← Chapters

အခန်း ၁၅၃၀

Vol. 103 Ch. 1530

အခန်း ၁၅၃၀

Vol. 103 Ch. 1530

အပိုင်း (၁၅၃၀)

အရာရှိဟန်၏စကားလုံးသည်မိုကိုင်ရင်အား ဉာဏ်အလင်းရစေခဲ့၏။ထို့ကြောင့်သူသည်ပိုက်ဆံများကို အသုံးပြုကာဖြင့် ပြိုင်စံရှားဂိုဏ်းနှင့် ကြားတွင်ဖြစ်နေသော ရန်ညှိုးရန်စများအားလုံးကို ဖြေရှင်းရန်ဆုံးဖြတ်ချက်ချလိုက်တော့၏။

“ကောင်းပြီ။”

ကျွင်းချောင်ရှောင်းက သဘောတူညီလိုက်သည်။သူ၏ အကြီးမားဆုံးသော ပစ်ချက်ကို လက်ညှိုးထိုးပြရမည်ဆိုလျှင်ပိုက်ဆံအတွက်လောဘကြီးခြင်းပင် ဖြစ်ပေလိမ့်မည်။ဤတည်နေရာသို့ရောက်ရှိလာခြင်းသည်ရေခဲဓားမော့ဂိုဏ်း တစ်ခုလုံးအား သင်ခန်းစာပေးရန်သာဖြစ်၏။သို့ပေမဲ့ပိုက်ဆံပေးမည်ဆိုသည့်စကားလုံးကို ကြားလိုက်ရသည့် အချိန်မှာတော့ချက်ချင်းပဲ သဘောတူလိုက်လျောခဲ့သည်။

“အင်း။ ဒီလိုလုပ်ရအောင်။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်က အကျိုးအကြောင်းမဆီလျော်တဲ့လူတစ်ယောက်မဟုတ်ဘူး။ အင်ပါရီယန်နတ်ဓားဂိုဏ်းက ကျုပ်ကို သန်းတစ်ထောင်ပေးခဲ့တယ်။ဒီတော့ရေခဲဓားမော့ဂိုဏ်းကလည်း အဲ ပမာဏကို ပေးမှဖြစ်လိမ့်မယ်။”

သူ့အနေနှင့် အများကြီးမတောင်းဆိုချေ။သို့ပေမဲ့ထို့အပြင်အလုပ်လုပ်သည့်နေရာတွင်စည်းမျဉ်းစည်းကမ်းက အရေးကြီးသည်မဟုတ်ပါလား။

မိုကိုင်ရင်၏ နှုတ်ခမ်းထောင့်များသည်တဆတ်ဆတ်နှင့်တုန်ယင်သွား၏။

“ဂိုဏ်းချုပ်ကျွင်း ….. သန်းတစ်ထောင်ဆိုတာက အရမ်းများလွန်းအားကြီးတယ်လေ။ ကျုပ်တို့ဂိုဏ်းက မတတ်နိုင်ပါဘူး။”

“ဒါဆိုရင်အဆင်ပြေတယ်လေ။”

ကျွင်းချောင်ရှောင်းသည်ရေခဲဓားမော့ဂိုဏ်းဟု ရေးထိုးထားသည့်ဆိုင်းဘုတ်ကြီးကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ “ဒါကို ကျုပ်ဖျက်ဆီးလိုက်မယ်။”

မိုကိုင်ရင်သည်ထိုအရာကို ခွင့်ပြုပေးလိမ့်မည်မဟုတ်ချေ။ထို့အပြင်ဤဆိုင်းဘုတ်ဖျက်ဆီးခံရသည်ဆိုပါက ဂိုဏ်း၏ ဂုဏ်သိက္ခာတစ်ခုလုံး ချနင်းခံရခြင်းနှင့် ဆင်တူပေလိမ့်မည်။

“ရော့ … ကျုပ်ပေးမယ်။”

နာရီဝက်ခန့်ကြာမြင့်ပြီးသည့်နောက်မိုကိုင်ရင်သည်သိုလှောင်လက်စွပ်အနည်းငယ်ကို ကိုင်ဆောင်ကာဖြင့်အပြင်ဘက်သို့လျှောက်ထွက်လာခဲ့၏။ထိုအထဲတွင်ရွှမ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး အများအပြားတည်ရှိနေပြီး သို့ပေမဲ့သန်းတစ်ထောင်တော့မရှိလှချေ။လိုအပ်သည့်အရာများအားလုံးကို သလင်းအမြုတေများ၊ ကျောက်ရိုင်းနှင့် အခြားသောပစ္စည်းများကို အသုံးပြုကာ ပေးအပ်ထားခဲ့သည်။

