အခန်း ၁၅၂၂
Vol. 103 Ch. 1522
အပိုင်း (၁၅၂၂)
နတ်ဆိုးအင်ပါယာ၏ သန္ဓေနတ်ဆိုး သူတော်စင်ခန္ဓာကိုယ်သည် ရောင်မုန့်ယဉ်၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရ၏။ လွန်ခဲ့သည့် နှစ်ပေါင်းသိန်းချီက လေ့ကျင့်ပေးခြင်းကို ခံခဲ့ရသော နတ်ဆိုးစစ်တပ်မှ စစ်သည်များသည် ရောင်မုန့်ယဉ် ၏ ထိန်းချုပ်မှုအောက်တွင် ကျရောက်သွားခဲ့၏။ ဤအရာသည် ဘာကိုဆိုလိုသနည်း။ ဆိုလိုခြင်းမှာ ပြိုင်စံရှားဂိုဏ်းအား ကူညီပေးလိုက်ခြင်းနှင့်ပင် ဆင်တူနေ၏။
ထို့ကြောင့်ပင်လျှင် ဖုံးကွယ်ထားသည့် တာဝန်ကို ပြည့်စုံသွားခဲ့ခြင်းပင် ဖြစ်၏။ ရရှိလာသည့် ဂိုဏ်းစုဆောင်းမှတ်များသည် မများလှချေ။ တစ်သန်းတည်းသာ ဖြစ်၏။ လေးခုမြောက် မျိုးဆက်ဖြစ်သော စည်းဖွင့်ခြင်းအဆောင်ကို ရရှိခဲ့ခြင်းကတော့ မဆိုးလှချေ။ ဝှက်ဖဲတစ်ခုအနေဖြင့် အသုံးပြု၍ မရဘူးဆိုလျှင်တောင်မှ အနာဂတ်တွင် ပိုက်ဆံနှင့် လဲလှယ်၍ ရနိုင်သေးသည်။
ထို့ကြောင့် သိုလှောင်လက်စွပ်ထဲတွင် ပစ္စည်းများ ပုံလာလျှင်ပင် ကျွင်းချောင်ရှောင်းက ပျော်ရွှင်မိပေလိမ့်မည်။ ထို့ပြင် ဤကဲ့သို့သော အရာတစ်ခု တည်ရှိခြင်းသည် သူ၏လုံခြုံရေး ပိုမိုခိုင်မာလာသည်နှင့်ပင် ဆင်တူနေ၏။
“ဒင် … ဝိညာဉ်ကြံ့ခိုင်ခြင်း နတ်ကျမ်း သည် ဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ်နှင့် အလိုလျောက် လိုက်ဖက်ညီခဲ့သည်"
"ဝိညာဉ် ကြံ့ခိုင်ခြင်း နတ်ကျမ်း ဟုတ်လား"
ကျွင်းချောင်ရှောင်းသည် သိုလှောင်လက်စွပ်ထဲသို့ ဝင်ပြီးနောက် လက်ထဲတွင် ကျမ်းစာတစ်ခုကို ကိုင်ထားလိုက်၏။ ချက်ချင်းပဲ ထိုအရာဆီမှ ရှေးကျလှသော အော်ရာတစ်ခုကို ခံစားမိ၏။ "ဒါက တော်တော့်ကို အားကောင်းမယ်နဲ့ တူတယ်"
ရှေ့ဆုံးစာမျက်နှာကို ဖွင့်ပြီးနောက် အထဲတွင်ရေးသားထားသော အသေးစိတ်အချက်အလက်များကို ဖတ်ရှုလိုက်၏။ ကုန်းရှန့်သည် အမှန်ပင် ဘဝင်ခိုက်သွားမိ၏။ ဝိညာဉ်ကြံ့ခိုင်ခြင်း နတ်ကျမ်းဆိုသည်မှာ ဝိညာဉ်ကို ကြံ့ခိုင်စေသည့် နည်းစနစ်တစ်ခုပင် ဖြစ်၏။ အဆင့်သည် ဘာမှန်းမသိရှိသည် ဆိုသော်လည်း တစ်စုံတစ်ယောက်သည် ထိုအရာကို ထိပ်ဆုံးအထိ ကျင့်ကြံနိုင်ပါက ဝိညာဉ်ကို ကောင်းကင်အထိပင် လွှတ်နိုင်စွမ်း ရှိနေ၏။
"ဒါက ထျန်းကျွင်းဝိညာဉ်သန့်စင်ခြင်းနည်းစနစ်နဲ့ တူညီနေတာပဲ"
ကျွင်းချောင်ရှောင်းက ရေရွတ်လိုက်မိသည်။ "ဒါပေမဲ့ ဒါကပိုအားကောင်းတယ်"
