← Chapters

အခန်း ၁၅၂၃

Vol. 103 Ch. 1523

အခန်း ၁၅၂၃

Vol. 103 Ch. 1523

အပိုင်း (၁၅၂၃)

“ကောင်မလေး… ငါတို့ဒီကနေ ဘယ်လို ထွက်ကြမလဲ”

ဘာမှန်းမသိဘဲနှင့် သူတို့သည်နတ်ဆိုးနယ်မြေ တည်နေရာ ထဲသို့ရောက်ရှိလာခဲ့သည်မှာ ဆယ်ရက်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ထို့ကြောင့် ကျွင်းချောင်ရှောင်းသည်သူ၏ တပည့်များကို လွှမ်းဆွတ်နေပြီဖြစ်သည်။ ပြန်ရန်ဆုံးဖြတ်လိုက်တော့၏။

ထွီ

စနစ်က တံတွေးပင်ထွေးလိုက်မိ၏။ ကျိန်းသေပေါက်တပည့်များကို လွမ်းဆွတ်ခြင်း မဟုတ်နိုင်ပေ။ အထဲတွင်ရှိသော ပစ္စည်းကောင်းများအားလုံးကို သိမ်းဆည်းခဲ့ပြီးပြီ ဖြစ်သောကြောင့် ပြန်ချင်ခြင်းသာလျှင် ဖြစ်မည်။ သနားစရာ ကောင်းသော နတ်ဆိုးဘိုးဘေးကြီးသည်ဘာမှန်းမသိသေး၍သာ တော်လှ၏။ ပြန်လည်ရှင်သန်ပြီးသည့်နောက်သူ့တွင်ရှိသော အရာအားလုံး ဆုံးရှုံးသွားသည်ကိုသာ သိရှိမည်ဆိုလျှင် ကြံ့ကြံ့ခံရင်ဆိုင်နိုင်မည်လားပင် မသိနိုင်တော့ချေ။

“ဂိုဏ်းချုပ်”

ရောင်မုန့်ယဉ်က ပြောလိုက်သည်။ “ဒီစစ်သားတစ်သန်းကို ခေါ်သွားကြမှာလား”

ကျွင်းချောင်ရှောင်း အနေဖြင့်လက်တစ်ချက်ကို ဝှေ့ယမ်းလိုက်မည်ဆိုလျှင်အဓိကဂိုဏ်းအသီးသီး တောင်ခြေတွင်သန်းနှင့်ချီသော စစ်သည်များ ရောက်ရှိလာလိမ့်မည်ကို စိတ်ကူးယဉ်လျက်ရှိနေမည်ဖြစ်သည်။အဘယ်ကြောင့်နတ်ဆိုးနယ်မြေ တည်နေရာထဲတွင် ၎င်းတို့အား ထားခဲ့ရမည်နည်း။

ရောင်မုန့်ယဉ်သည်စိုးရိမ်ပူပန်စွာဖြင့်ပြောလိုက်၏။ “ဒီလောက်လူအများကြီးကို ခေါ်သွားမယ်ဆိုရင်အကုန်လုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်မယ်နဲ့တူတယ်”

“မှန်တာပေါ့” ကျွင်းချောင်ရှောင်းက သူ၏ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။နတ်ဆိုးမျိုးနွယ်များသည်အထက်နယ်မြေရှိ လူတိုင်း၏ မုန်းတီးခြင်းကို ခံရ၏။ အကယ်၍အားလုံးကိုသာ ခေါ်ဆောင်သွားမည်ဆိုလျှင် ကြီးမားလှသည့်အကျိုးကျေးဇူးကို ရင်ဆိုင်ရမည်ဖြစ်ပြီး အဓိကအားဖြင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့သည်လည်း သတိအပြည့်နှင့် ဖြစ်သွားနိုင်၏။ကုန်းရှန့်သည်လက်ရှိအခြေအနေတွင်မားမားမတ်မတ်ရပ်တည်နိုင်နေပြီ ဖြစ်၏။ သို့ပေမဲ့သူ၏ အားအင်အဆင့်သည်ထိုသူများနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်ရန်အတွက်မလုံလောက်သေးချေ။

“ကောင်မလေး”

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ငါတို့ဒီကနေ ထွက်ခွာသွားပြီးတဲ့နောက်မှာ ပြန်လာလို့ရနိုင်သေးလား”

