အခန်း ၁၅၃၃
Vol. 103 Ch. 1533
အပိုင်း (၁၅၃၃)
ကျွင်းချောင်ရှောင်းသည် ရွှမ်အဆင့်ဂိုဏ်းနှစ်ခုနှင့် ပြဿနာဖြေရှင်းခဲ့သောကြောင့် နယ်မြေဟောခန်းအနေနှင့် သဘောမတွေ့စရာများ ဖြစ်ပွားခဲ့သည်ဆိုသော်လည်း ပြဿနာကြီးကြီးမားမားပြုလုပ်ခဲ့သည်မဟုတ်ပေ။ အမှတ်တမဲ့အားဖြင့်လောကကြီးကိုပင်ကယ်တင်ခဲ့ရသေးသည်။
ရောင်မုန့်ယဉ်သည်သာ သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်ကို ရယူခဲ့ခြင်းမရှိပါက နတ်ဆိုးနယ်မြေထဲသို့ဝင်ရောက် နိုင်လိမ့်မည်မဟုတ်ချေ။ ကျွင်းချောင်ရှောင်းသည်သာ ထိုကိစ္စကို ဝင်ရောက်ကာ မရှုပ်ထွေးခဲ့သည်ဆိုပါက နတ်ဆိုး ဘိုးဘေးကြီးသည်နတ်ဆိုးနယ်မြေထဲသို့ဝင်ရောက်ကာဖြင့်သန်းချီသော နတ်ဆိုးစစ်သည်များအားလုံးကို ထိန်းချုပ်ခွင့်ရရှိသွားနိုင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင်လောကကြီးတစ်ခုလုံးသည်သွေးချောင်းစီးသွားမှာသေချာ၏။ သူသည်လောကကြီးကို ကယ်တင်ခဲ့ခြင်း ပင် ဖြစ်သည်။သို့ပေမဲ့တစ်လောကလုံးသည်သူ့အား ပစ်မှတ်ထားလျက်ရှိနေ၏။
ထိုအချင်းအရာကို ကျွင်းချောင်ရှောင်းက ရုတ်တရက် နားလည်လိုက်မိ၏။ သူ၏ နှလုံးသားတွင်ဖြစ်နေသော နာကျင်မှုများသည်တရှိန်ထိုး တိုးတက်လာခဲ့၏။သို့ပေမဲ့ ရွေးချယ်စရာလည်း မရှိချေ။
သူ လောကကြီးကို ကယ်တင်ခဲ့သည်ဖြစ်ကြောင်း မည်သူကမှမသိသောကြောင့်ပင်။သူ့အနေနှင့် ဘာတွေဖြစ်ခဲ့သည်ဆိုသည်ကို လောကကြီးတစ်ခုလုံးကို ပြောပြမည်ဆိုလျှင်တောင်မှသူ့ကို ရူးသွပ်နေသူတစ်ယောက်ဟုသာ သတ်မှတ်ပေလိမ့်မည်။
ကြီးမြတ်သူတုံးကုသည်ဒေါသထွက်လျက်ရှိနေ၏။ သို့ပေမဲ့သူသည်စိတ်ကို တည်ငြိမ်အောင်ထိန်းချုပ် ပြီးသည့်နောက်သက်ပြင်းအရှည်ကြီးကို ချလိုက်၏။
ဆယ်နှစ်တာ ကတိစကားအတွက်သူသည်တပည့်အဖြစ်အတင်းလက်ခံခေါ်ယူခဲ့ရ၏။ သို့ပေမဲ့အဆုံးသတ်မှာတော့ထိုတပည့်ရှာသမျှ ပြဿနာများအားလုံးကိုသာ လိုက်လံကာ ရှင်းနေရ၏။ သူ့အနေနှင့် ဆရာတစ်ယောက်ဖြစ်ရသည်မှာ ခက်ခဲလွန်းသည်ဟု နားလည်လက်ခံလိုက်မိသည်။
“ဆရာ”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက်လေးလေးနက်နက်ဖြင့်ပြောလိုက်၏။ “ဒါ တပည့်ရဲ့ကိစ္စပါ။ဒါတွေအကုန်လုံးကို တပည့်ဘာသာ တပည့်ရင်ဆိုင်ပါ့မယ်။ဆရာနဲ့စီနီယာ မာဆာတိုကီတာနိုတို့ကို မသက်ရောက်စေရပါဘူး။”
