အခန်း ၁၅၃၂
Vol. 103 Ch. 1532
အပိုင်း (၁၅၃၂)
လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းခန့်က နတ်ဆိုးဘိုးဘေးနှင့် အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ စွမ်းအားမြင့် ကျင့်ကြံသူများသည် အနောက်ဖက်ပင်လယ်ထဲတွင် ရက်အနည်းငယ်ကြာ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြ ၏။ တိုက်ပွဲသည် ပြင်းထန်လွန်းလှ၏။ ဤအရာသည် ရှေးယခင်တုန်းက တိုက်ခိုက်ခဲ့ကြသည့် ဂန္တဝင်မြောက် တိုက်ပွဲကြီးဟုပင် သတ်မှတ်ကြ၏။
သမိုင်းမှတ်တမ်းတစ်လျှောက်တွင် အကြီးမားဆုံးသောတိုက်ပွဲအဖြစ် အားလုံးက သဘောတူ လက်ခံထားလေသည်။
ဟုတ်ပေသည်။ နတ်ဆိုးအင်ပါယာသည် သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာဖြင့် အခြားအင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ကျင့်ကြံသူများနှင့် တိုက်ခိုက်ခဲ့ခြင်းပင် ဖြစ်၏။
လောကတွင် ခန္ဓာကိုယ်နှင့်ပတ်သက်သည့် မှတ်တမ်းများ ရှိသည်ဆိုသော်လည်း ဤခန္ဓာနှင့်ပတ်သက်သည့် အသေးစိတ်မှတ်တမ်းမှာတော့ မရှိပေ။ မည်သည့်နေရာမှ ပေါ်ပေါက်လာခြင်းလည်း မသိရှိချေ။
နတ်ဆိုးအင်ပါယာသေဆုံးပြီးနောက် သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်သည် လောကကြီးမှ ပျောက်ကွယ်သွားခဲ့၏။ ယနေ့အချိန်ထိ မည်သူကမှ ဆက်ခံခြင်းမရှိခဲ့ချေ။ ပြောရမည်ဆိုလျှင် ဤခန္ဓာကိုယ်ကို ဆက်ခံနိုင်ပါက နတ်ဆိုးအင်ပါယာ၏ အမွေအနှစ်ကို ဆက်ခံနိုင်မည်ဖြစ်ပြီး နတ်ဘုရားတတိယအဆင့်ကို တက်လှမ်းကာ ကောင်းကင်တာအို၏ လျို့ဝှက်ချက်များကို ထိတွေ့ကိုင်တွယ်နိုင်သည့် အဆင့်ထိ ရောက်ရှိနိုင်သည် ဟုပြောဆိုခဲ့သည်။
ဤအရာသည် ကောလဟာလသာ ဖြစ်၏။ သိုင်းကျင့်ကြံသူများသည် ထိုအရာကို အလေးအနက်မထားကြချေ။ ထို့ပြင် ဟိုးတုန်းက ဖြစ်ခဲ့သော ကိစ္စများ ဖြစ်သည့်အတွက် မေ့လုမတတ်ပင် ဖြစ်နေကြသည်။ ရံဖန်ရံခါတွင် ပြောဆိုသည်ဆိုသော်လည်း ဤအရာသည် စကားဝိုင်းသက်သက်မျှသာ။ ထို့ပေမဲ့ ယနေ့အချိန်တွင် ထိုကဲ့သို့သော ခန္ဓာကိုပိုင်ဆိုင်သည့် လူတစ်ယောက် ထွက်ပေါ်လာမည်ဟု မည်သူကမှ မထင်မှတ်ထားခဲ့ချေ။ ပြိုင်စံရှားဂိုဏ်း၏ တပည့်တစ်ယောက် သန္ဓေနတ်ဆိုး သူတော်စင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်သည်ဟူသည့် သတင်းသည် အထက်နယ်မြေတစ်ခုလုံးတွင် ပျံ့နှံ့ခဲ့၏။ ထို့ကြောင့် ရှိရှိသမျှသော သိုင်းကျင့်ကြံသူများသည် ထိုအရာနှင့်ပတ်သက်၍ စတင်ကာ ဆွေးနွေးကြတော့၏။
