သူသည် အိုဆိုင်ဒန်ကို ရွေးချယ်ခဲ့သည့်အတွက် ပြန်လမ်းမရှိတော့ပေ။ အပြောင်းအလဲလွယ်သော လူဆိုးကို လူတိုင်း ရွံရှာကြပေသည်။

သူက သေသည်အထိသာ တိုက်ခိုက်၍ ရနိုင်တော့သည်။

အမှောင်လ စစ်တဲအိမ်အရှေ့မှ ဗျတ်စောင်းသံက ပိုမိုထင်ရှားပြီးသာယာလာကာ တစ်ထပ်တည်းနီးပါး ဖြစ်လာခဲ့သည်။ နောက်ထပ် စိတ်လှုပ်ရှားရာ ဂီတသံစဉ်ထဲတွင် မရေမတွက်နိုင်သော စစ်သည်များအပေါ်၌ မီးရောင်များ တောက်ပလာပြီး မြေပြင်မှ သွေးကန်က လနှစ်စင်းတွင် ရောင်ပြန်ဟပ်ကာ သွေးရောင်လနှစ်စင်း ဖြစ်သွားစေရင်း မဟာဓားနှင့် ခြင်္သေ့သွားဓားတို့ ရိုက်ခတ်သော ဝမ်းနည်းဖွယ် အသံများက ဂီတ သင်္တေတများအဖြစ် ပြောင်းလဲသွားလျက် သွေးနှင့်မီးလျှံသံစဉ်ကို အဆုံးစွန်အထိ တွန်းပို့ပေးနေခဲ့လေသည်။

All Chapters