← Chapters

အခန်း ၁၅၂၅

Vol. 103 Ch. 1525

အခန်း ၁၅၂၅

Vol. 103 Ch. 1525

အပိုင်း (၁၅၂၅)

ဂိုဏ်းချုပ်သည်စီစဉ်စရာရှိသည်များကို စီစဉ်ပြီးသည့်နောက်များပြားလွန်းလှသော ဟောခန်းများသည်စတင်ကာ အလုပ်များတော့၏။

ဟုတ်ပေသည်။ ပြိုင်စံရှားဂိုဏ်း၏ ထောင့်တိုင်များဖြစ်သည်နှင့်အညီ ကျွင်းချောင်ရှောင်းသည်ထိုသူများအားလုံးကို ရေနွေးလေးသောက်၍အေးအေးဆေးဆေးဇိမ်နှင့်နေထိုင်ရန်အခွင့်အရေးမပေးထားချေ။ သူ့အနေနှင့်လည်း အားလပ်မနေပေ။ အဘယ့်ကြောင့်ဆိုသော်နတ်ဆိုးနယ်မြေတည်နေရာထဲတွင်ရှိနေသော လက်ကျန်စစ်သည်များကို သွားရောက်ကာ ခေါ်ဆောင်ရမှာဖြစ်သောကြောင့်ပင်။

“ကောင်မလေး။ သွားကြရအောင်။”

“ကောင်းပါပြီ။”

အနားယူခြင်းတောင်မပြုလုပ်ဘဲနှင့် ကျွင်းချောင်ရှောင်းသည်ရောင်မုန့်ယဉ်ကို ခေါ်ဆောင်ကာဖြင့်ရှေးရွက်သင်္ဘော ကြီးဖြင့် ခရီးနှင်ခဲ့တော့၏။မည်သူမှသည်နတ်ဆိုးနယ်မြေဆီသို့ဝင်ရောက်နိုင်စွမ်းမရှိချေ။သို့ပေမဲ့အဘယ့်ကြောင့်စွမ်းအင်များကို ဖြုန်းတီးနေရသနည်း။

အဓိကအားဖြင့်အနောက်ဘက်တွင်ရှိနေသော အလင်းတန်းများ ပျောက်ကွယ်သွားခဲ့သောကြောင့်ပင်ဖြစ်သည်။ထိုအရာသည်နတ်ဆိုးဘိုးဘေးကြီး ပြန်လည်ရှင်သန်လာသည်ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်ပေ၏။ ထို့ကြောင့်စစ်သည်များကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ခေါ်ဆောင်မှ ဖြစ်ပေလိမ့်မည်။မထင်မှတ်ထားသည့်ကိစ္စများမဖြစ်လာစေရန် ကြိုတင်ကာကွယ်ခြင်းပင် ဖြစ်၏။

ပြောနေစရာပင်မလိုပေ။ ကျွင်းချောင်ရှောင်း၏ စိုးရိမ်ပူပန်မှုသည်အမှန်ပင်သင့်လျော်လွန်းလှ၏။နတ်ဆိုးဘိုးဘေး ကြီးသည် ပြန်လည်ရှင်သန်ပြီးသည့်နောက် ပြန်လည်အားမွေးရန်အတွက်တံခါးပိတ်ကျင့်ကြံခြင်းကို ချက်ချင်း မပြုလုပ်ချေ။ထိုအစား နတ်ဆိုးနယ်မြေတည်နေရာထဲကို မည်ကဲ့သို့ဝင်ရောက်ရမည်ဆိုခြင်းကို စဉ်းစားနေခဲ့သည်။

“ဒီမိန်းကလေးက ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ပေါင်းစပ်ခဲ့ပြီ။ ဒါကြောင့်မလို့အသားကျဖို့အတွက်အချိန်အနည်းငယ်လိုအပ်အုံးမှာပဲ။ ဒါကြောင့် ငါသူမရှေ့ကနေ သွားပြီးတော့နတ်ဆိုးစစ်သည်သန်းချီကို ထိန်းချုပ်ဖို့ ပြုလုပ်ရမယ်။”

အင်း…. သနားစရာလူပင် ဖြစ်သည်။သူ့အနေနှင့် အထဲသို့ရောက်သွားသည်ဆိုလျှင်တောင်မှမည်သူမှသူ၏ စကားကို နားထောင်တော့မည်မဟုတ်ခြင်းကို သိရှိနိုင်စွမ်းမရှိချေ။