ကျွင်းချောင်ရှောင်းသည်ထိုအရာကို ယူပြီးသည့်နောက်ပြောလိုက်၏။ “ကျုပ်တို့ဂိုဏ်းတွေကြားမှာရှိတဲ့ရန်ငြိုးတွေအကုန်လုံးက ပြီးစီးသွားပြီ။”

ပြောပြီးသည့်နောက်သူသည်အားလုံးသောသူများကို ခေါ်ကာဖြင့် ရွက်သင်္ဘောကြီးပေါ်တက်ကာ ထွက်ခွာသွားခဲ့၏။သို့ပေမဲ့ရေခဲဓားမော့ဂိုဏ်း၏ တည်နေရာဆီမှပျံသန်းမထွက်ခွာခင်မှာဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“အင်ပါရီယန်နတ်ဓားဂိုဏ်းနဲ့ရေခဲဓားမော့ဂိုဏ်းတွေက ကျုပ်ကို ယွမ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၁ သန်း ပေးတယ်။ဒီတော့ဒီနေ့ကစပြီး ကျုပ်တို့က မဟာမိတ်တွေပဲ။ သူတို့ကို ခက်ခဲအောင်ပြုလုပ်တဲ့လူတွေအကုန်လုံး က ပြိုင်စံရှားဂိုဏ်းကို ပြဿနာရှာတာနဲ့အတူတူပဲ။”

သူ၏ အသံသည်ကောင်းကင်ယံတစ်ခုလုံးတွင်ပျံ့နှံ့လျက်ရှိနေ၏။ မိုင် ၁၀၀၀အကွာအဝေးတွင်ရှိနေသော လူတိုင်း သည်ထိုအသံကို ရှင်းရှင်းလင်းလင်း ကြားရသည်။

“ချီးတဲ့မှ”

စနစ်သည်တုန်လှုပ်စွာဖြင့်ပြောလိုက်၏။ “နောက်ထပ်လှည့်ကွက်တစ်ခုလား။”

ကျွင်းချောင်ရှောင်းနှင့် ရွှမ်အဆင့်ဂိုဏ်းနှစ်ခု၏ကြား ပြဿနာသည် ကြီးမားလွန်းလှသည်မဟုတ်သလို သေးငယ်လှသည်လည်း မဟုတ်ချေ။သို့ပေမဲ့ဤကဲ့သို့ကာကွယ်ပေးမည်ဟု ပြောဆိုလိုက်ခြင်းသည်တခြားသော ရည်ရွယ်ချက်များ တည်ရှိနေမှာ သေချာသည်။

တစ်ဖက်လူများသည်နယ်မြေဟောခန်း၏ အသိအမှတ်ပြုကတ်ပြားကို ချိုးချေကာဖြင့်အကူအညီတောင်းခဲ့၏။သို့ပေမဲ့ဘာတစ်ခုမှမတတ်နိုင်ခဲ့ချေ။

ကျွင်းချောင်ရှောင်းဆိုလိုသည်မှာ နယ်မြေဟောခန်း ပြုလုပ်နိုင်သည့်အရာများကို ပြိုင်စံရှားဂိုဏ်းက ပြုလုပ်နိုင်သည်။ နယ်မြေဟောခန်းက မပြုလုပ်နိုင်သည့်အရာများကိုလည်း ပြိုင်စံရှားဂိုဏ်းက ပြုလုပ်နိုင်သည်ဆိုသည့် သဘောပင်။

….

မိုကိုင်ရင်သည်အားအင်မဲ့စွာဖြင့်အဓိကဟောခန်း၏ ရှေ့တွင်လဲလျောင်းလျက်ရှိနေ၏။ ရွှမ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်ဆိုသည်မှာ များပြားလွန်းလှသည့်ပမာဏဖြစ်ပြီး သူ့အတွက် ကြီးမားသည့်ဆုံးရှုံးမှုပင် ဖြစ်သည်။ထိုအချင်းအရာကို စဉ်းစားပြီးသည့်နောက်သူသည်သွေးပင်အန်လုမတတ်ဖြစ်နေ၏။

……..

