← Chapters

အခန်း ၁၅၃၁

Vol. 103 Ch. 1531

အခန်း ၁၅၃၁

Vol. 103 Ch. 1531

အပိုင်း (၁၅၃၁)

အမဲရောင်တိမ်များသည်အထက်နယ်မြေ၏ တစ်ဝက်လောက်ကို ဖုံးလွှမ်းလျက်ရှိနေ၏။ အခြေအနေတစ်ခုလုံးသည်လည်း မှုန်မှိုင်းလာခဲ့၏။

“ဘာလို့ရာသီဥတုက ရုတ်တရက်ကြီး ပြောင်းလဲသွားရတာလဲ။”

ပြိုင်စံရှားဂိုဏ်းထဲတွင်ရှိနေသော တပည့်များသည့်ကျင့်ကြံရာ၌ အလုပ်ရှုပ်လျက်ရှိနေ၏။ သို့ပေမဲ့အားလုံးသည်ပတ်ဝန်းကျင်တစ်ခုလုံး မဲမှောင်သည်အထိ ဖြစ်စေခဲ့သည့် အမဲရောင်တိမ်လိပ်များကို ကြည့်ရှုရင်း ဇဝေဇဝါ ဖြစ်နေကြ၏။

ဘုန်း …..။

မိုးကြိုးနှင့်လျှပ်စီးများသည် ဖြစ်တည်လာခဲ့ပြီးသည့်နောက်ကျယ်လောင်လှသည့်မိုးခြိမ်းသံကြီးများလည်း ထွက်ပေါ်လာခဲ့သည်။ ကျွင်းချောင်ရှောင်းသည်အဓိကဟောခန်းထဲမှထွက်လျှောက်လာခဲ့ပြီးနောက်ပြောလိုက်၏။ “ဟ မိုးကြိုးတွေပစ်ပြီး မိုးတွေရွာနေတာပဲ။ အဝတ်တွေရုတ်ကြ။”

သူ၏ စကားစုသည်တွေဝေလျက်ရှိနေသည့်တပည့်များကို သတိဝင်သွားစေခဲ့၏။အားလုံးသောသူတို့သည် ခြံဝန်းထဲ တွင်လှမ်းထားသော အဝတ်အစားနှင့် စောင်များအားလုံးကို သွားရောက်ကာ ရုပ်သိမ်းကြတော့၏။ ဂိုဏ်းထဲတွင်အခြေအနေတစ်ခုလုံးသည် ရုတ်တရက်ဆိုသလိုပဲ လှုပ်ရှားအသက်ဝင်သွားသည်။

“အစ်ကိုကြီး”

ကုကျောင်းရှစ်သည်လမ်းလျှောက်ထွက်ကာဖြင့်မျက်မှောင်ကုတ်လိုက်၏။ “အခြေအနေကတော့သိပ်မကောင်းဘူး။”

“ဒါက မိုးရွာတာပဲလေ။ ဘာဆိုးလို့လဲ။”

ဤကဲ့သို့ရာသီဥတုတစ်ခုလုံး ပြောင်းလဲသွားခြင်းသည်သိုင်းကျင့်ကြံခြင်းလောကတွင်သာမန်မဟုတ်ချေ။သို့ပေမဲ့ ကျွင်းချောင်ရှောင်းမှာတော့ထူးဆန်းသည်ဟု မခံစားရချေ။ နှင်းကျလျှင်သို့မဟုတ်မိုးသီးကျလျှင်ပင်သူ့အနေနှင့် ထူးခြားသည်ဟု ခံစားလိမ့်မည်မဟုတ်ချေ။

ကုကျောင်းရှစ်က ပြောလိုက်၏။ “ဘာလဲတော့မပြောနိုင်ဘူး။”

သူ၏ အခြေအနေသည် ကြီးမြတ်သူတုံးကုနှင့် ဆင်တူလျက်ရှိနေ၏။ ဘာဖြစ်မှန်းမသိဘူးဆိုသော်လည်း စိတ်ထဲတွင်စိုးထိတ်သည့်ခံစားချက်များ ရရှိလို့နေခဲ့သည်။