…

ဝှစ်

နတ်ဆိုးနယ်မြေတည်နေရာအတွင်းမှာတော့ရောင်မုန့်ယဉ်သည် ကျွင်းချောင်ရှောင်းကို ခေါ်ဆောင်ကာဖြင့်ထပ်မံ ရောက်ရှိလာ၏။ ထုံးစံအတိုင်း နတ်ဆိုးစစ်သည်နှစ်သောင်းကျော်တို့အား ထျန်းယွမ်အကျဉ်းထောင်စေတီထဲသို့ထည့်သွင်းကာဖြင့် ပြိုင်စံရှားဂိုဏ်းဆီသို့ခေါ်ဆောင်လာခဲ့သည်။

အားရာ၊ ဒူဒူနှင့် တိုင်လုတို့သည်စိတ်ဓာတ်ကျလျက်ရှိနေ၏။ စစ်သည်နှစ်သောင်းကျော်ဝင်လာလိုက်၊နှစ်သောင်းကျော် ပြန်ထွက်သွားလိုက်နှင့်အလုပ်ရှုပ်လျက်ရှိနေသည်ကို သူတို့သည်စိန်ပြေနပြေနှင့် ထိုင်ကာ ကြည့်ရှုနေရ၏။

“မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။”

ကြိုးနှင့်ချည်နှောင်ထားခြင်းခံထားရသော အသုဘခန်းဆောင်၏ဂိုဏ်းခွဲမှူးသည်အရပ် ၂မီတာ မှ ၃ မီတာ နီးပါး ခန့်ရှိပြီး သပ်ရပ်လွန်းလှသော ချပ်ဝတ်များကို ဝတ်ဆင်ထားသော စစ်သည်များကို မြင်ရသည့်အချိန်မှာတော့မယုံကြည်နိုင်စွာဖြင့် ဖြစ်တည်နေခဲ့၏။သူနှင့် သူ၏ အဖွဲ့အစည်းတစ်ခုလုံးသည်ဤနတ်ဆိုးနယ်မြေတည်နေရာကြီး ထဲကို စည်းဖယ်ရန်အတွက် ကြိုးကြိုးစားစား အလုပ်လုပ်ဆောင်ခဲ့၏။သို့ပေမဲ့ထိုသူများအားလုံးသည်သူ၏ ရှေ့တွင်ပေါ်ပေါက်လာခဲ့ပြီဖြစ်သော်လည်း သူနှင့်မဆိုင်သလိုပင် ဖြစ်နေ၏။ ဤအရာမှာ သူခန့်မှန်းထားသည့်ကိစ္စမျိုး မဟုတ်ချေ။

ထျန်းယွမ်အကျဉ်းထောင်စေတီသည်ပစ္စည်းပို့ဆောင်သည့်အရာတစ်ခု အဖြစ်သာ အသုံးပြုခဲ့၏။နောက်လဝက်အတွင်းမှာပဲ စစ်သည်များအားလုံးသည်အင်မော်တယ်တောင်ဆီသို့တစ်ဖွဲ့ပြီးတစ်ဖွဲ့ရောက်ရှိလာခဲ့ကြသည်။

မည်သူမှသည်နတ်ဆိုးစစ်သည်များအားလုံး အင်မော်တယ်တောင်တန်းတွင်တည်ရှိနေသည်ဖြစ်ကြောင်းကို မသိရှိခဲ့ချေ။

ဟုတ်ပေသည်။အထက်နယ်မြေတစ်ခုလုံးသည် ပြိုင်စံရှားဂိုဏ်းကို ဂရုစိုက်ရန်စိတ်ထဲမရှိကြချေ။အဘယ့်ကြောင့်ဆိုသော်အားလုံးတို့သည်နတ်ဆိုးဘိုးဘေးပြန်လည်ရှင်သန်လာသည့်အကြောင်းအရာနှင့်ပတ်သက်၍ဆွေးနွေးနေ သောကြောင့်ပင်။

“ဒါ မဟုတ်သေးဘူး။”

ထူးခြားလှိုဏ်ဂူ၏ ရှေ့မှာတော့မာဆာတိုကီတာနိုသည်ဇဝေဇဝါနှင့် ဖြစ်နေ၏။ “နတ်ဆိုးဘိုးဘေးက ပြန်လည်ရှင်သန်လာခဲ့ပြီ။ လှုပ်ရှားရတော့မှာကို ဘာလို့လဝက်ကြာတဲ့အထိ ဘာတစ်ခု မှ မလုပ်ရသေးတာလဲ။”

