ဘိုးဘေးကြီး
Vol. 124 Ch. 1736
လက်ထောက်ခန္ဓာကိုယ်ထဲသို့ အဖြူရောင်အလင်းတန်း ဝင်သွားသည်နှင့် သူ ချက်ချင်းပင် အာရုံခံမိသည်။ သူသည် မှင်တက်သွားကာ ပို၍ပင် ရှိုက်ငိုမိ သည်။ ထိုငိုသံထဲတွင် အစောကဖြစ်နေသော ဝမ်းနည်းမှုနှင့် တွန့်ဆုတ်မှုအပြင် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်သည့် အရိပ်အယောင်ရှိနေသည်။
“ဒါက… ဂိုဏ်းသခင်”
“ဂိုဏ်းသခင် ဘာလို့ ဒီလိုကြီးသွားလိုက်တာလဲ”
“ဂိုဏ်းသခင်…”
အပြင်မှ လူတစ်ဖွဲ့လိုက်ရောက်လာရာ ရင်လင်းသည် ကျောက်ခုံမြင့်ပေါ် တွင်ထိုင်နေသည်ကို မြင်လိုက်ရသည်။ သူတို့အားလုံး အော်ပြေးလာပြီး ဒူးထောက်လိုက်ကြသည်။ ကျောက်ခန်းတွင် ငိုသံများဖြင့် ပြည့်နှက်သွားလေ သည်။
“ဂိုဏ်းသခင် ဆုံးသွားပြီဆိုတာကို အားလုံးကို သတိပေးလိုက်တော့” အကြီးအကဲကြီးပြောလိုက်ရာ ချက်ချင်းပင် လူတစ်ယောက်သည် အခန်းထဲမှ ထွက်သွားလေသည်။
အားလုံးသည် အတန်ကြာသည်အထိ ငိုကြသည်။ သူတို့ စိတ်ထဲမှ ဝမ်းနည်းမှုသည် အနည်းငယ် သက်သာရာရသွားသည်။ ထိန်းမနိုင်သိမ်းမနိုင် ငိုနေသော လက်ထောက်လေးကို အကြီးအကဲကြီးမြင်သောအခါ မေးလိုက် သည် “ဂိုဏ်းသခင်က သက်တမ်း နှစ်တွေအများကြီးကျန်သေးတယ်မဟုတ်ဘူး လား ဘာလို့ရုတ်တရက်ကြီး ထွက်သွားတာလဲ”
လက်ထောက်လေးသည် ဝမ်းနည်းတကြီး ပိုငိုကာ ရေရွတ်လိုက်သည် “ဆရာ… ဆရာက ကျွန်တော့်ကြောင့်… ကျွန်တော့်ကြောင့်… သူ….”
“ဘာလို့လဲ…” အားလုံးသည် ထိတ်လန့်ကုန်သည်။ သူတို့သည် လက်ထောက်လေး၏ အနာဂတ်ကို မဖတ်နိုင်ကြပေ။
“ဆရာက ကျွန်တော် ဘေးဒုက္ခတွေ့မှာကို ကြိုမြင်ခဲ့တယ် အဲဒါကြောင့် သူ့ရဲ့ကျန်တဲ့သက်တမ်းကို ကျွန်တော့်ကံနဲ့လဲခဲ့တာ” လက်ထောက်လေးသည် ရင်လင်း၏ ပေါင်ပေါ်သို့လှဲပြီး သိမ့်သိမ့်တုန်အောင်ငိုလေသည်။
သူ သဘောကျသည့် ယူယူသည် ရှင်လျက်နှင့်သေသူဖြစ်နေသည်။ သူမ ပြန်လာချိန်တွင် ဆရာမရှိတော့ပေ။ ဆရာသည် သူ၏ကံတရားနှင့် လဲလှယ်ပြီး သေရန်ရွေးချယ်လိုက်ခြင်းဖြစ်သည်။ ထိုအခိုက်တွင် သူ့စိတ်ထဲမှ ခံစားချက်ကို မည်သို့ဖော်ပြရမည်ကို မသိတော့ပေ။ သူသည် နာကျင်မှုကိုခံစားရသည်။ အရမ်းကို နာကျင်တာပဲ…