"ဒီဟာက ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်တစ်ခုဟု ကြားခဲ့တယ်ကွ။ ဒီခန္ဓာကိုယ် ပေါ်ပေါက်လာမှုက အထက်နယ်မြေအတွက် ဘေးအန္တရာယ်တစ်ခုပဲ"
လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းခန့်က နတ်ဆိုးဘိုးဘေးကြီးမှာ အမှန်ပင် လူဆိုးတစ်ယောက်ဟု သတ်မှတ်ကြ၏။ ထို့ကြောင့် သန္ဓေနတ်ဆိုး သူတော်စင်ခန္ဓာဆိုသည်မှာ ဂြိုလ်ဆိုးကြီးတစ်ခုသာ ဖြစ်သည်။
"နယ်မြေဟောခန်းက ကျိန်းသေပေါက် လှုပ်ရှားတော့မယ်။ ပြိုင်စံရှားဂိုဏ်းကတော့ ပြဿနာတတ်တော့မယ်။
“ပြောနေစရာတောင် မလိုဘူး။ သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်တဲ့ သူတို့တပည့်ကို လက်လွဲပေးလိုက်မယ်ဆိုရင် နယ်မြေဟောခန်းက သူတို့ကို ခက်ခဲအောင်လုပ်မှာမဟုတ်ဘူး။ ပြီးတော့ ပြိုင်စံရှားဂိုဏ်းဆီမှာ ကြီးမြတ်သူတုံကုရဲ့ အထောက်အပံ့လည်း ရှိနေသေးတယ်မဟုတ်လား။”
‘ငါတို့တွေနောက်ဆို တပည့်ကို လွယ်လွယ်ကူကူနဲ့ ခေါ်လို့မဖြစ်တော့ဘူး။ မဟုတ်ရင် ဂိုဏ်းအတွက် ကပ်ဘေးကြီးတစ်ခု ဖြစ်လိမ့်မယ်"
စားသောက်ဆိုင်တစ်ခု၏ အတွင်းမှာတော့ သိုင်းကျင့်ကြံသူများသည် သက်ဝင်လှုပ်ရှားစွာဖြင့် ဆွေးနွေးလျက် ရှိနေကြ၏။
ဝှစ်
ထောင့်တစ်နေရာတွင် ထိုင်လျက်ရှိနေသော သက်လတ်ပိုင်းလူသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ ပြီးနောက် သူသည် အဖြူရောင်မိုးကာကို ဝတ်ဆင်ကာဖြင့် ဘေးတွင်ရှိနေသော ကျောက်အခေါင်းကြီးကို သယ်ပိုးကာ လှမ်းလျှောက်ထွက်သွားခဲ့၏။
"အားလက်ရက်တွေက တိုတောင်းလိုက်တာ"
"ယုစီနန်" တစ်ယောက် ထအော်လိုက်၏။
ပထမက ဤအခေါင်းကြီး သယ်ဆောင်လာသူနှင့်ပတ်သက်၍ အားလုံးသောသူများသည် ဇဝေဇဝါနှင့် ဖြစ်မိနေကြ၏။ သို့ပေမဲ့ အမှတ်သင်္ကေတဖြစ်သည့် အင်္ကျီကို ထုတ်ကာ ဝတ်ဆင်လိုက်သည့် အချိန်မှာတော့ ဤလူသည် နယ်မြေဟောခန်း၏ နတ်ဆိုးသတ်ဖြတ်သူ သုံးယောက်ထဲမှ တစ်ယောက်ဖြစ်ကြောင်းကို နားလည်လိုက်မိသည်။
