← Chapters

အကြိုရက်

Vol. 36 Ch. 539

အကြိုရက်

Vol. 36 Ch. 539

အမှောင်လ၌ ဖြစ်သည်။ ဒီကိုမြို့အပေါ်မှ ခရမ်းရောင်လကို တိမ်တိုက်များက ဖုံးကွယ်ထား၏။ ကောင်းကင်ထဲမှ ထူထဲသောမြူက အောက်ဘက်ရှိ စစ်တဲအိမ်မှ တစ်စုံတစ်ယောက်ကဲ့သို့ပင် သုန်မှုန်သော အမူအရာကဲ့သို့ ဖြစ်နေသည်။

မနက်ဖြန်မှာ အဆုံးအဖြတ် တိုက်ပွဲနေ့ဖြစ်သည်။ သို့သော်လည်း မြို့တော် ညွန့်ပေါင်းစစ်တပ် တပ်မှူးဖြစ်သော ကြယ်ကြွေတမန်အင်ပါယာ၏ ရီဂျန့် အိုဆိုင်ဒန်လူစီဖာက သုန်မှုန်သော အမူအရာ ဖြစ်နေသည်။ ၎င်းမှာ တင်းမာမှုများကြောင့် မဟုတ်ဘဲ ယခင်နေ့ရက်များ၌ ဖြစ်ပွားခဲ့သော ကြီးကြီးမားမား ပြောင်းလဲမှုများကြောင့်ပင်။

ဆိုလိုသည်မှာ တိုက်ပွဲမစတင်ခင်မှာပင် ရန်သူက သူတို့က အဆက်မပြတ် တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။

ပထမဦးစွာအနေဖြင့် လွန်ခဲ့သော ၂ရက်က သတင်းတစ်ခုသည် အမှောင်လကို သိမ်းပိုက်ရန် မျှော်လင့်ချက် ရှိနေသော အိုဆိုင်ဒန်ကို မူးဝေသွားစေသည်။

ကြယ်ကြွတမန်မြို့တော်ကို ပထမဗိုလ်ချုပ် ဂျော့ချ်ဝေးလ်စ် ဦးဆောင်သော မှော်ဆရာခံတပ်နှင့် ငှက်တောင်ဖြူနယ်မြေတို့ ပူးပေါင်းထားသော စစ်တပ်က သိမ်းပိုက်ခဲ့လေသည်။

အကြီးအကဲမိသားစုများနှင့် ကျန်ရှိသော တော်ဝင်မိသားစုများ အညံ့ခံခဲ့ကြသည်။ ဒုတိယဗိုလ်ချုပ် ဒိုရင်းရုစ် အသတ်ခံလိုက်ရပြီး တစ္ဆေနီဗိုလ်ခြေလည်း ချေမှုန်းခံလိုက်ရသည်။ လူယုံမိသားစုအားလုံး မြေလှန်ခံခဲ့ရသည်။

ချက်ချင်းပင် အိုဆိုင်ဒန်က သူ၏ အကဲဖြတ်သော စွမ်းရည်၌ ပြဿနာတစ်ခုခု ရှိနေသည်ဟုပင် ထင်မိလိုက်သည်။ ထပ်ကာထပ်ကာ အတည်ပြုပြီးတော့ သူ၏လက်ထဲမှ သတင်းသည် ထိန်းချုပ်၍မရသော [ မီးတောက်နက် ] ကြောင့် လောင်ကျွမ်း ပြာကျသွားလေသည်။

ဂျော့ချ်။ စီကာလီ။ အကြီးအကဲမိသားစု၊ အစောင့်အရှောက်‌ တော်ဝင်မိသားစုတွေ။ အိုဆိုင်ဒန် အံကြိတ်ပြီး သစ္စာဖောက်တိုင်း၏ နာမည်များကို ကျိန်ဆဲလိုက်သည်။ ဒေါသထွက်နေသော စွမ်းအားကြောင့် ညွှန်ကြားရေး ဌာနတစ်ခုလုံး အမှုန့်ဖြစ်လုနီးပါး ဖြစ်သွားခဲ့သည်။

ဆန့်ကျင်ဘက်တွင် အမြဲရှိနေသော ဗိုလ်ချုပ်ဂျော့ချ်ထက်စာလျှင် အိုဆိုင်ဒန်က ငှက်တောင်ဖြူနယ်မြေ၏ အရှက်မဲ့သော လူဆိုး စီကာလီကို ပို၍ပင် မုန်းတီးသည်။ အပေါ်ယံ၌ သူက နန်းတော်ကို ကျေနပ်အောင် ပြုလုပ်ပြီး မှော်ဆရာခံတပ်ကို လှည့်ကွက်သုံးထားသော်လည်း ဗိုလ်ချုပ်‌ဂျော့ချ်ထံ၌ တိတ်တိတ်လေး အညံ့ခံကာ မြို့တော်ကို သိမ်းပိုက်ရန် ပူးပေါင်းခဲ့သည်။ မြို့တော်၌ နေနေခဲ့သော ‌တော်ဝင်မိသားစုများနှင့် အကြီးအကဲမိသားစုများက အမှန်တကယ်ပင် အပြင်လူများနှင့် ပူးပေါင်းပြီး သူ့ကို အဆိုးဆုံး နောက်ကျောဓားထိုးခဲ့လေသည်။

