အထူး [ နဂါးနက်အမြောက် ]
Vol. 37 Ch. 546
သြဇာယွမ်မြေ၏ ထူးခြားသည့်စွမ်းအားပါဝင်သော အလင်းအမှောင် သလင်းကျောက် သက်ရောက်မှုက အတော်လေး မှော်ဆန်လှသည်။ အိုဆိုင်ဒန်၏ ပြင်းထန်သောဖိအားနှင့် ရင်ဆိုင်ရသည့်အခါ ရှီရာ၏ စွမ်းရည်များ ပေါက်ကွဲထွက်ပြီး နောက်ဆုံး၌ အဆင့်တက်သွားခဲ့သည်။ သူ၏ [ အလင်းအမှောင်နှလုံးသား ] သန္ဓေပြောင်းသွားကာ နတ်ဆိုးအရှင်သခင်အဆင့်သို့ တစ်ခါတည်း ရောက်ရှိသွားခဲ့သည်။ သို့သော်လည်း သူ၏လက်ရှိစွမ်းအားမှာ အတော်လေး မတည်မငြိမ် ဖြစ်နေသေးသည်။ သူက အာရုံစိုက်လေ့ကျင့်ရန် အချိန်တစ်ခု အမြန် လိုအပ်ရုံသာမက စစ်မှန်သော နတ်ဆိုးအရှင်သခင်အဆင့်ဟု သတ်မှတ်ရန်အတွက် ပိုင်နက်စွမ်အား အသစ်စက်စက် တစ်ခုကို ကျွမ်းကျင်ရပေဦးမည်။
ကံဆိုးစွာပင် ရှီရာတွင် လက်ရှိအခြေအနေ၌ အချိန်လုံးဝ ရှိမနေပေ။
နတ်ဆိုးအရှင်သခင်အဆင့်ကို သဘောပေါက်ရုံမျှသာ ရှိသေးသော လူသစ် တစ်ယောက်က နတ်ဆိုးအရှင်သခင်အဆင့် ဝါရင့်ထိပ်သီးပိုင်းတစ်ယောက်ကို အနိုင်ရနိုင်ချေ လုံးဝမရှိပေ။
အိုဆိုင်ဒန်၏လက်ထဲ၌ ခရမ်းရောင် ဓားရှည်တစ်လက် ထွက်ပေါ်လာပြီး ရှီရာ၏ နှလုံးသားကို ထိုးစိုက်လိုက်သည်။ ရှီရာက ရန်သူ၏ တိုက်ခိုက်မှုလမ်းကြောင်းကို မြင်နိုင်ရုံ မြင်နိုင်ခဲ့သည်။ သူက ဓားဖြင့် ခုခံလိုက်သောအခါ ဓားရှည်က လွတ်သွားခဲ့သည်။
ထိုဓားဖြင့် အထိုးခံရမည်ကို မြင်နေရင်း ရှီရာ၏ပုံရိပ်က အဝေး၌ ချက်ချင်းပင် ပေါ်ထွက်လာသည်။ ၎င်းမှာ မဟာနတ်ဆိုးတို့၏ သာမန် တယ်လီပို့ပါရမီ မဟုတ်ပေ။ ၎င်းမှာ သူ့အပေါ်ရှိ မှော်ငှက်တောင်မျက်နှာလွှား၏ နောက်ဆက်တွဲ စွမ်းရည်ဖြစ်သည့် [ကိုယ်ဖော့] အစွမ်း ဖြစ်သည်။ သူ သေစေနိုင်သော တိုက်ခိုက်မှုတစ်ခုကို ခံရသည့်အခါ အန္တရာယ်မှ လွတ်မြောက်အောင် အလိုအလျောက် တယ်လီပို့ ခုန်သွားမည် ဖြစ်သည်။ သို့သော်လည်း ၎င်းကို တစ်နာရီလျှင် နှစ်ကြိမ်သာ အသုံးပြု၍ရသည်။
အိုဆိုင်ဒန် အနည်းငယ် အံ့အားသင့်သွားသော်လည်း အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူက ရှီရာအရှေ့တွင် ပေါ်ထွက်လာပြီး ခုတ်ပိုင်းလိုက်ပြန်သည်။ [ ကိုယ်ဖော့ ] အစွမ်း အသက်ဝင်သွားပြန်ပြီး ရှောင်တိမ်းလိုက်၏။ သို့သော် သူသည် အကန့်အသတ်သို့ ရောက်ရှိသွားပြီဖြစ်ရာ အိုဆိုင်ဒန်၏ တတိယမြောက် ခုတ်ပိုင်းချက်ကို ခံနိုင်တော့မည် မဟုတ်ပေ။ ရှီရာက ဓားကို ရှောင်ရုံမှ ရှောင်နိုင်ပြီးနောက် လက်သီးတစ်ချက်ကြောင့် လွင့်ထွက်ပြီး မျက်နှာလွှားနှင့် အမျိုးသမီးနားသို့ ကျသွားသည်။ အသိစိတ်ပြန်ဝင်လာသော အိုလီဖီးရက်စ်က ထိုအမျိုးသမီးပေးသော ဆေးရည်ကို သောက်လိုက်သည်။ ထိုအမျိုးသမီးက အတွင်းအင်္ဂါများ ဒဏ်ရာအပြင်းအထန် ရထားသော ရှီရာကို ချီမပြီးနောက် အိုလီဖီးရက်စ်ထံ လွှဲပေးကာ အိုဆိုင်ဒန်ဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားသည်။
အိုဆိုင်ဒန်က သူ့ကို ကြီးကြီးမားမား ထိခိုက်စေခဲ့သော ထိုအမျိုးသမီးကို မုန်းတီးနေခဲ့သည်။ သူ့ကို သတ်ပစ်ရန် ပြင်လိုက်ရန် အမျိုးသမီးက ပြောသည်။ “အရှင်မင်းကြီး။ မတွေ့ရတာကြာပြီနော်။”
ရင်းနှီးသောအသံက အိုဆိုင်ဒန်ကို ရပ်တန့်သွားစေသည်။ “မင်း....”
