← Chapters

အခန်း ၁၅၂၄

Vol. 103 Ch. 1524

အခန်း ၁၅၂၄

Vol. 103 Ch. 1524

အပိုင်း (၁၅၂၄)

ပန်းပဲခန်းမဆောင်၏ဟောခန်းထဲမှာတော့ဖန်းယီကျိသည်စားပွဲပေါ်တွင် ခန္ဓာကိုယ်တစ်ဝက်ကို ကုန်းကာဖြင့်ခြေထောက်တစ်ဖက်ကို ထိုင်ခုံပေါ်တွင်တင်ထား၏။ ၎င်းကို ကြည့်ရှုရသည်မှာ ရေကန်ထဲတွင်ကိုယ်တစ်ပိုင်း နှစ်ထားပြီး ကူးခတ်နေသည့်လူသားတစ်ယောက်နှင့်ပင်ဆင်တူနေ၏။

သူ၏ဘေးတွင်တော့ ကျွင်းချောင်ရှောင်းက ထိုင်လျက်ရှိသည်။ ၎င်းသည်ရေနွေးကို စိမ်ပြေနပြေဖြင့်သောက်လျက်ရှိသည်။

“မယုံကြည်နိုင်စရာပဲ။ ဒါ တကယ့်ကို မယုံနိုင်စရာပဲ”

ခဏလောက် ကြာပြီးသည့်နောက်ဖန်းရီကျိသည်သူ၏ မျက်နှာတစ်ခုလုံးအား စာရွက်ပုံများဆီမှမနည်းပင် ကြိုးစားကာ ဖယ်ရှားလိုက်ရသည်။ ပြီးနောက်ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်ရှုကာ ရေရွတ်နေမိ၏။

ပန်းပဲခန်းမဆောင်၏ ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည် နှင့်အညီ သူသည်နတ်ဆိုးများ၏ ဘာသာစကားကို နားလည်နိုင်စွမ်း မရှိဘူးဆိုသော်လည်း ဆွဲထားသည့်ပုံစံများကို ကြည့်ရှုပြီးသည့်နောက်အလွန်ကောင်းမွန်သည့်ချပ်ဝတ်များဖြစ်ကြောင်း သိရှိနိုင်သည်။

“ဒီထဲမှာရှိတဲ့စာသားတွေကို ကျုပ်က ဘာသာပြန်ပေးမယ်”

ကျွင်းချောင်ရှောင်းသည်လဖက်ရည်ခွက်အား အသာချပြီးသည့်နောက်ပြောလိုက်၏။ “ဆွဲထားတဲ့ပုံတွေအရ ဖန်တီးနိုင်ဖို့ယုံကြည်ချက်ရှိရဲ့လား”

..............

ဖန်းရီကျိသည်ခဏလောက်တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ ပြီးနောက်လေးလေးနက်နက်ပြောလိုက်သည်။ “ဂိုဏ်းချုပ်...အခုပုံထဲမှာ ဆွဲထားတဲ့ချပ်ဝတ်က တကယ့်ကို သာမန်ထက်ပိုတယ်လေ။ လုံလောက်တဲ့ပစ္စည်းတွေမရှိဘူးဆိုရင် ပြုလုပ်ဖို့ခက်ခဲလိမ့်မယ်”

ပုံဆွဲထားသည့်အတိုင်း လိုက်လံပြုလုပ်ရန် ပြဿနာတစ်ခု မဟုတ်လှချေ။သို့ပေမဲ့ပုံဆွဲထားသည့်အတိုင်း ဖြစ်လာဖို့ဆိုသည်မှာတော့ လုံလောက်သည့်ကုန်ကြမ်းပစ္စည်းများ လိုအပ်နေသေး၏။

“စိတ်မပူနဲ့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါက ကျုပ်ရဲ့ပြဿနာ၊ ခင်ဗျားရဲ့ ပြဿနာမဟုတ်ဘူး”