အမှောင်လက ဘယ်လောက်ပဲ ကြွယ်ဝပါစေ၊ ခြိမ်းခြောက်နိုင်ပါစေ၊ ဒါက နယ်မြေ တစ်ခုပဲ။ ဒါပေမဲ့ မြို့တော်က အင်ပါယာ တစ်ခုလုံးရဲ့ အရေးကြီးဆုံး အခြေခံအုတ်မြစ်ပဲ။

ဒါပေမဲ့ အခုအခြေအနေမှာတော့ ရပ်တန့်ဖို့ ခက်ခဲသွားပြီ။ ဒီအတိုင်း နေရင်ပဲ ဖြစ်ဖြစ်၊ ပြန်ပြီးတော့ မြို့တော်ကို မြန်မြန် သိမ်းပိုက်ရင်ပဲဖြစ်ဖြစ်၊ အမှောင်လနဲ့ မြို့တော် တိုက်ခိုက်တာကို ငါခံရမှာပဲ။ တစ်ခုတည်းသော နည်းလမ်းကတော့ အမှောင်လကို အမြန်ဆုံးဖျက်ဆီးပြီး မြို့တော်က သူပုန်တွေကို မိုးကြိုးလိုထိုးနှက်ဖို့ အမြန်ပြန်သွားဖို့ပဲ။

မြို့တော်ကျသွားကြောင်း သတင်းရောက်လာသောအခါ အိုဆိုင်ဒန်၊ ဂျို့ရှ်၊ လော့ဒ်များနှင့် ဗိုလ်ချုပ် လက်တစ်ဆုပ်စာသာ သိကြသည်။ ဂျို့ရှ်က စစ်တပ်၏ စိတ်ဓာတ်ကို မထိခိုက်စေရန်အတွက် အဆုံးအဖြတ်တိုက်ပွဲ မစတင်ခင် သတင်းကို ဖုံးထားရန် ချက်ချင်း အကြံပြုသည်။

ဂျို့ရှ်၏တုံ့ပြန်မှုနှင့် သစ္စာရှိမှုက အိုဆိုင်ဒန်ကို အနည်းငယ် စိတ်သက်သာရာ ရသွားစေသည်။ ထိုအကြံပြုချက်က သူလိုချင်နေသည့်အရာပင် ဖြစ်သည်။ သူက ချက်ချင်းပင် ဂျို့ရှ်အား သူလျှိုများ သတင်းမဖြန့်စေရန်အတွက် အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်စေကာ နယ်မြေတစ်ခုစီ စုံစမ်းစစ်ဆေးရန် အမိန့်ပေးလိုက်သည်။

မြို့တော်နှင့် ဒီကိုမြို့မှာ အတော်လေး ဝေးကွာလှသည်။ သတင်းအချက်အလက်များ ပို့ဆောင်သော လမ်းကြောင်းများမှာ သာမန်လူများ မရရှိနိုင်သော အထူးဆက်သွယ်ရေး မျှော်စင်များမှတစ်ဆင့် ဖြစ်သည်။ သတင်းအချက်အလက် ပါဝင်သော နည်းလမ်းအမျိုးမျိုးကြောင့် အမှောင်ထဲမှ စစ်သည်များက မြို့တော်သိမ်းပိုက်ခံရသည်ကို မသိခဲ့ပေ။ သူတို့အားလုံးက အဆုံးအဖြတ် တိုက်ကွဲ ရောက်ရှိလာရန်အတွက် အားဖြည့်နေကြသည်။

သို့သော် ရီဂျန့်၏နှလုံးသား လုံးဝ သက်သာရာ မရခင်၌ မျက်နှာကို နောက်တစ်ချက် ပါးရိုက်ခံလိုက်ရသည်။ မြို့တော်ကို သူပုန်များ သိမ်းပိုက်ခဲ့သော သတင်းက ထိုနေ့လယ်မှာပင် ညွန့်ပေါင်းစစ်တပ်အနှံ့သို့ ရုတ်တရက် အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။

တကယ့် ဂြိုဟ်ဆိုးပဲ။ မနက်ဖြန်က အဆုံးအဖြတ် တိုက်ပွဲ။ ပြီးတော့ ဒီလိုမျိုး အရေးကြီးတဲ့ အခိုက်အတန့်မှာ တစ်ခုခု လွဲမှားသွားတယ်။ ကြားခံလုပ်ပေးဖို့၊ နှစ်သိမ့်ဖို့ အချိန်မရှိဘူး။

အိုဆိုင်ဒန် ဒေါသထွက်သွားပြီး စောင့်ကြည့်ရန် တာဝန်ယူထားသော ဂျို့ရှ်ကို မြေပေါ်သို့ ကန်ထုတ်လိုက်သည်။ သူက ဂျို့ရှ်အား ပေါ့ဆမှုအတွက် အပြစ်တင်ပြီး စစ်ဥပဒေအရ အပြင်းအထန် အပြစ်ပေးခဲ့သည်။

