← Chapters

အကြီးအကဲမိသားစု အစည်းအဝေး

Vol. 37 Ch. 565

အကြီးအကဲမိသားစု အစည်းအဝေး

Vol. 37 Ch. 565

၂ရက်ကြာပြီးနောက်တွင် လမ်းများအပေါ်၌ အံ့အားသင့်ဖွယ်ရာ သတင်းများ ပျံ့နှံ့သွားသည်။ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သော နတ်ဆိုးဘုံ၏ ထိပ်တန်း ဝါရင့် ယန္တရားဆရာသခင် ဖွန်ဆက်က ကြယ်ကြွေတမန်မြို့တော်၌ ရုတ်တရက် ပေါ်ထွက်လာကာ ကြယ်ကြွေတမန်အင်ပါယာ၏ ယန္တရားအစည်းအရုံးသို့ ဝင်ခဲ့သည်။

ဖွန်ဆက်သည် နတ်ဆိုးဘုံရှိ ထိပ်တန်း သားရေယန္တရားဆရာသခင်တစ်ယောက် ဖြစ်သည်။ သူက သွေးရောင်အင်ပါယာ ယန္တရားအစည်းအရုံး၏ ထိပ်ဆုံး ဖြစ်ခဲ့ဖူးသည်။ သူက ယန္တရားပညာရှင်အားလုံး၏ လေးစားအားကျမှုကို လက်ခံရရှိခဲ့သည်။ နောက်ပိုင်း၌ သူက အသစ်ဝင်လာသော နှစ်သွယ်-အထူးပြု ယန္တရားဆရာသခင် နိတ်ကို ရာထူးပေးအပ် ခဲ့သည်။ နိတ်က နတ်ဆိုးဘုံရှိ ထိပ်တန်း ယန္တရားဆရာသခင်အဖြစ် လူသိများသော်လည်း ထိုဘွဲ့မှာ သတ္တုနှင့် သားရေ၌ နှစ်သွယ်-အထူးပြုခဲ့ပြီး ဆရာသခင် ပြိုင်ပွဲစည်းကမ်းအရ ပထမရရှိခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ သားရေပြုလုပ်ခြင်း တစ်ခုတည်းတွင် သူက ဖွန်ဆက်ထက် နိမ့်ကျသည်။

ဥက္ကဋ္ဌရာထူးမှ နှုတ်ထွက်ပြီးနောက် ဖွန်ဆက်က သုတေသန၌သာ ကိုယ့်ကိုယ်ကိုယ် မြှုပ်နှံထားခဲ့သည်။ သို့သော်လည်း သူက လွန်ခဲ့သော ၁၀နှစ်ကျော်ခန့်က ရုတ်တရက် သေဆုံးသွားခဲ့သည်။ မြောက်မြားလှစွာသော ယန္တရားပညာရှင်များက နှမြောခဲ့ကြသည်။ သို့ရာတွင် လွန်ခဲ့သော ၂နှစ်ခန့်၌ သွေးရောင်အင်ပါယာ ယန္တရားလောက၌ ကိစ္စကြီးတစ်ရပ် ဖြစ်ပွားခဲ့ပြီး နတ်ဆိုးဘုံကို အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့သည်။

သန္ဓေပြောင်း မှော်မျက်လုံး ပါရမီရှိသော ရစ်ချတ်အမည်ရှိ ဆယ်ကျော်သက် တစ်ယောက်က သွေးရောင်အင်ပါယာ ယန္တရားအစည်းအရုံးသို့ ဝင်ရောက်ခဲ့ပြီး နိတ်၏တပည့် ဖြစ်လာသည်။ သို့ရာတွင် ထိုရစ်ချတ်က ဖွန်ဆက်၏တပည့် ဖြစ်နေခဲ့ပြီး သူ့ကိုယ်သူ စတေးကာ နိတ်၏သရုပ်မှန်အား အားလုံးကို ထုတ်ဖော်ပြသခဲ့လေသည်။

နိတ်က ဖွန်ဆက်၏ စွမ်းရည်ကို ဆိုးယုတ်သော မှော်အတတ်ဖြင့် ဝါးမျိုချင်ခဲ့သည့်အတွက် ဖွန်ဆက်က အမှန်တကယ်ပင် နိတ်၏ နှောင့်ယှက်ခြင်းကို ခံခဲ့ရပြီး သွေးရောင်အင်ပါယာမှ ထွက်ပြေးခဲ့ရသည်။ ဖွန်ဆက် “သေဆုံး”သွားပြီးနောက် အချို့ ပါရမီရှင်သွားက ရှင်းပြ၍ မရနိုင်ဘဲ သေဆုံးသွားသလို ပျောက်လည်း ပျောက်သွားခဲ့လေသည်။ အားလုံးကို နိတ်က ထိခိုက်စေခဲ့ခြင်း ဖြစ်သည်။