ပြိုင်စံရှားဂိုဏ်းတွင် ဝိညာဉ်နှင့်ပတ်သက်သော သိုင်းနည်းစနစ်သည် များများစားစား မရှိလှချေ။ ယခု ဂိုဏ်း၏ကျင့်ကြံခြင်းနည်းစနစ်နှင့် လိုက်ဖက်ညီသွားသောကြောင့် ထိုအရာများကို မိတ္တူဆွဲကာဖြင့် တပည့်များအားလုံးကို တစ်ယောက်တစ်အုပ်ပေးနိုင်စွမ်း ရှိနေ၏။
ထို့ပြင် ကုန်းရှန့်အနေဖြင့် အလွန်ရဲတင်းလှသော အကြံအစည်တစ်ခုကလည်း တည်ရှိနေ၏။ ဝိညာဉ် ကို အဆုံးစွန် အထိ လေ့ကျင့်ပြီးချိန်တွင် ဝိညာဉ်ကို ထုတ်ယူကာဖြင့် ကျွဲရိုင်းစက်ရုပ်ထဲသို့ ထည့်သွင်း၍ မောင်းနှင်ခိုင်းလျှင် ဘာဖြစ်သွားနိုင်သနည်း။
စက်ရုပ်များသည် အလွန်အားကောင်းလှသော အရာများ မဟုတ်ချေ။ ထို့ကြောင့် အလွန်အားကောင်းလှသော လူများနှင့် ရင်ဆိုင်ကြုံတွေ့ရသည့် အချိန်တွင် အထဲတွင်ရှိနေသော တပည့်များအနေဖြင့် သေဆုံးသွားနိုင်သည်။ အကယ်၍ ဝိညာဉ်ကိုသာ အသုံးပြု၍ ထိန်းချုပ်ထားနိုင်သည် ဆိုပါက စက်ရုပ်များ ပေါက်ကွဲသွားလျှင်တောင်မှ သူ့တပည့်များ၏ အသက်သည် ထိခိုက်သွားလိမ့်မည် မဟုတ်ချေ။
"…...."
စနစ်သည် ဆွံ့အသွားမိ၏။ "လက်ခံသူက တကယ့်ကို တွေးလိုက်ရင် အစွန်းထိ ရောက်နေတာပဲ"
"တွေးလို့မရဘူးလား" ကျွင်းချောင်ရှောင်းက ပြန်မေးလိုက်သည်။
စနစ်က ပြောလိုက်သည်။ "ပထမဦးဆုံးအနေနဲ့ နည်းပညာက ထောက်ပံ့ပေးနိုင်မလားဆိုတာ မသေချာသေးဘူး"
"ဒါက ငါ့ပြဿနာမဟုတ်ဘူး။ ထိုက်ရွှမ်အကြီးအကဲနဲ့ အစီအရင်ဟောခန်းရဲ့ ပြဿနာလေ"
ကျွင်းချောင်ရှောင်းက မထူးခြားသလိုပြောလိုက်၏။ "ငါက စဉ်းစားပေးတဲ့ တာဝန်ကိုပဲယူတာ ။ ပြုလုပ်ပေးရမှာ သူတို့တာဝန်ပဲ မဟုတ်လား"
ဟုတ်ပေ၏။ ပထမဆုံး အသုံးချခံလူသားဖြစ်သော ဆရာဖန်းသည် သူ့ကိုယ့်သူ အသုံးချခံ ထပ်ဖြစ်တော့မည်ကို မသိရှိရသေးခင်မှာပဲ ဒုတိယမြောက် အသုံးချခံ လူသားအတွက် တာဝန်က တည်ရှိနေပြီ ဖြစ်သည်။
ပြိုင်စံရှားဂိုဏ်းတွင် အလကားနေအလကား နေထိုင်၍ မရနိုင်ချေ။ အချက်အလက်အားဖြင့် ကျွင်းချောင်ရှောင်းသည် ဝိညာဉ်ကိုအသုံးပြု၍ ကျွဲရိုင်းစက်ရုပ်များကို ထိန်းချုပ်ချင်နေမိ၏။ ထို့ပြင် သူ၏ ချစ်လှစွာသော တပည့်များအနေဖြင့် အနာဂတ်တွင် စတေး၍ တိုက်ခိုက်ရမည့် အဖြစ်မျိုးကို သူမမြင်ချင်ပေ။
"ဂိုဏ်းချုပ် ပြန်ကြမလား" ရောင်မုန့်ယဉ် က မေးလိုက်၏။
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါရမ်းကာ ပြောလိုက်သည် "နတ်ဆိုးဘိုးဘေးက ဒီနေရာမှာ သန်းနဲ့ချီတဲ့ စစ်တပ်ကိုတောင် ဖန်တီးထားမှတော့ ဒီနေရာမှာ အရင်းအမြစ်တွေကိုလည်း ကြိုပြီးတော့ စီစဉ်ထားရမှာပေါ့"