ဂျို့ရှ်က သူသည် ယခင်နှစ်ရက်၌ စုံစမ်းရေးအဖွဲ့ကို ဦးဆောင်ပြီး စစ်တန်းလျား၌ ကိုယ်တိုင်ဦးဆောင်ကာ စုံစမ်းခဲ့ကြောင်း အလျင်အမြန် ရှင်းပြသည်။ သူက စစ်တန်းလျားတိုင်းတွင် သူလျှိုများ ချထားခဲ့သော်လည်း မည်သည့် ဆူပူမှုကိုမျှ သတိမထားမိခဲ့ပေ။ စုံစမ်းမှုအရ ယနေ့နေ့လယ် သတင်းပျံ့နှံ့မှုသည် အမှောင်နတ်မိစ္ဆာ ဗိုလ်ခြေမှ ဗိုလ်ချုပ် အမ်စတီနှင့် အကြီးအကဲမိသားစုမှ နတ်ဆိုးအရှင်သခင်အဆင့် လာဂရာရော့စ် အမည်ရသော အရင်းအမြစ် နှစ်ခုမှ ဖြစ်သည်။ ထိုနှစ်ဦးမှာ သတင်းအချက်အလက်ကို အိုဆိုင်ဒန် မီးရှိုခဲ့စဉ်က ရှိနေကြလေသည်။

သတင်းပေါက်ကြားသူများမှာ အမ်စတီနှင့် လာဂရာရော့စ်တို့ ဖြစ်သည်ဟု ခိုင်လုံသော သက်သေများ မရှိကြောင်းနှင့် ၎င်းမှာ ရန်သူ၏လှည့်ကွက် ဖြစ်နိုင်ကြောင်း ဂျို့ရှ်က တမင်တကာ ရှင်းပြသည်။

အိုဆိုင်ဒန်က သံသယများတတ်သူ ဖြစ်သည်။ မြို့တော်ကို သိမ်းပိုက်ခံရပြီးနောက် သူက အနီးအနားမှ လူအားလုံးကို သံသယ ဝင်လာသည်။ ညွန့်ပေါင်းစစ်တပ်မှ အကြီးအကဲ မိသားစုများနှင့် တော်ဝင်မိသားစုများက မြို့တော်မှကဲ့သို့ သူ့ကို သစ္စာဖောက်မည်ကို အကြောက်ဆုံး ဖြစ်နေသည်။ သတင်းပေါက်ကြားစေသော အဖြစ်အပျက်က အိုဆိုင်ဒန်၏ ဖိနှိပ်ထားသော ဒေါသကို ဆွပေးလိုက်သလို ဖြစ်သွားသည်။ သူက လူတိုင်း၏ တောင်းပန်မှုကို လျစ်လျူရှုပြီး အမ်စတီနှင့် လာဂရာရော့စ်တို့ကို တစ်ခါတည်း ဖမ်းကာ လူပုံအလယ်၌ ခေါင်းဖြတ်သတ်ခဲ့သည်။

အဆုံးအဖြတ်တိုက်ပွဲ မတိုင်ခင် ဗိုလ်ချုပ်ကို သတ်ပစ်ခြင်းမှာ အတော်လေး အရေးနိမ့်သွားစေသော်လည်း ထိုကဲ့သို့ ဆတ်ဆတ်ထိမခံဘဲ အရေးကြီးနေသော အခိုက်အတန့်၌ အိုဆိုင်ဒန်က စိတ်ကိုဆုံးဖြတ်ပြီး‌ ကချလာအမြင်များကို လက်မခံတော့ပေ။ မြို့တော်သိမ်းပိုက်ခံရတဲ့ အမှန်တရားကို ဖုံးကွယ်လို့ မရတော့ဘူး။ စိတ်ဓာတ်ကလည်း အပြင်းအထန် ကျဆင်းသွားကြပြီ။ အခုဆိုရင် သာမန်နည်းတွေက အလုပ်ဖြစ်မှာ မဟုတ်ဘူး။ သွေးစွန်းတဲ့ အမြန်ဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းကပဲ စစ်တပ်ရဲ့ စိတ်ဓာတ်ကို တည်ငြိမ်စေနိုင်မှာ။ ဒီဘက်က ကြည့်မယ်ဆိုရင် အဲဒီလူ နှစ်ယောက်က တခြားသူတွေကို သတိပေးဖို့အတွက် အပြစ်ပေးတဲ့ ဥပမာတွေပဲ။ သူတို့က အပြစ်ရှိရှိ မရှိရှိ၊ သေရမယ်။

အမ်စတီနှင့် လာဂရာရော့စ်တို့ကို ကွပ်မျက်ခြင်းက အတော်‌လေး အုတ်အော်သောင်းတင်း ဖြစ်သွားစေသည်။ အိုဆိုင်ဒန် စစ်သည်များအား အမှောင်လကို အနိုင်ယူပြီးနောက် အထိန်းအကွပ်မရှိ လုယက်၍ရကြောင်း ကတိအမြန်ပေးလိုက်မှသာ အခြေအနေကို တည်ငြိမ်ရုံ ပြုလုပ်နိုင်ခဲ့သည်။