“ဘာမှမလုပ်လေ ပိုကောင်းလေ မဟုတ်ဘူးလား။”

ကြီးမြတ်သူတုံးကုသည်မျက်လုံးများ ချာချာလည်သွားမိသည်။ “ခင်ဗျားက အထက်နယ်မြေတစ်ခုလုံးကိုတောင်ရှုပ်ထွေးချင်စိတ်များ ရှိနေတာလား။”

ဟား

မာဆာတိုကီတာနိုသည်ခေါင်းကိုခါယမ်းလိုက်မိ၏။ “မုန်တိုင်းမလာခင်တည်ငြိမ်တဲ့အခြေအနေမျိုး ဖြစ်နေမှာကို ကျုပ်က စိုးရွံ့နေတာ။”

နတ်ဆိုးဘိုးဘေးကြီး ပြန်လည်ရှင်သန်လာခြင်းသည် သူတို့ကဲ့သို့လွတ်လပ်သော ကျင့်ကြံသူများနှင့် ဘာတစ်ခုမှမသက်ဆိုင်ချေ။ထို့အပြင်နတ်ဆိုးမျိုးနွယ်တစ်ခုလုံးကို ဖျက်ဆီးခဲ့သူများသည်အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းနှင့် တစ်ခြားသော မွန်းစတားကလန်များပင် ဖြစ်သည်။

သို့ပေမဲ့ ၎င်းတို့ နှစ်ဖွဲ့သည်အချင်းချင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်မည်ဆိုပါက သူတို့ကိုပါပင်သက်ရောက်လာနိုင်သည်။ထို့ကြောင့်လောကကြီးတစ်ခုလုံး ငြိမ်းငြိမ်းချမ်းချမ်းနှင့် တည်ရှိနေစေရန်သူက မျှော်လင့်နေမိ၏။

“အရမ်းကြီးစဉ်းစားမနေနဲ့။”

ကြီးမြတ်သူတုံးကုသည်စစ်တုရင်ရုပ်ကို အသာချကာဖြင့်ပြောလိုက်သည်။ “အရာအားလုံးက သူ့ဘာသူ ဖြစ်တည်လာခဲ့ကြတာလေ။ ကျုပ်တို့အနေနဲ့စောင့်ပြီးကြည့်ဖို့ပဲ ရှိတယ်မဟုတ်လား။”

“ဒီလိုဆိုရင်တောင်မှ”

“အင်း … ဒါပေမဲ့”

မာဆာတိုကီတာနိုသည် ရုတ်တရက် ထအော်လိုက်၏။ “ဟေ့လူ … ခင်ဗျား ကျုပ် အတွေးနက်နေတုန်းကို နေရာပြောင်းထားပြန်ပြီလား။”

…

“ထူးဆန်းလိုက်တာ။”

လင်းရောင်နယ်မြေ၏ နန်းတော်ထဲမှာတော့ခါးကုန်းကုန်းနှင့် အဘိုးအိုသည်ဇဝေဇဝါနှင့် ဖြစ်နေမိသည်။ “အမဲရောင်အလင်းတန်းတွေပျောက်ကွယ်သွားတာ လဝက်လောက်ရှိပြီ။ နတ်ဆိုးဘိုးဘေးက ပြန်လည်ရှင်သန်လာပြီ ဆိုလျှင်တောင်မှဘာလို့လှုပ်ရှားမှုတစ်ခုမှမရှိရသေးတာလဲ။”

ပလ္လင်ပေါ်တွင်ထိုင်လျက်ရှိနေသည့်ဧကရီလင်းရောင်က ပြောလိုက်၏။ “ပြန်လည်ရှင်သန်လာပြီးတဲ့အချိန်မှာ နည်းနည်းအားနည်းနေလို့ဖြစ်လိမ့်မယ်။ဒါကြောင့်အားပြန်မွေးနေတာလည်း ဖြစ်နိုင်တယ်မဟုတ်လား။”

“အရှင်”

ခါးကုန်းကုန်းနှင့် အဘိုးအိုက ပြောလိုက်သည်“နယ်မြေဟောခန်းက အရှင့်ကို အကြိမ်ပေါင်းများစွာ ဆင့်ခေါ်နေတယ်လေ။ ဘာလို့မသွားသေးတာလဲ။”

“ဒီဧကရီက သူတို့ရဲ့အမိန့်အတိုင်း ကုကျောင်းရှစ်နောက်ကို လိုက်နေတယ်မဟုတ်လား။”

“……..”