အမျိုးသမီး၏ မျက်နှာလွှားက သွေးများဖြင့် နီရဲနေသည်။ သို့သော်လည်း သူက စစ်မြေပြင်၌မဟုတ်ဘဲ ကပွဲသို့ရောက်နေသလိုမျိုးပင် ကြော့ကြော့မော့မော့နှင့် အိုဆိုင်ဒန်ဆီသို့ တစ်လှမ်းချင်း လျှောက်လာသည်။ “အရှင်မင်းကြီး။ လွန်ခဲ့တဲ့ နှစ်၃၀ ကျွန်မတို့ ပထမဆုံး စတွေ့ခဲ့တုန်းက ကျွန်မမေးခဲ့တဲ့ ရွေးစရာမေးခွန်းကို မှတ်မိသေးလား။ ရှင် ကျွန်မကို လိုချင်တာလား။ ကျွန်မရဲ့စွမ်းရည်ကို လိုချင်တာလား။”
“မင်း တကယ်ပဲ။” အိုဆိုင်ဒန် လုံးဝ တုန်လှုပ်သွားခဲ့သည်။ “မဖြစ်နိုင်ဘူး။ မင်းက တကယ် မသေသေးဘူးပဲ။”
မြို့ဆင်ခြေဖုံးရှိ စန္ဒာအေးတည်းခိုခန်းတွင် ထိုအမျိုးသမီးနှင့် “ချာလီစ်” တို့က သူ၏ မျက်စိအရှေ့မှာပင် ပြာအဖြစ် ပျောက်ကွယ်သွားသည်ကို မြင်ခဲ့ရသည်။
ဒီမိန်းမက မသေသေးဘူးဆိုရင် “ချာလီစ်” လည်း ......
ထိုသတင်းမှာ အမှန်တကယ် ထိတ်လန့်စရာပင် ဖြစ်သည်။ အိုဆိုင်ဒန်က သူ၏ နှလုံးသား ယခင်ကထက် ပို၍ပင် အပြင်းအထန် ခုန်နေကြောင်း ခံစားလိုက်မိသည်။ နဂိုက သူ အတည်ပြုခဲ့ပြီးတော့ ကိစ္စအချို့ကို ကမ္ဘာတုန်လောက်သည့် ပြောင်းလဲမှုများ စတင် ဖြစ်ပေါ်လာသည်။
ထိုအမျိုးသမီးက အိုဆိုင်ဒန်အနားသို့ ရောက်လာပြီး တီးတိုးပြောလိုက်သည်။ “အဲဒီလူက အရှင်မင်းကြီးဆီ ယူသွားဖို့ ကျွန်မကို တစ်ခုခု ပေးလိုက်တယ်။”
အဲဒီလူက ..... တကယ် မသေသေးတာလား။ အိုဆိုင်ဒန်၏ အာရုံက ရှီရာဘက်မှ လုံးဝ ရွှေ့ပြောင်းသွားခဲ့သည်။ သေသေချာချာ နားထောင်နေရင်း ထိုအမျိုးသမီး၏အသံက ရုတ်တက် ကျယ်လောင်သွားသည်။ “အိုလီဖီးရက်စ်။ ပြေးတော့။”
ထိုအမျိုးသမီး၏ လက်နောက်ဘက်၌ ကိုင်ထားသော ပစ္စည်းက ရုတ်တရက် အရောင်တောက်သွားသည်။ ၎င်းတွင် ကြောက်မက်ဖွယ်ရာကောင်းသော ဖျက်ဆီးခြင်း မတည်ငြိမ်မှုများ ရှိနေသည်။
တောနက်နှင့်အဝေးမှ တောင်တန်းတွင် နောက်ထပ် တိုက်ပွဲတစ်ခု ဖြစ်နေပြီး ကြမ်းတမ်းသော တုန်လှုပ်မှုများ ကျွက်ကျွက်ညံသံများ အဆက်မပြတ် ဖြစ်ပွားနေခဲ့သည်။
နေရာတိုင်း၌ မီးခိုးနှင့် ဖုန်များ ပျံ့လွင့်နေပြီး ပုံရိပ်လေးငါးခုက စိတ်ကူး၍ မရနိုင်သော အမြန်နှုန်းဖြင့် တိုက်ခိုက်နေကြသည်။ အနီးအနားရှိ မြေပြင်သည်လည်း အလွှာလွှာ ပိုင်းဖြတ်ထားသကဲ့သို့ ဖြစ်နေသည်။ နေရာအနှံ့တွင် ချဲ့ကားနေသော အက်ကွဲကြောင်းများနှင့် ပျက်စီးမှု ရှိနေလေသည်။
“ခွေးကောင်...” အကြီးအကဲမိသားစုမှ နတ်ဆိုးအရှင်သခင်အဆင့်ဖြစ်သူ ဘာရိုကိုက မြေပြင်ပေါ်ရှိ အလွန်ကြီမားသော တွင်းထဲမှ မျက်နှာမည်းမှောင်လျက် ပြန်ထလာသည်။ စတေလာက သူ့အတွက် အကာအကွယ် ဒိုင်းကာတစ်ခု မလုပ်ပေးခဲ့လျှင် သူ၏နှလုံးသားကို အဆိပ်နဂါး နှိုက်ထုတ်သွားပြီ ဖြစ်သည်။