စစ်တပ်နယ်မြေများကို တိုက်ခိုက်ခြင်း မပြုလုပ်ခင်တွင် အရင်းအမြစ်များကို ကြိုတင်၍ သိမ်းဆည်းထားရမည် ဖြစ်၏။ ထိုအရာများသည် သဘာဝပင် ဖြစ်၏။ ကျယ်ပြောလွန်းလှသည့် နတ်ဆိုးတည်နေရာထဲတွင် တန်ဖိုးရှိသည့် အခြားအရာ ဘာတစ်ခုမှ မရှိဟူသည်ကို သူမယုံကြည်နိုင်ပေ။ အနည်းဆုံး စိတ်ဝိညာဉ်ကျောက်တုံးများ၊ သလင်းအမြူတေများ၊ ကျောက်ရိုင်းတုံးများ စသဖြင့် တည်ရှိနိုင်သေး၏။
"ကောင်မလေး …. သရဲစစ်သူကြီး ရှစ်ယောက်ကို မေးလိုက်"
"ကောင်းပါပြီ"
ရောင်မုန့်ယဉ်သည် ကွေ့တုကို ခေါ်ကာဖြင့် မေးလိုက်၏။ "ဒီနေရာမှာ အခြားထောက်ပံ့နိုင်တဲ့ အရင်းအမြစ်တွေ ရှိသေးလား"
"ရှိပါတယ် အရှင်"
ဂျိန်း
အဓိကမြို့၏ အောက်ဖက်တွင် ရှိနေသော ဥမင်လိုဏ်ခေါင်းထဲတွင် တင်းတင်းပိတ်ထားသော ကျောက်တံခါးကြီးသည် ပွင့်သွားခဲ့၏။ ပြောရမည်ဆိုလျှင် ဤတည်နေရာသည် နတ်ဆိုးမျိုးနွယ်၏ ရတနာတိုက်ပင် ဖြစ်၏။ လုံခြုံစေရန် အလို့ငှာ အစီအရင်များဖြင့် တစ်ထပ်ပြီးတစ်ထပ် ကာကွယ်ထားခဲ့သည်။ ထို့ကြောင့် လမ်းညွှန်တစ်ယောက် မပြသဘဲနှင့် ထိုနေရာကို ရှာဖွေတွေ့နိုင်ရန်မှာ အလွန်ခက်ခဲလှချေ၏။
"စိတ်ကို အေးအေးထား။ ငါစိတ်ကို အေးအေးထားရမယ်" ကျွင်းချောင်ရှောင်းသည် စဉ်းစားရင်းဖြင့် ရှေ့ဆီသို့ လျှောက်ထွက်သွား၏။
နတ်ဆိုးနယ်မြေ၏ ရတနာတိုက်တွင် များပြားလှသော ရတနာများ တည်ရှိနေမှာ သေချာသည်။ သူ့အနေဖြင့် ထိုအရာများကို မမြင်ရသေးခင် မိမိကိုယ်ကိုယ် ထိန်းချုပ်ထားမှ ဖြစ်ပေလိမ့်မည်။
စနစ်သည် သက်ပြင်းချကာဖြင့် ပြောလိုက်၏။ "တကယ်လို့ နတ်ဆိုးဘိုးဘေးကသာ ပြန်လည်ရှင်သန်လာပြီး သူ့မှာရှိနေတဲ့ အရာတွေအကုန်လုံးကို လက်ခံသူက ယူဆောင်သွားတယ် ဆိုတာသာသိရင် တစ်ခါတည်း ရင်ကွဲနာကျပြီး သေသွားမယ်နဲ့တူတယ်"
ကျောက်တံခါးကြီး၏ အတွင်းဖက်တွင်တော့ ကြီးမားလှသည့် နန်းတော်ကြီးတစ်ခု တည်ရှိနေ၏။ ကြမ်းခင်းများသည် အလွန်ကြီးမားလှသည့် ကျောက်များနှင့် ခင်းကျင်းထား၏။ ထိုအချင်းအရာသည် ကျွင်းချောင်ရှောင်းအား အမှန်ပင် စိတ်လှုပ်ရှားစေသည်။
သို့ပေမဲ့ အထဲသို့ ဝင်ရောက်ပြီးသည့်နောက် သူ၏ အမူအရာသည် ရှုံ့တွသွားခဲ့တော့၏။
အဘယ့်ကြောင့်ဆိုသော် တောင်လိုပုံနေသည့် စိတ်ဝိညာဉ်ကျောက်တုံးများကို မတွေ့ရှိရဘဲ မြေပေါ်တွင် ပြေန့်ကျဲနေပြီး ထိုအရာသည်လည်း ငါးဆယ်ကီလိုခန့်ပင် မပြည့်ချေ။
"ဒါက …."