“ချီးတဲ့မှ … ဒါက အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းကွ။သူတို့သာ တကယ်တမ်းလာပြီး ပြိုင်စံရှားဂိုဏ်းကို ပြဿနာရှာမယ်ဆိုရင် ဘာလုပ်နိုင်မှာမို့လို့လဲ။”
သို့ပေမဲ့ ကျွင်းချောင်ရှောင်းအနေနှင့် အင်မော်တယ်ဂိုဏ်းကြီး ၁၀ ဂိုဏ်းကိုလည်း ကြောက်ရွံ့လိမ့်မည်မဟုတ်ချေ။သူသည်ဘယ်သောအခါကမှလူကြောက်တစ်ယောက်မဟုတ်ခဲ့သောကြောင့်ပင်။အရာအားလုံးနှင့် ရင်ဆိုင်တိုက်ခိုက်ရန်ဆုံးဖြတ်ရဲသည်ဆိုခြင်းမှာ ကျွင်းချောင်ရှောင်း၌ ၄ ကြိမ်မြောက်အဆင့်မြှင့်တင်ထားသော စည်းဓားမော့၊စွန်းဝူခုန်း ဝတ်စုံနှင့် သန်းချီသော နတ်ဆိုးစစ်သည်များကို ပိုင်ဆိုင်သောကြောင့်ပင်။
ထို့ကြောင့်သူ့အနေနှင့် အင်မော်တယ်ဂိုဏ်းကြီး ၁၀ ဂိုဏ်းကို အနိုင်မယူနိုင်ဘူးဆိုလျှင်တောင်မှ ၎င်းတို့ဂိုဏ်းများ အနေနှင့် ပြိုင်စံရှားဂိုဏ်းကို ရင်ဆိုင်ရသည့်အတွက် ကြီးမားသည့်ထိုက်တန်သည့်ပေးဆပ်မှုကိုတော့ပေးဆပ်ရမှာ သေချာသည်။
“ဟမ့်”
ကြီးမြတ်သူတုံးကုသည်တစ်ချက်လှမ်းကြည့်ပြီးသည့်နောက်ပြောလိုက်၏။“ကြောက်တတ်ရင်လာတောင်လာခဲ့မှာမဟုတ်ဘူး။”
အဓိကအကြောင်းအရာအားဖြင့်ကုန်းရှန့်သည် ကြီးမားလှသည့် ပြဿနာကြီးကို ရှာဖွေခဲ့၏။ထို့ကြောင့်သူသည်စိတ်တိုလွန်းသောကြောင့်သာ ပြောဆိုခဲ့ခြင်းပင်ဖြစ်သည်။အချက်အလက်အားဖြင့်ဤတည်နေရာသို့ရောက်ရှိလာ ခြင်းဆိုသည်မှာ လာရောက်ကာ ကူညီခြင်းပင်ဖြစ်သည်။
သူ့အနေနှင့် များပြားလွန်းလှသော မွန်းစတားမျိုးနွယ်များကိုတောင်ရင်ဆိုင်တိုက်ခိုက်ရန်ပြောဆိုခဲ့ဖူးသည် ဆိုမှတော့အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းကို အဘယ့်ကြောင့်ရင်ဆိုင်မတိုက်ခိုက်ရဲရမည်နည်း။ ကြီးမြတ်သူတုံးကု သည်အကောင်းဆုံးသော အရာများကို အတတ်နိုင်ဆုံး ပြုလုပ်သွားမည်ဟု သူ ဆုံးဖြတ်ပြီးသား ဖြစ်တော့၏။
ဆွစ်ဆွစ်