“အရမ်းကြီး တွေးတောမနေနဲ့။”

ကျွင်းချောင်ရှောင်းသည်ကုကျောင်းရှစ်၏ပုခုံးကို အသာပုတ်ကာဖြင့်ပြောလိုက်၏။ “ပထမအသွင်ပြောင်းခြင်းဆေးလုံး သန့်စင်ပြီးတဲ့အထိ စောင့်လိုက်အုံး။ မင်းအနေနဲ့ဒီဆေးလုံးရဲ့အစွမ်းကို ကူညီပြီး စမ်းသပ်ပေးရအုံးမယ်။”

“………”

ကုကျောင်းရှစ်က မေးမြန်းလိုက်သည်။ “အန္တရာယ်ရှိလား။”

“ညီလေး”

ကျွင်းချောင်ရှောင်းသည်လေးလေးနက်နက်ပြောလိုက်၏။ “မင်းအနေနဲ့ဟောခန်းသခင်ဝေနဲ့ဟောခန်းသခင်မြောင်တို့ရဲ့စွမ်းရည်ကို ယုံကြည်သင့်တယ်။”

ကုကျောင်းရှစ်သည်စိတ်ဓာတ်ကျသွားမိသည်။ ငါ့စိတ်ထဲမှာဖြစ်နေတဲ့မသက်မသာ ခံစားချက်တွေအကုန်လုံးက ရာသီဥတုကြောင့်မဟုတ်ဘဲနဲ့ဒီဆေးလုံးကြောင့် ဖြစ်နိုင်တယ်။

………..

ဆေးဟောခန်း

အကြီးအကဲဝေသည်ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဒီဆေးလုံးအတွက်လိုအပ်တဲ့ဆေးပင်တွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁သိန်းကျော်ထဲက တည်ရှိခဲ့တဲ့အရာတွေလေ။ အခုချိန်မှာ တစ်ချို့ဟာတွေက မျိုးတုံးကုန်ပြီ။”

“ အစားထိုးလို့ရတဲ့အရာတွေရှာဖွေတွေ့နိုင်သေးလား။” ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်သည်။

လောကကြီးတွင်ရေတွက်၍မရအောင်များပြားသော ဆေးပင်များရှိ၏။ တစ်ခုနှင့်တစ်ခုသည်တူညီသည့်ဓာတ်သဘာဝများ ရှိနေမှာ သေချာ၏။

“ဒါက”

အကြီးအကဲဝေက ပြောလိုက်သည်။ “ဒါ ဟောခန်းသခင်မြောင်ပေါ်မှာ မူတည်တာပေါ့။”

သူ့အနေနှင့် အဆိပ်ပြင်းဆေးပင်များကို စိုက်ပျိုးရန်အတွက် ပြဿနာကြီးတစ်ခု မဟုတ်ချေ။သို့ပေမဲ့ ကျွမ်းကျင်ရာ မှာတော့သူသည်မြောင်စိုင်းဖန်လောက်တော့မကျွမ်းကျင်လှချေ။

ကျွီ

အဆိပ်ဟောခန်းမဆောင်မှာတော့ထူထဲလှသည့်စာအုပ်ကြီးတစ်ခုသည်စားပွဲပေါ်တွင်ရောက်ရှိနေခဲ့၏။မြောင်စိုင်းဖန်သည်အသာလက်ပိုက်ကာဖြင့်ပြောလိုက်၏။ “အစားထိုးအသုံးပြုလို့ရမယ့်ဆေးပင်ပေါင်း တစ်ဒါဇင်ကျော်ကိုတော့ရှာတွေ့ခဲ့တယ်။”

“ကျွမ်းကျင်သူပဲ။” ကျွင်းချောင်ရှောင်းသည်လက်မထောင်ပြလိုက်သည်။

“ဒါပေမဲ့….”