အကြီးအကဲကြီးနှင့် တခြားသူများသည် အံ့ဩကုန်ကြသည်။ ရင်လင်းသည် လက်ထောက်လေး၏ ကံကြမ္မာအတွက် အသက်ကိုပါလဲသွားလိမ့်မည်ဟု သူတို့ထင်မထားကြပေ။
ဒါပေမဲ့ သူတို့ဘာပြောနိုင်မှာလဲ။ လက်ထောက်လေးကို အပြစ်တင်မှာလား။ မဟုတ်ဘူး ဒါက ရင်လင်းချထားတဲ့ ဆုံးဖြတ်ချက်ပဲ။
သူ့လက်မှ လက်စွပ်ကို အကြီးအကဲကြီးမြင်သောအခါ နှစ်သိမ့်လိုက်သည် “ဂိုဏ်းသခင်က မင်းကိုလက်စွပ်ပေးခဲ့မှတော့ မင်းက သူတော်စင်ဂိုဏ်းရဲ့ ဂိုဏ်း သခင်အသစ်ဖြစ်သွားပြီ ဂိုဏ်းသခင်က မင်းကိုလုပ်ပေးခဲ့တာနဲ့တန်အောင် လျှောက်လှမ်းရမယ်”
လက်ထောက်လေး ခေါင်းညိတ်လိုက်သည်။
“နောက်ဆိုရင် ငါတို့ မင်းကို ထောက်ပံ့ပေးပါမယ် အခု မင်းပဲ ဦးဆောင်ပြီး ဂိုဏ်းသခင်ရဲ့ ဈာပနကို လုပ်ပေးပါ” အကြီးအကဲကြီး ပြောလိုက်သည်။
“ကျွန်တော် နားလည်ပါတယ် အကြီးအကဲကြီး” လက်ထောက်လေးသည် ကျောက်ခုံမြင့်မှ ဆင်းလာပြီး မျက်နှာမှ မျက်ရည်များကို သုတ်လိုက်သည်။ သူ ဘယ်ဘက်ကို သုတ်လိုက်သည်နှင့် ညာဘက်မှ ပြန်စီးကျလာပြန်သည်။
အကြီးအကဲကြီးတို့သည် သူ့ကို ထိုပုံစံအတိုင်းမြင်ရသောအခါ ပခုံးကို ပုတ်လိုက်သည် “မင်း ဒီမှာဂိုဏ်းသခင်ကို အရင်အဖော်ပြုပေးလိုက်ပါ ကျန်တဲ့ လူတွေ အရင်သွားပြီး စီစဉ်ထားလိုက်မယ်”
“ကျေးဇူးတင်ပါတယ် အကြီးအကဲကြီး” လက်ထောက်လေးသည် ကျေးဇူးတင်စကား ပြောလိုက်သည်။
သူ၏ လက်ရှိစိတ်အခြေအနေနှင့်ဆိုလျှင် အားလုံးကို မျက်နှာပြရန် မသင့်တော်ပေ
အကြီးအကဲကြီးနှင့် တခြားသူများ ထွက်သွားကြသည်။။ လက်ထောက် လေးသည် ရင်လင်း၏ အိပ်နေသော မျက်နှာကိုကြည့်လိုက်သည်။ မျက်ရည် များသည် မျက်လုံးထဲမှ ထွက်လာပြန်သည်။
ဆရာ…
မကြာမီတွင် ရင်လင်း၏ သေဆုံးမှုသခင်းသည် တိုင်းပြည်တစ်ခုလုံးတွင် ပျံ့နှံ့သွားသည်။ အတွင်းပိုင်းမှလူများ ထိတ်လန့်ကုန်သည်။ သူသည် သူတော်စင်မြို့တော်သို့ လာစဉ်ကပင် အကောင်းကြီးရှိသေးသည်။ ဒါပေမဲ့ ရက် နည်းနည်းပဲရှိသေးတာကို ဘယ်လိုများဆုံးသွားခဲ့တာလဲ။