ထိုကဲ့သို့ တည်ငြိမ်မှုမှာ အပေါ်ယံသာ ဖြစ်ကြောင်း အိုဆိုင်ဒန်၏ စိတ်ထဲ၌ သူသည်။ ကြီးမားသော နိုင်ပွဲတစ်ခုကသာ စစ်တပ်၏စိတ်ဓာတ်ကို အမှန်တကယ် တည်ငြိမ်စေနိုင်မည် ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် မနက်ဖြန် တိုက်ပွဲကို ငါနိုင်ရမယ်။ အမှောင်လစစ်တပ်ကို ငါ အနိုင်ရမှဖြစ်မယ်။ မဟုတ်ရင် ဂျော့ချ် ဦးဆောင်လာပြီးတော့ တောင်ဘက်ကို ချီတက်လာရင်တော့ ညွန့်‌ပေါင်းစစ်တပ်က ရန်သူတွေ တိုက်ခိုက်တဲ့ အန္တရာယ်ကို ကြုံတွေ့ရမှာပဲ။

အခြားတစ်ဖက်၌လည်း အမှောင်လ အနောက်ဘက်ကို အလစ်တိုက်ခိုက်သော ဂရန့်အကြောင်း သတင်းမကြားရသေးသည်။ တစ်ခါတစ်ရံ သတင်းမကြားရခြင်းမှာလည်း သတင်းတစ်မျိုးပင် ဖြစ်သည်။ ယခုတွင် အိုဆိုင်ဒန်က အဆိုးဆုံးအထိ ပြင်ဆင်ထား၏။ သို့သော်လည်း ဂရန့်၏ စစ်တပ်တစ်ခုလုံး ချေမှုန်းခံလိုက်ရလျှင် အမှောင်လ အနောက်ဘက်၌ ခံစစ်အင်အား သိသိသာသာ ကျန်နေသေးကြောင်း ညွှန်ပြနေသည်။ ထိုသို့ဆိုလျှင် ဒီကိုမြို့မှ အမှောင်လစစ်တပ်မှာ လူအင်အားနည်းနေမည် ဖြစ်သည်။ ထို့နောက် မနက်ဖြန် အဆုံးသတ်တိုက်ပွဲ၌ အနိုင်ရနိုင်ချေ ပိုများပေသည်။

ရီဂျန့်အိုဆိုင်ဒန်က တစ်ခုခုကို သ‌ဘောမပေါက်သေးပေ။ နဂိုက အနိုင်ရရန် သေချာနေသော စစ်ပွဲတစ်ခုကို မည်သည့်အချိန်ကတည်းက သူ သေသေချာချာ တွက်ချက် နေရသနည်း။

ဒီကိုမြို့တောင်ဘက်ရှိ လိုင်ရာမြို့၌ ရှီရာက အမှောင်လစစ်တပ်၏ ဗဟို စစ်ဘက်ဆိုင်ရာ တဲအိမ်ထဲရှိ မြေပုံချိတ်ဆွဲထားသော နေရာအရှေ့တွင် တိတ်တိတ်လေး တစ်ယောက်တည်း မတ်တပ်ရပ်နေသည်။ သူ၏စိတ်က မတည်မငြိမ် ဖြစ်နေ၏။ ထိုအချိန်၌ နည်းဗျူဟာများ လေ့လာခြင်းများ မလိုအပ်တော့ပေ။ အရာအားလုံးက မနက်ဖြန် တိုက်ပွဲအပေါ်၌သာ မူတည်တော့လေသည်။

မြို့တော်ကို ဗိုလ်ချုပ်ဂျော့ချ် သိမ်းပိုက်လိုက်သော သတင်းကလည်း အမှောင်လ စစ်တပ်သို့ ပျံ့နှံ့သွားခဲ့သည်။ စစ်သည်များအားလုံး စိတ်အားတက်ကြွနေ၏။ အဆုံးအဖြတ်တိုက်ပွဲ မတိုင်ခင် နေ့ခင်းအတွင်း ရွှေ့ပြောင်း အစည်းအဝေး၌ ရှီရာ ပြောခဲ့သည့်အတိုင်းပင် မနက်ဖြန်တိုက်ပွဲသည် သွေးနီမီးလျှံအလံ၏ ဂုဏ်ကျက်သရေကို ပြန်လည်ဖော်ဆောင်နိုင်ပြီး ကြယ်ကြွေတမန်အင်ပါယာ၏ သမိုင်းကို ပြန်လည်ရေးထိုးနိုင် ပေမည်။

မြို့တော်မှ သတင်းကောင်းအပြင် အနောက်ဘက်မှလည်း သတင်းကောင်း ရရှိခဲ့သည်။ အသီနာသည် အင်ပါယာ တတိယဗိုလချုပ် ဂရန့်၏ အလစ်တိုက်ခိုက်မှုကို ဝါလန်ခံတပ်၌ အောင်အောင်မြင်မြင် ဖြိုခွဲနိုင်ခဲ့သည်။ ဂရန့်ကို အရှင်ဖမ်းနိုင်ခဲ့ပြီး အစွယ်ကွေးကျား ဗိုလ်ခြေမှ စစ်သည် ၂၀၀၀ခန့်ကို အကျဉ်းချခဲ့သည်။ လက်ရှိတွင် အသုံးပြုနိုင်သော အားသာချက်များအားလုံးကို အသုံးပြုပြီးပြီ ဖြစ်သည်။ အဓိက သော့ချက်မှာ မနက်ဖြန်တိုက်ပွဲသာ ဖြစ်သည်။

