အခန်း ၁၅၂၉
Vol. 103 Ch. 1529
အပိုင်း (၁၅၂၉)
ကျွင်းချောင်ရှောင်း ပြဿနာလာ၍ ရှာစဉ်ကတည်းက အကြီးအကဲကြီးသည်ကြိုတင်ကာ သိရှိပြီးဖြစ်နေ၏။ သို့ပေမဲ့သူသည်တံခါးပိတ်ကျင့်ကြံရာမှထွက်မလာခဲ့ချေ။အဘယ်ကြောင့်ဆိုသော်အရပ်ရှည်ရှည်နှင့်အလွန်အားကောင်း လွန်းလှသော သိုင်းကျင့်ကြံသူ ရှစ်ယောက်တို့သည်သာမန်မဟုတ်သည်ကို သူကသေသေချာချာ သိရှိနေ၏။ ထို့ကြောင့်အပြင်ဘက်သို့ထွက်သွားသည်ဆိုပါက ရိုက်နှက်ခံရမှာ သေချာ၏။ သို့ပေမဲ့အဆင်ပြေနေသေးသည်။ဂိုဏ်းတွင်နယ်မြေဟောခန်းမှပေးအပ်ထားသည့်အသိအမှတ်ပြုကျောက်စိမ်းပြားက တည်ရှိလို့နေ၏။ တစ်ဖက်လူများ အားလုံးသည်အဆင်ခြင်မဲ့စွာဖြင့်လျှောက်လုပ်ရဲလိမ့်မည်မဟုတ်ချေ။
အရိုးသားဆုံးပြောရမည်ဆိုလျှင်ချောင်ပိုင်ရှို တစ်ယောက်ထိုကျောက်စိမ်းပြားကို ချိုးဖြတ်ရန် နှောင့်နှေးနေ သည်ကို မြင်ရသည့်အချိန်မှာတော့အမှောင်ထဲတွင်ပုန်းအောင်းလျက်ရှိနေသည့်အကြီးအကဲကြီးသည်အလွန်ပင်စိတ်တိုနေမိ၏။ တစ်ဖက်လူသည်ကောင်းမွန်သည့်ရည်ရွယ်ချက်ဖြင့်ရောက်ရှိလာသည်မဟုတ်ကြောင်းကို သူက ရှင်းရှင်းလင်းလင်း မြင်ခဲ့ပြီးဖြစ်သည်။ ထိုသို့ဆိုလျှင်အဘယ်ကြောင့်တစ်ခါတည်း မချိုးချေဘဲနှင့် ဘာကို စောင့်မျှော်နေရသနည်း။
ကံကောင်းစွာဖြင့် ကျွင်းချောင်ရှောင်းသည်ထိုအရာကို လုယူပြီးသည့်နောက်တစ်ခါတည်း ချိုးချေခဲ့၏။ထိုအချင်း အရာကို မြင်ပြီးသည့်နောက်အကြီးအကဲကြီးသည်စိတ်သက်သာရာရသလို သက်ပြင်းပင်ချမိခဲ့၏။နယ်မြေ ဟောခန်း၏ အကူအညီနှင့်ဆိုလျှင်ဂိုဏ်းသည်ပိုမိုကာ လုံခြုံသွားပေလိမ့်မည်။သူ့အနေနှင့် တံခါးပိတ်ကျင့်ကြံရာမှထွက်လာပြီး ခန့်မှန်း၍ မရလောက်အောင်အားကောင်းလှသည့်ကျင့်ကြံသူရှစ်ယောက်နှင့်ထိပ်တိုက်ရင်ဆိုင်ရန်မလိုအပ်တော့ချေ။
