အခန်း ၁၅၂၆
Vol. 103 Ch. 1526
အပိုင်း (၁၅၂၆)
ဟူး ….။
အေးစက်လှသည့် နှင်းတောကြီးတစ်ခုထဲမှာတော့ ကျွင်းချောင်ရှောင်းသည်ပါးစပ်ထဲရှိ လေပူများကို မှုတ်ထုတ်လိုက်၏။သူ၏ မျက်လုံးထဲတွင်တော့အတိတ်က အမှတ်တရများသည် ပြန်လည်ထင်ဟပ်လာခဲ့ရ၏။
ရောင်မုန့်ယဉ်သည် ရွက်သင်္ဘောကြီးပေါ်တွင်မတ်မတ်ရပ်ရင်း ဖြူဖွေးလျက်ရှိနေသည့်ပတ်ဝန်းကျင်တစ်ခုလုံးကို ကြည့်ရှုလိုက်၏။သူမသည်ဇဝေဇဝါနှင့်ဖြစ်မိနေသည်။ “ဂိုဏ်းချုပ် …ဘာလို့ဒီနေရာမှာ ရပ်လိုက်ရတာလဲ။”
“ဘာလို့လဲဆိုတော့”
ကျွင်းချောင်ရှောင်း ပြောလိုက်၏“ဒီတည်နေရာက ငါ အထက်နယ်မြေကို ပထမဦးဆုံး ရောက်ရှိလာခဲ့တဲ့နေရာပဲလေ။”
သူ့အနေဖြင့်ကောင်းကင်နှင့်မြေကြီးဖန်တီးခြင်းအစီအရင်ကို အသုံးပြုပြီးသည့်နောက်အထက်နယ်မြေဆီသို့တက်လှမ်းနိုင်ခဲ့၏။ထိုသို့တက်လှမ်းလာရာ၌ အင်ပါရီယန်နတ်ဓားဂိုဏ်း၏ တည်နေရာထဲသို့ရောက်ရှိလာခဲ့သည်။
“ကျွန်မသိပြီ။”
ရောင်မုန့်ယဉ်သည်မည်သည့်စကားမှထပ်ကာ မပြောတော့ချေ။ဂိုဏ်းချုပ်အား ပြန်လည်လွမ်းဆွတ်ရန် အချိန်ကို ပေးထားခဲ့၏။
ကျွင်းချောင်ရှောင်းသည် အထက်နယ်မြေဆီသို့ပထမဦးဆုံး ရောက်ရှိလာသည့်အချိန်တွင်အင်ပါရီယန် နတ်ဓားဂိုဏ်းနှင့် ဤနေရာ၌ ပဋိပက္ခများဖြစ်ပွားခဲ့၏။အဆုံးသတ်မှာတော့ထိုသူတို့ဆီမှဓားပျံများကို ခိုးယူကာ ဖြင့်ပြန်လည် ထွက်ခွာခဲ့ရ၏။ ထိုအချိန်ကတည်းက ပြန်လည်ရောက်ရှိမလာခဲ့ချေ။
အချက်အလက်အားဖြင့်ကုန်းရှန့်သည်အခြားသူများ၏ တည်နေရာဆီသို့ ဝင်ရောက်ခဲ့သည်မှာ မှန်လွန်းလှသည်တော့မဟုတ်ချေ။ထို့အတူ မှားလည်းမမှားပေ။
အဘယ့်ကြောင့်ဆိုသော်တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် ကြုံရာနေရာကို ပို့ဆောင်လိုက်သောကြောင့်ပင်။ သူ့အနေနှင့် ဘာမှလည်း မလုပ်ဆောင်နိုင်ပေ။ ထို့ကြောင့်တစ်ဖက်လူ များကို လေးလေးနက်နက် တောင်းပန်ခဲ့၏။တစ်ဖက်လူများသည်သူ့ကို လက်လွှတ်ပေးရန်ရည်ရွယ်ချက်မရှိခဲ့ချေ။ထို့ကြောင့်သာလျှင်ပဋိပက္ခမှာ ပိုမိုကြီးမားလာခဲ့ခြင်းပင်ဖြစ်၏။
