← Chapters

ဂရန့်၏ အနိုင်ရအစီအစဉ်

Vol. 36 Ch. 530

ဂရန့်၏ အနိုင်ရအစီအစဉ်

Vol. 36 Ch. 530

ချန်လွေ့တွင် [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] အသုံးပြုချိန်ကို တိုးမြှင့်နိုင်သော S+ စိတ်ဝိညာဉ်စွမ်းအား ရှိနေပြီ ဖြစ်သော်လည်း နောက်ဆက်တွဲ ပင်ပန်းနွမ်းနယ်မှုကို မရှောင်တိမ်းနိုင်သေးပေ။ ထိုအချိန်၌ ချန်လွေ့က စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာပါ အလွန်အမင်း ပင်ပန်းနေလေပြီ။ သူ အလုပ်ချင်ဆုံးမှာ အိပ်စက်ရန်သာ ဖြစ်သည်။ သို့သော်လည်း အသူရာချောက်နက်အပြင်ဘက်ရှိ စီကာလီနှင့် စေတန်၏ ကတိကြောင့် ချန်လွေ့ မအိပ်နိုင်သေးပေ။

နတ်ဘုရား-တစ်ပိုင်း ပုဂ္ဂိုလ်ရဲ့ ကတိ။

စေတန်ရဲ့ စိတ်က အတော်လေး နက်ရှိုင်းတယ်။ ပြီးတော့ သူက ဆက်ခ်ရက်တောင်ကို ဖောက်ဝင်ခဲ့တဲ့ မဖိတ်ခေါ်ထားတဲ့ဧည့်သည့် ငါ့အပေါ်မှာ လျို့ဝှက် အကြံအစည်တွေ အမြဲ ရှိနေတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် နတ်ဘုရား-တစ်ပိုင်း ပုဂ္ဂိုလ် စွဲကိုင်ထားတဲ့ စွမ်းအားက လုံးဝကြီးမားတယ်။ ဒါက စစ်ပွဲတစ်ပွဲနဲ့ အင်ပါယာ တစ်ခုလုံးရဲ့ ရလာဒ်ကိုပါ ပြောင်းလဲနိုင်တယ်။ ဒါဆို .....

ချန်လွ့ ပင့်သက်ရှိုက်ပြီး ပင်ပန်းနွမ်းနယ်မှုကို ဖိနှိပ်ရန် စိတ်ဝိညာဉ်စွမ်းအားကို အတင်း အသုံးပြုလိုက်သည်။ “ကျုပ် ဆာ့ကို အရင်ရှင်းပြပါ့မယ်။ ဆာပေးထားတဲ့ စွမ်းအားကို ကျုပ် ခပ်မြန်မြန် စုပ်ယူနိုင်ခဲ့တာက တိုက်ဆိုင်မှု တစ်ခုကြောင့်ပဲ။ ဒါက ဟဲရာဘီးလို့ခေါ်တဲ့ အရာတစ်ခုနဲ့ ဆက်နွှယ်နေတယ်...”

သူက စီကာလီသည် ဟဲရာဘီးကို အသုံးပြုပြီး ယုံကြည်မှုစွမ်းအားနှင့် သွေးယဇ်ပလ္လင်တို့ကို လိမ်လည်ရယူခဲ့ကြောင်းနှင့် သူက ဟဲရာဘီးကို မတော်တဆ ဝါးမျိုခဲ့သည့်အတွက် စွမ်းအားတိုးသွားကြောင့် တိုတိုနှင့် ရှင်းပြလိုက်သည်။ အသူရာချောက်နက်လော့ဒ်၏ တိုက်ခိုက်မှုနှစ်ခုကို ရှောင်တိမ်းနိုင်ခြင်းမှာ သူ၏ခန္ဓာကိုယ်ထဲ ဝါးမျိုထားသော ယုံကြည်မှုစွမ်းအားနှင့် သက်ဆိုင်သည်။ ကံဆိုးစွာပင် ခုတ်ပိုင်းချက်နှစ်ခုကို ခုခံပြီးနောက် စုပ်ယူသောစွမ်းအားများ ကုန်သွားပြီး သူ ဒဏ်ရာ အပြင်းအထန် ရသွားခဲ့သည်။ စေတန် အချိန်မီ မရောက်လာလျှင် သူ သေသွားလောက်ပြီ ဖြစ်သည်။

၎င်းမှာ တစ်ဝက်သာ မှန်သည်။ စေတန်က မည်သည့် ထင်မြင်ချက်မှ မပေးဘဲ တိတ်တိတ်လေး နားထောင်နေသည်။ ချန်လွေ့ စကားပြောပြီးနောက် စေတန်က ပြောသည်။ “တကယ် ဟဲရာဘီးကိုး။ လက်စသတ်တော့ အသူရာချောက်နက်မိသားစုက ဒီလိုအစေခံမျိုး ရှာဖို့အတွက် အစွမ်းကုန် ကြိုးစားထားတာပဲ။ သူတို့က ခိုးယူထားတဲ ယုံကြည်မှုစွမ်းအားကို အသုံးချပြီးတော့ လမ်းကြောင်းရဲ့ ချိပ်ပိတ်ကို တစ်ဆင့်ချင်း အားနည်းအောင် လုပ်ချင်နေတာ။ အနည်းဆုံးတော့ သူတို့ကို ဒီကို တဖြည်းဖြည်းနဲ့ တကယ့်ခန္ဓာကိုယ် ထုတ်လွှတ်နိုင်လာတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ သူတို့က မင်းလို ဖိုးကံကောင်းနဲ့ တွေ့ခဲ့တယ်....”