အကယ်၍ အိုဆိုင်ဒန်ကို ထိုတိုက်ပွဲ၌ အနိုင်ယူနိုင်ခဲ့လျှင် သူ့ခမည်းတော်၏ နှစ်ပေါင်းများစွာအကြာက အိပ်မက်နှင့် သူ ထမ်းပိုးခဲ့သော လေးလံသည့် တာဝန်အားလုံး ပြည့်ဝတော့မည် ဖြစ်သည်။ ရှုံးနိမ့်သွားလျှင် စစ်တပ်ပျက်စီးရုံသာမက ကြီးကြီးမားမား ဒဏ်ရာများလည်း ရနိုင်သည်။ သို့သော်လည်း မြို့တော်နှင့် စောင့်ကြည့်နေသော အင်အားစုများက ထောင်တက်လာနိုင်ပြီး ယခင်အစီအစဉ်အားလုံး ပျက်စီးသွားပေမည်။ အမှောင်လသည် ပိုမိုတင်းကြပ်သော အခြေအနေအောက်သို့ အသည်းအသန် ကျ‌ရောက်သွားမည် ဖြစ်သည်။ သူ့အတွက်ဖြစ်စေ၊ အိုဆိုင်ဒန်အတွက်ဖြစ်စေ၊ ကြယ်ကြွေတမန် အင်ပါယာအတွက်ဖြစ်စေ၊ တကယ့်ကို အဆုံးအဖြတ် တိုက်ပွဲ ဖြစ်ပေသည်။

ထိုတိုက်ပွဲကို သူ၏ခမည်းတော် ဖြစ်သော အင်ပါယာ၏ အိမ်ရှေ့မင်းသား ဂါရမ်းလူစီဖာ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရလေသည်။ ရှီရာက လော့ဒ်အဖြစ် လက်လွှဲယူပြီးနောက် အမှောင်လက အရေးယူခံရခြင်းကြောင့် ခက်ခဲသော အခြေအနေသို့ ရောက်နေခဲ့ပြီး အိုဆိုင်ဒန်၏ ဖိနှိပ်မှုကို ခံခဲ့ရသည်။ သို့သော်လည်း သူက ထိုယုံကြည်ချက်ကို လက်မလျှော့ခဲ့ပေ။

ထိုတိုက်ပွဲမျိုးကို ရှီရာက အကြိမ်ပေါင်းများစွာ စိတ်ကူးယဉ်ခဲ့သော်လည်း ထိုကဲ့သို့ လွန်ခဲ့သော မျှော်လင့်ချက်က အံ့သြဖွယ်ကောင်းလောက်အောင် ယခု အမှန်တကယ် ဖြစ်လာခဲ့ရာ သူ၏နှလုံးသားထဲ၌ အိပ်မက်ဆန်ဆန် ခံစားချက်တစ်ခု ရှိနေခဲ့သည်။ ဒါတွေအားလုံးက အဲဒီ အံ့ဖွယ်ဖန်တီးရှင်ကြောင့်ပဲ။

အဲဒီလူမရှိရင် အမှောင်လမှာ အခုလိုမျိုး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ ငါလည်း ရုန်းကန်နေရတဲ့ မင်းသမီး ဖြစ်နေဦးမှာလဲ။ အမှောင်လ မရှိရင်တောင် အဲဒီလူရဲ့ ထူးချွန်တဲ့စွမ်းရည်တွေနဲ့ဆို သူက တခြားနေရာတွေမှာလည်း တလက်လက် တောက်ပတဲ့ ထင်ပေါ်ကျော်ကြားမှုတွေကို ဖန်တီးနိုင်မှာပဲ။

အတိတ်များအားလုံးက သူ၏မျက်လုံးထဲ၌ ပန်းချီစာလိပ် တစ်ခုကဲ့သို့ပင် ပေါ်ထွက်လာသည်။ ရှီရာ၏ မတည်ငြိမ်သော ခံစားချက်များ တဖြည်းဖြည်း တည်ငြိမ်သွားသည်။ သူ၏နှလုံးသားထဲ၌ စွဲကျန်နေသော နွေးထွေးမှု အနည်းငယ်ကသာ ဖော်ပြ၍မရသော ငြိမ်သက်မှုတစ်ခုကိုကို ပြသနေလေသည်။

၎င်းမှာ ယခင်က သူ၏ တိုက်ခိုက်ချင်စိတ်ကို အစ်ဇဘယ်လာ တမင်တကာ လှုံ့ဆော်ခဲ့သော စိတ်လှုပ်ရှားမှုနှင့် မတူပေ။ ၎င်းမှာ စစ်မှန်သော ငြိမ်သက်ခြင်း ဖြစ်သည်။

ပြန်လှည့်လို့ မရတော့ဘူး။ မနက်ဖြန် တိုက်ပွဲရလာဒ်က ဘယ်လိုပဲဖြစ်ဖြစ် ငါ နောင်တရမှာ မဟုတ်ဘူး။ ၎င်းမှာ “တော်ဝင်မင်းသမီးအတွက်” ဟု အော်ပြောရင်း စစ်သည်တစ်သိန်းရှိသော လိပ်ပြာနီနယ်မြေ၏ စစ်တပ်သို့ ယောက်ျားတစ်ယောက် ချီတက်သွားခဲ့စဉ်ကလိုမျိုး ဖြစ်သည်။ ၎င်းမှာ “တုံးအသောအမျိုးသမီး” တစ်ယောက်က လျို့ဝှက်ခန်းထဲ၌ သူ့ကို ပထမဆုံးအကြိမ် ဖွင့်ပြောစဉ်ကလိုမျိုး ဖြစ်သည်။