နှစ်ဖက်အကြားမှ နတ်ဆိုးအရှင်သခင်အဆင့် တိုက်ပွဲအတွင်း၌ မြို့တော်သည် လုံးဝ အသာစီးရသင့်ပေသည်။ ဘာရိုကို၊ စတေလာနှင့် ဒီစ်ဂျာရို ဟူသော နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း သုံးယောက် ရှိသည်။ အလတ်ပိုင်းတွင် သုံးယောက်ရှိပြီး ဆယ်လ်ဂါ၊ စတီဘေလ် နှင့် ဖာရာဗစ်တို့ ဖြစ်ကြသည်။ တစ်ဦးတည်းသော ကနဦးပိုင်းမှာ လန်တာစ် ဖြစ်သည်။ အမှောင်လတွင် ထိပ်သီးပိုင်းမှာ ပါ့ဂ်လီအိုတစ်ယောက်သာ ရှိပြီး အလတ်ပိုင်းမှာ သိပ်မကြာခင်က အဆင့်တက်ခဲ့သော မစ်-မြနဂါးနှင့် အမှောင်လကို အညံ့ခံခဲ့သော ဗာနင်မ်တိုရိုအပြင် မသေမျိုးသို့ ပြောင်းလဲသွားခဲ့သော စိတ်ဝိညာဉ်နဂါးနှင့် ပီဂါဆက်တို့သာ ရှိသည်။
ပီဂါဆက်နှင့် အဆိပ်နဂါးတို့၏ အခြေအနေကို ထည့်တွက်လျှင် အထူးသဖြင့် အဆိပ်နဂါးကို ထိန်းချုပ်သူနှင့် ခွဲထုတ်၍ရမရ စဉ်းစားပါက တကယ့် နတ်ဆိုးအရှင်သခင် အဆင့် အလတ်ပိုင်း တိုက်ခိုက်ရေး စွမ်းအားမှာ တစ်ယောက်ခွဲ သို့မဟုတ် ထိုထက်ပင် နည်းနေနိုင်သည်။ ၇ယောက် ၅ယောက်မှာ အမှန်တကယ်၌ ၇ယောက် ၄ယောက် ဖြစ်နေသည်။ မြို့တော်ဘက်မှ အနိုင်ရရှိရန်မှာ အနှေးနှင့်အမြန်သာ ဖြစ်ပေသည်။
သို့သော်လည်း အစီအစဉ်သည် ပြောင်းလဲမှုများကို မလိုက်မီနိုင်ပေ။ တကယ့် အခြေအနေမှာ အတော်လေး ဆန့်ကျင်ဘက် ဖြစ်နေ၏။ ထိုတောင်တန်းပတ်ဝန်းကျင် နေရာတိုင်းတွင် နတ်ဆိုးအရှင်သခင်အဆင့်ကိုပင် ကြောက်လန့်စေနိုင်သော ထူးဆန်းသည့် မှော်စက်ဝိုင်းများနှင့် ထောင်ခြောက်များ ရှိနေသည်။ ယခုအထိ မြို့တော်မှ နတ်ဆိုး အရှင်သခင်အဆင့် ခုနစ်ယောက် ဖိနှိပ်ထားခံနေရသည်။
ဒီထောင်ခြောက်တွေကို အရင်ကတည်းက ချထားတာ အသေအချာပဲ။ ဒါကြောင့် စက်ဆုပ်စရာ အဆိပ်နဂါးက လူတိုင်းကို ဒီနေရာဆီ တမင်တကာ ဦးဆောင်ခဲ့တာကိုး။
ဒါက ကောက်ကျစ်လွန်းတယ်။ အရှက်မဲ့လွန်းတယ်။
ဒီစ်ဂျာရို၏ ညာလက်မှ ဓားရှည်က ပါ့ဂ်လီအိုထံသို့ မြောက်မြားလှစွာသော ဓားအလင်းရောင်များကို ထုတ်လွှတ်လိုက်သည်။ ပါ့ဂ်လီအိုက အသာလေး ဖျပ်ခနဲ ပျောက်သွားပြီး အဝေးသို့ ရှောင်တိမ်းလိုက်သည်။ ဓားအလင်းရောင် မလိုက်နိုင်ခင်မှာပင် ဆုပ်ကိုင်၍မရသော ခုခံမှုအချို့ ၎င်းတို့ ကွယ်ပျောက်သွားခဲ့သည်။ ထို့နောက် အဆိပ်နဂါးက ဒီစ်ဂျာရိုနောက်ဘက်၌ တစ္ဆေသဖွယ် ပေါ်ထွက်လာသည်။
ဒီစ်ဂျာရို၏နောက်ဘက်တွင် [ အထွတ်အမြတ်တောင်ပံ ] ပေါ်ထွက်လာပြီး နောက်ဘက်ကို [ မီးတောက်နက် ] လွှမ်းမိုးထားသော ဘယ်လက်ဖြင့် ထိုးလိုက်ရာ ထိသွားခဲ့ပြီး ပါ့ဂ်လီအို၏ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားခဲ့သည်။ [ မီးတောက်နက် ] က ထူးဆန်းသော စွမ်းအားတစ်ခုကြောင့် သူ၏ခန္ဓာကိုယ်ထဲ တန်ပြန်သွားသည်ကို ခံစားလိုက်ရပြီး မသက်မသာ ဖြစ်သွားစေသည်။ မြနဂါး၏လက်သီးချက်က အကွာအဝေးကို ကျော်ဖြတ်ပြီး အရှေ့မှ ရောက်လာသည်။ ရေဒြပ်စင်ပါဝင်သော ထိုတိုက်ကွက်ကြောင့် ဒီစ်ဂျာရို၏ ချပ်ကာတစ်ဝက် အေးခဲသွားခဲ့သည်။ သူက ၎င်းကို [ မီးတောက်နက် ] ဖြင့် အရည်ပျော်အောင်လုပ်ရန် ပြင်လိုက်စဉ် တစ်ချိန်တည်းမှာပင် ပါ့ဂ်လီအို၏ တကယ့်ခန္ဓာကိုယ်နှင့် လက်သီးက သူ၏အရှေ့၌ ပေါ်ထွက်လာတော့သည်။
