← Chapters

အခန်း ၁၅၂၇

Vol. 103 Ch. 1527

အခန်း ၁၅၂၇

Vol. 103 Ch. 1527

အပိုင်း (၁၅၂၇)

ဂိုဏ်းတစ်ခုသည် နယ်မြေဟောခန်း၏ အသိအမှတ်ပြုမှုကို ရရှိပါက အသိအမှတ်ပြုကတ်ပြားကို ရရှိမည် ဖြစ်သည်။ ပြောရလျှင် ထိုအရာသည် ထိုက်တန်လှသည့် အရာတစ်ခုမဟုတ်ချေ။ သို့ပေမဲ့ အန္တရာယ်ကျရောက်သည့် အချိန်တွင် အကူအညီပေးနိုင်သည့် အရာဖြစ်၏။

နယ်မြေဟောခန်းသည် ကပ်ဘေးကြီးကျရောက်ချိန်တွင် အကူအညီပေးမည်ဟူသော ကတိကဝတ်ကို ထားရှိခဲ့၏။ ထို့ကြောင့် အဓိကဂိုဏ်းတော်တော်များများ ထိုအရာကိုရရှိရန် မျှော်လင့်နေကြသည်။

ထိုအရာသည် အကာအကွယ်အဆောင်ကဲ့သို့ပင် ဖြစ်၏။ ထို့ကြောင့် ဤကတ်ပြားအား ဂိုဏ်းတိုင်း လိုချင်နေကြ၏။ သို့ပေမဲ့ ဂိုဏ်းတိုင်း မရရှိခဲ့ကြချေ။ ဂိုဏ်းအနည်းငယ်သာ ရရှိခဲ့၏။

အင်ပါရီယန်နတ်ဓားဂိုဏ်းသည် ထိုဂိုဏ်းများထဲမှ တစ်ခုအပါအဝင်ပင် ဖြစ်၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ တစ်စုံတစ်ယောက်သည် ၎င်းတို့၏ ဌာနေထဲသို့ ဝင်ရောက်ကာ ပြဿနာရှာလျက်ရှိနေ၏။ ထို့ကြောင့် ဂိုဏ်းသည် အန္တရာယ်ရှိနေပြီဖြစ်၏။ ဤကတ်ပြားကို ချိုးဖျက်ပြီးနောက် နယ်မြေဟောခန်းကို အကူအညီတောင်းနိုင်သည်။

ကံဆိုးစွာဖြင့် လာရောက်ပြဿနာရှာနေသူသည် ကျွင်းချောင်ရှောင်း ဖြစ်နေ၏။ ဤလူသည် အောက်နယ်မြေတွင် နေစဉ်ကတည်းက နယ်မြေဟောခန်းကို သဘောကျခဲ့သူတစ်ယောက် မဟုတ်ချေ။ ထိုအရာကို မည်ကဲ့သို့ အသုံးပြုရမည်ကို သိရှိပြီးနောက် လုံးဝဂရုမစိုက်ခဲ့ချေ။ ဤကတ်ပြားသည် မဟာမိတ်အဖွဲ့များကို ဆက်သွယ်နိုင်သည် ဆိုလျှင်တောင်မှ ကုန်းရှန့်သည် အနည်းငယ် လေးစားသမှု ပြုပေလိမ့်မည်။ သို့ပေမဲ့ နယ်မြေဟောခန်းပါဝင်လာလျှင်တော့ သူ့အနေဖြင့် ဂရုစိုက်လိမ့်မည် မဟုတ်ချေ။

ကျွင်းချောင်ရှောင်းတွင် ဆရာ၏ ကာကွယ်ပေးမှုရှိနေကြောင်း ချောင်ပိုင်ရှိုက ကောင်းကောင်းသိ၏။ ထို့ကြောင့် နယ်မြေဟောခန်းကို မကြောက်ရွံ့နိုင်ချေ။ ထို့ကြောင့်ပင်လျှင် ယုံကြည်ချက်မရှိသော်လည်း ထုတ်ကာ ခြောက်လန့်ခဲ့ခြင်း ဖြစ်၏။

