← Chapters

တေးသံအဆုံးသတ်

Vol. 36 Ch. 538

တေးသံအဆုံးသတ်

Vol. 36 Ch. 538

လာ့ခ်တိုစ်က ပြိဿခေါင်းဆောင်ကို အမြန်ဆုံးသတ်ပစ်ပြီး စစ်သည်များကို ဦးဆောင်ကာ ဝိုင်းရံမှုမှ ဖောက်ထွက်ချင်နေသည်။ သူက ချက်ချင်းပင် မန္တန်ကို တိတ်တဆိတ် ရေရွတ်လိုက်ပြီး ပတ်ပတ်လည်၌ [ မိုးကြိုးစက်လုံး ] ၈လုံး ပေါ်ထွက်လာသည်။ ၎င်းတို့က လေထဲ၌ ပိုင်းဖြတ်သော လမ်းကြောင်းတစ်ခု ဖြစ်သွားပြီး ရန်သူထံသို့ ပျံသန်းသွားသည်။

ပြိဿခေါင်းဆောင်က ၎င်းကို မရှောင်တိမ်းနိုင်ခဲ့ပေ။ သူက လက်ထဲမှ အလွန်ကြီးမားသော ဒိုင်းကို ဝှေ့ရမ်းလိုက်သည်။ ထိုဒိုင်းကာu မှော်ပညာကို သီးခြားဖြစ်စေပြီး ကွဲပြားသွားစေနိုင်ပုံရသည်။ [ မိုးကြိုးစက်လုံး ] များက ဒိုင်းကာ၏ တိုက်မှုအောက်တွင် တကျည်ကျည် အသံနှင့်အတူ လျှပ်စီးပွင့်များ အဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားသည်။ [ မိုးကြိုးစက်လုံး ] ၈ခုလုံးက ဒိုင်းကာဖြင့် ရိုက်ခတ်မှုကြောင့် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

သို့သော်လည်း ၎င်းမှာ ရန်သူ၏ အာရုံပြောင်းစေရန်အတွက် လာ့ခ်တိုစ်၏ အပေါ်ယံ တိုက်ခိုက်မှု တစ်ခုသာ ဖြစ်သည်။ [ မိုးကြိုးစက်လုံး ] များကို ပြိဿခေါင်းဆောင် ရှင်းပစ်နေစဉ် ပြိုကွဲသွားသော လျှပ်စီးပွင့်များက ညာဘက်တွင် စုစည်းသွားပြီး နတ်ဆိုးဧကရာဇ်အဆင့် အမှောင်နတ်သူငယ်တစ်ယောက်၏ တစ္ဆေသဖွယ် ပုံရိပ်တစ်ခု ဖြစ်သွားသည်။ ထို့နောက် အပြာရောင်အလင်း တောက်နေသော ဓားပါးလေး တစ်လက်က ပြိဿ၏ လည်မျိုသို့ တိတ်တိတ်လေး ခုတ်ပိုင်းလိုက်သည်။

အမှောင်နတ်သူငယ်၏ အမြန်နှုန်းနှင့် လုပ်ကြံသော ပညာရပ်မှာ နတ်ဆိုးဘုံ၌ အကောင်းဆုံး ဖြစ်သည်။ ထိုဓားက စွမ်းအားကို အမှတ်တစ်နေရာ၌ စုစည်းထားခဲ့သည်။ ၎င်း၏စွမ်းအားမှာ မယုံနိုင်စရာကောင်းပြီး အချိန်မှာလည်း အတော်လေး တိကျသည်။ ၎င်းသည် ပြိဿခေါင်းဆောင်က အားအင်အဟောင်းကို သုံးပြီး အားအင်အသစ် မစုစည်းရသေးသော ပင်ပန်းနေသည့်အချိန် ဖြစ်သည်။ ၎င်းကို ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။

သေရေးရှင်ရေး အခိုက်အတန့်၌ ပြိဿခေါင်းဆောင်က မထင်မှတ်ထားသော အရာတစ်ခု ပြုလုပ်ခဲ့သည်။ သူက အတင့်ရဲစွာဖြင့် ဓားကို သွားဖြင့် ကိုက်လိုက်သည်။ ပြိဿများက ကိုက်အားကောင်းသော “နတ်ဆိုးသားရဲများ” မဟုတ်သော်လည်း သူက ထိုသေစေနိုင်သော ဓားကိုး အမှန်တကယ် မြဲမြဲမြံမြံ ကိုက်လိုက်နိုင်သည်။

လာ့ခ်တိုစ်၏ အံ့အားသင့်မှုမှာ ခဏတာသာဖြစ်ပြီး သူ၏ပိုင်နက်စွမ်းအား အလျင်အမြန် ပေါက်ကွဲထွက်သွားသည်။ သူက နောက်ထပ် သတ်ဖြတ်ခြင်း တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် ပြင်လိုက်ရန် ပြိဿ၏နဖူးမှာ အရာတစ်ခုကို ရုတ်တရက် ကြည့်လိုက်မိသည်။ ၎င်းမှာ ကျောက်မျက်တစ်ခုအရွယ်ဖြစ်ပြီး အနီ‌ရောင်အလင်း ဖျော့ဖျော့ လင်းလက်နေကာ မျက်လုံးတစ်မျိုးမျိုးနှင့်တူနေသည်။