ရေခဲဓားမော့ဂိုဏ်းဆီမှရှေးရွက်သင်္ဘောကြီး ပျံသန်းထွက်ခွာလာပြီးသည့်နောက်အရာရှိဟန်၏နားတွင်ရပ်တန့်လိုက်၏။ပဲ့ဦးတွင်မတ်မတ်ရပ်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည်ခပ်ရေးရေးပြုံးကာဖြင့်ပြောလိုက်သည်။ “အားနာပါတယ်။ခင်ဗျားတို့အလကားသက်သက်ရောက်လာခဲ့ရပြီ။”

“………”

“ကျုပ်အထင်အရဆိုလို့ရှိရင်ခင်ဗျားတို့နယ်မြေဟောခန်းက ဒါတွေပေးထားလည်း အလကားပါပဲ။ ဘာလို့လဲ ဆိုတော့သူတို့ကို ကာကွယ်ပေးနိုင်တဲ့စွမ်းရည်မှမရှိတာ။”

နယ်မြေဟောခန်းနှင့်ပတ်သက်သည့်သူ၏ အမုန်းတရားများသည် ကြီးမားလွန်းလှ၏။ထို့ကြောင့် ကျွင်းချောင်ရှောင်း သည်စကားပြောဆိုသည့်နေရာတွင်မည်သည့်သက်ညှာမှုကိုမှမပြသခဲ့ချေ။သူ၏ ပါးစပ်မှထွက်သည့်စကားလုံးတိုင်း သည်တစ်ဖက်လူများ၏ နှလုံးသားကို ဓားနဲ့ထိုးသလိုပင်ခံရခက်စေခဲ့၏။

“ခွေးကောင်လေး …. ငါတို့တွေ့စရာ အများကြီးရှိသေးတယ်။မောက်မာမနေနဲ့။” အရာရှိဟန်သည်လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ကြိမ်းဝါးလိုက်သည်။

“သိုင်းကျင့်ကြံခြင်းလမ်းစဉ်မှာ အဆုံးသတ်ဆိုတာမရှိဘူးလေ။ ဘယ်အချိန်မှာ အဆုံးသတ်မလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး။”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “အရာအားလုံးက သမိုင်းဆိုတဲ့ မြစ်ရှည်ကြီးထဲမှာ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားရတဲ့အရာတွေချည်းပဲ။ အားလုံးက ဖုန်မှုန့်လေးလိုပါပဲ။”

ထိုစကားသံကို ကြားရသည့်နောက်မှာတော့သိုင်းကျင့်ကြံသူများအားလုံးသည်ဤကောင်လေး၏ သတ္တိကို အမှန်ပင်ချီးကျူးလိုက်မိကြ၏။ ၎င်းသည်နယ်မြေဟောခန်းမှလူများကိုပင်သွားကာ လှောင်ပြောင်ပျက်ရယ်ပြုလျက်ရှိနေသည်။

နယ်မြေဟောခန်းသည်အချိန်တန်လျှင်ပျောက်ကွယ်ပျက်စီးသွားမည့်အရာဟု တည့်တည့် ပြောဆိုနေခြင်းသာ ဖြစ်၏။

အရာရှိဟန်အနေနှင့် ထိုအရာကို နားမလည်ဘဲ ဘယ်နေလိမ့်မည်နည်း။ ထို့ကြောင့် နှာခေါင်းရှုံကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းအနေနဲ့ခုနက ဖုန်မှုန့်လေးလို ပျောက်ကွယ်မသွားဖို့ဘဲ ကျုပ်က မျှော်လင့်မိပါတယ်။”

“စိတ်မပူပါနဲ့။”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒါကို ခင်ဗျားမြင်ရမှာ မဟုတ်ဘူး။”

“မင်း”

“ကျုပ်က စတာပါ။စတာပါ။”

ကျွင်းချောင်ရှောင်းသည်ပုခုံးကို တွန့်ကာ ပြောလိုက်သည်“ကျုပ်တို့ဂိုဏ်းထဲမှာ လုပ်စရာတွေရှိသေးတယ်လေ။ ဒီတော့အရင်ဆုံးသွားလိုက်ပါအုံးမယ်။”

ဝှစ်

ရှေးရွက်သင်္ဘောကြီးသည်အလင်းတန်းတစ်ခုအဖြစ်သို့အသွင်ပြောင်းလဲကာဖြင့်ကောင်းကင်ယံ၌ ပျောက်ကွယ်သွားခဲ့၏။