ငါမင်းကို သိပ်လွမ်းတယ်။

ငါမင်းကို သိပ်သတိရတာပဲ။

ရှီရာက မျက်လုံးများကို ညင်ညင်သာသာနှင့် ပိတ်လိုက်သည်။

ထိုအချိန်၌ အမှောင်လမြို့ မြောက်ဘက်၌ အနက်ရောင်မြင်းတစ်ကောင်က အမှောင်ထဲတွင် ဂျူမိုမြို့ကို ဖြတ်သွားပြီး လိုင်ရာမြို့ဘက်သို့ အမြန်ပြေးသွားနေသည်။

မြင်းနက်၏ အမြန်နှုန်းမှာ အလွန်အမင်း အံ့အားသင့်ဖွယ်ကောင်းလှပြီး မိုးပျံသော နတ်ဆိုးသားရဲများ၏ အမြန်နှုန်းကိုပင် ကျော်လွန်နေသည်။ မြင်း၏ကျောပေါ်၌ အနက်ရောင် ပုံရိပ်တစ်ခုက အိပ်စက်နေဟန်တူသည်။ ထိုမြင်းမှာ အလွန်အမင်း ဆန်းကြယ်လှသည်။ ၎င်းသည် မြန်ရုံသာမက သာမန်မြင်းများထက်လည်း ပို၍တည်ငြိမ်သည်။ မြေပြင်မည်သို့ပင် မတ်စောက်စေကာမူ အပေါ်မှ သခင်ဖြစ်သူကို အနည်းငယ်သာ လှုပ်သွားစေပြီး ပြုတ်မကျစေခဲ့ပေ။

ထိုသူမှာ ချန်လွေ့ဖြစ်ပေသည်။ မြို့တော်မှ ကိစ္စများကို ပြီးစီးပြီးနောက်တွင် အမှောင်လနှင့် ညွန့်ပေါင်းစစ်တပ်တို့က အဆုံးအဖြတ် တိုက်ခိုက်ကြတော့မည့်အကြောင်း သူသိလိုက်သည်။ သူက ကြယ်အမှတ် နှစ်နေရာကို ကြယ်ကြွေတမန်ဓားကို ခိုးယူစဉ် မြို့တော်ထဲ၌ မှတ်ထားခဲ့သည့်အတွက် အမှောင်လသို့ အမြန်မသွားနိုင်တော့ပေ။ သို့သော် သူ့တွင် ဖြတ်လမ်းတစ်ခု ရှိသည်။ ၎င်းမှာ မြို့တော်၏ ဆင်ခြေဖုံးရှိ သက်တန့် တောင်ကြားပင် ဖြစ်လေသည်။

ယခုတွင် ချန်လွေ့သည် သက်တန့်တောင်ကြား၏ သခင်သဖွယ် ဖြစ်နေပြီ ဖြစ်သည်။ မျက်လုံးမှိတ်ထားလျက်ပင် တောင်ကြားသို့ ဝင်ပြီး မှော်စက်ဝိုင်းများကို ရှောင်တိမ်းနိုင်သည်။ ထိုအချိန်တွင် ဇိုလာက သက်တန့်တောင်ကြားတွင် ရှိမနေပေ။ သူက လိုင်ရာမြို့သို့သွားပြီး အဆုံးသတ်တိုက်ပွဲသို့ ဝင်ပါနေသည်မှာ သေချာသည်။ ချန်လွေ့က သက်တန့်တောင်ကြား၏ နေရာလွတ်လမ်းကြောင်းကို အသုံးပြုပြီး အမှောင်လ နေအိမ်မှ ပန်းဥယျာဉ်သို့ အလျင်အမြန် ပြန်သွားလိုက်သည်။

ထိုအချိန်၌ အမှောင်လမြို့မှ ဝိုင်ဗန်များနှင့် မိုးပျံသားရဲများကို ရှေ့တန်းသို့ ရွှေ့ပြောင်းပြီးသွားပြီ ဖြစ်သည်။ ကံကောင်းစွာပင် ချန်လွေ့တွင် ခြံဝင်းထဲ၌ မွေးထားခဲ့သော မြင်းနက်လေးတစ်ကောင် ရှိနေသေးသည်။ မြေပြင်လမ်းကြောင်းက လေကြောင်းလမ်းထက် ကွေ့ပတ်သွားရသော်လည်း မြင်းနက်လေး၏ အမြန်နှုန်းက ထိုအားနည်းချက်ကို ဖြည့်တင်းပေးနိုင်လောက်သည်။

ချန်လွေ့က ပင်ပန်းမှုကြောင့် မြင်းပေါ်တွင် အိပ်နေခြင်း မဟုတ်ဘဲ စူပါစနစ်၏ လေ့ကျင့်ရေးကွင်းထဲသို့ ဝင်သွားလိုက်ခြင်း ဖြစ်သည်။ ထိုအခြေအနေ၌ လေ့ကျင့်ရေးကွင်းသို့ ဝင်ရောက်ရန် အန္တရာယ် မကင်းလှသော်လည်း အချိန်မရှိတော့ပေ။ သူက မိနစ်တိုင်း၊ စက္ကန့်တိုင်းကို အသုံးချရုံသာ ရှိသည်။