ထို“မျက်လုံး”ကို စိုက်ကြည့်လိုက်မိသောအခါ ၎င်းထံမှ တလက်လက် ရွှေရောင်များ ရုတ်တရက် လင်းလက်သွား၏။ လာ့ခ်တိုစ် မူးဝေသွားပြီး မရဏနတ်ဘုရား ခေါ်လိုက်သကဲ့သို့ပင် သူ၏ဝိညာဉ်က ခန္ဓာကိုယ်မှ ဖောက်ထွက်ချင်စိတ် အပြင်းအထန် ဖြစ်သွားခဲ့သည်။

လာ့ခ်တိုစ် ကြောင်သွားခဲ့ပြီး တစ်ခုခုလွဲနေကြာင်း ခံစားလိုက်မိသည်။ သူက အသိစိတ်ထဲ၌ ကိုယ့်ကိုယ်ကိုယ် နိုးထရန် ကြိုးစားကြည့်သည်။ သို့သော် သူ၏အသိစိတ် ပြန်ဝင်လာသောအချိန်၌ ကြောက်မက်ဖွယ်ရာ လေဖိအားပါဝင်သော ပုဆိန်ကြီးက သူ့ကို ခုတ်ပိုင်းပြီးသွားလေပြီ။

နောက်မှ စစ်သည်များက ဗိုလ်ချုပ် လာ့ခ်တိုစ်၏ဓားကို ပြိဿတစ်ကောင်က ကိုက်လိုက်ပြီးနောက် သူ မူးနေသကဲ့သို့ပင် ဒယီးဒယိုင် ရပ်နေသည်ကိုသာ မြင်လိုက်ရသည်။ ထိုနောက်ချက်ချင်းပင် အမှောင်နတ်သူငယ်က ပုဆိန်ကြောင့် နှစ်ပိုင်းပြတ်သွားခဲ့ပြီး သွေးအိုင်ထဲသို့ ကျသွားတော့သည်။

ပြိဿခေါင်းဆောင်က ပါးစပ်တွင်ကိုက်ထားသော ဓားရှည်နှင့် သွားကျိုး နှစ်ချောင်းကို ထွေးထုတ်လိုက်သည်။ ထို့နောက် လာ့ခ်တိုစ်၏ အလောင်းကို အော်ပြောပြီးနောက် နောက်ထပ်ပစ်မှတ်ဆီသို့ ခုန်အုပ်သည်။

ထိုနေရာ၌ ချန်လွေ့ ရှိနေမည်ဆိုလျှင် ဒယ်လောင်၏ အော်သံကို နားလည်ပေလိမ့်မည်။ ကံမကောင်းလိုက်တဲ့ကောင်။

လာ့ခ်တိုစ်သည် အမှန်တကယ်ပင် ကံမကောင်းခဲ့ပေ။ ဒယ်လောင်၏ နဖူးမှ တတိယမျက်လုံးသည် ချန်လွေ့ပေးခဲ့သော ဆော်ရွန်မျက်လုံး၏ သန္ဓေပြောင်းခြင်း ဖြစ်ပြီး ဒယ်လောင်၏ခုခံမှုကို ကြီးကြီးမားမား တိုးတက်သွားစေခဲ့သည်။ ထို့ကြောင့်ပင် သူက ထိုဓားကို အရေးကြီး အခိုက်အတန့်၌ ကိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သွားနှစ်ချောင်းကျိုးရုံမှ ရိုးရှင်းမည် မဟုတ်ပေ။ ထို့ပြင် ဆော်ရွန်မျက်လုံးက ဒယ်လောင်ကို ရန်သူအား ချက်ချင်း သေစေရန် ကျိန်စာတိုက်နိုင်သည့် အခွင့်အရေးရှိသော [ မရဏအကြည့် ] ဟူသော အထူးစွမ်းရည်တစ်ခု ပေးခဲ့သည်။

[ မရဏအကြည့် ] က အသက်ဝင်ရန် အခွင့်အရေး အနည်းငယ်သာ ရှိသည်။ သို့သော် လာ့ခ်တိုစ်က ကံမကောင်းစွာဖြင့် ကြုံတွေ့ခဲ့ရလေသည်။ ပုံမှန်အတိုင်းဆိုလျှင် လာ့ခ်တိုစ်၏ စွမ်းအားဖြင့် ချက်ချင်းသေမည် မဟုတ်ပေ။ သို့သော်လည်း သူ၏ ဝိညာဉ် ယာယီ ဖရိုဖရဲ ဖြစ်သွားခဲ့သည်။ သို့သော်လည်း ထို “ယာယီ”က ထိုကဲ့သို့တိုက်ပွဲမျိုး၌ သေရေးရှင်ရေးကို ဆုံးဖြတ်ပေးနိုင်ပေသည်။

လက်ထောက်ဖြစ်သူ လာ့ခ်တိုစ် အသတ်ခံလိုက်ရသည်ကို ဂရန့် မသိသေးပေ။ သူက ဝါလန်ခံတပ်မှ ပြေးထွက်လာကြသော ရန်သူများကို ရင်ဆိုင်နေသည်။ နောက်မှ ခြေလျင်တပ်များကလည်း နောက်လိုက်လာသော စစ်တပ်၏ မြားများကြောင့် တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်သည်။ ရှေ့တွင်လည်း ပြိဿများက ကာစီးထားကြသည်။ သူတို့ အတင်းတိုက်ခိုက်မည်ဆိုလျှင် စစ်တပ်တစ်ခုလုံး သုတ်သင် ခံလိုက်ရမည် ဖြစ်သည်။ ဖောက်ထွက်ရန် သူ နည်းလမ်းတစ်ခု ရှာရပေမည်။

