← Chapters

မသေမျိုးလေတပ်ဗိုလ်ခြေ

Vol. 36 Ch. 541

မသေမျိုးလေတပ်ဗိုလ်ခြေ

Vol. 36 Ch. 541

ကြောက်မက်ဖွယ်ရာ မသေမျိုး မြင်းတပ်ဗိုလ်ခြေနှင့် ရင်ဆိုင်ရသည့်အခါ မြို့‌တော်၏ ရှေ့မှ လက်ကျန် ခြေမြန်တပ်သည် ထိုတိုက်ခိုက်မှု၌ပင် လုံးဝ ရှုံးနိမ့်လုနီးပါး ဖြစ်သွားခဲ့သည်။ တပ်မှူး ဆူဒါက တိုက်ခိုက်ရေးအသွင် ပြောင်းလိုက်သည်။ သူ၏လက်ထဲမှ ကောက်ရိတ်ဓားက အနီရောင်အလင်းတစ်ခု ဝှေ့ရမ်းပြီး အနီးအနားမှ မသေမျိုးမြင်းတပ်နှင့် အရိုးခြောက်စစ်မြင်းများကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ပိုင်းလိုက်၏။ သို့သော်လည်း မသေမျိုးများမှာ သက်ရှိများ မဟုတ်ပေ။ ခန္ဓာကိုယ် တစ်ပိုင်းပြတ်သည့်တိုင် သေစေနိုင်နေသေးသည်။ မြေပြင်ပေါ်မှ မသေမျိုး မြင်းတပ်သား တစ်ယောက်က ဆူဒါ၏ ခြေချင်းဝတ်ကို ခုတ်ပိုင်းလိုက်သည်။

ဆူဒါ အွန့်ခနဲ ဖြစ်သွားပြီး မြင်းတပ်သား၏ခေါင်းကို ရိုက်ခြေလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ မီးတောက်များ ပို၍အပြင်းအထန် လောင်ကျွမ်းလာသည်။ ကောက်ရိတ်ဓား ကလည်း လေထဲသို့ လခြမ်းပုံစံ အလင်းလှိုင်းများ ခုတ်ပိုင်းပြီး ထိုအလင်းလှိုင်များဖြင့် အနီးအနားမှ မြင်းတပ်သားများကို ခုတ်ပိုင်းလိုက်လေသည်။

အလင်းလှိုင်းများအရှေ့တွင် အထိတ်တလန့် မြင်းစီးစစ်သည် တစ်ယောက်‌ ပေါ်ထွက်လာပြီး အမည်မသိ နည်းလမ်းတစ်ခုကြောင့် ၎င်းတို့ ကွယ်ပျောက်ကုန်သည်။ အထိတ်တလန့် မြင်းစီးစစ်သည်က ချပ်ကာဝတ်ထားသော တစ္ဆေစစ်မြင်းကို နှင်ပြီး ဆူဒါထံသို့ ချီတက်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ဖက်စလုံးက အချင်းချင်း ဖြတ်သွားကြသည်။ တစ္ဆေစစ်မြင်းက နောက်လှည့်လိုက်သည့်အခါ အထိတ်တလန့် မြင်းစီးစစ်သည်၏ ဦးခေါင်းက ခေါင်းစွပ်နှင့်အတူ ရုတ်တရက် ပြုတ်ကျသွားသည်။ ရပ်နေလျက်ရှိသော ဆူဒါကလည်း ရုတ်တရက် လှံဖောက်ဝင်သွားခြင်းကြောင့် ဒဏ်ရာအပြင်းအထန် ရသွားပြီး သွေးမည်းများ အဆက်မပြတ် စီးကျလာသည်။