မြောင်စိုင်းဖန်သည်လေးလေးနက်နက်ပြောလိုက်၏။ “ဒီဆေးပင်တွေမှာ ပါဝင်တဲ့အဆိပ်က အရမ်းကို အားကောင်းလွန်းတယ်လေ။ အားလုံးကို ဆေးလုံးတစ်လုံးတည်းကို ပေါင်းစပ်ပြီး ထည့်သွင်းလိုက်မယ်ဆိုရင်ကျိန်းသေပေါက်တစ်ခါတည်း သေသွားနိုင်တယ်။”

သူမ ထိုသို့ပြောလိုက်သည့်အချိန်တွင်ဧည့်ခန်းဆောင်သို့ ပြန်လာလျက်ရှိနေသည့်ကုကျောင်းရှစ်သည် ကြက်သီး များပင်ထလာမိ၏။ ထို့ကြောင့်တွေးလိုက်မိ၏။ ငါ ခံစားနေရတဲ့ခံစားချက်က တဖြည်းဖြည်းနဲ့ပိုပြီး အားကောင်းလာခဲ့ပါလား။

“ကောင်းပြီ။”

ကျွင်းချောင်ရှောင်းသည်မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ “တပည့်တွေရဲ့ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်တဲ့နေရာမှာ အသုံးမပြုနိုင်ဘူးဆိုလျှင်တောင်မှအဆိပ်အဖြစ်တော့အသုံးပြု၍ရသေးတာပဲ။”

ရန်သူနှင့် ရင်ဆိုင်သည့်အချိန်တွင်ကုန်းရှန့်သည်ဆေးလုံးကို သွားရောက်ကာဖြင့်တိုက်ကျွေးရန်စဉ်းစားလိုက်မိ၏။ သို့ပေမဲ့ဤအရာမှာ ယုတ္တိမတန်လှချေ။ထိုကဲ့သို့သော ဆေးလုံးမျိုး ထိုးထည့်သည်ကို မည်သူက ပါးစပ်ဟ၍ ခံနေမည်နည်း။

ထို့ကြောင့်တပည့်များ၏ ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်နိုင်ရန်ဆေးလုံးကို ပိုမိုအဆင့်မြှင့်တင်နိုင်မလားဆိုသည်ကိုပင်မျှော်လင့်လျက်ရှိနေသေးသည်။ဤအရာအတွက်ခက်ခဲချက်များရှိနေသည်ဆိုလျှင်တောင်မှအရှိန်ယူကာ လေ့လာသွားရမှာ ဖြစ်၏။

ဥပမာအားဖြင့် ကျွဲရိုင်းစက်ရုပ်ကြီးကို ဝိညာဉ်ဖြင့်ထိန်းချုပ်ရန် ဖြစ်သည်။ဤအရာနှင့်ပတ်သက်၍လုံလောက်သည့်နည်းပညာများကို ဖန်တီးပြုလုပ်ရန်လိုအပ်နေသေးသည်။

“အား …..”

အစီအရင်ဟောခန်းထဲမှာတော့ထိုက်ရွှမ်အဘိုးအိုသည်သူ၏ ဆံပင်ဖြူများကို အသာဆွဲကာဖြင့်အော်ဟစ်လျက်ရှိ၏။ “ငါ့ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်တော့မယ်။”

“အင်း”

ကျန်းတယ်ကျွင်းသည်အကူအညီမဲ့စွာဖြင့်ခေါင်းကိုခါယမ်းလိုက်၏။သူသည်ဘေးတစ်ဖက်မှကူညီပေးသည့်လူတစ်ယောက်ဖြစ်၏။ဆံပင်ပြန်လည်ပေါက်စေသည့်ဆေးအကူအညီသာ မရှိသည်ဆိုပါက သူသည်လက်ရှိအခြေအနေတွင်ကတုံးတောင် ဖြစ်နလောက်ပေမည်။

“ဘိုးဘေးအကြီးအကဲကြီး”