ဝှစ်

ဧကရီလင်းရောင်သည် ရုတ်တရက်မတ်တပ်ထရပ်ကာ ပြောလိုက်၏။ “ဆရာက ငါ့အတွက် ၁၀ နှစ်တာ တိုက်ခိုက်မှုကတိပွဲဆိုတာ ပြုလုပ်ပေးထားတယ်။ တစ်ခြားဘာမှလုပ်စရာမရှိဘူး။ ဒီဧကရီကို လာပြီး မနှောင့်ယှက်နဲ့။တံခါးပိတ်ကျင့်ကြံတော့မယ်။”

“အရှင်”

ခါးကုန်းကုန်းနှင့် အဘိုးအိုက ပြောလိုက်သည်။ “ကျွင်းချောင်ရှောင်းက အဲလောက်ကြီး အားကောင်းတာလည်းမဟုတ်ဘူး။ ဘာလို့လေးလေးနက်နက်ကြီး လေ့ကျင့်နေရတာလဲ။”

ဧကရီလင်းရောင်သည် ရုတ်တရက်ရပ်တန့်ကာ ပြောလိုက်၏။ “အထက်နယ်မြေမှာ အားလုံးကို အထင်သေးလို့ရတယ်။ဒါပေမဲ့သူ့ကိုတော့အထင်သေးလို့မရဘူး။ မဟုတ်ရင်ကျင်းဟောင်လို လူမျိုးက ဘာလို့နှစ်ကြိမ်တိုင်တိုင်ရှုံးရမှာလဲ။”

“……….”

ခါးကုန်းကုန်းနှင့် အဘိုးအို၏ မျက်နှာအမူအရာသည်လေးနက်သွားခဲ့သည်။

ကျွင်းချောင်ရှောင်းသည်အထက်နယ်မြေဆီသို့တက်လှမ်းပြီးပြီးချင်းမှာပဲ ကျင်းဟောင်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိအောင်တိုက်ခိုက်ခဲ့၏။ ပြီးသည့်နောက်သံမဏိသစ်ပင်တောထဲမှာလည်း ကျင်းဟောင်အား နှိပ်စက်ရိုက်နှက်ခဲ့သေး၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည်အမှန်ပင်အထင်သေး၍ ရသည့်လူတစ်ယောက်မဟုတ်ချေ။

မည်သူသိနိုင်မည်နည်း။ သူ့အနေနှင့် ဆယ်နှစ်ကြာတိုက်ပွဲတွင်အရှင်နှင့်အတူ ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့်အရည်အသွေးကို မပိုင်ဆိုင်နိုင်ဘူးလားဆိုသည်က …။

…………..

နှစ်လကြာမြင့်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ပြိုင်စံရှားဂိုဏ်းဆီသို့နတ်ဆိုးစစ်သည်တစ်သန်းကို ခေါ်ဆောင်ခဲ့ပြီးပြီဖြစ်တော့၏။

လီချင်းယန်နှင့်တောဝက်ရိုင်းလေးတို့သည်လည်း အလကားမနေရပေ။ ၎င်းတို့သည်စစ်တပ်စခန်းများကို တည်ဆောက်နေပြီး မြေပြင်တစ်ခုလုံးကို တူးဆွနေရ၏။ နတ်ဆိုးစစ်သည်တို့အသက်ရှင်နေထိုင်ရန်အတွက်လိုအပ်သည့်အဆောက်အဦများကိုလည်း တည်ဆောက်ပေးနေရသည်။

ဟူး ……..။

ကျွင်းချောင်ရှောင်းသည်စာကြည့်ခန်းထဲရှိ ထိုင်ခုံကို အသာမှီကာဖြင့်စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်သည်။ “နောက်ဆုံးတော့အားလုံး ဒီကိုရောက်လာကြပြီပဲ။”

တစ်ရက်ကို လူနှစ်သောင်းနှင့် သွားချည်ပြန်ချည် ပြုလုပ်ပေးခဲ့ရ၏။ သို့ပေမဲ့လက်ရှိအခြေအနေမှာတော့ထိုအရာများ အားလုံးသည်ထိုက်တန်သည်ဟု ခံစားနေရ၏။