ကံဆိုးစွာပင် ၎င်းမှာ နှစ်ဖက်စလုံး သေသွားခြင်း မဟုတ်ပေ။ အထိတ်တလန့် မြင်းစီးစစ်သည်က လက်ကို ဆန့်တန်းလိုက်သည့်အခါ မြေပြင်ပေါ်ရှိ ခေါင်းစွပ်က သူ၏ လက်ထဲသို့ ပြန်ရောက်လာသည်။ ၎င်းကို ခေါင်းပေါ်၌ ပြန်တပ်လိုက်သောအခါ အလယ်၌ အနီရောင်အလင်းနှစ်ခု ပေါ်ထွက်လာသည်။ ထိုမြင်ကွင်းကို မြင်သည့်အခါ ဆူဒါ မယုံကြည်နိုင် ဖြစ်သွားဟန်တူသည်။ နောက်ဆုံး၌ သူ မြေပေါ်သို့ လဲကျသွားခဲ့သည်။

ကျောက်တုံးကြီးဗိုလ်ခြေ၏ ခြေလျင်တပ်ကြီးလည်း အန္တရာယ် ကျရောက်နေသည်။ သေစေနိုင်မှုမြင့်မားသော ထက်မြက်သည့် လှံအခင်းအကျင်းနှင့် ရင်ဆိုင်ရသည့်အခါ နက်စ်တာ၏ မှော်အရိပ် ဗိုလ်ခြေသာဆိုလျှင် အသေအကြေ အများဆုံးဖြစ်နိုင်သည့် တိုက်ရိုက်ချီတက်ခြင်းမျိုးကို သာမန်အခြေအနေများ၌ သုံးမည် မဟုတ်ပေ။ သူက လူခွဲတိုက်ခိုက်ခြင်း၊ စီးနင်းပစ်ခတ်ခြင်းကဲ့သို့ နည်းလမ်းများကို အသုံးပြုပေလိမ့်မည်။

သို့သော်လည်း ကျောက်တုံးကြီး ဗိုလ်ခြေက အကြောက်တရားကင်းမဲ့သော မသေမျိုး မြင်းတပ်ကို ရင်ဆိုင်နေရပြီး သူတို့က ထူထဲသော လှံများထံသို့ တစ်ခါတည်း ပြေးဝင်လာသည်။ အံ့အားသင့်စရာမကောင်းစွာပင် မြင်းတပ်သားများက လှံထဲသို့ စိုက်ဝင်သွားကြသည်။ အပေါ်ယံ၌ ချုပ်တည်းခြင်း အောင်မြင်သည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် ထိုသို့ မဟုတ်ပေ။ အရိုးခြောက်စစ်မြင်းများ အပါအဝင် ထိုမြင်းတပ်သားများ အားလုံးက မသေမျိုးများ ဖြစ်ကြသည်။ ထို “ဒဏ်ရာ”ကြောင့် သူတို့ သေကြမည် မဟုတ်ပေ။ ပို၍ပင် ကြောက်စရာကောင်းသည်မှာ မြင်းတပ်သား ရာနှင့်ချီက ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် လှံအခင်းအကျင်းသို့ တစ်ယောက်ပြီးတစ်ယောက် ဆက်လက်ချီတက်နေခြင်းပင်။ သီးသန့်ပြုလုပ်ထား‌သော လှံရှည်များနှင့် သေသေချာချာ လေ့ကျင့်ထားသော စစ်သည်များသည်ပင် ထိုကဲ့သို့ အားကောင်းသော ဝင်တိုးမှုကို မခုခံနိုင်ကြပေ။

လှံအခင်းအကျင်းက ခဏတာ တောင့်ခံနိုင်ပြီးနောက် ပြိုလဲသွားပြီး နောက်မှ ခြေလျင်တပ်ကြီးကလည်း မြင်းတပ်၏ ချီတက်မှုကို ပို၍ပင် မတားဆီးနိုင်တော့ပေ။ တစ်ချိန်တည်းမှာပင် လောက်လေးခွများကလည်း ပေါက်ကွဲနိုင်သည့် အလွန်ကြီးမားသည့် မြားများကို အဆက်မပြတ် ပစ်ခတ်နေသေးသည်။ မသေမျိုးများအတွက် ပေါက်ကွဲသော မြားများနှင့် အဆိပ်ငွေ့များမှာ လုံးဝ သက်ရောက်မှု မရှိပေ။ လေးသမားများပစ်သော မြားများကိုပင် ပြောစရာပင် မလိုပေ။