ဂရန့်က ဝါလန်ခံတပ် စစ်သည်များကို ဦးဆောင်နေသော မြင်းတပ်ကို ကြည့်လိုက်ပြီး လက်ရွေးစင်အစောင့်များကို မြင်းတပ်ထံ ချီတက်ရန် အမိန့်ပေးသည်။ ဂရန့်၏ မြင်းတပ်တွင် လှံတိုနှင့် လှံရှည်များ ရှိကြသည်။ လှံရှည်က ချီတက်ရန် အတွက် အသုံးပြုပြီး လှံတိုကို ပစ်လွှတ်ရန်အတွက် သုံးသည်။ ဆာဂီနှင့် အခြား လက်ရွေးစင် အစောင့်များက အသေအချာ လေ့ကျင့်ထားကြသည်။ သူတို့က ရန်သူများထံ လှံတိုများ ပစ်လွှတ်လိုက်သောအခါ ဝါလန်ခံတပ်မှ စစ်သည်များ အငိုက်မိသွားကြပြီး ဒါဇင်ခန့်က လှံထိကာ မြေပြင်ပေါ်သို့ ပြုတ်ကျကုန်သည်။ ဦးဆောင်နေသော မြင်းတပ်သားက ချက်ချင်းပင် ရှေ့ဆက်သွားသည်။ လက်ထဲမှ မဟာဓားကို ဝှေ့ရမ်းလိုက်ရာ အနီးမှ ပစ်လွှတ်လိုက်သော လှံအကုန် ပြတ်ထွက်သွားလေ၏။

အနီရောင်အလင်း လက်ခနဲ ဖြစ်သွားပြီး ဂရန့်၏ပုံရိပ်က မြင်းတပ်အပေါ်၌ ပေါ်ထွက်လာသည်။ ထိုအချိန်၌ မိုးရေက ထူးဆန်းစွာပင် နောက်သို့ ပြန်လှိမ့်သွားပြီး ပိုင်နက်စွမ်းအားဖြင့် ဖန်တီးထားသော လေဟာနယ်စက်ကွင်းတစ်ခု ဖြစ်သွားသည်။ အလယ်တွင်ရှိသော ဂရန့်က မြောက်မြားလှစွာသော သွေးနီအလင်းရောင် မြွေများကို လက်ထဲမှ မန်းမှုတ်လိုက်ပြီး မြင်းတပ်ကို ကာစီးလိုက်သည်။

သို့သော်လည်း မြောက်မြားလှစွာသော အလင်းမြွေများက ရှင်းပြ၍မရနိုင်ဘဲ တုန်လှုပ်သွားပြီး မြင်းတပ်ကို မထိခင်မှာပင် ရပ်တန့်သွားကြသည်။ သွေးနီရောင်ကလည်း အပြာရောင်ပြောင်းသွားပြီး မြန်ဆန်သော လေန္ဓာကိုယ်က ရပ်တန့်ပြီး နှေးသွားခဲ့သည်။

ထို့နောက် ချက်ချင်းပင် လေဟာနယ်စက်ကွင်းတစ်ခုက ဖန်သားသဖွယ် ကြေကွဲသွားဟန်တူသည်။ သွေးနီရောင်အလင်း မြွေများ ပျောက်ကွယ်သွားပြီး ဂရန့်၏ ငရဲသွေးလှံအဖြစ်သို့ ပြောင်းလဲသွားကာ လှံထိပ်ကို လူတစ်ယောက်က ကိုင်ထားနေ၏။

မြင်းတပ်ခေါင်းဆောင်အရှေ့တွင် ရပ်နေသော ပုံရိပ်မှာ ဝေဝါးဝါး ဖြစ်နေသည်။ သူက အနက်ရောင် ချပ်ကာတစ်ပိုင်းကို ဝတ်ဆင်ထားပြီး လက်နှစ်ဖက်တွင် ထူးဆန်းသော လက်အိပ်များ ရှိနေပြီး အေးစက်သည့်အငွေ့အသက် ထုတ်လွှတ်နေသည်။ သူက ဂရန့်၏ ငရဲသွေးလှံကို လက်ချည်းသက်သက်ဖြင့်သာ ဆုပ်ကိုင်ပြီး တိုက်ခိုက်မှုကို လုံးဝ ပြိုကွဲသွားစေခဲ့ခြင်း ဖြစ်သည်။

ဂရန့်က လက်ကောက်ဝတ်ကို လှုပ်ခါပြီး သူ၏လက်အိပ်ကို ဖယ်ထုတ်လိုက်သည်။ ပြိုင်ဘက်၏ တန်ပြန်တိုက်ခိုက်မှုများက အရိပ်ကဲ့သို့ပင် ရောက်လာသည်။ ရန်သူ၏ စွမ်းအားက ဂရန့်ထက် တစ်ဆင့်ပိုမြင့်ပြီး တိုက်ခိုက်ရေးစွမ်းအား အလွန်အမင်း အားကောင်းလှသည်။ ၎င်းက ဂရန့်က နိမ့်ကျသော အခြေအနေသို့ ချက်ချင်းပင် ရောက်သွားစေခဲ့သည်။