“ရတာပေါ့။အချိန်မရွေးလာလို့ရတယ်”ရောင်မုန့်ယဉ်က ပြောလိုက်၏။

ကျွင်းချောင်ရှောင်းသည်ခဏလောက်စဉ်းစားကာ ပြောလိုက်သည်။ “ငါတို့ထျန်းယွမ်အကျဉ်းထောင်စေတီကို အသုံးပြုပြီးတော့သူတို့ကို တစ်သုတ်ချင်းစီ ခေါ်သွားကြရအောင်။လာခဲ့ကြ။သူတို့ရဲ့စိတ်ကို သက်တောင့်သက်သာဖြစ်အောင်ထားလိုက်ကြ။တင်းမခံနဲ့”

ဝှစ်ဝှစ်

ရောင်မုန့်ယဉ်၏အမိန့်ပေးမှုအောက်မှာပဲ သရဲစစ်သူကြီးကွေ့နှင့်တခြားသော စစ်သည် နှစ်သောင်းတို့သည်ထျန်းယွမ်အကျဉ်းထောင်စေတီထဲသို့ရောက်ရှိလာခဲ့ကြသည်။တစ်ခါကိုလျှင်စစ်သည်နှစ်သောင်းကိုသာ ခေါ်နိုင်သည်ဖြစ်သောကြောင့်အကြိမ်ကြိမ်ခေါ်ဆောင်ရမည်ဖြစ်ပြီး အနည်းငယ်တော့ အန္တရာယ်များနိုင်၏။သိုပေမဲ့ ဇွဲရှိရှိဖြင့်လုပ်ယူ၍ ရနိုင်သေး၏။

“ကောင်မလေး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ထွက်ကြရအောင်”

“ကောင်းပါပြီ” ရောင်မုန့်ယဉ်သည်တည်နေရာမှာတင်မတ်မတ်ရပ်လျက်ရှိ၏။ သူမ၏ မျက်လုံးထဲတွင်အနီရောင်အလင်းတန်းနှစ်ခုက တောက်ပလျက်ရှိပြီး ကောင်းကင်ယံတွင်သွားရောက်ကာ စုစည်းလေ၏။ သေးငယ်လှသော လေဝဲဝိုင်းလေးတစ်ခုသည်ကောင်းကင်ယံတွင် ဖြစ်တည်လာ၏။

“သွားကြရအောင်”

“ဂိုဏ်းချုပ်…ဒီ သတိလစ်နေတဲ့သန္ဓေနတ်ဆိုးပိုင်ရှင်ကိုးယောက်ကိုကော ခေါ်လာရအုံးမလား”

“အင်း… မင်းသာမပြောရင်ငါမေ့တော့မလို့ပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူတို့အားလုံးကို ခေါ်ခဲ့လိုက်”

ဤယောက်ျားငါးယောက်နှင့်မိန်းမလေးယောက်တို့သည် ၎င်းတို့၏သန္ဓေနတ်ဆိုးခန္ဓာကိုယ်များကို ဆုံးရှုံးခဲ့သည်ဆိုသော်လည်း ၎င်းတို့၏အဆင့်မှာတော့ကျန်ရှိနေသေး၏။ နောက်ဆုံးရောက်ရှိလာသည့်လူတစ်ယောက်သည်အနည်းငယ်အားနည်းလှသည်ဆိုသော်လည်း ကျန်သည့်သူတို့သည်အဆင့်ငါးမှအဆင့်ခြောက်အမြူတေ ပြောင်းလဲခြင်းအဆင့်ကျင့်ကြံသူများ ဖြစ်ကြ၏။ ၎င်းတို့အား ဂိုဏ်းထဲသို့ခေါ်ဆောင်၍ ပြုစုပျိုးထောင်ပေးရန်ထိုက်တန်လှ၏။

တကယ်တမ်းပြောရမည်ဆိုလျှင်ထိုသူတို့သည်ကံကောင်းလှသည်ဟု ဆိုရမည်။ဟုတ်ပေ၏။ သန္ဓေနတ်ဆိုး ခန္ဓာကိုယ်ကို ဆုံးရှုံးပြီးနောက် ၎င်းတို့၏စွမ်းရည်များသည်ပျောက်ဆုံးသွားခဲ့၏။ယခု ကျင့်ကြံခြင်းအဆင့်သီးသန့်နှင့်ပင် ပြိုင်စံရှားဂိုဏ်းထဲသို့ဝင်ရောက်ခွင့်ရရှိသည်ဆိုခြင်းမှာ အနာဂတ်တွင် ကြီးမားသည့်အကျိုး ကျေးဇူးကို ရရှိရန်လမ်းစပင်ဖြစ်တော့သည်။

…….