စေတန်က အသူရာချောက်နက်မိသားစုနှင့် ဟဲရာဘီး အကြောင်းကိုသာ ပြောခဲ့သည်။ ချန်လွေ့၏ ခုနက “ရှင်းပြချက်”ကို မှန်မမှန် မပြောခဲ့ပေ။ ချန်လွေ့က ခါးသက်သက်နှင့် ပြုံးလိုက်၏။ “ဒါက ကံကောင်းသေးတာလား။ ကျုပ် သေတော့မလို့။ ဒါနဲ့ ဆာ။ အသူရာချောက်နက် မိသားစုက ဘာလဲ...”

“သူတို့က တကယ့် နတ်ဆိုးတွေ။” စေတန်က ချန်လွေ့ကို စိုက်ကြည့်လိုက်သည်။ “သူတို့ ပြန်ရောက်လာတာနဲ့ အရာအားလုံး ဖျက်ဆီးခံရမှာ .... မြေပေါ်လောကပါ အပါအဝင်ပေါ့။”

တကယ့်နတ်ဆိုးတွေ၊ အရာအားလုံးကို ဖျက်ဆီးမယ် ဟုတ်လား။ ဆက်ခံထားတဲ့ မှတ်ဉာဏ်အရတော့ အဂ္ဂိရိတ်သက်ရှိအဖွဲ့အစည်းကို အသူရာချောက်နက်မိသားစုက တကယ် ဖျက်ဆီးခဲ့တယ်။ ဒါက ခြောက်လှန့်တာ မဟုတ်လောက်ဘူး။ ချန်လွေ့က စေတန် အသုံးပြုခဲ့သော “ပြန်လာရင်” ဟူသည့်စကားကို သတိထားမိလိုက်ရာ အသာလေး မျက်မှောင်ကြုတ်လိုက်သည်။

“ဒါပေမဲ့ ဒီအဆင့်မှာ လမ်းကြောင်း ချိပ်ပိတ်ကို ဖွင့်ဖို့ မဖြစ်နိုင်လုနီးပါးပဲ။ ပြောရမယ်ဆိုရင် အသူရာချောက်နက်မိသားစုက ချိပ်ပိတ်ကနေတစ်ဆင့် နေရာလွတ်ဝင်ပေါက်တစ်မျိုးမျိုးကို ထုတ်လွှတ်ပြီးတော့ သင့်တော်တဲ့သူတွေကိုရှာ၊ ကျွန်ပြုဖို့အတွက် အသည်းအသန် ကြိုးစားလိမ့်မယ်။ မင်းအရှေ့မှာရှိတဲ့ အသူရာချောက်နက်က အသူရာချောက်နက်မိသားစုက အပတ်တကုတ် စီမံပြီး ဖွဲ့စည်းထားပြီး ပုံရိပ်ယောင်နေရာလွတ် တစ်ခုပဲ။ ဒါရှိနေတာက အနည်းဆုံးတော့ နှစ်ပေါင်း သောင်းနဲ့ချီ ရှိနေပြီ...”

စေတန် ဆက်လက် မရှင်းပြခဲ့ပေ။ ချန်လွေ့က လက်ထဲ၌ တစ်ခုခု ရှိနေကြောင်း ခံစားလိုက်ရသည်။ ၎င်းမှာ စေတန်ကို ဆင့်ခေါ်သော မြွေပုံစံကွက် တံဆိပ်ပြား ဖြစ်သည်။ “မင်းရဲ့ကံက ငါ မထင်ထားနိုင်အောင်ပဲ။ နောက်ထပ်ဆင့်ခေါ်မှုကို ပိုပြီး‌တော့ အံ့အားသင့်စရာတွေ ယူဆောင်လာနိုင်မယ်လို့ မျှော်လင့်တယ်။ ကောင်းပြီ။ အခု မင်း လိုချင်တာကိုပြော။”

ချန်လွေ့က နတ်ဆိုးနှင့် ဝိညာဉ် အလဲအလှယ်လုပ်သော ဇာတ်လမ်းအကြောင်းကို ရှင်းပြ၍မရဘဲ တွေးလိုက်မိသည်။ အထူးသဖြင့် သူ့အရှေ့မှ တစ်ယောက်သည် နတ်ဆိုးနာမည်နှင့် ဖြစ်နေသည်။ ချန်လွေ့ တုံ့ဆိုင်းသွားပြီး ပြောသည်။ “ဆာ-စေတန်။ စစ်ပွဲတစ်ပွဲရဲ့ အခြေအနေကို ပြောင်းလဲပေးဖို့ တောင်းဆိုလို့ရမလား မသိဘူး...”