၎င်းက နတ်ဆိုးဘုံရှိ ယန္တရားပညာရှင်အားလုံး၏ ဒေါသကို လှိမ့်တက်သွားစေခဲ့သည်။ ဂုဏ်သိက္ခာမရှိတော့သော နိတ်က သွေးရောင်အင်ပါယာရှိ ယန္တရားအစည်းအရုံး၌ လူအုပ်ကြီး၏ ရိုက်နှက်မှုကြောင့် သေလုနီးပါး ဖြစ်သွားခဲ့လေသည်။ သွေးရောင်အင်ပါယာ လော့ဒ်-ရိုင်ဇန်က နိတ်အား ရာထူးအားလုံးမှ ထုတ်ပယ်ပြီး အကျဉ်းချထားရန် အမိန့်ပေးခဲ့သည်။ နောက်ဆုံး၌ ဖွန်ဆက်က လက်စားချေနိုင်ခဲ့လေ၏။

ဤအဖြစ်အပျက်က ဖွန်ဆက် မသေသေးကြောင်း ပြသနေလေသည်။ မူလက လူအများသည် သွေးရောင်အင်ပါယာသို့ ဖွန်ဆက် ပြန်လာမည်ဟု ထင်ခဲ့သော်လည်း ကြယ်ကြွေတမန်အင်ပါယာ၏ ယန္တရားအစည်းအရုံးသို့ အမှန်တကယ် ဝင်ရောက်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။

ကြယ်ကြွေတမန်အင်ပါယာ၏ ယန္တရားအစည်းအရုံးမှာ အခြားအင်ပါယာ နှစ်ခုထက် အားနည်းသည်။ ပထမဦးစွာ ရှေးမှော်မျှော်စင်နှင့် စာအုပ်ပေါင်းချုပ်ခန်းမ ကဲ့သို့သော နောက်ခံများ မရှိပေ။ ထို့ကြောင့် ပါရမီရှင် အများအပြား ဆုံးရှုံးရလေသည်။ ဒုတိယအနေဖြင့် အန်ဒါဆန်နှင့် နိတ်ကဲ့သို့ ထိပ်တန်း ဆရာသခင်များ မရှိကြပေ။ ဒုတိယ အနေဖြင့် ဥက္ကဋ္ဌ‌ဟောင်း ရီကွန့်ခ်က အိမ်ရှေ့မင်းသား ဂါရမ်း၏ ဆရာ ဖြစ်ခဲ့ဖူးသည်။ သူက အုပ်ချုပ်သူ၏ ထောက်ခံမှု ကောင်းကောင်း မရခဲ့သလို အိုဆိုင်ဒန်၏ သံသယဝင်မှုနှင့် ဖိနှိပ်မှုကိုလည်း မကြာခဏ ခံခဲ့ရလေသည်။

ယခုတွင် အိုဆိုင်ဒန်ကို နန်းချပြီး အိမ်ရှေ့မင်းသား ဂါရမ်း၏သမီးတော်ဖြစ်သူ ရှီရာက ဧကရီ ဖြစ်လာခဲ့သည်။ ဖွန်ဆက်ကဲ့သို့ ထိပ်တန်းဆရာသခင်များနှင့်ဆိုလျှင် ကြယ်ကြွေတမန်အင်ပါယာ၏ ယန္တရားပညာရှင်များအတွက် ယုံကြည်ချက် တိုးမြှင့်မှုတစ်ခုပင် ဖြစ်လေသည်။ အောက်ဆုံးအဆင့်မှ ယန္တရားပညာရှင်များပင် ဖော်ပြ၍မရနိုင်အောင် စိတ်လှုပ်ရှားသွားကြသည်။