“ခုခံကြ။ အခင်းအကျင်း ပြန်စုစည်းတော့။” လောင်းဘော်တွန်က ကျယ်လောင်စွာ အမိန့်‌ပေးသော်လည်း ကျောက်တုံးကြီး ဗိုလ်ခြေ၏ ရှုံးနိမ့်မှုကို ကာကွယ်ရန် ခက်ခဲလှသည်။ အခင်းအကျင်းမှာ မြင်းတပ်ကြောင့် ပျက်စီးသွားခဲ့ပြီး စစ်သည်များ၏ အသက်များကိုလည်း မညှာမတာနှင့် ရိပ်သိမ်းလိုက်သည်။ ခြေလျင်တပ်က ပြန်လည်မစုစည်းနိုင်ဘဲ ထိခိုက်သော တိုက်စစ်နှင့် ခံစစ် အခင်းအကျင်းကို မပြုလုပ်နိုင်သည်နှင့် သူတို့က မြင်းတပ်ကို လုံးဝ မခုခံနိုင်တော့ပေ။ သူတို့မှာ ဖျက်ဆီး၍မရသော မသေမျိုးများ ဖြစ်သည်ကိုမူ ပြောစရာပင် မလိုတော့ပေ။

မြို့တော် ညွန့်ပေါင်းစစ်တပ်မှ စစ်သည် သုံးသောင်းကျော် အသတ်ခံလိုက်ရပြီး အမှောင်လက မသေမျိုးမြင်းတပ်သားအချို့သာ ဆုံးရှုံးခဲ့ရသည်။ ထိုယူနစ်မှ စစ်တပ်တွင် အသေအကြေ လုံးဝ မရှိခဲ့ပေ။ ၎င်းမှာ မသေမျိုးများ၏ ဝိသေသလက္ခဏာများနှင့်လည်း သက်ဆိုင်နေသည်။ ပုံမှန်အားဖြင့် မသေမျိုးများမှာ မျိုးနွယ်တူများမှလွဲ၍ လူတိုင်းကို တိုက်ခိုက်ကြသည့်အတွက် သူတို့ကို အခြားစစ်သည်များနှင့် ရောနှောပြီး တိုက်ခိုက်ရန် မသင့်တော်ပေ။

ထိုအချိန်၌ အနောက်ဘက်ကောင်းကင်မှ ဝိုင်ဗန်များ၏ ဟိန်းသံများ ထွက်လာသည်။ မြို့‌တော်၏ လေကြောင်းစစ်ကူ ရောက်ရှိလာပြီ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်မှ ခြေလျင်တပ်နှင့်ရောနေသော အမှောင်နတ်မိစ္ဆာ မြင်းတပ်နှင့် ပထမ ညွန့်ပေါင်းဗိုလ်ခြေတို့လည်း စတင်ချီတက်လာသည်။

အမှောင်လဘက်မှ လောက်လေးခွများသည် “အဆိပ်မြား”များ ပစ်လွှတ်နေဆဲ ဖြစ်သည်။ ထို့နောက် အမှောင်လက မြို့တော်စစ်တပ်၏ လှုပ်ရှားမှုကို အလျင်အမြန် တုံ့ပြန်သည်။ မြင်းတပ်နောက်တွင် အရိုးခြောက်စစ်သည် အများအပြား ပေါ်ထွက်လာ၏။ တစ်ချိန်တည်းမှာပင် ဆယ်လ်ဂါ ဦးဆောင်သော မြို့တော်၏ နဂါးစီးနင်းသူ ဗိုလ်ခြေကို ရင်ဆိုင်ရန်အတွက် အမှောင်လစစ်တပ်အလယ်မှ တိမ်တိုက်ကဲ့သို့ လေတပ်ဗိုလ်ခြေတစ်ခု အ‌ပေါ်သို့တက်လာသည်။

“အဲဒါက ဘာကြီးလဲ။”

“နတ်ဆိုးဘုရားသခင်....”

“ငါ အမြင်မှားနေတာလား။ ဒါက မသေမျိုး လေတပ်ဗိုလ်ခြေပဲ....”