အင်မော်တယ်တောင်၏အပြင်ဘက်မှာတော့များပြားလွန်းလှသော အလင်းတန်းများသည်တဖြည်းဖြည်း ရောက်ရှိ လာခဲ့၏။အဓိကဂိုဏ်း၏ တောင်ထွတ်တွင်ရှိနေသော အကာအကွယ်စနစ်သည်ခဏတာ ပိတ်ပင်ထားရ၏။ ရောက်ရှိ လာသည့်လူများမှာ ကြီးမြတ်သူတုံးကုနှင့် မာဆာတိုကီတာနိုတို့၏သူငယ်ချင်းများဖြစ်သော သူတော်စင် ၇ယောက် နှင့်တစ်ခြားသော မရင်းနှီးသည့်သိုင်းကျင့်ကြံသူများလည်း ပါဝင်လျက်ရှိ၏။ ဤတစ်ကြိမ်ရောက်ရှိလာသည့်သူများ သည်အရင်တစ်ကြိမ်ကထက်ပိုမိုများပြားပြီး လွတ်လပ်သော ကျင့်ကြံသူများဖြစ်ကြ၏။
“ရောင်းရင်း တုံးကု”
ခပ်ဝဝအဘိုးအိုက ပြောလိုက်သည်။ “ဒီပြဿနာက အရမ်းကို လေးနက်တယ်။သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်ပေါ်ပေါက်လာခြင်းက အထက်နယ်မြေတစ်ခုလုံးအတွက် ခြိမ်းခြောက်မှုတစ်ခုပဲ။ သူတို့ကို တကယ်တမ်း ကာကွယ်ပေးချင်တယ်ဆိုတာ သေချာပြီလား။”
“ဒါက အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းနဲ့ဆန့်ကျင်ဘက်ပြုလုပ်မယ်လို့ဆိုလိုတာနဲ့တူတူပဲနော်။” ကြည့်ကောင်းလွန်းလှသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က မေးမြန်းလိုက်၏။
တပည့်တစ်ယောက်အား ဆရာက ကာကွယ်ခြင်းဆိုသည်မှာ မှားယွင်းမှုမရှိချေ။သို့ပေမဲ့အင်မော်တယ်ဂိုဏ်းကြီး ၁၀ ဂိုဏ်းနှင့် ရင်ဆိုင်တိုက်ခိုက်ရသည်ဆိုခြင်းမှာတော့ ကြီးမားသည့်ကိစ္စရပ်ကြီးတစ်ခုဖြစ်၏။ထို့အပြင်သန္ဓေနတ်ဆိုး သူတော်စင်ခန္ဓာကိုယ်ဆိုသည့်အရာကြီးကလည်း ပါဝင်ပတ်သက်လျက်ရှိနေသေးသည်။
သူတို့ကာကွယ်ပေးခဲ့သော ဤခန္ဓာကိုယ်ပိုင်ရှင်သည်ကောင်းမွန်သည့်လမ်းစဉ်ကို မလျှောက်ဘဲ အထက်နယ်မြေတစ်ခုလုံးကို ဘေးအန္တရာယ်ကြီး ကျဆင်းစေမည်ဆိုပါက မည်သို့လုပ်မည်နည်း။ သူတို့ယနေ့ကာကွယ်ပေးလိုက်ခြင်း သည်အနာဂတ်တွင် ကြီးမားလှသည့်ဘေးဒုက္ခကြီးကို ခေါ်ဆောင်လိုက်ခြင်းနှင့် ဆင်တူနေသည်ဆိုပါက မည်ကဲ့သို့ခံစားရမည်နည်း။
သူတို့အနေနှင့် ဤကဲ့သို့စဉ်းစားမေးမြန်းလိုက်ခြင်းဆိုသည်မှာ အဓိပ္ပာယ်ကျလှ၏။သန္ဓေနတ်ဆိုးသူတော်စင် ခန္ဓာကိုယ်ပိုင်ရှင်သည်အနာဂတ်တွင်မှန်ကန်သည့်လမ်းစဉ်ကို လျှောက်လှမ်းမည်ဟု မည်သူကမှသေသေချာချာ အာမ မခံနိုင်ချေ။ထို့ကြောင့်ယနေ့ပြုလုပ်လိုက်သော ကိစ္စသည်အထက်နယ်မြေတစ်ခုလုံးအတွက်ဆိုးရွားသည့်အရာများဖြစ်ပေါ်သွားနိုင်၏။