ဆိုလိုရင်းမှာ အလွန်ပင် ရိုးရှင်းလွန်းလှ၏။ချပ်ဝတ်များအတွက်လုံလောက်သည့်ကုန်ကြမ်းပစ္စည်းများ ရှာဖွေရခြင်း ကို သူတာဝန်ယူထားမည်ဖြစ်ပြီး ပန်းပဲပြုလုပ်ရမည့်အရာများကိုတော့ခင်ဗျားက တာဝန်ယူရမည်ဟု ပြောဆိုနေခြင်းပင်။

ဂိုဏ်းအတွက်လူများအား အသုံးချနေခြင်းအတွက်ကုန်းရှန့်အား လှောင်ပြောင်နေစရာ မလိုအပ်ချေ။အဘယ်ကြောင့်ဆိုသော်သူသည်သံမဏိအရိုးဂိုဏ်း၏ ခေါင်းဆောင်တစ်ယောက်ဖြစ်သည်မို့အသုံးပြုရမည့်ကုန်ကြမ်းပစ္စည်းများကို သူက ထောက်ပံ့ပေးရဦးမည်။

“ပြဿနာမရှိဘူး”

ဆရာဖန်းသည်ရေနွေးကို တငုံ ငုံကာဖြင့်ပြောလိုက်၏။ဂိုဏ်းချုပ်သည်လိုအပ်သည့်ကုန်ကြမ်း များကိုသာ ထောက်ပံ့ပေးနိုင်သည်ဆိုပါက သူသည်အလွန်ပင်ယုံကြည်ချက် မြင့်မားလွန်းလှသည်။

“ဒါဆိုရင်ချပ်ဝတ်တစ်သိန်းလောက်လုပ်ရအောင်”

ဖူး....

ဖန်းယီကျိ၏ ပါးစပ်ထဲတွင်ရှိနေသော ရေနွေးများသည် အပြင်ဘက်သို့ပန်းထွက်သွားတော့သည်။သူသည်ပန်းထွက်သွားသည့်ရေနွေးများကို မသုတ်အားသေးချေ။ဂိုဏ်းချုပ်အား ငူငူငေါင်ငေါင်စူးစိုက်ကြည့်၍ပြောလိုက်မိ၏။ “ဂိုဏ်းချုပ်...ဒီလိုမျိုး ချပ်ဝတ်ကို အခုတစ်သိန်း လုပ်ချင်တယ်ပြောတာလား”

“ဟုတ်တယ်”

“.......”

ဆရာဖန်းသည် ရုတ်တရက်မူးနောက်နောက်ပင်ခံစားလာမိတော့၏။ဤပစ္စည်းတစ်ခုစီတိုင်းကို ပြုလုပ်ရသည်မှာ အလွန်အမင်း ထုနှက်ကာ ပြုလုပ်ရမည့် ပုံပန်းသွင်ပြင်မျိုး တည်ရှိနေခဲ့၏။ထိုသို့အခုတစ်သိန်း ပြုလုပ်ရမည် ဆိုလျှင်သူ့ဘဝတစ်သက်တာတွင်နားဖို့အခြေအနေ တည်ရှိနိုင်မည်လား ဆိုသည်ကပင်မသေချာတော့ပေ။

“ဂိုဏ်းချုပ်”

ဖန်းရီကျိသည်နာနာကျင်ကျင်ဖြင့်ပြောလိုက်၏။ “တစ်ယောက်တည်း လုပ်လို့တော့မဖြစ်ဘူး”

“ကျုပ်နောက်ကို လိုက်ခဲ့” ကျွင်းချောင်ရှောင်းသည်မတ်တပ်ထရပ်လိုက်၏။ ပြီးသည့်နောက်ဟောခန်းထဲရှိ တည်နေရာလွတ်တစ်ခုဆီသို့ရောက်ရှိပြီးသည့်နောက်လက်ကို အသာယမ်းခါလိုက်၏။များပြားလွန်းသော ပန်းပဲ ပစ္စည်းနှင့် ပန်းပဲဖိုများသည်အလိုလို ပေါ်လာခဲ့တော့သည်။သူက ပြောလိုက်သည်။ “ဒီပစ္စည်းတွေနဲ့ဆိုရင်ခင်ဗျား အနေနဲ့ပန်းပဲပြုလုပ်တဲ့အမြန်နှုန်းကို ပိုပြီးတိုးမြှင့်လို့ရတယ်။ဟုတ်တယ်မလား”