နတ်ဘုရား-တစ်ပိုင်း ပုဂ္ဂိုလ်၏ အကူအညီဖြင့်ဆိုလျှင် အိုဆိုင်ဒန်ကို ဖယ်ရှားရန်နှင့် အမှောင်လအား မြို့တော်စစ်တပ်ကို အနိုင်ရရန်အတွက် ကူညီပေးရန် ကြန့်ကြာနေမည် မဟုတ်ပေ။ စေတန်က ချန်လွေ့ကို ပြန်မဖြေပေ။ သူက ချန်လွေ့ကို စိတ်မဝင်စားလျက် ကြည့်လိုက်ပြီး မေးသည်။ “ငါ အဲလိုလုပ်မယ် မင်းထင်လား။”

စေတန်က နတ်ဆိုးဘုံအင်ပါယာ ကိစ္စနှင့် အတက်အကျကိုပင် အာရုံစိုက်မည် မဟုတ်ပေ။ ချန်လွေ့က အစမ်းသဘော မေးလိုက်ခြင်း ဖြစ်သည်။ စေတန်၏ အမူအရာကို မြင်သည့်အခါ ထင်ထားသည့်အတိုင်း ဖြစ်သော်လည်း ချန်လွေ့ အနည်းငယ် စိတ်ပျက်မိသွားသည်။

ငါ ဘာတောင်းဆိုသင့်လဲ။

ကောက်ကျစ်တဲ့ အကြံနဲ့ နောက်ထပ် အမြုတေစွမ်းအား အပိုင်းအစကို တောင်းရမှာလား။ ထွီး။ အဲဒီနာမည်က ရွံစရာကောင်းတယ်။

ချန်လွေ့က စိတ်ပိုင်းဆိုင်ရာသာမက ခန္ဓာကိုယ်ပါ အလွန်အမင်း ပင်ပန်းနေ၏။ သူ၏ဦးနှောက် လေးသထက်လေးလာပြီး အိပ်မောကျသွားတော့မည် ဖြစ်သည်။ သူ့တွင် စဉ်းစားရန်ပင် အားမရှိတော့ပေ။ “ဒါကို နောက်တစ်ခေါက်အတွက် သိမ်းထားလို့ ရမလား။”

“မရဘူး။” စေတန်၏မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ရှိနေသည်။ “ အကြွေးတင်တာ ငါ မကြိုက်ဘူး။ မင်း အခုပဲ ပြောရမယ်။”

ဆိုလိုသည်မှာ သိသာလှပေသည်။ ဒီနေ့ မင်း တောင်းဆိုရမယ်။ မဟုတ်ရင် ငါ့ကို ဒေါသထွက်အောင် လုပ်တာပဲ။

ထိုအချိန်၌ ဆက်ခ်ရက်တောင်၏ နိမိတ်ပုံရိပ်က အသူရာချောက်နက် နေရာလွတ်ကို ဝါးမျိုပြီးသွားပြီ ဖြစ်သည်။ ချန်လွေ့က သွေးယဇ်ပလ္လင် လိုဏ်ဂူသို့ ပြန်ရောက်လာခဲ့သည်။ လက်ပြတ်လုနီးပါး ဖြစ်နသော စီကာလီသည်လည်း မြေပြင်ပေါ်၌ သတိလစ်နေဆဲ ဖြစ်သည်။

“ဆာ။ ဒါဆိုလည်း ကျုပ်နဲ့ ဒီဖမ်းမိထားတဲ့သူက မက်စီမိုမြို့ တောင်ဘက်ဆုံးမှာ ရှိတဲ့ တောင်ဖြူထိပ်ကို ခေါ်သွားပေးပါ။”

ထိုစကားပြောပြီးနောက် ချန်လွေ့၏စိတ် စတင်ဝေဝါးလာပြီးနောက် မြေပြင်တုန်ခါလာကာ ‌နေရာလွတ် ပြောင်းလဲခြင်းကို ခံစားလိုက်ရသည်။ မျက်တောင် သုံ‌လေးခေါက် ခတ်ပြီးနောက် သူက သတိလစ်နေသော စီကာလီနှင့်အတူ တောင်ဖြူသို့ ရောက်သွားသည်။ ထို့နောက် စေတန် ပျောက်ကွယ်သွားတော့သည်။

စီကာလီအား ဇိုလာ၏ အထူးလက်ထပ်များဖြင့် ထိန်းချုပ်ပြီးနောက် ချန်လွေ့က နောက်ဆုံးလက်ကျန်အင်အားဖြင့် ဆင့်ခေါ်ခြင်း အချက်ပြကာ မြေပေါ်လဲကျပြီး အိပ်ပျော်သွားခဲ့သည်။

အမှောင်လနယ်‌ ဒီကိုမြို့၌ -

ယနေ့အောင်နိုင်မှုက စစ်တပ်စခန်း နေရာအနှံ့သို့ ပျံ့နှံ့နေလေသည်။

“ဗိုလ်ချုပ် ဂရန့်က စစ်တပ်ကို ဦးဆောင်ပြီးတော့ တောနက်ထဲမှာ မသေမျိုး သုံးသိန်းရှိတဲ့ စစ်တပ်ကို အနိုင်ယူခဲ့တယ်။”

“ဗိုလ်ချုပ်ဂရန့်က တကယ်တော်တာပဲ။ နောက်ဆုံးတော့ သူ လက်စားချေနိုင်ခဲ့ပြီ။”

“နောက်ထပ်တိုက်ပွဲမှာ အမှောင်လစစ်တပ်ကို ငါတို့ လုံးဝ အနိုင်ယူမယ်။”

“…”