မာဆာတိုကီတာနိုသည်တိတ်ဆိတ်ငြိမ်သက်သွား၏။ သူသည်သူ့သူငယ်ချင်း၏ အမြင်ဘက်မှနေ၍ ဤပြဿနာနှင့် ပတ်သက်၍စဉ်းစားခဲ့ဖူး၏။ သို့သော်လည်း တခြားသောသူများကို အကူအညီတောင်းခံ လိုက်ခြင်းဆိုသည်မှာ ဤသန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်ဆိုသည့်အရာအကြောင်းကို ဂရုမစိုက်သော ကြောင့်ပင်။
လက်ရှိအချိန်တွင်သာမန်လူများကိုသာ ရွေးချယ်ခွင့်ပေးသည်ဆိုပါက အားလုံးသောသူများသည်အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းဘက်မှရပ်တည်ပေလိမ့်မည်။အဘယ့်ကြောင့်ဆိုသော်သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်ဆိုသည်မှာ ကောင်းမွန်သည့်အရာဖြစ်ကြောင်း မည်သူကမှအာမ မခံနိုင်သောကြောင့်ပင်။
“ခင်မင်ရပါတယ်။စီနီယာတို့။”
ကျွင်းချောင်ရှောင်းသည်လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်ကို ကျုပ်တပည့်ကလက်ခံရရှိထားပါတယ်။ဒါပေမဲ့သူ့အနေနှင့် လူသားမဆန်တဲ့ကိစ္စရပ်တွေဘယ်တော့မှ ပြုလုပ်မှာမဟုတ်ဘူးလို့ ကျုပ်က ကောင်းကင်ကြီးကို ကျိန်ဆိုပါတယ်။”
“ကောင်လေး”
ခပ်ဝဝအဘိုးအိုက ပြောလိုက်သည်။ “အနာဂတ်မှာ ဖြစ်လာမယ့်ကိစ္စတွေကို ဘယ်သူကမှအာမမခံနိုင်ဘူး။”
“ခင်ဗျားတို့ကူညီမယ်ဆိုရင်လည်း ဒီမှာနေကြ။ တကယ်လို့မကူညီချင်ဘူးဆိုရင်လည်း ထွက်သွားလို့ရတယ်။”
ကြီးမြတ်သူတုံးကုသည်စိတ်မရှည်သလို ဝင်ကာ ပြောလိုက်၏။ “ကျုပ်တို့က အနာဂတ်ကိစ္စကို အနာဂတ်ကျမှပြောကြမယ်။ဘာလို့ပေါက်ကရအကြောင်းအရာတွေကို ဒီမှာ လာပြော နေတာလဲ။”
ကျွင်းချောင်ရှောင်းသည်စိတ်လှုပ်ရှားသွားမိ၏။ အရိုးသားဆုံးပြောရမည်ဆိုလျှင်ရောင်မုန့်ယဉ်တစ်ယောက်အနာဂတ်တွင်မည်ကဲ့သို့ ဖြစ်လာမည်ကို သူလည်း သေသေချာချာ မသိချေ။သို့ပေမဲ့သူ့ဆရာ၏ ကူညီထောက်ပံ့မှုသည်သူ့အပေါ်တွင်အလုံးစုံ ယုံကြည်ချက်ရှိနေသည်ကို ခံစားမိနေသည်။
“နှစ်တွေဒီလောက်ကြာခဲ့ပြီ။ ဘာလို့စိတ်တိုတတ်တဲ့အကျင့်ကမပြောင်းရသေးတာလဲ။” ခပ်ဝဝအဘိုးအိုက ထအော်လိုက်၏။
တခြားသောသူများသည်လည်း ဦးခေါင်းကို ခါယမ်းလိုက်မိသည်။ ကြီးမြတ်သူ တုံးကု၏ စကားလုံးသည် မနှစ်မြို့စရာဖြစ်သည်ဆိုသော်လည်း ၎င်းတို့အားလုံးသည်လည်း အပြင်ဘက်သို့ ပြန်လည်ထွက်ခွာသွားရန်တော့စိတ်မကူးလှချေ။ထို့အပြင်သူတို့သည် နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးခဲ့သည့်သူများဖြစ်၏။ထို့ကြောင့်တစ်ဖက်သား၏ အားနည်းချက်များ အကြောင်းကိုလည်း ကောင်းကောင်းနားလည်နေသည်။