ဖန်းရီကျိသည်ဆွံ့အလျက်ရှိနေ၏။ “ကောင်းကင်ဘုံ... ဂိုဏ်းချုပ်အနေနဲ့ဒီလောက်များပြားတဲ့ပန်းပဲပစ္စည်းတွေကို ဘယ်က သွားရှာလာခဲ့တာလဲ”

ထို့အပြင်ဆရာဖန်းသည်ပန်းပဲပညာတွင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်၏။ထို့ကြောင့်ထိုအရာများကို တစ်ချက်ကြည့်ရှုလိုက်သည်နှင့်အံ့အားသင့်လျက်ရှိနေတော့သည်။သူသည်ထိတ်လန့်တကြားဖြင့်ထကာအော်လိုက်မိ၏။ “ဒါက အဆင့်မြင့်ပန်းပဲပစ္စည်းတွေပါလား”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီပစ္စည်းတွေကို ပန်းပဲခန်းမဆောင်ရဲ့တောင်ထွတ်မှာ ထားလိုက်။ ပြီးတော့ ကျုပ်ဆီမှာ ပန်းပဲပညာနဲ့ပတ်သက်တဲ့စာအုပ်တွေအများကြီး ရှိသေးတယ်။ဒါတွေကို ဘာသာပြန်ပြီးရင်ခင်ဗျားဆီ ပို့လိုက်မယ်”

“ကောင်းပါပြီ” ဖန်းရီကျိသည်တောက်ပနေသည့်မျက်လုံးအစုံဖြင့် ကြည့်ကာပြောလိုက်၏။

ပြီးသည့်နောက်မှာတော့အသုံးချခံဖြစ်သော စနစ်၏အလုပ်ကြိုးစားမှုနှင့်အတူ များပြားလှသော ပန်းပဲစာအုပ်များသည်ဘာသာပြန်ပြီးပြီဖြစ်၏။ထိုအရာများအားလုံးကို မိတ္တူဆွဲကာဖြင့်ပန်းပဲဟောခန်းမဆီသို့ပေးပို့လိုက်တော့သည်။

ဖန်းရီကျိသည်စိတ်လိုလက်ရဖြင့်စတင်ကာ လေ့လာခဲ့တော့သည်။သူသည်စားဖို့၊အိပ်ဖို့ကိုပင်မေ့လျက်ရှိနေ တော့၏။ နှစ်ရက်၊သုံးရက်လောက်မနားမနေ ဖတ်ရှုပြီးသည့်နောက်မှာတော့သူသည်အလုံးစုံ တော်တော်များများ ကို နားလည်ခဲ့တော့၏။ကံကောင်းစွာဖြင့်ရောင်မုန့်ယဉ်သည်နတ်ဆိုးစစ်သည်သန်းချီကို ထိန်းချုပ်နိုင်စွမ်း ရှိနေခြင်းပင်။မဟုတ်ပါက ဆရာဖန်းအနေဖြင့်တခြားကြီးမားသည့်တာဝန်ကြီးကိုလည်း ယူရပေဦးမည်။ထိုအရာမှာ တပည့်များဝတ်ဆင်နိုင်ရန်အတွက်ချပ်ဝတ်များကို ထပ်မံဖန်တီးပြုလုပ်ရခြင်းပင်။

.........

ပထမဆုံး အသုံးချခံအတွက်မှာကြားစရာရှိသည်များကို တာဝန်ချထားပေးပြီးသည့်နောက် ကျွင်းချောင်ရှောင်း သည်အစီအရင်ဟောခန်း တောင်ထွတ်ဆီသို့သွားလိုက်၏။

“ခွေးကောင်လေး”

ထိုက်ရွှမ်အဘိုးအိုသည်မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ “မင်း ဒီကို ဘာလာလုပ်တာလဲ”

“ဆရာကြီး”

ကျွင်းချောင်ရှောင်းသည်စပ်ဖြီးဖြီးဖြင့်ပြောလိုက်၏။ “တပည့်ဆီမှအကြံအစည်ကောင်းတစ်ခု ရှိတယ်။ဒါကို နားထောင်ချင်လား”

“.........”