အမှောင်လစစ်တပ်အပေါ်၌ ပေါ်ထွက်လာသည်မှာ ဝိုင်ဗန်စစ်တပ် မဟုတ်ဘဲ မိုးပျံ နတ်ဆိုးသားရဲ အုပ်လိုက်ကြီး၏ အရိုးခြောက်များ ဖြစ်ကြသည်။ ထိုမိုးပျံနတ်ဆိုးသားရဲ များတွင် ဂရစ်ဖင်းများ၊ ဝိုင်ဗန်များနှင့် မန်တီကိုးများ ပါဝင်သည်။ ၎င်းတို့၏ တူညီသော လက္ခဏာများမှာ အထူးသိပ်သည်းဒြပ်များဖြင့် ဖွဲ့စည်းထားသော တောင်ပံအမြှေးပါးများ ဖြစ်ကြပြီး သူတို့ကို လေထဲ၌ လွတ်လွတ်လပ်လပ် ပျံနိုင်စေသည်။ သူတို့၏ကျောဘက်၌ စီးနင်းနေကြသူများမှာလည်း တစ္ဆေများ ဖြစ်ကြသည်။ အထင်ရှားဆုံးမှာ ရှေ့မှ “ဧရာမနဂါး” ဖြစ်ပြီး တစ်ကောင်လုံးကို အရိုးခြောက်များဖြင့် ပြုလုပ်ထားလေသည်။

၎င်းမှာ ဧရာမနဂါး၏ တကယ့်အရိုးခြောက် ဖြစ်ဟန်တူပြီး အရောင်လက်နေသော အရိုးများကို ထူးဆန်းသော အရောင်တစ်ခုဖြင့် ရစ်ပတ်ထားသည်။ ခွက်နသော မျက်လုံးနေရာ၌ အနီရောင်ဖျော့ဖျော့ အလင်းနှစ်ခု လင်းလက်နေပြီး ၎င်း၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော နဂါးမာန်က မျက်နှာချင်းဆိုင်မှ ဝိုင်ဗန်များကို ကြောက်လန့်တကြား၌ တရှူးရှူး အသံများ ထွက်သွားစေသည်။ သူတို့ အနားမကပ်လာရဲတော့ပေ။ သို့သော်လည်း အကြောက်တရားနှင့် ညှို့ငင်ခြင်းအစွမ်းများ လုံးဝပြီးသော မသေမျိုး လေတပ်ဗိုလ်ခြေမှာ လုံးဝ သက်ရောက်မှု မခံရပေ။

နဂါးမာန်ပဲ။ ဒါက တကယ့်ဧရာမနဂါးနဲ့ နှိုင်းယှဉ်လို့ မရပေမဲ့ ဧရာမ နဂါးမျိုးနွယ်ရဲ့ ထူးခြားတဲ့ သီးသန့်အငွေ့အသက်ဆိုတာ အသေအချာပဲ။ ဒီလိုကြောက်စရာကောင်းတဲ့ မသေမျိုးကို အခုမှ ငါတွေ့ဖူးတယ်။ ဆယ်လ်ဂါ၏ စိတ်ထဲ၌ တုန်လှုပ်သွားခဲ့သည်။ သူက ထိုကြောက်မက်ဖွယ်ရာ အရိုးခြောက်နဂါးကို ရင်ဆိုင်ရန်အတွက် ဦးဆောင်သည်။ ဝိုင်ဗန်များက စီးနင်းသူများကို ထိန်းချုပ်မှုကြောင့် အကြောက်တရားကို ဖိနှိပ်ပြီး မသေမျိုး လေတပ်ဗိုလ်ခြေကို တိုက်ခိုက်ရန် ပျံသန်းလာကြသည်။ မြို့တော်၏ နဂါးစီးနင်းသူ ဗိုလ်ခြေထဲတွင် ဝိုင်ဗန်များသာ ရှိသည်။ နှိုင်းယှဉ်ကြည့်လျှင် မသေမျိုး လေတပ်ဗိုလ်ခြေ၏ တိုက်ခိုက်ရေးစွမ်းအားက ပိုမိုနိမ့်ကျသော်လည်း သူတို့၏ အ‌ရေအတွက်မှာ နဂါးစီးနင်းသူ ဗိုလ်ခြေထက် ‌လေးငါးဆခန့် ပိုများသည်။ လေထဲ၌ ပျံသန်းနိုင်သော တစ္ဆေများကိုပါ ထည့်တွက်ပါက သူတို့သည် အရေအတွက် အသာစီးဖြင့် နဂါးစီးနင်းသူ ဗိုလ်ခြေကို တင်းတင်းကြပ်ကြပ် ဖိနှိပ်နေလေသည်။