လက်ရှိအခြေအနေမှာတော့ ဤတည်နေရာသည်အင်ပါရီရယ်နတ်ဓားဂိုဏ်း၏ တည်နေရာဖြစ်ကြောင်းကို သိရှိသည်ဆိုသော်လည်း သူ့အနေနှင့် အစီအရင်များကို ချိုးဖြတ်ကာ အတင်းဝင်ရောက်ခဲ့၏။ ကြည့်ရှုရသည်မှာ ပြဿနာလာရှာသည်နှင့် ဆင်တူလှသည်။
မဟုတ်ပေ။ လာလည်ဖြင်းသာဖြစ်၏။
အဝင်ဝတွင်အစီအရင်များ ရှိနေသောကြောင့်မချိုးဖြတ်ဘဲနှင့် မည်သို့ဝင်ရမည်နည်း။ ထို့ကြောင့်ချိုးဖြတ်ကာ ဝင်ရောက်ခြင်းပင်။
ဆွစ်ဆွစ်
တစ်ခုပြီးတစ်ခုကို ချိုးဖြတ်ပြီးသည့်နောက်အလင်းတန်းများသည်ပျောက်ကွယ်သွား၏။ အင်ပါရီယန်နတ်ဓားဂိုဏ်း အနေနှင့် ၎င်းတို့၏အစီအရင်များချိုးဖြတ်ခံလိုက်ရသည်ကို သိရှိပြီးသည့်နောက်တပည့်အရေအတွက်များများပြားပြား တို့သည်အပြင်ဘက်ဆီသို့ထွက်ခွာလာခဲ့ကြ၏။နောက်ဆုံးအကြိမ်တုန်းကလိုပင် ၎င်းတို့အားလုံးသည်ဒေါသ တရားများနှင့် ပြည့်နှက်နေခဲ့သည်။
တည်နေရာတစ်ခုလုံးကို ဝိုင်းပတ်ကာ တားဆီးထားသည့်အစီအရင်ကို ကြည့်ရှုလိုက်သည်နှင့်ဤတည်နေရာသည်ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နိုင်သည့်အရာမဟုတ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။သို့ပေမဲ့အဆုံးသတ်မှာတော့တစ်စုံတစ်ယောက်သည်အစီအရင်ကို ချိုးဖြတ်ထားပြီး အထဲသို့ဝင်ရောက်လာခဲ့၏။ ဤုအရာမှာ အင်ပါရီယန် နတ်ဓားဂိုဏ်း၏ အခွင့်အာဏာကို စိန်ခေါ်ခြင်းနှင့်ပင်ဆင်တူနေ၏။
“ဝက်ဝံအသည်းနှင့် ကျားသစ်သည်းခြေကို စားထားလို့အင်ပါရီရယ်နတ်ဓားဂိုဏ်းထဲကို ဝင်လာရဲရတာလား။ ဒီလူကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်။”
အင်ပါရီယန်နတ်ဓားဂိုဏ်းမှတပည့်များသည်အတတ်နိုင်ဆုံး အရှေ့ဆီသို့အလျင်အမြန်ဖြင့်ပျံသန်းလာခဲ့ကြ၏။သို့ပေမဲ့ မြင်ကွင်းဆီသို့ရောက်ရှိသည့်အချိန်မှာတော့ နှင်းတောထဲတွင်မားမားမတ်မတ်ရပ်လျက်ရှိနေသည့်ရှေးရွက် သင်္ဘောကြီးကို မြင်လိုက်ရ၏။ အပေါ်တွင် ရှိနေသော သိုးမွှေးဝတ်စုံကို ဝတ်ဆင်ထားသည့်ကျွင်းချောင်ရှောင်းကို မြင်ရချိန်မှာတော့ သူတို့၏ မျက်နှာပေါ်မှရှိနေသော ဒေါသတရားများ ပျောက်ကွယ်ကာဖြင့်ထိတ်လန့်အားငယ်မှုများ ပေါ်ပေါက်လာခဲ့၏။