အချိန်အတော်ကြာသောအခါ စူပါစနစ်သည် ခေတ်ဆန်သော ကွန်ပျူတာနှင့် ဆင်တူကြောင်း ချန်လွေ့ သဘောပေါက်သွားသည်။ ထို “ကွန်ပျူတာ”ကို အဆင့်မြှင်၍ ရနိုင်ပြီး ၎င်းကို လုပ်ဆောင်ချက်များကို နားလည်သဘောပေါက်နိုင်သည်။ ထို့ပြင် သူက ထိုကဲ့သို့ အထူးအကျိုးအမြတ်များ ရရှိနိုင်သော အသုံးပြုသူ တစ်ယောက်သာ ဖြစ်သည်။ အယ်ခိတ်၊ မိုင်ဇာ....ယခုလက်ရှိ ဖက်ဒါ အခြေအနေ။ အဆင့်တိုးလာသည်နှင့်အမျှ လုပ်ဆောင်ချက်များ ပိုမိုပေါင်းထည့်ပေးထားလေသည်။

နတ်ဘုရား-တစ်ပိုင်းအဆင့် စွမ်းအားကြောင့်ဖြစ်သော ရှေး‌ဟောင်း အဂ္ဂိရတ် သက်ရှိအဖွဲ့အစည်း၏ “အမွေအနှစ်”ကို ခံစားရပြီးနောက် ချန်လွေ့က စူပါစနစ်သည် “လုပ်ဆောင်ချက်များ”နှင့် လုံးဝမဆိုင်ဘဲ စူပါစနစ်ကိုယ်တိုင်နှင့်သာ သက်ဆိုင်ကြောင်း အမြင်သစ် ပေါ်ပေါက်လာခဲ့သည်။

ဖရိုဖရဲ နေရာလွတ်မှ နေ၊ နေမှ နေအဖွဲ့အစည်း ဖြစ်သည်အထိ လုပ်ငန်းစဉ် တစ်ခုလုံးမှာ စကြဝဠာတစ်ခု၏ ဆင့်ကဲပြောင်းလဲခြင်း ဖြစ်သည်။ အထူးသဖြင့် ဂြိုဟ်ပေါ်မှ တိရစ္ဆာန်များ၊ အပင်များနှင့် လူသားများအတွက် ဖြစ်သည်။ ၎င်းမှာ ပုံရိပ်ယောင်များ ကဲ့သို့ မဟုတ်ဘဲ သက်ရှိတည်ရှိမှု တစ်ခုကဲ့သို့ ဖြစ်နေသည်။

တစ်နည်းပြောရလျှင် စူပါစနစ်မှာ ဘဝတစ်ခု ဖြစ်သည်။ အဆက်မပြတ် ဆင့်ကဲပြောင်းနိုင်ပြီး ထောက်ပံ့ပေးနိုင်သော သက်ရှိဖြစ်တည်မှု တစ်ခုပင်။

ဘဝဆိုတာဘာလဲ။ စကြဝဠာထဲက “တည်ရှိမှု”ဆိုတဲ့ အဓိပ္ပာယ် တစ်ခုပဲလား။

၎င်းမှာ အကြောင်းအရာကြီးတစ်ခု ဖြစ်ပြီး စံပုံစံ အဖြေမရှိသော အကြောင်းအရာ တစ်ခုလည်း ဖြစ်သည်။

စကြဝဠာကြီးထဲ၌ အသက်ဖန်တီးခြင်း အခိုက်အတန့်မှာ သေဆုံးခြင်း၏ အစကို ဆိုလိုပေသည်။ နှစ်ပေါင်း ထောင်သောင်းသိန်းသန်း အသက်ရှင်နိုင်သော နဂါးများ ဖြစ်စေ၊ ထာဝရအသက်ရှင်နိုင်သည်ဟု သိကြသော အလောင်းအောက်လမ်းပညာရှင်ဖြစ်စေ၊ ဒဏ္ဍာရီလာနတ်ဘုရားများဖြစ်စေ၊အလွန်ကျယ်ပြောသော စကြဝဠာ အမှန်တရား အရှေ့၌ တဒင်္ဂအလှမှလွဲ၍ ဘာမျှမဟုတ်ပေ။ စကြဝဠာကိုယ်တိုင် အပါအဝင် ထာဝရ အသက်ရှင်နိုင်သော မည်သည့် သက်ရှိမဆိုတွင် ယိုယွင်းပျက်စီးသော အခိုက်အတန့်တစ်ခု ရှိလေသည်။