ယုစီနန်သည် စားသောက်ခန်းအပြင်ဖက်သို့ လျှောက်ထွက်သွား၏။ ပြီးနောက် သူ၏ရှုပ်ထွေးလျက်ရှိနေသော ဆံပင်များကို အသာသပ်တင်ကာဖြင့် မေးလိုက်၏။ "ဖန်းချီအင်မော်တယ်တောင်တန်းက ဘယ်နေရာမှာလဲ"
သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာပေါ်ပေါက်လာပြီးနောက် သူသည် နယ်မြေဟောခန်း၏ သတိပေးမှုကို မရှိခဲ့ချေ။ သို့ပေမဲ့ နတ်ဆိုးသတ်ဖြတ်သူဖြစ်ကြောင့် တတ်နိုင်သမျှ အမြန်ဆုံးသွားမှ ဖြစ်ပေလိမ့်မည်။ ဤသန္ဓေနတ်ဆိုး သူတော်စင်ခန္ဓာကိုယ်ဆိုသည်မှာ အန္တရာယ်များလွန်းလှ၏။ သူသည် အမှတ်မထင်ပဲ ဘေးမှလျှောက်သွားသည် လူတစ်ယောက်အား ဆွဲကာ မေးလိုက်သည် "ညီလေး ဖန်းချီအင်မော်တယ်တောင်တန်းက ဘယ်နေရာမှာလဲ"
"အ …. အရှေ့ဖက်မှာပါ"
"ကျေးဇူးပဲ"
ယုစီနန်သည် သူ၏အခေါင်းကြီးကို သယ်ပိုးကာဖြင့် ထွက်သွားခဲ့၏။
လမ်းမေးခံရသူသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်မိသည်။ "အစ်ကိုကြီး ခင်ဗျားလမ်းမှားပြီးသွားနေပြီ"
…………...
အထက်နယ်မြေတစ်ခုလုံးသည် သန္ဓေနတ်ဆိုး သူတော်စင်ခန္ဓာကိုယ် အကြောင်း ပြောဆိုနေကြ၏။ မူလအားဖြင့် မိုးဆွေဟောခန်းမှ လူများသည်လည်း ထိုသတင်းကို ကြားပြီးပြီဖြစ်၏။ ထို့ကြောင့် ဂိုဏ်းဆီသို့ သတင်းပေးပို့လိုက်၏။
"သွားပြီ သွားပြီ"
ကုကျောင်းရှစ်သည် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လျက်ရှိ၏။ သူ၏မျက်နှာတစ်ခုလုံးသည် စိုးရိမ်မှုများနှင့် ပြည့်နှက်နေ၏။ ရောင်မုန့်ယဉ် တစ်ယောက် သန္ဓေနတ်ဆိုး သူတော်စင်ခန္ဓာကို ပိုင်ဆိုင်သည်ဟူသည့် သတင်းသည် အထက်နယ်မြေတစ်ခုလုံးကို ပြန့်နှံ့သွားပါက ဒုက္ခများပေလိမ့်မည်။ သူ့အနေဖြင့် ဤအတောအတွင်း မသက်မသာ ခံစားနေရသည်မှာ အံ့အားသင့်ဖွယ်မဟုတ်တော့ချေ။
"ဟိုလျှောက်ဒီလျှောက်လုပ်နေတာ ရပ်လိုက်တော့"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ခေါင်းမူးလာပြီ … မင်းကိုကြည့်ရတာ"
"အစ်ကိုကြီး"
ကုကျောင်းရှစ်သည် ရပ်ကာဖြင့် စိတ်ပျက်လက်ပျက်ပြောလိုက်သည်။ "ဒီသတင်းက အထက်နယ်မြေတစ်ခုလုံးကို ပြန့်သွားလောက်ပြီ။ အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းက ကျိန်းသေပေါက် ဒီသတင်း ကို သိမှာပဲ။ အချိန်ရောက်ရင် လူလွှတ်ပြီးတော့ ကျုပ်တို့ကို သတ်ပစ်လိမ့်မယ်။ "