"ငါသူ့ကို လင်းဖန်တောင်မှာတုန်းက ရှုံးနိမ့်ခဲ့တယ်။ ရန်ငြိုးတွေ အကုန်ပြီးစီးသွားပြီလို့ သဘောတူညီခဲ့တယ်လေ။ ဒါပေမဲ့ ဘာကြောင့် လာပြီးတော့ ပြဿနာရှာရတာလဲ"

ကြီးမြတ်သူ တုံကုသည် သူ့တပည့်တစ်ယောက် အကြောင်းအရာမရှိ လာရောက်ပြဿနာရှာခြင်းကို ခွင့်ပြုပေးလိမ့်မည် မဟုတ်ဟု သူကယုံကြည်နေမိ၏။

ပိုမိုအားကောင်းလာသည့်အချိန်တွင် လုပ်ချင်တာလုပ်နိုင်စွမ်း ရှိ၏။ သို့ပေမဲ့ အားနည်းနေသည့် အချိန်တွင်တော့ အကြောင်းပြချက်ကို ရှာဖွေရပေလိမ့်မည်။ သေချာပေသည်၊ သိုင်းကျင့်ကြံခြင်းလောကတွင် ဤအရာသည် လောက၏ နိယာမတစ်ခုပင် ဖြစ်သည်။

"ဂိုဏ်းချုပ်ကျွင်း"

ချောင်ပိုင်ရှို က အေးအေးဆေးဆေးပင် ပြောလိုက်၏။ "ဒီကတ်ပြားကို ချိုးဖျက်လိုက်ပြီ ဆိုတာနဲ့ နယ်မြေဟောခန်းက တစ်စုံတစ်ယောက်ကို ကျိန်းသေပေါက် စေလွှတ်လိမ့်မယ် ။ တိုက်ပွဲတွေဖြစ်လာတဲ့ အခါကျရင် ခင်ဗျားရဲ့ဆရာ ကြီးမြတ်သူတုံးကုကလည်း မျက်နှာပျက်ရလိမ့်မယ်နော်"

"အဆင်ပြေတယ်"

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ကျုပ်ရဲ့ဆရာက လွတ်လွတ်လပ်လပ်နဲ့ တည်ရှိနေထိုင်နေတာ။ ဂိုဏ်းသိက္ခာတွေကို သိပ်ပြီး ဂရုစိုက်တတ်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ ပြီးတော့ ရှက်တတ်တဲ့ပုံလည်း ရှိပုံမပေါ်ပါဘူး"

ကြီးမြတ်သူတုံကုသာ ကြားသည်ဆိုပါက ဖိနပ်ကိုချွတ်ကာ တစ်ဖြောင်းဖြောင်း လာရိုက်ပေလိမ့်မည်။ "မင်းကသာ အရှက်မရှိတာ ငါကရှိတယ်ကွ"

"…..."

ချောင်ပိုင်ရှို သည် စိတ်ဓာတ်ကျလျက် ရှိနေ၏။ ထိုအရာကို ချိုးဖျက်ရမည်လား၊ မချိုးဖျက်ရဘူးလား။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် ဤအရာသည် တစ်ခါသုံးပစ္စည်းသာဖြစ်၏။ တစ်ခါချိုးဖျက်လိုက်သည်နှင့် ထပ်မံအသုံးပြု၍ မရတော့ချေ။ ကိစ္စကို သေးနိုင်သမျှသေးအောင် ညှိနှိုင်းသင့်သည်လား။

"နေအုံး။ ငါ့ကတ်ပြားဘယ်ရောက်သွားလဲ"

အတွေးနက်လျက်ရှိနေသော ချောင်ပိုင်ရှိုသည် ရုတ်တရက် သူ၏ ကတ်ပြားပျောက်သွားသည်ကို သိရှိလိုက်ရ ၏။ အလောတကြီးဖြင့် ခေါင်းမော့ကာ ကြည့်ရှုလိုက်သည့် အခါမှာတော့ ထိုကတ်ပြားအား ဆော့ကစားနေသည့် ကျွင်းချောင်ရှောင်းကို မြင်လိုက်ရ၏။

"ဒီနေ့မှာ နယ်မြေဟောခန်းက ဘာလုပ်နိုင်လဲဆိုတာ ကျုပ်ပြမယ်"