ကောင်းကင်ယံတွင်ထင်ကျန်ခဲ့သော ရှေးရွက်သင်္ဘော၏ ပုံရိပ်ယောင်များကို ကြည့်ရှုပြီးသည့်နောက်အရာရှိဟန်သည်ဒေါသတကြီးဖြင့်လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ပြောလိုက်သည်။ “ခွေးလေး … မင်းအနေနဲ့နယ်မြေဟောခန်းရဲ့လက်ထဲကို မရောက်စေနဲ့။မဟုတ်ရင် ကြီးမြတ်သူတုံးကုတောင်မင်းကို လာပြီး မကယ်နိုင်စေရဘူး။”

…………

ဒင်

အင်ပါရီယန်နတ်ဓားဂိုဏ်းနှင့် ရေခဲဓားမော့ဂိုဏ်းတို့ဆီသို့အောင်မြင်စွာ လည်ပတ်ခဲ့ပြီးပြီဖြစ်၏။ထို့ကြောင့်ဂိုဏ်း၏ ဂုဏ်သိက္ခာအမှတ် ၁၀၀၀ကို ရရှိသည်။

ဒင်

ဂိုဏ်းဂုဏ်သိက္ခာအမှတ် ၁၀၀၀

“ဟင်”

ဂိုဏ်းဆီသို့ ပြန်ရာလမ်းမှာတော့ ကျွင်းချောင်ရှောင်းသည်သတိပေးသံကို ကြားလိုက်ရ၏။ ထို့ကြောင့်အံ့အား တသင့်ဖြင့်ပြောလိုက်၏။ “ဂိုဏ်းဂုဏ်သိက္ခာအမှတ်တွေကို ဘာလို့ငါက ရရတာလဲ။”

“ဒါက ရိုးရှင်းတယ်လေ။”

စနစ်က ပြောလိုက်သည်။ “ဂိုဏ်းဆိုတာမျိုးက တစ်ခုနဲ့တစ်ခု ပတ်သက်ဆက်နွယ်နေတဲ့အရာတွေပဲ မဟုတ်လား။ သူတို့ဆီကို သွားရောက်လည်ပတ်ပြီးတဲ့နောက်မှာ လက်ခံသူက ဂိုဏ်း၏ ဂုဏ်သိက္ခာအမှတ်တွေပိုပြီး တိုးလာတယ်ဆိုတာ သဘာဝကျပါတယ်။”

“သြော် …. ဒီလိုလား။”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည်လင်းလက်သွား၏။ ပြီးနောက်ပြောလိုက်၏။ “ဒါဆိုရင်အနာဂတ်မှာ တခြားဂိုဏ်းတွေကို သွားပြီးတော့ပြောဆိုဆက်ဆံမှုတွေလုပ်ရတော့မှာပေါ့။”

“….....”

စနစ်သည်ဆွံ့အသွားမိ၏။ ဆိုလိုသည်မှာ တစ်ဖက်သူများကို သွားရောက်၍ ခြိမ်းခြောက်ကာ ငွေညှစ်တောင်းဆိုမည်ဟု ဆိုလိုနေခြင်းပင်ဖြစ်၏။သူဆိုလိုသော ပြောဆိုဆက်ဆံမှုဆိုသည်မှာ ဤအရာမျိုးမဟုတ်ချေ။သို့ပေမဲ့လက်ခံသူ၏ ဦးနှောက်သည်လုမည်၊ယက်မည်၊ငွေညှစ်မည်စသော အကြောင်းအရာများနှင့်သာ ပြည့်နှက်လျက်ရှိနေတော့သည်။

………

အထူးလှိုဏ်ဂူတစ်ခု၏ အတွင်းထဲမှာတော့ ကြီးမြတ်သူတုံးကုသည်စစ်တုရင်ခုံပေါ်တွင်ရှိနေသော စစ်တုရင်အရုပ်များ အားလုံးကို တွန်းဖယ်လိုက်မိ၏။

မည်သည့်အကွက်ကို ရွှေ့ရမည်နည်းဆိုသည်ကို စဉ်းစားလျက်ရှိနေသည့်မာဆာတိုကီတာနိုသည် ရုတ်တရက်မတ်တပ်ထရပ်ကာ အော်ဟစ်လိုက်သည်။ “ခင်ဗျားရှုံးပြီဆိုတိုင်း ဒီလိုမျိုး အရှက်မဲ့ဖျက်ဆီးပစ်လို့မရဘူးလေ။”