"စိတ်ပူတာလဲ စိတ်ပူတာပေါ့။ ရှေ့လျှောက်၊ နောက်လျှောက်နဲ့ ဒီကိစ္စကို ဖြေရှင်းပြီးမှာမှ မဟုတ်တာ။ ပြီးမှဆက်လျှောက်ကွာ အခုတော့ ငါခေါင်းမူးတယ်" ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
ကုကျောင်းရှစ်က ပြောလိုက်သည်။ "အစ်ကိုကြီး … မြန်မြန်ဆန်ဆန် ထွက်ပြေးရအောင်"
အကယ်၍ နယ်မြေဟောခန်းမှ လူများကို ဆွဲဆောင်နိုင်ရုံသက်သက်ဆိုပါက ပြဿနာမရှိချေ။ သို့ပေမဲ့ အယ်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်း ပါဝင်ပတ်သက်သည်နှင့် ကျိန်းသေပေါက် သူတို့အနေဖြင့် သွားပြီဖြစ်သည်။
"ပြေးရမယ် ဟုတ်လား"
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါရမ်းကာ ပြောလိုက်၏။ "ညီလေး …. မင်းဂိုဏ်းကို စရောက်တာ ဒီလောက်ကြာနေပြီ။ ပြိုင်စံရှားဂိုဏ်းရဲ့ ပထမဆုံးဆောင်ပုဒ်က ဘာလဲ သိလား"
ကုကျောင်းရှစ်သည် အလျင်အမြန်ပဲ စာအုပ်ငယ်လေးကို ထုတ်ယူလိုက်၏။ ပြီးနောက် အထဲတွင် ရေးသားထားသည့် ပထမဆုံးဆောင်ပုဒ်ဟူသည့် အရာကို ဖတ်ရှုလိုက်သည်။ "အစ်ကိုကြီး …. ကျုပ်တို့ဂိုဏ်းရဲ့ ပထမဆုံးဆောင်ပုဒ်ကလည်း များလိုက်တာ။ ဘယ်ဟာကိုပြောတာလဲ"
"ချင်းယန်"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "မင်းရဲ့ဦးလေးကို ပထမဆုံးဆောင်ပုဒ်အကြောင်း ပြောပြလိုက်"
လီချင်းယန်သည် ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်၏။ "သံမဏိလို နေထိုင်ပြီး သံမဏိလို စိတ်ဓာတ်နှင့် နေထိုင်ရမည်"
ကုကျောင်းရှစ်သည် ချက်ချင်းပဲ နားလည်သွား၏။ သူ၏အစ်ကိုကြီးသည် ထွက်ပြေးသွားရန် အစီအစဉ်မရှိချေ။ဘာကိုမဆို ရင်ဆိုင်ရန်သာ စဉ်းစားထားသည်။
"ကောင်းပြီ ဒါဆိုလည်း တိုက်ခိုက်ကြတာပေါ့"
သူ၏လေသံသည် ရဲရင့်လှသည်ဆိုသော်လည်း ခန္ဓာကိုယ်မှာမူ အနည်းငယ် အားပျော့လို့နေခဲ့၏။ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းအကြာင်းကို စဉ်းစားလိုက်သည့် အခါမှာတော့ အနိုင်ရရန် နည်းလမ်း မရှိကြောင်းကိုသာ တွေးနေမိ၏။
"ဂိုဏ်းထဲမှာရှိတဲ့ လူတွေအားလုံး နားထောင်ကြ"
ကျွင်းချောင်ရှောင်းသည် အဓိကခန်းဆောင်ရှေ့သို့ လျှောက်ထွက်ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက် သည်။ "ပထမအဆင့် ကာကွယ်ရေးကို အစီအစဉ်ကိုစ"