ဖွန်ဆက်က တစ်ယောက်တည်း မလာခဲ့ဘဲ လျို့ဝှက်ဆန်းကြယ်သော မိတ်ဆွေ တစ်ယောက်ကိုပါ ခေါ်ခဲ့သည်။ ထိုသူက ဝတ်ရုံဝတ်ထားပြီး အိုမင်းနေသောမျက်နှာကို အနည်းငယ်သာ ပြသထားသည်။ သူက သတ္တုကျွမ်းကျင်မှုရှိသော ဆရာသခင် တစ်ယောက်ဖြစ်ပြီး ဆိုင်မွန် အမည်ရကာ ဖွန်ဆက်ထက်လည်း အဆင့်မနိမ့်ပေ။ သူက အဆင်တန်ဆာ ကျွမ်းကျင်မှု၌လည်း သိသာထင်ရှားသော အောင်မြင်မှုရှိသည်။ ထိပ်တန်း ဆရာသခင်နှစ်ယောက်မှာ သားရေဆရာသခင်နှင့် သတ္တုဆရာသခင်တို့ အသီးသီး ဖြစ်ကြပြီး သူတို့က ဆရာသခင်အားလုံးကို ယုံကြည်စေရန်အတွက် အချိန်တစ်ရက်သာ ကြာခဲ့သည်။ အရိပ်နက်အင်ပါယာနှင့် သွေးရောင်အင်ပါယာတို့၏ ယန္တရားလောကတွင် ထိုကဲ့သို့သက်ရောက်မှု မရှိခဲ့လျှင် ကြယ်ကြွေတမန်အင်ပါယာ၏ ယန္တရားလောကက တဖြည်းဖြည်း ကျဆင်းနေ၍သာ ဖြစ်သည်။ ထိပ်တန်းဆရာသခင်များ ပါဝင်မှုက အချိန်ကိုက် ကူညီလိုက်ခြင်းပင် ဖြစ်လေသည်။

အဂ္ဂိရတ်အစည်းအရုံးက အဓိကအင်ပါယာ သုံးခု၏ အများပိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သော်လည်း ထိုအင်ပါယာမှ ဥက္ကဋ္ဌကို တော်ဝင်မိသားစုက ဆုံးဖြတ်ရသည်။ ရီကွန့်ခ်က အသက်ကြီးမြင့်မှုကြောင့် ဥက္ကဋ္ဌနေရာမှ နှုတ်ထွက်ရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။ သို့ရာတွင် သူက အတော်လေး လေးစားခံရပြီး ယန္တရားအစည်းအရုံး၏ ထောက်တိုင် ဖြစ်သည့်အတွက် မူလက နှေးကွေးနေသော ကြယ်ကြွေတမန်အင်ပါယာ၏ ယန္တရား အစည်းအရုံး စောက်ထိုးကျသွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့် အိုဆိုင်ဒန်က လက်မခံခဲ့ပေ။ ဖွန်ဆက်ရောက်လာသောအခါ ရီကွန့်ခက် ဧကရီအသစ် ရှီရာထံမှ နှုတ်ထွက်ရန် တောင်းဆိုခဲ့ပြန်သည်။ နောက်ဆုံး၌ သူက ခွင့်ပြုချက် ရသွားခဲ့သည်။ ရီကွန့်ခ် အကြံပြုသော ဆရာသခင် ဖွန်ဆက်က ကြယ်ကြွေတမန်အင်ပါယာ ယန္တရားအစည်းအရုံး၏ ဥက္ကဋ္ဌအသစ် ဖြစ်လာခဲ့လေသည်။

အမှန်တကယ်၌ ထိုလုပ်ငန်းစဉ်မှာ ရလာဒ်ကဲ့သို့ မရိုးရှင်းလှပေ။ အလယ်တွင် အတားအဆီးအချို့ ရှိနေသေးသည်။ သို့ရာတွင် ရှီရာ၊ ရီကွန့်ခ်နှင့် အခြားသူများ၏ အကူအညီဖြင့် အတားအဆီးများကို တစ်ခုချင်း ဖြေရှင်းနိုင်ခဲ့သည်။ ဖွန်ဆက်က ဥက္ကဋ္ဌ ဖြစ်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် နန်တော်၏ အထက်ဆင့် အတိုင်ပင်ခံ ဖြစ်လာသည်။ ဥက္ကဋ္ဌဟောင်းဖြစ်သော ရီကွန့်ခ်၏ နန်းတော် အထက်ဆင့် အတိုင်ပင်ခံ ရာထူးမှာ မပြောင်းလဲဘဲ ရှိနေသေးသည်။ ဖွန်ဆက်၏ ဂုဏ်သတင်း၊ ရီကွန့်၏ ဂုဏ်သြဇာနှင့် ရှီရာ၏ အစည်းအရုံးအပေါ် ကုန်ကြမ်းအများအပြား ထောက်ပံ့မှုနှင့် ပေါင်းလိုက်သောအခါ ကြယ်ကြွေတမန်အင်ပါယာ၏ ယန္တရားအစည်းအရုံးက အလျင်အမြန်ပင် အခြေခိုင်သွား ခဲ့‌လေသည်။ “အမှုထမ်းပြောင်းလဲ”ပြီးနောက် ၎င်းသည် ဧကရီအသစ် ရှီရာအတွက် အားကောင်းသော ထောက်ခံသူတစ်ဦး ဖြစ်လာခဲ့သည်။