ဖောက်

ကတ်ပြားသည် ချိုးဖျက်သွားသည်။ သူသည်အမှန်ပဲ ကတ်ပြားကို ကိုယ်တိုင်ချိုးဖျက်ခဲ့၏။ ကတ်ပြားကျိုးပျက်ပြီးနောက် ဖြစ်တည်လာသည့် အစီအရင်များသည် တစ်စုံတစ်ခုကို အချက်ပြလိုက်သလို ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။

"ဒါက အချက်ပြတဲ့ အရာလိုမျိုးပဲလား" ကျွင်းချောင်ရှောင်းက ခေါင်းကိုမော့ကာ မေးလိုက်၏။

"အချက်ပြမှု …. နယ်မြေဟောခန်းရဲ့ကတ်ပြားကို တစ်စုံတစ်ယောက်က ချိုးဖျက်လိုက်တာပဲ။”

“နယ်မြေဟောခန်းရဲ့ အကူအညီကို တစ်စုံတစ်ယောက်က လိုအပ်နေပြီ။ ဒီတည်နေရာက အင်ပါရီယန်နတ်ဓားဂိုဏ်းရဲ့ တည်နေရာပဲ"

အနီရောင် အလင်းတန်းများသည် တိမ်များကိုပင် ထိုးဖောက်သွား၏။ ထို့ကြောင့် အထက်နယ်မြေတွင် ရှိနေသော သိုင်းကျင့်ကြံသူများသည် ကြောင်အသွားကြ၏။ အားလုံးသည် ရုတ်ရုတ်သံသံပင် ဖြစ်ကုန်၏။ တော်တော်များများသည် ဤကတ်ပြားအကြောင်းကို သိရှိကြ၏။ ဤကတ်ပြားကို ချိုးချေလိုက်သည်နှင့် နယ်မြေဟောခန်းသည် လာရောက်ကာ ကူညီပေလိမ့်မည်။ နယ်မြေဟောခန်းကိုပင် မကြောက်လန့်ဘဲ မည်သူက ပြဿနာရှာနေသနည်း။

"နယ်မြေဟောခန်းကာကွယ်ပေးထားတဲ့ ဂိုဏ်းတစ်ခုကို ဘယ်သူကလာပြီးနောက် တိုက်ခိုက်ရဲတာလဲ။ ကတ်ပြားက တစ်ကယ့်ကို အရေးကြီးတဲ့အချိန်ရောက်မှပဲ ချိုးခြေရတာလေ။ အင်ပါရီယန်နတ်ဓားဂိုဏ်းက တကယ့်ကို အကြီးအကျယ် အန္တရာယ်ကျရောက်နေပြီထင်တယ်။ သွားကြရအောင်။ သွားကြည့်ရအောင်"

ဆွစ် ဆွစ် ….။

တည်နေရာထဲတွင် ရှိနေသော သိုင်းကျင့်ကြံသူများသည် စတင်ကာ ရွေ့လျားနေကြ၏။ နယ်မြေဟောခန်းသည်လည်း ထိုင်မနေနိုင်တော့ချေ။ အချက်ပြမှုသည် အင်ပါရီယန်နတ်ဓားဂိုဏ်းမှ ထွက်ပေါ်လာ၏။ ဤအရာသည် ရွှမ်အဆင့်ဂိုဏ်းတစ်ခုပင်ဖြစ်၏။ မည်သူသည် နယ်မြေဟောခန်းကို ဆန့်ကျင်၍ ပြဿနာရှာရဲသည်ကို အားလုံးက သိချင်နေမိကြ၏။ စိတ်ဝင်စားမှု ဤအရာသည် လူတို့၏ စိတ်ထဲတွင် တည်ရှိနေသော အရာကြီးတစ်ခုပင် ဖြစ်၏။

ဟမ်

ထူးခြားလိုဏ်ဂူကြီး၏ အတွင်းဖက်မှာတော့ စစ်တုရင်ကစားနေသော ကြီးမြတ်သူတုံကုသည် အနီရောင် အလင်းတန်းများကို သတိပြုမိသွား၏။ သူသည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ "ဂိုဏ်းတစ်ခုက နယ်မြေဟောခန်းကို အကူအညီတောင်းနေတာပဲ။ နယ်မြေဟောခန်းရဲ့ ကတ်ပြားကို ရထားတဲ့ဂိုဏ်းဆိုတော့ ရွှမ်အဆင့်ဂိုဏ်းပဲ ဖြစ်ရမယ်"