“သူပဲ … ဒါ ပြိုင်စံရှားဂိုဏ်းရဲ့ဂိုဏ်းချုပ်ပဲ။”
“အားလုံးပဲ။”
ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင်အပြစ်ကင်းစင်လှသော အပြုံးတစ်ခုဖြစ်တည်လာခဲ့၏။သူက ပြောလိုက်သည်။ “ဒီကို ထပ်ရောက်လာခဲ့ပြီ။ ခင်ဗျားတို့မကြိုဆိုဘူးလား။”
ချီးကို ကြိုဆိုရမှာလား။ အင်ပါရီယန်နတ်ဓားဂိုဏ်းသည်လက်တလောတွင်သိုသိုသိပ်သိပ်ဖြင့်နေထိုင်ထားခဲ့ကြ၏။လောကကြီးတစ်ခုလုံးနှင့် အဆက်အသွယ်ဖြတ်တောက်လုမတတ်ပင်သိုသိုသိပ်သိပ်နေထိုင်နေခြင်းဖြစ်သည်။
အဘယ့်ကြောင့်နည်း။ အဘယ့်ကြောင့်ဆိုသော်သူတို့နှင့် ပြဿနာဖြစ်ပွားခဲ့သည့်လူသည်ဖန်းချီမိုးကောင်ကင်တောင်တန်းဆီမှလူဖြစ်ပြီး ၎င်း၏ ဆရာသည် ကြီးမြတ်သူ တုံးကု ဖြစ်နေသောကြောင့်ပင်။
ဤကဲ့သို့သောဆရာကြီးသည်သူတို့အနေနှင့် သွားရောက်ကာ ပြဿနာရှာနိုင်သည့် လူမျိုးမဟုတ်ချေ။အထူးသဖြင့်မွန်းစတားကလန်အသီးသီးမှထိပ်တန်းကျင့်ကြံသူများသည် ပြိုင်စံရှားဂိုဏ်းကို လာရောက်စုဝေးခဲ့စဉ်ကပင်အားလုံး ပြေလည်အောင်ဖြေရှင်းနိုင်ခဲ့သည့်ဆရာကြီးလည်းဖြစ်၏။
ထို့ကြောင့်ပင်လျှင်ထိုသတင်းကို ကြားရှိပြီးသည့်နောက်သူတို့သည်ရက်ပေါင်းများစွာကြာ ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားခဲ့ရ၏။ တစ်ဖက်လူအနေနှင့် သူတို့ဆီကိုလာပြီး ရုတ်တရက် ပြဿနာရှာမည်ကိုလည်း စိုးရိမ်လာမိ၏။ ကံကောင်းစွာဖြင့် ၃ နှစ်တိတိ ကြာမြင့်ပြီးသည့်နောက်မှာတော့တစ်ဖက်လူသည်ရောက်ရှိမလာခဲ့ချေ။အားလုံး စိတ်အေးချမ်းသာစွာ ရရှိပြီဟု တွေးတောထားသည့်အချိန်မှာတော့တစ်ဖက်လူသည်ရောက်ရှိလာခဲ့သည်။
“အားလုံးပဲ။”
အင်ပါရီယန် နတ်ဓားဂိုဏ်း၏ အဓိကဟောခန်းထဲမှာတော့ဂိုဏ်းချုပ်ချောင်ပိုင်ရှို သည်လေးနက်တည်ကြည်စွာ ဖြင့် ပြောလိုက်၏။
“လက်ရှိ အခြေအနေမှာ ကျုပ် စိတ်ထဲ ဘဝင်မကျသလို ခံစားနေရတယ်။မကောင်းတဲ့အခြေအနေတစ်ခု ဖြစ်ပေါ် လာမှာကို စိုးရိမ်မိတယ်။”
များပြားလှသော အကြီးအကဲများမှာလည်း သံပြိုင်ပြောလိုက်ကြ၏။ “ကျုပ်တို့လည်း ဒီလို ခံစားနေရတယ်။”