ယန္တရားအစည်းအရုံး၏ ဥက္ကဋ္ဌ နေရာကို ဖွန်ဆက် အလျင်အမြန် ရရနိုင်ခဲ့ခြင်းက လျို့ဝှက်အကြံအစည် ရှိသူများကို ရှင်းလင်းသွားစေသည်။ ၎င်းမှာ ရှီရာအတွက် အကွက်ကောင်းတစ်ခု ဖြစ်သည်။ ဖွန်ဆက် ရှိနေသည့်အတွက် ယန္တရားအစည်းအရုံး၏ တန်ဖိုးက တဖြည်းဖြည်း တိုးမြှင့်လာပေမည်။ အချိန်တိုအတွင်း အထူးသက်ရောက်မှုများ မရှိလာနိုင်သော်လည်း ရေရှည်အတွက် အလွန်အရေးပါသော မြှင့်တင်မှုတစ်ခု ဖြစ်သည်။

ကြယ်ကြွေတမန်အင်ပါယာ၌ ဖွန်ဆက် ပြန်လည်ပေါ်ထွက်လာခြင်းက ယန္တရားပညာလောက၌ အုတ်အော်သောင်းတင်း ဖြစ်စေခဲ့သည်။ အချိန်တစ်ခုအထိ အမြင်အမျိုးမျိုး ပေါ်ထွက်လာခဲ့သည်။ အကြောင်းအကျိုး အသင့်ဆုံးမှာ ဖွန်ဆက်က နိတ်၏ လုပ်ကြံခြင်းကို ခံရပြီးနောက် အမှောင်လ၌ ပုန်းအောင်းနေကာ အိမ်ရှေ့မင်းသား ဂါရမ်းနှင့် ရှီရာတို့ထံမှ အကူအညီ ရရှိခဲ့ဖြင်း ဖြစ်သည်။

ယန္တရားအစည်းအရုံးမှာ လုပ်ရပ်အသေးလေးသာ ဖြစ်သည်။ သို့သော်လည်း ၎င်းက အသစ်နန်းတက်လာသော ဧကရီအရှင်က စတင်လှုပ်ရှားနေပြီဖြစ်ကြောင်း ပြသရန် လုံလောက်ပေသည်။ အချိန်တစ်ခုအထိ အဘက်ဘက်မှ မျက်လုံးများက နန်းတော်ကို အာရုံစိုက်နေကြသည်။ အချို့က သတိထားနေကြပြီး ခုခံကာ ကြောက်လန့်နေကြသည်။ အများစုမှာ နှစ်ဖက်ချွန်များဖြစ်ကြပြီး အခြေအနေကို စောင့်ကြည့်နေ၏။

ကြယ်ကြွေတမန်မြို့တော်၊ ဘိုးအကြီးအကဲမိသားစု -

အကြီးအကဲမိသားစု ခေါင်းဆောင်များနှင့် အကြီးအကဲများ အတူတကွ စုဝေးနေကြပြီး အစည်းအဝေး လုပ်နေသည်။

“တစ်ခုခု မပြောချင်ဘူးလား။ ခေါင်းဆောင် ရီဒိုတန်။” နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်းဖြစ်သော လိုင်ဖ်မိသားစုခေါင်းဆောင် လန်တာစ်က သရော်ပြုံးပြုံးပြီး မေးသည်။