"ပြီးတော့ ဘယ်သူကများ ပြဿနာရှာဖို့ သတ္တိရှိနေရတာလဲ" မာစတာတိုကီတာနိုက မေးလိုက်သည်။

ကြီးမြတ်သူတုံက ပြောလိုက်၏။ "အာရုံမလွင့်စေနဲ့။ စစ်တုရင် ဆက်ကစားရအောင်"

သူတို့အနေဖြင့် ပြဿနာလာရှာသူမှာ နတ်ဆိုးဘိုးဘေးမဟုတ်လျှင် စကားထဲပင်ထည့်၍ပြောရအောင် မထိုက်တန်လှချေ။

"…..."

နယ်မြေဟောခန်းအတွင်းမှာတော့ အနီရောင်အလင်းတန်း တောက်ပလာသည်ကို မြင်ရချိန်တော့ များပြားလှသော သိုင်းကျင့်ကြံသူများအဖွဲ့သည် အင်ပါရီယန်နတ်ဓားဂိုဏ်းဆီသို့ ဦးတည်ပျံသန်းကြသည်။

ကျွင်းချောင်ရှောင်းသည် သရဲစစ်သူကြီးနံပါတ်ငါး ပြင်ဆင်ပေးထားသော ထိုင်ခုံပေါ်တွင် ထိုင်ကာဖြင့် လွတ်လွတ်လပ်လပ် ရှိနေခဲ့သည်။ ရွှမ်အဆင့်ဂိုဏ်းသည် နယ်မြေဟောခန်း၏ ကာကွယ်ပေးမှုကို ခံထားရသည်ဆိုမှတော့ သူ့အနေဖြင့် ဘာလုပ်နိုင်သည်ကို သေသေချာချာ ပြသရပေလိမ့်မည်။ အကြွေးများကို ဖြေရှင်းသည့်နေရာတွင် သူ့အား မည်သူမှ တားဆီး၍မရနိုင်ချေ။ ကုန်းရှန့်သည် အမှန်တကယ့်ပင် မောက်မာလွန်းရုံသာမက နေနှင့်ပင် ရင်ဘောင်တန်းနိုင်သော အဆင့်သို့ပင် ရောက်ရှိနေ၏။

မျေက်နှာအမူအရာသည် ပျက်ယွင်းသွားခဲ့၏။ တစ်ဖက်လူသည် သူ့လက်ထဲတွင် ရှိနေသော ကတ်ပြားကို လုယူကာဖြင့် ချိုးချေလိုက်မည်ဟု ဘယ်တုန်းကမှ မထင်မှတ်ခဲ့ချေ။ ကြီးမြတ်သူတုံကု၏ အကာအကွယ်ရှိနေသောကြောင့် တစ်ဖက်လူသည် တစ်လောကလုံးတွင် ပြိုင်ဖက်ကင်းဖြစ်နေသည်ဟု ထင်နေလားမသိချေ။

ဟမ့်

ကျွင်းချောင်ရှောင်းနှင့် ဟေုတ်ပေသည်။ သိုင်းကျင့်ကြံသူ တော်တော်များများကလည်း ဤနေရာတွင် ရောက်ရှိနေပြီ ဖြစ်၏။ ၎င်းတို့အနေဖြင့် အင်ပါရီယန်နတ်ဓားဂိုဏ်း တည်နေရာအတွင်းသို့ မဝင်ကြသော်လည်း အပြင်ဖက်တည်နေရာစည်းသည် ကျိုးပျက်နေပြီဖြစ်ကြောင်း မြင်လိုက်ရသည်။

ထို့ကြောင့် လာရောက်ကြသည့် လူများသည် ချစ်ခင်ရင်နှီးစွာ လာရောက်ခြင်းမဟုတ်ဘဲ ပြဿနာလာရှာခြင်းဖြစ်ကြောင်းသိရှိနိုင်၏။ ဤရွှမ်အဆင့် ဂိုဏ်းတစ်ခုသည် ရရှိထားသော ကတ်ပြားကို ချိုးချေခဲ့သည်မှာ အံ့အားသင့်ဖွယ် မဟုတ်တော့ချေ။