ကျွင်းချောင်ရှောင်းသည် အမှန်ပင် စိတ်ဓာတ်ကျသွားမိ၏။ "ဒါက တကယ်ကော ရတနာသိုက်ဟုတ်ရဲ့လား"
ကွေ့တုက ပြောလိုက်သည်။ "လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းတုန်းက နတ်ဆိုးဘိုးဘေးြက်းက အရင်းအမြစ်တွေအကုန်လုံးကို အသုံးပြုပြီးတော့ စစ်တပ်ကြီးကို ဖန်တီးခဲ့ရတာလေ"
"........." ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွားမိ၏။ ကြည့်ရသည်မှာ သူ့အတွက် ပျော်ရွှင်စရာဟူ၍ပင် မရှိတော့ချေ။
ဟမ် ….။
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် နန်းတော်၏ ဘေးတစ်ဖက်တွင် ရှိနေသော စာအုပ်စင်ပေါ်သို့ အကြည့်ရောက်သွား၏။ ထိုပေါ်တွင်တော့ များပြားလှသည့် စာအုပ်များသည် တည်ရှိနေ၏။ ထို့ကြောင့် သူသည် ပျော်ရွှင်စွာ ပြောလိုက်မိ၏။
"ဒါတွေက နတ်ဆိုးမျိုးနွယ်ရဲ့ သိုင်းကျင့်ကြံခြင်း နည်းစနစ်တွေများလား"
"ဟုတ်တယ်" ကွေ့တုက ပြောလိုက်သည်။
လွန်ခဲ့သည့် နှစ်ပေါင်း တစ်သိန်းကျော်တုန်းက သူနှင့် အခြားသော စစ်သူကြီး ခုနှစ်ယောက်တို့သည် နတ်ဆိုးဘိုးဘေး၏ စကားကို နားထောင်ခဲ့ရ၏။ ယခု အသက်ပြန်ဝင်ပြီးသည့် အချိန်မှာတော့ ရောင်မုန့်ယဉ် ၏ စကားကို နားထောင်နေရ၏။ အခြားသော အကြောင်းပြချက်လည်း မရှိချေ။ သန္ဓေနတ်ဆိုး သူတော်စင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်သူသည် သူတို့၏ ခေါင်းဆောင်ပင် ဖြစ်နေသည် မဟုတ်ပါလား။
"ဒါမဆိုးဘူး"
ကျွင်းချောင်ရှောင်းသည် ရှေ့ဆီသို့သွားကာ စာအုပ်တစ်အုပ်ကို လှန်ကြည့်လိုက်၏။ အထဲတွင် နတ်ဆိုးဘာသာ စကားဖြင့် ရေးသားထားသောကြောင့် သူနားမလည်နိုင်ခဲ့ချေ။ ထို့ကြောင့် သို့လှောင်လက်စွပ်ထဲသို့ သိမ်းဆည်းကာပြောလိုက်၏။ "စနစ် …… အချိန်ရမယ်ဆိုရင် ငါ့ကို ဒီလျို့ဝှက်ကျမ်းစာတွေအကုန်လုံးကို ဘာသာပြန်ပေး"
"ချီးတဲ့မှ"
စနစ်သည် ထ၍အော်လိုက်၏။ "ငါက အသုံးချခံ မဟုတ်ဘူးကွ"
စာအုပ်စင်ပေါ်တွင် ရှိနေသော လျို့ဝက်ကျမ်းစာများ အကုန်လုံးကို သိမ်းဆည်းသွားခဲ့၏။ ရတနာသိုက်ထဲတွင် သိမ်းဆည်းထားသည့် အရာများ ဖြစ်သောကြောင့် ဤကျမ်းစာများ၏ အဆင့်သည် သာမန်ထက်ပိုမှာ သေချာ၏။ သူသည် ထိုအရာများကို ယူသွားပြီး ရောင်မုန့်ယဉ် လေ့ကျင့်နိုင်ရန် ဖန်တီးပေးနိုင်စွမ်းရှိ၏။ ထို့အတူ ဤအရာများသည် ကျင့်ကြံခြင်းခန်းမဆောင်၌ လဲလှယ်ရန် လိုအပ်သည့် အရာမျိုးလည်း မဟုတ်ချေ။