တိုရိုမိသားစု ခေါင်းဆောင် ရီဒိုတန်က အသာလေးပြုံးပြီး ပြန်မဖြေခဲ့ပေ။

“ခေါင်းဆောင် ရီဒိုတန်က ဘာမှပြောစရာမရှိဘူး ဟုတ်လား။” မီရှန်မိသားစု ခေါင်းဆောင်ဖြစ်သူ အန်ဂလေကလည်း ရန်လိုမှု ပြသလိုက်သည်။ မီရှန်မိသားစု အကြီးအကဲဖြစ်သော နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း ဘာရိုကိုအား ရှီရာက တဲခုလာခံတပ်ကို စေလွှတ်ထားခဲ့သည်။ ဧကရီအသစ်၏ လက်တလော လုပ်ရပ်များက ပုံမှန်အားဖြင့် ဆတ်ဆတ်ထိမခံသော အန်ဂလေကို ဖော်ပြ၍မရအောင် စိုးရိမ်သွားစေသည်။ အရိပ်နက်အင်ပါယာက စစ်တပ်စီမံကိန်းကို မည်သည့်အချိန်မှ ရပ်တန့်ပြီး မြို့တော်သို့ ဘာရိုကို မည်သည့်အချိန် ပြန်လာမည်ကို သူ မသိပေ။

လန်တာစ်ကလည်း မျက်နှာမထောက်ဘဲ ပြောသည်။ “အိုဆိုင်ဒန် အာဏာ ရတုန်းကလည်း တိုရိုမိသားစုက ရီဂျန့်ကို သမီးကို လက်ထပ်ခဲ့ပြီးတော့ လိုချင်တဲ့ အာဏာကို ရရှိခဲ့တယ်။ အခုတော့ အိုဆိုင်ဒန် နန်းချခံလိုက်ရပြီး ဧကရီ ရှီရာ နန်းတက်တော့ တိုရိုမိသားစုက ချက်ချင်းပဲ လျို့ဝှက်သတင်းအချက်အလက်ဌာနကို ဧကရီလက်အောက်မှာရှိတဲ့ အမှောင်နတ်ဆိုးဆီ လွှဲပေးခဲ့တယ်။ မင်းက အကြီးအကဲမိသားစုမှာ အရှင်မ ရှီရာကို ထောက်ခံတဲ့ ပထမဆုံးသူပဲ။ ရီဒိုတန်။ မင်းက မင်းရဲ့ကလေးတွေအတွက် မိသားစုတစ်ခုလုံးရဲ့ အကျိုးအမြတ်ကို စတေးခဲ့တာလား။ ဒါမှမဟုတ် ဧကရီကိုထောက်ခံရင် အာဏာတွေအားလုံးကို ပြန်ရမယ်လို့ ထင်တာလား။ တိုရိုမိသားစုအတွက် တကယ့်ပြည့်ဝတဲ့ ခေါင်းဆောင်တစ်ယောက်ကို ပြန်ရွေးဖို့ လိုအပ်ပြီလို့ ကျုပ် ထင်တယ်။”

နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းဖြစ်သော တိုရိုမိသားစုအကြီးအကဲဖြစ်သူ ဗာနင်မ်က ပြောသည်။ “ရီဒိုတန်ရဲ့ ဆုံးဖြတ်ချက်က တိုရိုမိသားစု တစ်ခုလုံးရဲ့ ဆုံးဖြတ်ချက်ပဲ။”

ထိုစကားက တိုရိုမိသားစု၏ အခြေအနေကို ဖော်ပြခဲ့သည်။ အားလုံးက တိတ်တဆိတ် တွက်ချက်နေကြ၏။

“မြို့တော်နဲ့ အင်ပါယာတစ်ခုလုံးကို ဧကရီ အရှင်မ ပိုင်ဆိုင်တယ်ဆိုတာ ခင်ဗျားတို့ အားလုံးကို သတိပေးချင်ရုံပါ။” အချိန်အတော်ကြာပြီးနောက်တွင် တိတ်ဆိတ်နေခဲ့သော ကိုဝင်က ပြောလာသည်။ “ပြီးတော့လည်း အရှင်မ ရှီရာက အိုဆိုင်ဒန် မဟုတ်ဘူး။”

“မြို့တော်ကလည်း အမှောင်လ မဟုတ်ဘူး။” အန်ဂလေက အေးစက်စက်နှင့် ပြန်ဖြေသည်။ “အင်ပါယာကို စောင့်ကြပ်ရမှာက အကြီးအကဲ မိသားစုတွေရဲ့ တာဝန်ပဲ။ ဒါပေမဲ့ အရှင်မ ရှီရာက ငယ်ရွယ်သေးတယ်။ တချို့ဆုံးဖြတ်ချက်တွေက သေသေချာချာ မတွေးထားတာ ဖြစ်နိုင်တယ်။ မျှော်လင့်ထားနဲ့ ဆန့်ကျင်တာတွေ ဖြစ်လာနိုင်တာရှိတယ်။ အကြီးအကဲ မိသားစုတွေအနေနဲ့ ကျုပ်တို့မှာ အရှင်မကို အမှားတွေ နည်းပါးစေဖို့နဲ့ အင်ပါယာကို ပိုမိုကောင်းမွန်စေအောင် သတိပေးဖို့ တာဝန်ရှိတယ်။ လုပ်ပိုင်ခွင့်ရှိတယ်။”