မြို့တော် ညွန့်ပေါင်းစစ်တပ်၏ ညွှန်ကြားရေးစခန်းဝယ် -

အပြင်ဘက်မှ စစ်သည်းများ၏ စိတ်လှုပ်ရှားလျက် အော်ဟစ်သံများကို ကြားသည့်အခါ အိုဆိုင်ဒန်၏ မျက်နှာပေါ်ရှိ မည်းမှောင်မှုက အတော်လေး ပြေလျော့သွားပြီး ဗိုလ်ချုပ်များနှင့် လော့ဒ်များလည်း ပြုံးလိုက်ကြသည်။

အိုဆိုင်ဒန်က သဘောကျလျက် ပြောသည်။ “ဂရန့်။ မင်းက ငါတို့အတွက် အတော်လေး လိုအပ်နေတဲ့ နိုင်ပွဲတစ်ခုရအောင် စွမ်းဆောင်နိုင်ခဲ့တယ်။ ဒါကို ထိပ်တန်း အကျိုးပြုမှုတစ်ခုလို့ သတ်မှတ်လို့ရမယ်။ မင်း စစ်တပ်ကို ဦးဆောင်ပြီးတော့ ဒီစစ်တပ်ကို နောက်ဆုံးမှာ အနိုင်ရမယ်ဆိုရင် အင်ပါယာက သမိုင်းကြောင်းမှာ အငယ်ဆုံး ဒုခ်ဘွဲ့ရ တစ်ယောက် ရှိလာမှာပဲ။”

ဘွဲ့သည် နေရာနှင့် လုပ်ပိုင်ခွင့်ကို ကိုယ်စားပြုသည်။ မတူညီသော ဘွဲ့များ၌ နယ်မြေအရွယ်အစား၊ နယ်မြေရှိ စစ်တပ်အဖွဲ့အစည်း စသဖြင့် သက်ဆိုင်ရာ လုပ်ပိုင်ခွင့်များရှိသည်။ နတ်ဆိုးဘုံရှိ ဘွဲ့များကို မင်းသား/မင်းသမီး (တော်ဝင်မိသားစု သီးသန့်)၊ ဒုခ်၊ မားကွစ်စ်၊ အယ်လ်၊ ဗစ်ကောက်၊ ဘာရွန် ဟူ၍ ကြီးစဉ်ငယ်လိုက် ပိုင်းခြားထားသည်။ လော့ဒ်လေးယောက်ထဲတွင် ရှီရာက လော့ဒ်-သန်းခေါင်နေ၏ မျိုးဆက်ဖြစ်ပြီး မင်းသမီးဟူသောဘွဲ့ ရှိသည်။ ဂျို့ရှ်နှင့် စီကာလီတို့က မားကွစ်များသာ ဖြစ်ကြသည်။ အကြီးအကဲမိသားစု အနည်းငယ်နှင့် အင်ပါယာ၏ ပထမဗိုလ်ချုပ် ဂျော့ချ်တို့သာ ဒုခ်ဘွဲ့ ရှိကြသည်။

ယခုတွင် အိုဆိုင်ဒန်အား ဂရန့်အား ဒုခ်ဘွဲ့ပေးရန် သေသေချာချာ ကတိပေးခဲ့ပြီး ၎င်းတွင် အဓိပ္ပာယ် တစ်ခုကိုလည်း ရေးရေးလေး ပြသနေသည်။ တကယ်လို့ ဂရန့်က စစ်အာဏာကို လက်လျှော့မယ်ဆိုရင် သူက ဂျို့ရှ်နဲ့ စီကာလီတို့ထက် သာလွန်တဲ့ နယ်မြေတစ်ခုကို ရနိုင်တယ်။ အဲဒီနဲ့ကိုက်ညီတဲ့ နယ်မြေတစ်ခုပဲ ရှိတယ်။ အဲဒါက အမှောင်လ နယ်မြေပဲ။

ထိုသို့ပြောလိုက်သည့်အခါ မနာလိုသော မျက်လုံးများက ဂရန့်ထံ ရောက်လာသည်။ ယခုလက်ရှိတွင် အမှောင်လသည် ကြယ်ကြွေတမန်အင်ပါယာ၌ အကြွယ်ဝဆုံးသော စီးပွားရေး အချက်အချာနေရာ ဖြစ်သည်။ ယခုစစ်ပွဲအတွင်း လုံးဝလုယက်သည့်တိုင် ‌အတော်လေး တပ်မက်စရာကောင်းသော နယ်မြေတစ်ခု ဖြစ်နေပေဦးမယ်။ သူတို့က ဂရန့်သည် အမှန်တကယ်ပင် ထိုအခွင့်အရေးကို ရရှိပြီး အမှောင်လ၏ လော့ဒ်အသစ် ဖြစ်လာမည်ဟု မထင်ထားခဲ့ကြပေ။