သူ့အနေနှင့် နိုင်ခါနီးနေပြီဖြစ်၏။သို့ပေမဲ့စစ်တုရင်ခုံတစ်ခုလုံးသည်တွန်းဖယ်ခြင်းကို ခံလိုက်ရ၏။ ဤအရာကို မည်သူက သည်းခံနိုင်မည်နည်း။

“ရောင်းရင်း”

ကြီးမြတ်သူတုံးကုသည်လေးလေးနက်နက်အမူအရာဖြင့်ပြောလိုက်၏။ “စိတ်ထဲမှာ မသက်မသာ ခံစားနေရတယ်။တစ်ခုခု ကြီးမားတဲ့ အရာကြီးက ဖြစ်လာမှာကို စိုးရွံ့နေရတယ်။”

ဒေါသထွက်လျက်ရှိနေသော မာဆာတိုကီတာနိုသည် ရုတ်တရက်လေးနက်သွားမိ၏။ ပြီးနောက်ပြောလိုက်သည်။ “နတ်ဆိုးအင်ပါယာကြောင့်လား။ ဘာတွေဖြစ်လာနိုင်လဲ။”

“ကျုပ်လည်းမသိဘူး။”

ကြီးမြတ်သူတုံးကုသည် ပြောလိုက်၏။ “ပိုပိုပြီးတော့စိတ်ထဲမှာ ဘဝင်မကျ ဖြစ်လာတာပဲ။”

“ခင်ဗျားတပည့်အနေနဲ့ ပြဿနာရှာတာရော မဖြစ်နိုင်ဘူးလား။” မာဆာတိုကီတာနိုက မေးမြန်းလိုက်သည်။

“မဟုတ်ဘူး။”

ကြီးမြတ်သူ တုံးကုသည်တိကျခိုင်မာစွာပြောလိုက်၏။ “နောက်ဆုံးအကြိမ်အဲကောင်လေး ကို မွန်းစတားကလန်အသီးသီး လာဝိုင်းတာတောင်မှ ဒီလောက်စိတ်ထဲမှာ လေးမနေခဲ့ဘူး။”

မာဆာတိုကီတာနိုသည်ကလည်း အတွေးနက်လျက်ရှိနေ၏။ ကျွင်းချောင်ရှောင်းသည်များပြားလွန်းလှသော မွန်းစတားကလန်အသီးသီးဆီမှ မွန်းစတားဥ များကို ခိုးယူခဲ့၏။ထိုအရာသည်တစ်လောကလုံးကိုပင်ပွက်လောရိုက်စေခဲ့၏။သို့ပေမဲ့ဤကဲ့သို့သော အချိန်အခါမျိုးတွင်တောင်မှ ကြီးမြတ်သူတုံးကုသည်တည်တည်ငြိမ်ငြိမ်နှင့်ရင်ဆိုင်နိုင်စွမ်း ရှိခဲ့သည်။

ဝှစ်

ဝှစ်ဝှစ်

လေအေးများ တိုက်ခတ်လာပြီးသည့်နောက်အမဲရောင်တိမ်များသည်စုဝေးလာခဲ့သည်။ ကြီးမြတ်သူတုံးကုနှင့် မာဆာတိုကီတာနိုသည်ထိုအရာကြီးကို မော့ကြည့်ကာဖြင့်သံပြိုင်ဆိုသလို ပြောလိုက်၏။ “လောကကြီးက ပြောင်းလဲတော့မယ်နဲ့တူတယ်။”

…

တံခါးပိတ်ကျင့်ကြံနေရာ တည်နေရာတစ်ခု

ကျက်သရေရှိလှသော ပုံရိပ်တစ်ခုသည်ကျောက်စင်မြင့်ကြီးတစ်ခုပေါ်တွင်ခြေချိတ်ကာ ထိုင်လျက်ရှိ၏။ သူမ၏ ဆံနွယ်များသည်ပျော့ပြောင်းကာဖြင့်အနောက်ဘက်သို့ဝဲကာကျဆင်းနေ၏။ အနောက်ဘက်မှ မြင်နေရသည်မို့သူမ၏ မျက်နှာကို သေသေချာချာ မမြင်ရချေ။သို့ပေမဲ့ဤလူသည်အမျိုးသမီးတစ်ယောက်မှန်းတော့သိသာလှ၏။