ထိုက်ရွှမ်အဘိုးအိုက မေးမြန်းလိုက်သည်။ “ဘာအကြံအစည်လဲ”

ငြင်းလို့မရနိုင်ခဲ့ချေ။ ပြိုင်စံရှားဂိုဏ်းထဲသို့ဝင်ရောက်ပြီးသည့်နောက်သူသည်အလုပ်တော်တော်များများကို ပြုလုပ်ခဲ့ရ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းမရှိ ခဲ့ဖူးဆိုပါက ဝါးတောင်တန်းနံပါတ်တစ်ကို ဤကဲ့သို့အဆင့်မြှင့်တင်နိုင်လိမ့်မည်မဟုတ်ချေ။များများစားစား ထုတ်လုပ်ဖို့ဆိုလျှင်ဝေလာဝေးပင် ဖြစ်ပေလိမ့်မည်။

နည်းပညာနှင့်ပတ်သက်သော ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်မို့သူ၏အတွေးများအားလုံးသည်စက်ရုပ်အပေါ်တွင်သာ တည်ရှိနေ၏။ ထို့ကြောင့်အထက်နယ်မြေတစ်ခုလုံး စက်ရုပ်များ ဖုံးလွှမ်းသွားအောင်ထုတ်လုပ် နိုင်မည်ဆိုပါက သူ၏ဂုဏ်ကျက်သရေ တိုးတက်လာခြင်းနှင့်ပင်ဆင်တူပေလိမ့်မည်။

“ဆရာကြီး”

ကျွင်းချောင်ရှောင်းသည်အသာထိုင်ချကာ ပြောလိုက်၏။ “ကျုပ်တို့ဂိုဏ်းဆီမှာ ဝိညာဉ်ကြံ့ခိုင်ခြင်း နတ်အတတ်ဆိုတဲ့ရှေးဟောင်းနည်းစနစ်တစ်ခုရှိတယ်။ဒါကို အဆုံးစွန်အထိ ကျင့်ကြံနိုင်မယ်ဆိုရင်တစ်စုံ တစ်ယောက်ရဲ့ဝိညာဉ်ကို ခန္ဓာကိုယ်ထဲကနေ ဆွဲထုတ်ပြီးတော့ကောင်းကင်ပေါ်လွှင့်တင်နိုင်စွမ်းရှိတယ်”

“.........”

ထိုက်ရွှမ်အဘိုးအိုသည်စိတ်မရှည်သလို ပြောလိုက်၏။ “မင်းရဲ့အကြံအစည်က စက်ရုပ်နဲ့ပတ်သက်တဲ့အရာ မဟုတ်ဘူးလား”

သိုင်းပညာနည်းစနစ် -ထိုအရာကို သူစိတ်မဝင်စားချေ။

“အဲနေရာမှာ တစ်ခုရှိတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်က တပည့်တွေကို လေ့ကျင့်ခိုင်းထားမယ်။သူတို့သာ ခန္ဓာကိုယ်ထဲကနေ ဝိညာဉ်ကို ထုတ်ယူလို့ရမယ်ဆိုရင် ကျွဲရိုင်းစက်ရုပ်ကို မောင်းနှင်အသုံးပြုခိုင်း လိုက်ရင်ကော …”