“ဂိုဏ်းချုပ်”
ရုတ်တရက်ဆိုသလိုပဲ ဟောခန်း၏ အပြင်ဘက်ဆီမှကျယ်လောင်စွာ အော်ဟစ်လိုက်သော အသံတစ်ခုထွက်ပေါ်လာ၏။ “တစ်စုံတစ်ယောက်…တစ်စုံတစ်ယောက်က ဂိုဏ်းထဲကို ချိုးဖောက်ပြီး ဝင်ရောက်လာတယ်။”
ချောင်ပိုင်ရှိုနှင့် တခြားသောအကြီးအကဲများသည်အလောတကြီးဖြင့်ရှေ့ကို ထွက်လျှောက်လိုက်၏။တောင်၏ဂိတ်တံခါးရှေ့တွင် ရွက်သင်္ဘောကြီးတည်ရှိနေသည်ကို မြင်ရသည့်အချိန်မှာတော့အားလုံးသည်အံ့အားသင့်လျက်ရှိနေ၏။ အဘယ့်ကြောင့်ဆိုသော် ရွက်သင်္ဘောကြီးပေါ်တွင်ရှေးရွက်သင်္ဘောဟု ရေးထိုးထားသောကြောင့်ပင်။
“သွားပြီ။” တစ်ဖက်လူသည်သူတို့အား လာရောက်ကာ ရှာဖွေပြီဖြစ်သည်။
လက်ရှိအခြေအနေမှာတော့ချောင်ပိုင်ရှိုနှင့် တစ်ခြားသောအကြီးအကဲများအားလုံးသည်အဘယ့်ကြောင့်ရင်ထဲတွင်မကောင်းသလို ခံစားနေရကြောင်း နောက်ဆုံးတော့နားလည်လိုက်ကြ၏။
သူတို့အနေနှင့် အချိန်အတော်ကြာ ပုန်းအောင်းနိုင်ခဲ့သည်ဆိုသော်လည်း တစ်သက်လုံး ပုန်းအောင်းနိုင်ခဲ့သည်တော့မဟုတ်ပေ။
“ဂိုဏ်းချုပ်ချောင်”
ကျွင်းချောင်ရှောင်းသည်ပဲ့ဦးတွင်ပေါ်ပေါက်လာခဲ့ပြီးသည့်နောက်လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “လင်းဖန်တောင်ကနေ ခွဲခွာခဲ့ပြီးတဲ့နောက်မှာ ပြန်တွေ့ရတဲ့အတွက်တကယ့်ကို လွမ်းဆွတ်မိတယ်။ဒါကြောင့်ဒီနေ့လာလည်ရတာပဲ။”
အစောတုန်းက အစီအရင်များကို အတင်းချိုးဖြတ်ခဲ့သည့်အကြောင်းအရာများကို လစ်လျူရှုကာဖြင့် ကျွင်းချောင်ရှောင်းသည်အမှန်ပင်ယဉ်ယဉ်ကျေးကျေး ပြောဆိုလျက်ရှိနေသည်။
“……….”
ချောင်ပိုင်ရှို၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည်ပျက်ယွင်းသွားခဲ့၏။သူ၏ ဂိုဏ်းအထက်တွင် ရွက်သင်္ဘောကြီးကို စီးနင်းကာ ဝင်ရောက်လာခဲ့၏။ဤအရာသည်မောက်မာလွန်းသော အသွင်အပြင်ပင် ဖြစ်ပေ၏။ ပြဿနာလာရှာခြင်း မဟုတ်ပေဘူးလား။
အထက်ပိုင်းအကြီးအကဲများသည်လည်း အလွန်ဒေါသထွက်လျက်ရှိ၏။ သို့ပေမဲ့သူတို့သည်မည်သည့်စကားမှမဆိုရဲချေ။အဘယ့်ကြောင့်ဆိုသော်တစ်ဖက်လူ၏ အော်ရာများသည်သူတို့အတွက်မည်သို့မျှအားမနည်းလှချေ။