“အားလုံးပဲ။”
မာဆာတိုကီတာနိုက ပြောလိုက်၏။ “သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်က အထက်နယ်မြေအတွက် ခြိမ်းခြောက်မှုကြီးတစ်ခုပဲ။ ဒါပေမဲ့ဒီကောင်မလေး ဆီမှာရှိနေတဲ့အတွက်ကြောင့်မို့လောကကြီးကို ကယ်တင်နိုင်ဖို့တောင် ဖြစ်လာနိုင်တယ်။ ကျုပ်ကတော့ဂိုဏ်းချုပ်ကျွင်းကို ယုံကြည်မိတယ်။”
သူတို့သည်မိတ်ဆွေအပေါင်းအသင်းကောင်းများဖြစ်သောကြောင့်ထောက်ပံ့ပေးရပေလိမ့်မည်။
“အင်း”
ကြည့်ကောင်းလှသော သက်လတ်ပိုင်းလူသည်ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဒါကို ကျုပ်သိတယ်။ဒီအဘိုးကြီးနှစ်ယောက်က နေ့စဉ်နေ့တိုင်း စစ်တုရင်ပဲ ကစားနေတာလေ။ ဒါကြောင့်ဒီလူတွေရဲ့ဦးနှောက်ကတော့ပျက်ယွင်းသွားပြီနဲ့တူတယ်။ထားလိုက်တော့။ထားလိုက်တော့။”
ခပ်ဝဝနှင့်အဘိုးအိုက ပြောလိုက်သည်။ “ကျုပ်တို့လည်း သူတို့နဲ့အတူ ရူးသွပ်လိုက်ကြတာပေါ့။”
ယခုရောက်ရှိလာခဲ့ကြသော လွတ်လပ်သော ကျင့်ကြံသူများအားလုံးသည် ပြန်ကာ လှည့်ထွက်မသွားခဲ့ကြပဲ ကျွင်းချောင်ရှောင်းတို့အား ကူညီပေးရန်ဆုံးဖြတ်ခဲ့လိုက်ကြ၏။ ၎င်းတို့၏မျက်လုံးထဲတွင် ရူးသွပ်သည့်အရိပ်အယောင်များပင် ဖြစ်တည်လာခဲ့၏။
အင်မော်တယ်ဂိုဏ်းကြီး ၁၀ ဂိုဏ်းတို့သည်သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်ပိုင်ရှင်နှင့်ပတ်သက်၍မည်သို့မျှလက်လွှတ်ပေးလိမ့်မည်မဟုတ်ချေ။သူတို့ဤတည်နေရာတွင်နေထိုင်ရန်ဆုံးဖြတ်လိုက်သည်ဆိုမှတော့ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရပေတော့မည်။အရိုးသားဆုံးပြောရမည်ဆိုလျှင်ထိုအချင်းအရာနှင့်ပတ်သက်၍အနည်းငယ်လည်း စိတ်လှုပ်ရှားလို့နေသည်။
ကျွင်းချောင်ရှောင်းသည်လက်သီးကို ဆုပ်ကာဖြင့်လေးလေးနက်နက်ပြောလိုက်၏။ “ဒီနေ့မှာ ကျုပ်တို့ဂိုဏ်းက ပြဿနာတက်နေတယ်။ ဒါပေမဲ့အခုလိုမျိုး ခက်ခက်ခဲခဲနဲ့လာရောက်ကူညီကြတဲ့လူတွေကို ဘယ်တော့မှသတိမေ့မှာ မဟုတ်ပါဘူး။အနာဂတ်မှာ ပြန်ပြီး ပေးဆပ်ပေးပါ့မယ်။”
ဖောက်ဖောက်
ဖြောက်ဖြောက်