ထိုအချင်းအရာကို ကြားပြီးသည့်နောက်ထိုက်ရွှမ်အဘိုးအိုသည်မျက်လုံးအပြူးသား ဖြစ်သွားမိ၏။ ဝိညာဉ်ကို အသုံးပြု၍စက်ရုပ်ကို ထိန်းကျောင်းမည်။ထိုအရာသည် ရူးသွပ်လှသည့်အကြံအစည်ပင် ဖြစ်တော့သည်။ထိုက်ရွှမ်အဘိုးအိုသည်မျက်မှောင်ကုတ်ကာဖြင့်ပြောလိုက်၏။ “ထိန်းချုပ်နိုင်ပြီဆိုမှတော့ဘာလို့ဝိညာဉ်ကို အသုံးပြုပြီး ထိန်းချုပ်တော့မှာလဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဝိညာဉ်ဖန်တီးတဲ့နတ်အတတ်ဆိုတာက သူဖန်တီးလိုက်တဲ့ဝိညာဉ်က တကယ့်ကို ကိုယ်ပွားတစ်ခုနဲ့ဆင်တူတယ်။ဒါပေမဲ့အဲ့ဝိညာဉ် ဖျက်ဆီးခံလိုက်ရပြီဆိုရင်တောင်မှ ကြီးကြီးမားမား ထိခိုက်မှုဖြစ်မှာ မဟုတ်ဘူး။ ဒီတော့ဝိညာဉ်တွေကို အသုံးပြုပြီး ထိန်းချုပ်နိုင်မယ်ဆိုရင်တကယ်တမ်း အနာဂတ်မှာ အန္တရာယ်ဖြစ်လာပြီဆိုတာနဲ့တပည့်တွေအနေနဲ့ အသက်ဆုံးရှုံးမှုမဖြစ်နိုင်တော့ဘူးပေါ့”

“အဲလောက်မှော်ဆန်တာလား” ထိုက်ရွှမ်အဘိုးအိုက ကြောင်အသွားမိ၏။

သူ့အနေနှင့် သိုင်းပညာနည်းစနစ်များကို စိတ်မဝင်စားလှဘူး ဆိုသော်လည်း ဝိညာဉ်ထိခိုက်သည်ဆိုပါက ခန္ဓာကိုယ်ကို ထိခိုက်နိုင်သည်ဆိုခြင်းကိုတော့သူ ကောင်းကောင်း နားလည်မိ၏။ ယခု ဝိညာဉ်ထိခိုက်သည်ဆိုလျှင်တောင်မှဘာတစ်ခုမှမဖြစ်နိုင်ဆိုမှာတော့ဝိညာဉ်ကြံ့ခိုင်ခြင်း နတ်အတတ်မှာ ဝိညာဉ်ကိုယ်ပွား တစ်ခုကို ဖန်တီးပြုလုပ်ခြင်းနှင့် ဆင်တူနေပေလိမ့်မည်။ဤအရာမှာ အံ့အားသင့်စရာ ကောင်းလွန်းလှချေသည်။

“ခန္ဓာကိုယ်ကနေ ဝိညာဉ်ထွက်နိုင်တဲ့အဆင့်ကို မင်းကျင့်ကြံပြီးပြီလား”

“မကျင့်ကြံရသေးပါဘူး”

“.........”

ထိုက်ရွှမ်အဘိုးအိုသည်စိတ်ဓာတ်ကျသွားမိ၏။ “ဒါဆိုရင် ငါ့ကို ဘာလုပ်စေချင်တာလဲ”

“ရိုးရှင်းပါတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “စက်ရုပ်ထဲမှာရှိတဲ့အစီအရင်တွေကို ပြန်ပြီး အဆင့် မြှင့်တင်ဖို့ပေါ့။ဝိညာဉ်က ထိန်းချုပ်လို့ရနိုင်တဲ့လုပ်ဆောင်နိုင်မှုမျိုး ဖန်တီးပြုလုပ်လိုက်ရင်ကောင်းမယ်”

“.........”