မည်သည့်အကြောင်းနှင့်ပင်ဖြစ်စေ ရင်လင်း၏ သေဆုံးမှုသည် လူသားထု ကြီးအတွက် ဆုံးရှုံးမှုကြီးတစ်ခုလို အားလုံးခံစားရလေသည်။ သို့သော် လက်ထောက်လေး၏ အရည်အချင်းသည် ရင်လင်းထက် သာလွန်သည်ဟု သိလိုက်ချိန်တွင် အားလုံး၏ စိတ်ထဲတွင် မျှော်လင့်ချက်ဖြစ်ပေါ်လာသည်။ ဝမ်းနည်းပူဆွေးနေသော လူများသည် သူတော်စင်ဂိုဏ်းသို့ အဆက်မပြတ် ရောက်လာကြသည်။
သို့သော် ရင်လင်းကို မြေကြီးထဲတွင် မြှုပ်နှံပြီးဖြစ်ရာ မနှောင့်ယှက်ရန် ပြောထားသဖြင့် မည်သူမှ သူတော်စင်ဂိုဏ်းတံခါးသို့မဝင်နိုင်ကြပေ။ အချိန် ကြာမြင့်စွာ စောင့်ဆိုင်းပြီးနောက် သူတို့သည် လက်ဆောင်များထားသွားကြ လေသည်။
ရှီမာမျိုးနွယ်မှ ထိုသတင်းရချိန်တွင် ရှားကျောင်ထျန်တို့အဖွဲ့ကို ဧည့်ခံနေ သည့်အချိန်ဖြစ်သည်။ ရှားကျောင်ထျန်တို့သည် နောက်ဆုံးမှပင် ထိုနေ့က ရှီမာယူယူ တွေ့ကြုံလိုက်ရသည့်အရာကို သိသွားကြသည်။ ရင်လင်းတို့သည် သေဆုံးသွားသော ရှီမာယူယူကို ပြန်ကယ်ခဲ့ကြသည်။ သူ သေဆုံးသွားသည့် အကြောင်းကို ကြားလိုက်ချိန်တွင် ရှီမာယူယူနှင့် ဝူလင်းယူတို့အတွက် သူ၏ နောက်ဆုံး ဟောကိန်းကို အမှတ်ရမိကြသည်။ သူတို့သည် အလွန်ပင် စိတ် လှုပ်ရှားမိသည်။
“အကောင်းဆုံးလက်ဆောင်တွေ ပြင်ထားလိုက်တော့ ငါတို့ ကိုယ်တိုင် သွားပြီး ဝမ်းနည်းကြောင်းသဝဏ်လွှာပို့မယ်” ရှီမာကျိယွမ် ကြေညာလိုက် သည်။
“ကျုပ်တို့လည်း လိုက်မယ်” ရှားကျောင်ထျန် ပြောလိုက်သည်
သူတို့သည် ထိုနေ့က အဖြစ်အပျက်ကို ရှီမာမျိုးနွယ်ကို ပြောပြရန်နှင့် လုပ်ပေးနိုင်သည့်အရာ ရှိမလားဟု ကြည့်ရန်လာခြင်းဖြစ်သည်။ အခု သူတို့ သည် ဆေးညွှန်းရထားပြီဖြစ်ရာ ဆေးပင်များရှာသည့် အဓိကတာဝန်ကို ယူ လိုက်ကြသည်။
မကြာခင်တွင် သူတို့သည် သူတော်စင်ဂိုဏ်းသို့အတူသွားကြရာ ဂိတ် တံခါးအတွင်းသို့ ဝင်ရသော တစ်ဖွဲ့သာဖြစ်ခဲ့သည်။
….