အစီအရင်သည်အမှန်ပင်ခိုင်မာလွန်းလှ၏။သို့ပေမဲ့သူမထင်မှတ်သည်မှာ နယ်မြေဟောခန်းမှလူများသည် မြန်မြန်ဆန်ဆန်နှင့်ရောက်ရှိလာခဲ့သည်ဆိုသော်လည်း မြန်မြန်ဆန်ဆန်ပဲ အပြင်ဘက်သို့ ပြန်လည်လွှင့်စင်အောင်ကန်ကျောက်ခြင်းကို ခံခဲ့ရ၏။ ဂိုဏ်းထဲသို့ခြေချခွင့်ကိုပင်မရခဲ့ပေ။ ထင်မှတ်ထားသည့်အတိုင်းပင်အရပ်ရှည်ရှည် နှင့်သန်မာလွန်းလှသော လူရှစ်ယောက်တို့သည်အမှန်ပင်အားကောင်းလွန်းလှ၏။
အကြီးအကဲကြီးသည်စိတ်ထဲမှာ ကြိတ်ကာဖြင့် စိုးရိမ်ပူပန်လျက်ရှိနေတုန်းမှာပဲ ကျွင်းချောင်ရှောင်းသည်ရောင်မုန့်ယဉ်ကို ဂိုဏ်း၏ ဆိုင်းဘုတ်ကြီးအား ဖျက်ဆီးပစ်ရန်အမိန့်ပေးခဲ့တော့သည်။ထို့ကြောင့်သူ့အနေနှင့် ဆက်လက်ပုန်းအောင်း၍ မနေနိုင်တော့ချေ။အပြင်ဘက်သို့ထွက်၍ဂိုဏ်း၏ဂုဏ်သိက္ခာကို ကာကွယ်မှ ဖြစ်ပေလိမ့်မည်။
ဟမ့်
အရပ်ရှည်ရှည်နှင့်သန်မာလွန်းလှသော လူရှစ်ယောက်ကို မနိုင်လျှင်တောင်မှသူ့အနေနှင့် မိန်းကလေးတစ်ယောက်ကို အနိုင်ယူဖို့ဆိုသည်မှာတော့မခက်ခဲလှချေ။ရောင်မုန့်ယဉ်သည်အစောကြီးတုန်းကလည်း တိုက်ခိုက်ခဲ့ဖူး၏။ သို့ပေမဲ့တိုက်ခိုက်လိုက်သည့်လူများသည်အဆင့်တစ်သို့မဟုတ်အဆင့်နှစ်အမြူတေပြောင်းလဲခြင်းအဆင့်တွင်ရှိနေသော အကြီးအကဲများဖြစ်၏။ ထို့ကြောင့်အကြီးအကဲကြီးသည်ရောင်မုန့်ယဉ်အား အားကောင်းသည်ဟု မထင်မှတ်ခဲ့ချေ။
သို့ပေမဲ့အမှန်တရားမှာတော့သူ၏ မျက်လုံးထဲတွင်အားနည်းနေပုံပေါ်သော ဤမိန်းကလေးသည်ကြောက်မက်ဖွယ်ရာကောင်းလှသည့်အစစ်အမှန်ရှာဖွေခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်လို့နေ၏။ ခန္ဓာကိုယ်မှထွက်ပေါ်နေသော နတ်ဆိုးချီများသည်တစ်ဖက်လူများထက်ပိုမိုကာ အားကောင်းလွန်း၏။ ထို့အပြင်သူမသည်သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်သည့်လူတစ်ယောက်လည်း ဖြစ်နေသည် မဟုတ်ပါလား။
ဘုန်း
နှစ်ဖက်သားတိုက်ခိုက်ချက်ပြီးသည့်နောက်အကြီးအကဲကြီးသည်အနောက်သို့ဆုတ်ခွာခဲ့ရ၏။ သူ့အနေနှင့် အောက်စည်းတွင်ရောက်ရှိခဲ့၏။သူ့အနေနှင့် ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသော သွေးများကို အန်ထွက်မလာစေရန်ထိန်းချုပ်ထား၏။ ကိုယ်တွင်းကလီစာများ အားလုံးသည် ပြင်းပြင်း ထန်ထန်ဖြင့်ဒဏ်ရာရရှိသွား၏။ သူတို့၏အင်ပါရီယန်နတ်ဓားဂိုဏ်းသည်အမှန်ပင် အန္တရာယ်ထဲသို့သက်ဆင်း ကျရောက်နေခဲ့၏။