“သခင်”

အိုမင်းနေသည့်အသံတစ်ခုသည်အပြင်ဘက်ဆီမှထွက်လာ၏။ ဤတစ်ကြိမ်မှာတော့ မြင်ကွင်းသည်တဖြည်းဖြည်းနှင့် အရှေ့ဘက်ဆီသို့ ရွှေ့သွားသည်။

အသက် ၂၀ကျော်ခန့်ရှိသော ပုံပန်းသွင်ပြင်နှင့်အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရ၏။ သူမ၏ အလှအပသည်အလွန်လှပလွန်းလှပြီး စကားလုံးများနှင့် ဖော်ညွှန်းရန်ပင်ခက်ခဲလွန်းလှ၏။

လုချင်းချင်းသည်လည်း အလွန်တရာ လှပလွန်း၏။ သို့ပေမဲ့သူမနှင့် နှိုင်းယှဉ်မည်ဆိုလျှင်အနည်းငယ်တော့လိုအပ်ချက်များ တည်ရှိနေ၏။ မည်သည့်အရာ လိုအပ်နေသနည်းဆိုသော်ဟန်ပန်အမူအရာနှင့် အရှိန်အဝါပင် ဖြစ်ပေသည်။ နှင်းဆီဧကရီ၏ အသွင်အပြင်နှင့်အရှိန်အဝါမျိုးသည်သာ ဤအမျိုးသမီးနှင့် နှိုင်းယှဉ်၍ရနိုင်သည့်အခြေအနေတွင်တည်ရှိနေ၏။ သို့ပေမဲ့ ၎င်းတို့နှစ်ယောက်၏အကြား လှပမှုသည်ကွာခြားလွန်းလှ၏။ကိုယ်ပိုင်ဝိသေသများနှင့် တည်ရှိသူများပင်။

“ဘာဖြစ်လို့လဲ။”

သူမသည်အနည်းငယ်မျက်မှောင်ကုတ်လိုက်မိ၏။ သို့ပေမဲ့ထိုအရာကသည်တောင်မှသူမကို ပိုမိုကာ လှပ သွားစေခဲ့၏။

အသံကို ရင်းနှီးလို့နေခဲ့၏။ဟုတ်ပေသည်။ဤအသံပိုင်ရှင်သည်ဧကရီလင်းရောင်ပင် ဖြစ်တော့၏။သူမသည်တံခါးပိတ်ကျင့်ကြံသည့်တည်နေရာထဲတွင်တည်ရှိနေသောကြောင့်မျက်နှာအား တိမ်များနှင့် ဖုံးကွယ်မထားခဲ့ချေ။

ထို့ကြောင့်သူမ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။ သူမသည်ရီရှင်းချန်၏ရည်းစားဟောင်းဖြစ်ပြီး ရီရှင်းချန်၏နောက်ကျောကို ဓားနှင့်ထိုးကာ သတ်ဖြတ်ခဲ့သည့်လူတစ်ယောက်လည်း ဖြစ်နေသည်။

“သခင်”

ခါးကုန်းကုန်းနှင့် အဘိုးအိုက ပြောလိုက်၏။ “အပြင်ဘက်မှာ ရာသီဥတုက ပြောင်းလဲနေတယ်လေ။ ကြီးမားတဲ့အရာကြီးတစ်ခုခု ဖြစ်ပေါ်လာတော့မှာကို စိုးရိမ်မိ တယ်။”

“ဟင်”ဧကရီလင်းရောင်သည်ခေါင်းကိုညိတ်လိုက်၏။ ပြီးနောက်ညာဘက်လက်ကို အသာဝှေ့ယမ်းလိုက်၏။နံရံပေါ်တွင်ရှိနေသော အစီအရင်တစ်ခုသည် ဖြစ်တည်လာခဲ့ပြီး အပြင်ဘက်တွင်ရှိနေသော မြင်ကွင်းများကို မြင်လာရ၏။ အမဲရောင်တိမ်လိမ့်များသည်ကောင်းကင်ယံတွင်စုဝေးလျက်ရှိနေ၏။ အထက်နယ်မြေ၏ တစ်ဝက်လောက်ကိုပင်လွှမ်းခြုံလျက်ရှိနေလေသည်။

All Chapters