လီထျန်းထျန်းသည်အဝေးတစ်နေရာမှရပ်ကာဖြင့်ကင်မရာကိုနှိပ်ကာ ဓာတ်ပုံများနှင့် မှတ်တမ်းတင်လျက်ရှိနေ၏။ ရောက်ရှိလာသည့်လူများမှာ များပြားလွန်းလှ၏။ထို့ကြောင့်အကုန်လုံးကို မှတ်မိနေရန်ခက်ခဲလွန်းလှချေ၏။အကောင်းမွန်ဆုံးသော နည်းလမ်းမှာ ဓာတ်ပုံရိုက်ယူကာဖြင့်မှတ်တမ်းတင်ထားခြင်းပင် ဖြစ်သည်။
ဝှစ်ဝှစ်
ထိုအချိန်မှာတော့အားကောင်းလှသော အော်ရာများသည်အင်မော်တယ်တောင်၏အပြင်ဘက်တွင် ဖြစ်တည်လာ၏။ လာရောက်ကူညီကြသော လွတ်လပ်သောကျင့်ကြံသူများအားလုံးသည်လေးလေးနက်နက်နှင့် ဖြစ်သွားကြ၏။
အင်မော်တယ်ဂိုဏ်းကြီး ၁၀ ဂိုဏ်းမှလူများ ရောက်ရှိလာခဲ့ပြီးဖြစ်သည်။
ဝှစ်ဝှစ်
သေချာပေသည်။ ကြီးမားလှသော ဖိအားကြီး ဆင်းသက်လာခဲ့ပြီးသည့်နောက်အလင်းတန်းများသည်တစ်ခုပြီး တစ်ခု ဖြစ်တည်လာခဲ့၏။ ထိုအလင်းတန်းများအားလုံးသည်အင်မော်တယ်တောင်၏အပြင်ဘက်တွင်မတ်မတ်ရပ်လျက်ရှိနေကြသည်။ထိုသူများအားလုံးသည်အလွန်လေးနက်လှသည့်မျက်လုံးများနှင့် သူတော်စင်ကဲ့သို့သော အဟိတ်အဟန်အရှိန်အဝါများကို ထုတ်ဖော်လျက်ရှိနေသည့်အဘိုးအိုများပင် ဖြစ်သည်။
…
ကုကျောင်းရှစ်၏မျက်နှာသွင်ပြင်တစ်ခုလုံးသည်စိတ်ဝင်စားမှုများနှင့် ပြည့်နှက်နေ၏။ ဤလူများသည်လူ ၁၀ ဦး တည်းသာဖြစ်သည်။သို့ပေမဲ့ ၎င်းတို့ဆီမှထွက်ပေါ်လာသော အော်ရာများမှာတော့စီနီယာတုံးကုနှင့်ပင် နှိုင်းယှဉ်၍ရနိုင်၏။အားအင်အဆင့်သည်ကျိန်းသေပေါက်အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်တွင်ရှိမှာ သေချာ၏။
“သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်လေး တစ်ခုပဲ မဟုတ်လား။ ဘာလို့ဒီလောက်များများစားစား လူတွေရောက်လာရတာလဲ။ ချီးတဲ့မှ။” ကျွင်းချောင်ရှောင်းသည်စိတ်ထဲမှာ ကြိတ်ကာ ကျိန်ဆဲလိုက်မိသည်။
သူ့အနေနှင့် တိုက်ပွဲအတွက် ကြိုတင်ကာ ပြင်ဆင်ခဲ့သည်ဆိုသော်လည်း အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းတို့သည်အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံး အဆင့် ၁၀ယောက်ကိုပင်တိုက်ရိုက်ဆိုသလိုပင်စေလွှတ်ခဲ့၏။ သူ၏ ဆရာသာ မရှိသည်ဆိုပါက သူအနေနှင့် လက်ရှိအခြေအနေတွင်ဇောချွေးပြန်နေမိမှာ သေချာသည်။အလုံးစုံသော စွမ်းအင်များ၏ အောက်တွင် ၎င်း၏အော်ရာ များသည်ဖိနှိပ်ခြင်းကို ခံလိုက်ရ၏။