အေးခဲနေခြင်းကြောင့် ဒီစ်ဂျာရို မရှောင်တိမ်းနိုင်တော့ပေ။ သူ၏ ခုခံမှုသည်လည်း [ အရှင်သခင် ချပ်ကာ လျှော့ချခြင်း ] ကြောင့် ကြီးကြီးမားမား လျော့ကျသွားခဲ့သည်။ အဆိပ်နဂါးက သူ၏ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ထိုးလိုက်ရာ ရေခဲစိုင်များ ပွင့်ထွက်သွား၏။ ချပ်ကာက ရုတ်တရက် သွေးနှင့်အသားတို့ ပါနေသော လက်သီးရာ ဖြစ်သွားကာ အစိမ်းရောင် အငွေ့ ဖျော့ဖျော့လေးပင် ရှိနေသည်။
ဒီစ်ဂျာရို အွန့်ခနဲ ဖြစ်သွားပြီး နောက်သို့ ခြေလှမ်း၈လှမ်း ဆုတ်ခွာသွားလိုက်ရ၏။ ပြင်းထန်သော နာကျင်မှုကို လျစ်လျူရှုရင်း ရင်ဘတ်ဒဏ်ရာကို [ မီးတောက်နက် ] ဖြင့် အလျင်အမြန် လောင်ကျွမ်းလိုက်ရာ ကြောက်မက်ဖွယ်ရာအဆိပ်ကို ဖိနှိပ်နိုင်ရုံမျှသာ ဖြစ်စေခဲ့သည်။ အဆိပ်နဂါးက သူ့နောက်လိုက်မည် ပြင်လိုက်စဉ် စတေလာ၏ စစ်ကူ [မိုးကြိးပစ်ချက်] ရောက်ရှိလာသည်။ ပါ့ဂ်လီအို အော်ဟစ်လိုက်ပြီး ဗာနင်မ်နောက်မှ သူ ပေါ်ထွက်လာကာ ထိုတိုက်ခိုက်မှုကို ခုခံစေလိုက်သည်။
“အရှက်မရှိတဲ့ နဂါးတွေ။” စတေလာက ဒေါသတကြီးနှင့် အော်ပြောလိုက်သည်။ သူက မြို့တော်မှ ဒဏ်ရာမရသေးသည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ ပါ့ဂ်လီအိုက အမျိုးသမီးများကို သက်ညှာပေးခြင်း မဟုတ်ဘဲ စတေလာ၏ မှော်စွမ်းအားက အလွန်အစွမ်းထက်ကာ ခုခံရာ၌ ကောင်းမွန်သည့် အတွက်ကြောင့် ဖြစ်သည်။ သို့သော်လည်း သူက နက်ရှိုင်းသော မှော်ထောင်ခြောက်များကို မဖောက်ထွက်နိုင်သေးပေ။ သူက ထိုနေရာစုတ်မှ ထွက်ရမည့်လမ်းကြောင်းကိုပင် ရှာမတွေ့သေးပေ။
“ဒါကို ဦးနှောက်သုံးတယ်လို့ခေါ်တယ်။ ငတုံးတွေရဲ့။” ပါ့ဂ်လီအိုက ပြုံးဖြီးဖြီး လုပ်လိုက်သည်။ ၎င်းမှာ ယခင်နေ့များက သူ ဇိုလာနှင့်အတူ ပြင်ဆင်ထားသော “အိမ်ကွင်း” ဖြစ်သည်။ ၎င်းကို နဂါးထွင်းစာများဖြင့် အဓိက ပြုလုပ်ထားပြီး ပိုင်နက်စွမ်းအား အပေါ်၌ သိသာသော ဟန့်တားမှုတစ်ခု ပါဝင်သည့် ရှေးမှော်စာ မှော်စက်ဝိုင်းအချို့လည်း ပါဝင်သည်။ အချိန်နှင့် ကုန်ကြမ်းပြဿနာကြောင့် ထိုအခင်းအကျင်းမှာ တစ်ရက်သာခံသော်လည်း ယခုအတွက် လုံလောက်ပေသည်။