ကျွင်းချောင်ရှောင်းအနေဖြင့် အရာအားလုံးကို နှောင့်နှေးခြင်းမရှိဘဲ သိမ်းဆည်းခဲ့၏။ သို့ပေမဲ့ ဤကဲ့သို့သော နည်စနစ်များအတွင်းတွင် အခြားသော သိုင်းနည်းစနစ်များနှင့် မတူညီသည့် စာအုပ်တစ်အုပ်ကို တွေ့ရှိလိုက်ရသည်။ ထိုစာအုပ်၏ မျက်နှာဖုံးတွင် ဆေးပင်ပုံစံများကို ရေးဆွဲထားသည်။
"ဒါ ဆေးလုံးနဲ့ သက်ဆိုင်တဲ့ ကျမ်းစာများလား" ကျွင်းချောင်ရှောင်းက မေးလိုက်၏။
စနစ်က ပြောလိုက်သည်။ "ဟုတ်တယ်"
ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် ပထမဆုံး စာမျက်နှာကို ကြည့်ရှုလိုက်၏။ "ငါ့အတွက် ဒါကို ဘာသာပြန်ပေး"
"……."
အသုံးချခံစနစ်သည် ချက်ချင်းပဲ အသက်ဝင်လာခဲ့တော့၏။ ခနလောက် ကြာပြီးသည့်နောက် စိတ်ဓာတ်ကျစွာဖြင့် ေြ"ဒါက ဟိုးအရင်ကတည်းက လက်ဆင့်ကမ်းလာတဲ့ ဆေးလုံးနည်းစနစ်တစ်ခုပဲ။ နတ်ဆိုးမျိုးနွယ်ရဲ့ ဘိုးဘေးကြီးတွေဆီက အစဉ်အဆက်ဆင်းသက်လာခဲ့ကြတာ။ ဒီထဲမှာ ဆေးလုံတစ်လုံးတည်းရဲ့ ဖော်မြူလာကိုပဲ ရေးသားထားတယ်"
"ဆေးလုံးတစ်လုံးတည်း ဟုတ်လား" ကျွင်းချောင်ရှောင်းသည် အမှန်ပင် စိတ်ဓာတ်ကျသွားမိ၏။
စနစ်က ပြောလိုက်သည်။ "လက်ခံသူ အသက်ကို ပြင်းပြင်းရှုပြီးတော့ စိတ်ကို သက်တောင့်သက်သာဖြစ်အောင်ထားလိုက်"
"ဘာလို့လဲ"
"မေးခွန်းတွေ အများကြီးမမေးနဲ့ မြန်မြန်လုပ်"
ဟူးး
ကျွင်းချောင်ရှောင်းသည် အသက်ကို ပြင်းပြင်းရှုလိုက်၏။
စနစ်က ပြောလိုက်သည်။ "ဒီဆေးလုံးရဲ့ ဖော်မြူလာက အမြူတေအသွင်ပြောင်းခြင်းအဆင့်ကို ချက်ချင်းရောက်သွားစေနိုင်တဲ့ ဆေးလုံးပဲ။ ဒါကိုသောက်တဲ့သူက တည်နေရာချိုးဖျက်ခြင်းအဆင့်ကနေ အမြူတေပြောင်းလဲခြင်း ပထမအဆင့်ကို တစ်ခါတည်း ရောက်သွားလိမ့်မယ် "
ထိုအချင်းအရာကို ကြားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် မထူးခြားသလို ပြောလိုက်၏။ "ဒါပဲလား"
"ဒါပဲ"
ဘုတ်
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ချာချာလည်သွားပြီးသည့်နောက် သူသည် မြေပေါ်သို့လဲကျကာဖြင့် သတိလစ်သွားခဲ့သည်။
ဟင်း ….။