ဂရန့်က မဟာမိတ် အစွမ်းထက်ပုဂ္ဂိုလ်ဖြင့် ဖိနှိပ်ခံနေရသည်ကို မြင်သည့်အခါ ယခင် မဟာဓားကိုင်ထားသော မြင်းတပ်သားက ခေါင်းစွပ်ကို ချွတ်လိုက်ကာ ခရမ်းရောင် ဆံပင်များ‌ ပေါ်ထွက်လာသည်။ သူရသတ္တိရှိပြီး လှပသောမျက်နှာက သူ့အ‌ရှေ့မှ အမြင်စူးရှသော ဆာဂီကို ထိတ်သန့်သွားစေသည်။ အသီနာ။

သူ့ကို လူငယ်ဓားပြိုင်ပွဲ၌ အနိုင်ရရှိခဲ့သော ချန်ပီယံ၊ ပထမဗိုလ်ချုပ်၏ သမီး၊ အမှောင်လ စခန်း၌ သူ့ကို ထပ်မံအနိုင်ယူခဲ့ပြီး လူပုံအလယ် ချစ်ရေးဆိုခဲ့သည်ကို ငြင်းဆိုခဲ့သော မိန်းမလှက အမှောင်လ၏ တောက်ပသော ကြယ်တစ်ပွင့် ဖြစ်လာခဲ့သည်။ အသီနာက လရောင်ခံတပ် စစ်တပ်ကို ဦးဆောင်ပြီး မြို့တော်ညွန့်ပေါင်းစစ်တပ်ကို အကြိမ်ကြိမ် ခုခံကာကွယ်ခဲ့သည်။ တစ်ဖက်တွင် ဒုတိယဗိုလ်ချုပ်၏သားဖြစ်သော သူက အစွယ်ကွေးကျား ဗိုလ်ခြေ၏ သာမန်အစောင့်တစ်ယောက်သာ ဖြစ်နေခဲ့သည်။

ဒီလောက်ကောင်းတဲ့မိန်းမ။ သူငါ့ကို အထင်သေးတာက ကိစ္စမရှိဘူး။ ဒါပေမဲ့ သူက ဘာလို့ အဲဒီမပြည့်ဝတဲ့ လူသားငကြောက်ကို သစ္စာရှိနေရတာလဲ။

ဆာဂီက မကျေနပ်ချက်များ ပြည့်နှက်နေစဉ် အသီနာက တိုက်ပွဲအသွင်သို့ ပြောင်းလဲသွားခဲ့သည်။ မီးတောက်များက သူ၏ခန္ဓာကိုယ်ကို လွှမ်းမိုးသွားပြီး သူ၏ ဦးခေါင်းပေါ်၌ ရှည်လျားသော ချိုကွေးတစ်ခု ပေါ်ထွက်လာသည်။ သူ၏ဆံပင်နှင့် အရေပြားတို့က ကြက်သွေးရောင် ဖြစ်သွားသည်။ မိုးရေစက်များက သူ၏ခန္ဓာကိုယ်ကို မထိခင်မှာပင် အငွေ့ပျံသွားကြသည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ အငွေ့အသက်က အဝေးမှ ဆာဂီကိုပင် တုန်လှုပ်သွားစေသည်။ 

ဒါက အဆင့်မြင့်နတ်ဆိုး မဟုတ်ဘူး။ နတ်ဆိုးဘုရင်အဆင့်တောင် မဟုတ်ဘူး။

မဟာနတ်ဆိုးဘုရင်အဆင့်လား။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဆာဂီ ကြက်သီးထသွားသည်။ မီးတောက်ကဲ့သို့ ပုံရိပ်က အစွယ်ကွေးကျား ဗိုလ်ခြေ အများဆုံးရှိသော သူ့အ‌ရှေ့တွင် ချက်ချင်း ပေါ်ထွက်လာသည်။ ထို့နောက် ရဲရဲတောက် မီး‌တောက်နေသည့် မဟာဓားဖြင့် အပြင်းအထန် ခုတ်ပိုင်းလိုက်သည်။

ရွှတ်....အဆုံးသတ်.....

 ၎င်းမှာ ဆာဂီ၏ နောက်ဆုံး အသိစိတ်ဖြစ်ပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံးက ထိုခံစားချက်နှင့်အတူ အပိုင်းပိုင်းဖြစ်ပြီး ပျောက်ကွယ်သွားခဲ့သည်။

၁၀မီတာရှိသော ယပ်တောင်ပုံနေရာတွင် ချော်ရည်ကဲ့သို့ မီးတောက်စွမ်းအား ရှိနေပြီး လက်ရွေးစင်အစောင့်များနှင့် မြင်းများအားလုံး အမှုန့်ဖြစ်သွားသည်။ အလောင်းများပင် မကျန်ခဲ့ပေ။

ထိုဓားအောက်တွင် သေဆုံးသွားခဲ့သော ဝိညာဉ်များထဲတွင် မနာလိုခြင်းနှင့် အမုန်းတရားများ ပြည့်နှက်နေသော “အသိဟောင်း” တစ်ယောက် ရှိနေသည်ကို အသီနာ မသိခဲ့ပေ။ ခုနက သူ၏ [ စီရင်ချက် ] ခုတ်ချက်မှာ အဆောင်ပစ္စည်းယောင် ကိုယ်တိုင်၏ အစွမ်းဖြစ်သည်။ သူက ၎င်းကို ကိုယ်ပိုင် စိတ်ဝိညာဉ် သန္ဓေပြောင်းပါရမီနှင့် ပေါင်းစပ်လိုက်ရာ အလွန်အမင်း အစွမ်းထက်သွားပြီး မည်သည့်ရန်သူမှ မလွတ်ခဲ့ပေ။