ဂရန့်က ထူးခြားသော တည်ငြိမ်မှုကို ပြသခဲ့သည်။ “ကျေးဇူးအများကြီး တင်ပါတယ်။ ဒီနေ့အောင်နိုင်မှုရဲ့ အဓိကအကြောင်းရင်းက မသေမျိုးစစ်တပ်ရဲ့ အားနည်းချက်ကို ဆုပ်ကိုင်နိုင်သွားလို့ပါ။ အမှောင်လရဲ့ မသေမျိုးစစ်တပ်က မမျှော်လင့်ထားလောက်အောင် များပြားပြီးတော့ ဆန်းသစ်တဲ့ ချပ်ဝတ်တန်ဆာတွေ ရှိတယ်။ ဒါပေမဲ့ သူတို့ရဲ့ အားနည်းချက်တွေကလည်း သိသာတယ်။ မသေမျိုးစစ်သည်တွေက အသိဉာဏ် မရှိကြဘူး။ ပြီးတော့ သူက ရိုးရှင်းတဲ့ လှုပ်ရှားမှုတွေပဲ လုပ်နိုင်တယ်။ အဲဒါကြောင့် တောနက်ထဲမှာ ထိပ်တိုက်ရင်ဆိုင်တော့ တပ်သားတွေရဲ့ အခင်းအကျင်းနဲ့ အမျိုးအစားကို ကောင်းကောင်းချနိုင်သရွေ့ မသေမျိုး အများအပြားကို ထိထိရောက်ရောက်‌ ချေမှုန်းနိုင်တယ်။ ဒီတစ်ခေါက်က အောင်နိုင်မှု အသေးလေးပဲ။ သတင်းအချက်အလက်အရတော့ လိုင်ရာမြို့မှာ အမှောင်လရဲ့ ဗိုလ်ခြေသုံးခုကို စုစည်းထားပြီးပြီ။ သူတို့က တောနက်ထဲမှာ ကျုပ်တို့နှင့် အဆုံးသတ် တိုက်ခိုက်တော့မယ့်ပုံပဲ။ အဲဒါကြောင့် အခု ကျုပ်တို့တွေ အနားယူနေလို့ မရဘူး။”

ဂရန့်က ထိုအားနည်းချက်ကို အခွင့်ကောင်းယူပြီး မြင်းတပ်အား မသေမျိုးစစ်တပ်၏ အခင်းအကျင်းကို နှောင့်ယှက်ခဲ့သည်။ ထို့နောက် သူက ခြေလျင်တပ်သားများနှင့် သူတို့ကို အမှုန့်ချေပြီး ဂူရာဒန်ကို ထိထိရောက်ရောက် တွန်းလှန်နိုင်ခဲ့သည်။ သို့သော်လည်း အပျက်အစီး အများစုမှာ အမြောက်စာ အရိုးခြောက်များသာ ဖြစ်သည်။ အသီနာ၏ အချက်ပြမှုအောက်တွင် သူတို့က ရှုံးနိမ့်ပြီး ပြန်သွားရသည့်တိုင် ဂူရဦဒန်က အရိုးခြောက် မှော်ပညာရှင်ကဲ့သို့သော တကယ့်ဝှက်ဖဲများကို အသုံးမပြုခဲ့ပေ။

အိုဆိုင်ဒန်က ခေါင်းညိတ်ပြီး ပြောသည်။ “ကောင်းတယ်။ ကြည့်ရတာ ရန်သူက ငါတို့မြင်ခဲ့တဲ့ အသေးစိတ်ကို သဘောပေါက်သွားတဲ့ပုံပဲ။ အဲဒါကြောင့် အဲဒီ လှည့်ကွက်တွေက အလုပ်ဖြစ်တော့မှာ မဟုတ်ဘူး။ ပြီးတော့လည်း ထိပ်တိုက်ရင်ဆိုင် တာက ငါ့ရဲ့အားသာချက်ပဲ။ အမှောင်လမှာ မသေမျိုးစစ်တပ်ရဲ့ အကူအညီရှိရင်တောင် ငါတို့ အနိုင်ရနိုင်ချေက သူတို့ထက် အများကြီး ပိုများတယ်။”

ဂရန့် ခဏ စဉ်းစားနေလိုက်သည်။ “အရှင်မင်းကြီး။ ကျုပ်မှာ သီးသန့် သတင်းပို့ချင်တဲ့ တိုက်ပွဲအစီအစဉ်တစ်ခု ရှိတယ်။ သြော်...ဆာ-ဂျို့ရှ်...ဒီမှာပဲ နေပါ။ ဒီအစီအစဉ်က ခင်ဗျားရဲ့ အကူအညီ လိုအပ်တယ်။”

ထိုကဲ့သို့ မလေးစားသော လေသံကို ကြားသည့်အခါ သူ့အနားမှ မနာလိုသော အကြည့်များ ပို၍ပင် ဆိုးသွားသည်။ ဂျို့ရှ်သည်ပင် မနာလိုသော ပစ်မှတ် ဖြစ်သွား၏။

အိုဆိုင်ဒန်က လော့ဒ်များနှင့် ဗိုလ်ချုပ်တို့၏ မကျေနပ်မှုကို သတိထားမိပြီး ခေါင်းညိတ်လိုက်သည်။ “ဂရန့်နဲ့ ဂျို့ရှ် နေခဲ့။ ကျန်တဲ့သူတွေ အရင် နားလို့ရပြီ။”

အားလုံး ပြန်သွားပြီးနောက် ဂျို့ရှ်က ခါးသက်သက်နှင့် ဂရန့်ကို ပြုံးပြသည်။ “ဗိုလ်ချုပ်။ သိပ်ကောင်းတာပဲ။ ခင်ဗျားကြောင့် ကျုပ် “အကျိုးအမြတ်တွေ” ရခဲ့ပြီ။”