လက်ရှိအခြေအနေနှင့် နဂါးထွင်းစာကို ရင်းနှီးကြသော အဆိပ်နဂါးနှင့် ခရိုဘဲလက်စ်တို့က အဓိက တိုက်ခိုက်နေကြသည်။ မသေမျိုးနှစ်ကောင်နှင့် ဗာနင်မ်တို့က ခံစစ်နေရာ၌သာ အသေနေနေကြပြီး အမှန်တကယ်ပင် အသားစီး ရနေကြသည်။ မူရင်း အကြံအစည်မှာ အဆိပ်နဂါး၊ မြနဂါးနှင့် နဂါးနက်တို့က ထိုနတ်ဆိုးအရှင်သခင်များကို မျှားခေါ်ပြီး ဇိုလာက ရှီရာအနားတွင် ပုန်းလျှိုးနေကာ အိုဆိုင်ဒန်၏ အလစ်တိုက်ခိုက်မှု အတွက် ပြင်ဆင်ထားရန် ဖြစ်သည်။ သို့ရာတွင် နဂါးကျွန်းမှ ဧရာမနဂါးနှစ်ကောင် ပေါ်ထွက်လာခြင်းက ထိုအကြံအစည်ကို ပျက်စီးသွားစေခဲ့သည်။ အိုလီဖီးရက်စ်က အိုဆိုင်ဒန်ကို မတားဆီးနိုင်ကြောင်း ပါ့ဂ်လီအိုသိသည်။ သူက အိုလီဖီးရက်စ်သည် အိုဆိုင်ဒန်ကို သူနှင့် ဇိုလာတို့ ရန်သူကို ဖြေရှင်းနိုင်သည်အထိ အစွမ်းကုန်ကြိုးစားပြီး အချိန်ဆွဲရန်သာ မျှော်လင့်ခဲ့သည်။ ထို့နောက်တွင် သူတို့က အိုဆိုင်ဒန်ကို ပူးပေါင်းပြီး တိုက်ခိုက်နိုင်မည် ဖြစ်သည်။
အဆိပ်နဂါးက အသာစီးရနေသော်လည်း သူ့ပြိုင်ဘက်၏စွမ်းအားက လုံးဝ ပေါ့သေးသေး မဟုတ်ပေ။ ထို့ကြောင့် အချိန်တိုအတွင်း အနိုင်ရရန် အတော်လေး ခက်ခဲလှပေသည်။
တောနက်စစ်မြေပြင်အလယ်တွင် ထင်ထားသည့်အတိုင်း ပေါက်ကွဲမှု မဖြစ်သွားခဲ့ပေ။ မျက်နှာလွှားနှင့် အမျိုးသမီးက မြေပေါ်သို့ လဲကျသွားပြီး သူ၏ လက်ကောက်ဝတ်ကို ခရမ်းရောင်ဓားရှည်ဖြင့် မြေပြင်ပေါ် ထိုးစိုက်ခံထားရသည်။ မျက်လုံးများ အဖြူအမည်း ဖြစ်သွားသော အိုဆိုင်ဒန်၏ လက်ထဲ၌ ဖျက်ဆီးခြင်း ပစ္စည်းတစ်ခု လွင့်ပျံနေ၏။ လျို့ဝှက်ဆန်းကြယ်သော [ အလင်းအမှောင်နှလုံးသား ] စွမ်းအားကြောင့် ဖျက်ဆီးခြင်း အလင်းရောင်က အလျင်အမြန် အရောင်မှိန်သွားသည်။
“ငါ့ကို လှည့်စားချင်တာလား။ သစ္စာဖောက်မ။” အိုဆိုင်ဒန်၏မျက်နှာက ဆိုးဝါးမှုများ ပြည့်နှက်နေပြီး သူ၏လက်က ကြိုးကဲ့သို့ ခရမ်းရောင်စီးကြောင်းတစ်ခု လင်းလက်လာပြီး အစ်ဇဘယ်လာကို ရစ်ပတ်လိုက်သည်။ ဒီသစ္စာဖောက်က လူသား “ချာလီစ်”ရဲ့ ကြီးမားတဲ့ လျို့ဝှက်ချက်နဲ့ ဆက်နွှယ်နေတယ်။ အဖြေမရခင် ငါသူ့ကို သတ်ပစ်လို့မရဘူး။
အစ်ဇဘယ်လာ၏မျက်လုံးထဲ၌ အကြောက်တရား ရှိမနေဘဲ သေခြင်းရှင်ခြင်းကို မြင်နိုင်သည့် စိတ်သက်ရာရမှုမျိုး ရှိနေသည်။ ထိုကဲ့သို့ စိတ်သက်ရာရမှုမျိုးက သူ၏ နှလုံးသားထဲ၌ ရှိနှင့်နေပြီးဖြစ်သည့်အတွက် သူ၏သေခြင်းရှင်းခြင်းကို ဂရုမစိုက်တော့ခြင်း ဖြစ်ပေသည်။ လျို့ဝှက်သတင်းအချက်အလက်ဌာနမှ ခေါင်းဆောင် ဖြစ်သည့်အလျောက် ထိုကဲ့သို့ အခြေအနေ၌ပင် ကိုယ့်ကိုယ်ကိုယ် အလောင်းဖြစ်စေနိုင်သော နည်းလမ်းများစွာ ရှိနေသည်။
သူ့ကို စိုးရိမ်စေသည်မှာ အဝေးတွင် ရှီရာကို ထောက်ခံပေးနေသော အိုလီဖီးရက်စ်က သူ ယခင်က ပြောထားသည့်အတိုင်း ပါ့ဂ်လီအို၏ စစ်မြေပြင်သို့ မခေါ်သွားခြင်းပင် ဖြစ်သည်။ ထိုအစား အိုလီဖီးရက်စ်က ကျောက်ရုပ်ဖြစ်နေသလိုမျိုးပင် ငေးငိုင်လျက် မတ်တပ်ရပ်နေလေသည်။
“အိုလီဖီးရက်စ်။ ပြေးတော့။” အစ်ဇဘယ်လာက လက်ကောက်ဝတ်မှ စူးရှသော နာကျင်မှုကို သည်းခံရင်း အော်ပြောလိုက်ပြန်သည်။
ချဉ်းကပ်လာသော အိုဆိုင်ဒန်ကို ရင်ဆိုင်နေရရင်း အိုလီဖီးရက်စ်က ငေးငိုင်လျက် ရပ်နေဆဲ ဖြစ်သည်။ ရှီရာ ရုန်းထွက်သွားသည်ကိုပင် သူ သတိမထားမိခဲ့ပေ။