ဆွစ်

တောင်ကြား၏ အပြင်ဘက်မှာတော့အလင်းတန်းနှစ်ခုသည်လေပွေထဲမှထွက်ပေါ်လာခဲ့၏။

“ဂိုဏ်းချုပ်”

လီချင်းယန်နှင့်တခြားသောသူများက အော်ဟစ်လိုက်သည်။ရောင်မုန့်ယဉ်ကို ကယ်တင်ရန်လာခဲ့ ကြသော စီနီယာတပည့်များအပြင် ကျွဲရိုင်းစက်ရုပ်တစ်ထောင်ကျော်တို့ကလည်း စိုးရိမ်ပူပန်စွာဖြင့်စောင့်မျှော်လျက်ရှိနေသည်။

“သွားကြရအောင်”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဂိုဏ်းကို ပြန်ကြမယ်”

ရွှီး ရွှီး ရွှီး

အားလုံးတို့သည်သက်တန့်အလင်းတောင်ပံများကို ထုတ်ယူကာဖြင့်လေထုထဲသို့ပျံသန်းပျောက်ကွယ်သွားခဲ့ ကြသည်။မူလအားဖြင့်တောင်ကြားထဲရှိ လျှို့ဝှက်တည်နေရာထဲတွင်ရှိနေသော လေပွေလှိုင်းကြီးမှာတော့တဖြည်းဖြည်းနှင့် ပိတ်လုမတတ် ဖြစ်သွားခဲ့သည်။

ထိုတည်နေရာကြီးတွင်ရှိနေသော အသုဘခန်းဆောင်မှအဖွဲ့ဝင်များသည်စိတ်ရှည်လက်ရှည်ဖြင့်စောင့်မျှော်နေခဲ့ကြ၏။သို့ပေမဲ့ ကျွင်းချောင်ရှောင်းနှင့် ရောင်မုန့်ယဉ်တို့သည်တခြားတစ်ဖက်မှထွက်ခွာပျောက်ကွယ်သွားသည်ကို သူတို့မသိရှိခဲ့ကြချေ။

ဤတည်နေရာကြီးတွင်ရှိနေကြသော အစောင့်အရှောက်ကြီးနှင့် အမဲရောင်ဝတ်စုံဝတ်လူတို့မှာတော့ယစ်ပုလ္လင်ကြီးအနားတွင်စောင့်မျှော်လျက်ရှိနေသေးသည်။ “ထူးဆန်းလိုက်တာ၊ ဘာလို့အချိန်အတော်ကြာတဲ့အထိ လှုပ်ရှားမှုမရှိရတာလဲ။ ဘာကြောင့်နတ်ဆိုးတည်နေရာကြီးရဲ့စည်းက မပွင့်သေးတာလဲ”

“စိတ်မပူနဲ့”

အစောင့်အရှောက်ကြီးသည်အေးစက်တည်ငြိမ်စွာဖြင့်ပြောလိုက်သည်။ “ဒါကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းကျော်ကတည်းက စည်းခတ်ခံထားရတာ။ ဒါကြီးကို ဖယ်ရှားဖို့ဆိုရင်အချိန်တော့ယူရမှာပေါ့။စိတ်ရှည်ရှည်နဲ့စောင့်ကြရအောင်”

“ကောင်းပါပြီ” အသုဘခန်းဆောင်မှလူများသည်ယစ်ပုလ္လင်၏အနားတွင်စိတ်ရှည်ရှည်ဖြင့်စောင့်စားနေကြ တော့သည်။

ဆွစ်

အနောက်ပင်လယ်တွင်ထိုးတက်လာသည့်အလင်းတန်းကြီးသည်လည်း ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။

“သွားပြီပဲ။ နတ်ဆိုးဘိုးဘေးကြီးက ပြန်လည်ရှင်သန်သွားခဲ့ပြီလား” ကြီးမြတ်သူ တုံးကုနှင့် မာဆာတိုကီတာနို တို့သည်မျက်မှောင်ကုတ်လျက်ရှိနေကြတော့၏။

ရက်အနည်းငယ်ကြာ ပေါ်ပေါက်လာခဲ့သည့်ဤပတ်ဝန်းကျင်ပြောင်းလဲမှုအလင်းတန်းကြီးသည်ယခု ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်တော့၏။ ဤအရာမှာ လွန်ခဲ့သည် နှစ်ပေါင်းတစ်သိန်းတုန်းက သေဆုံးသွားခဲ့သည်နတ်ဆိုးဘိုးဘေးအနေနှင့် အောင်မြင်စွာ ပြန်လည်ရှင်သန်နိုင် ခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။