ထိုခုတ်ပိုင်းချက်က အစွယ်ကွေးကျားဗိုလ်ခြေ၏ စိတ်ဓာတ်ကို အနိမ့်ဆုံးအထိ ကျဆင်းသွားစေခဲ့သည်။ မည်သူမှ စတင်၍ မတိုက်ခိုက်ရဲတော့ပေ။

ဂရန့်က ထိုမြင်ကွင်းကို မြင်လိုက်ရသည်။ သူက စိတ်ပျံ့လွင့်ပြီး ရင်တလှပ်လှပ် ဖြစ်နေစဉ် ရန်သူ၏ လက်သီးနှစ်ချက်ကို ခံလိုက်ရပြန်သည်။ သူ၏ခန္ဓာကိုယ်ထဲသို့ ဖောက်ဝင်သွားသော လက်သီးစွမ်းအားက သူ့ခန္ဓာကိုယ်၏ အမြန်နှုန်းကို လျော့ကျစေသော ထူးဆန်းသည့် ရေဒြပ်စင်စွမ်းအားတစ်ခု ပါဝင်နေဟန်တူသည်။ ဂရန့်ကို တိုက်ပွဲကို မဆွဲဆန့်ရဲတော့ပေ။ သူက လှံကို ဆတ်ခနဲ လှုပ်ရှားပြီး တယ်လီပို့ ပါရမီကို အသက်သွင်းလိုက်သည်။ သူ အဝေးသို့ ‌ရောက်သွားသည်နှင့် သူ၏ခြေထောက်က ရှင်းပြ၍ မရဘဲ တင်းကြပ်သွားသည်။ သူက အမှန်တကယ် မလှုပ်နိုင်တော့ဘဲ မြေအောက်တွင် လက်ကြီးတစ်စုံက သူ့ခြေချင်းဝတ်ကို ဆုပ်ကိုင်ထားသလို ဖြစ်နေခဲ့သည်။

ဂရန့် ထိတ်လန့်သွားခဲ့သည်။ သူက ငရဲသွေးလှံဖြင့် အောက်ကို ထိုးကြည့်ရန် သတ္တုတစ်ခုခုကို ထိုးစိုက်နေသကဲ့သို့ ခံစားလိုက်ရပြီး နေရာအနှံ့သို့ မီးပွင့်များ စင်ကုန်သည်။ သူ၏ခြေထောက်ကို မရုန်းထွက်နိုင်သေးပေ။ ထိုအချိန်၌ လက်အိပ်ဝတ်ထားသော ရန်သူက သူ၏နောက်သို့ အလျင်အမြန် ရောက်လာပြီး အပြာရောင်မြူများ လောင်ကျွမ်းနေသော လက်သီးတစ်ချက်က ဂရန့်၏ ကျောဘက်ကို အပြင်းအထန် ထိသွားသည်။ သူ၏ချပ်ကာ ချိုင့်ဝင်သွားပြီး လက်သီးရာတစ်ခုက ရင်ဘတ်မှ ဖောက်ထွက်လာပြီး အရိုးကျိုးသံများ ထွက်လာသည်။

ဂရန့် ညည်းညူလိုက်ပြီး သူ၏ပါးစပ်မှ ရေခဲချော်နှင့်အတူ သွေးတစ်လုပ် အန်လိုက်သည်။ ထိုလက်သီးချက်က အလွန်အမင်း ပြင်းထန်လှပြီး အတွင်းဒဏ်ရာများကို ဆိုးဝါးသွား စေသည်။ ရန်သူ၏ နောက်ထပ် လက်သီးနှစ်ချက်က ဂရန့်၏ အောက်ပိုင်းကို အေးခဲသွားစေပြီး လုံးဝမတိုက်ခိုက်နိုင်အောင် ဖြစ်သွားစေသည်။

လက်ရွေးစင်အစောင့်များနှင့် အစွယ်ကွေးကျား ဗိုလ်ခြေမှ စစ်သည်များက ဂရန့် ထိန်းချုပ်ခံထားရသည်ကို မြင်သည့်အခါ မျက်လုံးများ နီရဲသွားကြသည်။ သူတို့က ဝိုင်းရံမှုမှ ဖောက်ထွက်ရန် ဂရုမစိုက်တော့ဘဲ ထိုဘက်သို့ မဆင်မခြင် ပြေးလာသည်။ သူတို့ကို ပြိဿနှင့် ဝါလန်ခံတပ်မှ စစ်သည်များက ပေါက်စီအစာသွပ်ကဲ့သို့ပင် ဝိုင်းရံခံလိုက်ရသည်။

ထိုအချိန်၌ ဂရန့်၏ ခြေချင်းဝတ်ကို ဆုပ်ကိုင်ထားသော “အရာ”က မြေပေါ်သို့ တဖြည်းဖြည့် “လွင့်”တက်လာသည်။ ၎င်းမှာ ထူးဆန်းသော လူပုံရိပ်တစ်ခု ဖြစ်သည်။ ခန္ဓာကိုယ်မှ ကျောက်တုံးကဲ့သို့ အရာများဖြင့် ပြုလုပ်ထားသည်။ မျက်နှာ အသွင်အပြင်နှင့် ကြွက်သားများမှာ အတော်လေး မပြတ်မသားဖြစ်နေပြီး မျက်လုံးထဲ၌ အစိမ်းရောင် အလင်း ဖျော့ဖျော့လေး တောက်နေသည်။ ခုနက ငရဲသွေးလှံ၏ ထိုးချက်က ၎င်း၏ ခန္ဓာကိုယ်ပေါ်၌ ခြစ်ရာအသေးလေးသာ ဖြစ်စေခဲ့သည်။