အကယ်၍ မိုးပျံတိမ်ဗိုလ်‌ခြေသာ ရှိနေလျှင် အခြေအနေ ပြောင်းလဲသွားမည်မှာ သေချာသည်။ သို့သော်လည်း ဒီကိုမြို့ကို အလစ်တိုက်ခိုက်ပြီးကတည်းက မိုးပျံတိမ် ဗိုလ်ခြေအကြောင်း သတင်းလုံးဝ မကြားရတော့ပေ။ ခေါင်းဆောင် ရိုမတီ အပါအဝင် မည်သည့်အဖွဲ့ဝင်ကမှ ပြန်မလာခဲ့ပေ။ စစ်တပ်တစ်ခုလုံး သုတ်သင်ခံလိုက်ရခြင်း ဖြစ်နိုင်သည်။ လရောင်ခံတပ်၌ နဂါးစီးနင်းသူ ဗိုလ်ခြေက ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး ယခုတွင် ပို၍ပင် စွမ်းအားမဲ့နေခဲ့သည်။ ဝိုင်ဗန်များနှင့် နတ်ဆိုးသားရဲများ၏ အရိုးများက ကောင်းကင်ပေါ်မှ အဆက်မပြတ် ပြုတ်ကျနေလေသည်။

ဆယ်လ်ဂါက ဝိုင်ဗန်ဘုရင်ကို ထိန်းချုပ်ပြီး အရိုးခြောက်နဂါးထံ ချဉ်းကပ်လာသည်။ နဂါးနက်နှင့် ယခင်တိုက်ပွဲမှ သင်ခန်းစာရသွားပြီးနောက် ဆယ်လ်ဂါက ပို၍ သတိထားလာသည်။ သူ၏မှော်စွမ်းအားကို ပစ်မှတ်ထံ အသေမှတ်ပြီးနောက် သူက [ အဆက်မပြတ်မီးစက်လုံး ] များကို အစမ်းသဘော ပစ်လွှတ်လိုက်သည်။ အရိုးခြောက် နဂါးက ၎င်းကို မရှောင်တိမ်းခဲ့ဘဲ ထိုမီးစက်လုံးများကို အထိခံခဲ့သည်။ ၎င်းသည် အနည်းငယ်သာ တုန်ခါသွားပြီးနောက် မီးစက်လုံးများက မီးပွင့်များအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။

ထိုအရိုးခြောက်နဂါး၏ အမည်မှာ “စိတ်ဝိညာဉ်နဂါး” ဖြစ်သည်။ ကုန်ကြမ်းများကို ချန်လွေ့က ဂူရာဒန်ထံ ပေးခဲ့သည်။ အရင်းအမြစ်မှာ မိုးသစ်တောမည်း၌ တစ္ဆေနဂါးအဖြစ် ဟန်ဆောင်ရန် ဒိုဒို အသုံးပြုခဲ့သော နဂါးအရိုး အပြည့်အစုံ ဖြစ်သည်။ ဂူရာဒန် ရတနာ တစ်ခုခု ရရှိသွားသလိုမျိုးပင် နဂါးအရိုးများကို အသက်သွင်းခဲ့သည်။ နောက်ဆုံး၌ သူက ချန်လွေ့ထံမှ ဉာဏ်ကွန့်မြူများဖြင့် နတ်ဆိုးဘုံးသမိုင်းရှိ အစွမ်းအထက်ဆုံး မသေမျိုးကို ဖန်တီးရာတွင် အောင်မြင်ခဲ့လေသည်။ အားနည်းချက်တချို့ ရှိနေသေးသော်လည်း ၎င်းကို ဂူရာဒန်၏ဘဝ၌ အပြောင်မြောက်ဆုံးလက်ရာ၌ ခေါ်နိုင်ပေသည်။