"ချီးတဲ့မှ...ငါတို့တော့အလိမ်ခံလိုက်ရပြီပဲ"

အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းမှကျင့်ကြံသူများသည်အလင်းတန်းများ ပျောက်ကွယ်သွားသည်ကို သိရှိပြီးသည့်အချိန်မှာတော့သူတို့အား နတ်ဆိုးဘိုးဘေးကြီးက လိမ်ညာလှည့်စားခဲ့သည်ဖြစ်ကြောင်းကို နားလည်လိုက်မိကြသည်။ ၎င်း၏ ပြန်လည်ရှင်သန်နိုင်သည့်တည်နေရာသည်ဤနေရာတွင်မဟုတ်ကြောင်း အားလုံးက နားလည်လိုက်မိသည်။

မှန်ပေသည်။ဤတည်နေရာတွင်မဟုတ်ချေ။ ပြန်လည်ရှင်သန်လာသည့်တည်နေရာသည်အနက်ရောင်သွေးကန်ကြီးတွင် ဖြစ်တော့သည်။လက်ရှိ အခြေအနေမှာတော့ မြင်ကွင်းကို ကြည့်ရှုရမည်ဆိုလျှင်နံရံပေါ်တွင် ကြီးမားလှသည့်အမဲရောင်အရိပ်ကြီး ထင်လျက်ရှိ၏။ ထိုအရိပ်ကြီးသည်တဖြည်းဖြည်းနှင့် အကောင်အထည်ပေါ်လျက်ရှိ၏။ ခန္ဓာကိုယ်သည်တစ်ဒဿမရှစ်ကိုးမီတာခန့်ရှိပြီး မည်သည့်အဝတ်အစားမှမဝတ်ထား သောကြောင့် ကြွက်သားများ အမြောင်းမြောင်းဖြင့်အလွန်တရာ ကြည့်ကောင်းလွန်းလှ၏။ ခန္ဓာကိုယ်တစ်ခုလုံးသည်အလွန်အားကောင်းသော အော်ရာများ ထွက်ပေါ်လျက်ရှိ၏။

"ဟူး"

၎င်းသည်ခေါင်းကိုငုံ့ကာဖြင့်အသက်ကို ရှူရှိုက်လိုက်သည်။

"အရှင်"

အမဲရောင်ဝတ်စုံနှင့် အကြီးအကဲ လေးယောက်တို့သည်ဒူးထောက်ထိုင်ချပြီးသည့်နောက် ၎င်းတို့၏မျက်လုံးများသည် ပြုံးရွှင်လျက်ရှိနေ၏။

ခွပ်

ကိုယ်တုံးလုံးနှင့်လူသည်လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာဖြင့်လှည့်လိုက်၏။ ၎င်း၏မျက်နှာသည်အလွန်ပင်အေးစက်နေ၏။ သူသည်အလွန်ပင်ငယ်ရွယ်သေးသည်။ထို့အတူ အလွန်လည်း အေးစက်လွန်းလှ၏။ယခင်တုန်းက ညအင်ပါယာကဲ့သို့ပင်ဆင်တူလွန်းလှသည်။

ကျောက်စင်မြင့်ပေါ်တွင်ရှိနေသော စက်ဝိုင်းကဲ့သို့တည်နေရာသည်အလင်းတန်းများ ပျောက်ဆုံးသွားခဲ့၏။ဆိုလိုသည်မှာ အထဲတွင်ရှိနေသော ဝိညာဉ်အကြွင်းအကျန်သည်ဤကြွက်သားအမြောင်းမြောင်း ခန္ဓာကိုယ် နှင့် ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည်။နတ်ဆိုးဘိုးဘေး - ဆိုးရွားလှသော နတ်ဆိုးဘိုးဘေးကြီးသည်နောက်ဆုံးတွင် ပြန်လည်ရှင်သန်လာခဲ့ပြီ ဖြစ်၏။

ဆွစ်

ထိုအချိန်မှာတော့ကန်ထဲတွင်ရှိသော သွေးများသည် ရုတ်တရက်လေထဲသို့ခုန်တက်လာပြီး ၎င်း၏ခန္ဓာကိုယ်နှင့် လာရောက်ကာ ပေါင်းစပ်တော့သည်။ ပြီးသည့်နောက်သာမန်ထက်ပိုကာ ကြည့်ကောင်းလှသည့်ချပ်ဝတ်တစ်ခု သည် ခန္ဓာကိုယ်ပေါ်တွင် ဖြစ်တည်လာ၏။ ၎င်း၏ ဖြူလျော်လျက်ရှိနေသည့်အသားအရည်မှာလည်း အနီရောင်အဖြစ်သို့ပြောင်းလဲသွားသည်။