ထိုက်ရွှမ်အဘိုးအိုသည် ရုတ်တရက် ကျွင်းချောင်ရှောင်းအား ထ၍ ကန်ချင်စိတ်ပင်ပေါက်သွားမိ၏။ ဝိညာဉ်နှင့်ထိန်းချုပ်လို့ရနိုင်သော အစီအရင်များအဖြစ် ပြန်လည်ဖန်တီးခြင်းဆိုသည်မှာ အစကအဆုံး ပြန်လည်ကာ ပြုလုပ်ခြင်းဖြစ်ပြီး ပါးစပ်နှင့် ပြုလုပ်လိုက်ရုံနှင့် တစ်ခါတည်း ပြီးသွားမည့်အရာမျိုး မဟုတ်ချေ။ နှစ်အနည်းငယ်သို့မဟုတ်ဆယ်စုနှစ်တစ်ခုကြာ ပြန်လည်လေ့လာရမှာ ဖြစ်၏။

“ဆရာကြီး”

ကျွင်းချောင်ရှောင်းသည် ရုတ်တရက်မတ်တပ်ထရပ်ကာ ပြောလိုက်သည်။ “ဒီကိစ္စအားလုံးကို ဆရာကြီး တာဝန်ထားလိုက်ပြီ။ ကျွန်တော်ကတော့အတွင်းစည်းကိစ္စတွေကို သွားပြီး စီမံတော့မယ်”

“မင်း....”

တစ်ဖက်လူ ထွက်ခွာသွားသည်ကို မြင်ပြီးသည့်နောက်ထိုက်ရွှမ်အဘိုးအိုသည်အမှန်ပင်ဒေါသထွက်လျက်ရှိနေသည်။ခဏကြာပြီးသည့်နောက်သူသည်မေးစေ့ကို ပွတ်သပ်ကာဖြင့်တွေးလိုက်မိ၏။ “ဘာပဲ ပြောပြော ဝိညာဉ်တွေကို အသုံးပြုပြီးတော့စက်ရုပ်တွေကို ထိန်းချုပ်ဖို့လုပ်တယ်ဆိုတာ စိတ်ဝင်စားဖို့ကောင်းသားပဲ”

ဒုတိယအသုံးချခံလူသားသည်အဆင်သင့်ဖြစ်လို့နေလေသည်။

.............

ဆေးဟောခန်း

အကြီးအကဲဝေသည်သူ၏ရှေ့တွင်ရှိနေသော ဆေးလုံးဖော်မြူလာအား သေသေချာချာ ကြည့်ရှုပြီးသည့်နောက်လေးနက်တည်ကြည်စွာပြောလိုက်၏။ “ဂိုဏ်းချုပ်...ဒီထဲမှာရှိတဲ့ဆေးပင်တွေအကုန်လုံးက တကယ့်ကို အဆိပ်ပြင်းတွေကြီးပဲ”

“ဒါတွေကို စိုက်ပျိုးလို့ရနိုင်လား” ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်သည်။

“ဒါက”

အကြီးအကဲဝေသည်အချိန်ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ သူသည်ဆေးပင်များကို စိုက်ပျိုးရမည့်နည်းလမ်းများကို အမြဲတမ်း ရှာဖွေနေခဲ့၏။သို့ပေမဲ့ယခင်ကတည်းက အခုထိ အဆိပ်ဆေးပင်မျိုး ကိုတော့တစ်ခါမှမစိုက်ပျိုးခဲ့ဖူးချေ။

“ပြဿနာတော့မရှိလောက်ပါဘူး။ ဒါပေမဲ့”

အကြီးအကဲဝေသည်စိုးရိမ်ပူပန်စွာဖြင့်ပြောလိုက်၏။ “ဂိုဏ်းချုပ်....ဒီအဆိပ်ပင်တွေနဲ့ဘာလုပ်ချင်နေတာလဲ”

“ဆေးလုံးလေ”

“ဟာ... မဖြစ်ဘူး။ ဒါအရမ်း အန္တရာယ်များတယ်လေ”

ကျွင်းချောင်ရှောင်းအနေဖြင့်မရှင်းပြချင်ပေ။ သူ့အနေနှင့် စကားအနည်းငယ်ပြောဆိုပြီးသည့်နောက်ချက်ချင်းပဲ ထွက်ခွာသွားခဲ့သည်။