“ကောင်းကင်ဘုံ... အသက်နှစ်ဆယ်နီးပါးလောက်ပဲရှိမယ့်ကောင်မလေးတစ်ယောက်က ဒီလောက်ကြောက်ဖို့ကောင်းတဲ့အားအင်အဆင့်ကို ဘာကြောင့်ပိုင်ဆိုင်နေရတာလဲ” နာကျင်မှုသည်သူ၏ဦးနှောက်ဆီသို့ပင်ရောက်ရှိ လာခဲ့ပြီး အကြီးအကဲကြီးသည်တွေဝေငေးငိုင်သွားမိ၏။
ပြိုင်စံရှားဂိုဏ်းအနေဖြင့်နယ်မြေဟောခန်းမှလူများကို တိုက်ခိုက်ရဲနေသည်ဆိုမှတော့ကြောက်မက်ဖွယ်ရာ ကောင်းလှသည့်အားအင်အဆင့်ကို ပိုင်ဆိုင်နေသောကြောင့် ဖြစ်ပေလိမ့်မည်။
“မဟုတ်သေးဘူး... ငါ အရှုံးကို ဝန်ခံမှ ဖြစ်လိမ့်မယ်”
ထို့ကြောင့်ပင်လျှင် ကျွင်းချောင်ရှောင်း အနေဖြင့်သန်းတစ်ထောင်ကို ပေးအပ်ရန်တောင်းဆိုခဲ့သည့်အချိန်တွင်သူသည်တစ်ချက်ကလေးမှ နှောင့်နှေးခြင်းမရှိဘဲ သဘောတူညီလိုက်ခြင်းဖြစ်တော့၏။လက်ရှိအခြေအနေသည်ဂိုဏ်းအတွက် ကြီးမားလှသည့်ကပ်ဘေးကြီး သင့်လျက်ရှိ၏။ ပိုက်ဆံဘယ်လောက်အသုံးပြု၍ဖြေရှင်းရမည်ဆိုဆို သူ့အနေနှင့် ထိုအရာကို ဖြေရှင်းရ ပေလိမ့်မည်။
ပုံမှန်အရဆိုလျှင်တံခါးပိတ်ကျင့်ကြံလျက်ရှိသော ဘိုးဘေးကျွမ်းကျင်သူတစ်ယောက်အပြင်ဘက်သို့ထွက်လာ သည်ဆိုပါက ရောက်ရှိလာသည့်ပြဿနာရှာသူများကို ရိုက်နှက်မှာဖြစ်၏။သို့ပေမဲ့အကြီးအကဲကြီးသည်ကောင်းကောင်းမွန်မွန်အလုပ်မလုပ်နိုင်ခဲ့ချေ။ချက်ချင်းပဲ ရှုံးနိမ့်မှုကို ဝန်ခံခဲ့ရ၏။ ဤအရာမှာ လိမ်မာပါးနပ်မှုပင် ဖြစ်ပေလိမ့်မည်။
သို့ပေမဲ့အဝေးဆီမှကူညီရန်ရောက်ရှိလာခဲ့သည့်နယ်မြေဟောခန်းမှလူများကိုတော့မည်ကဲ့သို့ရှင်းပြရမည်နည်း။ ပြောရမည်ဆိုလျှင်ဤကတ်ပြားကို ချိုးချေခဲ့သူသည် ကျွင်းချောင်ရှောင်းဖြစ်ပြီး အင်ပါရီယန်နတ်ဓားဂိုဏ်းမှလူများနှင့် ဘာမှမဆိုင်ချေ။
..................