အမြုတေပြောင်းလဲခြင်းအဆင့်ကျင့်ကြံသူ ၁ သန်း။ ထိုအရာသည်သူ့အား ယုံကြည်မှုပိုမိုကာ တိုးတက်စေသည်။

“အင်ပါရီရယ်နတ်ဓားဂိုဏ်း၊ ရေခဲဓားမော့ဂိုဏ်း ။ အင်း”

ကျွင်းချောင်ရှောင်းသည်စားပွဲပေါ်သို့ခြေတစ်ဖက်တင်ကာဖြင့်ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။ “အင်း။ သတ္တိရှိရင် ငါ့ဆီကို လာခဲ့ကြတော့။”

“………..”

စနစ်သည်ဆွံ့အသွားမိသည်။ “မင်းအနေနဲ့စွမ်းဆောင်ရည်ရှိတယ်ဆိုရင်အစစ်အမှန်ဂိုဏ်းတွေနဲ့တာအိုဂိုဏ်းတွေဆီကို သွားလေ။ ဘယ်လိုဖြစ်ပြီး တော့ရွှမ်အဆင့်ဂိုဏ်းကို သွားပြီးတော့ဒေါသတွေပုံချဖို့စဉ်းစားနေတာလဲ။ မင်းက ဘယ်လိုသူရဲကောင်းမျိုးလဲ။”

…

နတ်ဆိုးစစ်သည်ပေါင်း သန်းချီသည်ရောင်မုန့်ယဉ်၏ထိန်းချုပ်အောက်တွင်တည်ရှိ၏။ ကျွင်းချောင်ရှောင်းအနေနှင့် ၎င်းတို့ကို ခေါ်ဆောင်လာပြီးသည့်နောက်ဂိုဏ်းထဲတွင် ငြိမ်ငြိမ်သက်သက်ထိုင်ရန်အစီအစဉ်မရှိပေ။

ဟုတ်ပေ၏။ သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်သော ယောက်ျား ၄ ယောက်နှင့်မိန်းကလေး ၄ ယောက်မှာတော့လွတ်မြောက် ခြင်း မရှိနိုင်ပေ။ ထို့အတူ သရဲစစ်သူကြီး ၈ ယောက်တို့သည်လည်း မလွတ်မြောက်နိုင်ပေ။ သူ့အနေနှင့် ထိုသူများအားလုံးကို ဂိုဏ်းထဲသို့ခေါ်ဆောင်ခဲ့၏။

ဘုတ် ……..။

ဘုတ်……..။

ဂိုဏ်း၏ စည်းတံဆိပ်တုံးကို ထုပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ တပည့်အရေအတွက်သည် ၁၀၀၀၀၁မှသည် ၁၀၀၀၁၈ယောက်ဆီသို့တိုးတက်သွားခဲ့၏။ပြောရမည်ဆိုလျှင်အထက်နယ်မြေဆီသို့တက်လှမ်းသွားပြီး သည့်နောက်ဂိုဏ်းအနေနှင့် တပည့်များများစားစားကို မခေါ်ယူခဲ့ချေ။စွန်းမူချန် တစ်ယောက်တည်းသာလျှင်ထူးထူးခြားခြား ခေါ်ဆောင်ခဲ့ခြင်းဖြစ်ပုံပေါ်သည်။ ပုံပေါ်သည်ဟု ပြောဆိုရခြင်းသည်စာရေးသူအနေနှင့် သေသေချာချာ တိတိကျကျမမှတ်မိသောကြောင့်ပင်။

ဟုတ်ပေ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ ဖွံ့ဖြိုးတိုးတက်အောင်အစီအစဉ်ချမှတ်မှုသည်အရေးကြီးလို့နေခဲ့၏။ အထက်နယ်မြေ၏ အဓိကတာဝန်သည်အင်မော်တယ်အဆင့်ဂိုဏ်းတစ်ခုဖြစ်အောင် ပြုလုပ်ရန်လိုအပ်နေခဲ့၏။သို့ပေမဲ့ဂိုဏ်းသား၏ တပည့်အရေအတွက်သည်အကန့်အသတ်မရှိလှချေ။ထို့ကြောင့်သာမန်ပုံစံလမ်းအတိုင်း သွားမည်ဆိုလျှင်သူ့အနေနှင့် အချိန်ကြာမြင့်ပေလိမ့်မည်။တပည့်များကို ပိုမိုအားကောင်းလာစေရန်အတွက်ပုံမှန်မဟုတ်သည့်နည်းလမ်းများဖြင့် ကြိုးစားမှာဖြစ်ပေသည်။