"ဘယ်သူလဲ"

အားလုံးတို့သည် ၎င်းတို့၏ စိတ်ဝိညာဉ်များကို ဖြန့်ကျန့်ကာ ကြည့်ရှုလိုက်ကြ၏။ မကြာခင်မှာပဲ အင်ပါရီယန်နတ်ဓားဂိုဏ်း၏ အပေါ်ဖက်တွင် ရှိနေသော ရွက်သင်္ဘောကြီးကို မြင်လိုက်ရ၏။

"ရှေးရွက်သင်္ဘောလား။ ဒါ ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပေါ့”

“ဒီဂိုဏ်းနှစ်ခုက ရန်ငြိုးရှိတယ်လို့ ကျုပ်တို့ကြားခဲ့တာ။ အခု သူတို့က ပြဿနာလာရှာနေပြီလား”

“အင်ပါရီယန်နတ်ဓားဂိုဏ်းရဲ့ တည်နေရာထဲအထိဝင်ပြီးတော့ ကတ်ပြားကို ချိုးချေရတဲ့အထိ တွန်းအားပေးနိုင်တယ်ဆိုတော့ ကျုပ်အထင် ဂိုဏ်းကိုဖျက်စီးဖို့ လာတာပဲ ဖြစ်ရမယ်။”

“ပြိုင်စံရှားဂိုဏ်းက အခုမှ အထက်နယ်မြေကို တက်လှမ်းလာတာ။ ဒါပေမဲ့ ရွှမ်အဆင့်ဂိုဏ်းတစ်ခုကို ဖျက်စီးဖို့ အင်အားရှိနေပြီလား"

ကျွင်းချောင်ရှောင်းအနေဖြင့် အင်ပါရီယန်နတ်ဓားဂိုဏ်းအတွင်းသို့ ဝင်ရောက်သည်ကို အတည်ပြုပြီးနောက် အားလုံးသောသူများသည် အပူတပြင်း ဆွေးနွေးကြ၏။ တစ်ချိန်တည်းမှာပဲ ၎င်းတို့၏ နှလုံးသားထဲတွင် ချီးကျူးမှုများနှင့် ပြည့်နှက်နေခဲ့၏။ သူသည် ဖူးရှင်းဂိုဏ်းအားလည်း ဖျက်စီးခဲ့သေး၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ရွှမ်အဆင့်ဂိုဏ်းတစ်ခုအား နယ်မြေဟောခန်းကို အကူအညီတောင်းရသည်အထိ ဖိအားပေးလျက်ရှိနေ၏။ ကျွင်းချောင်ရှောင်းသည် ကြီးမြတ်သည့်အရာများကို ပြုလုပ်နိုင်သည့် တစ်စုံတစ်ယောက်သောသူပင် ဖြစ်ပေလိမ့်မည်။

ဝှစ် ဝှစ်

ထိုအချိန်မှာတော့ အလင်းတန်းများသည် ကောင်းကင်ထက်မှ ရောက်ရှိလာခဲ့၏။

"ဒါက နယ်မြေဟောခန်းကလူတွေ ရောက်လာတာပဲ။ ချီးတဲ့မှ တစ်ရာလောက်ရှိတယ်။ ကတ်ပြားကို အလေးအနက်ထားတဲ့ ပုံစံပေါက်တာပဲ"

အင်ပါရီယန်နတ်ဓားဂိုဏ်း

များပြားလှသော သိုင်းကျင့်ကြံသူများ နီးကပ်လာသည်ကို ကျွင်းချောင်ရှောင်းက သတိပြုမိ၏။ ထိုကြောင့် သူသည် ပြုံးကာပြောလိုက်၏။ "သူတို့က တော်တော်မြန်တာပဲ"

ချောင်ပိုင်ရှို သည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။ နယ်မြေဟောခန်းမှ လူများရောက်ရှိလာသည်နှင့် လုံခြုံပြီဖြစ်သည်။

"ဂိုဏ်းချုပ်ကျွင်း"