“ယဉ်ကျေးတဲ့ စကားတစ်ခွန်းပဲ။” ရီဒိုတန်က ရိုင်းပျလျက် အန်ဂလေကို စကားဖြတ် ပြောသည်။ “မင်းရဲ့ တာဝန်နဲ့ အာဏာက လူနည်းစုရဲ့ အကျိုးတွေကို အာရုံစိုက် နေတာပဲ။ သစ္စာတရား ဆိုတာရော ပါတယ်။ မင်းက မင်းတို့ရဲ့ အကျိုးအမြတ်တွေကိုပဲ တိုးစေတာနဲ့ ကာကွယ်ဖို့ပဲ လုပ်ချင်တာ။ မင်းက အုပ်ချုပ်သူကို ထိန်းချုပ်တဲ့ အာဏာကိုပဲ လိုချင်တာ။ မင်းစဉ်းစားကြည့်ဖူးလား။ ခေါင်းမာတဲ့ အကျိုးစီးပွားရှာဖွေသူက အုပ်ချုပ်သူရဲ့ လမ်းကြောင်းမှာ အတားအဆီး ဖြစ်နေရင်း ညှာတာမှုမရှိဘဲ အမြစ်ဖြုတ်ခံရမှာ။ ဒါဆိုရင် မင်းက အကြီးအကဲ မိသားစုတွေ အကုန်လုံးကို သက်ရောက်မှု ရှိလိမ့်မယ်။”

အန်ဂလေ၏မျက်နှာတွင် ပြင်းထန်သော အကြည့်အတစ်ခု ရှိနေပြီး အော်ပြောသည်။ “အမြစ်ဖြုတ်ခံရမယ် ဟုတ်လား။ အရှင်မ ရှီရာကို မဟာရိုင်ဇန် ဒါမှမဟုတ် မဟာကတ်သရင်းလို့ မင်းထင်နေတာလား။ မင်းကရော မိသားစုရဲ့ အကျိုးအမြတ်တွေကို ကာကွယ်နေတာ မဟုတ်လား။ မမေ့နဲ့ဦး။ မင်းက ဧကရီနဲ့ တော်ဝင်မိသားစုတွေကို ကျေနပ်အောင် လုပ်ရင်တောင် မင်းက အကြီးအကဲမိသားစုဝင်ပဲ။ မင်းရဲ့တန်ဖိုး ကုန်သွားတဲ့ အချိန်မှာ ကန်ထုတ်မခံရချင်ရင် ငါတို့နဲ့ပူးပေါင်းပြီးတော့ ရှေ့တက်ရန်တက်၊ မတက်ရန် နောက်ဆုတ်သင့်တယ်။ ဒါက အတွင်းရေး အစည်းအဝေးဆိုတော့ ဒီလိုမျိုးကို ငါ မစိုးရိမ်ဘူး။ အခု အပြင်ကရန်သူတွေ ငါတို့ကို မျက်စိကျနေကြတယ်။ ဧကရီ အရှင်မရဲ့ အခြေခံအုတ်မြစ်အရဆိုရင် အခုအချိန် သူက အကြီးအကဲမိသားစုတွေ ထိဦးမှာ မဟုတ်ဘူး။ အရှင်မကို ဟန့်တားဖို့အတွက် ငါတို့ရဲ့အာဏာကို စုစည်းဖို့ လက်ရှိအခြေအနေကို အခွင့်ကောင်း မယူဘူးဆိုရင် အပြင်ကရန်သူတွေရဲ့ ခြိမ်းခြောက်မှု မရှိတော့တာနဲ့ ဧကရီက အခြေခံအုတ်မြစ် တဖြည်းဖြည်း ပိုခိုင်မာသွားတာနဲ့ တကယ့် အန္တရာယ် ဖြစ်လာမှာ။”

တကယ့် အန္တရာယ်က ရှိနေပြီ။ မင်း နောက်ဆုံး ကျရှုံးမှပဲ အရှင်မက တကယ်တမ်း ဘယ်လောက် စွမ်းအားကြီးလဲဆိုတာကို မင်းသိလိမ့်မယ်။ ရီဒိုတွန် စိတ်ထဲ၌ ပြောလိုက်ပြီး ထပ်မပြောတော့ပေ။