“အင်း။ မုန့်ယဉ်ကို ထည့်တွက်မယ်ဆိုရင်”

ကျွင်းချောင်းရှောင်းက ပြောလိုက်သည်။ “ငါတို့ ပြိုင်စံရှားဂိုဏ်းမှာ စုစုပေါင်း အစစ်အမှန် ရှာဖွေခြင်းအဆင့် ၉ယောက်ရှိတယ်။ဒီတော့ရွှမ်အဆင့်ဂိုဏ်းတစ်ခု နှင့် သတ်မှတ်ခံရဖို့ဆိုတာ မထိုက်တန်သေးဘူးလား။”

“ဘယ်ထိုက်တန်မှာလဲ။” စနစ်က ပြောလိုက်၏။

“ဘာလို့လဲ။”

“ဘာလို့လဲဆိုတော့လက်ခံသူက အရမ်းအားနည်းလို့လေ။”

ဤစကားစုသည် ကျွင်းချောင်ရှောင်း၏ နှလုံးသားကို ဓားနှင့်ထိုးနှက်လိုက်သကဲ့သို့ပင် ဖြစ်သည်။ ကြယ်ကြွေကုန်းမြေ တိုက်ကြီးတွင်ဂိုဏ်းနှင့်ပတ်သက်သော အသေးစိတ်ကျလှသည့်အချက်အလက်များ တည်ရှိနေ၏။ မည်သည့်အဆင့်ရှိသည်ဆိုလျှင်မည်သည့်အဆင့်သို့ရောက်ရှိမည်ဆိုသည့်ရည်ညွှန်း အချက်အလက်များက ပြည့်ပြည့်စုံစုံ တည်ရှိနေ၏။ ဂိုဏ်းချုပ်တစ်ယောက်၏အဆင့်သည်လိုအပ်ချက်နှင့်မကိုက်ညီပါက ဂိုဏ်းအနေနှင့် အဆင့်မြှင့်တင်ရန်မဖြစ်နိုင်ချေ။သို့ပေမဲ့လက်ရှိအခြေအနေမှာတော့မဟုတ်တော့ချေ။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါ အနေနဲ့ရွှမ်အဆင့်ဂိုဏ်းတစ်ခု အဆင့်ဖြစ်အောင်အရင်ဆုံး အတည်ပြုဖို့လိုအပ်နေတယ်။”

အထက်နယ်မြေရှိ ဂိုဏ်းထဲတွင်တိကျသည့်အသိအမှတ်ပြုဟောခန်းမျိုးမရှိချေ။ထို့ကြောင့် ရွှမ်အဆင့်ဂိုဏ်းအဖြစ်အရည်အသွေးပြည့်မီကြောင်းကို ပြုလုပ်ရန်ဆိုသည်မှာ တစ်ခြားသောဂိုဏ်းများကို မှီငြမ်း၍ သူ၏ ဂိုဏ်းသည်ဤအရည်အချင်းရှိပါသည်ကို ပြသရန်သာ လိုအပ်၏။ဥပမာအားဖြင့်သူသည်အင်ပါရီယန်နတ်ဓားဂိုဏ်းနှင့် ရေခဲဓားမော့ဂိုဏ်းတို့ဆီသို့သွားရောက်ခြင်းပင်။

“ကောင်မလေး”

ကျွင်းချောင်ရှောင်းသည်အသံပို့လွှတ်လိုက်၏။ “မြန်မြန်။သရဲစစ်သူကြီး ၈ယောက်တို့ကို ကျင့်ကြံခြင်းအဆင့်ဖုံးကွယ်ခြင်းနည်းစနစ်ကို သင်ပေးလိုက်။ ပြီးရင်ငါနဲ့အတူ ရွှမ်အဆင့်ဂိုဏ်းတွေဆီကို သွားရအောင်။”