“ဟိုခွေးမလေး”

ပြည့်စုံစွာဖြင့် ပြန်လည်ရှင်သန်လာခဲ့ပြီဖြစ်သော နတ်ဆိုးဘိုးဘေးသည်ဒေါသတကြီးဖြင့်ပြောလိုက်၏။ “ငါ့ရဲ့သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်ကို ဘယ်လိုလုပ်မင်းကို ပေးရမှာလဲ”

ဝေါ့

ပြောပြီးပြီးချင်းမှာပဲ သူသည်သွေးတစ်လုတ်ကို အန်ထုတ်လိုက်မိ၏။ သူ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်သည်အလုံးစုံ ပေါင်းစပ်ခြင်းကို မပြုလုပ်နိုင်သေးချေ။သို့ပေမဲ့သူ၏ တန်ဖိုးထားရသော သန္ဓေနတ်ဆိုး သူတော်စင်ခန္ဓာကိုယ် အား တစ်ခြားသူတစ်ယောက်က လုယူသွားခဲ့သည်ကို ပြန်လည်စဉ်းစားမိချိန်မှာတော့ မည်သို့မှမနေနိုင်ဘဲ သွေးများပင်အန်ထုတ်လိုက်မိသည်။

ပြီးသွားပြီ။ ဤခန္ဓာကိုယ်တစ်ခုဆုံးရှုံးရခြင်းသည်သူကို သွေးများပင်အန်ထွက်စေမိ၏။ အကယ်၍သူဖန်တီးထား ခဲ့သော နတ်ဆိုးစစ်သည်တစ်သန်းနှင့် တခြားသောပစ္စည်းအားလုံးကိုသာ တခြားသူ ယူဆောင်သွားကြောင်း သိရှိမည်ဆိုပါက ဒေါသထွက်လွန်းသောကြောင့်တည်နေရာမှာတင်သေဆုံးသွားနိုင်မလားပင်မသိနိုင်ချေ။ကံကောင်းသည်မှာ ထိုအရာများအားလုံး ဆုံးရှုံးသွားခဲ့သည်ဖြစ်ကြောင်း မသိရှိသေးခြင်းပင်။

“အရှင်”

အမဲရောင်ဝတ်စုံနှင့် အကြီးအကဲက အလောတကြီးဖြင့်ပြောလိုက်သည်။ “အရှင်က အခုမှ ပြန်လည်ရှင်သန်လာတာလေ။ ဒီတော့ဝိညာဉ်နဲ့ ခန္ဓာကိုယ်က အလုံးစုံပေါင်းစပ်ဖို့မဖြစ်နိုင်သေးဘူး။ ဒေါသအရမ်း မကြီးပါနဲ့”

“ဟူး...”

နတ်ဆိုးဘိုးဘေးကြီးသည်အသာထိုင်ချပြီးသည့်နောက်တည်ငြိမ်စွာဖြင့်ပြောလိုက်၏။ “ငါ့အနေနဲ့သနေတ်ဆိုးသူတော်စင်ခန္ဓာကိုယ်ကို ဆုံးရှုံးခဲ့ရတယ်။ ဒါ့ကြောင့်ထိပ်ဆုံးအခြေအနေကို ပြန်ရောက်ဖို့အတွက် အချိန်အတော်ကြာ ပြန်ပြီးအားမွေးဖို့ လိုအပ်လိမ့်မယ်”

ထင်မှတ်ထားသည့်အတိုင်းပင်။ ကျွင်းချောင်ရှောင်း ခန့်မှန်းထားသည်မှာ အမှန်ပင်မှန်ကန်လွန်းလှ၏။ဤလူသည် ပြန်လည်ရှင်သန်လာနိုင်ခဲ့သည်ဆိုလျှင်တောင်မှအလုံးစုံသော အားအင်အဆင့်သည်အတော်ကြီးပင်ကျဆင်းခဲ့သည်။