“မြေဒြပ်စင်ကောင်...” ဂရန့် ညည်းညူလိုက်သည်။ မြေဒြပ်စင်ကောင်ရဲ့ ခုခံမှုက အစွမ်းထက်ဆုံးပဲ။ ဒါကြောင့် ငရဲသွေးလှံ မဖောက်နိုင်တာကိုး။ မေးစရာရှိတာက အမှောင်လမှာ ဘယ်တုန်းက စစ်ကူတွေ ဒီလောက်အများကြီး ရှိသွားတာလဲ။ သူတို့မှာ ဒြပ်စင်ကောင်တွေတောင် ရှိတယ်။ ပြီးတော့ အဲဒါကလည်း နတ်ဆိုးဧကရာဇ်အဆင့် လက်ရွေးစင်ခေါင်းဆောင် ဖြစ်နေတယ်။

နတ်ဆိုးဧကရာဇ်အဆင့် မြေဒြပ်စင်ကောင်မှာ ထာ့ခ်သာ ဖြစ်သည်။ သြဇာယွမ်မြေ၏ မှော်စွမ်းအားကြောင့် ထာ့ခ်က နတ်ဆိုးဧကရာဇ်အဆင့်သို့ အောင်အောင်မြင်မြင်နှင့် အဆင့်တက်နိုင်ခဲ့သည်။ ချန်လွေ့ကို ကူညီရန်အတွက် မြေဒြပ်စင်ဘုရင် မိုးရီက ဝါလန်ခံတပ်သို့ ကြိုတင်ကာရန်အတွက် ထာ့ခ်ကို စေလွှတ်ခဲ့ပြီး ကျန်သော မြေဒြပ်စင်ကောင်များအား ပထဝီဘုံ၌ သြဇာယွမ်မြေ၏စွမ်းအားကို ဆက်လက်စုပ်ယူစေသည်။ ပြီးစီးရန် ၃လကြာမည်ဖြစ်ပြီး ထိုအချိန်၌ ပိုမိုအစွမ်းထက်သည့် လက်ရွေးစင် မြေဒြပ်စင်ကောင်များ မွေးဖွားလာမည် ဖြစ်သည်။

ထာ့ခ်က ချဉ်းကပ်လာသော အသီနာကို အရိုအသေပြုပြီးနောက် မြေထဲသို့ တဖြည်းဖြည်း နစ်ဝင်ကာ ပျောက်ကွယ်သွား၏။ သူ၏တာဝန် ပြီးစီးသွားပြီဖြစ်ရာ ဝါလန်ခံတပ်မှ တယ်လီပို့ လမ်းကြောင်းမှတစ်ဆင့် ပထဝီဘုံသို့ပြန်ပြီး သြဇာယွမ်မြေကို ဆက်လက်စုပ်ယူနိုင်မည် ဖြစ်သည်။

ဂရန့်က မိမိသည် သေချာပေါက် သေမည်ဖြစ်ကြောင်း ယုံကြည်သည့်အတွက် ကြောက်မနေတော့ပေ။ သို့သော်လည်း အသီနာအပေါ် ထာ့ခ်၏လေးစားမှုက သူ့ကို ထိတ်လန့်သွားစေခဲ့သည်။ ပြိဿတွေ၊ မြေဒြပ်စင်ကောင်တွေ၊ မယ်ဒူဆာတွေ၊ ဝိုင်ဗိုင်တွေ၊ မသေမျိုးစစ်တပ်တွေ...

ဒီတစ်ခေါက် အမှောင်ကို အဓိပ္ပာယ်မရှိတဲ့ အကြောင်းရင်းနဲ့ ရီဂျန့် တိုက်ခိုက်တာက ကံကောင်းတာပဲ။ ဒီတိုက်ခိုက်မှု မတိုင်ခင်က ငါတို့ ဘာမှမသိဘူး။ အမှောင်လနယ်မြေ ပုန်းကွယ်နေတဲ့ အင်အားတွေက ကြောက်စရာကောင်းလွန်းတယ်။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် အမှောင်လရဲ့အင်အားက ကြောက်မက်ဖွယ်ရာ အဆင့်တစ်ခုအထိ တိုးတက်သွားမှာပဲ။ အဲဒီအချိန်ကျရင် မြို့တော်က အမှောင်လကို သိမ်းပိုက်ဖို့စွမ်းရည် ရှိတော့မှာ မဟုတ်လောက်ဘူး။ မြို့တော်က အမှောင်လရဲ့ ဝါးမျိုတာကို ခံရမှာ။

အင်ပါယာ၏ ပထမဗိုလ်ချုပ်၏သမီးဖြစ်သော သူရသတ္တိရှိသည့် တပ်မှူးကို ရင်ဆိုင်ရသည့်အခါ ဂရန့် သွေးအန်သွားသည်။ သူက ‌မောက်မာမှု မပြသလို အသက်ချမ်းသာပေးရန်လည်း မတောင်းဆိုခဲ့ပေ။ သူက ပုံမှန်အတိုင်းသာ ပြောသည်။ “ငါရှုံးပါတယ်။ ဗိုလ်ချုပ်ဂျော့ချ်ကို ငါ အရှုံးပေးတယ်။”

အသီနာက တိုက်ခိုက်ရေးအသွင်ကို ပြန်ရုတ်သိမ်းပြီး ခေါင်းခါသည်။ “မဟုတ်ဘူး။ ရှင့်ကို အနိုင်ယူခဲ့တာ လော့ဒ်-သန်းခေါင်နေရဲ့ သွေးနီမီးလျှံ စစ်တပ်ပဲ။”