“သွားကြရအောင်။သွားကြစို့”အားလုံးသောသူများ ထွက်ခွာသွားပြီးသည့်နောက်ဘာမှစိတ်လှုပ်ရှားစရာ မရှိ တော့ချေ။ထို့ကြောင့်များပြားလွန်းလှသော ကျင့်ကြံသူများသည် နှမျောတသဖြင့်ထွက်ခွာဖို့သာ ကျန်ရှိတော့၏။
သို့ပေမဲ့ဤကိစ္စကြီး ပြီးဆုံးသွားခဲ့သည်ဆိုသော်လည်း သူတို့၏စိတ်ထဲတွင်တည်ရှိနေခြင်းမှာ ပြိုင်စံရှားဂိုဏ်း သည်ကြောက်မက်ဖွယ်ကောင်းလှသည်ဆိုခြင်းပင်။
နယ်မြေဟောခန်းမှလူများကို တကယ်တမ်းတိုက်ခိုက်ရဲလျက်ရှိနေပြီး တစ်ဖက်လူများသည် ရိုက်နှက်ခံရပြီး သည့်နောက်အသံပင်မထွက်ရဲခဲ့ချေ။အထူးသဖြင့်အရပ်ရှည်ရှည်နှင့် ခန္ဓာကိုယ်တောင့်တင်းလှသော ကျင့်ကြံသူ များသည်ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ၎င်းတို့၏ကျင့်ကြံခြင်းအဆင့်ကို မြင်နိုင်စွမ်းမရှိသော်လည်း မတ်တပ်ရပ်နေရုံနှင့်ပင် ဖြိုချဖျက်ဆီးလို့မရနိုင်သည့်တောင်ကြီးများကဲ့သို့ပင်ခံစားနေမိ၏။
“ပြိုင်စံရှားဂိုဏ်းဆီမှာ စွမ်းအားမြင့်ကျင့်ကြံသူတွေအများကြီး ရှိနေတာပဲ”
“သူတို့အနေနဲ့ ရွှမ်အဆင့်ဂိုဏ်းတစ်ခုကို လာပြီးပြဿနာရှာရဲတယ်ဆိုတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး”
“ကျုပ်အထင်အရဆိုရင်နယ်မြေဟောခန်းက လူတွေက ဒီသိုင်းကျင့်ကြံသူရှစ်ယောက်ကို ကြောက်လန့်နေတာပဲ ဖြစ်မယ်။ သူတို့အနေနဲ့အရိုက်ခံရပြီးတဲ့နောက်မှာ အသံတောင်မထွက်ရဲကြဘူးလေ”
“ဒီကိစ္စကို ငါ့မျက်လုံးနဲ့သာ မမြင်ဘူးဆိုရင်ယုံကြည်မိမှာတောင်မဟုတ်ဘူး”
“လွန်ခဲ့တဲ့သုံးလေးနှစ်ကမှအထက်နယ်မြေကို တက်လှမ်းလာတဲ့ဘာမှန်းမသိတဲ့ဂိုဏ်းတစ်ခုက နယ်မြေ ဟောခန်းကို ရင်ဆိုင်ရဲနေပြီ”
“ဘာမှန်းမသိတဲ့ဂိုဏ်းတစ်ခု ဟုတ်လား။ ရွှမ်အဆင့်ဂိုဏ်းတစ်ခုကတောင်ပိုက်ဆံထုတ်ပေးနေပြီဆိုမှတော့ဒီ ပြိုင်စံရှားဂိုဏ်းက ရွှမ်အဆင့်ဂိုဏ်း ဒါမှမဟုတ်အဲထက်မြင့်မားတဲ့အဆင့်ကို ပိုင်ဆိုင်နေပြီပေါ့ကွ”
ဤကဲ့သို့ ဖြစ်ပျက်ခဲ့သည့်အရာများသည်များပြားလှသည့်သိုင်းကျင့်ကြံသူများအတွက် ပြိုင်စံရှားဂိုဏ်း၏ အဆင့်ကို နားလည်မှုတိုးတက်စေခဲ့တော့၏။သို့ပေမဲ့ ကျွမ်းကျင်လှသည့်အဖွဲ့အစည်းတစ်ခု၏ အသိအမှတ်ပြုခြင်း မရှိ ပါက မည်မျှစကားတွေဆိုဆို ကောလဟလအဖြစ် ပြီးဆုံးသွားမှာသေချာ၏။
...............