လိုင်ဖ်မိသားစုခေါင်းဆောင် မာလော့တာက ပြောသည်။ “ တောင်ပိုင်း ဆင်ခြေဖုံးက ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့ရတဲ့ စန္ဒာအေး စားသောက်ဆိုင်အပါအဝင် စတိုးဆိုင်တွေကို တစ်ချိန်တည်းမှာပဲ ဝယ်ယူနေတယ်ဆိုတဲ့ သတင်း ရထားတယ်။ အခု ပြန်လည် တည်ဆောက်နေကြပြီ။ ဒီဝယ်သူက မြို့တော်က မင်းသမီး လက်လီစတိုး ဆိုင်ဆွဲကို တာဝန်ယူထားတဲ့ လီလူပဲ။ တစ်ခုခု လှုပ်ရှားနေတာ ဖြစ်ဖို့များမယ်။”

မြို့တော်စျေးကွက်က ကြီးမားပြီး ကျယ်ပြန့်သော်လည်း မည်မျှပင် ကျယ်ပြန့်စေကာမူ မိသားစုများအကြား၌ ပိုင်းခြားထားလေသည်။ ယခုတွင် မင်းသမီး လက်လီစတိုးကလည်း အပိုင်းတစ်ပိုင်း လိုချင်နေသည်။ စျေးကွက်အသစ်တစ်ခုကို မဖန်တီးလျှင် မူရင်းစျေးကွက်၏ ဝေစုကို သိမ်းပိုက်ရပေမည်။ ၎င်းက အကျိုးအမြတ် ပဋိပက္ခများ ဖြစ်နေသောအရာ ဖြစ်သည်။

အန်ဂလေက သရော်ပြုံး ပြုံးလိုက်သည်။ “အားလုံးပဲ။ ကြည့်ရတာ မစ်-လီလူကို ဒီလို ရူးမိုက်တဲ့အကြံတွေ နောက်ဆုတ်ခိုင်းဖို့ လိုမယ့်ပုံပဲ။ ဒီစတိုးဆိုင်တွေက အထူး ဖျော်ဖြေမှုတွေ ခံစားရလိမ့်မယ်။”

လန်တာစ်က စဉ်းစားပြီးပြောသည်။ “ရေးကြီးခွင်ကျယ် လုပ်နေဖို့ မလိုပါဘူး။ မြို့တော်က အမှောင်လ မဟုတ်ဘူး။ စီးပွားရေး တည်ဆောက်မှုပုံစံက အသေ ဖြစ်နေပြီ။ မင်းသမီး စတိုးဆိုင်ဖြစ်ဖြစ်၊ ဟော့ပေါ့စားသောက်ဆိုင်ပဲဖြစ်ဖြစ်၊ နည်းနည်းလေး နာမည်ကြီးတဲ့ စတိုးဆိုင်တစ်ခုပဲ ဖြစ်နေမှာပဲ။ ဒီလိုဆန်းသစ်မှုတွေက အတုခိုးရတာ မခက်ဘူး။ အဆင့်တစ်ခုကို ရောက်ပြီးတာနဲ့ နာမည်ကျော်ကြားမှု လျော့ကျသွားမှာပဲ။ မြို့တော်မှာ ကိုယ်ပိုင်းစည်းမျဉ်းတွေ ရှိတယ်။ အောက်ကလူတွေနဲ့ဆို မင်းသမီး လက်လီစတိုးဆိုင် တစ်ခုတည်းက ဂယက်ရိုက်နိုင်မှာ မဟုတ်ဘူး။”