၎င်းမှာ အကြောက်တရားကြောင့် မဟုတ်ဘဲ ထိုအချိန်၌ သူ၏ခေါင်း တဝီဝီ ဖြစ်နေခြင်းမှာပင်။ ၎င်းတို့အားလုံးမှာ ထိုအသံသာဖြစ်နေသည်။
“မြန်မြန်ပြေးတော့။”
“အိုလီဖီးရက်စ်။ မြန်မြန်ပြေး။”
“အိုလီဖီးရက်စ်။ ထွက်ပြေးတော့။”
ထိုမြင်ကွင်းက သူ၏နက်ရှိုင်းလှသော မှတ်ဉာဏ်ထဲမှ အိပ်မက်ဆိုးနှင့် ထပ်သွားပြီး အသံက ပိုမိုရင်းနှီးကာ နီးကပ်လာခဲ့သည်။
“အိုလီဖီးရက်စ်။ ထွက်ပြေးတော့။”
အိပ်မက်ဆိုးထဲ၌ သူက တစ်ကိုယ်လုံး တုန်ခါနေပြီး လုံးဝကြောက်လန့်နေခဲ့သည်။ သူ၏အရှေ့တွင် ရပ်နေသော ပုံရိပ်တစ်ခု၏နှလုံးသားကို လက်သည်းဖြင့် ဖောက်ထွင်းခံလိုက်ရသည်ကို ကြည့်နေရင်း သူ မလှုပ်ရဲတော့ပေ။
ခက်ခက်ခဲခဲနှင့် ပြေးဝင်လာသော ရှီရာကို ရင်ဆိုင်ရသည့်အခါ အိုဆိုင်ဒန်၏ မျက်နှာက အေးစက်သော သတ်ဖြတ်ချင်စိတ်တစ်ခု ပြသလိုက်သည်။ ထိုအခိုက်တွင် သူ၏စိတ်ထဲ၌ အန္တရာယ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ အိုဆိုင်ဒန်သာမက ရှီရာနှင့် အစ်ဇဘယ်လာတို့ပင် ခံစားခဲ့ရသည်။ ၎င်း၏ဇစ်မြစ်မှာ လုံးဝကြောက်လန့် နေသည့် နဂါးနက် ကောင်မလေးပင် ဖြစ်၏။
အိုလီဖီးရက်စ်၏ ချောင်ကျနေသော မျက်လုံးထဲ၌ မျက်ရည်စက်ကြီးများ ရုတ်တရက် ကျလာပြီး တုန်လှုပ်နေသော နှုတ်ခမ်းများမှ စကားတစ်လုံးကို ရေရွတ်လိုက်သည်။ “အမေ....”
ထိုအသံက ရုတ်တရက် ပိုကျယ်လာပြီး ကြောက်မက်ဖွယ်ရာ အသံလှိုင်းက အိုလီဖီးရက်စ်ကို ဗဟိုပြု၍ ပျံ့နှံ့သွားခဲ့သည်။ အိုဆိုင်ဒန်ထံ ပြေးဝင်သွားသော ရှီရာလည်း လေစီးကြောင်းကြောင့် လွင့်ထွက်သွားသည်။ အနီးအနားရှိ လေထဲမှ ဝိုင်ဗန်များလည်း တုန်လှုပ်သွားပြီး မြေပေါ်ကျသွားသည်။ နှစ်ဖက်လုံးမှ စစ်သည်များလည်း နာကျင်စွာဖြင့် နားကို ဖုံးအုပ်ထားလိုက်ကြသည်။
စူးရှသော အသံများထဲ၌ အိုလီဖီးရက်စ်၏ မျက်လုံးများက တဖြည်းဖြည်းနှင့် အဖြူရောင် ပြောင်းသွားသည်။ သူ၏နဖူးတွင် အမှတ်အသားတစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာသည်။ အလယ်တွင် အနည်းငယ် ပိုကြီးပြီး ဘေးနှစ်ဖက်က အနည်းငယ် သေးသွားသည်။ တစ်ချိန်တည်းမှာပင် သွေးစွန်းနေသော သူ၏အနက်ရောင်ဆံပင်များ လွင့်ပျံလာကာ လက်သည်းများက ခြောက်လက်မခန့် အလျင်အမြန် ရှည်သွားသည်။
အိုဆိုင်ဒန်က အိုလီဖီးရက်စ်၏ အငွေ့အသက် ရုတ်တရက် ပြောင်းလဲသွားကြောင်း ခံစားလိုက်မိသည်။ ထိုအပြောင်းအလဲက အဆင့်တက်ခြင်း မဟုတ်ဘဲ သန္ဓေပြောင်း စွမ်းအား တစ်မျိုးမျိုး အသက်ဝင်သွားသကဲ့သို့ ဖြစ်ဟန်တူသည်။ ထို့အပြင် သူကလည်း ရှီရာ၏ [ အလင်းအမှောင်နှလုံးသား ] နှင့် ဆင်တူသော အငွေ့အသက်မျိုး ရှိနေသည်။ ထိုအငွေ့အသက်က သန်းခေါင်နေ၏စွမ်းအား ဖြစ်ဟန်တူသော အငွေ့အသက်ထက် အဆင့်ပိုမြင့်ဟန်တူသည် ....