နာကျင်မှု…
အဆုံးမရှိသော အမှောင်ထုထဲမှ အလင်းတန်းတစ်ခုသည် တောက်ပလာ သည်။ အရှုပ်အထွေးများကြားထဲသို့ နေ့အလင်းဝင်ရောက်လာသကဲ့သို့ ကြည်လင်လာသည်။
နာကျင်မှုလား…
သူမ သေသွားတာမဟုတ်ဘူးလား။ ဘာလို့ နာကျင်မှုကိုခံစားနေရတာ လဲ။
သူမ၏ အံ့ဖွယ်အသိစိတ်သည် တဖြည်းဖြည်းပြန်ရလာကာ အနည်းငယ် ပြန်ကောင်းလာသည်။ နောက်ဆုံးတွင် အချိန်ကြာမြင့်အောင် ပိတ်ထားသော မျက်လုံးများ တဖြည်းဖြည်းပွင့်လာသည်။
မှောင်နေတုန်းပဲ….
“ငါ ဘယ်ရောက်နေတာလဲ တစ္ဆေမျိုးနွယ်လား”
သူမ သူတော်စင်မြို့တော်တွင် ဖြစ်ခဲ့သည့် အဖြစ်အပျက်များကို မှတ်မိ သည်။ ရလဒ်မှာ သူမ ခန္ဓာကိုယ် ပေါက်ကွဲခဲ့သည်။ သူမ အသိစိတ် လုံးဝ မပျောက်ကွယ်ခင်တွင် ဝူလင်းယူကို တွေ့လိုက်ရသလိုပင်။
သူ သူမကို ကယ်ခဲ့တာလား။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ငါ့ခန္ဓာကိုယ်က ပေါက်ကွဲသွားခဲ့ပြီ သူ ပေါ် လာတော့ ငါသေသွားပြီးပြီပဲ သူ ဘယ်လိုလုပ် ငါ့ကိုကယ်မှာလဲ” သူမသည် သူမကိုယ်သူမ ရယ်လိုက်သည်။ သို့သော် မှင်တက်မိသွားပြန်သည်။
သူမ သေသွားပြီ။ သူမ ဝိညာဉ်က တစ္ဆေလောကကို ရောက်သွားသင့်တာ လေ။ ဒါပေမဲ့ ဝိညာဉ်မှာ မှတ်ဉာဏ်မရှိရင် အကုန်လုံးက အသစ်ဖြစ်နေမှာလေ။ ဒါပေမဲ့ ဘာလို့ သူမက ဒီဘဝက မှတ်ဉာဏ်တွေရှိနေတာလဲ။
သူမ လက်ကိုလှုပ်ပြီး ရှေ့သို့လှုပ်ခါကြည့်သည်။ အမှန်တကယ်ပင် ထိုးဖောက်မြင်နေရသည်မှာ ဝိညာဉ်တစ်ခုသာဖြစ်သည်ကို ညွှန်ပြနေသည်။
ဒါပေမဲ့ မှတ်ဉာဏ်တွေ ဘာလို့ရှိသေးတာလဲ။
“နောက်ဆုံးတော့ နိုးလာပြီပဲ” သူမ နားထဲသို့ အသံတစ်သံတိုးဝင်လာ သည်။ သူမ အလန့်တကြား ထိုင်မိသည်။
“အာ…”
သူမ၏ ရုတ်တရက်ဆန်သော အပြုအမူကြောင့် ဝိညာဉ်တစ်ခုလုံးမှ နာကျင်မှုကို ခံစားလိုက်ရသည်။
“မင်းဝိညာဉ်က ပေါက်ကွဲမှုကြောင့် ထိခိုက်သွားတယ်၊ မင်း ၂ နှစ်လောက် နားရင်တောင် ငြိမ်မှာမဟုတ်ဘူး” အသံထပ်ပေါ်လာပြန်သည်။