“ကောင်းပြီ။ ဒီနေ့ အစည်းအဝေးက ဒီလောက်ပဲ။” ဘိုးမိသားစုမှ အမြင့်ဆုံး အကြီးအကဲဖြစ်သူ စလေလာက မတ်တပ်ရပ်လိုက်သည်။ “ကျွန်မက အမှောင်လမှာ ဧကရီ အရှင်မနဲ့ စာချုပ်ချုပ်ထားတယ်။ အရှင်မက တခြားသူတွေရဲ့ ချုပ်ခြယ်တာကို မခံချင်တဲ့ ရဲတင်းတဲ့ အုပ်ချုပ်သူ တစ်ယောက်ပဲ။ အမှောင်လ၏ ‌စစ်တပ်ရေးရာကို သူကိုယ်တိုင် လုံးဝ ထိန်းချုပ်ထားတာ။ ဒါပေမဲ့ အမှောင်လရဲ့ အင်အားနဲ့ ကြွယ်ဝမှုကို ကျွန်မတို့ မြင်ပြီးပြီ။ မင်းသား အိုဆိုင်ဒန် ရှုံးနိမ့်သွားခဲ့တာက အကောင်းဆုံး ဥပမာပဲ။ အခုလက်ရှိမှာ လျို့ဝှက် သတင်းအချက်အလက်ဌာနရဲ့ အင်အားက အရှင်မ လက်ထဲကို လုံးဝ ရောက်နေပြီ။ ပြီးတော့ ယန္တရားအစည်းအရုံးကလည်း ရေရှည်နည်းဗျူဟာ တစ်ခုပဲ။ ဘာအကျိုးအမြတ်အတွက် ဖြစ်ဖြစ်၊ ဘာရည်ရွယ်ချက် အတွက်ပဲဖြစ်ဖြစ်၊ ငါတို့ရဲ့ လုပ်ရပ်တွေကို ပိုပြီးတော့ သတိထားရမယ်။ တက်ကြွလွန်းလို့ မရဘူး။”

လက်ရှိ၌ အကြီးအကဲမိသားစုများတွင် အင်အားစု သုံးမျိုး ရှိသည်။ အန်ဂလေ ဦးဆောင်သော အစွန်းရောက်များက ကိုယ့်ကိုယ်ကိုယ်သာ အမြစ်တွယ် မှီခိုနေကြသည်။ သူတို့က ရှီရာက နေရာတိုင်း၌ ဟန့်တားရန် အားပေးပြီး ဧကရီအား အိုဆိုင်ဒန်ကဲ့သို့ အကြီးအကဲမိသားစုများထံ အပေးအယူပြုလုပ်ရန် တွန်းအားပေးနေခဲ့သည်။ ဒုတိယ တစ်မျိုးမှာ စတေလာကဲ့သို့ ကြားနေများဖြစ်ပြီး အတော်လေး များပြားသည်။ တတိယ တစ်မျိုးမှာ ဧကရီကို ထောက်ခံသော တိုရိုမိသားစုဖြစ်ပြီး လက်ရှိတွင် မိသားစု တစ်ခုသာ ရှိနေသေးသည်။

အစည်းအဝေး အဆုံးသတ်၌ စတေလာက အားလုံး ထွက်သွားသည်ကို ကြည့်ရင်း နောက်ဆုံးထွက်သွားတော့မည့် မိတ်ဆွေဟောင်းဖြစ်သူ ကိုဝင်ကို တားလိုက်သည်။ သူတို့နှစ်ယောက်ကို အကြီးအကဲကြီးများ ခေါ်ကြသည်။ သူတို့နှစ်ယောက်က တိုက်ပွဲများ၌ အတူတူ တိုက်ခိုက်ခဲ့ကြဖူးသော ဝါရင့် နတ်ဆိုးအရှင်သခင်အဆင့်များ ဖြစ်ကြသည်။ သူတို့က ရင်းနှီးသော ဆက်ဆံ‌ရေး ရှိကြသည်။

စတေလာက စကားကို ဝေ့ဝိုက်မပြောခဲ့ပေ။ သူက သက်ပြင်းသာ ချလိုက်သည်။ “ရှင် ဆုံးဖြတ်ချက် မြန်မြန်ချလိုက်မယ်လို့ မထင်ထားခဲ့ဘူး။”

ကိုဝင်က ခဏတာ တိတ်ဆိတ်သွားပြီး ပြန်ဖြေသည်။ “ကျုပ်မှာ ရွေးချယ်စရာ မရှိဘူး။”

“လိုရေးရဲ့ သားကြောင့်လား။” စတေလာ မျက်မှောင်ကြုတ်လိုက်သည်။ “ကျွန်မ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ဒါတစ်ခုပဲ ဆိုရင်တော့ တိုရိုမိသားစုမှာ ရွေးချယ်စရာ တစ်ခု ရှိနေပါသေးတယ်။”

“မဟုတ်ဘူး။ တခြား‌ ရွေးစရာ မရှိဘူး။” ကိုဝင်က အဓိပ္ပာယ်ပြည့်ဝစွာဖြင့် ခေါင်းခါရင်း လှည့်ထွက်သွားသည်။ စတေလာက အံ့အားသင့်နေသော မျက်လုံးများဖြင့် ရပ်ရင်း ကျန်ရစ်နေသည်။

All Chapters