အိုလီဖီရက်စ်၏ပုံရိပ်က အိုဆိုင်ဒန်အရှေ့၌ စက္ကန့်ပိုင်းအတွင်းမှာပင် ရွှီးခနဲ ပေါ်ထွက်လာသည်။ သူ၏ လက်သည်းများက လေထဲ၌ ကြောက်မက်ဖွယ်ရာ အသံတစ်ခုကို ပြုလုပ်နေသည်။ အိုဆိုင်ဒန်က ခရမ်းရောင်ဓားဖြင့် ခုခံလိုက်သည်။ ဓားပေါ်သို့ လက်သည်းရောက်သွားသောအခါ အမှန်တကယ်ပင် နေရာအနှံ့သို့ မီးပွင့်များ လွင့်စင်သွားသည်။ အိုဆိုင်ဒန်၏ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားပြီး ထိုအချိန်၌ ပေါက်ကွဲထွက်သွားသော အိုလီဖီးရက်စ်၏ စွမ်းအားကို အံ့အားသင့်သွားသည်။
မြေပြင်ပေါ်၌ အက်ကြောင်းများ ပေါ်ထွက်လာပြီး မြေပေါ်သို့ ပြုတ်ကျသွားသော အစ်ဇဘယ်လာက လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် သွားနေသော အိုလီဖီးရက်စ်ကို မမြင်နိုင်တော့ပေ။ နတ်ဆိုးအရှင်သခင်အဆင့်သို့ ရောက်ရှိခါစဖြစ်သော ရှီရာသည်ပင် ထိုအမြန်နှုန်းကို လိုက်မီရန် အလွန်အမင်း ခက်ခဲနေလေသည်။
အိုဆိုင်ဒန်၏ မျက်နှာပေါ်၌ သွေးရာပါးပါးလေး ဖြစ်သွားသည်။ သို့သော်လည်း သူက ဒေါသမထွက်သလို စိတ်မရှည်လည်း မဖြစ်ပေ။ သူက အိုလီဖီးရက်စ်၏ သွေးရူးတန်းရူး တိုက်ခိုက်မှုကို တည်တည်ငြိမ်ငြိမ်နှင့် တုံ့ပြန်သည်။ သူ၏အတွေ့အကြုံရ ထိုနဂါးနက် ကောင်လေးသည် အားကောင်းသော သန္ဓေပြောင်းမှုတစ်ခု ဖြစ်နေသော်လည်း ၎င်းမှာ သူ၏စွမ်းအား မဟုတ်ပေ။ သူက ဖိနှိပ်၍မရသော စွမ်းအင်တစ်မျိုးကို ဖွင့်ထုတ်နေခြင်းသာ ဖြစ်ပေသည်။
ထိုစွမ်းအင် ပျောက်ကွယ်သွားသည်နှင့် သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်က ပင်ပန်းနွမ်းနယ်မှုကြောင့် တိုက်ခိုက်ရေးစွမ်းအား သေချာပေါက် ဆုံးရှုံးသွားမည် ဖြစ်သည်။ ထို့ကြောင့် ထိုအချိန်အထိ သူ ထိန်းထားရန်သာ လိုအပ်သည်။
အိုလီဖီးရက်စ်၏ ပုံရိပ်က အိုဆိုင်ဒန်ကြောင့် လွင့်ထွက်သွားပြီး လူအုပ်ကြီးထဲသို့ ပြုတ်ကျသွားသည်။ သူ ခုန်ထလိုက်ပြီး ဖြတ်သွားသော နေရာတိုင်း၌ အမှောင်စစ်တပ်မှ ဖြစ်စေ၊ မြို့တော်စစ်တပ်မှဖြစ်စေ၊ စစ်သည်များက ကြောက်မက်ဖွယ်ရာစွမ်းအားကြောင့် စုတ်ပြတ်သတ်သွားခဲ့သည်။
“အိုလီဖီးရက်စ်...”
ရှေ့မှ မြေပြင်ပေါ်၌ ကြိုးတုပ်ခံထားရသော အစ်ဇဘယ်လာက အသံကုန် အော်ခေါ်လိုက်သည်။ သူက အိုလီဖီးရက်စ် တစ်ခုခု ဖြစ်နေသည်ကို သတိထားမိသည်။ အိုလီဖီးရက်က စိတ်လွတ်သွားဟန်တူပြီး တုန်လှုပ်နေ၏။ ဒီအသံက ခုနက အသံလိုပဲ...
အိုလီဖီးရက်စ်၏ပုံရိပ်က အစ်ဇဘယ်လာအရှေ့သို့ ချက်ချင်းရောက်ရှိသွားပြီး သူ၏လက်ထဲမှ ထက်လှသော လက်သည်းများ၌ အေးစက်သော အလင်းရောင်များ လက်သွားသည်။ အစ်ဇဘယ်လာက မျက်လုံးများကို မှိတ်ပြီး သေရန် စောင့်နေခဲ့သည်။ သို့သော်လည်း အိုလီဖီးရက်စ်က ကြိုးများကို ဖြတ်ပေးလိုက်သည်။
အိုလီဖီးရက်စ်က အစ်ဇဘယ်လာကို လွှတ်ပေးပြီးနောက် ညာဘက် လက်ညှိုးကို အိုဆိုင်ဒန်အား ချိန်ထားပြီး ညာလက်လက်ကောက်ဝတ်ကို ဘယ်လိုက်ဖြင့် ကိုင်ထား၏။ ရှည်လျားသော လက်သည်းများက အတော်လေး ကြောက်စရာကောင်းလှသည်။ ၎င်းမှာ အသေအချာပင် [ နဂါးနက်အမြောက် ] ပစ်လွှတ်မည့်ပုံစံ ဖြစ်ပေသည်။
[ နဂါးနက်အမြောက် ] မပစ်ခင်မှာပင် အိုလီဖီးရက်စ်၏ ပတ်ပတ်လည်၌ မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ပျံ့နှံ့သွားသည်။ သူ့နောက်မှ အစ်ဇဘယ်လာက ဖိအားကြောင့် မလှုပ်ရှားနိုင်တော့ပေ။