ဂရန့်က နတ်ဆိုးဘုံတစ်ခုလုံးကို တုန်လှုပ်စေခဲ့သော အလံကို ကြည့်လိုက်ပြီး သူ၏ အမူအရာ အနည်းငယ် ရှုပ်ထွေးသွားကာ သက်ပြင်းချလိုက်သည်။ “ငါ့ရဲ့ စစ်သည်တွေကို ချမ်းသာပေးပါ။”

အသီနာ ခေါင်းညိတ်သည်။ သူအော်လိုက်ရာ ပြိဿများနှင့် ဝါလန်ခံတပ်မှ စစ်သည်များ ချက်ချင်း ရပ်တန့်လိုက်ကြသည်။ ထိုအချိန်၌ အစွယ်ကွေးကျားဗိုလ်ခြေ တစ်ဝက်ကျော် ကျရှုံးသွားခဲ့ပြီး လူ ၂၀၀၀သာ ကျန်တော့သည်။

“လက်နက်ချပြီး အညံ့ခံကြ။ မဟုတ်ရင် သတ်ပစ်လိုက်။”

ဂရန့်ကို အသီနာ ထိန်းချုပ်ထားကြောင်း မြင်လိုက်ပြီး အစွယ်ကွေးကျား ဗိုလ်ခြေမှ စစ်သည်များက ချက်ချင်းပင် လက်နက်များကို မြေပေါ်သို့ ပစ်ချလိုက်သည်။

“ဗိုလ်ချုပ်-ဂရန့်။ ဒီသစ္စာရှိ စစ်သည်တွေအတွက် ရူးရူးမိုက်မိုက် မလုပ်ပါနဲ့။”

ဆိုလိုသည်မှာ အောက်ပါအတိုင်းပင် ဖြစ်သည်။ ထွက်ပြေးရဲရင် ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် သတ်သေရဲရင် ဒီစစ်သည်တွေအကုန်လုံးကို ရှင်နဲ့အတူ မြှုပ်ပေးမယ်။

“သဘောပေါက်ပြီ။” ဂရန့်က ခါးသက်သက်နှင့် ပြုံးလိုက်သည်။ သူက ဗိုလ်ချူပ်ဂျော့ချ်ရဲ့သမီး ဖြစ်ထိုက်တာပဲ။ အမူအကျင့်တောင် တစ်ပုံစံတည်း။ 

မိုးသည်းနေဆဲပင်ဖြစ်ပြီး ကောင်းကင်လည်း မီးခိုးရောင် ဖြစ်လာသည်။ ဝါလန်ခံတပ်က လုံးဝ တိတ်ဆိတ်နေ၏။ မိုးရေ မဆေးချနိုင်သော သွေးများသည်သာ ခုနက အသက်ပေါင်း ထောင်နှင့်ချီ သေဆုံးသွားခြင်းကို ဝမ်းနည်ကြေကွဲနေဟန်တူသည်။

ရှီလန်တောင်တန်း၌ မိုးကြီးနေသော်လည်း မြို့တော်၏ကောင်းကင်မှာ ကြည်လင်နေ၏။ အရုဏ်တက်ချိန်ရှိ အဖြူရောင် လနှစ်စင်းကလည်း ညနေခင်းက မပယ်ဖျက်ရသေးသော အေးစက်မှု အနည်းငယ်ကို သယ်ဆောင်ထားဆဲ ဖြစ်သည်။

မြို့တော်မှ လူအများစုအတွက် ယမန်ညသည် ကြောက်လန့်တကြားနှင့် အိပ်မရသော ညတစ်ည ဖြစ်သွားခဲ့သည်။

ကံကောင်းစွာပင် ပြင်းထန်သော တိုက်ခိုက်မှုများ ပြီးဆုံးသွားခဲ့သည်။ ပေါက်ကွဲသံများ မကြားရတော့ဘဲ မီးတောက်များအားလုံးလည်း ငြိမ်းသွားသည်။

ထင်းခနဲ မြင်စေသည်မှာ နေရာတွင် မြှုပ်နှံ၍မရသော အလောင်းပုံကြီးပင် ဖြစ်သည်။ သူတို့ကို မြို့ပြင်သို့သာ ဆွဲခေါ်သွားပြီးမှ မြှုပ်နှံ၍ ရနိုင်သည်။ အလောင်း လှည်းများကလည်း လမ်းတစ်လျှောက်၌ မရေမတွက်နိုင်သော ကြောက်လန့်နေကြသည့် အကြည့်များကို ဆွဲဆောင်နေခဲ့သည်။

ထိုတိုက်ပွဲတွင် တစ္ဆေနီဗိုလ်ခြေ ချေမှုန်းခံလိုက်ရပြီး အင်ပါယာ၏ ဒုတိယဗိုလ်ချုပ်နှင့် ဗိုလ်ခြေတပ်မှူးဖြစ်သော ဒိုရင်းရုစ် သေဆုံးသွားခဲ့သည်။ အိုဆိုင်ဒန်ကို သစ္စာခံထားကြသော မိသားစုအချို့လည်း ရက်ရက်စက်စက် မြေလှန်ခံခဲ့ရသည်။ မြို့တော်တစ်ခုလုံးက ကျူးကျော်လာသော စစ်တပ်၏ ထိန်းချုပ်မှု‌အောက်သို့ ရောက်သွားခဲ့လေသည်။