“ကြီးမြတ်သူတုံးကု”
အင်မော်တယ်ဂိုဏ်းဆီမှလူတစ်ယောက်သည်ထူးမခြားနားသလို ပြောလိုက်သည်။ “ခင်ဗျားရဲ့တပည့်ဂိုဏ်းထဲမှာ သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်ကို အမွေဆက်ခံတဲ့လူတစ်ယောက်ရှိတယ်လေ။ လောကကြီးတစ်ခုလုံး လုံခြုံစေဖို့အတွက် မြန်မြန်ဆန်ဆန်နဲ့အဲလူကို လွှဲပေးလိုက်တာ ကောင်းမယ်။”
ရောက်ရှိလာကြသည့်လူများသည်အတွေ့အကြုံ ရင့်ကျက်လှသူများဖြစ်၏။ ပြိုင်စံရှားဂိုဏ်းရှေ့တွင်ရပ်နေသော လူပေါင်းများစွာတို့ကို မြင်ရပြီးသည့်နောက် ၎င်းတို့သည်လာရောက်ကာကွယ်ခြင်းဖြစ်ကြောင်း ချက်ချင်း ခန့်မှန်းမိကြ၏။
“လွှဲမပေးရင်ရော ဘာဖြစ်လဲ။” ကြီးမြတ်သူ တုံးကုက မေးလိုက်သည်။
စွမ်းအားမြင့်ကျင့်ကြံသူသည် နှာခေါင်းကို ရှုံ့ကာဖြင့်ပြောလိုက်၏။ “လွှဲမပေးဘူးဆိုရင်တော့ခင်ဗျားတို့ကလည်း လွန်ခဲ့တဲ့နှစ်တစ်သိန်းတုန်းက နတ်ဆိုးမျိုးနွယ်လို ဖျက်ဆီးခံရလိမ့်မယ်။”
အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းထဲမှ ဖြစ်သည်မို့ ၎င်း၏စကားလုံးများသည်အမှန်ပင်မောက်မာလွန်းလှ၏။
ဝှစ်ဝှစ်
ထိုအချိန်မှာတော့အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းမှစွမ်းအားမြင့်ကျင့်ကြံသူများသည်တစ်ယောက်ပြီး တစ်ယောက်ပျံသန်းရောက်ရှိလာခဲ့ကြ၏။ ၎င်းတို့သည်အမြန်ဆုံး ပြေးလွှားရောက်ရှိလာခဲ့ကြသည်ဖြစ်သော်လည်း ကျင့်ကြံခြင်းအဆင့်ကွာခြားခြင်းကြောင့်အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်ကျင့်ကြံသူများနှင့်တော့လိုက်၍မမီနိုင်ချေ။ထို့ကြောင့်နောက်မှရောက်ရှိလာခဲ့ခြင်းပင် ဖြစ်သည်။
ဝှစ်ဝှစ် …..။
အင်မော်တယ်ဂိုဏ်းမှလူများ ရောက်ရှိလာခဲ့သည့်အချိန်တိုင်း စွမ်းအားမြင့်အော်ရာများသည်ပိုမိုကာ အားကောင်း လာခဲ့၏။ ဂိုဏ်းချုပ်၏နောက်တွင်ရပ်လျက်ရှိနေသည့်ရောင်မုန့်ယဉ်သည် နှလုံးသားထဲတွင်နာကျင်သည့်ခံစားချက်များ ခံစားနေရ၏။ ဤမြင်ကွင်းသည်အမှန်အကန်ပဲ ရင်းနှီးလို့နေခဲ့၏။အရင်တုန်းက သူမ မက်ခဲ့သည့်အိပ်မက်ဆိုးများသည်ဤမြင်ကွင်း များပေါ်တွင်အခြေခံထားခြင်းဖြစ်နေသည်မဟုတ်ပါလား။