ရွှမ်အဆင့်ဂိုဏ်းတစ်ခု၏ အထက်ပိုင်းအကြီးအကဲများသည်အမြုတေပြောင်းလဲခြင်းအဆင့် ၂ ၊အဆင့် ၃ကျင့်ကြံသူ များဖြစ်ကြ၏။ ထို့ကြောင့်အဆင့် ၇တွင်တည်ရှိသော ကျွင်းချောင်ရှောင်းအနေနှင့် ထိုသူများအားလုံးကို ဖိနှိပ်ထားနိုင်သည်မှာ သံသယရှိစရာ မလိုချေ။
“ဂိုဏ်းချုပ်ကျွင်း။”
ချောင်ပိုင်ရှိုသည်လေးလေးနက်နက်ပြောလိုက်သည်။ “ဒီလိုမျိုးလာရောက်လည်ပတ်တယ်ဆိုတာ မသင့်တော်ဘူး လို့မခံစားရဘူးလား။”
ကြီးမြတ်သူတုံးကုကဲ့သို့သော ဆရာတစ်ယောက်တည်ရှိနေသောကြောင့်ကိုယ့်ကိုယ်ကို အံ့အားသင့်စရာကောင်းသည့်လူတစ်ယောက်ဟု ထင်မှတ်နေပေသည်လား။ သူတို့၏အင်ပါရီယန်နတ်ဓားဂိုဏ်းသည်ရွှမ်အဆင့် (နတ်) ဂိုဏ်းတစ်ခု ဖြစ်သည်ဆိုလျှင်တောင်မှဤကဲ့သို့အရှက်ကွဲမှုကို ခံယူလိမ့်မည် မဟုတ်ချေ။
ဆွစ်ဆွစ် ….။
ထိုအချိန်မှာပဲ များပြားလှသည့်အလင်းတန်းများသည် ရွက်သင်္ဘောကြီးဆီမှဆင်းသက်လာခဲ့၏။ချောင်ပိုင်ရှိုနှင့် တခြားသောအကြီးအကဲများအားလုံးသည်တစ်ဖက်လူအနေနှင့် ဓားနည်းစနစ်များကို အသုံးပြုလိုက်သည်ဟု ထင်မှတ်ခဲ့၏။ထို့ကြောင့်လျင်လျင်မြန်မြန်ပဲ ၎င်းတို့၏ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်လိုက်သည်။
ရှလွမ်ရှလွမ်ရှလွမ်
အင်ပါရီယန်နတ်ဓားဂိုဏ်းမှအဖွဲ့ဝင်များအားလုံးသည်လည်း ၎င်းတို့၏လက်နက်များကို ဆွဲထုတ်ကာဖြင့်တိုက်ခိုက်ရန်အဆင်သင့်ပြင်ထားလိုက်ကြ၏။သို့ပေမဲ့ဓားအလင်းတန်းများသည်သူတို့ကို တိုက်ခိုက်ခြင်းမဟုတ်ပေ။
ဟောခန်း၏ အပြင်ဘက်မြေပေါ်တွင်စိုက်လျက်ရှိနေ၏။ အလင်းတန်းများ ပျောက်ကွယ်သွားပြီးသည့်နောက်များပြားလှသည့်ဓားများသည်သူတို့၏ရှေ့တွင်ပေါ်ပေါက်နေ၏။
“ဂိုဏ်းချုပ်ချောင်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ် အထက်နယ်မြေကို ပထမဦးဆုံး ရောက်ရှိလာတဲ့အချိန်တုန်းက ခင်ဗျားတို့ဂိုဏ်းက ကျုပ်ကို ဓားပျံတွေပေးခဲ့တယ်လေ။ အဲဒါအကြွေးတင်နေတာ။ ဒီနေ့ ပြန်လာပေးတာပါပဲ။”
…