ဂရန့်က အသာလေး ပြုံးလိုက်သည်။ “တောင်းပန်ပါတယ်။ ဆာ-ဂျို့ရှ်။”

အိုဆိုင်ဒန်က ပြောသည်။ “မင်း အခု ငါတို့ကို ပြောလို့ရပြီ။ ဂရန့်။ တိုက်ပွဲအစီအစဉ်က ဘာလဲ။”

“အရှင်မင်းကြီး။ လရောင်ခံတပ်ကို နက်စတာ အလစ်တိုက်ခိုက်တာကနေ ဒီကိုမြို့မှာ ပယ်လော ချောင်းမြောင်းတိုက်ခိုက်ခံရတဲ့အထိ ကျုပ်တို့က ဦးဆောင်ခံရ သလိုမျိုး နိမ့်ကျတဲ့အခြေအနေမှာပဲ အမြဲရှိနေခဲ့တယ်။” ဂရန့်က လေးလေးနက်နက်နှင့် ပြောသည်။ “ညွန့်ပေါင်းစစ်တပ်ရဲ့ အဆင့်မြင့်ပိုင်းတွေမှာ အမှောင်လသူလျှိုတွေ ရှိနေမယ်လို့ ကျုပ် သံသယ ရှိတယ်။”

ဂျို့ရှ်၏နှလုံး ရုတ်ချည်း တစ်ချက်ခုန်သွားသည်။ သို့သော်လည်း သူက ဉာဏ်များသော အဘိုးကြီး တစ်ယောက် ဖြစ်၏။ အကယ်၍ သူက သူလျှိုဖြစ်ကြောင်း ဂရန့်တွေ့သွားလျှင် အခြေအနေကို ဖော်ထုတ်မည့်အစား မိမိအား ဖော်ထုတ်ရန် အကွက်ဆင်မည်ဖြစ်ကြောင်း ဂျို့ရှ် ရုတ်တရက် တွေးမိလိုက်သည်။

“ဟုတ်တယ်။ ပြဿနာ တစ်ခုခု ရှိရမယ်။” ဂျို့ရှ် အံကြိတ်လိုက်သည်။ “မဟုတ်ရင် ခါနီတာက ကျုပ်တို့လူတွေရဲ့ လက်ထဲမှာ မတရား သေသွားမှာ မဟုတ်ဘူး။”

ဂျို့ရှ်၏ သားအကြီးဆုံးဖြစ်သူ ဂျိုးဆက်ပ်၏ “အမှောင်လ၏သတ်ပစ်ခြင်းကို” ခံခဲ့ရသည်။ ထို့နောက် သူက အမှောင်လကို တိုက်ခိုက်ပြီး တပ်သားများ ဆုံးရှုံးခဲ့ကာ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်မှုနှင့် ပြန်ရောက်လာခဲ့သည်။ သူ၏ဆက်ခံသူ ခါနီတာသည်ပင် အမှောင်လ၏ လျို့ဝှက်အကြံအစည်အောက်တွင် သေဆုံးသွားခဲ့သည်။ သူက အကြီးမားဆုံး “ဒုက္ခခံရသူ” ဖြစ်သည်။ ထိုကဲ့သို့ ချက်ချင်း ဒေါသထွက်သွားခြင်းကြောင့် ဂရန့်နှင့် အိုဆိုင်ဒန်၏ သံသယကို မတိုးသွားစေခဲ့ပေ။

“အဲဒါကြောင့် သတင်းမပေါက်ကြားစေဖို့အတွက် အရှင်မင်းကြီးကို ဒီအစီအစဉ် သီးခြား သတင်းလာပို့တာပါ။” ဂရန့်က ပြောသည်။ “အရှင်မင်းကြီး။ ကျုပ်ရဲ့အကြံက အရိပ်နက်အင်ပါယာရဲ့ လိုင်ရာမြို့ကနေတစ်ဆင့် လိပ်ပြာနီနယ်မြေကနေ အမှောင်လရဲ့ အနောက်ဘက်ကို အလစ်တိုက်ခိုက်ဖို့ပဲ။ ပြီးရင် အမှောင်လမြို့ထဲကို တည့်တည့် ချီတက်သွားမယ်။”

အိုဆိုင်ဒန်၏ မျက်လုံးများ အရောင်တောက်သွားပြီး ဂျို့ရှ်၏မျက်လုံးများက ထူးဆန်းသော အမူအရာတစ်ခုဖြင့် လက်ခနဲ ဖြစ်သွားသည်။

“အခုလက်ရှိ အမှောင်လစစ်တပ်ကို ကျုပ်တို့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ အင်အားတွေ စုစည်းနေတယ်။ အနောက်ဘက်ကို ကာကွယ်နေခဲ့တဲ့ လရိပ်ဗိုလ်ခြေက လက်ရွေးစင်တွေ အကုန်လုံးကို စေလွှတ်လိုက်ရမယ်။ အဲဒါကြောင့် ခံစစ်က အားနည်းနေမှာ သေချာတယ်။ ကျုပ်တို့ရဲ့အင်အားက အမှောင်လထက် သာတယ်။ ပြီးတော့ ကျုပ်တို့က လုံးဝ လူခွဲပြီးတော့ လိပ်ပြာနီနယ်မြေအနောက်ဘက်ကနေပြီးတော့ လိုင်ရာမြို့ကနေတစ်ဆင့် ဝါလန်ခံတပ်ကို တိုက်ခိုက်ပြီးတော့ အမှောင်လ အနောက်ဘက်ကနေ တစ်ခါတည်း တိုက်ခိုက်မယ်။”