ထိုနဂါးရိုးများမှာ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းဖြစ်သော နဂါးနီထံမှ ရရှိခြင်း ဖြစ်သည်။ အရိုးခြောက်နဂါးအဖြစ် ပြုလုပ်ပြီးနောက် တစ်ဆင့်ကျသွားပြီး မီးထိန်းချုပ်သော ပါရမီ ပျောက်ဆုံးသွားကာ မသေမျိုး ဖြစ်သွားသော်လည်း အရိုးများမှာ မှော်ပညာကို အတိုင်းအတာတစ်ခုအထိ ခုခံနိုင်ပြီး လုံးဝပြီးသည်အထိလည်း ဖြစ်နိုင်သည်။ ဆယ်လ်ဂါက မှော်ပညာနှင့် သိုင်းပညာကို အထူးပြုသော နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်းဖြစ်သော်လည်း မီးမှော်တစ်ခုတည်း အသုံးပြုလျှင် စိတ်ဝိညာဉ်နဂါးကို ထိခိုက်အောင် ပြုလုပ်နိုင်မည် မဟုတ်ပေ။

ဆယ်လ်ဂါက သန္ဓေပြောင်း ဝိုင်ဗန်ဘုရင်ကိုစီးပြီး အဝိုင်းပတ်နေကာ အရိုးခြောက် နဂါးနှင့် ထိရောက်သော အကွာအဝေးတစ်ခု၌ နေနေသည်။ သူက ထိုနဂါးအရိုးများ၏ မီးပြီးသော ဂုဏ်သတ္တိများကို မသိသော်လည်း ထိုမသေမျိုး အရိုးခြောက် နဂါး၏ စွမ်းအားမှာ အတော်လေး အစွမ်းထက်ကြောင်း အကဲဖြတ်နိုင်သည်။ သူက ချက်ချင်းပင် ပစ်မှတ်ကို အရိုးခြောက်နဂါးမှ အထိတ်တလန့် မြင်းစီးစစ်သည်ပေါ်သို့ ပြောင်းလိုက်၏။

သူက မန္တန်ရှည်တစ်ခုကို ရွတ်နေလိုက်သည်။ ဆယ်လ်ဂါ၏ စွမ်းအားဖြင့် ရွတ်ရန် လိုအပ်သော မှော်ပညာမှာ အတော်လေး အစွမ်းထက်ရပေမည်။ ခုနက တိုက်ခိုက်ခံရသော အရိုးခြောက်နဂါးက ဆယ်လ်ဂါကို ရန်သူအဖြစ် သတ်မှတ်လိုက်ပြီး တောင်ပံခတ်ကာ သူ့ကို အချိန်ထပ်မပေးဘဲ ခုန်အုပ်လိုက်သည်။