ရှန့်ကွမ်းရှင်းရောင်က ပြောလိုက်သည်။ “ဝိညာဉ်ကြံ့ခိုင်ခြင်း နတ်အတတ်က တစ်စုံတစ်ယောက်ရဲ့ဝိညာဉ်ကို ခန္ဓာကိုယ်ထဲကနေ ဆွဲထုတ်နိုင်တယ်လို့ပြောတယ်မဟုတ်လား။ ဒါပေမဲ့အဲဒီခန္ဓာကိုယ်ထဲကနေ ဆွဲထုတ်လို့ရတဲ့ဝိညာဉ်ကို တစ်ခါကမှမမြင်ဖူးပါလား။ ဘယ်သူကမှအောင်မြင်အောင်မကျင့်နိုင်သေးဘူးနဲ့တူတယ်။”

“ဒါကတော့အမှန်ပဲ။”

ထိုက်ရွှမ်အဘိုးအိုသည်နဖူးကို ပိတ်ရိုက်ကာ ပြောလိုက်မိသည်။ “ငါ ဘာလို့ဒါကို အစောကြီးကတည်းက မစဉ်းစားမိတာပါလဲ။”

တစ်စုံတစ်ယောက်အနေနှင့် ခန္ဓာကိုယ်ထဲမှဝိညာဉ်ကို ဆွဲထုတ်နိုင်မည်ဆိုမှသူ့အနေနှင့် ထိုသူနှင့် ပူးပေါင်းကာ သုတေသနပြုလုပ်နိုင်မှာ ဖြစ်သည်။သို့ပေမဲ့သူသည်အဓိကသော့ချက်အရာကြီးကို မေ့လို့နေခဲ့၏။

ကျွင်းချောင်ရှောင်းအနေနှင့် ဝိညာဉ်ကြံ့ခိုင်ခြင်းနတ်အတတ်အား ဂိုဏ်းထဲမှာ ရှိသည့်လူများအားလုံးကို ဖြန့်ဖြူး ပေးပြီးဖြစ်သည်။

တပည့်အားလုံးသည် ကြိုးကြိုးစားစားဖြင့်ကျင့်ကြံလျက်ရှိနေ၏။ သို့ပေမဲ့ဤကဲ့သို့သော ဝိညာဉ်ကြံ့ခိုင်ခြင်းသည်သိုင်းနည်းစနစ်သည်အလွန်နက်နဲလွန်းလှ၏။ထို့ကြောင့်နားလည်ရန်အချိန်ယူရမှာ သေချာ၏။

အခန်းတွင်းမှာတော့ဟယ်ဝူတီသည်အိပ်ရာပေါ်တွင်ခြေချိတ်ကာ ထိုင်လျက်ရှိနေပြီး ဝိညာဉ်ကြံ့ခိုင်ခြင်း နတ်အတတ်ပညာအား အောင်မြင်စွာ လေ့ကျင့်ပြီးပြီဖြစ်သည်။သူ့အနေနှင့် ဤနည်းစနစ်ကို အစောပိုင်း ရက်အနည်းငယ်ထဲက လေ့ကျင့်နေခဲ့ခြင်းဖြစ်ပြီး တဖြည်းဖြည်းနှင့် ပိုမိုကာ နားလည်လာခဲ့တော့၏။ထိုအရာကို နားလည်လာပြီးသည့်နောက်သူသည်လောကသစ်တစ်ခုဆီသို့တံခါးတစ်ချပ်ကို ဖွင့်လှစ်လိုက်သလိုပင်ခံစား နေမိသည်။