“ရှင်လား” ရှီမာယူယူသည် ထိုအသံကိုမှတ်မိသည်။ သူမ တစ်ခါသာ ကြားဖူးသောအသံဖြစ်သော်လည်း ဘယ်တော့မှမမေ့ပေ။ သူမသည် မှောင်မည်းနေသော ပတ်ဝန်းကျင်ကိုကြည့်ပြီး မေးလိုက်သည် “ကျွန်မက ရင်လင်းတိုင်းပြည်မှာလား”
“မင်း ငါ့ကိုမှတ်မိသေးတာပဲ”
“ဟုတ်တယ် ရှင်က နဂါးတန်ပြန်တောင်မှာ ဖိနှိပ်ခံထားရတဲ့သူပဲ ရှင် ကျွန်မကို ကယ်လိုက်တာလား”
“ဟုတ်လည်းဟုတ်တယ် မဟုတ်လည်းမဟုတ်ဘူး” အသံမှ ပြန်ဖြေလေ သည် “မင်းသာ ဝိညာဉ်သစ်ပင်ရဲ့ အဆီအနှစ်ကိုကြိုမစားထားရင် မင်း ခန္ဓာ ကိုယ်ပေါက်ကွဲတုန်းက ဝိညာဉ်ပါ ပျောက်ကွယ်သွားမှာ ငါ မင်းရဲ့ ဝိညာဉ်ကို ၂ နှစ်လုံး အာဟာရဖြည့်လာတာ”
“၂ နှစ် ၂ နှစ်တောင်ကြာသွားပြီလား” သူမ ရေရွတ်လိုက်သည် “ကျွန်မ သေသွားတာကို သူတို့သိရင် ဘယ်လိုတွေဖြစ်မလဲမသိဘူး”
သူမ မတ်တတ်ရပ်ပြီး အသံလာရာဆီသို့ ဦးညွှတ်လိုက်သည် “အသက် ကယ်ပေးလို့ ကျေးဇူးတင်ပါတယ် ကျွန်မရှင့်ကို ဘယ်လိုခေါ်ရမလဲ”
“ငါ့ကို ဘိုးဘေးကြီးလို့ခေါ်လို့ရပါတယ်”
“ဘိုးဘေးကြီးဟုတ်လား ရှင်က ကျွန်မရဲ့ဘိုးဘေးလား” ရှီမာယူယူ သိချင် စိတ်ဖြင့်မေးလိုက်သည်။
သူမ နဂါးတန်ပြန်တောင်ခြေတွင်ရှိစဉ်က သူမ သူ့ကိုမသိသော်လည်း ထိုလူသည် သူမကို ရင်းနှီးသလိုခံစားရသည် သို့သော် သူသည် အစကပင် ထူးဆန်းတာပြောခဲ့သဖြင့် သူမ ဤသို့မှန်းဆမိခြင်းဖြစ်သည်။
“ဟုတ်တယ်” ဘိုးဘေးကြီး ပြောလိုက်သည်။
“ဘိုးဘေးကြီး ကျွန်မခန္ဓာကိုယ်က ပေါက်ကွဲသွားတယ်လို့ အခုလေးတင် ပြောလိုက်တာနော် ကျွန်မသေသွားတာလား ဘာလို့ အရင်ဘဝက အဖြစ်တွေ ကိုမှတ်မိနေသေးတာလဲ” ရှီမာယူယူ မေးလိုက်သည်။
“မင်းခန္ဓာကိုယ်က အစကတည်းက သေပြီးသားပဲ ဒါပေမဲ့ မင်းရဲ့ ကံတရားကို ပြောင်းလဲပေးမယ့်သူက မင်းကိုကယ်လိုက်တာပဲ အခု မင်းက အသက်မျှင်းမျှင်းပဲကျန်တော့တာ အဲတော့ မသေသေးဘူး၊ မင်းက တစ္ဆေ လုံးလုံးလည်းမဟုတ်ပြန်ဘူး မင်းက ခန္ဓာကိုယ်ကနေ ထွက်သွားတဲ့ ဝိညာဉ်လို့ ပြောလို့ရတယ် အဲဒါကြောင့် မသေခင်က အဖြစ်တွေကိုမှတ်မိနေတာပဲ”
“ဒါဆိုရင် ကျွန်မကဘာလို့ဒီကို ရောက်လာတာလဲ”
***