ချောင်ပိုင်ရှိုသည်သွေးအန်လုမတတ်ပင် ဖြစ်နေ၏။ ဤဓားပျံများသည်တစ်ဖက်လူ ခိုးယူသွားခဲ့သည့်အရာများပင် ဖြစ်သည်။သူတို့ဂိုဏ်းသည်တစ်ချက်ကလေးမှမပေးခဲ့ချေ။
ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်၏။ “ဓားငှားတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒါပေမဲ့ဓားတစ်ချောင်းအတွက်နဲ့ ကျုပ်ကို လိုက်ပြီး သတ်တာကြီးကတော့”
သူသည်လေ့ကျင့်ရေးကွင်းပေါ်သို့ခုန်ဆင်းလိုက်၏။ ပြီးနောက် ပြုံးကာ ပြောလိုက်သည်။ “အဲအခြေအနေတစ်ခုလုံးကို ပြန်ပြီးတော့ သေသေချာချာ စဉ်းစားဖို့လိုပြီ။”
ထင်မှတ်ထားသည့်အတိုင်းပင်။တစ်ဖက်လူသည် ပြဿနာလာရှာခြင်းပင်ဖြစ်သည်။သူ့၌လုံလောက်သည့်အားအင်မရှိသည့်အချိန်တွင်ပုန်းအောင်းကာ နေပေလိမ့်မည်။သို့ပေမဲ့လုံလောက်သည့်အားအင်အဆင့်ကို ပိုင်ဆိုင်သည်ဆိုသည်နှင့်တစ်ဖက်လူအား ဖိနှိပ်နှိပ်ကွပ်တတ်သည့်အကြောင်းအရာသည် ကျွင်းချောင်ရှောင်း၏ ပုံပန်းသွင်ပြင်ပင် ဖြစ်၏။
“အင်း”
စနစ်က ပြောလိုက်သည်။ “လက်ခံသူကတော့ဒုက္ခပေးပြီ။”
“ဂိုဏ်းချုပ်ချောင်”
“ဂိုဏ်းချုပ်ကျွင်း”
ချောင်ပိုင်ရှိုသည်မျက်မှောင်ကုတ်လိုက်၏။ “လင်းဖန်တောင်ပေါ်မှာတုန်းက ခင်ဗျားတို့ဂိုဏ်းနဲ့ ကျုပ်တို့ဂိုဏ်းရဲ့ ကြားက ရန်ကြွေးက ပြီးသွားပြီလို့ ပြောခဲ့တယ်လေ။”
“အမှန်ပါပဲ။”
ကျွင်းချောင်ရှောင်းသည်ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ “ကျုပ် အဲစကားကို တကယ်ပြောခဲ့တယ်။ဒါပေမဲ့ …”
သူသည်ခဏလောက်ရပ်တန့်လိုက်၏။ ပြီးနောက် ပြုံးကာ ပြောလိုက်၏။ “ပြောရမယ်ဆိုလျှင်ဂိုဏ်းချုပ်ချောင်အနေနဲ့ ကျုပ်နဲ့ယှဉ်ပြိုင်တိုက်ခိုက်ခဲ့တဲ့အချိန်တုန်းက ဂိုဏ်းနှစ်ခုကြားမှာ ရန်ကြွေးတွေအများကြီးရှိခဲ့တယ်ဆိုပြီး ပြောခဲ့သေးတယ်မဟုတ်လား။ တစ်ခုပဲ ပြီးသွားတာလေ။”
“………”
တစ်ဖက်လူသည်အရှက်မဲ့စွာဖြင့်သူ့အား ဒုက္ခလာပေးသည်ဖြစ်ကြောင်းကို ချောင်ပိုင်ရှိုက ကောင်းကောင်းနားလည်မိလိုက်သည်။
“ကျွင်းချောင်ရှောင်း”
အထက်ပိုင်းအကြီးအကဲများထဲမှတစ်ယောက်သည်မည်သို့မှမခံစားနိုင်တော့ဟန်ဖြင့် ရုတ်တရက်ထကာ အော်ဟစ်လိုက်၏။ “လာပြီးတော့အနိုင်..”