ဝေါ့

ရုတ်တရက်နတ်ဆိုးဘိုးဘေးကြီးသည်သွေးတလုတ်ထပ်မံကာ အန်ထုတ်လိုက်၏။သူ၏အစီအစဉ်အရဆိုလျှင် ပြန်လည်ရှင်သန်လာပြီးသည့်နောက်ပျံ့ကျဲလျက်ရှိနေသော သန္ဓေနတ်ဆိုးခန္ဓာကိုယ်နှင့်သန္ဓေနတ်ဆိုး သူတော်စင် ခန္ဓာကိုယ်များကို ပေါင်းစပ်မည်ဖြစ်သည်။ထိုသို့ဆိုလျှင်သူ့အနေနှင့် ချက်ချင်းကြီး ထိပ်ဆုံးအခြေအနေဆီသို့မရောက်ရှိသော်လည်း ပြန်လည်တိုးတက်လာရန်အတွက် အရမ်းကြီးအချိန်ယူရမည်မဟုတ်ချေ။သို့ပေမဲ့လက်ရှိ အချိန်မှာတော့တစ်စုံတစ်ယောက်သည်သူ၏ ခန္ဓာကိုယ်အား လုယူသွားခဲ့ပြီးဖြစ်သည်။လွန်ခဲ့သည့် နှစ်ပေါင်း တစ်သိန်းတုန်းက ချမှတ်ခဲ့သည့်အစီအစဉ်တစ်ခုလုံးသည်ပျက်စီးပျောက်ပျက်သွားခဲ့ရသည်။ထိုအကြောင်းကို စဉ်းစားလေ သူသည်ပိုမိုကာ ဒေါသထွက်လေပင်ဖြစ်သည်။နတ်ဆိုးဘိုးဘေးသည်သူ၏မျက်နှာကို အုပ်ကိုင်ကာဖြင့်ဝမ်းနည်းပက်လက်ပြောလိုက်မိ၏။

“ဒါ ငါ့အတွက်ခက်လွန်းလိုက်တာ”

......

ပြိုင်စံရှားဂိုဏ်း

ကျွင်းချောင်ရှောင်း ပြန်ရောက်လာပြီးသည့်နောက်သူသည်ကျန်းတယ်ကျွင်းနှင့် တခြားသောသူများအား ဖိတ်ခေါ်ကာဖြင့်သီးခြားဖြစ်တည်ခြင်း အစီအရင်ကြီးအား အင်မော်တယ်တောင်၏အနီးတဝိုက်တွင်များနိုင်သမျှအများဆုံး ဖန်တီးထားရန်ချက်ချင်းစီစဉ်ခဲ့တော့သည်။

နတ်ဆိုးစစ်သည်များသည်အရေအတွက်များပြားလွန်း လှ၏။ ထို့ကြောင့်အားကောင်းလွန်းလှသော နတ်ဆိုးချီများ ပျံ့နှံ့ထွက်ပေါ်နေမည်ကို သူကြောက်ရွံ့မိ၏။

“ကောင်းပါပြီ”

ကျန်းတယ်ကျွင်းသည်သူ၏အစီအရင်ဟောခန်းမှတပည့်များကို ဦးဆောင်ကာဖြင့်စတင်ကာ အလုပ်များတော့သည်။မကြာခင်မှာပဲ ဂိုဏ်း၏အနောက်ဘက်တွင်ရှိသော ကြီးမားလှသည့် တောနက်ကြီးထဲတွင်အတားအဆီး အစီအရင်များနှင့် ဖန်တီးပြုလုပ်ပြီးဖြစ်သည်။အရာအားလုံးကို အခြေချပြီးသည့်နောက်သရဲစစ်သူကြီး ရှစ်ယောက်နှင့်နတ်ဆိုးစစ်သည်ပေါင်း နှစ်သောင်းကျော်တို့သည်ဤတည်နေရာတွင်နားခိုကြတော့သည်။

ကျွင်းချောင်ရှောင်းသည် ပန်းပဲခန်းမဆောင်ဆီသို့သွားပြီးသည့်နောက်စားပွဲပေါ်တွင်ထိုင်၍ဇိမ်ပြေနပြေ ရေနွေးသောက်လျက်ရှိသော ဖန်းရီကျိကို မြင်လိုက်ရ၏။ သူသည်အပြစ်ကင်းစင်စွာဖြင့် ပြုံးကာ ပြောလိုက်သည်။ “ဟောခန်းသခင်ဖန်း... တကယ့်ကို သက်တောင့်သက်သာနဲ့အနားယူနေတာကိုး”

ဟောခန်းသခင်ဖန်း “သောက်ကျိုးနည်း .. ဒီအပြုံးကာ ကြောက်စရာကြီးပါလား။”

All Chapters