"ကောင်းပါပြီ" တပည့်များ၏ အသံသည် သံမဏိကဲ့သို့သော စိတ်ဓာတ်ကို ဖော်ညွှန်းလျက် ရှိနေ၏။
ကောင်းကင်ယံတွင် ရှိနေသော တိမ်မဲများသည် ပိုမိုကာ များပြားလာနေ၏။ သားရဲစီးတောင်ထွတ်ပေါ်တွင်တော့ များပြားလှသည့် တပည့်များအားလုံးသည် ကျွဲရိုင်းစက်ရုပ်များထဲသို့ ဝင်သွားကြ၏။ ၎င်းတို့သည် စက်ရုပ်ကြီးကို အသက်သွင်းကာဖြင့် အချိန်မရွေးတိုက်ခိုက်ရန် ပြင်ဆင်ထားကြသည်။ ဂိုဏ်း၏ အပြင်ဖက်တွင်တော့ ဖုံးကွယ်လျက်ရှိနေသော များပြားလှသည့် အစီအရင်များသည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာသည်။
ထိုအစီအရင်များသည် အစီအရင်ဟောခန်းမှ ဖန်တီးထားသည့် အရာများပင် ဖြစ်၏။ ထိုက်ရွှမ်အဘိုးအို ရောက်ရှိလာပြီးနောက် ဂိုဏ်း၏ အကာအကွယ်စနစ်သည် များပြားစွာဖြင့် ဖန်တီးထားနိုင်ခဲ့၏။
တောင်ထွတ်အသီးသီးတွင်လည်း အဖွဲ့သားများက တိုက်ခိုက်ရန်အတွက် အဆင်သင့်ပြင်နေကြတော့သည်။ လုချင်းချင်း၊ရှောင်ကျီနှင့် အခြားသော လက်ရွေးစင်တပည့်များသည်လည်း လေ့ကျင့်ရာမှ အလျိုလျို ထွက်ခွာလာခဲ့ကြပြီး တောင်ထွတ်ပေါ်တွင် စုစည်းကြသည်။
"ဂိုဏ်းချုပ်"
ရွှဲ့ရမ်ကွေ့က ပြောလိုက်၏။ "ကျွဲရိုင်းစက်ရုပ်တွေ အကုန်လုံးကို အသက်သွင်းပြီးပါပြီ "
"အင်း"
"ဂိုဏ်းချုပ်"
ကျန်းတယ်ကျွင်းက ပြောလိုက်သည်။ "အင်မော်တယ်တောင်တစ်ဝှိုက်မှာရှိနေတဲ့ အစီအရင်တွေကို အသက်သွင်းပြီးပါပြီ"
"အင်း"
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်း၏ ရှေ့တွင် ထိုင်လျက်ရှိ၏။ သူသည် စွန်းဝူခုန်းဝတ်စုံကို ဝတ်ဆင်ထား၏။ လေ့ကျင့်ရေးကွင်းပြင်ရှေ့တွင် မတ်တပ်ရပ်လိုက်ပြီး မိန့်ခွန်းပြောရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ ဘာပြောရမှန်းမသိသောကြောင့် ‘ကျား’ဟုသာ အော်ဟစ်လိုက်၏။
"ကျား"
"ကျား …. ကျား"
တပည့်များသည် ကျား ဟူသည်မှာ ဘာအဓိပ္ပာယ်မှန်းမသိချေ။ သို့ပေမဲ့ ဂိုဏ်းချုပ်မှ အော်ဟစ်သောကြောင့် လိုက်ကာ အော်လိုက်ကြသည်။
"ဂိုဏ်းချုပ်"
ရောင်မုန့်ယဉ် သည် အသာလမ်းလျှောက်ပြီးနောက် ခေါင်းကိုငုံ့ကာ ပြောလိုက်၏။ "ကျွန်မကြောင့် ဂိုဏ်းက ဒုက္ခရောက်ပြီနဲ့ တူတယ်"