အိုဆိုင်ဒန် ခဏစဉ်းစားပြီး ပြောသည်။ “အရိပ်နက်အင်ပါယာရဲ့ ငါတို့ သဘောတူညီထားတာ ရှိတယ်။ လိုင်ရာမြို့ကို ဒီတပ်စု ဖြတ်သွားဖို့ မလွယ်လောက်ဘူး။ ပြီးတော့ ဝါလန်ခံတပ်ရဲ့ တကယ်စွမ်းအားကိုလည်း ဆုံးဖြတ်ဖို့ မဖြစ်နိုင်ဘူး။”

ဂျို့ရှ်က ပြောသည်။ “တစ္ဆေနီအဖြစ်အပျက်ပြီးတော့ လိုင်ရာမြို့နှင့် ရင်းနှီးမှုကို ပြင်ဆင်ဖို့အတွက် ကျုပ်က မြို့ဝန် ရီမွန့်ကို လက်ဆောင်တွေ အများကြီး ပေးခဲ့တယ်။ အဲဒါကြောင့် သူနဲ့ကျုပ်မှာ ရင်းနှီးမှုတစ်ခု ရှိတယ်။ ပြီးတော့ လိုင်ရာမြို့ကို ဖြတ်သွားလို့ ရလောက်တယ်။ ဒါပေမဲ့ စစ်သည်တွေ အများကြီးတော့ မရဘူး။”

ဂရန့် ခေါင်းညိတ်လိုက်ည်။ ဂျို့ရှ်က လိပ်ပြာနီလောဒ် ဖြစ်သည်။ သူက နယ်မြေ ပတ်ဝန်းကျင်နှင့် ပုဂ္ဂိုလ်များအပြား ပတ်သက်မှုများနှင့် အတော်လေး ရင်းနှီးသည်။ ထို “ဒေသခံလော့ဒ်”၏ အကြံပြုချက်အတိုင်း ခြံခိုတိုက်ခိုက်မည့်အကြံအစည်ကို သေချာပေါက် ပြင်ဆင်၍ ရနိုင်ပေသည်။ ၎င်းမှာ ဂျို့ရှ်အား နေခဲ့ရန် ဂရန့်ပြောခဲ့သော တကယ့်အကြောင်းရင်း ဖြစ်သည်။

“ကျုပ်တို့တွေ နည်းနှစ်နည်းနဲ့ ချီတက်လို့ရတယ်။ ဝါလန်ခံတပ်ကနေ အမှောင်လ အနောက်ဘက်ကို အပိုအကာအရံတွေ မရှိဘူး။ တကယ်လို့ ရှီရာရဲ့ အင်အားစုတွေက ရှေ့မှာပဲ စုစည်းထားမယ်ဆိုရင် အနောက်ဘက်မှာရှိတဲ့ တပ်စုက ဝါလန်ခံတပ်ကို ဖောက်ထွင်းနိုင်တာနဲ့ အမှောင်လမြို့ကို အနောက်ဘက်ကနေ တစ်ခါတည်း သိမ်းပိုက်နိုင်တယ်။ လရိပ်ဗိုလ်ခြေက လက်ရွေးစင်တွေကို မရွှေ့ပြောင်းရသေးဘူး ဆိုရင်တော့ ဒီအင်အားစုကို နှောင့်နှေးအောင် လုပ်ထားမယ်ဆိုရင် သူတို့က ဘယ်လုပ် ဗိုလ်ခြေနှစ်ခု၊ မသေမျိုးစစ်တပ်နဲ့ ချော်ရည်ပြာနယ်မြေရဲ့ သနားစရာ အင်အားစုလေးနဲ့ ကျုပ်တို့ကို ထိပ်တိုက်ရင်ဆိုင်နိုင်မှာလဲ။”

အိုဆိုင်ဒန် အလွန်ပျော်ရွှင်သွားသည်။ “ဟုတ်တယ်။ ဒီအစီအစဉ်က လုံးဝ ဖြစ်နိုင်တယ်။ ဒီတပ်စုအတွက် အသင့်တော်ဆုံး တပ်မှူးက ဘယ်သူလို့ထင်လဲ။”

ဂရန့်က စိတ်အားထက်သန်နေသော ဂျို့ရှ်ကို ကြည့်ပြီး ပြောသည်။ “ဒီတပ်စုက အမှောင်လကို အနိုင်ယူနိုင်ဖို့အတွက် သော့ချက်ဖြစ်နိုင်တယ်။ လက်ရွေးစင်တွေကို ကျုပ် ဦးဆောင်ချင်တယ်။ ကျုပ်ကို ခွင့်ပြုပေးပါ။ အရှင်မင်းကြီး။”

အိုဆိုင်ဒန် ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ။”