ဝှစ်
တစ်နာရီလောက်ကြာပြီးသည့်နောက် ကောင်းကင်ပေါ်တွင်အနီရောင်အလင်းတန်းများ ထွန်းတောက်လာခဲ့သည်။
“ချီးတဲ့မှ...ထပ်ပြီးတော့လာပြန်ပြီ။ ဒီတစ်ခါတည်နေရာက ရေခဲဓားမော့ဂိုဏ်းပဲ။ ဒီနေ့မှာတော့ ရွှမ်အဆင့်ဂိုဏ်းတွေအနိုင်ကျင့်ခံရတဲ့နေ့လား မသိဘူး”
“နေအုံး... ရေခဲဓားမော့ဂိုဏ်းကလည်း ပြိုင်စံရှားဂိုဏ်းနဲ့ ရန်ငြှိုးတွေရှိတယ်လို့ ငါကြားဖူးတယ်။ဒါဆိုရင် ဖြစ်နိုင်တာက....”
“သွားကြရအောင်၊သွားကြရအောင်။သွားကြည့်ကြမယ်”အင်ပါရီယန်နတ်ဓားဂိုဏ်းဆီမှထွက်ခွာလာခဲ့ကြသော သိုင်းကျင့်ကြံသူများသည်ချက်ချင်းပဲ ရေခဲဓားမော့ဂိုဏ်းဆီသို့ပျံသန်းသွားကြတော့သည်။
ထင်မှတ်ထားသည့်အတိုင်းပင်သူတို့ရောက်ရှိသွားသည့်အချိန်မှာတော့ရေခဲဓားမော့ဂိုဏ်း၏အပေါ်လေဟာနယ်ထဲတွင်ရပ်တန့်လျက်ရှိနေသည့်ရှေးရွက်သင်္ဘောကြီးကို မြင်လိုက်ရ၏။ သူတို့၏ နှုတ်ခမ်းများသည်တဆတ်ဆတ်နှင့်တုန်ယင်သွားသည်။
“ပြိုင်စံရှားဂိုဏ်းရဲ့ဂိုဏ်းချုပ်က တကယ်ပဲ သေးငယ်လှတဲ့အဖြစ်အပျက်လေးကြောင့်လက်စားချေဖို့လုပ်နေတာလား”
ဝှစ်ဝှစ်ဝှစ်
မကြာခင်မှာပဲ နယ်မြေဟောခန်းမှလူများ ထပ်မံရောက်ရှိလာခဲ့ကြသည်။တူညီသည့်လူများပင် ဖြစ်သည်။ဤတစ်ကြိမ်မှာတော့သူတို့သည်ပထမက ရရှိခဲ့သည့်သင်ခန်းစာကို ကောင်းကောင်းနားလည်ခဲ့ကြ၏။ထို့ကြောင့်သူတို့၏စိတ်ဝိညာဉ်သိစိတ်များကို အာရုံဖြန့်ကျက်ကာဖြင့်သေသေချာချာ ကြည့်ရှုလိုက်သည်။အမှတ်တမဲ့ဖြင့်ရေခဲဓားမော့ဂိုဏ်းထဲသို့တိုးဝင်မသွားခဲ့ချေ။
“မဖြစ်နိုင်ဘူး”
နယ်မြေဟောခန်းမှတာဝန်ရှိသူသည်လေ့ကျင့်ရေးကွင်းပြင်ထဲတွင်ထိုင်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းကို မြင်လိုက်သည့်အချိန်မှာတော့စိတ်ဓာတ်ကျသွားမိ၏။ “ဘာလို့သူပဲဖြစ်နေရတာလဲ”
“ခေါင်းဆောင်”
နောက်လိုက်တစ်ယောက်က ပြောလိုက်သည်။ “ဘာဆက်လုပ်ကြမလဲ”
“ဘာလုပ်နိုင်မှာမို့လို့လဲ”