ဆယ်လ်ဂါ စီးနေသည်က သန္ဓေပြောင်း ဝိုင်ဗန်ဘုရင် ဖြစ်သော်လည်း ၎င်း၏ အမြန်နှုန်းနှင့် ခွန်အားမှ အရိုးခြောက်နဂါးထက် နိမ့်ကျသည်။ ၎င်းက တိုက်ပွဲများ၌သာ အတွေ့အကြုံမရှိလျှင် ကြောက်စရာကောင်းသော နဂါးအငွေ့အသက် တစ်ခုတည်းကိုပင် ခံနိုင်မည် မဟုတ်ပေ။ သို့သော်လည်း ဝိုင်ဗန်ဘုရင်၏ တုံ့ပြန်မှုများမှာ အလွန်အမင်း မြန်ဆန်လှသည်။ ၎င်းက ဝင်ရောက်လာသော ခုန်အုပ်မှုကို ရှောင်တိမ်းရန်အတွက် ဘေးသို့ လေဟုန်စီးလိုက်သည်။ ထို့နောက် နောက်သို့ပြန်ဝိုက်ပြီး အရိုးခြောက်နဂါးကို အဆိပ်ပြင်းသော အရည်များ မှုတ်ထုတ်လုပ်သည်။ ပါ့ဂ်လီအို၏ အာငွေ့သာဆိုလျှင် စိတ်ဝိညာဉ်နဂါးကို ပြင်းထန်သော ထိခိုက်မှု ဖြစ်စေနိုင်သော်လည်း ဝိုင်ဗန်ဘုရင်၏ အဆိပ်က လုံးဝ ခြိမ်းခြောက်မှုတစ်ခု မဟုတ်ခဲ့ပေ။ နောက်ဆုံး၌ ဆယ်လ်ဂါ၏ မန္တန် ပြီးစီးသွားခဲ့သည်။ ခရမ်းရောင်မိုးကြိုးများ ရုတ်တရက် ပေါ်ထွက်လာပြီးနောက် အရိုးခြောက်နဂါးကို ပစ်ခတ်လိုက်သည်။ ထိုကဲ့သို့ အစွမ်းထက်သော မိုးကြိုးက သာမန်ဟုထင်ရသော်လည်း ၎င်းမှာ မှော်ပညာနှင့် မန္တန်ဖြင့် အထပ်ထပ် ဖိသိပ်ထားခြင်း ဖြစ်သည်။ ပေါက်ထွက်နိုင်သောစွမ်းအားမှာ သာမန် [ မိုးကြိုးပစ်ချက်] ထက် ၁၀ဆ ပိုများသည်။ ချက်ချင်းပင် သလင်းကျောက်နဂါး၏ အလွန်ကြီးမားသော ခန္ဓာကိုယ်ကို ခရမ်းရောင် လျှပ်စီးပွင့်များက ဝိုင်းရံသွားလေသည်။

သို့သော်လည်း တစ်ခုခုလွဲနေကြောင်း ခဏအကြာ၌ ဆယ်လ်ဂါ ခံစားလိုက်ရသည်။ အရိုးခြောက်နဂါး ပတ်ပတ်လည်၌ ထိကိုင်၍မရသော စက်ဝိုင်းပုံ အားစက်ကွင်းတစ်ခု ရှိနေဟန်တူသည်။ အစွမ်းထက်သော [ မိုးကြိုးပစ်ချက် ] စွမ်းအားက ထိုအားကွင်းမှ ကန်ထွက်သွားခဲ့သည်။ အားစက်ကွင်း၏ ဗဟိုမှာ အထိတ်တလန့် မြင်းစီးစစ်သည်၏ လက်ထဲ၌ ဖြစ်သည်။ ထိုအားစက်ကင်းက တဖြည်းဖြည်းနှင့် အပေါ်သို့ တက်သွားပြီး အလွန်ကြီးမားသော လက်တစ်ဖက်အဖြစ် ပြောင်းလဲသွားကာ ခရမ်းရောင် မိုးကြိုးကို ဆုပ်ကိုင်လိုက်သည်။ ဧရာမလက်ဝါး ညှစ်လိုက်သောအခါ အစွမ်းထက်သော မိုးကြိုး ပျောက်ကွယ်သွားခဲ့သည်။

အထိတ်တလန့် မြင်းစီးစစ်သည်၏စွမ်းအားက အရိုးခြောက်နဂါးထက် မနိမ့်သည့်အပြင် ထိုကဲ့သို့ သူ၏မှော်ပညာကို ခြေဖျက်သော လှည့်ကွက်ကိုလည်း ရင်းနှီးနေသည့်အတွက် ဆယ်လ်ဂါ၏မျက်နှာ ချက်ချင်း ပြောင်းလဲသွားပြီး လွှတ်ခနဲ ပြောလိုက်မိသည်။ “ဆာ-ပီဂါဆက်။”

နာမည်ကျော် တော်ဝင်မိသားစုက ပီဂါဆက်လူစီဖာ။ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း ရန်သူကိုတောင် သတ်ပစ်နိုင်တဲ့ နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်း။ ကံဆိုးချင်တော့ သူက ဒီကိုမြို့ကို အလစ်တိုက်ခိုက်တုန်းက ပျောက်ဆုံးသွားခဲ့တယ်။ သူ ဘယ်ရောက်နေလဲဆိုတာ မသိရသေးဘူး။ ငါ မထင်ထားခဲ့တာက....