အဖြူရောင်အလင်း ဖျော့ဖျော့ရှိနေသော အနက်ရောင်စက်လုံးတစ်ခုက အိုဆိုင်ဒန်ထံ ရွှီးခနဲ ရောက်ရှိလာသည်။ ထို [ နဂါးနက်အမြောက် ] က ယခင်ကထက် ပိုသေးသော်လည်း အိုဆိုင်ဒန်၏မျက်နှာတွင် လေးနက်သော အမူအရာ ရှိနေ၏။ ဒီတိုက်ခိုက်မှုက အရင်ကထက် အများကြီးပိုသာလွန်တဲ့ စွမ်းအားတစ်ခု ရှိနေသည်။ ဒါက သူ့ခန္ဓာကိုယ်က ပိုအဆင့်မြင့်ပြီးတော့ မထိန်းချုပ်နိုင်တဲ့စွမ်းအားကို ထုတ်လွှတ်လိုက်တာ ဖြစ်မယ်။
အိုဆိုင်ဒန်က ၎င်းကို အတင်း မခုခံခဲ့ပေ။ သူက အထွတ်အမြတ်တောင်ပံကို တစ်ချက်ခတ်လိုက်ရာ ကောင်းကင်ပေါ်သို့ ရောက်ရှိသွားသည်။ သို့သော်လည်း ထို အနက်ရောင်စက်လုံးက စိတ်ဝိညာဉ် ရှိသလိုမျိုးပင် သူ့နောက်သို့ အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် လိုက်လာသည်။ အိုဆိုင်ဒန်က ၎င်းကို မရှောင်တိမ်းခဲ့ပေ။ သူ၏ အဖြူအမည်း မျက်လုံးများ အရောင်တောက်လာ၏။ သူက အထူး [ နဂါးနက်အမြောက် ] ကို [ မီးတောက်နက် ] ထုတ်လွှတ်နေသော လက်များဖြင့် ခုခံလိုက်သည်။
ထိုအချိန်၌ စစ်မြေပြင်၏ ကောင်းကင်မှာ နက်မှောင်သွားသည်။ အိုဆိုင်ဒန်ကို ဝိုင်းရံနေသော [ နဂါးနက်အမြောက် ] က အဆက်မပြတ် တွန့်လိမ်သွားပြီး လေထဲ၌ ပုံပျက်သွားကာ အဖြူရောင် လျှပ်စီးပွားများ ဖြစ်သွားသည်။ မိနစ်အနည်းငယ် ကြာပြီးနောက် ၎င်း၏အမြန်နှုန်း နှေးသွားခဲ့သည်။ ထို့နောက် ပေါက်ကွဲသံတစ်ခုနှင့်အတူ လုံးဝ ပျောက်ကွယ်သွားတော့သည်။
အိုဆိုင်ဒန်၏ပုံရိပ်က ကောင်းကင်ပေါ်၌ ပေါ်ထွက်လာသည်။ သူ၏နောက်မှ ဝတ်စုံ လုံးဝ မရှိတော့ဘဲ အနက်ရောင်ချပ်ကာပေါ်တွင် အက်ကြောင်း အမြောက်အမြား ပေါ်ထွက်လာသည်။ အထူးသဖြင့် လက်အိတ်မရှိသော ညာလက်က အစိမ်းရောင်များဖြင့် ဖုံးလွှမ်းနေခဲ့သည်။
“အမေ....” အိုလီဖီးရက်စ်၏ မျက်လုံးများက အနက်ရောင် ပြန်ပြောင်းသွားပြီး မျက်ရည်များ စီးကျလာခဲ့သည်။ ထို့နောက် သူ၏ခွန်အား ကုန်ခမ်းသွားကာ လဲကျသွား၏။ သူ့ကို နောက်မှ အစ်ဇဘယ်လာက ဖမ်းလိုက်သည်။ ချွန်ထက်သော လက်သည်းများ ပြန်ပျောက်သွားသော်လည်း နဖူးမှ စိန်ပုံစံအမှန်အသားက မပျောက်ကွယ် သွားသေးပေ။
အိုဆိုင်ဒန်၏ နှလုံသားထဲ၌ ဒေါသများ ပြည့်နှက်သွား၏။ [ နဂါးနက်အမြောက် ] စွမ်းအားက ကြောက်စရာကောင်းသလို အဆင်တန်ဆာကို ဖျက်ဆီးနိုင်တဲ့ ထူးထးဆန်းဆန်း ဂုဏ်သတ္တိလည်း ရှိတယ်။ ဒုက္ခအပေးဆုံးကတော့ ငါ့ဘယ်လက်မှာရှိတဲ့ အဆိပ်က အသက်ဝင်သွားတဲ့ပုံပဲ။ ငါ့ လက်တစ်ဖက်လုံး ထုံလာပြီ။ ငါ့ခန္ဓာကိုယ် အထဲကိုတောင် ပျံ့နှံ့နေပြီ။ ဒီအဆိပ်ကို အရင်ဆုံးဖိနှိပ်ရမယ်။ ပြီးရင် အောက်က ရန်သူတွေကို သတ်ပစ်မယ်။
အားလုံးသေရမယ်။
ထိုအချိန်၌ မြင်းဟီသံတစ်သံ ထွက်လာသည်။ စစ်မြေပြင်၌ မြင်းဟီခြင်းက ပုံမှန်သာဖြစ်သော်လည်း ထိုဟီသံက အသံများ အားလုံးကိုပင် လွှမ်းမိုးသွားခဲ့သည်။
ချက်ချင်းမှာပင် ဒဏ်ရာအပြင်းအထန် ရနေသော အစ်ဇဘယ်လာနှင့် ရှီရာတို့ စိတ်လှုပ်ရှားသွားပြီး တစ်ချိန်တည်းမှာပင် မျက်လုံးများ အရောင်တောက်သွားခဲ့သည်။ စိတ်ဝေဝါးနေသော အိုလီဖီးရက်စ်သည်ပင် သတိပြန်ဝင်စ ပြုလာခဲ့သည်။
မြို့တော်၏ ညာတောင်ပံ အနောက်မှ ရဲရဲတောက်နီနေသော ပုံရိပ်တစ်ခု တစ်ဟုန်ထိုး ပြေးဝင်လာနေလေသည်။