ထူးဆန်းသည်မှာ ထိုစစ်တပ်က နန်းတော်ကို မတိုက်ခိုက်သလို မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း၊ လုယက်ခြင်းကဲ့သို့ ယုတ်မာသော လုပ်ရပ်များမလုပ်ဘဲ မြို့တော် စစ်တန်းလျား၌သာ စခန်းချနေကာ မြို့တော်ဗိုလ်ခြေ၏ မူလတာဝန်ကို အစားထိုးရုံကဲ့သို့ ဖြစ်နေသည်။ အနည်းငယ် ကွဲပြားသည်က အတွင်းမြို့နှင့် အပြင်မြို့မှ အစောင့်နှင့် ကင်းလှည့်များ သုံးလေးဆ တိုးပွားသွားခြင်းပင် ဖြစ်သည်။

ထိုအကြောင်းနှင့်ပတ်သက်ပြီး နန်းတော်နှင့် အကြီးအကဲ မိသားစုများက မည်သည်မျှ မထုတ်ပြခဲ့ပေ။ အကြီးအကဲမိသားစု လက်အောက်တွင်ရှိသော မြို့တော်မှ “အုပ်ချုပ်ရေးဌာန” အချို့က ပုံမှန်အတိုင်းပင် လည်ပတ်နေခဲ့သည်။ သူတို့က စစ်တပ်နှင့် ပြဿနာ မဖြစ်သလို အပြန်အလှန်နားလည်မှုလည်း ပြသနေခဲ့သည်။

ထို့နောက်တွင် ထိုစစ်တပ်၏တပ်မှူးမှာ မှော်ဆရာခံတပ်မှ အင်ပါယာ၏ ပထမဗိုလ်ချုပ် ဂျော့ချ်ဝေးလ်စ် ဖြစ်ကြောင်း သတင်းထွက်ပေါ်လာသည်။ မှော်ဆရာခံတပ်မှ လက်ရွေးစင်များအပြင် ငှက်တောင်ဖြူနယ်မြေမှ လော့ဒ်-စီကာလီ ဦးဆောင်သော ငှက်တောင်ဖြူနယ်မြေစစ်တပ်လည်း ပါဝင်သည်။

တစ်ချိန်တည်းမှာပင် ယခင်က ဖုံးကွယ်ထားခဲ့သော ရှေ့တန်းမှ စစ်သတင်းများက ဆီးနှင်းပွင့်များကဲ့သို့ပင် နေရာအနှံ့သို့ ပျံသန်းသွားကြသည်။ မြို့တော်၏ မှော်အရိပ် ဗိုလ်ခြေက ချောင်းမြောင်းတိုက်ခိုက်ရာ၌ မအောင်မြင်ခဲ့ဘဲ ဗိုလ်ချုပ် နက်စ်တာက ရန်သူထံ အညံ့ခံခဲ့သည်။ ငရဲဟိုက်ဒြာဗိုလ်ခြေကို အမှောင်လစစ်တပ်က ချေမှုန်းခဲ့ပြီး ဗိုလ်ချုပ် ဆာမိုအာ သေဆုံးသွားခဲ့သည်။ လရောင်ခံတပ်၌ မြို့တော်စစ်တပ်က အသေအကြေ အမြောက်အမြား ဖြစ်ခဲ့ပြီး စွန့်ပစ်ထားသော ခံတပ်ကို သိမ်းယူရန် အချိန်အတော်ကြာခဲ့သည်။ ဗိုလ်ခြေသုံးခုနှင့် မီးပျံတိမ်ဗိုလ်ခြေလေတပ်ကို ဦးဆောင်ခဲ့သော လက်ထောင်တပ်မှူးက ဒီကိုမြို့တွင် အမှောင်လ၏ မသေမျိုးစစ်တပ် ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ချေမှုန်းခံရလုနီးပါး ဖြစ်ခဲ့သည်.....

လက်ရှိတွင် အမှောင်လ၏အင်အားမှာ ထင်ထားသည်ထက် လွန်ကဲနေ၏။ အနိုင်ရရန်သေချာခဲ့သော “တစ်သန်း နှင့် တစ်သိန်း” တိုက်ပွဲက ညီမျှသော လွန်ဆွဲပွဲ တစ်ခုအဖြစ်‌ ပြောင်းလဲသွားသည်။ ယခုတစ်ခေါက် မြို့တော်ကို သိမ်းပိုက်ခဲ့သော စစ်တပ်ကို ထည့်တွက်မည်ဆိုလျှင် ဆိုင်ဒန်၏ပြိုင်ဘက်တွင် အဓိကဗိုလ်ခြေ လေးခုထဲမှ သုံးခု ရှိနေပြီဖြစ်သည်(တကယ်တော့ လေးခု)။ အဘက်ဘက်မှ စွမ်းဆောင်ရည်များကို ကြည့်ရမည်ဆိုလျှင် ကြယ်ကြွေတမန်အင်ပါယာက ကြီးကြီးမားမား ပြောင်းလဲမှုတစ်ခု ဖြစ်ပေတော့မည်။

အချိန်တစ်ခုအထိ လူတိုင်း၏မျက်လုံးများက အင်ပါယာတစ်ခုလုံး၏ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်သော တကယ့် အဆုံးသတ်တိုက်ပွဲ ဖြစ်ပွားမည့် အမှောင်လမှ စစ်မြေပြင်ကို အာရုံစိုက်ထားနေကြလေသည်။

All Chapters