“ဒင်...တတိယမြောက်အသုံးချခံလူသားသည်လည်း အဆင်သင့်ဖြစ်လို့နေလေ၏။

အဆိပ်များအကြောင်း ပြောရမည်ဆိုလျှင်သူသည်မြောင်စိုင်းဖန်အား မေ့လျော့ထားခဲ့၍မရခဲ့ချေ။ထို့ကြောင့် ကျွင်းချောင်ရှောင်းသည်အဆိပ်ဟောခန်းဆီသို့သွားရောက်ကာဖြင့်ဆေးဖော်မြူလာတစ်ခုအား ထုတ်ယူကာ ပေးလိုက်သည်။

“ဟောခန်းသခင်မြောင်....ဒီထဲမှာရှိတဲ့ဆေးပင်တွေကို ဆေးလုံးသာ သန့်စင်နိုင်မယ်ဆိုရင်အထဲမှာရှိနေတဲ့အဆိပ်တွေကို ဖယ်ရှားဖို့နည်းလမ်းတစ်ခုခု ရှိနိုင်လား”

ဆေးလုံးသည်အမှန်ပင်အဆိပ်ပြင်းလွန်းလှ၏။အဆိပ်ကို ဖယ်ရှားလိုက်ရုံ ကိစ္စကြီး မဟုတ်ပေ။

“ဖယ်ရှားလို့မရနိုင်ဘူး” မြောင်စိုင်းဖန်သည်တိကျခိုင်မာစွာ ပြောလိုက်၏။

“.........”

ကျွင်းချောင်ရှောင်းသည်စိတ်ဓာတ်ကျသွားမိ၏။ သို့ပေမဲ့မြောင်စိုင်းဖန်က ထပ်ပြောလိုက်သည်။ “ဒါပေမဲ့အဆိပ်တွေရဲ့သဘောသဘာဝအရ သက်ဆိုင်ရာ အဆိပ်ဖြေဆေးတွေကို ဖန်တီးထားနိုင်မယ်ဆိုရင် …..”

“အဲလိုလား”

ကုန်းရှန့်သည် ရုတ်တရက်မျှော်လင့်ချက်များ ဖြစ်တည်လာခဲ့၏။ “သက်ဆိုင်ရာဆေးလုံးတွေကို ဖန်တီး သန့်စင်ထားဖို့ခင်ဗျားကို တာဝန်ပေးလိုက်မယ်”

ဒင်...စတုတ္ထမြောက်အသုံးချခံလူသားသည်အဆင်သင့်ဖြစ်လို့နေလေသည်။

………….

အရာအားလုံးကို စီမံပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည်နဂါးဦးခေါင်းတောင်ထွတ်ဆီသို့ ပြန်လာခဲ့၏။လမ်းတလျှောက်မှာတော့သူသည်သေသေချာချာ စဉ်းစားတွေးတောနေမိ၏။ နတ်ဆိုးနယ်မြေတည်နေရာထဲမှ ပြန်လာပြီးသည့်နောက်သူမစီမံရသေးသည့်မည်သည့်အရာများ ကျန်ရှိနေသနည်းဆိုသည်ကို စေ့စေစပ်စပ် ပြန်လည်စဉ်းစားနေမိတော့သည်။ထို့အပြင်မည်သူသည်အားယားနေသနည်းဆိုသည်ကိုပါတွေးတောနေမိ၏။

“ဟမ်”

ထိုအချိန်မှာတော့ကုန်းရှန့်သည်စက်ရုပ်ကြီးအား ဆေးကြောနေသည့်တပည့်တစ်ယောက်ကို မြင်လိုက်ရ၏။ ထို့ကြောင့်အဆုတ်ကွဲလုမတတ်ထကာ အော်ဟစ်လိုက်၏။ “ဟိတ်ကောင်ဒီကောင်ကို ဆေးနေရင်ပျက်စီးသွားမှာပေါ့။သွား …. အိမ်သာ သွားဆေးစမ်းကွာ”

“ကောင်းပါပြီ.. ဂိုဏ်းချုပ်”

တပည့်တစ်ဦးတလေမှသည်အားယားမနေချေ။တစ်ချို့ဆိုလျှင်မအားရုံသာမက ဖျက်ဆီးဖို့ပင်လုပ်နေကြလေ သည်။

All Chapters