သူ၏ သန္ဓေနတ်ဆိုး သူတော်စင်ခန္ဓာကိုယ်အကြောင်း အထက်နယ်မြေတစ်ခုလုံးသို့ ပေါက်ကြား သွားခဲ့ပြီဖြစ်ကြောင်း သူမက သိရှိသည်။ ထို့ကြောင့် ဂိုဏ်းအနေဖြင့် အဓိကဂိုဏ်းများ၏ ပစ်မှတ်ထားခြင်း ကို ခံနေရ၏။ ထို့ကြောင့် သူမကိုယ်သူမ အပြစ်တင်နေမိသည်။
"ကောင်မလေး"
နှင်းဆီဧကရီသည် ရောင်မုန့်ယဉ် ပုံခုံးပေါ်သို့ လက်တင်ကာ ပြောလိုက်၏။ "တစ်ချို့သောအရာတွေက ဖြစ်ချိန်တန်လို့ ဖြစ်လာတာလေ။ ပြဿနာတွေအားလုံးကို မင်းရဲ့ခေါင်းပေါ် တင်ထားဖို့ မလိုဘူး"
ကျွင်းချောင်ရှောင်းသည် ခေါင်းလှည့်ကာ ကြည့်လိုက်၏။ မူလအားဖြင့် သူသည် ရောင်မုန့်ယဉ် အား နှစ်သိမ့်ရန် ပြင်ဆင်ထား၏။ သို့ပေမဲ့ ဤမိန်းမသည် ထွက်လာကာဖြင့် သူ့ကိုပင် အခွင့်အရေးမပေးဘဲ နှစ်သိမ့်လျက်ရှိနေသည်။
"ဆရာကတော် …. ကျွန်မ"
"ဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ အားလုံးက မင်းနဲ့အတူ ရှိနေမှာ"
နှင်းဆီဧကရီသည် ကျွင်းချောင်ရှောင်းကို ကြည့်ကာဖြင့် ပြောလိုက်၏။ "ဟုတ်တယ်မလား ယောကျာ်း"
"……."
ကျွင်းချောင်ရှောင်းသည် မသိချင်ယောင်ဆောင်ထား၏။
ဒွီ ဒွီ ……..။
ရုတ်တရက် များပြားလှသော အစီအရင်များသည် အသက်ဝင်လာခဲ့သည်။ ပြီးနောက် ရှေ့ဆုံးရှိ ဂိုဏ်း၏ ပထမဦးဆုံး အစီအရင်သည် ပျောက်ကွယ်သွားခဲ့သည်။
ဘုန်း …။
အမဲရောင်အရိပ်တစ်ခုသည် မြေပါ်သို့ ဆင်းသက်လာခဲ့၏။
ကျွင်းချောင်ရှောင်းသည် ထိတ်လန့်စွာဖြင့် အော်ခေါ်လိုက်မိသည် "ဆရာ"
ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်သွားမိ၏။ ကုကျောင်းရှစ်နှင့် အဖြူအမဲညီနောင်တို့သည် စိတ်သက်သာရာ ရသွားကြ၏။ ဤစွမ်းအားမြင့် ကျင့်ကြံသူသည် ရောက်ရှိလာမှတော့ သူတို့အနေဖြင့် အနည်းငယ် လုံခြုံသည်ဟု ခံစားလိုက်ရ၏။
ထိုအချိန်မှာပဲ ကြီးမြတ်သူတုံကုသည် ေ"ငါအတိတ်တုန်းက ဘယ်လိုမကောင်းမှုတွေ ပြုလုပ်မိလို့ မင်းလိုလူမျိုးကို တပည့်အဖြစ် လက်ခံမိရတာလဲ"
ရုတ်တရက်ရောက်ရှိလာသည့် မာဆာတိုကီတာနိုသည်လည်း အလောတကြီးဖြင့် ကြီးမြတ်သူတုံကုကို လှမ်းဆွဲကာဖြင့် ကြားဝင် ဖြန့်ဖြေပေးလိုက်၏။ "စိတ်အေးအေးထား။ စိတ်အေးအေးထား"
"ဆရာ"
ကျွင်းချောင်ရှောင်းသည် သူ၏မျက်နှာပေါ်တွင်ရှိနေသော ကြီးမြတ်သူတုံးကု၏ တံတွေးများကို သုတ်ကာဖြင့်စိတ်ဓာတ်တကျပြောလိုက်သည်။ "ကျုပ် ဘာပြဿနာမှ မရှာခဲ့ပါဘူး"