သူသည်ယခင်တုန်းကလည်း ဝိညာဉ်နှင့်ဆိုင်သည့်ကျင့်ကြံခြင်းနည်းစနစ်များကို မကျင့်ကြံဖူး၍ မဟုတ်ချေ။သို့ပေမဲ့သူအရင်က ကျင့်ကြံခဲ့သည့်အရာများအားလုံးသည်ယခုလေ့ကျင့်နေသည့်ဝိညာဉ်ကြံ့ခိုင်ခြင်း နတ်အတတ်နှင့် နှိုင်းယှဉ်ရမည်ဆိုလျှင်ဘာတစ်ခုမှမသက်ဆိုင်လှချေ။အဆင့်အတန်းမှာ လုံးလုံးကွာခြားနေခဲ့၏။ဤအရာသည်စီနီယာ သက်တန့်ရောင်သူတော်စင်နှင့်ပတ်သက်နေမည်ဟု သူက အခိုင်အမာယုံကြည်ထားမိ၏။

ရီရှင်းချန်သည်လည်း ကျင့်ကြံလျက်ရှိနေ၏။ ဤကျင့်ကြံခြင်းနည်းစနစ်သည်ဝိညာဉ်ကို ပိုမိုကာ အားကောင်းစေခဲ့၏။ထို့ကြောင့်သူသည်သာမက သူ၏ ခန္ဓာကိုယ်အတွင်းတွင်ပုန်းကွယ်၍နေထိုင်နေသည့်အားညို၏ဝိညာဉ်သည်လည်း ပိုမိုကာ အားကောင်းလာခဲ့သည်။

ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းအနေနှင့်လည်း ဤဝိညာဉ်ကြံ့ခိုင်ခြင်းနတ်အတတ်အား လေ့ကျင့်လျက်ရှိနေ၏။ ဂိုဏ်း၏ ဝေယျာဝစ္စများကို ပြုလုပ်ပြီးသည်နှင့် တစ်ပြိုင်နက်သူသည်ထိုအရာကို လေ့ကျင့်သည့်အလေ့အထပင်ရှိနေ၏။ ထို့အပြင်သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်သည်ဝိညာဉ်ကို ပိုမိုအားကောင်းရန်အာရုံစိုက်ရမှာ မဟုတ်ပါလား။

ဝေါဝေါ

အပြင်ဘက်တွင်မိုးများစတင်ကာ ရွာချလာခဲ့၏။ မိုးသည်မသည်းလွန်းလှချေ။သို့ပေမဲ့ရက်အနည်းငယ် ကြာသည်အထိ ရွာလျက်ရှိနေ၏။ ကောင်းကင်၏အဝေးဆီမှာတော့တိမ်မည်းများသည်ပိုမိုကာ များပြားလာခဲ့သည်။

မသိလျှင်စစ်သည်ပေါင်း တစ်ထောင်ကျော်တို့သည်စစ်မြင်းများကို စီးနင်းကာ ရောက်ရှိလာသကဲ့သို့ပင်။များပြားလှသော တပည့်များအားလုံးသည်ကိုယ့်အခန်းထဲ၌ လေ့ကျင့်ရင်း အလုပ်ရှုပ်လျက်ရှိနေကြ၏။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်းသည် ငြိမ်းငြိမ်းချမ်းချမ်းဖြင့်တည်ရှိနေခဲ့၏။

…

ဆွစ်

မဲမှောင်နေသည့်ပတ်ဝန်းကျင်တည်နေရာကြီးအထဲမှာတော့မျက်လုံးတစ်စုံသည် ရုတ်တရက်ပွင့်လာခဲ့၏။ထိုမျက်လုံး ထဲတွင်အဆုံးမဲ့သော ဒေါသတရားနှင့် သတ်ဖြတ်လိုခြင်းဆန္ဒများသည် ပြည့်နှက်နေခဲ့၏။မှုန်ကုတ်ကုတ်အသံကြီး တစ်ခုသည်တည်နေရာကြီး တစ်ခုလုံးကို လွှမ်းခြုံသွား၏။

“ပြိုင်စံရှားဂိုဏ်းရဲ့တပည့်ကောင်မလေးက ငါ့ရဲ့ ခန္ဓာကိုယ်ကို လုယူသွားခဲ့ပြီဆိုမှတော့ ပြိုင်စံရှားဂိုဏ်းက ဒီလောက ကြီးထဲမှာ မရှိသင့်တော့ဘူး။”