သန္ဓေနတ်ဆိုးခန္ဓာကိုယ်ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော ယောကျ်ား ၅ ယောက်နှင့်မိန်းမ ၄ ယောက်တို့မှာတော့နတ်ဆိုးကျင့်ကြံသူများသာ ဖြစ်နေသေး၏။ ၎င်းတို့ကို ခေါ်ဆောင်သွားမည်ဆိုလျှင်တောင်မှတခြားသူများက ထူးခြားသည်ဟု ခံစားမိလိမ့်မည်မဟုတ်ချေ။

ထို့အပြင် စစ်သူကြီး ၉ ယောက်တို့မှာတော့သာမန်မဟုတ်ကြချေ။နတ်ဆိုးအဖွဲ့ဝင်စစ်စစ်များ ဖြစ်ကြ၏။ ၎င်းတို့၏သန့်စင်လှသည့်နတ်ဆိုးစွမ်းအင်များသည်တလောကလုံးကို ထိတ်လန့်တုန်လှုပ်စေလိမ့်မည်။

တစ်စုံတစ်ယောက်က မေးစရာရှိ၏။ ၎င်းတို့၏အရပ်များသည်အမြင့်ကြီးဖြစ်သည်။ထိုသို့ဆိုလျှင်မသိသာဘူးလား။

သို့ပေမဲ့လောကကြီးတွင်အရပ်ရှည်လှသော လူများဆိုသည်မှာ တည်ရှိနေသည်မဟုတ်ပါလား။ ထိုအရာနှင့် ပတ်သက်၍ကိစ္စမရှိလှချေ။ထို့အပြင်မျက်နှာသွင်ပြင်ကိုလည်း ၎င်းတို့သည်မျက်နှာပြောင်းလဲခြင်းမျက်နှာဖုံးများ ဝတ်ဆင်ကာဖြင့်ဖုံးကွယ်ထားနိုင်စွမ်းရှိ၏။

ဂိုဏ်းထဲတွင်အစစ်အမှန်ရှာဖွေခြင်းအဆင့် ကျွမ်းကျင်သူများတည်ရှိနေပြီး အပြင်ဘက်သို့ထွက်၍ပျော်စရာမရှာဘူး ဆိုရင် ကျွင်းချောင်ရှောင်းအနေနှင့် ဂဏှာမငြိမ်ပင်ဖြစ်မိနေပေလိမ့်မည်။

…

ဒုန်း ဒုန်း ….။

ကျွင်းချောင်ရှောင်းသည်သိုးမွေးကုတ်အင်္ကျီကြီးနှင့် နေကာမျက်မှန်ကို ဝတ်ဆင်ကာ အဓိကဟောခန်းထဲမှလှမ်းလျှောက်လာ၏။

ရောင်မုန့်ယဉ်သည်သိုင်းလေ့ကျင့်ရေးကွင်းပြင်ပေါ်တွင်မတ်မတ်ရပ်လျက်ရှိပြီး သူမ၏ နောက်မှာတော့အစစ်အမှန်ရှာဖွေခြင်းအဆင့်သရဲစစ်သူကြီး ၈ ယောက်တို့က တန်းစီကာ ရပ်နေကြ၏။ ၎င်းတို့သည်လက်နှစ်ဖက်ကို နောက်သို့ပစ်ထားကြသည်။

ဆွစ်

ကျွင်းချောင်ရှောင်းသည်လက်ကို အသာမြှောက်ကာဖြင့်ပြောလိုက်၏။ “အချိန်ကြပြီ။ သွားကြရအောင်။”

ဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲနှင့် လက်ရွေးစင်တပည့်များ၏ အကြည့်အောက်မှာပဲ ကုန်းရှန့်သည်ရောင်မုန့်ယဉ်၊သရဲစစ်သူကြီး ၈ ယောက်နှင့်နတ်ဆိုးကျင့်ကြံသူ ယောကျ်ား ၅ ယောက်၊မိန်းမ ၄ ယောက်တို့ကို ဦးစီးကာ အင်မော်တယ်တောင်ဆီမှထွက်ခွာသွားခဲ့ကြ၏။

၎င်းတို့၏ဦးတည်ရာသည်အင်ပါရီယန်နတ်ဓားဂိုဏ်းပင်ဖြစ်တော့၏။ ကြည့်ရှုရသည်မှာ သူတို့အနေနှင့် သွားရောက်လည်ပတ်သည်လား။ အကြွေးသွားတောင်းသည်လားဆိုသည်ကို မသေချာလှပေ။

All Chapters