ထိုတာဝန်ရှိသူက ပြောလိုက်၏။ “ငါတို့ပွဲကြည့်ဖို့ပဲ တက်နိုင်တော့တာပေါ့”
အင်ပါရီယန်နတ်ဓားဂိုဏ်း၏ လိမ်ညာခြင်းကို ခံခဲ့ရပြီဖြစ်သည်မို့သူတို့အနေနှင့် အတင်းကာရော ဝင်ရောက်သွားရန်အစီအစဉ်မရှိပေ။ ထို့အပြင် နှစ်ဖက်လုံးသည်လျော်ကြေးဖြင့်အဆင်ပြေသွားမည်ဆိုပါက သူတို့သည်တခြားလူများ၏ ကိစ္စကို ဝင်ရောက်ကာ ရှုပ်ထွေးစေသည်နှင့်ဆင်တူနေမည်မဟုတ်ပါလား။
အရိုးသားဆုံးပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည်စစ်သူကြီးကွေ့အား အမိန့်ပေးကာဖြင့်အရင်ဆုံး ရောက်ရှိလာသည့်နယ်မြေဟောခန်းမှ ကျွမ်းကျင်သူများကို တိုက်ခိုက်ခိုင်းခဲ့၏။ဤအခြေအနေသည်အလွန်ဆိုးရွားလှပေသည်။ဤကိစ္စကို ပြဿနာကြီးအောင် ပြုလုပ်မည်ဆိုပါက ကြီးမြတ်သူတုံးကုပင် ပါဝင်လာနိုင်သေး သည်။
သို့ပေမဲ့အင်ပါရီယန်နတ်ဓားဂိုဏ်းသည်ရှုံးနိမ့်မှုကို ဝန်ခံခဲ့ပြီးသည့်နောက် ပြဿနာသည်သေးငယ်သွားခဲ့သည်။ဂိုဏ်းနှစ်ခုကြား ပြဿနာသည် လျော်ကြေးဖြင့်ပြေလည်သွားပြီဖြစ်သောကြောင့်နယ်မြေဟောခန်း အနေဖြင့်ပတ်သက်လို့မရတော့ချေ။
.......
ရေခဲဓားမော့ဂိုဏ်း
ဂိုဏ်းချုပ်မိုကိုင်ရင်၏မျက်နှာသည်နဝေတိမ်တောင်အမူအရာဖြင့် ဖြစ်လျက်ရှိ၏။ ၎င်းသည်နယ်မြေဟောခန်း ဆီမှရရှိထားသည့်အသိအမှတ်ပြုကတ်ပြားအား ချိုးချေပြီးသည့်နောက်နယ်မြေဟောခန်းမှစွမ်းအားမြင့်ကျင့်ကြံသူများသည်အချိန်ကိုက်ရောက်ရှိလာခဲ့သည်။သို့ပေမဲ့ ၎င်းတို့အားလုံးသည်အဘယ့်ကြောင့်အပြင်ဘက်တွင်မတ်မတ်ရပ်ကာဖြင့်စောင့်ကြည့်နေရသနည်း။
“ခေါင်းဆောင်ဟန်”
မိုကိုင်ရင်က အော်ဟစ်လိုက်၏။ “ဒီကောင်က ကျုပ်တို့ရေခဲဓားမော့ဂိုဏ်းကို ဖျက်ဆီးပစ်မယ်လို့ပြောနေတယ်။မြန်မြန်လာခဲ့ပါအုံး”
မျိုးရိုးနာမည်ဟန်ဖြင့်နယ်မြေဟောခန်းမှတာဝန်ရှိသည့်သူက ပြောလိုက်သည်။ “ဂိုဏ်းချုပ်မို... ခင်ဗျားတို့ဂိုဏ်း ဖျက်ဆီးခံရပြီးမှ ကျုပ်တို့ဒီကိစ္စကို ဆက်ပြီးလုပ်တော့မယ်”
“........”