ဆယ်လ်ဂါက တော်ဝင်ပါရမီရှင်ကို သူ၏အရှေ့မှ မသေမျိုး မြင်းစီးစစ်သည်နှင့် မချိတ်ဆက်နိုင်ခဲ့ပေ။ သူ ကြောက်လန့်နေစဉ်မှာပင် မိုးကြိုးကို ညှစ်ခြေခဲ့သော ဧရာမ လက်ဝါးက သူ့ဆီ ရောက်လာသည်။ ဆယ်လ်ဂါ မတုံ့ပြန်နိုင်ခင်မှာပင် သူ့အောက်မှ ဝိုင်ဗန်ဘုရင်က အန္တရာယ်ကို သတိထားမိလိုက်ပြီး တောင်ပံဖြန့်ကာ အောက်သို့ ထိုးဆင်းသွားလိုက်သည်။ သို့သော်လည်း ကံဆိုးစွာပင် ခြေတစ်လှမ်း နောက်ကျသွားခဲ့ပြီး ဘယ်တောင်ပံက ဧရာမလက်ဝါး‌ကြောင့် ကျိုးကြေသွားသည်။ ထို့ကြောင့် ၎င်းက ဟန်ချက်ပျက်သွားပြီး စောက်ထိုးဆင်းသွားတော့သည်။ သူက တယ်လီပို့ခုန်ကာ လေထဲ၌ ရပ်နေလိုက်သည်။ သူက ဝိုင်ဗန်ဘုရင်ကို ကူညီရန်အတွက် မှော်ပညာ မန်းမှုတ်နေစဉ် မျက်နှာချင်းဆိုင်မှ ဧရာမလက်ဝါး ရောက်လာပြန်သည်။

ဆယ်လ်ဂါ ခုခံလိုက်ရပြီး သူ၏တစ်ကိုယ်လုံး လွင့်ထွက်သွားသည်။ သန္ဓေပြောင်း ဝိုင်ဗန်ဘုရင်က ဘယ်တောင်ပံကျိုးသွားပြီး တောင်ပံခတ်ရန် ခက်ခဲနေကာ စောက်ထိုး ကျနေတော့သည်။ ၎င်းကို နောက်မှ ပျံသန်းလာသော အရိုးခြောက်ဝိုင်ဗန်က ဝင်တိုက်လိုက်ရာ မြေပြင်ပေါ်မှ မသေမျိုးစစ်တပ်ထဲ ကျသွားခဲ့သည်။ ဝိုင်ဗန်ဘုရင် ဒဏ်ရာအပြင်းအထန်ရထားရင်း အရိုးခြောက်စစ်သည်အများအပြားကို ရှင်းပစ်နိုင်ခဲ့ သော်လည်း သူ့ကို မသေမျိုးပင်လယ်က အလျင်အမြန် လွှမ်းမိုးသွားခဲ့သည်။

“လီရူ...” ဆယ်လ်ဂါက ဝမ်းနည်းစွာဖြင့် အော်ပြောလိုက်သည်။ ထိုဝိုင်ဗန်က သူနှင့်အတူ ရှိနေခဲ့သည်မှာ နှစ်ပေါင်း၁၀၀ရှိပြီ ဖြစ်ပြီ။ ၎င်းသည် သူနှင့် အပြန်အလှန် နားလည်ပြီး နက်ရှိုင်းသော အဆက်အသွယ် ရှိသည်။ သူက ၎င်းသည် ယနေ့တွင် မသေမျိုးများ၏လက်ထဲ၌ သေသွားမည်ဟု မထင်မှတ်ထားခဲ့ပေ။ သို့သော်လည်း သူ့တွင် ပူးဆွေးနေရန် အချိန်မရှိပေ။ အကြောင်းမှာ အရိုးခြောက်နဂါး ပျံသန်းလာပြီး အပြင်းအထန် တိုက်ခိုက်လာသည့် အတွက်ကြောင့်ပင်။

All Chapters