စနစ်က ပြောလိုက်၏။ "ငါသူ့ကို အသက်ရှုတဲ့အချိန်ကို နည်းနည်းကြာကြာလေး ပေးထားခဲ့သင့်တယ်"
သို့ပေမဲ့ အသုံးမဝင်လှချေ။ တစ်နေကုန်အောင် အသက်ရှုခဲ့သည် ဆိုလျှင်တောင်မှ ကျွင်းချောင်ရှောင်းသည် သတိလစ်မြဲ လစ်နေမှာသေချာ၏။ ထို့ပြင် တည်နေရာချိုးဖျက်ခြင်းအဆင့်မှ အမြူတေပြောင်းလဲခြင်း ပထမအဆင့်ဆီသို့ ရောက်ရှိနိုင်သည့် ဆေးလုံးဆိုသည်မှာ အံ့အားသင့်ဖွယ် ကောင်းလွန်းလှသည် မဟုတ်ပါလား။
"အရှင်"
ကွေ့တုသည် အားပျော့စွာဖြင့် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း သတိမေ့သွားပြီ"
ရောင်မုန့်ယဉ် သည် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ "သူ့ကို ထမ်းခဲ့တော့"
…………..
အမြူပြောင်းလဲခြင်း ပထမအဆင့်ကို ပိုင်ဆိုင်သော စစ်သည်များကို ရှာဖွေတွေ့ရှိပြီးနောက် ကျွင်းချောင်ရှောင်းသည် နတ်ဆိုးမျိုးနွယ်များ၏ ပါရမီမှာ သာမန်ထက်ပိုသည်ဟု တွေးတောထားခဲ့၏။ သို့ပေမဲ့ ဤပြဿနာသည် ဖြေရှင်းပြီး ဖြစ်သွား၏။ အဘယ့်ကြောင့်ဆိုသော် မျိုးရိုးဗီဇအရ ဤသူများအားလုံးသည် ထူးချွန်နေကြခြင်း မဟုတ်ကြချေ။ တစ်စုံတစ်ယောက်၏ အဆင့်ကို မြင့်တင်ပေးနိုင်သည့် ဆေးလုံးကို ပိုင်ဆိုင်သောကြောင့်ပင်။
"ချီးတဲ့မှ"
သတိလစ်ရာမှ နိုးလာသောကျွင်းချောင်ရှောင်းသည် နန်းတော်ထဲရှိ ပုလ္လင်ပေါ်တွင် ညာခြေထောက်ကိုတင်ကာ ထိုင်လျက်ရှိ၏။ သူသည် ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ "ဒါကိုသာ သန့်စင်နိုင်မယ်ဆိုရင် ဂိုဏ်းမှာရှိတဲ့ တပည့်တွေအကုန်လုံးက အမြူတေပြောင်းလဲခြင်း ပထမအဆင့်ကို လွယ်လွယ်ကူကူနဲ့ ရောက်ရှိသွားမှာပဲ"
"လက်ခံသူ … မင်းဒါကို သန့်စင်လို့ မရနိုင်ဘူး"
စနစ်သည် အချိန်ကိုက် သူ့အား ရင်နာအောင် ပြောဆိုလိုက်သည်။ "ဒီထဲမှာပါဝင်တဲ့ အမြူတေပြောင်းလဲခြင်း ပထမ အဆင့်ဆေးလုံးအတွက် ပါဝင်ပစ္စည်းတွေအကုန်လုံးက အဆိပ်တွေပဲ။ ဒါကိုသောက်ပြီးတာနဲ့ တစ်ခါတည်း သေသွားလိမ့်မယ်။ ဒါက နတ်ဆိုးမျိုးနွယ်အတွက်ပဲ အဆင်ပြေတယ်လေ"
ကျွင်းချောင်ရှောင်းသည် သူ၏လက်များကို ယှက်ကာဖြင့် ပြောလိုက်၏။ "ဒါကလည်း ငါ့ ပြဿနာမဟုတ်ဘူး။ ဆေးဟောခန်းမဆောင်နဲ့ ဆေးလုံးခန်းမဆောင်ရဲ့ ပြဿနာပဲ"