မိုကိုင်ရင်သည်မြေပေါ်သို့လဲကျကာ သတိလစ်မေ့မျောလုမတတ်ပင် ဖြစ်နေ၏။ ဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံရပြီးမှတော့ကူညီနေ၍ ဘာထူးတော့မည်နည်း။
“ဂိုဏ်းချုပ်မို”
အရာရှိဟန်သည်အသံပို့လွှတ်လိုက်သည်။ “ကျုပ်ကို အကြင်နာတရားကင်းမဲ့တယ်လို့အပြစ်မတင်နဲ့။စောနတုန်းကလည်း အင်ပါရီယန်နတ်ဓားဂိုဏ်းက ကျုပ်တို့ကို အကူအညီတောင်းခဲ့သေးတယ်။ ကျုပ်တို့က လူတွေကို ပေးပို့လိုက်တယ်။ဒါပေမဲ့ဂိုဏ်းချုပ်ချောင်က ငွေကို အသုံးပြုပြီးတော့အရာကိစ္စအားလုံးကို ဖြေရှင်းလိုက်တယ်လေ။ ဒါက နယ်မြေဟောခန်းကို အရှက်ရစေတယ်မဟုတ်လား”
မိုကိုင်ရင်သည် ရုတ်တရက်နားလည်သွားမိ၏။ စောနတုန်းက အချက်ပြမှုသည်အင်ပါရီယန်နတ်ဓားဂိုဏ်းမှပေးပို့လိုက်ခြင်းဖြစ်သည်။သူနားလည်သွားမိခဲ့ပြီဖြစ်သည်။တစ်ဖက်လူသည်ချောင်ပိုင်ရှိုကို ပစ်မှတ်ထားခဲ့ပြီးသည့်နောက်သူ့အား ထပ်မံ၍ ငွေညှစ်နေခြင်းပင်ဖြစ်၏။
“နေအုံး... စောနတုန်းက အရာရှိဟန်ပြောလိုက်တာ ငွေကြေးကို အသုံးပြုပြီး ကိစ္စတွေကို ဖြေရှင်းပစ်တာ ဟုတ်လား”
ရုတ်တရက်မိုကာရင်၏အတွေးများသည်ရှင်းလင်းသွားခဲ့၏။သူသည်အလောတကြီးဖြင့်ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း... ကျုပ်တို့ရေခဲဓားမော့ဂိုဏ်းက ပိုက်ဆံတွေကို အသုံးပြုပြီး ဂိုဏ်းနှစ်ခုကြားမှာ ရှိတဲ့ရန်ငြိုးရန်စတွေအားလုံးကို ဖြေရှင်းချင်ပါတယ်”
ဝေါ့ …။
အဝေးတစ်နေရာတွင်ရှိနေသော အရာရှိဟန်သည်သွေးပင်အန်ထွက်ခဲ့၏။ ပထမတစ်ကြိမ်က အင်ပါရီယန်နတ်ဓားဂိုဏ်း၊ နောက်တော့ရေခဲဓားမော့ဂိုဏ်း၊ နှစ်ဂိုဏ်းလုံးသည်နယ်မြေဟောခန်းမှပေးအပ်ထားသော အသိအမှတ်ပြုကျောက်ပြားကို ချိုးချေပြီးသည့်နောက်အကူအညီကို တောင်းခံခဲ့၏။
သို့ပေမဲ့အဆုံးသတ်မှာတော့အခြေအနေသည်တစ်ပုံစံထဲပင်ပိုက်ဆံကို ပေးအပ်၍ ပြဿနာကို ဖြေရှင်းခဲ့၏။ထိုသို့ဆိုလျှင်အဘယ်ကြောင့်နယ်မြေဟောခန်းကို အကူအညီတောင်းနေကြသနည်း။