ကျယ်ပြောလှသော အသိစိတ်ထဲ၌ ချန်လွေ့က ထိုကိစ္စများကို သိပ်ပြီး များများစားစား မတွေးခဲ့ပေ။ လူသားတစ်ယောက် ဖြစ်သည့်အလျောက် သူက အသက်အကြောင်းကို ရိုးရိုးရှင်းရှင်းသာ တွေ့သည်။ လူသားဘဝသည် သွေးမျိုးဆက်မှ တစ်ဆင့် မျိုးရိုးစဉ်ဆက် ဆက်လက်တည်ရှိနိုင်သည်။ ဆက်လက်မရှိနိုင်သည့်တိုင် သေဆုံးပြီးနောက် မြေကြီး၏ မြေသားနှင့် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားပြီး အသက်အသစ်များအဖြစ် တည်ရှိနိုင်သော အပင်များကို မွေးဖွားနိုင်ပေသည်။ သေခြင်းနှင့် ရှင်ခြင်း၊ ဖျက်ဆီးခြင်းနှင့် ဖြစ်တည်ခြင်းတို့မှာ အဆက်မပြတ် သံသရာ လည်နေ၏။ ၎င်းမှာ စကြဝဠာ၏ အန္တိမအမှန်တရားနှင့် အသက်အမြုတေ ဖြစ်လေသည်။

အသက်ရှင်ရန်မှာ တည်ရှိရန် ဖြစ်သည်။ တစ်စုံတစ်ယောက်သည် မသေဆုံးခင်၌ အမြဲပင် တည်ရှိနေရပေမည်။

တည်ရှိမှုသည် အကြောင်းပြချက်နှင့် အဓိပ္ပာယ် ဖြစ်သည်။

ဘဝကို အလွယ်တကူ အရှုံးမပေးနှင့်။ ပိုင်ဆိုင်မှုကို အလွယ်တကူ လက်မလျှော့နှင့်။ တည်ရှိနေသမျှအားလုံး တန်ဖိုးထား။ ၎င်းတို့မှာ ချန်လွေ့ နားလည်သော ဘဝ၏ အဓိပ္ပာယ်များ ဖြစ်ပေသည်။

ထိုကဲ့သို့ သဘောတရား ပြောင်းလဲမှုနှင့်အတူ ချန်လွေ့က တစ်ဆို့မှုတစ်ခုကို ဖောက်ထွက်နိုင်သွားပြီး အပေါ်ယံကို လွန်၍ မြင်နိုင်သော ပိုမိုနက်ရှိုင်းသည့် အခြေအနေ တစ်ခုသို့ ဝင်ရောက်သွားခဲ့သည်။ ဥပမာ သူက “စတင်မျက်နှာပြင်” နှင့် “ပရိုဂရမ်နှင့် ဖော်မြူလာများ”ဟု မြင်ရမည့်အစား တူညီသော အာကာသ လမ်းကြောင်းထဲ၌ ပါဝင်သော လျို့ဝှက်ဆန်းကြယ်မှုများနှင့် နိယာမများကို အမှန်တကယ် နားလည်နိုင်ခဲ့သည်။

ချန်လွေ့က သူအာရုံခံ သဘော‌ပေါက်ခဲ့သော ဘဝ၏အဓိပ္ပာယ်ကို အသုံးချပြီး စူပါစနစ်၏ သက်ရှိတည်ရှိမှုနှင့် ချိတ်ဆက်လိုက်သောအခါ မလိုက်ဖက်သော ပြဿနာများနှင့် ပေါင်းစည်းမှုများ ဖြစ်ပေါ်လာသည်။ ‌ထိုဝိရောဓိနှင့် ပေါင်းစည်းခြင်း လုပ်ငန်းစဉ်ထဲ၌ ယခင်က ထိတွေ့၍ မရနိုင်သော နားလည်သဘောပေါက်မှု အရိပ်အယောင် တစ်ခုက ပိုမိုနက်ရှိုင်းသွားပြီး စူပါစနစ်နှင့် လိုက်ဖက်သော အတိုင်းအတာကလည်း အနည်းငယ် တိုးမြှင့်သွားသည်။

အပြင်မှ တစ်ရက်သည် လေ့ကျင့်ရေးကွင်း၌ ရက်၁၀၀နှင့် ညီမျှသည်။ အချိန်ကြာလာသည် နှင့်အမျှ အချက်အလက်ဇယားရှိ အမြဲပင် တန့်နေခဲ့သော ဖက်ဒါ အတွေ့အကြုံတန်ဖိုးက ထိတ်လန့်ဖွယ် အမြန်နှုန်းဖြင့် စတင် တိုးပွားလာသည်။ သို့သော်လည်း ၎င်းကို ချန်လွေ့ မသိပေ။ သူက အချိန်နှင့် ကိုယ့်ကိုယ်ကိုယ်ပင် မေ့လျော့နေပြီး ထိုပေါင်းစည်မှု၏ လျို့ဝှက်ဆန်းကြယ်သောဘုံဌာန၌ လုံးဝ စိတ်နှစ်ထားနေသည်။

ထို့အပြင် ချန်လွေ့၏နောက်ဘက်တွင် ရစ်ပတ်ထားသည့် အထုတ်မည်းရှည်ထဲရှိ သိုလှောင်ဂိုဒေါင်ထဲ၌ သိမ်းထား၍မရသော ဓားတစ်လက်ကလည်း အစွမ်းတစ်ခု၏ စိစစ်မှု အောက်တွင် ဘာမှန်းမသိသော အလင်းရောင်များ အလျင်အမြန် ပြောင်းလဲနေလေသည်။

မြင်းနက်လေးက လေကဲ့သို့ ပြေးသွားရင်း နေ့တစ်နေ့၏ ပထမဆုံး အလင်းရောင်က မြူများအောက်တွင် တဖြည်းဖြည်း တောက်ပလာတော့သည်။

All Chapters