မည်သူဖြစ်သနည်း။ ယခုမှ ပြန်လည်ကာ ရှင်သန်လာသည့်နတ်ဆိုးဘိုးဘေးကြီးပင် ဖြစ်သည်။သူ၏ သန္ဓေနတ်ဆိုး သူတော်စင်ခန္ဓာကိုယ်သည်မိန်းကလေးတစ်ယောက်၏လုယူခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့်သူ့အနေနှင့် တံခါးပိတ်ကျင့်ကြံကာ အားမွေးလျက်ရှိနေသည့်ဆိုလျှင်တောင်မှသူ၏ ဒေါသတရားများကို မမြိုသိပ်နိုင်ခဲ့ချေ။

ဖြစ်နိုင်သမျှအမြန်ဆုံးပြန်လည်ကာ ရယူချင်မိ၏။ တစ်ဖက်လူသည်သူ၏ သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်နှင့်အသက်သွေး ဝိညာဉ်ချုပ်ဆိုခဲ့ပြီးပြီဖြစ်၏။ထိုသို့ဆိုလျှင်ထိုအရာကို မည်ကဲ့သို့ ပြန်လည်ရယူမည်နည်း။ ရိုးရှင်းလွန်းလှ၏။ဤမိန်းကလေးသည်သာ သေဆုံးသွားသည်ဆိုပါက ခန္ဓာကိုယ်သည် ပိုင်ရှင်မဲ့သွားပေလိမ့်မည်။ထိုသို့ဆိုလျှင်သနေတ်ဆိုးသူတော်စင်ခန္ဓာကိုယ်အား သူပြန်လည်ကာ ရရှိနိုင်လိမ့်မည်။

“ငါ့အမိန့်ကို နားထောင်ကြ။”

နတ်ဆိုးဘိုးဘေးကြီးသည်အေးစက်စက်ပြောလိုက်၏။ “သတင်းဖြန့်လိုက်။”

“ကောင်းပါပြီ။”

အမဲရောင်ဝတ်စုံနှင့် အကြီးအကဲလေးယောက်တို့သည်အမိန့်ကို ရရှိပြီးသည့်နောက် လျှို့ဝှက်အခန်းထဲမှထွက်ခွာသွားခဲ့၏။

“ဒီ သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့အင်မော်တယ်ဂိုဏ်းကြီး ၁၀ ဂိုဏ်းက တကယ့်ကို စိုးရိမ်ပူပန်နေကြတာလေ။ ဒီမိန်းကလေးသာ အဲဒါကို အစစ်အမှန်ရရှိသွားတာသိရင်သူတို့တွေကျိန်းသေပေါက်သွားပြီး သတ်ကြလိမ့်မယ်။ဟား ဟား ဟားဟားဟား”

…..

အပြင်ဘက်လောက

အထက်နယ်မြေ၏ တစ်ဝက်လောက်ကို တိမ်မဲများသည်ဖုံးလွှမ်းလျက်ရှိ၏။

“ရောင်းရင်းကြီး”

လှိုဏ်ဂူ၏ အပြင်ဘက်တွင်မတ်မတ်ရပ်လျက်ရှိနေသော ကြီးမြတ်သူတုံးကုသည် လေးလေးနက်နက်အမူအရာဖြင့်ပြောလိုက်သည်။ “ကျုပ်ရဲ့ခံစားချက်က ပိုမိုပြီး အားကောင်းလာတယ်။”

“………”

မာဆာတိုကီတာနိုသည်စိတ်ဓာတ်ကျလျက်ရှိ၏။ “ဘယ်လိုကပ်ဘေးအမျိုးအစားကြီး ဖြစ်လာမှာလဲ။ ခင်ဗျားအနေနဲ့ဒီလိုခံစားနေရတာ ရက်အနည်းငယ်လောက် ကြာနေပြီမဟုတ်ဘူးလား။”