ချောင်ပိုင်ရှို က စိတ်သက်သာရာရသလို ပြောလိုက်၏။ "ကျုပ်တို့ဂိုဏ်းကြားမှာရှိတဲ့ ရန်ငြိုးဆိုတာက နားလည်မှုလွဲရုံသက်သက်ပါပဲ။ ကျုပ်တို့အနေနဲ့ အေးအေးဆေးဆေး စကားပြောပြီး ဖြေရှင်းလိုက်လို့ရတာပဲ။ နှစ်ဖက်လုံးခက်ခဲအောင် ပြုလုပ်ဖို့ မလိုဘူးမလား"

"အားနာပါတယ်"

ကျွင်းချောင်ရှောင်းသည် သူ၏နှာခေါင်းကို ပွတ်သပ်ကာပြုံးလိုက်သည်။ "နားလည်မှုလွဲတာ ခင်ဗျားဖက်ကလေ။ ကျုပ်ဖက်က မဟုတ်ဘူး"

ဝှစ် ဝှစ်

ထိုအချိန်မှာပဲ နယ်မြေဟောခန်းမှလူများသည် အင်ပါရီယန်နတ်ဓားဂိုဏ်း၏ နန်းတော်ဆီသို့ ပျံသန်းကာ ရောက်ရှိလာ၏။ ၎င်းတို့ ထုတ်ဖော်ထားသော အော်ရာများကို ကြည့်ရလျှင် အမြူတေပြောင်းလဲခြင်း အဆင့်ရှစ်နှင့် အဆင့်ကိုး ကျင့်ကြံသူများ ဖြစ်ပုံပေါ်၏။

"ကျုပ်တို့ပြိုင်စံရှားဂိုဏ်းက ကျင့်ကြံခြင်းနိယာမအတိုင်း ပဋိပက္ခတွေကို ဖြေရှင်းနေတယ်။ ဘယ်သူကမှ ပါဝင်ပြီး ပတ်သက်လို့မရဘူး။ ဒီစည်းမျဉ်းကို ချိုးဖောက်တဲ့သူက ..."

ကျွင်းချောင်ရှောင်း၏အသံသည် ကောင်းကင်ယံတစ်ခုလုံးကို ပြန့်နှံ့နေ၏။ အပြင်ဖက်တွင် ရှိနေကြသော သိုင်းကျင့်ကြံသူများသည် နားစွင့်ထောင်နေကြ၏။ ပြီးသည့်နောက် ၎င်းတို့သည် ဘုန်းဘုန်းဘုန်းဟူသော အသံကြီးကိုသာ ကြားလိုက်ရ၏။ ပြီးသည့်နောက် အထဲသို့ ဝင်ရောက်သွားသော နယ်မြေဟောခန်းမှ သိုင်းကျင့်ကြံသူများသည် အမြောက်ဆန်ကဲ့သို့ အပြင်ဖက်ကို ပြန်လည်လွင့်စင်သွားပြီးတစ်ချို့သည် ကျောက်နံရံများနှင့် ရိုက်မိကာ တစ်ချို့သည် တောအုပ်ထဲသို့ ဝင်သွား၏။

"အားလုံးကို ရိုက်ပစ်မယ်"

ကျွင်းချောင်ရှောင်းသည် သူပြောချင်သည်ကို နောက်ဆုံး၌ပြောလိုက်၏။

အနောက်သို့ပြန်ပြောရလျှင် သရဲစစ်သူကြီးရှစ်ယောက်တို့သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ နယ်မြေဟောခန်းအား အနောက်သို့လွင့်အောင် တိုက်ခိုက်ခဲ့သူသည် သူတို့ပင် ဖြစ်ပေလိမ့်မည်။ အကြောင်းအရာမှာ ရိုးရှင်းလွန်းလှ၏။ လက်သီးဖြင့် ထိုးနှက်လိုက်ခြင်းသာ။

"အရမ်းအားကောင်းတယ်။ အရမ်းအားကောင်းလွန်းတယ်"

လက်ရှိအချိန်မှာတော့ ထူးခြားလိုဏ်ဂူတွင် ရှိနေသော ကြီးမြတ်သူတုံကုသည် စိတ်မသက်သာသလို ခံစားလိုက်ရ၏။ သို့ပေမဲ့ သူသည် စိတ်ထဲမထားချေ။ မာဆာတိုကီတာနိုနှင့်သာ စစ်တုရင်ကစားလျက်ရှိ၏။

All Chapters