သူ၏ အသံသည် ရုတ်တရက်ရပ်တန့်သွား၏။ အဘယ့်ကြောင့်ဆိုသော် ၎င်း၏အရှေ့တွင်ရှောင်မုန့်ယဉ်က ပေါ်ပေါက်လာခဲ့၏။ ပြီးနောက်သူမ၏ သေးငယ်လှသည့်လက်လေးကို မြှောက်ကာဖြင့်တစ်ဖက်လူအား ရိုက်နှက်လိုက်သည်။
ဘုန်း
အင်ပါရီယန်နတ်ဓားဂိုဏ်း၏ အကြီးအကဲသည်အမြှောက်ဆန်ကဲ့သို့ပင်အဓိကဟောခန်းထဲမှအပြင်ဘက်ဆီသို့လွှင့်စင်သွားခဲ့၏။
ပေ ၁၀၀၀ လောက်အကွာအဝေးကို ရောက်သည့်အချိန်မှာတော့မြေပေါ်သို့ ပြုတ်ကျကာ သတိလစ်မေ့မျောသွားသည်။
“ကျွန်မဂိုဏ်းချုပ်ရဲ့နာမည်အရင်းကို ဘယ်သူက ခေါ်ရဲတာလဲ။”
ရောင်မုန့်ယဉ်သည်လက်များကို အသာခါယမ်းကာဖြင့်အေးစက်စက်ပြောလိုက်၏။ “ခေါ်ရဲတဲ့လူတွေအကုန်လုံးက သေမယ်။”
သူမသည်သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်ကို အမွေဆက်ခံရရှိခဲ့ပြီးဖြစ်၏။သူမသည် ကြမ်းတမ်းလွန်းလှသော နတ်ဆိုးချီများကို ရည်ရွယ်ချက်ရှိရှိနှင့် ထုတ်လွှင့်ထားခြင်းမရှိဘူးဆိုလျှင်တောင်မှသူမ၏ အကြည့်နှင့်စကားလုံးများ သည်ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။
ချောင်ပိုင်ရှိုနှင့် တစ်ခြားသောလူများသည် ကြက်သီးမွေးညှင်းများပင်ထသွားကြ၏။
ကျွင်းချောင်ရှောင်းသည် ပြုံးကာ ဖြင့် ဆက်ပြောလိုက်သည်“ဂိုဏ်းချုပ်ရှောင် …. ခင်ဗျားရဲ့အကြီးအကဲက တကယ့်ကို စည်းမျဉ်းစည်းကမ်းနားမလည်တဲ့လူပဲ။ ဒီတော့ ကျုပ်တပည့်ကို သင်ကြားပြသပေးဖို့ခိုင်းလိုက်တာပါ။အဆင်ပြေတယ်မဟုတ်လား။”
“ဂိုဏ်းချုပ်ကျွင်း”
ချောင်ပိုင်ရှိုသည်ဒေါသတကြီးဖြင့်အော်ဟစ်လိုက်၏။ “ခင်ဗျားရဲ့ဆရာက ကြီးမြတ်သူ တုံးကုဖြစ်တယ်ဆိုတာကို စဉ်းစားပြီးတော့ ကျုပ်က သည်းခံခဲ့တာပဲ။ ဒါပေမဲ့အင်ပါရီယန်နတ်ဓားဂိုဏ်းဆိုတာက လွယ်လွယ်ကူကူနဲ့လာပြီး အနိုင်ကျင့်လို့ရတဲ့အရာတစ်ခုလို့ထင်မနေနဲ့။”
ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်သည်။ “အခု ခင်ဗျားပြောသလိုဆိုလို့ရှိရင်ခင်ဗျားဆီမှာ ကျုပ်ကို နိုင်ကိုနိုင်မဲ့ ဝှက်ဖဲမျိုး ရှိတဲ့ပုံပဲ။”
ရွှီ
ချောင်ပိုင်ရှိုသည်သေသပ်လှပလွန်းလှသော ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာဖြင့်အေးစက်စက်ပြောလိုက်၏။ “ဒါကို ဘာလို့ထင်လဲ။”
“ဘာလဲ။”
“ဒါက နယ်မြေဟောခန်းက ထုတ်လုပ်ပေးထားတဲ့ဂုဏ်ပြုခံဂိုဏ်းတံဆိပ်ပြားပဲ။ ဂိုဏ်းတစ်ခုခု အန္တရာယ်တွေ့နေ ပြီဆိုရင် နယ်မြေဟောခန်းက လာပြီးတော့ကာကွယ်ပေးလိမ့်မယ်။”
“ဟမ့်”ကျွင်းချောင်ရှောင်းသည် နှာခေါင်းသာ ရှုံလိုက်မိသည်။