ရွှီ ရွှီ

ထိုအချိန်မှာတော့အနီရောင်ကြိုးကြာတစ်ကောင်သည်ပျံသန်းရောက်ရှိလာခဲ့၏။ ၎င်းသည် ခန္ဓာကိုယ်ပေါ်တွင်ရှိနေသော မိုးရေစက်များကို ခါချပြီးသည့်နောက်သူ၏ သခင်ထံ သတင်းပေးပို့လိုက်သည်။

“သွားပြီပဲ။”

မာဆာတိုကီတာနို၏ အမူအရာသည်ပြောင်းလဲသွားခဲ့၏။ “တကယ့်ကို ကြီးမားတဲ့အရာကြီးဖြစ်ပြီ။”

ကြီးမြတ်သူတုံးကု၏ နှလုံးခုန်သံများပင် မြန်ဆန်လာခဲ့သည်။ “ဘာဖြစ်တာလဲ။”

“ခင်ဗျားတပည့်ရဲ့ဂိုဏ်းထဲမှာရှိတဲ့တပည့်တစ်ယောက်က သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်ကို ရယူသွားခဲ့တယ်လေ။ ဒီကိစ္စကို အထက်နယ်မြေတစ်ခုလုံးက ပြောဆိုနေကြပြီ။”

“ဟမ်”

ကြီးမြတ်သူတုံးကုသည်မျက်လုံးပြူးသွားမိ၏။ ပြီးနောက်သူသည်ရင်ဘတ်ကို ဆုပ်ကိုင်ကာဖြင့်ပြောလိုက်မိ၏။ “ကျုပ် ရင်ထဲမှာ ခံစားနေရတဲ့မကောင်းတဲ့ခံစားချက်တွေက ဒီကောင့်ကြောင့်ကိုး။”

“လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းတုန်းက နတ်ဆိုးအင်ပါယာက သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်ကို အသုံးပြုပြီး တော့အင်မော်တယ်ဂိုဏ်းကြီး ၁၀ ဂိုဏ်းကို ထိပ်တိုက်ရင်ဆိုင်ခဲ့တာလေ။ အခု အဲခန္ဓာကိုယ်က ပြန်ပြီး ပေါ်လာပြီ ဆိုတော့ကျိန်းသေပေါက်လမ်းမှန်ကျင့်ကြံသူတွေက သည်းခံနိုင်မှာမဟုတ်ဘူး။ ကျုပ်စိုးရိမ်မိတာက..”

“ဟေ့ခင်ဗျားဘယ်သွားမလို့လဲ။”

“ပေါက်ကရတွေမေးနေတယ် ….ကျုပ် ပြိုင်စံရှားဂိုဏ်းဆီ သွားရမှာပေါ့။”

ဝှစ်

ကြီးမြတ်သူတုံးကုသည်ချက်ချင်းပဲ ပျံသန်းထွက်ခွာသွား၏။

မာဆာတိုကီတာနိုသည်ကလည်း အနောက်မှအလျင်အမြန်လိုက်ပါသွားသည်။ တစ်ချိန်တည်းမှာပဲ သူ့အနေနှင့် သူ၏ ရောင်းရင်းသူငယ်ချင်းများအားလုံးကို ဆက်သွယ်ရန်သတိမမေ့ခဲ့ချေ။

ထို့အပြင်အင်မော်တယ်ဂိုဏ်းကြီး ၁၀ ဂိုဏ်းသည်ထိုသတင်းကို ရရှိခဲ့ပြီးပြီဖြစ်သောကြောင့်ကျိန်းသေပေါက် ၎င်းတို့၏လူများကို ဖန်းချီမိုးကောင်ကင်တောင်တန်းဆီသို့စေလွှတ်မှာ သေချာ၏။ အခြေအနေတစ်ခုလုံးသည်တွေးထင်ထားသည်ထက်ပိုမိုကာ လေးနက်ပြီး ကြီးကျယ်လို့လာခဲ့၏။

All Chapters