ဂျို့ရှ် အကြံတစ်ခုရသွားပြီး ပြောသည်။ “ဗိုလ်ချုပ်ရဲ့ အစီအစဉ်နဲ့ ပူးပေါင်းဖို့အတွက် ကျုပ်တို့ရဲ့ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုကို နည်းနည်းလေး အရှိန်လျှော့ရမယ်။ ဒါပေမဲ့ ဗိုလ်ချုပ် ဂရန့်က ညွန့်ပေါင်းစစ်တပ်ရဲ့ လက်ထောက်တပ်မှူးပဲ။ တကယ်လို့ သူ ရုတ်တရက် ပျောက်ကွယ်သွားရင် သူလျှိုတွေ သံသယဝင်သွားပြီးတော့ အမှောင်လကို သတိပေးမှာ စိုးရိမ်ရတယ်။”

“ခင်ဗျား ဘယ်လို အကြံပေးချင်တာလဲ။”

“နည်းလမ်း တစ်ခုတော့ ရှိတယ်။ ဒါပေမဲ့ ကျုပ်က ဗိုလ်ချုပ် ဂရန့်ကို မတရား လုပ်ရလိမ့်မယ်။” ဂျို့ရှ်က ယုံကြည်ချက်ရှိရှိဖြင့် ပြုံးလိုက်သည်။ “တစ်ချိန်တည်းမှာပင် ဒီအခွင့်အရေးကို အသုံးချပြီးတော့ အမှောင်လရဲ့ သူလျှိုတွေကို မြေလှန်နိုင်မယ်...”

“ဂျို့ရှ်။ ခင်ဗျားက သူလျိုတွေကို စုံစမ်းဖို့အတွက် တာဝန်ယူ။ ကျုပ် ခင်ဗျားကို အကြီးမားဆုံး လုပ်ပိုင်ခွင့်ပေးမယ်။”

“မှန်ပါ။ အရှင်မင်းကြီ။ ကျုပ်က အရှင် မျှော်လင့်ထားတဲ့အတိုင်း သေချာပေါက် လုပ်ပြီးတော့ ညွန့်ပေါင်းစစ်တပ်မှာ အမှောင်လချထားတဲ့ သူလျှိုတွေ အားလုံးကို ဖယ်ရှားသွားမှာပါ။” အိုဆိုင်ဒန်က ဂျို့ရှ်၏ ပြတ်သားသော အမူအရာကို အလွန် ကျေနပ်သွားသည်။ ၎င်းမှာ သူခိုးဖမ်းရန် သူခိုးက ပြောနေခြင်းဖြစ်ကြောင်း သူ မသိခဲ့ပေ။

နောက်ရက်များ၌ ညွန့်ပေါင်းစစ်တပ်က ထိတ်လန့်စရာ သတင်းတစ်ခုအကြောင်း ပြောနေကြသည်။ ညွန့်ပေါင်းစစ်တပ်၏ လက်ထောက်တပ်မှူး ဂရန့်က စစ်ပွဲကို ရပ်တန့်ပြီး အမှောင်လနှင့် အပေးအယူလုပ်ရန် တင်ပြခဲ့သည်။ ၎င်းက ရီဂျန့် အိုဆိုင်ဒန်ကို ဒေါသထွက်သွားစေပြီး ဂရန့်အား လက်ထောက်တပ်မှူးနေရာမှ ဖယ်ရှားလိုက်သည်။ ထို့နောက် နဂိုက မနာလိုဖြစ်နေသော လော့ဒ်များက အခွင့်အရေးကို အရယူကာ အခြေအနေပိုဆိုးအောင် ပြုလုပ်တော့သည်။ မကောင်းသော အကြံအစည်ရှိသူများ၏ မသိကျိုးကျွန်ပြုမှုအောက်တွင် သူတို့က စစ်ရိက္ခာလောဘ၊ နာမည်ယူခြင်းနှင့် ရန်သူ့ ဗိုလ်ချုပ်များနှင့် မှောက်မှားခဲ့ခြင်း ကဲ့သို့သော ဂရန့်၏ မကောင်းမှုများကို ဖော်ထုတ်ခဲ့ကြသည်။

ဒေါသထွက်နေသော အိုဆိုင်ဒန်က ဂရန့်ကို အကျဉ်းချပြီး လိပ်ပြာနီနယ်မြေသို့ ပြန်ပို့ခဲ့သည်။ ရန်သူနှင့်အတူ ဂရန့်၏ အပေါင်းအပါများကို အတင်းအကြပ် စုံစမ်းရန်အတွက် လိပ်ပြာနီလော့ဒ်-ဂျို့ရှ်ကို ခန့်အပ်ထားသည်။ တစ်ချိန်တည်းမှာပင် အိုဆိုင်ဒန်က ညွန့်ပေါင်းစစ်တပ်အား အပြင်းအထန် လေ့ကျင့်စေပြီး အမှောင်လနှင့် အဆုံးသတ်တိုက်ပွဲအတွက် ပြင်ဆင်ထားရန် အမိန့်ပေးခဲ့သည်။

ဂရန့်က ထိုအခွင့်အရေးကို အသုံးချပြီး သူ့လက်အောက်မှ လက်ရွေးစင်များနှင့်အတူ လိပ်ပြာနီနယ်မြေသို့ ပြန်လာကာ အနောက်ဘက်လမ်းပေါ်၌ ခြံခိုတိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို အတွင်းလူ အနည်းငယ်သာ သိကြသည်။ အဆုံးအဖြတ်တိုက်ပွဲ စတင်တော့မည် ဖြစ်သည်။

All Chapters